မို့ဟွာဝမ်သည် သူ့သမီးက ပန်းကန်ပြား ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးများဖွင့်ကာ အံ့အားသင့်သွားသည်။ သူ့အကြည့်တွေက သူမကိုင်ထားတဲ့ ပန်းကန်ပြားဆီကို ရွေ့သွားသည် ။
ဂျုံယာဂု ပန်းကန်လုံးတစ်လုံး၊ သခွားချဉ်ဟင်းတစ်ပန်းကန်နှင့် ရှာလကာရည် ကြက်သားပန်းကန်ပြား......
သူတို့အားလုံးက သူကြိုက်တဲ့ ဟင်းပွဲတွေပင် ။
ထို့နောက် သူက မို့ရွှီတုန်း၏မျက်နှာကို ဝမ်းနည်းမှုအရိပ်အမြွက်ပြကာ လှည့်ကြည့်လိုက်သည်။
တုန်းအာသည် လုရှနှင့် အလွန်ဆင်တူသည်၊ အထူးသဖြင့် သူမသည် ပန်းကန်ပြားကို ကိုင်လိုက်သောအခါ၊ အခု သူပြန်တွေးကြည့်တော့ သူ့မိန်းမကို သူ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်။
နူးညံ့သိမ်မွေ့သောထိုမိန်းမသည် သူ့အနားတွင်ရှိနေပါက၊ သူအတွက် ထိုကဲ့သို့ မနက်စာပြင်ဆင်ပေးမှာ သေချာပါသည်။
"တုန်းအာ ၊ သမီးဘာလို့လာတာလဲ။ အဖေ နေကောင်းပါတယ်၊ စားချင်စိတ်မရှိရုံပါပဲ "
မို့ဟွာဝမ်က ပြုံးပြီး သူ့အတွေးတွေကို ဖုံးကွယ်ကာ မေးလိုက်သည်။
"ဖေဖေ၊ မစားရသေးဘူးဆိုတာ ကြားမီတော့ သမီးက ကိုယ်တိုင် ဟင်းချက်ပြီးလုပ်ထားတာ ၊ အဖေမြည်းကြည့်ပါဦး"
မို့ရွှီတုန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ထံသို့ ချဉ်းကပ်လာသည်။ စာရွက်တွေကို သူ့ရှေ့ကနေ ဖယ်လိုက်ပြီး ပန်းကန်တွေကို စားပွဲပေါ်တင်လိုက်တယ်။ ထို့နောက် သူမသည် မို့ဟွာဝမ်၏ လက်ချောင်းများဆီသို့ တူကမ်းပေးလေသည် ။
"တုန်းအာက ဒီဟင်းပွဲတွေအားလုံးကို ကိုယ်တိုင်လုပ်ခဲ့တာလား။"
မို့ဟွာဝမ်က မို့ရွှီတုန်းကမ်းပေးသော တူချောင်းများကို လက်ခံလိုက်ရင်း လှမ်းပြောသည်။ သူ့ တုန်းအာက ဘယ်တုန်းက ကြီးပြင်းလာပြီး ဒီလောက် ဉာဏ်ကောင်းလာရတာလဲ။
"ဟုတ်တယ် ၊ ဖေဖေ မြန်မြန် မြည်းစမ်းကြည့်ပါဦး ။ အေးသွားရင် မကောင်းဘူး။"
မို့ရွှီတုန်းက ပြုံးပြီး ပြန်ဖြေတယ်။ သူမသည် မို့ဟွာဝမ်ကိုဖြတ်ကာ ကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။ သူမ မေးစေ့ကို လက်ဖဝါးပေါ်တင်ပြီး
"တုန်းအာက ဒီမှာထိုင်ပြီး အဖေစားတာကို စောင့်ကြည့်မယ်။ မဟုတ်ရင် အဖေရဲ့အစေခံက နောက်မှ တုန်းအာကို တိုင်ကြားလိမ့်မယ်"
"ဘာအကြောင်း တိုင်ကြားမှာလဲ။"
သူ့သမီးလေး ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ မြင်လိုက်ရတော့ မို့ဟွာဝမ်ရဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ပါးလာတယ်။ သူက ပြုံးပြီး ယာဂုသောက်လိုက်တယ်။
" ဘယ်သူမှ မစားရသေးတဲ့ မနက်စာ အစုံရှိသေးတယ် ဆိုတာကို တိုင်ကြားလိမ့်မယ် ။ ပြီးရင် ဒီမနက်စာကို ရှင်းပစ်ရလိမ့်မယ် ။ ဘယ်လောက်ဒုက္ခများလိုက်လဲ။ နောက်တော့ တတိယသခင်မလေး ဟင်းလျာတွေက အရသာအရမ်းဆိုးလို့ သခင်ကြီးက မစားရဘူးလို့ လူတိုင်းက ပြောကြလိမ့်မယ်။"
မို့ရွှီတုန်းက နှုတ်ခမ်းစူပြီး မို့ဟွာဝမ်ကို မော့ကြည့်လိုက်သည်။ ဤအရာက မိုဟွာဝမ်ကို အလွန်ထိတ်လန့်စေခဲ့သည်။ ခေတ္တရပ်ပြီးနောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဂျုံယာဂုကို အနည်းငယ်ယူကာ သခွားသီးနှင့် ကြက်သားအချပ်အနည်းငယ်ကို စားလိုက်သည်။
"တုန်းအာ ဒီဂျုံယာဂုက ဘယ်လိုလုပ် အရသာဆိုးတာ ဖြစ်နိုင်မလဲ။ ဒါ အဖေမြည်းဖူးသမျှ ဂျုံယာဂုနဲ့ ဟင်းလျာတွေထဲမှာ အကောင်းဆုံးပဲ"
"တကယ်လား?"
မို့ရွှီတုန်းက သူ့ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။ သူမက ချစ်စဖွယ်ကောင်းပြီး သူမကိုကြည့်ရင်း မို့ဟွာဝမ် ၏ စိတ်နေစိတ်ထားက ပိုကောင်းလာသည်။
"ဟုတ်ပါတယ်။ တုန်းအာ လုပ်တဲ့ ဟင်းတွေက ငါ့အတွက် အကောင်းဆုံး အရသာပဲ"
မို့ဟွာဝမ်သည် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေခဲ့သည်။ သူဘယ်လောက်ကြိုက်လဲဆိုတာကို ပြဖို့ ဂျုံယာဂုကြီးကို ယူပြီး အလုတ်ကြီးကြီးစားလိုက်တယ် ။ ကြွပ်ရွပြီး မွှေးကြိုင်သော သခွားသီးများကို ကြည့်ကာ မျက်လုံးများ မှိန်သွားသည် ။ သူရုတ်တရက်ရပ်လိုက်ပြီး မေးလေသည် ။
"တုန်းအာ ဒီလိုဟင်းလျာတွေကို ဘယ်တုန်းက သင်ယူခဲ့တာလဲ?"
သူသည် တိမ်တိုက်မြို့မှ ထွက်ခွာသွားသောအချိန်တွင် မို့ရွှီတုန်းသည် မည်သို့မျှ မည်ကဲ့သို့ လုပ်ရမည်ကို မသိသော မြင့်မြတ်သော မိန်းမပျိုတစ်ဦး ဖြစ်နေဆဲပင်။
"သမီး အမေကြိုက်တဲ့ ဒီဟင်းနှစ်မျိုးကို ချက်စားကြည့်ဖူးတယ်။ အဲဒီ့နောက်ပိုင်း အမေ နေမကောင်းဖြစ်ပြီး ချက်ဖို့ အားနည်းလွန်းခဲ့တယ်လေ ။ ပြီးတော့ တိမ်တိုက်မြို့ မှာ တစ်ယောက်တည်း နေရတဲ့အချိန် အမေ့ကို လွမ်းဆွတ်ပြီး ညညဆို အိမ်မပျော်တော့ဘူး ။ ဒါကြောင့် ညဘက်ဆို ကိုယ့်ဘာသာလုပ်စားဖြစ်တယ် ။ ဒါတွေလုပ်နေရင် အဖေရော အမေရော နှစ်ယောက်စလုံး သမီး ဘေးနားမှာရှိနေသလို ခံစားရတယ်"
မို့ရွှီတုန်းက ခေါင်းငုံ့လိုက်ပြီး အသံအနည်းငယ် အက်ကွဲသွားသည်။ သူမ တစ်ခုခု ခံစားရကောင်း ဖြစ်နိုင်သည်။ သူမ ရှူရှိုက်ပြီးနောက် ထက်မြက်သော အပြုံးဖြင့် မော့ကြည့်လိုက်သည်။
"အခုလိုပါပဲ၊ အဖေက သမီးလုပ်ထားတဲ့ ယာဂုစားတာမြင်ရတာ အရမ်းပျော်တယ်။"
သူမ ပျော်ရွှင်ကြောင်းပြောသော်လည်း စိုစွတ်နေသော မျက်လုံးထောင့်များက တောင့်တသည့်အကြည့်သည် မည်မျှ နာကျင်ခံစားရသည်ကို ပြသနေပါသည်။
မိုဟွာဝမ်၏နှလုံးသည် တုန်ခါသွားကာ သူ့နှလုံးခုန်သွားသလို ခံစားလိုက်ရသည်။ သူ့လက်ထဲတွင် ပန်းကန်လုံး ကိုင်ထားရင်း အစိမ်းရောင် သွေးကြောများ ပေါက်ထွက်နေသည်။
ဉာဏ်ကောင်းပြီး နာခံတတ်တဲ့ သမီးလေး.........
တစ်စုံတစ်ယောက်၏အသက်ကို သတ်ရန် သူမသည် အဘယ်မျှလောက် ရက်စက်နိုင်မည်နည်း။ သူ့အမေရဲ့ အိမ်အကူကို အသေသတ်ခိုင်းသလိုမျိုး လုပ်ဖို့က မဖြစ်နိုင်ပေ။ တုန်းအာဟာ တရားခံလို့ လွဲမှားစွာ ထင်မြင်မိဖို့အတွက် တစ်စုံတစ်ယောက်က သူ့ကို လမ်းမှားစေအောင် လမ်းပြခဲ့တာဖြစ်မယ်။
"တုန်းအာ ၊ အဖေ သမီးကို ထပ်ပြီး မစွန့်လွှတ်တော့ဘူး။"
မို့ဟွာဝမ်သည် သူ့ပန်းကန်လုံးကို ချလိုက်ပြီး သူမကို နူးညံ့သောလေသံဖြင့် နှစ်သိမ့်ပေးရင်း သံသယစိတ်များကို ဖုံးကွယ်ထားသည်။
"အဖေ တုန်းအာကို ချစ်တယ်ဆိုတာ တုန်းအာသိပါတယ်"
မို့ရွှီတုန်းသည် သူမ၏ မျက်လုံးများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီး အပြစ်ကင်းသော အပြုံးဖြင့် မော့ကြည့်လိုက်သည်။ သူမသည် နှုတ်ခမ်းစူကာ မို့ဟွာဝမ်ထံသို့ သူ့ဝတ်လုံကို ဆွဲထုတ်ကာ ပြောသည် ။
"အဖေ၊ အဲဒီနေ့က အဘိုးအဘွားတွေဆီ လိုက်ပို့ပေးမယ်လို့ ကတိပေးခဲ့တယ်။ အဖေ့ စကားကို ပြန်မရုတ်သိမ်းနဲ့"
"ကောင်းပြီ၊ နောက်တစ်ခါ မင်းအဘိုးအဘွားတွေဆီ လိုက်ပို့ပေးမယ်"
မိုဟွာဝမ်၏ နှလုံးသားသည် ပျော့ပျောင်းလာပြီး သူမခေါင်းကို ပုတ်လိုက်သည်။ လောလောဆယ်တော့ သူမသာ ကောင်းကင်မှာ လကိုလိုချင်တယ်လို့ပြောရင် သူသွားပြီးတော့ ရွေးပေးလိမ့်မယ်။
နှစ်ယောက်သား စကားစမြည်ပြောကြပြီး မို့ဟွာဝမ်သည် ယာဂု ပန်းကန်လုံးတစ်ဝက်ကို သောက်လိုက်သည်။ ထိုအချိန်တွင် အစေခံတစ်ယောက်ဝင်လာခဲ့သည် ။
"သခင်ကြီး၊ အစေခံတစ်ယောက်က စောစောက အိမ်နောက်ဖေးတံခါးကနေ ပြေးထွက်သွားတယ်"
"ဒါဘယ်တုန်းကဖြစ်တာလဲ?"
မို့ဟွာဝမ်က အံ့အားသင့်သွားပြီး အားတင်းကာ မတ်တပ်ရပ်လိုက်သည်။ သူ့အမူအရာက ရုတ်တရက် ကြောက်စရာကောင်းလာသည်။
"ဒီနေ့မနက်မှာ အသေးအမွှားကိစ္စနဲ့ ပတ်သက်ပြီး အစေခံနှစ်ယောက် ငြင်းခုံနေကြတဲ့အချိန် တစ်ယောက်ယောက်က အိမ်ကထွက်သွားတာကို မသိလိုက်ဘူး။ သူက လျှို့ဝှက်စွာ ပြေးထွက်သွားတာကို ခြံကြီးမှ ဘဏ္ဍာစိုးကမြင်လိုက်ပြီး ဖော်ထုတ်ခဲ့တာ။ " အစေခံက သတင်းပို့တယ်။
"လူက ဘယ်မှာလဲ"
"လူတိုင်း သူကို့ လိုက်ဖမ်းဖို့လူစုနေတဲ့အချိန်မှာ ပျောက်ကွယ်သွားတယ်လို့ ဘဏ္ဍာစိုးတွေက ပြောတာကို ကျုပ်ကြားလိုက်တယ်။"
"သူ့ကိုလိုက်ဖမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်စမ်း"
မို့ဟွာဝမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ အရင်ကဆို ဘယ်အစေခံကမှ ထွက်မပြေးဖူးဘူး ။ အခုတော့ အဒေါ်ဖန်သည် အိမ်တွင်းကိစ္စများကို တာဝန်ခံသူမဟုတ်တော့ပေ ။ အဒေါ်ချင်နဲ့ အဒေါ်မို နှစ်ယောက်စလုံးက ကြင်နာကြပြီး အစေခံတွေကို မနှင်ထုတ်တတ်ပါဘူး။
ထို့အပြင် မနေ့ညက နန်းတော်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့နံနက်တွင် အားလုံးကို မနေ့ညကအကြောင်းအရာများကို မပြောဆိုရန် အမိန့်ထုတ်တော့မည် ဖြစ်သည်။ သို့သော် သူသည် မည်သူ့ကိုမျှ ထွက်ပြေး လွတ်မြောက်ရန် မမျှော်လင့်ခဲ့ပေ။ မို့ဟွာဝမ်က ထိုအရာကို သိပ်အများကြီးမစဉ်းစားမှသာ ထူးဆန်းနေပေလိမ့်မည် ။
"အဖေ"
မို့ရွှီတုန်း သည် ကြောက်လန့်ပြီး အံ့သြတကြီး ဖြစ်နေပုံရသည်။ သူမသည် တုန်လှုပ်ခြောက်ခြားသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
"တုန်းအာ ၊ မင်းရဲ့ ခြံကို ပြန်သွားလိုက်ပါ။ ငါ့မှာ ဖြေရှင်းစရာတွေ ရှိတယ်။"
မို့ဟွာဝမ်က တခြားဘာမှပြောဖို့ စိတ်မ၀င်စားတော့ပေ ။ မနေ့ညက နန်းတော်မှာ မိုရွှမ်မင်း ဖြစ်ပျက်ခဲ့တာကို တခြားသူတွေ သိအောင် ခွင့်မပြုနိုင်တာ သေချာပါတယ်။
ထိုအမှုကို များစွာမသိကြသော်လည်း၊ ကျွန်များစွာ၏ ရှေ့တွင် ထိုကိစ္စက ပေါ်ပေါက်ခဲ့သည် ။ ထိုအရာတွေကို တိတ်တိတ်နေခိုင်းဖို့က ခက်တယ်။ တစ်ယောက်ယောက်က အပြင်မှာ သတင်းဖြန့်ရင် မို့ရွှမ်မင်ရဲ့ နာမည်ပျက်သွားလိမ့်မယ်။ ကိုယ်လုပ်တော် သမီးဖြစ်သော်ငြားလည်း မို့ဟွာဝမ်သည် သူမဘဝကို ပျက်စီးစေလိုခြင်းမရှိခဲ့ပေ။
" ဖေဖေ ၊ အဖေ့ရဲ့ဒီသမီးက ထွက်သွားလိုက်ပါဦးမယ်"
မို့ရွှီတုန်းလှည့်ပြီး မိုယုနဲ့အတူ မထွက်ခွာမီ ပန်းကန်များနှင့် အသုံးအဆောင်များကို သိမ်းဆည်းခိုင်းသည်။
မို့ဟွာဝမ်သည် စာကြည့်ဆောင်မှ အပြင်သို့ အရှိန်အဟုန်ဖြင့် လျှောက်လာခဲ့သည်။ အကြိမ်ပေါင်းများစွာ လှည့်ကြည့်ပြီးနောက် အစေခံရှေ့တွင် ရပ်ကာ "ထွက်ပြေးသွားတဲ့ အစေခံက ပထမသခင်မလေးနဲ့ သက်ဆိုင်သလား" ဟု မေးသည်။
မဟုတ်ရင် အစေခံတစ်ယောက်က ဒီလိုအချိန်မျိုးမှာ ထွက်ပြေးမှာမဟုတ်ဘူး။ အကယ်စင်စစ် ထွက်ပြေးသွားသောအစေခံတစ်ဦးသည် အသတ်ခံရလိမ့်မည်။
အစေခံတစ်ဦးသည် ဤမျှကြီးမားသောအန္တရာယ်ကို ခံယူရန် အသင့်ဖြစ်နေခဲ့ရင် သူ့ထံတွင် ကြီးကြီးမားမား တစ်ခုခုဖြစ်ခဲ့ရမည်။ ကြီးကြီးမားမား တစ်ခုခုသည် မနေ့ညက ဖြစ်ခဲ့တဲ့ မို့ရွှမ်မင်၏ တစ်ခုတည်းသော အဖြစ်အပျက်သာ ရှိသည် ။
"ထွက်ပြေးသွားတဲ့ အစေခံက ပထမသခင်မလေး ရဲ့ ကိုယ်ရေးကိုယ်တာ အိမ်အကူဖြစ်တဲ့ မိုဂျင်နဲ့ အရမ်းရင်းနှီးပါတယ်"
အစေခံသည် အလွန်ကြောက်ရွှံနေပြီး ချွေးများထွက်နေခဲ့သည် ။ သို့သော် သူ မပြောပဲ့ မနေရဲချေ ။ အထောက်အထားမရှိပေမယ့်လည်း သီးသန့်ဆွေးနွေးခဲတဲ့အထဲကနေ သူကြားခဲ့တာ အချို့ရှိသည် ။ ထို့အပြင် ထိုအစေခံ နှစ်ယောက်လုံး ပရောပရီလုပ်နေကြသည်ကို အကြိမ်များစွာကြားသိခဲ့ရသည်။
"မိုဂျင် ? ဒီတစ်ခါ အိမ်မပြန်လာတဲ့ အစေခံ"
မို့ဟွာဝမ်သည် မို့ရွှမ်မင်၏ ကိုယ်ရေးကိုယ်တာ အိမ်အကူကို မေးလိုက်သည် ။ သူ ဒေါသအရမ်းထွက်ပြီး ခြေထောက်ကို လှမ်းကန်လိုက်တယ်။ အဒေါ်ဖန်က အတွင်းခန်းကို ဘယ်လိုစီမံတာလဲ။
သူ့သမီးရဲ့ အိမ်အကူက တခြားယောက်ျားတွေနဲ့ ပေါင်းသင်းနေမှန်းတောင် မသိခဲ့ဘူး။ မို့ဟွာဝမ်သည် ယခုအချိန်တွင် အဒေါ်ဖန်ကို ပို၍ပင် မုန်းတီးခဲ့သည်။
"မှန်ပါတယ် သခင်ကြီး။" အစေခံက ကြောက်လန့်တကြား ပြန်ဖြေတယ်။
"လိုက်ဖမ်းပါ။ သူ့ကို ချက်ခြင်းလိုက်ဖမ်းပါ။ ဖမ်းနိုင်တဲ့သူကို ငွေအပြား 20 ချီးမြှင့်မယ်။ သူ့ကိုသတ်တဲ့သူကို ငွေ 15ပြား ချီးမြှင့်မယ်။"
မိုဟွာဝမ်၏ မျက်လုံးများတွင် စူးရှသော အကြည့်တစ်ခု ပေါ်လာသည်။ ဒီကိစ္စတွင် သူ ပျော့ညံ့မနေသင့်ဘူးဆိုတာ သူသိတယ်။
မိုဂျင်နဲ့ တစ်ခုခု ပတ်သက်နေတာကြောင့် ဒီကိစ္စကို အရေးမယူနိုင်ခဲ့ပါဘူး။ မိုဂျင်ဟာ မနေ့ညက ပြန်မလာခဲ့ဘဲ မို့ရွှမ်မင်သည် မိုဂျင်က သူ့သခင်မကို သစ္စာဖောက်တဲ့အတွက် မိုဂျင် သေဆုံးသွားတယ်လို့ပဲ ပြောခဲ့ပါတယ်။ သူမ တခြားဘာမှ မပြောခဲ့ပေ
သူသည် မနေ့ညက မို့ရွှမ်မင်ကို အလွန် ဒေါသထွက်ပြီး အလုပ်များလွန်းသဖြင့် ထိုအရာကို ရှင်းရှင်းလင်းလင်း မတွေးခဲ့ပေ။ အိမ်အကူတွင် မိဘများထံ အကြောင်းကြားရန် ရှိကြောင်း သူသာ သဘောပေါက်ခဲ့သည်။
"ဟုတ်ကဲ့ပါ သခင်ကြီး" အစေခံက ဒီကိစ္စက အရေးကြီးတယ်ဆိုတာ သိပြီး သူ အပြင်ကို ပြေးထွက်သွားတယ်။
လိဟွာဥယျာဥ်.......
အဒေါ်ဖန်သည် ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ တန်ဖိုးကြီးကြွေအလှဆင်ပစ္စည်းအများအပြားကို ရိုက်ချိုးပစ်လိုက်သည်။ သူမသည် ခြံဝင်းထဲမှ အမြန်ထွက်သွားချင်သော်လည်း နန်နီလီက တားလိုက်သည်။
" အဒေါ် ထွက်မသွားသင့်ပါဘူး ။ အပြင်ထွက်ပြီး ပြဿနာရှာနေရင် ပထမသခင်မရဲ့ နာမည်ပျက်သွားလိမ့်မယ်"
"မဟုတ်ဘူး၊ သူမကဒီလိုဖြစ်သွားတဲ့အတွက် မင်အာကိုသွားကြည့်ရမှာပဲ၊ ငါကသခင်ကြီးကို ဒီကိစ္စ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို မေးသင့်တယ်။ အဲဒီ ကြွက်လေးကသာ ယောက်ျားတွေနဲ့ သီးသန့်ပေါင်းသင်းနေတာ၊ ငါတို့ သူ့ကို သော့ခတ်ထားသင့်တယ်။ "
အဒေါ်ဖန်က ဒေါသတကြီး အော်ဟစ်နေတယ်။ သို့သော် သူမသည် ရူးသွပ်စွာ မလုပ်ဆောင်နိုင်သည်ကို သူသိသည်။ ထို့ကြောင့် သူမသည် ဒေါသတကြီးသာ အော်ဟစ်နေနိုင်သည် ။
"အဒေါ် သခင်ကြီးက ပထမသခင်မလေး ကို ကူညီမှာ သေချာပါတယ်။ ပထမသခင်မလေးက သခင်ကြီးရဲ့ အချစ်ဆုံးပါ။ သူ့ကို ဘယ်လိုဒုက္ခပေးမှာလဲ"
နန်နီလီက သူမကို သဘောကျသော စကားကို ဆိုလေသည် ။ ပထမဦးဆုံးသခင်မလေး က အရင်တုန်းကတော့ သခင်ကြီးရဲ့ အချစ်ဆုံးပါ။ သို့သော် တတိယသခင်မလေး ပြန်လာပြီးကတည်းက ပထမသခင်မလေးက အိမ်တော်မှာ အချစ်ခံရဆုံး မဟုတ်တော့ဘဲ တတိယသခင်မလေးကတော့ အချစ်ခံလေး ဖြစ်လာခဲ့သည် ။
ထိုကြောင့် အဒေါ်ဖန်က အခုချိန်မှာဘာမဆိုကြိုးစားခဲ့မယ်ဆိုရင် အပြစ်ပေးခံရမယ့်သူက သူမသာလျှင်ဖြစ်မည်ဟု ပြောရပါမယ်။
" မင်အာက ဘာတွေတွေးနေတာလဲ။ နန်းတော်က သူတွေနဲ့ဘာလို့ ဒီလိုလုပ်ရတာလဲ။ ပြီးတော့ ဧကရီရဲ့ ကဲ့ရဲ့ခြင်းကိုတောင် ခံခဲ့ရတယ် ။ ဘာမှ မကြိုးစားခင် ယုမိသားစု မြို့တော်ထဲဝင်တဲ့အထိ စောင့်ဖို့ ၊ သူမကို ကမူးရှူးထိုးမလုပ်ပါနဲ့လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းသားချူနှင့် ပေါင်းသင်းနိုင်ဖို့ သူမ မစောင့်နိုင်တော့ဘူးလား ။ အခုဖြစ်ပျက်နေတာတွေကို ကြည့်ပါဦး ။ သူမက နာမည်ပျက်သွားပြီ။"
အဒေါ်ဖန်သည် ပြောရင်းဖြင့် အံသြသွားသည်။ သူမကို မို့ဟွာဝမ်က မနေ့ညက မို့ရွှမ်မင်နဲ့အတူ ဒူးထောက်ဖို့ အပြင်ကို ဆွဲထုတ်ခံခဲ့ရပါတယ်။ သူမသည် ဆိုးဆိုးရွားရွား ကြိမ်းမောင်းခံခဲ့ရပြီး မိုဟွာဝမ် ပြောသည့်စကားကို နားထောင်ပြီးနောက် အဖြစ်အပျက်ကို အကြမ်းဖျင်း သိခဲ့သည်။
ထိုအချိန်တွင် သူမသည် အလွန်စိုးရိမ်နေပြီး ယခုမှ ထိတ်လန့်သွားခဲ့သည်။ ထို့ကြောင့် သူမသည် အလွန်တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
"အဒေါ်ဖန် စိတ်မပူပါနဲ့ ၊ ယုမိသားစု က နောက်ရက် မှာ မြို့တော်ကို ရောက်လာတော့မှာပါ ။ အဒေါ်၊ ဦးလေးကို တစ်ခုခု လုပ်ခိုင်းလို့ ရတယ်၊ နောက်ပြီး အဒေါ်ရဲ့ ခယ်မလည်း လာပြီး အကြံဥာဏ်တွေ ပေးလိမ့်မယ်။ ခေါင်းနှစ်လုံးက တစ်လုံးတည်းထက် ပိုကောင်းပါတယ်။ အကြံဉာဏ်တွေ ပေါ်လာအောင် ကူညီပေးဖို့ သူတို့ကို ဒီကို ဖိတ်ခေါ်နိုင်ပါတယ်။ ဒါက အဒေါ် လိဟွာဥယျာဥ်မှာ ပိတ်လှောင်ခံထားရပြီး စိတ်ပူနေတာထက် ပိုကောင်းပါတယ်။"
"သူတို့ ဘယ်အချိန်ရောက်မှာလဲ"
အဒေါ်ဖန်သည် အနည်းငယ် ငြိမ်သက်သွားသည်။
"သူတို့ နောက်နှစ်ရက်ဆိုရောက်ပြီလို့ ကျုပ်ကြားတယ်။ ဒါ့ပြင် သူတို့က ချင်မျိုးနွယ်တွေနဲ့အတူ လိုက်ပါလာတယ်၊ သူတို့နှစ်ယောက်က သခင်ကြီးထက် သေချာပေါက် အရည်အချင်းပိုရှိတယ်၊ ဒါဆို သခင်ကြီးက မဖြစ်မနေ အဒေါ်ကို လွှတ်ပေးရတော့မှာပဲ ။ အဒေါ်ရဲ့ အနေအထားမှာ အလှည့်အပြောင်းတစ်ခု ရှိကောင်းရှိနိုင်သေးတယ်" နန်နီလီက အကြံပြုသည်။
"ပထမသခင်မလေး ကို စစ်ဆေးဖို့ နောက်မှ ထွက်သွားပါ။ အဖြစ်အပျက်ကို သူမ မဖြေရှင်းနိုင်တော့မှာကို စိုးရိမ်ရင် တစ်ခုခုဖြစ်ရင် ချက်ချင်း အကြောင်းကြားခိုင်းလို့ ရပါတယ်"
အဒေါ်ဖန်သည် ငြိမ်သက်သွားသော်လည်း သူမစိုးရိမ်နေဆဲဖြစ်သည်။ နန်နီလီက အခိုင်အမာဖြေပြီး ဖုချင်ဥယျာဉ်ကို သွားခဲ့တယ်။
မို့ဟွာဝမ်သည် သူ့လူများကို လွှတ်လိုက်တာ နောက်ကျသွားပြီဖြစ်ကြောင်း သိရှိသွားသည် ။
နေ့ခင်းပိုင်းလောက်တွင် မိုမိသားစု၏ ပထမသခင်မလေး သည် မင်းသားချူးကို အရှက်မရှိ သွေးဆောင်ခဲ့ကြောင်း အပြင်တွင် ကောလဟာလများ ပျံ့နှံ့ခဲ့သည်။
ကောလဟာလများသည် အလွန်လက်တွေ့ကျပြီး ထိုအဖြစ်အပျက်ကို တစ်စုံတစ်ဦးမှ ကိုယ်တိုင်မြင်တွေ့ခဲ့ရသလိုပင်။ ပိုသိချင်သောအချက်အချို့ကို နက်ရှိုင်းစွာ တူးဖော်ကြည့်ရာ ပထမသခင်မလေးမိုသည် မြို့စား၏သားဖြစ်သူနှင့်လည်း ယခင်က ပြန်လည်ပေးဆပ်ခြင်းဘုရားကျောင်းတွင် တိတ်တဆိတ် တွေ့ဆုံခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ဒီကောလဟာလဟာ ပိုမှန်ဖို့ အလားအလာ ပိုရှိခဲ့ပါတယ်။ အိတ်ကိုပို့ပေးတဲ့ အိမ်အစေခံက ဒုတိယနေ့မှာ အခန်းထဲမှာ သေဆုံးသွားကြောင်း တစ်စုံတစ်ယောက်က သက်သေပြခဲ့ပါတယ်။ သူ့ကိုယ်သူ ကြိုးဆွဲချ သတ်လိုက်တယ်လို့ သိရပေမယ့် ဘယ်သူက ယုံမှာလဲ။
မို့ရွှမ်မင်သည် ဤသတင်းကို လက်ခံရရှိချိန်က မွန်းတည့်ချိန်ကျော်နေပြီဖြစ်သည်။ မိုစုသည် သတင်းကိုကြားသောအခါ သူမတစ်ကိုယ်လုံး အေးစက်သွားသည် ။ သူမ ခြံဝင်းတံခါးဝသို့ ပြေးသွားသော်လည်း တံခါးဝတွင် ရပ်ကာ အံ့အားသင့်သွားသည်။
အချိန်အတော်ကြာပြီးနောက် သူမသည် အတွင်းအပြင် အေးစက်နေသည်ဟု ခံစားလိုက်ရသည်။ မိုစုက သူမသခင် နေမကောင်းဖြစ်နေမှာကို စိုးရိမ်နေမိသည်။ သူမ အနားသို့ တိုးတိုးလေးပြောလိုက်သည် ။
"သခင်မလေး၊ ကျုပ်တို့ပြန်ပြီး အနားယူကြရအောင်။ သခင်ကြီး ဒီကိစ္စကို ဖြေရှင်းဖို့ ကူညီပေးလိမ့်မယ်"
ထို့နောက် သူမသည် မို့ရွှမ်မင်ကိုကူညီရန် လှမ်းခေါ်လိုက်သည်။ မို့ရွှမ်မင်၏ ခန္ဓာကိုယ်သည် ပွက်ပွက်ဆူလာသည်ကို သူမတွေ့ရှိခဲ့သည်။ သူမ တုန်လှုပ်သွားပြီး အေးခဲနေသော သူ့လက်များကို ထိလိုက်သည် ။
.............
Translated by Chai