Ep-(33)½
- yeonjun အိမ်ပြန်ရောက်တော့ ညနေစောင်းနေပြီဖြစ်သည်။ အိမ်မှာဘယ်သူ့ကိုမှမတွေ့ပေ။ Jayရော အန်တီကြီးတွေရော အဖေရော.....-
-အပြင်သွားတယ်ထင်ပြီး အပေါ်ထပ်တက်ရန်ပြင်လိုက်သည်။ -
"Choi Yeonjun!! "
-အနောက်ကခေါ်သံတစ်ခုကြားလိုက်ရသည်။ -
"Appa..."
"မင်းငါ့ကိုပမာမခန့်မလေးမစားလုပ်နေတာလား။ "
"အဲ့လိုမဟုတ်ဘူး။
Appaစဥ်းစားသလိုမျိုး Ommaက လုပ်ခဲ့တာမဟုတ်ဘူး။ "
"မင်းအဲ့ဒီအကြောင်းကိုသေချာရှင်းပြပေးနိုင်လို့လား။ "
"အွန်း....။
Appaအထင်လွဲခဲ့တဲ့ ဂန်ဆောင်းဂျယ်ဆိုတဲ့ ဦးလေးကြီးက ဂန်ထယ်ဟျွန်းအဖေပါ။ အဲ့တုန်းက ထယ်ဟျွန်းမေမေအန်တီ ဂန်ယယ်နာက ဆေးရုံမှာ အသက်သေခါနီးအချိန်ဖြစ်နေတာ...မေမေက သူ့ရဲ့တာဝန်ခံဆရာဝန်လေ....အဲ့ဒါကြောင့် ဦးလေးကြီးနဲ့ မေမေနဲ့ကတွဲသွားတွဲလာရှိခဲ့ဖူးတယ်။ မေမေတို့က သူငယ်ချင်းတွေလေ....။ "
"အဲ့ဒါတွေ ငါသိတယ်။ "
"ကျွန်တော်ပြောချင်တာ မေမေနဲ့ ဦးလေးကြီးက ဘာပတ်သက်မှုမှမရှိဘူး။ ဒီကထွက်သွားပြီးတော့ မေမေတို့ car accident ဖြစ်ပြီး Hokseok Samcheon တာဝတ်ကျတဲ့မြို့နားမှာဘဲ နေဖြစ်တာ။ အဲ့ကတည်းက taehyunရော သားရောကို ပြန်လိုက်ရှာခဲ့တယ်။ မေကေသားကိုပြန်ရှာတွေ့ပေမဲ့ ဦးလေးကြီးက taehyunကို ပြန်ရှာတွေ့တာ နှစ်လတောင်မပြည့်သေးဘူး။ "
" အဲ့တော့...."
"Appa!
Ommaကို စိတ်ဆိုးနေတာ၊ Ommaကို အထင်လွဲနေတာကို သိတယ်။ အဲ့ဒါနဲ့ဘဲ သားကရော မတွေ့ရတော့ဘူးလား။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော့်အမေဘဲမလား။ "
"Appaအဲ့ဒါတွေကိုသိတယ်....appaပြန်တောင်းပန်ချင်ခဲ့တယ်...မင်းအမေက ပြတ်သားလွန်းတာကြောင့် appaဘက်ကမာနကြောင့် အခုအခြေအနေထိဖြစ်သွားတာ။ မင်းအမေကို ဟိုတစ်လောကappaတွေ့လိုက်တယ်။ အဲ့လူနဲ့ပြုံးလို့ပျော်လို့ coffeeဆိုင်မှာ appaကိုတောင်မမြင်ဘူးလေ။ "
"အဲ့ဒါဆို appaဖြစ်စေချင်တာ ဘာလည်း"
"Appaမင်းကို ဂျပန်ဘဲလိုက်ခဲ့စေချင်တာ။ "
"ကျွန်တော်မလိုက်ရင်ရော...."
"မင်းမလိုက်ရင် appaကတော့ appaနည်းလမ်းနဲ့appaဘာသာ ခေါ်သွားရလိမ့်မယ်။ "
"မဖြစ်နိုင်တာကို....appaက အတ္တကြီးနေတာဘဲ။ "
-သူပြောပြီး အိမ်ထဲကပြန်ထွက်ဖို့အလုပ် Jayက သူ့ရှေ့ကိုပိတ်ရပ်လိုက်သည်။ -
"Jay....ဖယ်စမ်း"
"မလုပ်နိုင်ပါဘူး အကိုလေး။
ကျွန်တော့်ကိုခက်ခဲအောင်မလုပ်ပါနဲ့...."
"ဖယ်စမ်းပါ...."
"တောင်းပန်ပါတယ် အကိုလေး"
"Jay.....မင်းအကိုလေးကို ငါတို့မသွားခင်သုံးရက်လုံးလုံးအိမ်ထဲကမထွက်စေနဲ့....ဖုန်းသိမ်းထားလိုက်။ "
"APPA!!"
- ထိုသို့ပြောကာ appaအခန်းထဲဝင်သွားသည်။ သူ့ဖုန်းနဲ့ လွယ်အိတ်ကိုပါယူသွားသည်။ -
"Appa!!
ကျွန်တော်ကို သွားခွင့်ပေးပါ....။ ဒီလိုမျိုးနဲ့သားမလိုက်ချင်ဘူးလို့။ "
-သူဘယ်လိုဘဲပြောပြော ဖေဖေကတော့ဂရုမစိုက်ခဲ့ပေ။ soobinခွဲစိတ်ရမဲ့ရက်က သူသွားမဲ့ရက်နဲ့အတူတူဘဲ...ဒီရက်မတိုင်ခင် သူအပြင်ရအောင်ထွက်ရမယ်။ -
.
.
.
Ep-(34)
-soobinအိမ်ပြန်ရောက်တော့ 1:00။
သူတို့အိမ်က အခုထိမီးမပိတ်သေးပေ။ အဒေါ်အီမအိပ်သေးဘူးလား။ -
"Soobinပြန်လာပြီလား"
"Jeonghan hyung!
ဒီအထိဘယ်လိုရောက်လာတာလည်း...."
"ပြောစရာရှိလို့.... ပြန်လာတာနောက်ကျတယ်။
အဒေါ်ကအိပ်နေပြီ ။ "
"ဒီမှာ အိပ်သွားမှာပေါ့...."
"အွန်း..."
"ဒါနဲ့ ပြောစရာက...."
" Soobin....
မင်းခွဲစိတ်ဖို့ရက်ထပ်ရွှေ့လို့မရတော့ဘူးနော်။ "
"ကျွန်တော်သိပါတယ်....
တဘက်ခါကိုဘဲ ချိတ်လိုက်ပါ။ မနက်ဖြန် လာခဲ့မယ်။ "
"အွန်း...ဒါဆို hyungစီစဥ်လိုက်တော့မယ်။ "
"ဟုတ်.... အချိန်ကရော...."
"ညနေ4:30"
"Hyung....ဒီခွဲစိတ်မှုမှာ ကျွန်တော်အသက်ရှင်နိုင်လား။ "
"50% 50%ဘဲ soobin....
Hyungလည်း မပြောတတ်ဘူး။
မင်းကမွေးရာပါ နှလုံးတစ်ခြမ်းကြီးနေတာ။ ငယ်ငယ်က ခွဲစိတ်ခဲ့ဖူးပေမဲ့ အမြဲ checking လုပ်နေရတာ။ သူများတွေက သက်သာသွားပေမဲ့ မင်းက မသက်သာခဲ့ဘူးလေ။ "
"စိတ်ဓာတ်တောင်ကျသွားပြီ...."
"Hyungတို့အကောင်းဆုံးကြိုးစားပါ့မယ်။ ယုံတယ်မလား။ "
"ငယ်ငယ်ကလိုမျိုး အားပေးပေးမဲ့ ommaလည်းမရှိတော့ဘူး။ appaလည်းမရှိတော့ဘူး။ taehyunလည်း မရှိတော့ပြန်ဘူး။ ဘာလို့များ ဘဝကအဲ့လောက်ထိခါးသွားရတာလည်း။ "
"တွေးမနေနဲ့နော်... အိပ်ပျော်အောင်အိပ်လိုက်။
Hyungလည်းပြန်တော့မယ်။ "
"ညအိပ်မှာဆို...."
"ပြန်တော့မယ်....hyungညီလေးစောင့်နေလိမ့်မယ်။ "
"အော် ဟုတ် "
-ဂျုံဟန်အကြောင်းသူသိတာပေါ့....သူ့ကိုစိတ်ပူလွန်းလို့လိုက်လာခဲ့တာ။ -
-ရေချိုးပြီး yeonjunဖုန်းကို ဆက်ကြည့်လိုက်တော့ ဝင်ပေမဲ့မကိုင်ပေ။ message ပို့တော့လည်းမကြည့်ပေ။ တကယ်များအဆက်အသွယ်ပြတ်သွားတာလား ယောန်ဂျွန်းရယ်။ -
-သူမျှော်နေသောဖုန်း၏ပိုင်ရှင်ကတော့ အခန်းထဲတွင်ရှိနေပြီး ဖုန်းကတော့ အံဆွဲတစ်ခုတည်းတွင် ရှိနေခဲ့သည်။ -
.
.
.
Beomgyu POV:
- မေမေက စားဖို့သောက်ဖို့အကုန်လုပ်ပေးခဲ့ပေမဲ့ သူကတော့နည်းနည်းမှမထိရသေးပေ။ အခုထိလည်းစိတ်ထဲတွေးနေမိတာက သူကြောင့် ထယ်ဟျွန်းသေရတာဟူ၍ သူ့ကိုယ်သူအပြစ်တင်နေမိသည်။ -
- တစ်ငိုငို တရီရီဖြင့် မှိုင်သွားတတ်သော သူသည် အကြောင်းအရင်းကတော့ တစ်ခုတည်းပင်။ taehyunကြောင့်...အမှတ်တရတွေနဲ့ အခိုက်အတန့်တစ်ချို့ကိုပြန်တွေးမိရင် ပြုံးရပြန်သည်။ ထိုအချိန်မှာမှ အဲ့ဒီဝကိစ္စနဲ့ အကြောင်းအရာကိုပြန်တွေးမိရင် ဝမ်းနည်းရပြန်သည်။ နောက်ဆုံးအပြစ်တင်ရင်းသာအဆုံးသတ်ခဲ့ရသည်။ -
"သား....မေမေဆန်ပြုတ်ထားပေးခဲ့တာ မသောက်ရသေးဘူးလား။ "
"မသောက်ချင်ဘူး မေမေ"
"သောက်လိုက်ပါ သားရယ်။
သားအစာစားမှ နေကောင်းမှာပေါ့..."
"ဟင့်အင်း
သား...သားလေ ထယ်ဟျွန်းကိုတွေ့ချင်တယ် မေမေ"
"သား....မေမေပြောထားတယ်လေ...
ထယ်ဟျွန်းက သေသွားပြီလို့....သူသားအနားကိုပြန်လာလို့လည်းမရတော့သလို သူ့အနားကိုလည်း သားသွားလို့မရဘူး။ "
"သူမသေးသေးပါဘူး မေမေရယ်....
သားမယုံဘူး...သူသေသွားပြီဆိုတာ သားမယုံဘူးလို့....သူ...သူသေချာပေါက် သားပြောတာကိုနားထောင်ပေးဦးမှာ...ကျွန်တော့်ကိုရိုက်နှက်ပြီး သူစိတ်ကျေနပ်တဲ့အထိ သားကိုစိတ်ကောက်ဦးမှာ။ "
"သား...beomgyu
စိတ်ထိန်းပါ သားရယ်။ အဲ့ကလေးက သားအနားမှာမရှိတော့လည်း မေမေရှိပါတယ် သားရယ်။ "
"ထယ်ဟျွန်းက ကျွန်တော့်ဘဝပါ ။
ဖေဖေမရှိကတည်းက အရယ်အပြုံးမရှိတော့တဲ့ ကျွန်တော်က ထယ်ဟျွန်းကြောင့်ပုံမှန်ပြန်ဖြစ်လာခဲ့တာ။ သူ့ကြောင့်ပျော်ခဲ့ရတယ်၊ သူ့ကြောင့်ရီမောခဲ့ရတာတွေမှအများကြီးဘဲ။ သူ့ဆီကနေ နွေးထွေးမှုလည်းရခဲ့တာ။ ကျွန်တော်ရဲ့ ဘဝတစ်ခုလုံးက ဂန်ထယ်ဟျွန်းဖြစ်နေခဲ့တာ ။ အခု အဲ့ဒီလူကမရှိတော့ဘူး။
ကျွန်တော်ဘယ်လိုရှင်သန်ရမလည်း ။ "
"သား....ထယ်ဟျွန်းကို ချစ်ရင် သူအစားဆက်ရှင်သန်ရမှာပေါ့။ "
"သူကသားရဲ့အသက်ပါ မေမေ။
သူမရှိတော့ရင် ကျွန်တော့်ဘဝက ရှင်လျက်နဲ့သေနေတာဘဲ။ "
"သားရယ်..."
- သူမ၏သားကို ပုခုံးလေးဖက်ကာ နှစ်သိမ့်ပေးခဲ့သည်။ ဒီလောက်ချစ်ကြမှန်းသိရင် မေမေရူဘီနဲ့ကိစ္စကို အတင်းမလုပ်ခဲ့ပါဘူး သားရယ်။ မေမေ့အမှားတွေပါ...။ -
"Yoon Rubyရော အမေ"
"အိမ်ကိုပြန်မလာသေးဘူး သားငယ်။ "
"သူကဒီအမှုရဲ့သံသယရှိသူဆိုတာသိလား။ "
"အွန်း သိတယ် ။
တရားခံအဖြစ်နဲ့ ဖမ်းဝရမ်းပါထုတ်ခဲ့ပြီးပြီ။ "
"သူ့ကြောင့် ကျွန်တော်တို့ဝေးရတာ။
လုံးဝလွတ်လို့မရဘူး....သတ်ပစ်မှာ..."
-အငြှိုးကြီးတဲ့ မျက်လုံးများဖြင့်ကြည့်ကာ အံကိုကြိတ်ထားသည်။ -
.
.
.
- အိမ်တစ်လုံးထဲက အခန်းကျယ်တစ်ခုထဲတွင် ထိုင်နေသောမိန်းကလေးတစ်ယောက်။ သူမဘေးတွင်လည်း ပစ္စည်းများကရှုပ်ပွနေသည်။ -
*ငါမဟုတ်ဘူး....ငါမဟုတ်ဘူး.... ငါ...ငါလုပ်တာမဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲ....အဖမ်းမခံနိုင်ဘူး။ ပြီးတော့ ငါKang taehyunကို သတ်ဖို့မရည်ရွယ်ခဲ့ဘူး။ မတော်တဆဖြစ်တာ....*
^^မင်းကို ငါသတ်ပစ်မှာ။ ^^
"အားးးးးး အားးးးးး
ငါတောင်းပန်ပါတယ်.... ငါနင့်ကိုတမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ "
- ချထားသောဆံပင်ထဲသို့ လက်ချောင်းတစ်ချို့ထိုးထည့်ကာ သူမရဲ့နားကိုပိတ်ထားသည်။ -
"မဟုတ်ဘူး.... ငါနင့်ကိုသတ်မယ်။
နင်...နင့်ကြောင့်....ငါဒီလိုခံစားနေရတာ။ "
- ထိုင်နေရာက ရုတ်တရက်ထလိုက်ပြီး မှန်တင်ခုံပေါ်က ဓားအချွန်ကိုယူကာ တစ်နေရာသို့ပြေးသွားသည်။ -
^^ မင်း....ငါ့ကိုသတ်လို့မရဘူး။
ငါကဘဲ သတ်ပေးရမလား ^^
"အားးးး
တောင်းပန်ပါတယ်....။ "
-အခုလေးတင် သတ်ဖို့ပြင်နေသောလူက အခုတင်ဘဲ ထပြီးငိုလေသည်။ -
"သမီးငယ်လေး...စိတ်ထိန်းစမ်း။ "
- သူမ၏အဖေဟုယူဆရသောသူသည် သူမထံရောက်လာပြီး သူမ၏လက်များကိုချုပ်ထားသည်။ -
.
.
.
Soobin POV:
- ဆေးရုံသွားဖို့ အိတ်လေးပြင်ဆင်လိုက်တော့ မိမိကျောပိုးအိတ်တစ်လုံးစာသာရှိသည်။ ကြည့်ပြီးပြုံးလိုက်ပြီး ထိုအိတ်ကိုယူကာ အောက်ဆင်းသွားလိုက်သည်။ -
-မမေ့မလျော့စွာ yeonjunထံသို့စာပို့ထားလိုက်သည်။ -
// ဒီနေ့မှတကယ်မလာရင် yeonjun ကိုစိတ်ဆိုးမယ်ထင်တယ်။ သေချာပေါက် ရောက်အောင်လာခဲ့နော်။ //
-ပြီးတော့ ဖုန်းလေးပိတ်ကာ အောက်ထပ်ဆင်းသွားတော့ ဒေါ်လေးနဲ့ kaiကစောင့်နေသည်။ -
"သွားကြတော့မလား။ "
"အွန်း...ထယ်ဟျွန်းကိုနှုတ်ဆက်လိုက်ဦးမယ်။ "
-စင်ပေါ်တွင်တင်ထားသော သူငယ်ချင်းသုံးယောက်ပုံထဲက ထယ်ဟျွန်းကိုရွေးကာ နမ်းလိုက်သည်။ -
"ကောင်းကောင်းပြန်လာခဲ့မယ်။
စိတိမပူပါနဲ့...."
"မင်းက ထယ်ဟျွန်းကိုဘဲနမ်းတာလား။
ငါ့ကိုရော...."
"အာရီဂူးးးး မင်းကိုတော့မနမ်းပါဘူး။
မျက်နှာမှမသစ်ထားတာ။ "
"Ya!!
ငါသစ်ထားပါတယ်နော်..."
- သူလျှာထုတ်ပြကာ အိမ်ရှေ့ကိုပြေးထွက်လိုက်သည်။ အိမ်ရှေ့ရောက်တော့ ကားနှစ်စီးကိုတွေ့လိုက်ရသည်။ တစ်စီးက Junkyuဖြစ်ပြီး နောက်တစ်စီးက..
"Felix hyung"
"အွန်း soobin....
နေကောင်းအောင်နေနော်....ခွဲစိတ်ပြီးသွားရင်လည်း hyungဆီဖုန်းဆက်ဦး။ "
"သွားတော့မှာလား။ "
"ဒီညနေလေယာဥ်လေ...."
"Soobin...ဂရုစိုက်နော်။
Yeonjun လာနိုင်မလားမသိပေမဲ့ သူကကတိတည်နဲ့လူမျိုးပါ။ "
"Hyungကဘယ်လိုသိတာလည်း..."
"ကျောင်းလာကတည်းက သူမင်းခွဲစိတ်ရင် သွားရမယ်ဆိုပြီး တဖွဖွပြောနေတာ။ ငါတို့တောင် အလွတ်ရနေပြီ။ "
"အော်...."
- သူစိတ်ထဲပျော်သလိုတောင်ဖြစ်သွားသည်။ -
"Hyungတို့သွားတော့မယ်။ "
"ဟုတ်ကဲ့ ကျွန်တော်တို့လည်းသွားတော့မယ်။ "
- သူတို့ကားပေါ်သို့ ကိုယ်စီတက်ကာ သူတို့ဦးတည်ရာနေရာများသို့ထွက်ခွာသွားခဲ့ကြသည်။ -
.
.
.
- အိပ်ခန်းထဲမှ တံခါးဖွင့်ကာ အပြင်သို့ကြည့်လိုက်သည်။ ဘယ်သူမှမရှိဘူးလား။ -
"အကိုလေး..."
"Jay....ဥက္ကဌကြီးရော..."
"ရုံးခွဲကုမ္ပဏီသွားပါတယ် အကိုလေး"
"ဟို...ဟိုလေ....ငါ့ဖုန်းလေးဘယ်နားထားလည်းသိလား "
"ဟုတ်ကဲ့ သိပါတယ် အကိုလေး"
"ယူပေးလို့မရဘူးလား။
ငါ....လူတစ်ယောက်ကို ဆက်သွယ်စရာရှိလို့ပါ။ "
"မရပါဘူး ။
ကျွန်တော်အလုပ်ထုတ်ခံရလိမ့်မယ်။ "
"ငါကာကွယ်ပေးမယ်။
အဲ့ဒါကြောင့်မလို့ ငါ့ကိုဆက်သွယ်ပေးလို့မရဘူးလား။ "
" အခန်းသော့ကို ဥက္ကဌကြီး ယူသွားတာပါ။ "
"Ahh!!!
မင်းဖုန်းရှိလား။ "
"Nae ရှိပါတယ် ။ "
"ခဏ...လောက်ပေးပါလား"
"အာ...ဟုတ်ကဲ့ "
"Jay တကယ်ကျေးဇူးတင်ပါတယ် "
-သူjayဖုန်းကိုယူကာ မေမေ့ရလုပ်ငန်းကတ်ထဲက ဖုန်းကိုဆက်လိုက်သည်။ -
"ဟယ်လို..."
// ဒေါက်တာဂျောင်ဟျိုအင်ရဲ့ရုံးခန်းကပါ//
"ဒေါက်တာမရှိဘူးလားမသိဘူး"
"သူဒီမေ့အလုပ်နားပါတယ်ရှင့်"
"သူ့ကိုဆက်သွယ်လို့ရမဲ့ဖုန်းနံပါတ်ရှိလားဟင်"
"Nae....ခဏလေးပါနော်
ဖုန်းနံပါတ်က xx-xxxxxxxပါ ။ "
"ကျေးဇူးတင်ပါတယ် "
-သူလည်းအချိန်ဆွဲမနေဘဲ ဖုန်းချတာနဲ့ တန်းခေါ်လိုက်သည်။ -
"မေမေ....မေမေ။
သား Yeonjun ပါ..."
"အော် သားပြောလေ....
ဘယ်ဖုန်းနံပါတ်ကြီးနဲ့...."
"အခုအဲ့ဒါအရေးကြီးတာမဟုတ်ဘူး မေမေ
အခုအိမ်မှာလား....သားလာခဲ့မယ်။ "
"ဟုတ်တယ် သားလေး။ "
-သူလည်းအခြေအနေကိုအတည်ပြုပြီးတာနဲ့ သူ့မေမေဆီကို သွားရန်ပြင်လိုက်သည်။ -
"အကိုလေး...."
-သူထွက်မလို့လုပ်တော့ jayကလှမ်းခေါ်သည်။ သူလည်းလက်ထဲကအိတ်ကိုချကာ jayမျက်နှာကို နှစ်ချက်သုံးချက်လောက်ထိုးသွားခဲ့သည်။ -
"မီယားနဲ ဂျေးအီ။
Appaမေးရင် မင်းကိုထိုးကြိတ်ပြီးထွက်သွားတယ်သာပြောလိုက်။ "
-သူ အဲ့လိုမှာခဲ့ပြီး ခြံထဲကနေပြေးထွက်သွားခဲ့သည်။ jayကတော့ ပါးကိုကိုင်ကာ ပြန်ထည့်လိုက်ပြီး အိမ်ထဲပြန်ဝင်သွားခဲ့သည်။ -
.
.
.
*FOREVER*
နေ့ခင်းက Update ဆိုပြီးပေါ်လာတာက မှားနှိပ်တာပါ။ အဲ့ဒါပြီးတော့ Update မယ်လုပ်တော့ ကောင်းလှစွာသော Wi-Fi က လိုင်းပျက်သွားပါတယ်။ အခုမှလိုင်းရလို့ ချက်ချင်းUpပေးလိုက်ပါတယ်။
ကြုံတုန်းပြောလိုက်တာပါ။ နောက်တစ်ပိုင်းက End(ဇာတ်သိမ်း) ပါပြီ။
ချစ်တယ်....Luv U♥
#jerry