Forever[Completed]
By Sandara_Jung7
8.8K 1.1K 1.4K
// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော... More
Start this story(Kai)
EP-(1)
EP-(2)
EP-(2)½
Ep-(3)
Ep-(4)
Ep-(5)
Part-(6)
Ep-(7) (birthday)
Ep-(8)
Ep-(9)
Ep-(10)
Yeonjun's Birthday (short part)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
~~Thanks for reading~~
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
အမှတ်တရသိမ်းမယ်။
Ep-(30)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35) (End)
End this story (Yeonjun)
Ep-(31)
129 23 42
By Sandara_Jung7
(5)
- မနက်လင်းသည့်အခါ Junkyuလာနှိုးသောကြောင့် taehyunထလာခဲ့သည်။ မနက်စာလည်းပြင်ပေးထားတာမလို့ စားသောက်​ပြီးနှုတ်ဆက်ကာထွက်လာခဲ့သည်။ အချိန်အားဖြင့် မနက်6:30။ -
-အိမ်ကိုပြန်ရောက်သောအခါ ဖေဖေက လှေကားကနေဆင်းလာသည်နှင့်တိုးသည်။ -
"သားငယ်....
ပြန်လာပြီလား.... မနေ့ညကပြန်မအိပ်တော့စိတ်ပူသွားတာ။ ဘာဖြစ်လို့လည်း"
"ဘာမှမဖြစ်ပါဘူး ဖေဖေ
Junkyuနဲ့ ရုပ်ရှင်ကြည့်ကြရင်းညဥ့်နက်သွားလို့ ပြန်မလာတော့တာပါ။ "
"အော်....
Beomgyuတောင်လာသွားသေးတယ်။
သားနဲ့ချိန်းထားတယ်ဆိုပြီး အိမ်ရောက်လာလို့လေ....။ "
"ဖေဖေ သားနားတော့မယ်။
စာလုပ်ရဦးမှာမလို့....."
"အေးအေး....
မင်းဦးလေးHoseokက မင်းအတွက် နေ့ခင်းစာချက်ထားပေးခဲ့တယ်။ စားလိုက်နော်....ဖေဖေ အန်တီဟျိုအင်ဆီသွားလိုက်ဦးမယ်။ "
"ဟုတ်ကဲ့ ဖေဖေ"
-သူအထဲဝင်ဖို့လုပ်တုန်း...
"အော် ဒါနဲ့ သားလေး....
ဟျိုအင်ရဲ့သားရော အဆင်ပြေရဲ့လား "
"Yeonjun hyungလား။
သူအဆင်မပြေဘူး....ဒါပေမဲ့ စိတ်မပူပါနဲ့ ။
အန်တီကိုလည်း စိတိမပူဖို့ပြောပေးပါ။ "
"အော် ဟုတ်ပြီ သားငယ်။
အထဲဝင်တော့....."
-သူအဖေ့ကို နှုတ်ဆက်ပြီးတာနဲ့ အခန်းထဲဝင်လာခဲ့သည်။ မနေ့ညကလည်းတစ်ညလုံးမအိပ်ရသေးပေ။ ငိုရလွန်းလို့ မျက်ရည်တွေလည်းကုန်လောက်ပြီထင်ပါရဲ့...။ -
-အိပ်ယာပြင်ထက် လှဲလျောင်းကာ ဖုန်းကိုဖွင့်လိုက်တော့ soobinရော kaiရောကပါ စာတွေပို့ထားကြသည်။ beomgyuလည်းပါသည်။ -
//ငါအဆင်ပြေတယ်//
-ခဏကြာတော့ စာတွေဝင်လာသည်။ -
//မင်းဘယ်တွေလျှောက်သွားနေတာလည်း။
ငါတို့ရော beomgyu hyungရောဘယ်လောက်စိတ်ပူသွားရလည်းသိလား။ အခုအိမ်မှာလား ငါတို့လာခဲ့မယ်။ //
//အိမ်မှာ ဟုတ်တယ် ။
လာချင်လာခဲ့ကြ....ငါလည်းမင်းတို့ကိုပြောစရာရှိတယ်။ //
//အွန်း//
- စိတ်လန်းလာမလားဆိုပြီး ရေချိုးခန်းထဲရေဝင်ချိုးခဲ့သည်။ ကျဆင်းလာတဲ့ရေပေါက်တွေကိုခံစားမိသော်လည်း အာရုံထဲမှာတော့ရှိမနေခဲ့ပေ။ နာရီဝက်လောက်အထိ ရေပန်းအောက်တွင် နံရံကိုလက်ထောက်ကာ ရပ်နေမိသည်။ ဘာအတွေးမှလည်းမရှိနေဘဲ ဟာလာဟင်းလင်းကြီးပင်။ -
- ရေချိုးပြီး ပြန်ထွက်လာတော့ အိမ်နေရင်းအဝတ်တစ်ခုကို ယူဝတ်ကာ ခေါင်းသုတ်နေချိန် phone callတစ်ခုဝင်လာသည်။ နံပါတ်စိမ်းကြီးဖြစ်နေတာကြောင့် ကိုင်လိုက်သည်။ -
"ဟယ်လို..."
//ဘယ်လိုလည်း ဂန်ထယ်ဟျွန်း ။
အသည်းကိုဓားနဲ့ခွဲခံလိုက်ရသလိုခံစားချက်က....
အရမ်းတွေများငိုပြီးပြီလား။ //
"ကျေနပ်တယ်မလား။
ကျွန်တော်နဲ့ Choi Beomgyuကိုဒီလိုကွဲစေချင်တာ။
အခုကွဲသွားပြီဘဲ။ ထပ်လာမနှောက်ယှက်နဲ့..."
//စိတ်တောင်မကောင်းဘူးကွာ....
အစကတည်းက မင်းတို့မကြိုက်ခဲ့သင့်တာ။ အဲ့ဒါဆိုငါလည်း ဒီဇာတ်လမ်းရဲ့ ဗီလိန်ဖြစ်မလာဘူး။ //
"ခင်ဗျားပြောချင်တာဒါဘဲမလား။
ချွဲဘောမ်ဂယူကို ခင်ဗျားရပြီဘဲ.... ခင်ဗျားနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်က ဆုံးဖြတ်ချက်ချပြီးရင် ပြန်မပြင်တတ်ဘူး။ သူများလူလည်းပြန်မလုတတ်ဘူး။ "
//မင်း....//
"ခွင့်ပြုပါဦး။ "
-ဖုန်းကိုချကာ ကုတင်ပေါ်သို့ပစ်တင်လိုက်သည်။ ပြီးတော့ သူပြန်တွေးမိတာက ထိုအဖြစ်အပျက်.... ဘောမ်ဂယူက ရူဘီနဲ့....ကျစ်....စိတ်ရှုပ်စရာတွေဘဲ။ -
-ခေါင်းကိုဆက်သုတ်ကာ Dryer ဖြင့်မှုတ်လိုက်သည်။ -
.
.
.
Kai POV:
- ထယ်ဟျွန်းအိမ်သို့ရောက်၍ လှမ်းခေါ်လိုက်လေသည်။ -
"Kang Tae ya!!!!"
- ခဏလေးနေတော့ ဂန်ထယ်ထွက်လာသည်။ ပုံစံကလည်းမှိုင်တွေတွေဖြင့်။ -
"မင်းဘာဖြစ်နေတာလဲ။ "
"မသိဘူး...."
"မင်းတစ်ခုခုဖြစ်နေတာ ငါသိပါတယ် ။
မင်းမနေ့က စီနီယာဘောမ်ဂယူအိမ်မှာ.... ဘာဖြစ်ခဲ့လို့လဲ "
-ထယ်ဟျွန်းကမဖြေသေးဘဲ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ kaiတို့ကလည်း သူ့ဘေးဝင်ထိုင်လိုက်သည်။ -
"မင်း ယွန်းရူဘီနဲ့တွေ့ခဲ့လို့လား။ "
-အံ့သြသလိုဖြင့်လှမ်းကြည့်လာသည်။ -
"မင်း.....ဘယ်လိုသိတာလဲ "
"ငါမြင်တယ်....ယွန်းရူဘီတက်သွားတာကိုရော.....ပြန်ဆင်းလာတာကိုရော....ပြီးတော့ beomgyu hyungလည်းလာမေးတယ်။ ငါအဲ့ကတည်းကသိလိုက်တယ်....မင်းတစ်ခုခုဖြစ်နေပြီဆိုတာ...."
"တစ်နေ့လုံးဘယ်ရောက်နေတာလည်း ဂန်ထယ်"
"Junkyuအိမ်ကိုသွားနေတာ။
မင်းတို့အိမ်တွေဆိုရင် သူလာရှာမှာစိုးလို့...."
" အဲ့တော့....ဘာဖြစ်ခဲ့လို့လဲ"
" ကိုကိုက..... hyungက ရူဘီ သူနဲ့..... ဟင့်....."
-ပြောပြရင်း မျက်ရည်ထွက်လာသောသူကို နှသ်ယောက်လုံးဖက်ထားလိုက်သည်။ ဘယ်လောက်များခံစားခဲ့ရလို့လည်း ဂန်ထယ်ရယ်....မင်းကတော်ရုံငိုတဲ့လူမဟုတ်ပါဘူး။ -
"သူတို့နှစ်ယောက်ဖောက်ပြန်နေတယ် soobin
ငါ....ငါကိုယ်တိုင်တွေ့ခဲ့ရတယ်...သူတို့ သူတို့နှစ်ယောက်..... "
"ငါနားလည်ပြီ ထယ်ဟျွန်း...
အဲဒါကြောင့် မပြောနဲ့တော့နော်....မတွေးလည်းမတွေးနဲ့တော့။ "
-သူငယ်ချင်းတွေရဲ့ရင်ခွင်ထဲတွင်မျက်နှာအပ်ကာငိုနေသောtaehyunသည် အတွေးထဲ၌လည်း beomgyuနှင့် အမှတ်တရကောင်းများကိုပြန်လည်စဥ်းစားနေသည်။ သူတို့အတူရှိနေတဲ့ အချိန်တိုင်းက အမှတ်တရကောင်းတွေမလား။ -
" Taehyun shi!!"
- သူတို့ထိုင်နေတုန်း အိမ်ရှေ့မှ လူသံကြားလိုက်ရသည်။ -
"Junkyuဘဲ...."
"ဘာကိစ္စရှိလို့လဲ ဂျွန်ဂယူ "
-အိမ်ရှေ့ကိုထွက်သွားလိုက်သည်။ taehyunကတော့ soobinနဲ့နေခဲ့သည်။ -
"ဟို ဖယ်ဟျွန်းကျန်ခဲ့တဲ့ အပေါ်ထပ်အင်္ကျီလေးလာပေးတာ။ ပြီးတော့.... ပြီးတော့..... "
"ငါနဲ့အတူလာခဲ့တာ။
ထယ်ဟျွန်းအိမ်မှာရှိနေတယ်မလား။ "
- ဘောမ်ဂယူပါထွက်လာသည်....သူလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားခဲ့သည်။ -
"အထဲမှာရှိတာသိတယ်....ဝင်ခွင့်ပေးပါ။
Hyungသူနဲ့တွေ့ရမှဖြစ်မယ်။ hyungသေချာစကားပြောဖို့လာခဲ့တာမလို့ taehyunကိုပြောပေးပါ။ "
"သူတွေ့နိုင်မှာမဟုတ်ဘူး sambae....
တွေ့ချင်မှာလည်းမဟုတ်ဘူး....တွေ့ချင်ရင်တော့ပြောပေးမယ်။ ကိုယ့်အခြေအနေလည်း ကိုယ့်သိသင့်တယ် sambae"
"မင်းတို့အားလုံးအထင်လွဲနေတယ်ဆိုတာ ကိုယ်သိတယ် ။ ဒါကြောင့် ငါရှင်းပြဖို့လာခဲ့တာ။ "
"ဘာရှင်းပြဦးမှာလည်း ကိုကို....."
"Taehyun!!"
- အိမ်ထဲကနေ taehyunပြေးထွက်လာသည်။ -
" ကလေးကိုယ်နဲ့ ရူဘီကိုအထင်လွဲနေတာသိတယ်။ ဒါပေမဲ့ ကလေးသိသမျှကအမှားတွေကြီးဘဲ။ ကိုယ်တို့ကြားမှာတစ်ခုခုလွဲနေတာ သေချာတယ်။ "
"မလွဲပါဘူး....
ခင်ဗျားက ယွန်းရူဘီနဲ့ဖောက်ပြန်တယ်....ကျွန်တော်သိသွားတယ်၊ အခုလမ်းခွဲကြတယ်...ဒါဘဲ လွဲသွားတာမျိုးမရှိဘူး။ "
"ဖောက်ပြန်တယ်ဆိုကတည်းကမှားနေပြီ ဟျွန်း...။
ကိုယ်အခုချိန် မင်းကလွဲပြီး ဘယ်သူ့ကိုမှမချစ်ခဲ့ဖူးဘူး။ "
" ဟိုတစ်နေ့ကတည်းက ယွန်းရူဘီနဲ့ ကျွန်တော်နဲ့တွေ့ထားပြီးသား။ သူကခင်ဗျားသူ့ဆီပြန်စိတ်လည်နေပြီတဲ့....မှန်နေတာဘဲ...သူ့ဆီမှာဘဲနေလိုက်ပါ..။ နှစ်ဖက်ခွမနေနဲ့ ချွဲဘောမ်ဂယူ"
"မဟုတ်ဘူး ....သူလျှောက်ပြောနေတာ။
ကိုယ်ကဘာလို့ မင်းကိုထားပြီး သူ့ကိုကြိုက်ရမှာလည်း။ ကိုယ်ထပ်ပြီး မခံစားပါရစေနဲ့...ထယ်ဟျွန်းကျေးဇူးပြုပြီး ကိုယ့်ကိုယုံပေးပါ။ "
"အေးအေးဆေးဆေးဘဲလမ်းခွဲကြတာပေါ့...။
ထပ်ပြီး ပြန်မဆွပါနဲ့....မေ့နိုင်အောင်ကြိုးစားမှာမလို့ မေ့နေပေးပါ။ "
"ကိုယ်ကဘယ်လိုလုပ်မေ့နိုင်မှာလည်း
သေချာစဥ်းစားပါဦး ထယ်ဟျွန်း...."
- သူပြောတာကို "ဟက်" တစ်ချက်ရီကာ အထဲပြန်ဝင်သွားခဲ့သည်။ -
"Junkyu!
Sambaeကိုခေါ်သွားတော့နော်...ကျွန်တော်ဝင်တော့မယ်။ စီနီယာလည်း သူ့ဆုံးဖြတ်ချက်ကိုလေးစားပေးပါ။ "
-kaiလည်းတံခါးပိတ်ကာဝင်လာခဲ့သည်။ -
.
.
.
-beomgyuတစ်ယောက် taehyunအိမ်ကပြန်လာပြီးတော့ barမှာ သွားသောက်နေခဲ့သည်။ သောက်တဲ့လူလည်းမဟုတ်တော့ သူ့အတွက်ဒီလိုနေရာနဲ့သိပ်မရင်းနှီးပေ။ ထို့ကြောင့် yeonjunနဲ့hyunjinကိုပါခေါ်လိုက်သည်။ -
" မသောက်နဲ့တော့လို့...."
"Kang Taehyun!
သူဘာလို့ ငါ့ကိုမယုံနိုင်ရတာလည်း...."
"သွေးပူနေတုန်းမလို့ပါ....
နောက်နေ့တွေ့မှအေးအေးဆေးဆေးရှင်းပြကြရအောင်။ နော်....."
"အဓိကက ဟိုမိန်းမ ယွန်းရူဘီ။
သူမင်းနဲ့ taehyunကြားကိုသွေးခွဲခဲ့တာ။ တမင်တကာလုပ်သွားတာ။ "
"တောက်စ်.....
ငါသူနဲ့အခုဘဲသွားရှင်းမယ်။ "
"စိတ်ထိန်းစမ်းပါ
ဒီပုံစံနဲ့ကို မင်းအမေမြင်စေချင်လို့လား။ "
"ဖယ်ကွာ....
ငါသူ့ကိုရအောင်မေးမယ်။ "
-ထိုသို့ပြောပြီး barကနေထထွက်သွားသည်။ အရက်သောက်ထားသည့်အတွက် ကားမောင်းရန်အဆင်မပြေတာကြောင့် yeonjunကလိုက်မောင်းပေးရသည်။-
.
.
.
"Yoon Ruby!!"
-အိမ်တံခါးကိုဆွဲဖွင့်ကာ အပေါ်ထပ်ကိုတက်သွားလိုက်သည်။ ထို့အပြင်အောက်ထပ်ကမေမေကပါ နိုးလာပြီး လိုက်တက်လာခဲ့သည်။ -
"သားငယ်...ဘာဖြစ်တာလည်း "
"Gyuဘာဖြစ်လို့လည်းဟင်.....အိမ်ပြန်လာပြီ"
"မင်းအပိုတွေလာမပြောနဲ့....မင်းထယ်ဟျွန်းကိုဘာတွေပြောလိုက်တာလည်း။ "
"ရူဘီဘာပြောလို့လည်း....
သူ့ကိုအရေးလုပ်ပြီးပြောမနေဘူး။ "
"မင်းမပြောဘဲနဲ့ အဲ့ကလေးက အထင်လွဲစရာအကြောင်းမရှိဘူး။ မင်းမလုပ်ဘဲနဲ့လည်း ငါတို့လမ်းခွဲစရာအကြောင်းမရှိဘူး။ ထယ်ဟျွန်းငါ့ကိုမယုံကြည်တော့တာမင်းကြောင့်......!!!!!!"
"ရူဘီလုပ်သင့်တယ်ထင်လို့ လုပ်လိုက်တာ။
Gyuမကျေနပ်ရင် ရူဘီ့ကိုကြိုက်သလိုလုပ်လိုက်။ "
ဖြောင်း......။
"ငါ့စိတ်ကိုလာမဆွနဲ့....
ငါသည်းခံခဲ့တယ်ဆိုတာ ဟျွန်းရှိနေလို့....မင်းအကျင့်ကိုသိနေလို့...သူ့ကိုတစ်ခုခုပြန်သွားလုပ်မှာစိုးလို့ ငါငြိမ်နေခဲ့တာ။ အခုတော့....အခု....သူ့ငါအနားမှာမရှိတော့ဘူး။ အဲ့ဒါမင်း​ကြောင့်....မင်းကိုငါသတ်ပစ်မယ်။ "
"သားငယ်....တော်ပါတော့ ။
စိတ်ထိန်းပါဦး...."
"Beomgyu တော်တော့....
အိမ်ပြန်ကြမယ်....သွားမယ်။ လာ.... "
"ငါတို့beomgyuကိုပြန်ခေါ်သွားမယ် Ruby....
ဒါပေမဲ့ မင်းအပြစ်တော့မင်းမမေ့နဲ့။ သူတို့တစ်ခုခုဖြစ်ရင် အကုန်မင်းကြောင့်ဘဲ...!!!"
- beomgyuကိုပုခုံးကဆွဲကာ yeonjunခေါ်သွားခဲ့ပြီး hyunjinကတော့ထိုသို့ပြောသွားခဲ့သည်။ -
*ငါနဲ့ဘာမှမဆိုင်ဘူး....
အကုန်လုံးက သူတို့ဘာသာဖြစ်လာတာ။ သူသာငါ့ကိုမပစ်ပယ်ခဲ့ရင် .....သူသာငါ့ကို လျစ်လျူမရှုခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ *
-ဂယောင်ခြောက်ခြားဖြင့် မီးမှောင်နေသောအခန်းထဲတွင် ကြမ်းပြင်ပေါ်၌ခြေထောက်စုကာထိုင်နေလေသည်။ -
*ဟုတ်တယ်....ငါမှားတာမဟုတ်ဘူး။
ငါအပျုင်ကိုလာလုယူလို့ ပြန်ခံစားရယုံဘဲရှိမှာ....ကြည့်နေလိုက်....နင်တို့ကိုလုပ်မဲ့လုပ်တော့ အဆုံးထိသွားပြမယ်။ "
.
.
.
(6)
-မိမိတို့သူငယ်ချင်းက မှိုင်တွေတွေနဲ့ ကောင်းကောင်းလည်းမစား၊ ညဆိုလည်း ခိုးခိုးပြီးငိုနေသည်ကို ကိုယ်တိုင်မြင်လိုက်ရသည်။ junkyuပြောတော့မယူံခဲ့ပေမဲ့ အခုတော့ယုံရလေပြီ။ -
"ဟေ့ကောင်....ထ....အပြင်သွားမယ် "
"မလိုက်ချင်ပါဘူး ဆူဘင်းရယ်။
မင်းတို့ဘာသာသွားကြ။ "
"မလိုက်လို့မရဘူး....
Junkyuလာခေါ်နေပြီ...."
"ငါဘယ်မှသွားချင်စိတ်မရှိဘူး။ "
"Jin hyungက မလာဘူးဆိုရင် မင်းကိုစိတ်ဆိုးမှာတဲ့နော်။ "
"ကျစ်...."
-စုတ်တစ်ချက်သပ်ကာ လဲလျောင်းနေရာကနေထလာသည်။ ခေါင်းတွေကရှုပ်ပွပြီး မျက်ကွင်းတွေလည်းညိုနေသည်။ -
"နေပါဦး ချွဲဆူဘင်း...
မင်းက သဘက်ခါ ခွဲစိတ်ရမှာမလား။ "
"မနက်ဖြန်မှဆေးရုံသွားရမှာလေ။
ဒီနေ့အားတယ်...ဒါကြောင့်သွားမယ်ပြောတာ။ "
"ဟူးးး.....။
ခဏဘဲနော်...နောက်ရက်ငါစာမေးပွဲဖြေရတော့မှာ။ "
"အေးပါ...စိတ်ပြေလက်ပျောက်ပေါ့။ "
- သူတို့အတင်းဆွဲခေါ်ကာ အဝတ်စားလဲခိုင်းပြီး အောက်ထပ်မှာလာစောင့်နေကြသည်။ -
"ပြီးပြီလား... သွားကြမယ် "
"ဘယ်သွားကြမလို့လဲ "
"ဦးဂျွန်းတို့ ဆော့ဂျင်ဟျောင်းတို့ဆီသွားမလို့ အန်ကယ်ဟိုဆော့..."
"အော်...အေးအေး ။
သတိထားသွားကြ။ "
"ဟုတ်ကဲ့ "
-သူတို့ဟိုဆော့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့သည်။
ခြံရှေ့ရောက်တော့ Junkyuက ကားအဖြူတစ်စီးဖြင့်စောင့်နေသည်။ -
"ဒါက...."
"ငါ့အကိုကားပါ။
ဂိုထောင်ထဲထည့်ထားတာ သူဆုံးသွားကတည်းကဘဲ...။ မင်းအတွက်အထူးစပရှယ် ရေဆေးပြီးထုတ်လာတာ။ "
"ကျေးဇူးပါဘဲ....ဒါတွေမလိုပါဘူး။
ငါ့အတွက်သီးသန့်ကြီး။ "
"Shuu!!! တိတ်တိတ်နေ...မြန်မြန်တက်"
-junkyuက driverနေရာသို့ဝင်ထိုင်​ကာ kaiက ဘေးခုံတွင်ထိုင်လိုက်သည်။ taehyunနဲ့ soobinက နောက်ခုံတွင်ထိုင်ကြသည်။ ပြီးတော့ taehyunတို့အိမ်ရှေ့မှ Jin hyungတို့ဆိုင်သို့ ဦးတည်သွားလိုက်သည်။ -
.
.
.
- beomgyuတို့လည်း taehyunအိမ်သို့ထပ်ရောက်သွားခဲ့သည်။ -
"Taehyun​..."
-ခဏကြာတော့ ဟိုဆော့ထွက်လာသည်။ -
"ချွဲယောန်ဂျွန်းပါလား
ဘာကိစ္စလည်းကွ။ "
"လေးလေးဟိုဆော့... ထယ်ဟျွန်းအိမ်မှာရှိနေတယ်မလား။ "
"မရှိဘူးကွ...အခုလေးတင်သူ့သူငယ်ချင်းတွေနဲ့ မင်းဦးလေးဂင်နမ်ဂျွန်းတို့ဆီသွားမယ်ပြောပြီးထွက်သွားတာ။ "
"ဟုတ်လား ကျေးဇူးပါ လေး​လေးဟိုဆော့"
"အေးအေး...ယောန်ဂျွန်း "
-သူတို့လည်း နမ်ဂျွန်းဆီလိုက်သွားရန်ပြင်ပြီး ကားပေါ်ပြန်တကက်ာ ထွက်ခွာခဲ့ကြသည်။ သူတို့နောက်က ကားတစ်စီးသည်လည်းထပ်ကြပ်မကွာလိုက်သွားခဲ့သည်။ -
.
.
.
- jin hyungတို့ဆိုင်သို့ရောက်လာခဲ့သည်။ -
........🐁🐁🐁🐁
"Hyungကငါမလာရင် စိတ်ဆိုးမှာဆို...."
"မင်းမလိုက်မှာစိုးလို့ လိမ်ပြောလိုက်တာ။ "
-သူတို့ရောက်သွားတော့ hyungတို့ဆိုင်က "CLOSE" ဆိုပြီးရေးကာပိတ်ထားလေသည်။ -
"Huening kai!!!!!"
"ငါ...ငါဖုန်းဆက်ကြည့်လိုက်မယ်။ "
-soobinက ဖုန်းထုတ်ကာ jin hyungဆီဖုန်းဆက်လိုက်သည်။ -
"ဟယ်လို jin hyung"
//အေး ဆူဘင်းဘာကိစ္စရှိလို့လည်း//
"ဟို...ဆိုင်ပိတ်ထားတာလား။ "
//အေး ဟုတ်တယ် ။
ဦးဂျွန်းနဲ့ busanလိုက်လာလို့ ပိတ်ထားခဲ့တာ။ //
"အော်...ဆိုင်ရှေ့ရောက်နေလို့လေ...."
//ဝင်ချင်ရင် taehyunကိုသော့ချိတ်တဲ့နေရာမေးလိုက်။ ခက်ခက်ခဲခဲသူဘဲသိတာ။ //
"ဟုတ်ကဲ့...ဟုတ်ကဲ့ "
-soobinဖုန်းချလိုက်ကာ taehyunကိုစကားပြောလိုက်သည်။ -
"မင်းသိတယ်တဲ့ သော့ထားတဲ့နေရာ။ "
"ထားခဲ့တာလား.... ဝင်ခိုးရင်တော့ရှယ်ဘဲ"
-ပြောပြောဆိုဆိုနဲ့ ပန်းအိုးထဲကသစ်ပင်ကိုဆွဲနှုတ်လိုက်ကာ ကျန်ခဲ့တဲ့မြေကြီးတစ်ဝက်ကိုဆွပြီးသော့တစ်ခုထုတ်လိုက်သည်။ -
" ရော့...."
"Wow!!"
-taehyunပေးတဲ့သော့နဲ့ တံခါးဖွင့်လိုက်ပြီး အထဲမှာဝင်ထိုင်လိုက်ကြသည်။ -
"Coffeeသောက်မလား ငါဖျော်ပေးမယ်။"
"နေပါကွာ....မင်းအခုစိတ်သက်သာရာရပြီလား။ "
-ဘာမှမပြောဘဲ ပြုံးသာပြသည်။ -
"ဂိုထောင်သော့တော့ hyungကယူသွားတယ်ကွ။
စားစရာမရှိဘူး...."
"ဘာအရေးလည်း.... ဟိုဘက်လမ်းက တော့ပိုကီကစားကောင်းတယ်တဲ့....ဝယ်ကျွေးရမလား။ "
"Wow!!
ငါတို့ကင်မ်ဂျွန်ဂယူလေးအကောင်းဆုံးဘဲကွ။ "
"မဟုတ်တာကို....
ဘာစားကြမလည်း...."
"Cheese totbokki"
"ကောင်းသားဘဲ....
မင်းတို့ရော"
"တူတူဘဲ.... "
"ဟုတ်ပြီ..."
-ထိုသို့ပြောကာ Junkyuနှင့် kaiကထွက်သွားလေသည်။ soobinက ရေခဲမုန့်ဝယ်ရန်ထွက်သွားသည်။  taehyunကတော့ ဆိုင်ပြင်မှာထွက်ရပ်နေသည်။ -
"Taehyun na!! "
" ခင်ဗျားဘာလာလုပ်ပြန်တာလည်း။
ကျွန်တော့်နောက်ကိုလိုက်နေတာလား။? "
"ကိုယ်မင်းနောက်လိုက်နေတာ....ဟုတ်တယ်.... ကိုယ်လိုက်လာခဲ့တယ်...မင်ကိုရှင်းပြမလို့...."
"ဘယ်လိုဇာတ်လမ်းတွေလာအုံးမလို့လည်း..."
"စိတ်အေးအေးထား ထယ်ဟျွန်း....
တစ်ဖက်သတ်အမြင်နဲ့မကြည့်ပါနဲ့..."
"အခု...အခုကျွန်တော့်ကို.... တကိုယ်ကောင်းဆန်တယ်လို့ပြောချင်တာလား။ "
"မဟုတ်ဘူး taehyun!
ကိုယ်...ကိုယ်...တောင်းပန်ပါတယ်....အခုချိန်မှာ ကိုယ့်ကိုယုံကြည်မှဖြစ်မယ်..."
-ပြောရင်းဖြင့် ထယ်ဟျွန်းလက်ကိုဆွဲကိုင်လိုက်သည်။ -
"တော်ပါတော့....
ခင်ဗျား အမှန်တရားကို သေချာရှင်းပြနိုင်မှ ဆက်ပြောကြတာပေါ့။ "
-beomgyu၏လက်ကိုခါချကာ လမ်းတဖက်က kaiတို့ဆီကို လမ်းကူးလိုက်သည်။ -
Someone POV:
"ဟက်!
သိပ်ကိုချစ်တတ်နေပြီပေါ့ ဘောမ်ဂယူ....
မင်းသိပ်ချစ်နေတဲ့လူက ငါဖြစ်ရမှာ သူမဟုတ်ဘူး။ မင်းချစ်တဲ့လူက ငါတစ်ယောက်ဘဲရှိရမယ်။ *
-ရဲနေတဲ့မျက်လုံးများဖြင့် ကားကိုအရှိန်တင်ကာ တဟုန်ထိုးမောင်းလာခဲ့သည်။ -
Soobin POV:
-ရေခဲမုန့်ဝယ်ကာ taehyunဆီပြန်လာနေတုန်း beomgyuနှင့်စကားပြောနေသည်ကိုတွေ့လိုက်ရသည်။ ထို့အပြင် ကားတစ်စီးကိုမှီကာရပ်သောyeonjunကိုတွေ့လိုက်ရသည်။ ဒီလူတွေက တကယ်ဒုက္ခပေးတဲ့လူတွေဘဲ....။ -
-beomgyuတို့နားသို့ လျှောက်သွားချိန်....
ဒုန်း...ဘုန်း။
ကျွီ့......။
- soobinလက်ထဲကရေခဲမုန့်ပြုတ်ကျသွားလေသည်။ -
Taehyun POV:
-beomgyuကို ကျောခိုင်းပြီးပြေးထွက်လိုက်သည်။
လမ်းတစ်ဝက်သို့ရောက်ရောက်ချင်း ရပ်ထားသောကားများထဲမှ တစ်စီးသည်အရှိန်တင်ကာရောက်လာသည်။ ရှောင်ရန်လည်းမမှီတော့ပေ။-
"Kang Taehyun!!!!"
- အရှိန်ဖြင့်ရောက်လာသောကားဆီမှtaehyunကို လက်ဖြင့်လှမ်းဆွဲရန်လည်းမမှီသဖြင့် ခန္ဓာကိုယ်ဖြင့်ဝင်ကာလိုက်သည်။ ခန္ဓာကိုယ်သေးသေးလေးအား ဆွဲဖက်လိုက်ပြီး ရင်ခွင်ထဲထည့်လိုက်သည်။ -
-ထို့အပြင်အရှိန်မထိန်းနိုင်ဘဲ နှစ်ယောက်လုံးလည်သွားသည်။ -
ဒုန်း...ဘုန်း။
ကျွီ့......။
.
.
.
*FOREVER*
နောက်တစ်ပိုင်းလာရင်လာနိုင်ပါတယ်။
မလာဖြစ်ရင်လည်းခွင့်လွှတ်ပါ။
#jerry
Continue Reading
You'll Also Like
17.5K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
442K 62.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
23.8K 3K 34
53.9K 9.4K 46
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...