ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

By Ice_berry_

666K 121K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-59

5.2K 1K 50
By Ice_berry_

[Unicode]

ယွီချင့်ဟွမ်သည် လူစုလူဝေးထဲ အုပ်စုကွဲမသွားစေ
ရန် ဟော်ချွီလက်အား တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလေသည်။ယခု သူဟာ အလွန်အမင်းနောင်တကြီးစွာရ‌နေတော့သည်။သူကျောက်ရွေအား ငြင်းဆန်ခဲ့သင့်၏။သို့ပါလျှင် ဤနေရာကရုတ်ရုတ်သဲသဲဖြစ်မှုကို ရှောင်ရှားလို့ရနိုင်ခဲ့မည်ဖြစ်သည်။

"ချင့်ဟွမ်! ချင့်ဟွမ်!"

ကျောက်ရွေက စိတ်လှုပ်ရှားစွာ နောက်ပြန်လှည့်လာပြီး ယွီချင့်ဟွမ်အား ဝံပုလွေတစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်လို့နေကာ လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းက တီးတိုးရွတ်ဆိုလာသည်။

"မင်းကကောင်းချီးတွေနဲ့ Koi ပဲ! သေချာပေါက်ကို ဘုရားသခင်ကောင်းချီးပေးခံထားရတဲ့ Koi!”

သူ၏နီမြန်းနေသောမျက်နှာနှင့် အထင်းသားထွက်ပေါ်နေသောလည်ပင်းကသွေးကြောများက သူဘယ်လောက်စိတ်လှုပ်ရှားနေတယ်ဆိုတာကို ဖော်ပြနေသည်။ ယွမ် ၈.၅ သန်း အနိုင်ရခဲ့တာ သူလားလို့ပင်ထင်ရ၏။

လောင်းကစားဒိုင်မှာ စောင့်ကြည့်ဗီဒီယိုကိုဖွင့်ပြီး အသေအချာပြန်လည်သုံးသပ်ကြည့်ရှုနေခဲ့သည်။ လိမ်ညာလှည့်ဖြားသည့်အပြုအမူတစုံတစ်ရာကိုမှ မတွေ့ရလေမှ သူမဟာယွီချင့်ဟွမ်အားပြုံးပြလာပြီး 

"မင်းသူငယ်ချင်းပြောတာမှန်တယ် မင်းက တကယ့် Koi ပါပဲ.. ဒါမျိုးက နှစ်တစ်ဒါဇင်ကျော်လောက်မှ တစ်ခါပဲဖြစ်နိုင်တဲ့ကိစ္စလေ”

ယွီချင့်ဟွမ်သည် တရုတ်နိုင်ငံတစ်ဝှမ်းလုံးအထိ လူသိမများသေးတာကြောင့် လောင်းကစားဒိုင်မှာ သူ့အား ကံကောင်းလှသည့် ခပ်ချောချောဧည့်သည်အဖြစ်သာ မှတ်ယူထားခဲ့ပြီး ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ် ဘယ်လိုမှမထင်ထားခဲ့ပေ။

“အဲ့ဒါက ကံလေးနည်းနည်းစွပ်သွားလို့ပါ” ယွီချင့်ဟွမ်သည် သူ့နဖူးကိုသူလက်ညှိုးဖြင့် ပွတ်သပ်လိုက်သည်။ မနာလိုဝန်တိုမှုတွေဖြင့် ဝန်းရံခံထားရခြင်းက သူအားသက်ပြင်းချမိစေ၏။

ဒါဟာအရမ်းကိုထူးဆန်းလွန်းပေသည်။ သူဟာ ယခုဘဝတွင် ကံကောင်းခြင်းများစွာဖြင့် မွေးဖွားလာသလိုခံစားရ၏။ သူ့အရင်ဘဝက ဆုံးရှုံးခဲ့ရတဲ့ကံကောင်းမှုတွေအားလုံးကို ဘုရားသခင်က သူ့ထံပြန်လည်ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားလေသလားလို့တောင် သူမနေနိုင်မထိုင်နိုင် ထင်မြင်မိနေလေပြီ။

သူ့ရဲ့ကံကောင်းမှုက ကာစီနိုတစ်ခုလုံးကို ရှော့ခ်ရသွားစေခဲ့၏။အစီအစဉ်တကျရှိစေဖို့ ကာစီနိုကနေ အစောင့်အကြပ် ၂၀၀ ကျော်ကို စီမံထားရှိခဲ့သော်လည်း ကမောက်ကမအခြေအနေထဲကျရောက်နေဆဲပါပင်။ လူအတော်များများက ဓါတ်ပုံတွေကို ခိုးကြောင်ခိုးဝှက်ရိုက်ယူနေကြပြီး နောက်ပိုင်းကျတော့ သူနဲ့ သူ၏ကောင်းမွန်လှတဲ့ကံဇာတာမှာ အင်တာနက်ပေါ်တွင် ဟစ်ဖြစ်လာခဲ့သည်။

ယွီချင့်ဟွမ်နှင့် အခြားသူများသည် ကာစီနိုတွင် သိပ်အကြာကြီးမနေလိုက်ရပေ။ များမကြာခင်မှာပဲ ထိုနေရာကို မကာအိုရှိ ထီကြီးကြပ်ရေးမှူးရုံးမှတာဝန်ရှိသူများ ရောက်လာကြ၏။

သူ၏ကိုယ်ရေးအချက်အလက်အထောက်အထားများနှင့် အသက်ကို စေ့စပ်သေချာစွာစစ်ဆေးပြီးတဲ့နောက် သူတို့ဟာ ချင့်ဟွမ်မှာ အသက် ၂၁ နှစ် ပြည့်ပြီးဖြစ်ကြောင်းကို အဆုံး၌အတည်ပြုနိုင်ခဲ့ပြီး ရှိသမျှလိုင်စင်စာရွက်စာတမ်းအားလုံးကို သူ့ထံပြန်လည်ပေးအပ်ခဲ့သည်။

သူ့အားလက်ဆွဲနှုတ်ဆက်ပြီး “ဂု‌ဏ်ယူပါတယ်” လို့တောင် စကားဆိုသွားကြသေး၏။ယွီချင့်ဟွမ်က ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်" လို့ တုံ့ပြန်ဖြေကြားလိုက်သည်။

ကာစီနိုတခုမှာ ငွေသန်းပေါင်းများစွာအနိုင်ရရှိသွားတာက သတင်းထူးတခုမဟုတ်ပေမယ့် ယွမ် ၈.၅ သန်းကို ယွမ် ၂၀၀ တည်းနဲ့ ပထမဆုံးအခေါက်မှာတင်အနိုင်ရလိုက်တာကတော့ တကယ့်ရှားရှားပါးပါးဖြစ်ရပ်ပင်။

ဖြစ်ပေါ်လာနိုင်ချေရှိသည့် မတော်တဆဖြစ်ရပ်များအား ရှောင်ရှားနိုင်ရန်အတွက် ကာစီနိုသည် သူတို့တွေအား ဟိုတယ်‌နေရာထိုင်ခင်းတစ်ခုတွင် သတ်မှတ်နေရာချထားပေးခဲ့ပြီး ကာကွယ်စောင့်ကြပ်ပေးမည့် သက်တော်စောင့်များကိုပါစီမံပေးထား၏။

ကိုယ်ပိုင်လေယာဉ်ကို စရိတ်စကနည်းနည်းသာယူပြီး သူတို့အား ပြည်မကြီးအထိ လိုက်ပါစောက်ရှောက်ပို့ဆောင်ပေးရန်ပင် ကမ်းလှမ်းလာခဲ့သည်။ ပြီးရင်တော့ သူအနိုင်ရခဲ့တဲ့ငွေတွေကို သူ့ဘဏ်အကောင့်ထဲကို တိုက်ရိုက်လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

"အိုးမိုင်ဂေါ့" အခန်းထဲဝင်ပြီး နူးညံ့တဲ့မွေ့ရာပေါ်မှာ ထိုင်လိုက်ပြီးလေမှ ကျောက်ရွေသည် အသက်ပြင်းပြင်းရှူမိကာ "ငါ အိပ်မက်ထဲမှာရှိနေတုန်းပဲလို့ ခံစားရတယ်"

နောက်ဆုံးစကားပြောအပြီးမှာ သူကဘာအဖြေကိုမှမစောင့်ဘဲ သူ့ပေါင်ကိုနာနာလေး ဆွဲဆိတ်လိုက်သည်။

“အော့ရှ်.. ” နာကျင်မှုက သူ့အား လက်တွေ့လောကထဲ ပြန်ခေါ်ဆောင်လာသည်။ သူ့ဘေးက ယွီချင့်ဟွမ်နှင့်ဟော်ချွီအား စိုက်ကြည့်ရင်း ကျောက်ရွေက ယွီချင့်ဟွမ်အား စိတ်ရင်းမှန်အပြည့်ဖြင့် ရုတ်ချည်းမေးလာသည်။

"ချင့်ဟွမ် အတည်ပြောနေတာ၊ မင်း ငါ့မျက်နှာကိုကြိုက်လား? ငါအခု မင်းနဲ့တွဲချင်တဲ့ စိတ်အာသီသတွေဖြစ်ထွန်းနေတယ်"

ဘုရားတရား .. သူက သက်ရှိထင်ရှားရွှေတောင်ကြီးပဲ! သူနဲ့သာဆို ဘယ်သူက နောက်ထပ်အလုပ်လုပ်ဖို့လိုဦးမှာလဲ! ဘယ်သူကကော ရုပ်ရှင်‌တွေရိုက်ဖို့ဂရုစိုက်နေဦးမှာတဲ့လဲ! ပိုက်ဆံပြတ်လာတဲ့အခါတိုင်းလုပ်ဖို့လိုတာဆိုလို့ သူ့ကိုကာစီနိုထဲဆွဲခေါ်သွားတာပဲ! သူ့လိုကံကောင်းမှုမျိုး ဘယ်သူဆီမှာရှိနိုင်မှာတဲ့လဲ!

သို့ပေမယ့် ထိုစကားများကိုကြားလိုက်ရစဉ် ဟော်ချွီဟာ သူ့ရဲ့ ကြာရှည်စွာဆိတ်ဆိတ်နေမှုကိုချိုးဖျက်လာပြီး ရုတ်တရက်ထလာကာ ယွီချင့်ဟွမ်ရှေ့မှာ ပိတ်ရပ်လိုက်သည်။

ချင့်ဟွမ်အား သူ့နောက်မှာ အကာအရံပေးထားပြီး ရန်သူအားစူးစိုက်ကြည့်နေသော ဝံပုလွေပေါက်လေးတစ်ကောင်ကဲ့သို့   ကျောက်ရွေအား စူးစူးရဲရဲစိုက်ကြည့်နေလေသည်။ နောက်ထပ်စကားတစ်ခွန်းဆိုဝံ့တာနဲ့ အပြေးသွားပြီး ကျောက်ရွေအား တစစီဆွဲဖဲ့ပစ်တော့မည့်ပုံပင်။

"စိတ်အေးအေးထား, သူကနောက်နေရုံပါ" ယွီချင့်ဟွမ်က ဟော်ချွီ၏လက်များကို နှစ်သိမ့်တဲ့သဘောအနေဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး ကျောက်ရွေဘက်သို့လှည့်ကာ

"ကော ဒီဟာသက ရယ်စရာကောင်းမနေဘူး"

"ငါသိပါတယ် ဆောရီးပါ" ကျောက်ရွေက သူ့လက်ကိုမြှောက်ကာ တောင်းပန်လိုက်သည်။

သူက နောက်နေရုံတင်လေးဟာကို! ဒီငနဲက ဘယ်လိုဖြစ်လို့ ဒီ​လောက်​တောင်တင်းမာနေရတာလဲ!

ကာစီနိုသည် သူတို့ယခင်တည်းခိုတဲ့ဟိုတယ်ဆီကနေ ခရီးဆောင်အိတ်များကို သွားရောက်ယူဆောင်ရန် လူတချို့ကိုတာဝန်ပေးအပ်ထားတာကြောင့် သူတို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်ယူဆောင်ရန် မလိုအပ်တော့ပေ။

သို့သော် ကံမကောင်းအကြောင်းမလှစွာဖြင့် ချင့်ဟွမ်သည် သူ၏ဘေးကင်းလုံခြုံရေးအတွက် ပြည်မကြီးသို့ မဖြစ်မနေပြန်ရမည်ဖြစ်တာကြောင့် သူတို့၏ခရီးစဉ်မှာ ပျက်စီးသွားခဲ့ရပေသည်။ကျောက်ရွေထွက်သွားတာနှင့် ယွီချင့်ဟွမ်က ဟော်ချွီအား တောင်းပန်လိုက်သည်။

"ငါသယ်လာမိခဲ့တဲ့ အရှုပ်တွေအတွက် အရမ်းကိုစိတ်မကောင်းဖြစ်မိတယ် မင်းခရီးစဉ်ကောင်းလေးတခုထွက်ဖို့ အခွင့်အရေးဆုံးရှုံးသွားခဲ့ရပြီ"

သူဟာတကယ်ပဲ ဟော်ချွီအား ရေပေါ်ပြပွဲကိုခေါ်သွားချင်ခဲ့သည်။ကြိုးများသိုင်း၍အမြင့်ကနေခုန်ချတဲ့ဆီသွားချင်ပြီး ဒီခရီးစဉ်ရဲ့ပျော်ရွှင်မှုကို သူနဲ့အတူ မျှဝေခံစားချင်ပါ၏။သို့ပေမယ့် အခုတော့ သူ့ရဲ့ "ကံကောင်းမှုကြီး" ကြောင့် ဟိုတယ်ကလွဲလို့ သူတို့ဘယ်ကိုမှမသွားနိုင်တော့ပေ။

"ကိစ္စမရှိပါဘူး" ဟော်ချွီက ရှက်စနိုးပြုံးလာကာ "ကိုယ်က မင်းနဲ့ပဲအတူရှိချင်တာ"

ကာစီနိုက ယွီချင့်ဟွမ်ရဲ့  Straight flush ဟာ တစ်မြို့လုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်။ထို့နောက်တွင် သူဟာ သူ့ရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်တဲ့ Orange ကို ရုပ်ရှင်ပရိုမိုးရှင်းဆင်းဖို့ ဒီကိုရောက်လာတဲ့ မင်းသားတစ်လက်ဆိုတာ အားလုံးသိသွားကြတဲ့အခါ သူတို့တွေက ရုပ်ရှင်ရုံကိုသွားပြီး ထိုဇာတ်ကားကိုကြည့်ကြရန် ဆုံးဖြတ်လိုက်ကြ၏။

လူတွေမှာ အလကားမတ်တင်းရလာတဲ့အရာအပေါ် အမြဲလိုစူးစမ်းချင်စိတ်ရှိကြသည်။ သူတို့ဟာ မနာလိုအားကျမှုတွေနှင့် ကံကောင်းခြင်းများကိုမျှဝေရန် မျှော်လင့်ချက်ဖြင့် ရောက်လာကြတာမို့ Orange ၏ Box Office စံချိန်ကို မကာအို၌ ရုံတင်ပြသသည့်နေ့တွင် စံချိန်ချိုးသွားစေခဲ့သည်။

ကျောက်ရွေမှာ အလွန်အံ့သြတုန်လှုပ်သွားရပြီး ပါးစပ်ဟောင်းလောင်းဖြစ်သွားရသည်။ သူ့ရှေ့တွင် ကမ္ဘာသစ်တစ်ခုဆီသို့ပေါက်ရောက်သည့် တံခါးတချပ်ပွင့်နေသည်ဟု ခံစားရပြီး အသစ်အဆန်းတစ်ခုက သူ့အားလက်ပြနှုတ်ဆက်နေခဲ့သည်။
ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဒီလိုမျိုးပွဲထုတ်ကြော်ငြာနိုင်ပါသလား?

ကမ္ဘာလောကကြီးတစ်ခုလုံးကို ငွေတစ်ပြားတစ်ချပ်မှထုတ်မသုံးရဘဲ အပိုင်သိမ်းယူနိုင်သည့် ထိုသူဟာ အလွန်အံ့ချီးဖွယ်ရာ မာစတာကတ်ကြီးပင်ဖြစ်တော့သည်!

၎င်းတို့၏ကိုယ်ပိုင်ဂိမ်းရုပ်ရှင်ကို အသိပေးကြော်ငြာရန် ပြည်မကြီးကနေ မကာအိုသို့ရောက်ရှိလာကြသော ခေါင်းဆောင်များသည် Orange ကိုကြည့်ရန် ရုတ်တရက်အပြေးအလွှားရောက်လာကြသော ပရိသတ်အုပ်လိုက်ကြီးကြောင့် လုံးဝကိုရှုပ်ထွေးသွားရသော်လည်း ကျောက်ရွေ၏ရှင်းပြချက်ကို ကြားလိုက်ရသောအဆုံး၌ သူတို့ဟာအလဲလဲအပြိုပြိုဖြစ်သွားကြရ၏။ဒါအကုန် ယွီချင့်ဟွမ်ကြောင့်ပါပေ။

မြင့်မားသောလူ့ဘောင်အသိုင်းအဝိုင်းအဖွဲ့အစည်းမှ လူအများသည် ဤကဲ့သို့လက်ဆုပ်လက်ကိုင်မပြနိုင်သောကံမျိုးကို ပို၍ပင်စွဲလမ်းတပ်မက်ကြပေသည်။ Orange အဖွဲ့သားများအားလုံးကို သူအမှတ်မထင်ကယ်တင်လိုက်နိုင်ကြောင်းကိုသိသွားကြတာနှင့် သူတို့ဟာ ယွီချင့်ဟွမ်နာမည်ကို သူတို့နှလုံးသားထဲ မဆိုင်းမတွမှတ်ကျောက်တင်ခဲ့လေသည်။

ပြည်မကြီးရှိရုပ်ရှင်နယ်ပယ်ရပ်ဝန်းသည် ၎င်းတို့၏ယဉ်ကျေးမှုထုတ်ကုန်များကိုတင်ပို့ရန် စိတ်အားထက်သန်နေသော်လည်း ရလဒ်မှာ အကြောင်းရင်းအမျိုးမျိုးကြောင့် စိတ်ကျေနပ်ဖွယ်မရှိခဲ့ပေ။သူတို့မှာ ရုပ်ရှင်ကောင်းတွေ၊ ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တွေရှိပေမယ့် ကံလေးနည်းနည်းချွတ်ချော်နေခြင်းသာဖြစ်၏။

ထို့အတွက်ကြောင့် ယွီချင့်ဟွမ်ကဲ့သို့ ပရော်ဖက်ရှင်နယ်ဆန်ပြီး ကောင်းကင်ဘုံမှကောင်းချီးပေးခံထားရသော သရုပ်ဆောင်တယောက်ဆိုသည်မှာ အထူးတလည် ပြုစုပျိုးထောင်သင့်လေသည်။

မကာအိုတွင်သာမက သူ၏ကံကောင်းမှုမှာ အင်တာနက်မှတစ်ဆင့် ပြည်မကြီးအထိပါ ဟိုးလေးတကျော်ကျော်ပျံ့နှံ့သွားခဲ့လေသည်။ သူဟာ နာမည်တရှိိန်ထိုးတက်နေတဲ့ ကာလအပိုင်းအခြားရောက်နေတာမို့ မီဒီယာတော်တော်များများက သူ့ရဲ့ Koi ဆိုတဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး အတင်းအဖျင်းသတင်းလုပ်ရတာကို သဘောခွေ့နေကြ၏။

ဒီသတင်းကိုကြားသိလိုက်တာနှင့်အမျှ သူတို့ဟာ ဆက်တိုက်ဆိုသလို သတင်းတွေကိုစတင်ဖွတော့ရာ သူ့အား Weibo Hot Search ထဲ နောက်တဖန်ပြန်ဝင်လာစေတော့သည်။

[အိုး မိုင် ဂေါ့! ဘာပြောရမှန်းတောင်မသိတော့ဘူး! သူ့လောက် ကံကောင်းတဲ့သူ ရှိသေးလား?]

[အား လား လား! မယုံနိုင်စရာပဲ! သူ လက်ထောက်တစ်ယောက်များလိုသလား! ငါလစာမယူဘဲနဲ့တောင် သွားလုပ်ပေးလိုက်ချင်တယ်! ငါကပိုက်ဆံအတွက် အလုပ်လုပ်မှာမဟုတ်ဘူး သူ့ကံကောင်းမှုလေးကို မျှဝေချင်လို့လုပ်မှာ!]

[အိပ်မက်ဆက်မက်နေလိုက်! ဒါပေမယ့် မင်းသိလား? ငါလည်း သူ့လက်ထောက်အဖြစ် အလုပ်လျှောက်ချင်တယ်!]

[ဘုရားတရား, ယွီချင့်ဟွမ် အရင်ဘဝတုန်းက ဘယ်လောက်အံ့ဖွယ်တပါးကောင်းမှုကုသိုလ် ပြုထားသလဲပဲ? သူကလုံးဝကို ဘုရားသခင်ကောင်းချီးအပြည့်ပေးထားတဲ့ ဘဝနဲ့ရှင်သန်နေရတာ]

[ငါဒီရက်ပိုင်းကံကောင်းမှုလေး သေလုအောင်လိုအပ်နေပါတယ်၊ သူ့ရဲ့ကံဇာတာလေး နည်းနည်းလောက်မျှဝေပေးဖို့ မျှော်လင့်မိတယ်၊ နောင်တချိန် သူဘယ်သူနဲ့လက်ထပ်မယ်ဆိုတာမသိပေမယ့် အဲ့ဒီလူကိုငါမနာလိုဖြစ်မိတယ်]

သူ၏ကာစီနိုစွန့်စားခန်းအကူအညီဖြင့်  Orange ၏ Box Office မှာ ယခင်အရှိန်ကျနေရာမှ ချက်ချင်းတဖန်ပြန်တက်လာခဲ့သည်။

ဒါ့အပြင် သူနောက်ထပ်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကား 'The Line of Life and Death' မကြာခင်ရုံတင်ပြသတော့မယ်ဆိုတာကို အွန်လိုင်းသုံးစွဲသူတွေ သိသွားကြတဲ့အခါ စစ်ကားအမျိုးအစားကို စိတ်မဝင်စားကြပေမယ့် သူတို့လည်းပဲရုပ်ရှင်ရုံမှာသွားကြည့်ကြမယ်လို့ အားလုံးကဆိုလာကြ၏။

ယွီချင့်ဟွမ်မှာ အလွန်ကောင်းချီးပေးခံထားရမှတော့ သူရွေးချယ်ခဲ့တဲ့ဇာတ်ကားသည်လည်း ကောင်းချီးခံစားရမည်ပင်။ ပြီးရင်တော့ သူ့ဇာတ်ကားကြည့်ရှုအားပေးသူပရိသတ်အပေါင်းမှာ သူ့ရဲ့ Koi ကံကြမ္မာကိုမျှဝေနိုင်ပြီး ကောင်းချီးပေးခံရလိမ့်မည်ဖြစ်၏။ကံကောင်းမှုတချို့တလေကို ရုပ်ရှင်လက်မှတ်တစ်စောင်ဖြင့်လဲလှယ်ရခြင်းမှာ ဘဝအတွက် တွက်ခြေအကိုက်ဆုံးသော အရောင်းအဝယ်ဖြစ်တော့သည်။

လျိုကျားအန့်မှာ ဦးနှောက်ပွင့်ထွက်မတတ် ရယ်မောနေခဲ့သည်။ ယခင်ကတော့ 'The Line of Life and Death' ဇာတ်ကားဟာ ဝမ်ချန်ချန်ရဲ့အမှုအခင်းကြောင့် အွန်လိုင်းပရိသတ်အတော်များများထံမှ သပိတ်မှောက်ခြင်းခံရလုနီးပါးဖြစ်ခဲ့ရသည်။ သို့ပေမယ့် ယခု ယွီချင့်ဟွမ်မှာ အနှီလူများကိုပြန်ဆွဲခေါ်ယူလိုက်ပြီး သူတို့ဟာ ဒီဇာတ်ကားကို သူ့အတွက်ကြိုပြီးတောင် သတင်းဖြန့်ဝေကြော်ငြာပေးနေလိုက်ကြသေးသည်။ သူတို့ဟာ ဘယ်ရုပ်ရှင်ကြော်ငြာအဖွဲ့သားတွေထက်မဆို ပိုမိုထိရောက်‌နေခဲ့၏။

ထိုညတွင် လျိုကျားအန့်မှာ ယွီချင့်ဟွမ်အား ပိုက်ဆံပမာဏအများကြီးပါဝင်သည့် စာအိတ်နီတစ်စောင်ပို့လာခဲ့ပြီး ပရိုမိုးရှင်းကာလတလျှောက် သတင်းစာရှင်းလင်းပွဲတိုင်းကို နေ့စဉ်တက်ရောက်သွားရန် တောင်းဆိုလာခဲ့သည်။တခြားဘာရွေးချယ်စရာမှမရှိပဲ ယွီချင့်ဟွမ်က မတက်သာစွာလက်ခံခဲ့ရလေ၏။ ရေချိုးပြီးတဲ့နောက် သူနှင့် ဟော်ချွီသည် ချက်ချင်းပဲ အိပ်ပျော်သွားကြသည်။

သူမသိခဲ့တာတစ်ခုက သူအိပ်ပျော်နေတဲ့အချိန်အတွင်းမှာ ပြင်ပကွန်ယက်တခုကနေလွှင့်တင်လိုက်တဲ့ပုံတပုံမှာ အင်တာနက်ပေါ်တွင် အကြီးအကျယ်ဆွေးနွေးခန်းတရပ်ကို ပေါ်ပေါက်လာစေခဲ့တယ်ဆိုတာကိုပင်။

[နေဦး ယွီချင့်ဟွမ်က အဲ့ဒီလူလက်ကိုတွဲထားတာလား?]

အင်တာနက်ပေါ်ရှိလူများသည် တစ်စက္ကန့်မျှတိတ်ဆိတ်သွားရပြီးနောက်တွင် အတူတကွအာမေဍိတ်သံပြုလိုက်ကြသည်—

[အိုး- မိုင်- ဂေါ့ !!! ]

ဓာတ်ပုံဆရာသည် လုံခြုံရေးများတင်းကျပ်စွာ စောင့်ကြည့်နေတဲ့ကြားထဲက “လွတ်မြောက်” နိုင်ခဲ့သည်အထိ ကံကောင်းခဲ့ပြီး သူ၏ဓာတ်ပုံမှာ လူထုထဲတမင်စတန့်ထွင်ပြခြင်း သို့မဟုတ် အနေအထား သို့မဟုတ် ရှုထောင့်တခုကနေ အတင်းအကြပ်လုပ်ယူဖန်တီးရိုက်ကူးထားခြင်းမျိုး ဖြစ်နိုင်ခြေမရှိသည့် အရည်အသွေးကြည်လင်ပြတ်သားသောပုံများဖြစ်သည်။

ယွီချင့်ဟွမ်နှင့် ဟော်ချွီတို့မှာ အမှန်တကယ်လက်ချင်းတွဲထားခဲ့လေသည်။

[သေလိုက်ပါတော့! ယွီချင့်ဟွမ်က ဂေးလား? ဒါ​ပေမယ့်​ သူက လုံးဝကို မိန်းမလျာပုံပေါက်မနေဘူး! ​ငါမယုံနိုင်လိုက်တာ!]

[စိတ်မရှိပါနဲ့? ဂေးအားလုံးက မိန်းမလျာမဟုတ်ပါနော်! ဟုတ်ပြီလား!]

[ချင့်ဟွမ် လက်တွဲထားတဲ့တစ်ယောက်ကို ငါရင်းရင်းနှီးနှီးမြင်ဖူးနေတယ်လို့ ထင်တာပဲ..]

[နားထောင်! နားထောင်! အဲဒီလူက ဟော်ချွီပဲ! ဟွားတက္ကသိုလ်ကစံပြအတွဲကို မှတ်မိကြသေးလား?!]

[အား ငါသူ့ကိုမှတ်မိပြီ! သူကဉာဏ်အရမ်းကောင်းပေမယ့် တမျိုးလေးထူးဆန်းနေတဲ့ကောင်ကလေး!]

[အဲ့ဒါသာ ဟော်ချွီဆိုရင်တော့ ချင့်ဟွမ် သူ့လက်ကိုတွဲထားတာ ပုံမှန်ပါပဲ]

ယေဘူယျအားဖြင့် ယောကျာ်းလေးနှစ်ယောက် တယောက်ကိုတယောက် ဘာလို့လက်ချင်းတွဲထားကြတယ်ဆိုတာကို ရှင်းပြရန်ခဲယဉ်း‌မည်ဖြစ်ကာ သူတို့ကြားထဲ တခြားဘာတခုခုမှရှိမနေလိမ့်ဘူးဆိုတာကို လူတွေယုံကြည်ကြလိမ့်မည်မဟုတ်ပေ။ သို့ပေမယ့် ယောကျာ်းလေးနှစ်ယောက်ထဲက တစ်ယောက်ကဟော်ချွီသာဆိုရင်တော့ အရာအားလုံးကမတူတော့ပေ။

လူအများစုမှာ 'Young People Want High' အင်တာဗျူးကို ကြည့်ဖူးကြပြီး အားလုံးနီးပါးက ဟော်ချွီ၏အခြေအနေကို နားလည်သဘောပေါက်ကြသည်။ ထိုအတွက်ကြောင့် ချင့်ဟွမ်လက်တွဲထားသူမှာ ဟော်ချွီဖြစ်တာကိုသိသွားကြတာနှင့် ယခင့်ယခင်က သံသယမြူမှုန်များမှာ လုံးဝကိုပျောက်ကွယ်သွားတော့သည်။

[ဘာကိုဂေးလဲ? မင်းကအရူးပဲ! သူက ဟော်ချွီကို လမ်းမပျောက်သွားရအောင် ကာဆီးပေးတဲ့အ‌နေနဲ့ လက်တွဲထားတာ]

[ငါလည်းဒီလိုထင်တယ်၊ ဒီစံပြအတွဲက ချစ်ဖို့ကောင်းပေမယ့် ဒီကောလဟာလတွေကတော့ မဟုတ်သေးပါဘူး]

[အားလာ ငါ့ရဲ့ရင်ခုန်သံတွေ အလကားဖြစ်ကုန်ပြီ၊ ဒါပေမယ့် သူတို့သာတကယ်စုံတွဲဆိုရင် သိပ်ကောင်းမှာပဲ၊ သူ့ဘေးနားမှာ သူ့ကံဇာတာကောင်းကိုမျှဝေနေမယ့်မိန်းမတယောက်ကို ငါသည်းညည်းမခံနိုင်ပေမယ့် ဟော်ချွီလိုမျိုး ချစ်စရာကောင်းတဲ့ကောင်လေးဆိုရင်တော့ ငါအဲ့ဒါကိုသည်းခံနိုင်လိမ့်မယ်လို့ ထင်တာပဲ]

[_ (:з」∠)_  သဘောတူမဆုံးနိုင်ပါပြီ]

[မင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကို အစိုးရိမ်ကြီးနေတာပဲ! ချင့်ဟွမ်မှာ Koi ကံဇာတာရှိတယ်၊ သူရဲ့ရွေးချယ်မှုက ကောင်းမှာပါပဲ၊ ငါတို့လုပ်နိုင်တာက ထိုင်စောင့်ကြည့်နေရုံပဲလေ! ငါတို့လိုသာမန်လူတွေကတော့ သူ့ရဲ့ Straight Flush ကိစ္စကို ပိုစိတ်ဝင်စားတယ်]

...

ယွီချင့်ဟွမ်သည် ထိုဓာတ်ပုံနှင့်ပတ်သက်ပြီး သူ၏ Weibo အောက်က မှတ်ချက်များကိုမြင်လိုက်ရသောအခါ ငိုချင်းချမတတ်ဖြစ်သွားခဲ့ရသည်။ကာစီနိုထဲတွင် ဟော်ချွီလက်ကို သူတွဲထားရသည့်အကြောင်းရင်းမှာ တစ်ဖက်တွင် လူစုလူဝေးကြောင့် လူမကွဲသွားစေရန်ဖြစ်ပြီး တကယ်တမ်းတခြားတစ်ဖက်တွင်မူ သူနဲ့ဟော်ချွီကြားဆက်ဆံရေးကို သူ့ပရိသတ်များအား အရိပ်အမြွက်ပြသရန်ပင်။

လိင်တူနှစ်သက်ကြောင်းဖွင့်ဟဝန်ခံဖို့လုပ်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တခုမဟုတ်ရပေ။ ယခုကစလို့ သူဟာနည်းနည်းချင်းစီရုပ်လုံးဖော်သွားချင်ပြီး ထိုမှသာ သူချန်ထားရစ်ခဲ့သောသဲလွန်စတွေနဲ့ ဇာတ်လမ်းအကြမ်းဖျင်းကို သူတို့စူးစမ်းရှာ‌ဖွေသိရှိသွားလေတဲ့အခါ နောင်အနာဂါတ်တွင် သူတကယ်ပဲ come out လုပ်သည့်အခိုက်တွင် ဖိအားနှင့်တုန်လှုပ်ခြောက်ခြားမှုတို့မှာ အနည်းငယ်မျှလျော့နည်းသွားပေလိမ့်မည်။

သို့သော် သူအတော်လေးအံ့အားသင့်မိရသည်မှာ လူအများစုက သူ့ဆိုလိုရင်းကို နားလည်မှုလွဲရုံသာမက သူကြိုးစားပမ်းစားချမှတ်ပေးခဲ့ရသည့် 'လမ်းကြောင်းမှန်' အတိုင်းလျှောက်လှမ်းသွားခဲ့ကြသူများကိုပင် ပြန်ဆွဲခေါ်ယူသွားခဲ့သေး၏။ သူဘာဆက်လုပ်သင့်သလဲ!?

သူတို့နှစ်ဦးကြားထဲရှိတာက ယောကျာ်းလေးအပေါင်းအသင်းကောင်းတွေကြားမှာရှိတဲ့ ဖြူဖြူစင်စင်သူငယ်ချင်းဆက်ဆံရေးမျိုး လုံးဝဟုတ်‌မနေဘူး။

လုပ်စမ်းပါကွာ! သူတို့က ချစ်သူရည်းစားဆက်ဆံရေးပါဆို! ဒါကို ဘာလို့ ဘယ်​သူကမှ ကွဲကွဲပြားပြားမမြင်နိုင်ကြတာလဲ?? အဲ့ဒါက လုံလောက်တဲ့အထိ ထင်သာမြင်သာမရှိဘူးလား???

ထိုအခိုက်အတန့်တွင် ချင့်ဟွမ်၏ခံစားချက်မှာ သူဝယ်ထားပေးသောနာရီကို ကြွားလုံးထုတ်ရန်ဆုံးဖြတ်ထားခဲ့သော်လည်း စိတ်ပျက်လက်ပျက်ဖြစ်ရမှုတွေနဲ့သာ အဆုံးသတ်လာခဲ့သည့် ဟော်ချွီခံစားချက်နှင့် ထပ်တူကျနေခဲ့လေသည်။

************

[Zawgyi]

ယြီခ်င့္ဟြမ္သည္ လူစုလူေဝးထဲ အုပ္စုကြဲမသြားေစ
ရန္ ေဟာ္ခြၽီလက္အား တင္းက်ပ္ေနေအာင္ ဆုပ္ကိုင္ထားေလသည္။ယခု သူဟာ အလြန္အမင္းေနာင္တႀကီးစြာရ‌ေနေတာ့သည္။သူေက်ာက္ေ႐ြအား ျငင္းဆန္ခဲ့သင့္၏။သို႔ပါလွ်င္ ဤေနရာက႐ုတ္႐ုတ္သဲသဲျဖစ္မႈကို ေရွာင္ရွားလို႔ရႏိုင္ခဲ့မည္ျဖစ္သည္။

"ခ်င့္ဟြမ္! ခ်င့္ဟြမ္!"

ေက်ာက္ေ႐ြက စိတ္လႈပ္ရွားစြာ ေနာက္ျပန္လွည့္လာၿပီး ယြီခ်င့္ဟြမ္အား ဝံပုေလြတစ္ေကာင္ကဲ့သို႔ စူးစိုက္ၾကည့္လို႔ေနကာ လက္သီးမ်ားကိုက်စ္က်စ္ပါေအာင္ဆုပ္ထားရင္းက တီးတိုး႐ြတ္ဆိုလာသည္။

"မင္းကေကာင္းခ်ီးေတြနဲ႔ Koi ပဲ! ေသခ်ာေပါက္ကို ဘုရားသခင္ေကာင္းခ်ီးေပးခံထားရတဲ့ Koi!”

သူ၏နီျမန္းေနေသာမ်က္ႏွာႏွင့္ အထင္းသားထြက္ေပၚေနေသာလည္ပင္းကေသြးေၾကာမ်ားက သူဘယ္ေလာက္စိတ္လႈပ္ရွားေနတယ္ဆိုတာကို ေဖာ္ျပေနသည္။ ယြမ္ ၈.၅ သန္း အႏိုင္ရခဲ့တာ သူလားလို႔ပင္ထင္ရ၏။

ေလာင္းကစားဒိုင္မွာ ေစာင့္ၾကည့္ဗီဒီယိုကိုဖြင့္ၿပီး အေသအခ်ာျပန္လည္သုံးသပ္ၾကည့္ရႈေနခဲ့သည္။ လိမ္ညာလွည့္ျဖားသည့္အျပဳအမူတစုံတစ္ရာကိုမွ မေတြ႕ရေလမွ သူမဟာယြီခ်င့္ဟြမ္အားၿပဳံးျပလာၿပီး 

"မင္းသူငယ္ခ်င္းေျပာတာမွန္တယ္ မင္းက တကယ့္ Koi ပါပဲ.. ဒါမ်ိဳးက ႏွစ္တစ္ဒါဇင္ေက်ာ္ေလာက္မွ တစ္ခါပဲျဖစ္ႏိုင္တဲ့ကိစၥေလ”

ယြီခ်င့္ဟြမ္သည္ တ႐ုတ္ႏိုင္ငံတစ္ဝွမ္းလုံးအထိ လူသိမမ်ားေသးတာေၾကာင့္ ေလာင္းကစားဒိုင္မွာ သူ႔အား ကံေကာင္းလွသည့္ ခပ္ေခ်ာေခ်ာဧည့္သည္အျဖစ္သာ မွတ္ယူထားခဲ့ၿပီး ႐ုပ္ရွင္မင္းသားတစ္ေယာက္အျဖစ္ ဘယ္လိုမွမထင္ထားခဲ့ေပ။

“အဲ့ဒါက ကံေလးနည္းနည္းစြပ္သြားလို႔ပါ” ယြီခ်င့္ဟြမ္သည္ သူ႔နဖူးကိုသူလက္ညႇိဳးျဖင့္ ပြတ္သပ္လိုက္သည္။ မနာလိုဝန္တိုမႈေတြျဖင့္ ဝန္းရံခံထားရျခင္းက သူအားသက္ျပင္းခ်မိေစ၏။

ဒါဟာအရမ္းကိုထူးဆန္းလြန္းေပသည္။ သူဟာ ယခုဘဝတြင္ ကံေကာင္းျခင္းမ်ားစြာျဖင့္ ေမြးဖြားလာသလိုခံစားရ၏။ သူ႔အရင္ဘဝက ဆုံးရႈံးခဲ့ရတဲ့ကံေကာင္းမႈေတြအားလုံးကို ဘုရားသခင္က သူ႔ထံျပန္လည္ျဖည့္ဆည္းေပးဖို႔ ရည္႐ြယ္ထားေလသလားလို႔ေတာင္ သူမေနႏိုင္မထိုင္ႏိုင္ ထင္ျမင္မိေနေလၿပီ။

သူ႔ရဲ႕ကံေကာင္းမႈက ကာစီႏိုတစ္ခုလုံးကို ေရွာ့ခ္ရသြားေစခဲ့၏။အစီအစဥ္တက်ရွိေစဖို႔ ကာစီႏိုကေန အေစာင့္အၾကပ္ ၂၀၀ ေက်ာ္ကို စီမံထားရွိခဲ့ေသာ္လည္း ကေမာက္ကမအေျခအေနထဲက်ေရာက္ေနဆဲပါပင္။ လူအေတာ္မ်ားမ်ားက ဓါတ္ပုံေတြကို ခိုးေၾကာင္ခိုးဝွက္႐ိုက္ယူေနၾကၿပီး ေနာက္ပိုင္းက်ေတာ့ သူနဲ႔ သူ၏ေကာင္းမြန္လွတဲ့ကံဇာတာမွာ အင္တာနက္ေပၚတြင္ ဟစ္ျဖစ္လာခဲ့သည္။

ယြီခ်င့္ဟြမ္ႏွင့္ အျခားသူမ်ားသည္ ကာစီႏိုတြင္ သိပ္အၾကာႀကီးမေနလိုက္ရေပ။ မ်ားမၾကာခင္မွာပဲ ထိုေနရာကို မကာအိုရွိ ထီႀကီးၾကပ္ေရးမႉး႐ုံးမွတာဝန္ရွိသူမ်ား ေရာက္လာၾက၏။

သူ၏ကိုယ္ေရးအခ်က္အလက္အေထာက္အထားမ်ားႏွင့္ အသက္ကို ေစ့စပ္ေသခ်ာစြာစစ္ေဆးၿပီးတဲ့ေနာက္ သူတို႔ဟာ ခ်င့္ဟြမ္မွာ အသက္ ၂၁ ႏွစ္ ျပည့္ၿပီးျဖစ္ေၾကာင္းကို အဆုံး၌အတည္ျပဳႏိုင္ခဲ့ၿပီး ရွိသမွ်လိုင္စင္စာ႐ြက္စာတမ္းအားလုံးကို သူ႔ထံျပန္လည္ေပးအပ္ခဲ့သည္။

သူ႔အားလက္ဆြဲႏႈတ္ဆက္ၿပီး “ဂု‌ဏ္ယူပါတယ္” လို႔ေတာင္ စကားဆိုသြားၾကေသး၏။ယြီခ်င့္ဟြမ္က ေခါင္းညိတ္ၿပီး "ေက်းဇူးတင္ပါတယ္" လို႔ တုံ႔ျပန္ေျဖၾကားလိုက္သည္။

ကာစီႏိုတခုမွာ ေငြသန္းေပါင္းမ်ားစြာအႏိုင္ရရွိသြားတာက သတင္းထူးတခုမဟုတ္ေပမယ့္ ယြမ္ ၈.၅ သန္းကို ယြမ္ ၂၀၀ တည္းနဲ႔ ပထမဆုံးအေခါက္မွာတင္အႏိုင္ရလိုက္တာကေတာ့ တကယ့္ရွားရွားပါးပါးျဖစ္ရပ္ပင္။

ျဖစ္ေပၚလာႏိုင္ေခ်ရွိသည့္ မေတာ္တဆျဖစ္ရပ္မ်ားအား ေရွာင္ရွားႏိုင္ရန္အတြက္ ကာစီႏိုသည္ သူတို႔ေတြအား ဟိုတယ္‌ေနရာထိုင္ခင္းတစ္ခုတြင္ သတ္မွတ္ေနရာခ်ထားေပးခဲ့ၿပီး ကာကြယ္ေစာင့္ၾကပ္ေပးမည့္ သက္ေတာ္ေစာင့္မ်ားကိုပါစီမံေပးထား၏။

ကိုယ္ပိုင္ေလယာဥ္ကို စရိတ္စကနည္းနည္းသာယူၿပီး သူတို႔အား ျပည္မႀကီးအထိ လိုက္ပါေစာက္ေရွာက္ပို႔ေဆာင္ေပးရန္ပင္ ကမ္းလွမ္းလာခဲ့သည္။ ၿပီးရင္ေတာ့ သူအႏိုင္ရခဲ့တဲ့ေငြေတြကို သူ႔ဘဏ္အေကာင့္ထဲကို တိုက္႐ိုက္လႊဲေျပာင္းေပးအပ္မည္ျဖစ္သည္။

"အိုးမိုင္ေဂါ့" အခန္းထဲဝင္ၿပီး ႏူးညံ့တဲ့ေမြ႕ရာေပၚမွာ ထိုင္လိုက္ၿပီးေလမွ ေက်ာက္ေ႐ြသည္ အသက္ျပင္းျပင္းရႉမိကာ "ငါ အိပ္မက္ထဲမွာရွိေနတုန္းပဲလို႔ ခံစားရတယ္"

ေနာက္ဆုံးစကားေျပာအၿပီးမွာ သူကဘာအေျဖကိုမွမေစာင့္ဘဲ သူ႔ေပါင္ကိုနာနာေလး ဆြဲဆိတ္လိုက္သည္။

“ေအာ့ရွ္.. ” နာက်င္မႈက သူ႔အား လက္ေတြ႕ေလာကထဲ ျပန္ေခၚေဆာင္လာသည္။ သူ႔ေဘးက ယြီခ်င့္ဟြမ္ႏွင့္ေဟာ္ခြၽီအား စိုက္ၾကည့္ရင္း ေက်ာက္ေ႐ြက ယြီခ်င့္ဟြမ္အား စိတ္ရင္းမွန္အျပည့္ျဖင့္ ႐ုတ္ခ်ည္းေမးလာသည္။

"ခ်င့္ဟြမ္ အတည္ေျပာေနတာ၊ မင္း ငါ့မ်က္ႏွာကိုႀကိဳက္လား? ငါအခု မင္းနဲ႔တြဲခ်င္တဲ့ စိတ္အာသီသေတြျဖစ္ထြန္းေနတယ္"

ဘုရားတရား .. သူက သက္ရွိထင္ရွားေ႐ႊေတာင္ႀကီးပဲ! သူနဲ႔သာဆို ဘယ္သူက ေနာက္ထပ္အလုပ္လုပ္ဖို႔လိုဦးမွာလဲ! ဘယ္သူကေကာ ႐ုပ္ရွင္‌ေတြ႐ိုက္ဖို႔ဂ႐ုစိုက္ေနဦးမွာတဲ့လဲ! ပိုက္ဆံျပတ္လာတဲ့အခါတိုင္းလုပ္ဖို႔လိုတာဆိုလို႔ သူ႔ကိုကာစီႏိုထဲဆြဲေခၚသြားတာပဲ! သူ႔လိုကံေကာင္းမႈမ်ိဳး ဘယ္သူဆီမွာရွိႏိုင္မွာတဲ့လဲ!

သို႔ေပမယ့္ ထိုစကားမ်ားကိုၾကားလိုက္ရစဥ္ ေဟာ္ခြၽီဟာ သူ႔ရဲ႕ ၾကာရွည္စြာဆိတ္ဆိတ္ေနမႈကိုခ်ိဳးဖ်က္လာၿပီး ႐ုတ္တရက္ထလာကာ ယြီခ်င့္ဟြမ္ေရွ႕မွာ ပိတ္ရပ္လိုက္သည္။

ခ်င့္ဟြမ္အား သူ႔ေနာက္မွာ အကာအရံေပးထားၿပီး ရန္သူအားစူးစိုက္ၾကည့္ေနေသာ ဝံပုေလြေပါက္ေလးတစ္ေကာင္ကဲ့သို႔   ေက်ာက္ေ႐ြအား စူးစူးရဲရဲစိုက္ၾကည့္ေနေလသည္။ ေနာက္ထပ္စကားတစ္ခြန္းဆိုဝံ့တာနဲ႔ အေျပးသြားၿပီး ေက်ာက္ေ႐ြအား တစစီဆြဲဖဲ့ပစ္ေတာ့မည့္ပုံပင္။

"စိတ္ေအးေအးထား, သူကေနာက္ေန႐ုံပါ" ယြီခ်င့္ဟြမ္က ေဟာ္ခြၽီ၏လက္မ်ားကို ႏွစ္သိမ့္တဲ့သေဘာအေနျဖင့္ ဆုပ္ကိုင္ထားလိုက္ၿပီး ေက်ာက္ေ႐ြဘက္သို႔လွည့္ကာ

"ေကာ ဒီဟာသက ရယ္စရာေကာင္းမေနဘူး"

"ငါသိပါတယ္ ေဆာရီးပါ" ေက်ာက္ေ႐ြက သူ႔လက္ကိုေျမႇာက္ကာ ေတာင္းပန္လိုက္သည္။

သူက ေနာက္ေန႐ုံတင္ေလးဟာကို! ဒီငနဲက ဘယ္လိုျဖစ္လို႔ ဒီ​ေလာက္​ေတာင္တင္းမာေနရတာလဲ!

ကာစီႏိုသည္ သူတို႔ယခင္တည္းခိုတဲ့ဟိုတယ္ဆီကေန ခရီးေဆာင္အိတ္မ်ားကို သြားေရာက္ယူေဆာင္ရန္ လူတခ်ိဳ႕ကိုတာဝန္ေပးအပ္ထားတာေၾကာင့္ သူတို႔ကိုယ္တိုင္ကိုယ္က် သြားေရာက္ယူေဆာင္ရန္ မလိုအပ္ေတာ့ေပ။

သို႔ေသာ္ ကံမေကာင္းအေၾကာင္းမလွစြာျဖင့္ ခ်င့္ဟြမ္သည္ သူ၏ေဘးကင္းလုံၿခဳံေရးအတြက္ ျပည္မႀကီးသို႔ မျဖစ္မေနျပန္ရမည္ျဖစ္တာေၾကာင့္ သူတို႔၏ခရီးစဥ္မွာ ပ်က္စီးသြားခဲ့ရေပသည္။ေက်ာက္ေ႐ြထြက္သြားတာႏွင့္ ယြီခ်င့္ဟြမ္က ေဟာ္ခြၽီအား ေတာင္းပန္လိုက္သည္။

"ငါသယ္လာမိခဲ့တဲ့ အရႈပ္ေတြအတြက္ အရမ္းကိုစိတ္မေကာင္းျဖစ္မိတယ္ မင္းခရီးစဥ္ေကာင္းေလးတခုထြက္ဖို႔ အခြင့္အေရးဆုံးရႈံးသြားခဲ့ရၿပီ"

သူဟာတကယ္ပဲ ေဟာ္ခြၽီအား ေရေပၚျပပြဲကိုေခၚသြားခ်င္ခဲ့သည္။ႀကိဳးမ်ားသိုင္း၍အျမင့္ကေနခုန္ခ်တဲ့ဆီသြားခ်င္ၿပီး ဒီခရီးစဥ္ရဲ႕ေပ်ာ္႐ႊင္မႈကို သူနဲ႔အတူ မွ်ေဝခံစားခ်င္ပါ၏။သို႔ေပမယ့္ အခုေတာ့ သူ႔ရဲ႕ "ကံေကာင္းမႈႀကီး" ေၾကာင့္ ဟိုတယ္ကလြဲလို႔ သူတို႔ဘယ္ကိုမွမသြားႏိုင္ေတာ့ေပ။

"ကိစၥမရွိပါဘူး" ေဟာ္ခြၽီက ရွက္စႏိုးၿပဳံးလာကာ "ကိုယ္က မင္းနဲ႔ပဲအတူရွိခ်င္တာ"

ကာစီႏိုက ယြီခ်င့္ဟြမ္ရဲ႕  Straight flush ဟာ တစ္ၿမိဳ႕လုံးကို အုတ္ေအာ္ေသာင္းတင္းျဖစ္သြားေစခဲ့သည္။ထို႔ေနာက္တြင္ သူဟာ သူ႔႐ုပ္ရွင္ဇာတ္ကားအသစ္ျဖစ္တဲ့ Orange ကို ႐ုပ္ရွင္ပ႐ိုမိုးရွင္းဆင္းဖို႔ ဒီကိုေရာက္လာတဲ့ မင္းသားတစ္လက္ဆိုတာ အားလုံးသိသြားၾကတဲ့အခါ သူတို႔ေတြက ႐ုပ္ရွင္႐ုံကိုသြားၿပီး ထိုဇာတ္ကားကိုၾကည့္ၾကရန္ ဆုံးျဖတ္လိုက္ၾက၏။

လူေတြမွာ အလကားမတ္တင္းရလာတဲ့အရာအေပၚ အၿမဲလိုစူးစမ္းခ်င္စိတ္ရွိၾကသည္။ သူတို႔ဟာ မနာလိုအားက်မႈေတြႏွင့္ ကံေကာင္းျခင္းမ်ားကိုမွ်ေဝရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ေရာက္လာၾကတာမို႔ Orange ၏ Box Office စံခ်ိန္ကို မကာအို၌ ႐ုံတင္ျပသသည့္ေန႔တြင္ စံခ်ိန္ခ်ိဳးသြားေစခဲ့သည္။

ေက်ာက္ေ႐ြမွာ အလြန္အံ့ၾသတုန္လႈပ္သြားရၿပီး ပါးစပ္ေဟာင္းေလာင္းျဖစ္သြားရသည္။ သူ႔ေရွ႕တြင္ ကမာၻသစ္တစ္ခုဆီသို႔ေပါက္ေရာက္သည့္ တံခါးတခ်ပ္ပြင့္ေနသည္ဟု ခံစားရၿပီး အသစ္အဆန္းတစ္ခုက သူ႔အားလက္ျပႏႈတ္ဆက္ေနခဲ့သည္။
႐ုပ္ရွင္ဇာတ္ကားတစ္ကားကို ဒီလိုမ်ိဳးပြဲထုတ္ေၾကာ္ျငာႏိုင္ပါသလား?

ကမာၻေလာကႀကီးတစ္ခုလုံးကို ေငြတစ္ျပားတစ္ခ်ပ္မွထုတ္မသုံးရဘဲ အပိုင္သိမ္းယူႏိုင္သည့္ ထိုသူဟာ အလြန္အံ့ခ်ီးဖြယ္ရာ မာစတာကတ္ႀကီးပင္ျဖစ္ေတာ့သည္!

၎တို႔၏ကိုယ္ပိုင္ဂိမ္း႐ုပ္ရွင္ကို အသိေပးေၾကာ္ျငာရန္ ျပည္မႀကီးကေန မကာအိုသို႔ေရာက္ရွိလာၾကေသာ ေခါင္းေဆာင္မ်ားသည္ Orange ကိုၾကည့္ရန္ ႐ုတ္တရက္အေျပးအလႊားေရာက္လာၾကေသာ ပရိသတ္အုပ္လိုက္ႀကီးေၾကာင့္ လုံးဝကိုရႈပ္ေထြးသြားရေသာ္လည္း ေက်ာက္ေ႐ြ၏ရွင္းျပခ်က္ကို ၾကားလိုက္ရေသာအဆုံး၌ သူတို႔ဟာအလဲလဲအၿပိဳၿပိဳျဖစ္သြားၾကရ၏။ဒါအကုန္ ယြီခ်င့္ဟြမ္ေၾကာင့္ပါေပ။

ျမင့္မားေသာလူ႔ေဘာင္အသိုင္းအဝိုင္းအဖြဲ႕အစည္းမွ လူအမ်ားသည္ ဤကဲ့သို႔လက္ဆုပ္လက္ကိုင္မျပႏိုင္ေသာကံမ်ိဳးကို ပို၍ပင္စြဲလမ္းတပ္မက္ၾကေပသည္။ Orange အဖြဲ႕သားမ်ားအားလုံးကို သူအမွတ္မထင္ကယ္တင္လိုက္ႏိုင္ေၾကာင္းကိုသိသြားၾကတာႏွင့္ သူတို႔ဟာ ယြီခ်င့္ဟြမ္နာမည္ကို သူတို႔ႏွလုံးသားထဲ မဆိုင္းမတြမွတ္ေက်ာက္တင္ခဲ့ေလသည္။

ျပည္မႀကီးရွိ႐ုပ္ရွင္နယ္ပယ္ရပ္ဝန္းသည္ ၎တို႔၏ယဥ္ေက်းမႈထုတ္ကုန္မ်ားကိုတင္ပို႔ရန္ စိတ္အားထက္သန္ေနေသာ္လည္း ရလဒ္မွာ အေၾကာင္းရင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ေက်နပ္ဖြယ္မရွိခဲ့ေပ။သူတို႔မွာ ႐ုပ္ရွင္ေကာင္းေတြ၊ ပေရာ္ဖက္ရွင္နယ္သ႐ုပ္ေဆာင္ေတြရွိေပမယ့္ ကံေလးနည္းနည္းခြၽတ္ေခ်ာ္ေနျခင္းသာျဖစ္၏။

ထို႔အတြက္ေၾကာင့္ ယြီခ်င့္ဟြမ္ကဲ့သို႔ ပေရာ္ဖက္ရွင္နယ္ဆန္ၿပီး ေကာင္းကင္ဘုံမွေကာင္းခ်ီးေပးခံထားရေသာ သ႐ုပ္ေဆာင္တေယာက္ဆိုသည္မွာ အထူးတလည္ ျပဳစုပ်ိဳးေထာင္သင့္ေလသည္။

မကာအိုတြင္သာမက သူ၏ကံေကာင္းမႈမွာ အင္တာနက္မွတစ္ဆင့္ ျပည္မႀကီးအထိပါ ဟိုးေလးတေက်ာ္ေက်ာ္ပ်ံ႕ႏွံ႔သြားခဲ့ေလသည္။ သူဟာ နာမည္တရွိိန္ထိုးတက္ေနတဲ့ ကာလအပိုင္းအျခားေရာက္ေနတာမို႔ မီဒီယာေတာ္ေတာ္မ်ားမ်ားက သူ႔ရဲ႕ Koi ဆိုတဲ့ ေခါင္းစဥ္နဲ႔ပတ္သက္ၿပီး အတင္းအဖ်င္းသတင္းလုပ္ရတာကို သေဘာေခြ႕ေနၾက၏။

ဒီသတင္းကိုၾကားသိလိုက္တာႏွင့္အမွ် သူတို႔ဟာ ဆက္တိုက္ဆိုသလို သတင္းေတြကိုစတင္ဖြေတာ့ရာ သူ႔အား Weibo Hot Search ထဲ ေနာက္တဖန္ျပန္ဝင္လာေစေတာ့သည္။

[အိုး မိုင္ ေဂါ့! ဘာေျပာရမွန္းေတာင္မသိေတာ့ဘူး! သူ႔ေလာက္ ကံေကာင္းတဲ့သူ ရွိေသးလား?]

[အား လား လား! မယုံႏိုင္စရာပဲ! သူ လက္ေထာက္တစ္ေယာက္မ်ားလိုသလား! ငါလစာမယူဘဲနဲ႔ေတာင္ သြားလုပ္ေပးလိုက္ခ်င္တယ္! ငါကပိုက္ဆံအတြက္ အလုပ္လုပ္မွာမဟုတ္ဘူး သူ႔ကံေကာင္းမႈေလးကို မွ်ေဝခ်င္လို႔လုပ္မွာ!]

[အိပ္မက္ဆက္မက္ေနလိုက္! ဒါေပမယ့္ မင္းသိလား? ငါလည္း သူ႔လက္ေထာက္အျဖစ္ အလုပ္ေလွ်ာက္ခ်င္တယ္!]

[ဘုရားတရား, ယြီခ်င့္ဟြမ္ အရင္ဘဝတုန္းက ဘယ္ေလာက္အံ့ဖြယ္တပါးေကာင္းမႈကုသိုလ္ ျပဳထားသလဲပဲ? သူကလုံးဝကို ဘုရားသခင္ေကာင္းခ်ီးအျပည့္ေပးထားတဲ့ ဘဝနဲ႔ရွင္သန္ေနရတာ]

[ငါဒီရက္ပိုင္းကံေကာင္းမႈေလး ေသလုေအာင္လိုအပ္ေနပါတယ္၊ သူ႔ရဲ႕ကံဇာတာေလး နည္းနည္းေလာက္မွ်ေဝေပးဖို႔ ေမွ်ာ္လင့္မိတယ္၊ ေနာင္တခ်ိန္ သူဘယ္သူနဲ႔လက္ထပ္မယ္ဆိုတာမသိေပမယ့္ အဲ့ဒီလူကိုငါမနာလိုျဖစ္မိတယ္]

သူ၏ကာစီႏိုစြန႔္စားခန္းအကူအညီျဖင့္  Orange ၏ Box Office မွာ ယခင္အရွိန္က်ေနရာမွ ခ်က္ခ်င္းတဖန္ျပန္တက္လာခဲ့သည္။

ဒါ့အျပင္ သူေနာက္ထပ္႐ိုက္ကူးထားတဲ့႐ုပ္ရွင္ဇာတ္ကား 'The Line of Life and Death' မၾကာခင္႐ုံတင္ျပသေတာ့မယ္ဆိုတာကို အြန္လိုင္းသုံးစြဲသူေတြ သိသြားၾကတဲ့အခါ စစ္ကားအမ်ိဳးအစားကို စိတ္မဝင္စားၾကေပမယ့္ သူတို႔လည္းပဲ႐ုပ္ရွင္႐ုံမွာသြားၾကည့္ၾကမယ္လို႔ အားလုံးကဆိုလာၾက၏။

ယြီခ်င့္ဟြမ္မွာ အလြန္ေကာင္းခ်ီးေပးခံထားရမွေတာ့ သူေ႐ြးခ်ယ္ခဲ့တဲ့ဇာတ္ကားသည္လည္း ေကာင္းခ်ီးခံစားရမည္ပင္။ ၿပီးရင္ေတာ့ သူ႔ဇာတ္ကားၾကည့္ရႈအားေပးသူပရိသတ္အေပါင္းမွာ သူ႔ရဲ႕ Koi ကံၾကမၼာကိုမွ်ေဝႏိုင္ၿပီး ေကာင္းခ်ီးေပးခံရလိမ့္မည္ျဖစ္၏။ကံေကာင္းမႈတခ်ိဳ႕တေလကို ႐ုပ္ရွင္လက္မွတ္တစ္ေစာင္ျဖင့္လဲလွယ္ရျခင္းမွာ ဘဝအတြက္ တြက္ေျခအကိုက္ဆုံးေသာ အေရာင္းအဝယ္ျဖစ္ေတာ့သည္။

လ်ိဳက်ားအန႔္မွာ ဦးေႏွာက္ပြင့္ထြက္မတတ္ ရယ္ေမာေနခဲ့သည္။ ယခင္ကေတာ့ 'The Line of Life and Death' ဇာတ္ကားဟာ ဝမ္ခ်န္ခ်န္ရဲ႕အမႈအခင္းေၾကာင့္ အြန္လိုင္းပရိသတ္အေတာ္မ်ားမ်ားထံမွ သပိတ္ေမွာက္ျခင္းခံရလုနီးပါးျဖစ္ခဲ့ရသည္။ သို႔ေပမယ့္ ယခု ယြီခ်င့္ဟြမ္မွာ အႏွီလူမ်ားကိုျပန္ဆြဲေခၚယူလိုက္ၿပီး သူတို႔ဟာ ဒီဇာတ္ကားကို သူ႔အတြက္ႀကိဳၿပီးေတာင္ သတင္းျဖန္႔ေဝေၾကာ္ျငာေပးေနလိုက္ၾကေသးသည္။ သူတို႔ဟာ ဘယ္႐ုပ္ရွင္ေၾကာ္ျငာအဖြဲ႕သားေတြထက္မဆို ပိုမိုထိေရာက္‌ေနခဲ့၏။

ထိုညတြင္ လ်ိဳက်ားအန႔္မွာ ယြီခ်င့္ဟြမ္အား ပိုက္ဆံပမာဏအမ်ားႀကီးပါဝင္သည့္ စာအိတ္နီတစ္ေစာင္ပို႔လာခဲ့ၿပီး ပ႐ိုမိုးရွင္းကာလတေလွ်ာက္ သတင္းစာရွင္းလင္းပြဲတိုင္းကို ေန႔စဥ္တက္ေရာက္သြားရန္ ေတာင္းဆိုလာခဲ့သည္။တျခားဘာေ႐ြးခ်ယ္စရာမွမရွိပဲ ယြီခ်င့္ဟြမ္က မတက္သာစြာလက္ခံခဲ့ရေလ၏။ ေရခ်ိဳးၿပီးတဲ့ေနာက္ သူႏွင့္ ေဟာ္ခြၽီသည္ ခ်က္ခ်င္းပဲ အိပ္ေပ်ာ္သြားၾကသည္။

သူမသိခဲ့တာတစ္ခုက သူအိပ္ေပ်ာ္ေနတဲ့အခ်ိန္အတြင္းမွာ ျပင္ပကြန္ယက္တခုကေနလႊင့္တင္လိုက္တဲ့ပုံတပုံမွာ အင္တာနက္ေပၚတြင္ အႀကီးအက်ယ္ေဆြးေႏြးခန္းတရပ္ကို ေပၚေပါက္လာေစခဲ့တယ္ဆိုတာကိုပင္။

[ေနဦး ယြီခ်င့္ဟြမ္က အဲ့ဒီလူလက္ကိုတြဲထားတာလား?]

အင္တာနက္ေပၚရွိလူမ်ားသည္ တစ္စကၠန႔္မွ်တိတ္ဆိတ္သြားရၿပီးေနာက္တြင္ အတူတကြအာေမဍိတ္သံျပဳလိုက္ၾကသည္—

[အိုး- မိုင္- ေဂါ့ !!! ]

ဓာတ္ပုံဆရာသည္ လုံၿခဳံေရးမ်ားတင္းက်ပ္စြာ ေစာင့္ၾကည့္ေနတဲ့ၾကားထဲက “လြတ္ေျမာက္” ႏိုင္ခဲ့သည္အထိ ကံေကာင္းခဲ့ၿပီး သူ၏ဓာတ္ပုံမွာ လူထုထဲတမင္စတန႔္ထြင္ျပျခင္း သို႔မဟုတ္ အေနအထား သို႔မဟုတ္ ရႈေထာင့္တခုကေန အတင္းအၾကပ္လုပ္ယူဖန္တီး႐ိုက္ကူးထားျခင္းမ်ိဳး ျဖစ္ႏိုင္ေျခမရွိသည့္ အရည္အေသြးၾကည္လင္ျပတ္သားေသာပုံမ်ားျဖစ္သည္။

ယြီခ်င့္ဟြမ္ႏွင့္ ေဟာ္ခြၽီတို႔မွာ အမွန္တကယ္လက္ခ်င္းတြဲထားခဲ့ေလသည္။

[ေသလိုက္ပါေတာ့! ယြီခ်င့္ဟြမ္က ေဂးလား? ဒါ​ေပမယ့္​ သူက လုံးဝကို မိန္းမလ်ာပုံေပါက္မေနဘူး! ​ငါမယုံႏိုင္လိုက္တာ!]

[စိတ္မရွိပါနဲ႔? ေဂးအားလုံးက မိန္းမလ်ာမဟုတ္ပါေနာ္! ဟုတ္ၿပီလား!]

[ခ်င့္ဟြမ္ လက္တြဲထားတဲ့တစ္ေယာက္ကို ငါရင္းရင္းႏွီးႏွီးျမင္ဖူးေနတယ္လို႔ ထင္တာပဲ..]

[နားေထာင္! နားေထာင္! အဲဒီလူက ေဟာ္ခြၽီပဲ! ဟြားတကၠသိုလ္ကစံျပအတြဲကို မွတ္မိၾကေသးလား?!]

[အား ငါသူ႔ကိုမွတ္မိၿပီ! သူကဉာဏ္အရမ္းေကာင္းေပမယ့္ တမ်ိဳးေလးထူးဆန္းေနတဲ့ေကာင္ကေလး!]

[အဲ့ဒါသာ ေဟာ္ခြၽီဆိုရင္ေတာ့ ခ်င့္ဟြမ္ သူ႔လက္ကိုတြဲထားတာ ပုံမွန္ပါပဲ]

ေယဘူယ်အားျဖင့္ ေယာက်ာ္းေလးႏွစ္ေယာက္ တေယာက္ကိုတေယာက္ ဘာလို႔လက္ခ်င္းတြဲထားၾကတယ္ဆိုတာကို ရွင္းျပရန္ခဲယဥ္း‌မည္ျဖစ္ကာ သူတို႔ၾကားထဲ တျခားဘာတခုခုမွရွိမေနလိမ့္ဘူးဆိုတာကို လူေတြယုံၾကည္ၾကလိမ့္မည္မဟုတ္ေပ။ သို႔ေပမယ့္ ေယာက်ာ္းေလးႏွစ္ေယာက္ထဲက တစ္ေယာက္ကေဟာ္ခြၽီသာဆိုရင္ေတာ့ အရာအားလုံးကမတူေတာ့ေပ။

လူအမ်ားစုမွာ 'Young People Want High' အင္တာဗ်ဴးကို ၾကည့္ဖူးၾကၿပီး အားလုံးနီးပါးက ေဟာ္ခြၽီ၏အေျခအေနကို နားလည္သေဘာေပါက္ၾကသည္။ ထိုအတြက္ေၾကာင့္ ခ်င့္ဟြမ္လက္တြဲထားသူမွာ ေဟာ္ခြၽီျဖစ္တာကိုသိသြားၾကတာႏွင့္ ယခင့္ယခင္က သံသယျမဴမႈန္မ်ားမွာ လုံးဝကိုေပ်ာက္ကြယ္သြားေတာ့သည္။

[ဘာကိုေဂးလဲ? မင္းကအ႐ူးပဲ! သူက ေဟာ္ခြၽီကို လမ္းမေပ်ာက္သြားရေအာင္ ကာဆီးေပးတဲ့အ‌ေနနဲ႔ လက္တြဲထားတာ]

[ငါလည္းဒီလိုထင္တယ္၊ ဒီစံျပအတြဲက ခ်စ္ဖို႔ေကာင္းေပမယ့္ ဒီေကာလဟာလေတြကေတာ့ မဟုတ္ေသးပါဘူး]

[အားလာ ငါ့ရဲ႕ရင္ခုန္သံေတြ အလကားျဖစ္ကုန္ၿပီ၊ ဒါေပမယ့္ သူတို႔သာတကယ္စုံတြဲဆိုရင္ သိပ္ေကာင္းမွာပဲ၊ သူ႔ေဘးနားမွာ သူ႔ကံဇာတာေကာင္းကိုမွ်ေဝေနမယ့္မိန္းမတေယာက္ကို ငါသည္းညည္းမခံႏိုင္ေပမယ့္ ေဟာ္ခြၽီလိုမ်ိဳး ခ်စ္စရာေကာင္းတဲ့ေကာင္ေလးဆိုရင္ေတာ့ ငါအဲ့ဒါကိုသည္းခံႏိုင္လိမ့္မယ္လို႔ ထင္တာပဲ]

[_ (:з」∠)_  သေဘာတူမဆုံးႏိုင္ပါၿပီ]

[မင္းက ဒီကိစၥနဲ႔ပတ္သက္ၿပီး အရမ္းကို အစိုးရိမ္ႀကီးေနတာပဲ! ခ်င့္ဟြမ္မွာ Koi ကံဇာတာရွိတယ္၊ သူရဲ႕ေ႐ြးခ်ယ္မႈက ေကာင္းမွာပါပဲ၊ ငါတို႔လုပ္ႏိုင္တာက ထိုင္ေစာင့္ၾကည့္ေန႐ုံပဲေလ! ငါတို႔လိုသာမန္လူေတြကေတာ့ သူ႔ရဲ႕ Straight Flush ကိစၥကို ပိုစိတ္ဝင္စားတယ္]

...

ယြီခ်င့္ဟြမ္သည္ ထိုဓာတ္ပုံႏွင့္ပတ္သက္ၿပီး သူ၏ Weibo ေအာက္က မွတ္ခ်က္မ်ားကိုျမင္လိုက္ရေသာအခါ ငိုခ်င္းခ်မတတ္ျဖစ္သြားခဲ့ရသည္။ကာစီႏိုထဲတြင္ ေဟာ္ခြၽီလက္ကို သူတြဲထားရသည့္အေၾကာင္းရင္းမွာ တစ္ဖက္တြင္ လူစုလူေဝးေၾကာင့္ လူမကြဲသြားေစရန္ျဖစ္ၿပီး တကယ္တမ္းတျခားတစ္ဖက္တြင္မူ သူနဲ႔ေဟာ္ခြၽီၾကားဆက္ဆံေရးကို သူ႔ပရိသတ္မ်ားအား အရိပ္အႁမြက္ျပသရန္ပင္။

လိင္တူႏွစ္သက္ေၾကာင္းဖြင့္ဟဝန္ခံဖို႔လုပ္တယ္ဆိုတာ လြယ္ကူတဲ့ကိစၥရပ္တခုမဟုတ္ရေပ။ ယခုကစလို႔ သူဟာနည္းနည္းခ်င္းစီ႐ုပ္လုံးေဖာ္သြားခ်င္ၿပီး ထိုမွသာ သူခ်န္ထားရစ္ခဲ့ေသာသဲလြန္စေတြနဲ႔ ဇာတ္လမ္းအၾကမ္းဖ်င္းကို သူတို႔စူးစမ္းရွာ‌ေဖြသိရွိသြားေလတဲ့အခါ ေနာင္အနာဂါတ္တြင္ သူတကယ္ပဲ come out လုပ္သည့္အခိုက္တြင္ ဖိအားႏွင့္တုန္လႈပ္ေျခာက္ျခားမႈတို႔မွာ အနည္းငယ္မွ်ေလ်ာ့နည္းသြားေပလိမ့္မည္။

သို႔ေသာ္ သူအေတာ္ေလးအံ့အားသင့္မိရသည္မွာ လူအမ်ားစုက သူ႔ဆိုလိုရင္းကို နားလည္မႈလြဲ႐ုံသာမက သူႀကိဳးစားပမ္းစားခ်မွတ္ေပးခဲ့ရသည့္ 'လမ္းေၾကာင္းမွန္' အတိုင္းေလွ်ာက္လွမ္းသြားခဲ့ၾကသူမ်ားကိုပင္ ျပန္ဆြဲေခၚယူသြားခဲ့ေသး၏။ သူဘာဆက္လုပ္သင့္သလဲ!?

သူတို႔ႏွစ္ဦးၾကားထဲရွိတာက ေယာက်ာ္းေလးအေပါင္းအသင္းေကာင္းေတြၾကားမွာရွိတဲ့ ျဖဴျဖဴစင္စင္သူငယ္ခ်င္းဆက္ဆံေရးမ်ိဳး လုံးဝဟုတ္‌မေနဘူး။

လုပ္စမ္းပါကြာ! သူတို႔က ခ်စ္သူရည္းစားဆက္ဆံေရးပါဆို! ဒါကို ဘာလို႔ ဘယ္​သူကမွ ကြဲကြဲျပားျပားမျမင္ႏိုင္ၾကတာလဲ?? အဲ့ဒါက လုံေလာက္တဲ့အထိ ထင္သာျမင္သာမရွိဘူးလား???

ထိုအခိုက္အတန္႔တြင္ ခ်င့္ဟြမ္၏ခံစားခ်က္မွာ သူဝယ္ထားေပးေသာနာရီကို ႂကြားလုံးထုတ္ရန္ဆုံးျဖတ္ထားခဲ့ေသာ္လည္း စိတ္ပ်က္လက္ပ်က္ျဖစ္ရမႈေတြနဲ႔သာ အဆုံးသတ္လာခဲ့သည့္ ေဟာ္ခြၽီခံစားခ်က္ႏွင့္ ထပ္တူက်ေနခဲ့ေလသည္။

Continue Reading

You'll Also Like

578K 57.3K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1M 52.4K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
307K 34.9K 35
Title - A contractual marriage with the best leading actor Author - Gu Zheng (故筝) Genre- Comedy ,Drama ,Romance , Shounen Ai Slice of Life, Yaoi S...
1.3M 54K 65
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...