坠欢重拾(Myanmar Translation)

By 5ZS-9499-4399

2.8K 103 3

Title-坠欢重拾 Author-不真不嗑的ViVi Chapters-19 More

Chapter-1(Zawgyi)
Chapter-2(Unicode)
Chapter-2(Zawgyi)
Chapter-3(Unicode)
Chapter_3(Zawgyi)
Chapter-4(Unicode)
Chapter-4(Zawgyi)
Chapter-5(Unicode)
Chapter-5(Zawgyi)
Chapter-6(Unicode)
Chapter-6(Zawgyi)
Chapter-7(Unicode)
Chapter-7(Zawgyi)
Chapter-8(Unicode)
Chapter-8(Zawgyi)
Chapter-9(Unicode)
Chapter-9(Zawgyi)
Chapter-10(Unicode)
Chapter-10(Zawgyi)
Chapter-11(Unicode)
Chapter-11(Zawgyi)
Chapter-12(Unicode)
Chapter-12(Zawgyi)
Chapter-14(Unicode)
Chapter-14(Zawgyi)
Chapter-15(Unicode)
Chapter-15(Zawgyi)
Chapter-16(Unicode)
Chapter-16(Zawgyi)
Chapter-17(Unicode)
Chapter-17(Zawgyi)
Chapter-18(Unicode)
Chapter-18(Zawgyi)
Chapter-19(Unicode)
Chapter-19(Zawgyi)
Chapter-20(Unicode)
Chapter-20(Zawgyi)
Note

Chapter-1(Unicode)

670 7 0
By 5ZS-9499-4399

အပိုင်းတွေအောက်ဆုံးမှာNoteရှိပါတယ်။
အရင်ဖတ်ပေးကြပါ။

မှန်ကွဲစများနှင့်အတူ ပြန်လည်ရောက်ရှိလာခြင်း

ဆောင်းရာသီ၏ညနက်ပိုင်းတွင်ဖြစ်၏။
Beijingရဲ့နှစ်တိုင်းနှစ်တိုင်းထိုအချိန်အလွန်အမင်းအေးစက်လွန်းလှသည်။

Liu Yaowenက ကားရပ်လိုက်ပြီးတော့
အချိန်အတော်ကြာအောင်ကားထဲမှာထိုင်နေသည်။ကားထဲမှအနွေးဓာတ်ပျောက်ကွယ်သွားခါမှသာ ကားထဲကနေထွက်ပြီးအိမ်ထဲကိုဝင်လာ၏။

Chongqingနဲ့မတူညီစွာဘဲ Beijingရဲ့အိမ်က တော်တော်လေးနွေးထွေးသည်။ဒါပေမယ့် Liu Yaowenရဲ့Coatအက်ျီကအချိန်အတော်ကြာတဲ့အထိ အချွတ်မခံရ​သေးဘူး။ဘာလို့လည်းဆိုတော့ Liu Yaowenက မြောက်ဘက်ရဲ့အအေးဒဏ်ကြောင့် ခဲတော့မလိုခံစားနေရလို့ပါ။

Liu Yaowenက အအေးကိုကြောက်ပေမယ့်
တစ်စုံတစ်ယောက်ကတော့ အအေးကိုလုံးဝမကြောက်ခဲ့ပါဘူး။

ခဏအကြာမှာဘဲ ဖုန်းသံမြည်လာသည်။
Liu Yaowenက ခေါ်ဆိုသူရဲ့IDကိုကြည့်လိုက်ပြီးနောက်မှာခဏတွေဝေနေပြီးမှ ဖုန်းကိုင်လိုက်သည်။

"Wen Ge"

ထိုလူက သူရဲ့လက်ထောက်Xiao Fengဖြစ်သည်။

"Director Zhangက Xin Geကိုအခုဘဲဖုန်းခေါ်တာမနက်ဖြန်မှာ ရုပ်ရှင်ကထုတ်လွှင့်မှာတဲ့
ကျွန်တော်တို့အဲ့နေရာကိုသွားဖို့လိုအပ်တယ်တဲ့"

Liu Yaowenရဲ့အသံကမသဲမကွဲဖြစ်နေသည်။

"ဘယ်အချိန်လဲ"

"ရုပ်ရှင်က 6:18မှာစမှာ
ပြင်ဆင်ဖို့အတွက် 3:00လောက်လာခေါ်မယ်လေ"

"ဟုတ်ပြီ နောက်ထပ်ကိစ္စရှိသေးလား"

Liu Yaowenက ထိုစကားပြောပြီးတော့
ဖုန်းချဖို့ပြင်လိုက်ပေမယ့် တစ်ဖက်မှXiao Fengက
တစ်ခဏတာ မသဲမကွဲပြောလာ၏။

Liu Yaowenက နည်းနည်းလေးစိတ်မရှည်ဖြစ်လာသည်။

"မင်းမှာပြောစရာတစ်ခုခုရှိရင်လည်း
ဒီအတိုင်းပြောလိုက်တော့"

"Xin Geပြောတာက Companyက အခုလောလောဆယ်အစီစဥ်တစ်ခုရှိနေတယ်တဲ့ ပြန်လည်စုံစည်းဖို့နဲ့အဖွဲ့အဖြစ်ပြန်လာဖို့...
Xin Geက ကျွန်တော်ကိုမေးခိုင်းလိုက်တာ
Wen Ge အဲ့ဒါကိုလုပ်ချင်လား မလုပ်ချင်ဘူးလားတဲ့"

Xiao Fengက Liu Yaowenကို ထိုစကားကြားကြားချင်းဖုန်းချပစ်လိုက်မှာစိုးတာကြောင့်မို့လို့
လျှင်လျှင်မြန်မြန်ဘဲစကားကိုလက်စသတ်လိုက်၏။10စက္ကန့်လောက်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်မှာXiao Fengကတစ်ဖက်ကလူကိုမေးမြန်ဖို့ပြင်လိုက်သည်။ဒါပေမယ့် တစ်ဖက်မှလူက
တစ်ခုခုကိုရေရွတ်လာ၏။

"ဘာလဲ? သူ့ရဲ့ Third Generation Groupက
လုံလုံလောက်လောက်မအောင်မြင်သေးလို့လား"

ထိုစကားက နားထောင်ဖို့ပြောဆိုဖို့သင့်လျှော်တဲ့စကားမျိူးတော့မဟုတ်လေဘူး။ဒါပေမယ့် Xiao Fengကတော့တိတ်တဆိတ်ဘဲနေလိုက်သည်။

"Wen Ge မင်းစိတ်ထဲမှာအဆင်မပြေဖြစ်နေမယ်ဆိုတာကျွန်တော်သိပါတယ် Wen Geအလိုရှိတယ်ဆိုရင်Groupပြန်ဖွဲ့တဲ့နေရာကိုသွားကြမယ်
တစ်ကယ်လို့မင်းမသွားချင်ဘူးဆိုရင် ကျွန်တော်တို့မသွားတော့ဘူး"

Liu Yaowenက ဘာမှပြန်မပြောတော့ဘဲနဲ့ဖုန်းချလိုက်ကာဘေးဘက်ကိုပစ်ချလိုက်ကာ နက်နက်နဲနဲအသက်ရှုလိုက်ပြီးတဲ့နောက်မှာတော့ သက်ပြင်းချလိုက်သည်။

Liu Yaowenရဲ့စိတ်အဆင်မပြေမှုကို
Xiao Fengတင်မကCompanyရဲ့အကြီးဆုံးသူဌေးမှအစ Cameramanတွေကတောင်သိရှိကြသည်။

ထိုအချိန်မှ ကြီးကြီးမားမားဖြစ်ရပ်ကြောင့်
လူတိုင်းကအထိတ်တလန့်ဖြစ်ခဲ့ကြ၏။

16ရက်ကြာ Hot Searchကနေမဆင်းတဲ့ဓာတ်ပုံကိုမည်သူကရိုက်သွားသလဲဆိုတာကိုမသိရှိခဲ့ဘူး။

Staff? ဒါမှမဟုတ်တရားမဝင်ခိုးဝင်လာတဲ့လူတွေ?

ကိစ္စမရှိပါဘူး။
ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးလေ။

September 23, 2023
Liu Yaowenက 18နှစ်ပြည့်ပြီ။

Auditionကအဖွဲ့တစ်ခုအနေနဲ့ တစ်ဖြည်းဖြည်း
တောင်ဆင်းလမ်းကိုရောက်လာပြီ။ဒုတိယအဖွဲ့ဝင်တွေကတော်တော်လေးကျော်ကြားလာတာမို့လို့
Fashionနဲ့အဘက်ဘက်ကနေ​ထောက်ပံ့ပေးခံခဲ့ရ၏။Companyကလည်း အဲ့ဒီကျေးဇူးနဲ့ပိုက်ဆံတွေအများကြီးရလိုက်တယ်။

တစ်ချိန်တည်းမှာဘဲ လွန်ခဲ့တဲ့နှစ်နှစ်ကရိုက်ထားတဲ့
Anti-school Violence micro movieကထုတ်လွှင့်ပြီ။

လွန်ခဲ့တဲ့နှစ်နှစ်က ထိုSpecial Videoက
အသက်မပြည့်သေးသည့်သူကြောင့်
အချိန်အတော်အကြာအထိ မလွှင့်ရသေးဘဲရှိနေသည်။

"Ding Ge ကျွန်တော်တို့ခဏလောက်နားပြီးတော့မှဘဲဆက်ပြီးလေ့ကျင့်လို့မရဘူးလား"

He Junlinက အရမ်းပင်ပန်းပြီး အရမ်းပင်ပန်းနေသည်။သူကိုကြည့်ရသည်မှာမောပန်းလွန်းလို့ ခေါင်းထဲမှာဘာမှတွေးနိုင်တော့ပုံမပေါ်ဘူး။လေ့ကျင့်ရေးအခန်းရဲ့ကြမ်းပြင်ပေါ်မှာလူးလိမ့်နေရင်းနဲ့ ပင့်သက်ရှိုက်နေ၏။

Liu Yaowenက ရေဘူးတစ်ဘူးကိုဖွင့်လိုက်ပြီးတော့သူဘေးမှာထိုင်နေတဲ့Song Yaxuanကိုပေးလိုက်တယ်။Song Yaxuanကလည်းချွေးတွေကိုသုတ်ရင်းနဲ့ရေဘူးရဲ့ဘူးတစ်ဝက်ကိုတောင် သောက်ပစ်လိုက်တယ်။Liu Yaowenက ရေဘူးရဲ့ကျန်ရေတစ်ဝက်ကိုသောက်လိုက်သည်။

"ပင်ပန်းနေပြီလား"

Liu Yaowenက Song Yaxuanရဲ့စိုစွတ်နေတဲ့ဆံပင်တွေကိုသပ်ပေးနေရင်းနဲ့ စိတ်ရှည်စွာမေးလိုက်၏။

"မင်းမျက်လုံးတွေပေါ်ကိုဆံပင်မကျအောင်စည်းချင်လား"

Song Yaxuanက Liu Yaowenကိုပြုံးပြပြီးတော့နုညံစွာဖြေလိုက်သည်။

"ငါ ခေါင်းစည်းကွင်းယူဖို့မေ့သွားတာ"

Liu Yaowenက သူအိတ်ထဲကနေ ငါး​အရုပ်​သေးသေးလေးနဲ့အလှဆင်ထားတဲ့ခေါင်းစီးကွင်းလေးကိုထုတ်ယူလိုက်သည်။ခေါင်းစည်းကွင်းပေါ်မှာဘာပါလဲဆိုတာကို Song Yaxuanမမြင်ခင်မှာဘဲ
Song Yaxuanဆံပင်ကိုပန်းသီးခေါင်းလေးဖြစ်အောင်စည်းပေးလိုက်သည်။

Song Yaxuanက ခေါင်းစီးကွင်းကိုစမ်းရင်း
ပြုံးရယ်ကာမေးလိုက်တယ်။

"ဘာလဲ ငါကြည့်ကြည့်အုံးမယ်"

Song Yaxuanက Liu Yaowenကိုတွန်းဖယ်ပြီးတော့နံရံကပ်မှန်ပြင်ကြီးဘက်ကိုကြည့်ဖို့သွား၏။

Liu YaowenကSong Yaxuanကိုမတားနိုင်တော့မှန်းသိတာမို့Song Yaxuanရဲ့မျက်လုံးကို
ရိုးရှင်းစွာလက်တစ်ဖက်နဲ့ပိတ်လိုက်သည်။

"ငါကိုစိတ်မဆိုးဘူးလို့ကတိပေး
ကတိပေးပြီးရင် ငါမင်းကိုကြည့်ခိုင်းမယ်"

"ငါကိုအရင်ကြည့်ခွင့်ပေး ပြီးမှမင်းကိုကတိပေးမယ်"

"No No No"

"ငါလည်းမရဘူး"

Liu Yaowenက လက်တစ်ဖက်ကို Song Yaxuanကိုဖက်ဖို့အသုံးပြုလိုက်ပြီး နောက်တစ်ဖက်ကိုတော့ Song Yaxuanရဲ့မျက်လုံးကိုကာထားဆဲ။ထို့အ​ပြင်Song Yaxuanရဲ့ခန္ဓာကိုယ်ကိုအနောက်ဘက်ကနေဖက်ထား၏။

​ကြာကြာရှည်ရှည်Skinshipအပြီးမှာ
သူတို့နှစ်ယောက်က Ding Chengxinဆီကနေအခွဲခံလိုက်ရတယ်။

လူချင်းခွဲခံလိုက်ရတဲ့အခါမှာ Song Yaxuanက
သူရဲ့အရှေ့ကမှန်ထဲကိုကြည့်လိုက်တော့
ခေါင်းပေါ်မှငါးသေးသေးလေးကိုတွေ့လိုက်ရတယ်။Song Yaxuanက ခဏတော့ကြောင်သွားပေမယ့် Liu Yaowenကိုလှည့်ကြည့်ပြီး ထအော်တော့တယ်။

"Liu Yaowen!"

"ဟုတ်ပြီ တော်တော့"

Ding Chengxinက မဆိုင်းမတွ မတွန့်မဆုတ်ဘဲ
တားလိုက်တယ်။

"လေ့ကျင့်တာပြီးတာနဲ့ အိမ်ကိုစောစောပြန်ရမှာ"

Zhang Zhenyuanက ထိုစကားကိုကြားတော့
သူတို့ဘက်ကိုလှမ်းမေးလိုက်တယ်။

"ကိစ္စတစ်ခုခုရှိလို့လား"

"ဒီနေ့ Liu Yaowen'erနဲ့Song Yaxuan'erတို့ဇာတ်ကားကိုထုတ်လွှင့်မှာလေ"

"အာ..."

He Junlinက အာမေဋိတ်အသံတစ်ခုပြုလုပ်လိုက်သည်။နံရံမှာမှီထိုင်ရင်းအခန်းရဲ့တစ်ဖက်မှာအချင်းချင်းလက်သီးထိုးကြေးစော့နေကြတဲ့ နှစ်ယောက်ကိုကြည့်လိုက်တယ်။ထိုသူနှစ်ယောက်ကလည်း သူတို့နဲ့အတူတူဘဲအံသြသွားကြသည်။

He Junlinက ကြမ်းပြင်ပေါ်ကနေ
သူရဲ့တံတောင်ဆစ်အားကိုအသုံးပြုပြီး
ကုန်းရုန်းထလိုက်ပြီးတော့ Ding Chengxinကိုပြောလိုက်တယ်။

"ကျွန်တော် ဆက်ပြီးလေ့ကျင့်လို့ရပြီထင်တယ်
ဆက်လေ့ကျင့်ကြစို့လေ Ding Ge"

တစ်ကယ်တမ်းကျတော့ SVကိုရိုက်စဥ်ကတည်းက
ကလေးနှစ်ယောက်စလုံးက ရိုက်ကွင်းကိုဘယ်သူကို့မှမလာခိုင်းခဲ့ဘူး။ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က သူတို့အဖွဲ့လိုက်ရောက်ချလာကြရင်
သူတို့နဲ့အတူတူကစားမိမှာ ထို့အပြင် သူတို့အရှေ့၌သရုပ်ဆောင်မကောင်းမှာစိုးလို့ဖြစ်သည်။

ဒါကြောင့်သူတို့က Fansတွေအနေနဲ့
ထိုSVကို Bowl Love Dramaလို့အမည်ပေးထားတာသည်။

He Junlinကတော့နာမည်နဲ့ပတ်သတ်ပြီး
စိတ်မဝင်စားပါဘူး။သူစိတ်ဝင်စားတာကတော့ အဲ့ဒီအတွဲLiu Yaowenနဲ့ Song Yaxuanက Cameraတွေရှေ့မှာ သဲကဲမနေကြရလို့ဖြစ်ပျက်နေမယ့်ပုံကိုဘဲ။

သိသာစွာနဲ့ပင် ထိုခက်ခက်ခဲခဲရိုက်ကူးထားတာကို
ကြည့်ချင်တာသူတစ်​​ယောက်တည်းမဟုတ်ပေ။

ဇာတ်လမ်းက ရှပ်အဖြူရောင်လေးနဲ့ဆယ်ကျော်သက်လေးက Guangdongကနေပြီးတော့ တောင်တန်းတွေရှိတဲ့Chongqingကိုပြောင်းလာတာကနေစတင်တယ်။

ဇာတ်လမ်းကအရှည်ကြီးမဟုတ်ဘူး။
မိနှစ်သုံးဆယ်လောက်ဘဲရှိတယ်။

Guangdongကနေပြောင်းလာတဲ့ကျောင်းပြောင်း
​ကျောင်းသားလေးက ရှည်လျားထွေပြားတဲ့ကျောင်းတွင်းအနိုင်ကျင့်မှုအောက်ကို ရောက်ရှိသွားတယ်။
ဒါပေမယ့် ဆယ်ကျော်သက်လေးကအကူအညီကို
ရရှိခဲ့တယ်။

"ကြည့် ဒီကနေဆိုရင်မင်းChongqingတစ်မြို့လုံးကိုမြင်ရတယ်"

ညအခါမှာElingပန်းခြံကနေဆိုရင်
မီးပန်းတွေနဲ့ပြည့်နေတဲ့Chongqingမြို့ရဲ့ညမြင်ကွင်းက်ိုအပြည့်အဝမြင်နိုင်သည်။

"ငါက ငယ်ငယ်လေးကတည်းကဒီမှာကစားတာ
ဘယ်သစ်ပင်က အမြင့်ဆုံးလဲ ဘယ်လမ်းကအရှည်ဆုံးလဲ ပြီးတော့ဘယ်ဆိုင်ကHot potကစားအကောင်းဆုံးလည်းဆိုတာ သင်္ချာသီအိုရီတွေထက်ပိုလို့တောင် မှတ်မိသေးတယ်"

လူငယ်လေး၏အဖြူရောင်ရှပ်အက်ျီအစက ​
လေထဲမှာတစ်လွင့်လွင့်။Chongqingမြို့ရဲ့လမ်းမတွေထက်မှမီးရောင်က လူငယ်လေးရဲ့မျက်လုံးထဲမှာအရောင်ဟပ်နေတယ်။လှပတဲ့ကောင်လေးက ကျောက်တုံးပေါ်မှာ ရပ်နေတဲ့ကောင်လေးကိုမော့ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။

"ဒီနေရာက တစ်ကယ်လှတာဘဲ"

ဆယ်ကျော်သက်လေးက ပြုံးလိုက်ပြီးတော့
မြေပြင်ပေါ်ကကောင်လေးကိုငုံကြည့်ပြီးအသံတိုးတိုးလေးနဲ့ ပြောလာသည်။

"မင်းဒီမှာကြာကြာနေပြီးလို့
ဒီနေရာကလှတယ်လိုထင်ရင်..."

"Guangdongကိုပြန်မသွားနဲ့တော့"

ကောင်လေးက သူရဲ့လက်မောင်းတွေကို
အခြားကောင်လေးရဲ့ပုခုံးပေါ်ကိုတင်လိုက်တယ်။

"ချုံချင်းမှာဘဲ ငါနဲ့နေ"

ဇာတ်လမ်းရဲ့အဆုံးက သိပ်ပြီးပြီးပြည့်စုံတဲ့
အဆုံးသတ်မျိူးမဟုတ်လေဘူး။

ဇာတ်လမ်းရဲ့အဆုံးသတ်မှာ လူငယ်လေး
နှစ်ယောက်က မှောင်မဲပြီးမီးခိုးထုတွေဖုံးလွှမ်းနေတဲ့
နှင်းထုကြီးနဲ့ပြည့်နှက်နေသည့် Chongqingရဲ့အရှည်ဆုံးလမ်းမကြီးပေါ်မှာ ဘေးချင်းကပ်ရပ်တစ်ယောက်ကိုတစ်ယောက်အဖော်ပြုပြီး လမ်းလျှောက်နေကြတယ်။

ကြည့်ကြည့်ပြီးချင်းမှာဘဲ He Junlinက
မူးဝေသွားသလိုခံစားလိုက်ရပြီး သူဘေးမှာထိုင်နေတဲ့ Zhang Zhenyuanကိုတိုးတိုးလေးကပ်မေးလိုက်သည်။

"ပြီးသွားပြီ? သူတို့နှစ်ယောက်ကနောက်ဆုံးမှာ
အတူတူရှိသွားကြလား"

Ma Jiaqiက He Junlinကို သူရဲ့တံတောင်ဆစ်နဲ့
တွန်းလိုက်တယ်။ထို့နောက် သူရဲ့ညီလေးတွေ
သရုပ်ဆောင်​ကောင်းမှုကို ချီးကျူးလိုက်၏။

ဝိုင်းချီးကျူးခံရတာကို ရှက်တာကြောင့်
Song Yaxuanကရယ်လိုက်တယ်။Liu Yaowenကဘယ်လို့တုန့်ပြန်မှ အဆင်ပြေမယ်မှန်းမသိဘူး။

"အရမ်းချီးမွန်းနေတာပါ အရမ်းချီးကျူးနေတာပါ"

သရုပ်ဆောင်များနှင့်အတူ ပါ၀င်သည့်အကြောင်းအရာ​ကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်။SVပြီးတဲ့နောက်မှာချီးကျူးမှုများစွာရရှိခဲ့ပြီးတော့ ရုပ်ရှင်နှင့်TVဇာတ်ညွှန်းများစွာက အိမ်ရှေ့တံခါးဆီကိုရောက်ရှိလာကြ၏။သူတို့ကLiu Yawenနှင့်
Song Yaxuanတို့ကို အတူတူသရုပ်ဆောင်ရန်ဖိတ်ခေါ်ခဲ့သည်မှာ အံ့သြစရာတစ်ခုမဟုတ်ပါဘူး။

အကုန်လုံးက ပုံမှန်ဘဲဖြစ်ပျက်နေခဲ့တယ်။
အလုပ်ဘဲဖြစ်ဖြစ် အချစ်ရေးမှာဘဲဖြစ်ဖြစ်
စည်းစနစ်ကျကျလည်ပတ်နေခဲ့သည်။

ဒါပေမယ့်ဘယ်နေရာကနေပျံ့နှံလာမှန်းမသိတဲ
ဓာတ်ပုံတစ်ပုံကြောင့်မို့လို့ တည်ရှိနေတဲ့ငြိမ်းချမ်းမှုလေးက ပျက်စီးသွားခဲ့တယ်။

ဓာတ်ပုံကတော့ ပေါ်ထွက်လာတာနဲ့
သူတို့ရဲ့အနာဂတ်အစီအစဉ်တွေအကုန်လုံးကို
ဖျက်စီးပစ်လိုက်တယ်။အဲ့ဒီဓာတ်ပုံက နာမည်ကြီး
Boy Groupရဲ့အဖွဲ့ဝင်နှစ်ယောက်ကြားမှာ
​ပေါ်ထွက်မလာသင့်တဲ့ပုံဘဲဖြစ်တယ်။

ဓာတ်ပုံကတော့ နမ်းနေသည့်ဓာတ်ပုံပင်။

ဓာတ်ပုံရဲ့နောက်ခံကတော့ ချုံချင်းရဲ့သန်းပေါင်းရာချီ​နေတဲ့လှေကားတွေ၊အစိမ်းရောင်သစ်ပင်ကြီးရဲ့
အရိပ်အောက်၊ဒါ့အပြင် လမ်းရဲ့မီးရောင်မှိန်မှိန်လေးကသန့်ရှင်းစင်ကျယ်နေတဲ့အဖြူရောင်ရှပ်ဝတ်ထားတဲ့ဆယ်ကျော်သက်လေးနှစ်ယောက်အပေါ်မှာကျရောက်နေတယ်။သူတို့နှစ်ယောက်က ထောင့်အကွယ်မှာလှို့လှို့ဝှက်ဝှက်နဲ့ ပူးကပ်ပြီးရပ်နေကြတယ်။

SVကိုကြည့်ဖူးတဲ့တစ်ယောက်ယောက်က
ဓာတ်ပုံထဲကsceneကိုမြင်ရင် ချက်ချင်းဘဲသိနိုင်တယ်။အဲ့ဒီSceneက ညဘက်မှာရိုက်ကူးခဲ့တာ။
ထိုSceneကို fanတွေကOnlineကနေ ဖြန့်ခဲ့ကြတာ။

ထိုနေ့ညက အလုပ်ပြီးသွားတဲ့ဆယ်ကျော်သက်နှစ်ယောက်က staffတွေနဲ့အတူတူရှိနေတာ
မဟုတ်ဘူး။သူတို့က Companyကိုပြန်သွားဖို့
ပြင်နေကြတာဖြစ်တယ်။

တစ်ညကုန်ဆုံးသွားတဲ့အခါမှာတော့
ကမ္ဘာကြီးက ကပြောင်းကပြန်။

----------------

Continue Reading

You'll Also Like

8.6K 737 6
Original Author - 东风几许 Eng Translator - KK Translates CHAPTER : 2 Episodes (Complete) STARTING DATE : 16.3.2020 ENDING DATE : 19.3.2...
1.3M 53.6K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
9.9K 897 17
Y/n, Namjoon, Yoongi, Jin, Jhope, Jimin, Jungkook and Taehyung, after downing one too many shots, overhear the news of the bizarre death/suicide of a...