ကားကို ၆ နာရီလောက်စီးလာရတော့ တာရာအတော့်ကိုပင်ပန်းနေပီဖြစ်သည်။ ရောက်လာတော့ private ရပ်ကွက်က ခြံဝန်းအကြီးကြီးတခုထဲက နန်းတော်တမျှကြီးမားလှတဲ့ ၄ ထပ်တိုက်ကြီးတလုံး
"ဆင်းလေ ဘာလုပ်နေတာလဲ ဒါငါ့အိမ် မင်းခုနေရမယ့်အိမ်"
အံ့သြနေတဲ့ တာရာ့ကိုကြည့်ပီးပြောလိုက်တဲ့ သူ့စကား သူ့လေသံထဲ တာရာ့ကို အထင်သေးစိတ်တွေပါဝင်နေတာ တာရာသတိထားမိတယ်။ ဖြစ်သင့်တာပေါ့..... မသိကျိုးနွံပြုပြီး တာရာ ကားပေါ်က ဆင်းလိုက်တော့ ရတနာတွေ ညွတ်နေအောင် ဝတ်ထားတဲ့ အတော့်ကိုမှ ကျက်သရေရှိတဲ့အမျိုးသမီးကြီးတဦး အိမ်ထဲကနေ အမောတကောထွက်လာတယ်။ သူမနောက်မှာလဲ ဝန်ထမ်းတွေလို့ထင်ရတဲ့သူ ၃ ယောက်လောက်ပါလာတယ်။ တာရာ့ဘေးက ဟိုလူ့ကို ပြေးဖက်လိုက်ကာ
"သားရယ် မာမီ စိတ်ထဲထင့်နေတာ သားထွက်သွားထဲက စိတ်ထဲလေးနေခဲ့တာ"
"အင်း မာမီ အိမ်ထဲအရင်သွားရအောင်"
မာမီ့ကို လမ်းထဲက အကြောင်းစုံ ပြောပြထားပီဖြစ်လို့ ခုချိန်ဆို ဒယ်ဒီလဲ အကြောင်းစုံသိလောက်ပီ။
တာရာလဲ သူတို့သားမိတွေအိမ်ထဲဝင်သွားတော့ လိုက်ဝင်သင့်ပါတယ်ဆိုပီး စီးထားတဲ့ ဖိနပ်လေး တခါးနားချွတ်ပီး ဝင်လိုက်ကာ သူတို့တွေနောက်လိုက်သွားမိသည်။ အိမ်ကြီးက အပြင်ပန်းမှာတင် လှပတာမဟုတ်ဘဲ အတွင်းပိုင်းမှာလဲ ခေတ်မီသည်လဲမဟုတ် ရှေးဟောင်းဆန်သည်လဲမဟုတ်ဘဲ နေထိုင်သူတို့ရဲ့ ဂုဏ်ဒြပ်ကိုကောင်းစွာပြပေးနိုင်လောက်တဲ့ အဆင့်အတန်းမျိုး ပုံသဏ္ဋ္ဌာန်မျိုး ရှိသည်။ သုံးစွဲထားတဲ့ ပရိဘောဂတေတွကလဲ တာရာစျေးမသိပေမယ့် တန်ဖိုးကတော့ နဲမှာမဟုတ်တာ သေချာတယ်။ ဧည့်ခန်းကြီးတခုကို ဖြတ်ကျော်အပီးမှာတော့ တံခါးပိတ်ထားတဲ့ အခန်းတခုရှေ့အရောက် ဝန်ထမ်းကောင်မလေးတယောက်က တံခါးဖွင့်ပေးလိုက်သည်နှင့် သူကော သူ့မာမီဆိုသူကော ဝင်သွားသည်။ တာရာလိုက်ဝင်သင့်ပါ့မလားစဥ်းစားနေတုံး
"မင်းလဲ လာခဲ့"
ဆိုတဲ့ အမိန့်ဆန်ဆန်အသံကြောင့် အခန်းထဲ လိုက်ဝင်ခဲ့ရသည်။ ဝန်ထမ်းအားလုံးက အပြင်မှာမလို့ ခုထိအခန်းထဲမှာတော့ သူရယ် တာရာတယ် သူ့မာမီရယ် နောက် ဆိုဖာပေါ်ထိုင်နေတဲ့ ဥပဓိရုပ်ကောင်းတဲ့လူကြီးတဦးရယ်သာရှိတော့သည်။ ရုပ်ရည်အရတော့ ဒါ ဟိုလူကြီးရဲ့အဖေပဲဖြစ်လိမ့်မယ်။ ဘယ့်နှယ့်ကို ချောတဲ့မိသားစုလဲ။ သူမတွေးနေတုံး ဟိုလူကြီးတို့သားအမိက ဆိုဖာပေါ်ဝင်ထိုင်နေကြပီ တာရာကတော့ ဘယ်နားထိုင်ရမလဲမသိ သူများအိမ်ဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်လဲမထိုင်ရဲ ဘယ်သူကမှလဲ လာထိုင်ဖို့မပြောတာမလို့ မတ်တပ်ကလေးသာရပ်နေဆဲ။ တာရာနားလည်ပါတယ် သူတို့အဆင့်အတန်းနဲ့ ကိုယ့်အဆင့်အတန်းက ကွာခြားလွန်းတော့ တူတူမထိုင်စေချင်မှန်းလဲ သိသာနေတာကို။
"ဒီကလေးမလား"
"ဟုတ် ဒယ်ဒီ"
"ဖြစ်ပီးမှတော့ ဘာမှပြန်ပြင်လို့မရတော့ဘူး"
"အို ကျမသားကိုတော့ သူလိုလူနဲ့သဘောမတူနိုင်ပါဘူး ကျမတော့ လျော်ကြေးပေးပီး ကွာရှင်းလိုက်စေချင်တယ်"
ဟိုလူကြီးအဖေရဲ့လက်ကာပြမှုကြောင့် သူ့မာမီဆိုသူရဲ့စကားတွေ ချက်ချင်းရပ်သွားတယ်။
"ကလေးမ ညည်းအနေနဲ့ကရော ဘယ်လိုဖြစ်ချင်လဲ"
"ဟင်.. "
ရုတ်တရက်မေးလာတဲ့စကားကြောင့် တာရာ့မှာ အဖြေမရှိ။ သူတို့ကွဲဆိုလဲ ကွဲပေးရမှာပဲလေ တာရာက ဘာအင်အားရှိလို့ သူတို့ကို ငြင်းဆန်နိုင်မှာတဲ့လဲ
"ကျတော် သူ့ကို မကွဲဘူး ဒယ်ဒီ...."
(ဟင်)
ဒီတခါတော့ တာရာ့ဆီကသာမက သူ့မာမီဆီကပါ အာမေဍိတ်သံအပြိုင်ထွက်လာတယ်။ သူမကို အဓိပ္ပါယ်ပါပါကြည့်ပီးပြောလိုက်တဲ့ သူ့ကို တာရာလဲနားမလည် ဒါပေမယ့် တာရာလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ခုပဲလက်ထပ် ခုပဲကွဲတာမျိုး မလုပ်ချင်ဘူး။ သူ့ကိုကြည့်နေတဲ့ တာရာ့ကို မျက်နှာလွှဲပီး
"သားက သူ့ကို ကွာရှင်းချင်လဲ လောလောဆယ်တော့ မရသေးဘူး သားက the Greatest Sunရဲ့ တရားဝင်ဆက်ခံသူဖြစ်နေပြီးသားလေ"
မဟာ့စကားကြောင့် သူ့မာမီကော ဒယ်ဒီကော တယောက်မျက်နှာတယောက် ကြည့်ကာ နားလည်လိုက်ပီ။ မဟာက ဆက်ခံသူဆိုတော့ ကွဲလိုက်ရင်ကလေးမက ပိုင်ဆိုင်မှုတဝက်တောင်းတာတွေဘာတွေရှိလာတော့မည်။ ကလေးမက အရွယ်သာငယ်တာ အတော့်ကိုလည်ပုံရမည်။ ရုပ်လေးကြည့်တော့ ရိုးပုံရိုးအလေး မထင်ရ။
"အဲ့တော့ သားက ဘာလုပ်ချင်လဲ"
"ကျန်တာသားတာဝန်ထားပါ သားကြည့်လုပ်လိုက်ပါ့မယ်"
သူမကို တဖန်ပြန်ကြည့်ပီးပြောလိုက်တဲ့စကားကြောင့် တာရာ ရင်ထဲ ထိတ်ခနဲတော့ဖြစ်သွားသည်။ သူမကို သတ်ပီး အလောင်းတွေဘာတွေတော့ ဖျောက်မပစ်ကောင်းပါရဲ့။
ခနနေတော့..... သူခေါ်တဲ့နောက် ရာရာလိုက်ခဲ့တာ အခန်းတခုထဲကိုရောက်လာခဲ့သည်။
"ဒါ မင်းနဲ့ ငါနေရမယ့် အခန်း"
နေရမယ့် အခန်းဆိုလို့ လှည့်ပတ်ကြည့်လိုက်တော့ ကျယ်တာမှသူမတို့ ဂေဟာက ထမင်းစားဆောင်ထက်တောင်ကျယ်ဦးမယ့် အခန်းကြီး။ သူ့နေလက်စအခန်းလဲ ဖြစ်ပုံရတယ် ပစ္စည်းတွေက နေရာတကျနဲ့။
"ရာရာက ဒီမှာနေရမှာလား"
"မင်းနဲ့ငါက ယူပီးသားလေ...မင်းက ဒီမှာ မနေလို့ ဘယ်မှာနေချင်သေးတာလဲ"
သူခုလိုပြောမှ တာရာ ခေါင်းနပန်းကြီးချင်လာသည်။ ခုနက သူတို့မိသားစုသုံးယောက်စကားပြောအပြီး သူ့အဖေနဲ့အမေဆိုသူပြန်သွားမှ ဒီအိမ်က သူ့အပိုင်အိမ်ဆိုတာသိလိုက်ရတာ။ လူချမ်းသာတွေများ မိသားစုနဲ့အတူမနေပဲ ခွဲနေတဲ့အိမ်တောင် နန်းတော်လောက်ကြီးတယ်။
"ဟေး....ဘာတွေတွေးနေတာလဲ မင်းမဟုတ်တမ်းတရားတွေတော့ တွေးမနေနဲ့ အဲ့လိုအဖြစ်မျိုးတွေ မင်းနဲ့ငါ့ကြားရှိလာစရာအကြောင်းမရှိဘူး.... မင်းခန္ဓာကိုယ်ကိုလဲ ထိရမှာ မသတီဘူး"
"ရှင်ဘာတွေပြောနေတာလဲ ရာရာနားမလည်ဘူး"
"အဟက် မင်းတို့လို လူတွေက ဟန်ဆောင်တဲ့နေရာမှ အတော့်ကို တော်ကြတာပဲကွ....ထားတော့ ငါလဲမအားဘူး မင်းနေရမှာ ဟိုဘက်မှာ"
သူလက်ညှိုးညွှန်ရာကို ကြည့်လိုက်တော့ ရေချိုးခန်းဘက်ကိုသွားတဲ့လမ်းလို့ထင်ရတဲ့ လမ်းဘေးတဖက်တချက်စီမှာ တံခါးတပ်ထားတဲ့ အခန်းတခုစီရှိတယ်။ တာရာလဲ ထိုလူ့ရှေ့မနေချင်တာရော နားချင်တာရောကြောင့် သူညွှန်ပြတဲ့အခန်းတွေဘက်ကို အိတ်လေး လက်ဆွဲပီးထွက်လာလိုက်တယ်။ လမ်းရဲဲ့ ရှေ့ဘက်က အခန်းကို ဝင်မယ်လုပ်တော့
"မင်း နေရမှာ နောက်ဘက်ကအခန်း"
တာရာလဲ သူပြောတဲ့ အနောက်ဘက်က အခန်းထဲဝင်လိုက်တော့ လက်စသတ်တော့ ဒါ လူချမ်းသာတွေအိမ်က အဝတ်စားတွေထားတဲ့အခန်းပဲကိုး....အဝတ်စားတွေထားတဲ့အခန်းသာဆိုတယ် သားနားမှုကတော့ သူမတို့ဂေဟာက ရုံးခန်းထက်ကျယ်ပီး သန့်ရှင်းသပ်ရပ်လှတယ်။ သူမအတွက်ထင်ပါရဲ့ စောင် ၂ ထည်နဲ့ ခေါင်းအုံးလေးတလုံးလဲ ရှိနေပီးသား။
မိုးလဲချုပ်တော့မှာမလို့ တာရာ စောင်တထည်ကို ဖြန့်ခင်း တထည်ခြုံဖို့ပြင်ထားကာ ရေချိုးမျက်နှာသစ်ပီးအိပ်လိုက်တော့မယ်လို့တွေးမိသည်နှင့် အခန်းပြင်ပြန်အထွက်
"အော် တခါထဲမှာရဦးမယ် ရေချိုးခန်းကို အောက်ထပ်က မီးဖိုထဲကဟာသွားသုံး ငါ့အခန်းထဲက မသုံးနဲ့ ကြားလား"
"ဟုတ်ကဲ့ ကြားပါတယ်"
ဒါနဲ့ပဲ တာရာလဲ အခန်းထဲ ပြန်ဝင် ရေချိုးပစ္စည်းလေးတွေနဲ့ ညအိပ်အကျီလေးတွေယူ အောက်ထပ်ဆင်း ရေချိုးပီး အနားယူလိုက်တော့သည်။ သူမ ပစ္စည်းတွေယူပီး ပြန်ထွက်လာထဲက ဟိုလူမရှိတော့ပေ။ တနေကုန်နီးပါးဘာမှမစားရသေးတာမလို့ ဗိုက်တော့ဆာပေမယ့် ရေချိုးဆင်းထဲက အောက်မှာ ဘယ်သူမှမရှိတော့ပေ။ သူများအိမ်မလို့ မီးဖိုထဲလဲဝင်မမွှေချင်။ ဒါနဲ့ပဲ ရေသောက်ပီး အိပ်စက်ချင်းဆီသို့သာ။ ရေသောက်လဲ သိပ်မသောက်ရဲ သူမတို့နေရာ ၃ လွှာမှာ အောက်ဆုံးထပ်ထိ ပြန်ဆင်းပီး အိမ်သာသွားဖို့ရာက ဝေးလွန်းတယ်မလား။
တာရာမနက်နိုးလာတော့ မနက် ၄နာရီခွဲ။ ဂေဟာမှာ ဒီအချိန်ထရတာမလို့ တာရာ့အတွက်က အကျင့်လိုဖြစ်နေပီ။ အောက်ဆင်းပီး မျက်နှာသစ် ရေချိုးဖို့ အပြင်ထွက်လိုက်တော့ မနေ့ညက ထိုလူပြန်မလာဘူးထင်ပါရဲ့ အိပ်ရာက အရာမယွင်း။ တာရာလဲ ကိုယ်နဲ့မဆိုင်သလိုပဲ အောက်ဆင်းလာတော့ အောက်မှာ မနေ့ညကလို တိတ်ဆိတ်မနေတော့ ချက်ပြုတ်သူတွေနဲ့ အိမ်သန့်ရှင်းရေးလုပ်နေသူတွေနဲ့။ ဒါဆို သူတို့က နေ့လာပီး ညတော့ မအိပ်ကြတာနေမယ်။ တာရာဆင်းလာပေမယ့် ဘယ်သူမှ အရေးမလုပ် တာရာ တွေ့တဲ့သူတိုင်းကို ပြုံးပြပေမယ့် တချို့က တဖက်လှည့််သွားကြတာနဲ့ တချို့က မဲ့ပြကြတာနဲ့မလို့ တာရာလဲ ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်ဖို့တွေးလိုက်တယ် ကြည့်ရတာ တာရာ့ကို အမြင်မကြည်ကြတာနေမယ်။
တာရာရေမိုးချိုးပီး ဒူးလောက်ရှိတဲ့ ဂါဝန်လေးနက်ပြာလေးနဲ့ အပေါ်က ဂျင်းဂျက်ကပ်လေးကိုဝတ်ပီး ကျောလောက်ရှိတဲ့ ဆံနွယ်ညိုတွေကို pony tail လေးချည်လိုက်တာ တအိတ်ထဲရှိတဲ့ လက်နှစ်ဝါးစာ crossbody အိတ်လေးကို လွယ်လို့ ဖိနပ်လေးလက်က ကိုင်ကာ အောက်ကိုဆင်းလာတော့တယ်။ သူများတွေသာ အိမ်ထဲ ဖိနပ်စီးရဲတာ သူများအိမ်ဆိုတော့ တာရာလဲမစီးရဲ။ တာရာ ကျယ်ဝန်းလှတဲ့ ခြံဝန်းထဲက ရှုခင်းတွေ ကျောက်ခုံလေးတွေ ရေကူးကန်တွေ ပန်းခြံလေးတွေကို ဖြတ်အပီးမှာတော့ မြင့်မားလှတဲ့ ခြံတံခါးနားရောက်လာတယ်။ ဟိုလူ့ကားလို့ထင်ရတဲ့ ကားတစီးခြံရှေ့ရောက်နေတာမလို့ ခြံစောင့်ဆိုသူက အပြေးအလွှားတံခါးပြေးဖွင့်ပေးအပီး ဝင်လာတဲ့ကားပေါ်မှာ မှန်ချထားတော့ မောင်းတဲ့ဟိုလူကော သူ့ချစ်သူဆိုတဲ့မိန်းကလေးရောပါလာတာတွေ့လိုက်ရတယ်။ တာရာ့ကိုတော့ မြင်ပုံမရ ခြံထဲတန်းမောင်းထွက်သွားတာမလို့ တာရာလဲ ဖွင့်ထားတဲ့တံခါးကနေ ခြံပြင်ထွက်ခဲ့လိုက်တော့တယ်။ တာရာ အလုပ်ရှာရမယ်လေ။ ရပ်တည်နေထိုင်ဖို့ တာရာ အလုပ်ရမှ ဖြစ်မယ်။