When The Time Passed (Complet...

By ANyiTaw

22.3K 2.3K 987

From -1890 To..... ဂုဏ်ဒြပ်တွေ မ မက်မောတဲ့ မင်းဟာ ကိုယ်ဆိုတာဘာမှမဟုတ်တဲ့ လူဆိုတာလည်း မေ့ထားပုံပေါက်ပါတယ်။ ဂု... More

အခန်း (၁)
အခန်း(၂)
အခန်း (၃)
အခန်း (၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း(၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
🚫အခန်း (၂၃) 🚫short part
အခန်း (၂၄)
Dear Readers✨
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၁)
အခန်း (၃၀)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)
အခန်း (၃၈)
အခန်း (၄၀) ( Final ep )

အခန်း (၃၉)

249 24 4
By ANyiTaw


အချစ်ဟူသည် “လိုက်လေ ပြေးလေ” ဆိုသည်မှာ ငြင်းဖွယ်မရှိ။

တစ်ခုနွေရာသီကျောင်းပိတ်ရက်က ပေါ့ပါးပျော်ရွှင်သော ကလေးငယ်သည် တစ်စုံတစ်ရာသော အတိတ်တို့ကိုယူဆောင်လာခဲ့ပြီးသကာလ မေ့လျော့နေ‌သူမောင်၏ ရင်ဘတ်စည်ကို တီးခတ်ခဲ့ဖူးသည်။

နှစ်များကြာကြာ ရှာဖွေခဲ့သော အတိတ်တို့က  ပိတ်ကားထပ်က ပြရုပ်တွေလို ထင်းလင်းလာခိုက် ထိုကလေးငယ် ပြန်လာမယ့် နေ့ရက်တိုင်းကိုမျှော်လင့်နေခဲ့ဖူးသည်။

တစ်နွေလည်းကုန်
‌တစ်မိုးလည်းပြီး
တစ်ဆောင်းလည်းကူး သောအခါများသည် မည်မှလောက်ကြာသွားခဲ့လဲမသိ။ အိမ်က ပြက္ခတိန်တစ်ချို့တော့ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်ကိုသတိထားမိ၏။

တစ်ရံသော်.....
ဆောင်းတွင်း၏အအေးဓာတ်တွေကို ဖြိုခွင်းနိုင်စွမ်းရှိတဲ့ မေတ္တာဓာတ်တို့သည် ဒီနှစ်၌ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့သည်။

သို့သော်ငြား ယင်းကလေးငယ်သည် လူလုံးပေါက်လာသည်နှင့်အညီ ကလေးတွေးတို့နှင့်အတူ တစ်ချို့သောအတိတ်တို့ လက်ဆုပ်ကိုင်ထားခြင်းမရှိတော့ပေ။

ထိုအတိတ်များတွင် သူ၏ မက်မောလှစွာသော တန်ဘိုးထားရာ အမှတ်တရများ အပါအဝင်ဖြစ်ရာ အနှီလူကြီးလေးကတော့ သူ့အား ထပ်မံမေ့လျော့သွားနေသည်ကို ရင်နင့်ဖွယ် သိရှိလိုက်ရပြန်သည်။

ထို့ကြောင့် အချစ်ဟူသည်

“လိုက်လျှင် ပြေးတတ်သော သဘာဝ ရှိသည်။”

-------------------------

မနက်ကတည်းက ခေါင်းတွေမူးရီနေပြီး တစ်ချက်တစ်ချက် ကိုက်ခဲနေသည်ကိုခံစားမိတာမို့ ဆေးကြိုသောက်ထားလိုက်ရသည်။ တော်ကြာ ကောင်လေးငယ်ကို ဂရုစိုက်ရမည့်အရေးမှာ မရနိုင်ပဲရှိလိမ့်တော့မည်။

သူ စောစောနှိုးနေတာကြောင့် အိပ်နေတဲ့ Win ရဲ့နဖူးနဲ့လည်ပင်းတွေကိုစမ်းကြည့်လိုက်သည်။ ထိုအခါ အပူလျော့နေတာကြောင့် စိတ်သက်သာရာ ရသွားတာမို့ အချိန်ရှိခိုက် လမ်းထောင့်က မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးသွားဝယ်ဦးမည်ပင်။ ဒီကောင်လေးနိုးလာရင် မန္တလေးမြို့ရဲ့ မုန့်ဟင်းခါးစစ်စစ်ကို မြည်းစမ်းစေချင်သည့်စေတနာပင်ဖြစ်သည်။

နေထွက်လာတဲ့အလင်းရောင်နဲ့အတူ လမ်းပေါ်က မနက်စာဆိုင်ကလေးများ၊ကုန်စုံဆိုင် များဖွင့်နေကြပြီး လူကြီးပိုင်းများအလုပ်ခွင်ဝင်ဖို့ပြင်ဆင်နေကြသည်ကိုလည်းတွေ့ရသည်။

မနက်စောစောနိုးထရခြင်းသည် အာရုံစူးစိုက်မှုအားကောင်းပြီး အင်မတန်မှ လတ်ဆတ်လန်းဆန်းသော လေခိုးလေငွေ့တို့ကိုလည်း တစ်ဝကြီးရှုရှိုက်နိုင်သည်။ ယခုလိုအချိန်၌ မန္တလေးသည် မြူနှင်းများကျလျှက်ရှိပြီး အဝေးတစ်နေရာကိုလှမ်းကြည့်လျှင် မည်သည့်အရာမှမမြင်ရသေးပေ။

Bright အိမ်ကလူတွေအတွက် မုန့်ဟင်းခါး အစောစွာ‌သွားဝယ်ရသည်။ နို့မို့ဆိုလျှင် ဆိုင်က လူတစ် တာ‌ကြောင့် မကျန်တော့မည်ကိုလည်း စိုးရသေးသည်။

အိမ်ရောက်တော့ ပန်းကန်နဲ့စနစ်တကျထည့်ပြီး အပေါ်ထပ်က Win အခန်းထဲကိုသယ်သွား၏။ သည်ကောင်လေးနိုးလာလျှင်လည်း ချက်ချင်း တိုက်ရအောင်အတွက်။

" နှိုးနေတာလား "

ထိုင်နေတဲ့ Win ကိုမြင်တော့ အနည်းငယ်တော့ စိတ်ပူသွားရသေးသည်။ ‌ဤကောင်လေး အိပ်မက်ဆိုးတွေများထပ်မက်ပြန်ပြီလား။ သို့နှင့် သူ့ကိုကြည့်နေသော မျက်လုံးငယ်တို့က မည်သည့်အရာကိုဖော်ညွှန်းနေသည်မှန်းမသိရတဲ့အထိ ကြောင်လွန်းနေသည်။

မုန့်ဟင်းခါးပန်းကန်ကိုစားပွဲပေါ်မှာချပြီး သူ့နားဝင်ထိုင်ကာ လက်တွေနဲ့ မျက်နှာအနှံ့ကို စမ်းကိုင်လိုက်သည်။

" အေးနေတာပဲ ... "

Bright ပြာသလဲလဲ ဗီရိုကိုသွားဖွင့်ပြီး အနွေးထည်တစ်ထည်ကိုထုတ်ယူဖို့ကြိုးစားနေသည်။ ထို့နောက် ပြာနက်‌ရောင် ဆွယ်တာကိုယူလာခဲ့ပြီး ထိုကောင်လေးကိုဝတ်ပေးလိုက်ရသည်။ လက်တွေကိုလည်း ပွတ်ပေးပြီး အပူဓာတ်ရအောင်လုပ်ယူနေရသေးသည်။

" ပြန်အိပ်မလား စောသေးတယ် "

" ကျွန်တော်... ဗိုက်ဆာ‌တယ် "

Win ရဲ့ ခပ်သေးသေးအသံလေးဟာ Bright အတွက်တော့ အင်မတန်မှ ဂရုဏာသက်စရာ ကောင်းလွန်းလှတာမို့ အမြန်ပဲ မုန့်ဟင်းခါးပန်းကန်ကို ထယူပြီး အနားမှာသေချာပြန်ထိုင်သည်။

" ခုကောမုန့်ဟင်းခါးကြိုက်လား... ငယ်ငယ်တုန်းကတော့ တအားကြိုက်တာမင်းက "

Bright ကစကားပြောရင်းပြုံးကာ ပန်းကန်‌ထဲက မုန့်ဟင်းခါးပူတွေအေးဖို့ရာ ဇွန်းနဲ့ မွှေနေတော့သည်။

" အရင်က ကျွန်တော်ကကော... မုန့်ဟင်းခါးကြိုက်တာပဲလား "

Win က Bright ကိုကြည့်ပြီး မဝံ့မရဲမေးရှာသည်။ ထိုအမေးသည် Bright ရဲ့အသိစိတ်ကိုပြန့်လွှင့်စေပြီး နှစ်များစွာဆီအလည်အပတ်ထွက်သွားသလိုပင်။

" ဟင့်အင်း "

အဖြေတစ်ခုကိုသေချာတော့ သူ့ကိုကြည့်ပြီး ကြင်နာစွာသောအပြုံးတို့ဖြင့်

" အရင်ကမင်းက မနက်စာကို ထမင်းဆီစမ်း ပဲစားတယ်... မုန့်ဟင်းခါးသိပ်မကြိုက်ဘူး "

သူ့အဖြေကို Win ဟာအသာအယာပြုံးရင်းသဘောကျနေသလိုပင်။ ဒီကောင်လေးဘာအိပ်မက်တွေမက်ပြန်ပြီလဲမသိပေမယ့် ထူးဆန်းနေသည်မှာတော့ အမှန်။

" ဂုတ်တွေလေးနေသေးလား "

မုန့်ဟင်းခါးတစ်ဝက်ကျိုးလာတော့ Bright ဟာ ဆေးလူးပေးမလို့ထင်ပါသည်။

" ဟုတ် နည်းနည်းလေးတော့ဖြစ်တယ် "

" ‌ဒါဆို ဒါသောက်ပြီး ဆေးလူးပေးမယ်နော် "

အသေးစိတ်ကအစ ဂရုစိုက်ပြီး Bright ရဲ့ဦးနှောက်ထဲမှာ Win အတွက်ပဲ အချိန်ဇယားတွေချထားသလိုပင် ခံစားရသည်။ သည် ဦးလေးသည် သူ့ကိုဂရုစိုက်ပေးနေသည်မှာ အမေ့ကြောင့်လည်းမဟုတ် ၊ တာဝန်ကြောင့်လည်းမဟုတ်ပဲ မေတ္တာကြောင့်ဆိုသည်မှာ မျက်လုံးများအကြည့်များဆီမှ အတိုင်းသားမြင်နေရသည်။

သို့နှင့် သူ့အိပ်မက်ထဲက တုံးတိတိအသံပိုင်ရှင်သည် ဦးလေး များဖြစ်နေရောလား။

သို့သော်ငြား သူသည် အစွဲအလမ်းကြောင့် ထင်ယောင်ထင်မှားဖြစ်သည် ဟုထင်မိပါသေးသည်။ ဦးလေးသည် သူ့ဘေးနားမှာ မငြီးမငြူပဲ စကားများစွာပြောရင်း ပြုစုနေသူမို့ တုံးတိတိ အသံပိုင်ရှင်သည် ဦးလေး ဖြစ်သည်ဟုဆို၍မရပြန်။ 

နေမကောင်းတာကြောင့် ရုတ်တရပ် ဝင်လာသည် စကားသံများသာဖြစ်သည်ဟု တွေးမိသည်။ လူတွေက နေမကောင်းရင် ထင်ယောင်ထင်မှားတွေဖြစ်တတ်ကြသည်ပဲမို့လား ။

-------------------

ဘယ်လောက်ပဲနေမကောင်းနေသည်ပဲဆိုစေကာမူ ကုတင်ပေါ်မှာပဲ အချိန်ပြည့်လှဲမနေချင်တာကြောင့် ဝရံတာမှာထွက်ထိုင်နေမိသည်။
အချိန်ကားနေ့လည်ခင်းဖြစ်တာကြောင့် တိတ်ဆိတ်နေသောပတ်ဝန်းကျင်သာရှိနေသည်။

သို့သော်လည်းမကြာခင်ကလေးငယ်များ လမ်းမထက်တွင်ပြေး‌လွှားဆော့ကစားနေသည်ကိုလည်းမြင်ရသည်။ ကတ္တရာလမ်းမဟုဆိုစေကာမူ ချိုင့်ဝှမ်းများဟိုဟိုဒီဒီ ရှိ‌တာကြောင့် ကလေးတွေပြေးကြလွှားကြရင်း ပစ်လဲကြကာ ငိုသံများကိုပါကြားနေရသည်။ ဤရပ်ကွက်၌ ကလေးအတော်များပါ၏။

Win မှာလည်း လုပ်စရာထွေထွေထူးထူးမရှိတာကြောင့် သူတို့ရဲ့ဖြစ်စဉ်တွေကိုပဲထိုင်ကြည့်နေတော့၏။ ဦးလေးက သူ့ရဲ့တောင်းဆိုမှုကြောင့် ပြုစုနေရာမှ ခဏနားဖို့ထွက်သွားသည်ဖြစ်၏။ ယခုတော့ ခြံထဲက ပိတောက်ပင်အောက်က ကုတင်ပေါ်ဝယ် လှဲလျောင်းမှေးစက်နေ၏။

ထိုနေရာသည် နေရောင်အနည်းငယ်သာကျနေပြီး ဆောင်းတွင်းမှာ အင်မတန်နေချင့်စဖွယ် ဖြစ်နေပါ၏။

Win ပတ်ဝန်းကျင်ကိုကြည့်နေရင်းမှ ခလုတ်ဖုန်းလေးအသံမြည်လာတာမို့ သူလည်း သွားကိုင်လိုက်၏။

" ဟုတ်ကဲ့ ကိုကြီး ၊ ကားဂိတ်ကပဲချမှာမို့လား.. အိမ်မှာပဲခဏထားလိုက်ဦးမယ် ဒါဆိုလည်း....ဟုတ်တယ်...ကျွန်တော် ဆိုင်မရှာရသေးဘူး...ဝန်ထမ်းတွေလည်းလိုသေးတာလေ.... ရတယ် အဲ့တာက...အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုဆီ ကိုအချက်အလက်တွေတော့ပေးထားနှင့်ပြီမို့... သူတို့ဘက်ကအကြောင်းပြန်စာမရသေးရင်လည်း ကျွန်တော့်ဘာသာ ဆိုင်ဖွင့်ထားနှင့်လည်း အဆင်ပြေတာပဲ.... ရပါတယ်...ဒါပဲနော် "

ကိုကြီးထံမှ အခြေအနေဖုန်းဆက်မေးတာကြောင့် ခဏလောက်အစီအရင်ခံလိုက်ရသေးသည်။ သူကိုယ်တိုင်က အထည် စိတ်မဝင်စားပေမယ့် မိသားစုစီးပွားရေးပုံစံလုပ်ချင်တာမို့ ဆိုင်ခန်းတွေပိုသာချဲ့ထွင်ချင်မိသည်။

ဆိုင်ခန်းကတော့မရှာရသေးတာ‌မို့ ပစ္စည်းရောက်‌ပြီးပြီးချင်း အခန်းငှားဖို့လုံးပမ်းရဦးမည်ဖြစ်သည်။ ကိုကြီးပြောပုံအရတော့ နောက် တစ်ပတ်လောက်နေရင် အကုန်ပို့လိုက်မည့်အသွင်ပင်။

သူဖုန်းပြောအပြီး ဝရံတာကိုထပ်ထွက်လာတော့ စောနက ကလေးတွေသည် ခြံထဲရောက်လာကာ ဦးလေးနဲ့အတူ ဆော့နေသည်ကိုတွေ့လိုက်ရ၏။

သူနဲ့နည်းနည်းလှမ်းတာမို့ ဦးလေးရဲ့စကားတွေကိုမကြားရပေမယ့် ကလေးတွေရဲ့အသံကတော့ အံ့ဩလောက်ပါပေသည်။ ဒုတိယထပ်က သူ့ဆီထိ လွှင့်ပျံ့လာတော့သည်။

" မီးမီးကလေး ကိုကို့ကို တအားချစ်တာ အိမ်‌လိုက်ခဲ့နော် "

ထိုထဲမှ ဆံကျစ်စည်းထားပြီးအသံစွာတာတာ‌နဲ့ ကလေးမလေးသည် လူသာငယ်တာ စကားတအားတတ်တာမို့ ဦးလေးသည် ထိုကလေးမလေး စကားတိုင်းကိုသဘောတကျရယ်မောနေလေသည်။

ထိုကလေးများသည် ဦးလေးကို အမျိုးမျိုးပြောလိုက် သူတို့ဆော့တာကို ဦးလေးကထိုင်ကြည့်လိုက်နဲ့ အတော်တည့်နေကြသည်။ ကြည့်ရတာ အရင်ကတည်းက ဝင်လေ့ထွက်လေ့ရှိကြသည်ထင်ပါသည်။ ကလေးတွေသည် အနည်းငယ်မှ လန့်ခြင်းမရှိကြသလို ကလေးမိဘများသည်လည်း မူကြိုကျောင်းလွှတ်ထားသလိုပင် လာမခေါ်ကြသေး။ Win ကြည့်နေသည်မှာ တစ်နာရီလောက်ကြာလောက်ပြီဖြစ်သော်လည်း ကလေးတွေကလည်း အားအင်ကုန်ခမ်းခြင်းမရှိကြသေးပြန်။

သို့သော် ဦးလေးသည် ကောင်းကောင်းအနားမယူရသေးသလို အိပ်ချင်မူးတူးရုပ်‌ကလေးဖြစ်နေသည်။ ကြည့်ရတာ ကလေးတွေက အတင်းလာနှိုးသည်ထင်ပါရဲ့။ သို့သော် ကြည့်တဲ့သူသာ ပင်ပန်းသညိ ဦးလေးကတော့ ကလေးတွေကိုအတော်စိတ်ရှည်ပေးနေသည်ကို တွေ့ရသည်။

ကျွန်တော်ကြည့်နေရင်းမှ ဦးလေးက သတိထားမိသည်ထင် ကျွန်တော့်ကိုမော့ကြည့်လာတော့သည်။ ကျွန်တော်လည်း မျက်စိလွှဲရပေမည်လား အခန်းထဲပဲပြေးဝင်ရမည်လား မဆုံးဖြတ်ခင်မှာပဲ ဦးလေးက လက်လှမ်းလွှဲပြသည်။

" နှိုးနေပြီလား "

ကလေးတွေရဲ့အသံတွေတိတ်သွားပြီး ဦးလေးလှမ်းပြတဲ့ကျွန်တော့်ဆီလှမ်းကြည့်လာကြတော့ ကျွန်တော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် ဦးလေးက ကလေးတွေကို ဖင်ပုတ်ခေါင်းပုတ်ပြီး အပြင်ကိုခေါ်ထုတ်သွားသည်။ ပြန်ဝင်လာတဲ့အခါ ကလေးတွေပါမလာတော့ပဲ ဦးလေးသာ ကျွတ်ကျွတ်အိတ်အထုပ်‌လေးတစ်ခုနဲ့ အိမ်ထဲဝင်လာ၏။

" Win "

မကြာခင် အခန်ပေါက်နားက တံခါးခေါက်သံနဲ့အတူ ဦးလေးရဲ့ ခေါ်သံကိုပါကြားတာမို့ အလျင်ပဲ တံခါးဖွင့်ပေးလိုက်၏။

" ကြာပြီလား နှိုးနေတာ... "

ဦးလေးက အမြန်ပဲအခန်းထဲဝင်လာပြီး စားပွဲပေါ်မှာ ထိုအထုပ်လေးကိုတင်လိုက်သည်။ ဦးလေး ကတော့ ချွေးစို့နေပေမယ့် သူကတော့ အေးစက်နေသည်။

" မက်မန်းသီးသုပ် ကြိုက်လား ၊ အပျင်းပြေစားရအောင်ဝယ်လာတယ် "

ဦးလေးက ကြမ်းပြင်မှာထိုင်ရင်း မတ်တပ်ရပ်နေတဲ့သူ့ကိုမော့ကြည့်ပြီးပြောသည်။ ဦးလေးရဲ့ မျက်နှာမှာ ဖုန်မှုန်တွေနဲ့ အိုးမဲတွေပေနေတော့ ဒါကလေးတွေလက်ချက်ပဲဆိုတာ သိလိုက်ရသည်။

Win ဦးလေးနဲ့အတူ မျက်နှာချင်းဆိုင်မှာထိုင်ရင်း ပါးမှာပေနေတဲ့ အိုးမဲကွက်ကိုကြည့်နေမိသည်။

" ဘာလို့လဲ မကြိုက်ဘူးလား "

" မဟုတ်ဘူး.. မျက်နှာမှာ ပေနေတယ် "

Bright လည်း Win စကားကြောင့် ပါးနှစ်ဘက်လုံးကိုပွတ်လိုက်ပေမယ့် ကြည့်ရတာအလုပ်မဖြစ်ဘူးထင်ပါသည် ၊ Win သည် သူ့အဖြစ်ကိုကြည့်ရင်း ရယ်မိမတတ်ပြုံးနေတော့သည်။

" ဒီနားမှာ "

Win က သူ့လက်မနဲ့ ဦးလေးပါးပေါ်မှာကပ်ညိနေတဲ့ ဖုန်မှုန့်နဲ့အိုးမဲကွက် ကိုသေချာ ဖိဖယ်ပေးနေသည်။ Bright မှာ နှုတ်ခမ်းတို့မှာ အပြုံးဆင်ပြီး မျက်လုံးတို့မှ ကြည်နူးရိပ်ဝေကာ အတော် သဘောကျနေပုံပင်။

ထိုခဏတာသောအထိအတွေ့လေးသည် နှစ်များစွာ စောင့်ခဲ့ရပြီးပြီမို့ စောင့်ရကျိုးနပ်လေသည်။ တကယ်တော့ လက်အမူအယာ အနည်းငယ်ကွဲလွဲသည်ပဲဆိုဆို မေတ္တာဓာတ်ချင်း၊ စိတ်ဝိညာဉ် ချင်း တူနေသည်မို့ အတိုင်းထက်ဆုံး နွေးထွေးရသည်။

" ပြီးပြီ "

" ခေတ်ခေတ် လုပ်သွားတာထင်တယ်... ဟိုဘက်အိမ်က ကလေးမလေး....."

" ဪ "

" စပ်တယ်နော် ဒါပေမယ့် တကယ် ကောင်းတယ် မင်းကလူငယ်ဆိုတော့ ကြိုက်မှာပါ "

ဦးလေးက သူ့ရှေ့ကို ထိုအသုပ်ထုပ် တိုးပေးရင်းပြောသည်။
Win က အသုပ်ဆိုလျှင် အကုန်ကြိုက်သည်။ ယခုလည်း ငပိနဲ့ပဲမှုန့်များများပါတဲ့ မက်မန်းသီးသုပ် ကိုကြည့်ရင်း သွားရည်ပင် ကျချင်လာသလို။

သူ တစ်ခုကိုစားလိုက်တော့အရသာမှာ ရှယ်ကောင်းပြီး နွေရာသီကိုတောင်လွမ်းဆွတ်သွားစေသည်။ အချဉ်ဓာတ်ပါတာမို့ သူ့ရဲ့ညစ်ထွေးနေတဲ့ ဦးခေါင်းကိုပင် သက်သာစေထင်ပါသည်။ သူ့အတွက် အစပ်ကမပြောပလောက်ပေမယ့် နည်းနည်းချင်းစားနေတဲ့ ဦးလေးရဲ့ နှုတ်ခမ်းတွေဟာနီရဲ‌နေပြီး နှုတ်ခမ်းအပေါ်နားမှာ ချွေးသီးလေးတွေ စို့ထွက်နေတော့သည်။

" ဦးလေးက အစပ်မစားနိုင်ဘူးပေါ့ *

Win အမေးကို Bright က ခေါင်းခါပြီး ရေခဲသေတ္တာထဲက ရေဗူးကိုယူကာ မော့သောက်တော့သည်။ တရှူးရှူးဖြစ်နေတဲ့ Bright ဟာ Win အတွက်တော့ တကယ့် စချင်စရာလေးပင်။

" ခွှမ်း ! "

ရုတ်တရပ်အောက်ထပ်က အသံကျယ်ကျယ်နဲ့အတူ ကလေးငိုသံပါဆင့်ထွက်လာတော့ Bright ကော Win ပါအလန့်တကြားပြေးဆင်းသွားမိသည်။

အောက်ထပ်ရောက်တော့ Bright အခန်းပေါက်မှာ လဲကျနေတဲ့ ခေတ်ခေတ်ကိုတွေ့ရသည်။ ခေတ်ခေတ် တင်မဟုတ်ပဲ Bright အခန်းပေါက်မှာထားထားတဲ့ အလှ ပန်းအိုးကြီးလည်းကျကွဲနေပြီး ရေတွေ၊ပန်းတွေနဲ့အတူ ကြွေကွဲစတွေပါရှိနေတာမို့ Bright လည်းကလေးဖြစ်သူကိုအတော်စိတ်ပူကာ အမြန်ဆွဲထူလိုက်ရသည်။

ကလေးကအဆင်ပြေပေမယ့် ဖိနပ်မပါတဲ့ Bright ရဲ့ခြေဖဝါးတွေတော့ ဖိလိုက်ရင် စူးကနဲ စူးကနဲ နာကျင်နေတော့သည်။

" ခေတ်ခေတ် အဆင်ပြေရဲ့လား "

မကြာခင် အိမ်အပြင်က ကလေးတွေပါ ဝင်လာပြီး Bright ရဲ့ ရင်ဘတ်ထဲမှာ ငိုနေတဲ့ ကလေးကိုဝိုင်းကြည့်နေကြ၏။

" ဘယ်လိုဖြစ်တာလဲ ခေတ်ခေတ်ရ "

ကလေးလေးရဲ့ လက်ကလေးမှာလည်း သွေးစလေးတွေစို့နေတာမို့ ငိုလျှက်သာငိုပြီး စကားပင်မပြောနိုင်ရှာ။ လန့်သွားသည်ထင်ပါသည်။

မကြာခင် ခေတ်ခေတ် အမေရောက်လာပြီး ကလေးကို ပွေ့ယူသည်။

" ညည်းဆော့လှချေလား အဲ့လောက်တောင်... တောင်းပန်ပါတယ် အကိုရယ်... ညီမ ဘယ်လောက်ပေးရမလဲဟင် "

အမေဖြစ်သူမှာ ကလေးကိုပူသောတစ်ပူနှင့် သူများရဲ့ တန်ဘိုးကြီးပစ္စည်းပါကွဲသွားတာကြောင့် အင်မတန် အမောစို့နေသလိုပင်။

" ရပါတယ်... ကလေးကို ဆေးထည့်ပေးလိုက်ပါဦး သိပ်မဆူပါနဲ့ လန့်သွားတယ်ထင်တယ် "

ဦးလေးက ကလေးအမေနဲ့စကားပြောနေတုန်း ကြွေကွဲစတွေကြားမှာ ကျနေတဲ့ စာအုပ်ဟောင်းတစ်အုပ်ကိုလည်းတွေ့လိုက်ရသည်။ ထို့ကြောင့် Win လည်း ကောက်ယူလိုက်တော့ အောက်ကရေတွေပါ အိပြီး ကျလာသည်။

စာအုပ်မှာ ဒိုင်ယာရီ ဟုရေးထားပြီး အတော်ဟောင်းနေသည်ထင်သည်။ စာရွက်သားတွေမှာ ကြွပ်နေသည်။ ပြီးတော့ ရေတွေရွှဲသွားတာမို့ စာရွက်အချို့လည်းပျက်နေပြီးဖြစ်သည်။

ကလေးနဲ့အမေ နှစ်ယောက်ပြန်ထွက်သွားတော့ ဦးလေးက Win ကိုလှည့်ကြည့်လာသည်။

" ဒါက..... "

Win က သူ့လက်ထဲကရင်းနှီးနေတဲ့ စာအုပ်ကိုလက်ညိုးထိုးပြပြီးမေးတော့ ဦးလေး အကြည့်တွေမှာ စိုးထိတ်မှုတွေကို ‌ခံစားမိလိုက်သည်။

" ဒါကဘယ်လိုလုပ်... ဒီရောက်နေတာလဲ "

ဦးလေးရဲ့အသံတွေဟာတုန်ရီနေပြီး မျက်ရည်တွေပါ ဝဲတက်နေတော့သည်။

" ခေတ်ခေတ်က .. ဦးဦး ခန်းထဲမှာ ကာတွန်းစာအုပ်ရှိတယ်တဲ့.. ဦးဦးဖတ်ဖတ်နေတာ ကောင်းတာကို မပြဘူးတဲ့ ဒါ့ကြောင့် ဦးဦး မရှိတုန်း သွားယူပြမယ်ဆိုပြီး ယူလာတာ "

ဘေးနားက ကလေးတစ်ယောက်ရဲ့အဖြေဟာ Bright ရင်ဘတ်တစ်ခုလုံးစို့နင့်သွားစေသည်။

သည်စာအုပ်သည် သူနှစ်များစွာ မပျောက်မပျက်သိမ်းထားရတဲ့ အမြတ်တနိုးစာအုပ်လေး။ ကမ္ဘာပေါ်မှာ နောက်ထပ်တစ်အုပ်မရှိတော့တဲ့ စာအုပ်လေး။

အခုတော့ Win လက်ထဲမှာ ရေတွေနဲ့အိဖတ်ပြီး စာရွက်တစ်ချို့တောင် ပြဲကျ‌နေပြီဖြစ်သည်။

အဖြစ်အပျက်တွေများ မလိုလားပဲ ဖြစ်ပျက်နေလိုက်တာများ။

Bright သည် Win လက်ထဲကထိုစာအုပ်လေးကို တယုတယယူပြီး တိတ်ဆိတ်စွာ အပေါ်ထပ်ကိုတက်သွားတော့သည်။ထိုအခိုက်အတန့်တွင် ဦးလေး ကျောပြင်ကို ကြည့်လျှင်ပင် ဝမ်းနည်းမှုတွေကိုရိပ်မိနိုင်ပါသည်။

မကြာခင် စောနက ကလေးအမေသည် ပြန်ရောက်လာပြီး ထိုအကွဲအစအနများကိုလာရှင်းပေးပြီး ကြမ်းပြင်ကရေတွေပါ ပြောင်အောင်သုတ်ပေးသွားသည်။

Win လည်း ထိုအန်တီနှင့် လက်ခံစကားပြောပြီး ကူညီပေးလိုက်သည်။ ခဏနဲ့ပြီးသွားပြီး ဦးလေးနောက်ကိုလိုက်ဖို့ အပေါ်ထပ်တက်တော့ လှေကားမှာ ကျန်နေတဲ့ သွေးစလေးတွေကြောင့် ဦးလေးမှာ ဒဏ်ရာရထားမှန်းသတိရသွားရသည်။

ထို့ကြောင့်အောက်ထပ်က အရက်ပြန်နဲ့အနာစိမ်းလိမ်းရည် ပြီးနောက် အနာကပ်တို့ကိုတစ်ပါတည်းယူပြီး အပေါ်တက်သွားတော့၏။

ဦးလေးဟာ အပေါ်ဆုံးထပ်လေဟာနယ်မှာ ရှိနေပြီး စိုနေတဲ့စာအုပ်ကို နေလှန်းဖို့ကြိုးစားနေသည်ထင်ပါသည်။ ခြေထောက်မှာ သွေးစတွေရဲနေပေမယ့် သူကတော့ ဒီစာအုပ်ကိုသာ အရေးစိုက်နေတော့သည်။

ထို့အတူ Win မှာလည်းအလောတကြီးတက်လာရတာမို့ အနားမသွားခင် အသက်ကိုပုံမှန်ဖြစ်အောင် ရှုရှိုက်နေရသည်။

" ဦးလေး ခြေထောက်မှာ..."

သူစကားသံပြုမှ အနောက်မှာရောက်နေမှန်းရိပ်မိသည်ထင်၊ လှည့်ကြည့်လာပြီး ခေါင်းငြိမ့်ပြသည်။

ဦးလေးအနာကိုဆေးထည့်မည်ဖြစ်တာကြောင့် ဦးလေးလည်း အဆောက်အဦးအုတ်ဘောင်ပေါ်ထိုင်လိုက်ပြီး Win လှမ်းလာတဲ့ဆေးတွေကိုထည့်နေသည်။

" အဲ့စာအုပ်က... ဦးလေး ဟာလား "

ဦးလေးဘက်ကခုထိစကားတစ်ခွန်းမှပြောမလာတာမို့ မနေတတ်တဲ့ Win ကပဲစကားအစအနဖော်လိုက်ရသည်။

" မဟုတ်ဘူး... Metawin ဟာ "

ဦးလေးရဲ့အကြည့်တွေမှာ ဝမ်းနည်းရိပ်တွေကြီးစိုးနေတာကြောင့် Win မှာ ‌နှစ်သိမ့် ရခတ်နေသည်။ အထူးသဖြင့် Metawin နဲ့ပတ်သတ်တဲ့ကိစ္စတွေမှာပေါ့။

" အဲ့တာ နေလှမ်းရင် ခြောက်သွားမှာပါ... ဦးလေး အရေးကြီးရင် မိတ္တုကူးထားပေါ့.. နောက်တစ်အုပ် လိုမျိုး "

Win ရဲ့အကြံပေးချက်ကို Bright က စိတ်ဝင်စားပုံပေါ်တာကြောင့် Win လည်း နှစ်သိမ့်စရာခေါင်းစဉ်ရှိသွားသလိုပင် တက်အားတကြွ ပြောရှာသည်။

" ကျွန်တော် ဆိုင်ကောင်းကောင်းရှာပြီး ဒီလိုမျိုးတစ်အုပ်လုပ်ပေးမယ်.. အဲ့ကျ မဂ္ဂဇင်းသားနဲ့ပေါ့ ဒီလိုမပျက်တော့ဘူး "

" စာရွက်သားက တအားကြွပ်နေတာ... ဒါ့ကြောင့် ဘာမှမလုပ်ရဲဘူး "

" ဒါ့ကြောင့် ကျွန်တော် လုပ်ပေးမယ်လို့ ပြောတာပေါ့ ဦးလေး ကျွန်တော့်ကိုယုံတယ်မို့လား "

သူ့အမေးကိုမဖြေသေးပဲ ဦးလေးဟာ ကောင်းကင်ကိုမော့ကြည့်ပြီး ငြီးတွားလေသည်။

" ငါကိုကမှားတာပါ... အိပ်ရာဘေးမှာပဲ လွယ်လင့်တကူ ထားမိနေတာ..."

" ကဲပါ... ပြီးသွားပြီပဲ.."

Win  ကပြုံးရင်း Bright ကိုနှစ်သိမ့်ရှာသည်။ Bright မှာ ကံဆိုးသည်ဟုထင်ရတဲ့အခြေအနေရောက်နေတာတောင် သည်ကောင်လေး အပြုံးတွေမြင်ရရင် လူကအလိုလိုပြုံးချင်လာတာမို့ ပြန်ပြုံးမိသည်။

"...Win...."

" ဗျာ "

" ပြန်လာပေးလို့ ကျေးဇူးပါနော် "

သူတို့ရဲ့ လေထုဟာရုတ်တရပ် တိတ်ဆိတ်သွားသလို ပတ်ဝန်းကျင်ကအသံတွေဟာလည်း ရပ်တန့်သွားသလိုပင်။

သူ့စကားတွေဟာ အရင်ကအကြောင်းတွေကိုပဲ ဦးတည်နေတာမို့ Win ရဲ့ ရွှင်ပြနေတဲ့မျက်နှာလေးဟာ အနည်းငယ်တည်သွားကာ မေးခွန်းတစ်ခုကို အသည်းအသန်မေးချင်နေသည်။ သူသည် ခုထိ ထိုအကြောင်းအရာတို့ကိုစဉ်းစားမရနိုင်ပေမယ့် ဦးလေးကတော့ သူ့ကို ထိုလူလို့တစ်ထစ်ချယုံကြည်ထားပုံပင်။ ထို့ကြောင့် ထိုမေးခွန်းကိုအသည်းအသန်မေးချင်လာသလိုတစ်ဘက်မှာလည်း မေးသင့်မမေးသင့် စဉ်းစားနေရသေးသည်။

ဦးလေးဟာ သူ့ကို အင်မတန် ကြင်နူးရိပ်တို့ဝေနေသော မျက်ဝန်းတို့ဖြင့်ကြည့်လာတာမို့ မခံစားနိုင်တဲ့အဆုံးမေးချလိုက်တော့သည်။

" ဒါဆို ဦးလေးက ကျွန်တော်နဲ့ သူ့ကို ဘယ်သူ့ကို ပို လဲ "

စာအုပ်လေးရေစိုသွားတော့ သူ့ကိုတောင်မကြည့်ပဲ အပေါ်ဆုံးထပ်တက်သွားသည်။ ခုကျတော့လည်း ပြန်ရောက်လာပေးလို့ ကျေးဇူးတင်သည်တဲ့လေ။ အဲ့တော့ သူတကယ်ပဲ သိချင်မိသားပင်။ သူနဲ့Metawin  ဘယ်သူ့ကိုပိုသလဲလို့။

သူ့အမေးဟာ Bright ကိုဖြေရခတ်စေခြင်းရှိပုံမပေါ်ပဲ ဘာ့ကြောင့် ဟူသောအမေးတို့သာမျက်နှာမှာ ထင်ပေါ်နေသည်။

" ဘာကြောင့်လဲ "

" ကျွန်တော်သိချင်လို့ ၊ ဦးလေးက ကျွန်တော့်ကို အရင်ဘဝက ဦးလေးရှာနေတဲ့ ကောင်လေးလို့ပြောနေလို့ ကျွန်တော် သိချင်တာ..."

Win ရဲ့ သိချင်စိတ်ကိုဘယ်အရာကမှမတားဆီးနိုင်ခဲ့ဘူးထင်ပါသည်။ ဦးလေး မျက်ဝန်းတွေဟာ ဟိုဟိုဒီဒီရွေ့လျားနေပြီး ခန္ဓာကိုယ်ကတော့ တည်ငြိမ်လွန်းနေသည်။

" ငါ့အတွက်တော့ မင်းက ဘယ်တော့မှ မသေဆုံးခဲ့ဘူး Win... မင်းဟာ နှစ်ယောက်မဟုတ်ဘူး.... ဒါ့‌ကြောင့်လည်း ဒီအဖြေကလည်း ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး "

ဦးလေးအဖြေအပြီး၌ ကျွန်တော် ဆွိ့အ မိသွားပါသည်။

×××××××××××××××××

အခန်း (၃၉) ဤတွင်ပြီး၏။

ဒါလေးကိုအပြီးသတ်နေတာမို့ I'm Fell လေးကို နည်းနည်းချင်းစီပဲရေးသွားပေးမယ်နော် 🤍🙆

အခ်စ္ဟူသည္ “လိုက္ေလ ေျပးေလ” ဆိုသည္မွာ ျငင္းဖြယ္မရွိ။

တစ္ခုေႏြရာသီေက်ာင္းပိတ္ရက္က ေပါ့ပါးေပ်ာ္႐ႊင္ေသာ ကေလးငယ္သည္ တစ္စုံတစ္ရာေသာ အတိတ္တို႔ကိုယူေဆာင္လာခဲ့ၿပီးသကာလ ေမ့ေလ်ာ့ေန‌သူေမာင္၏ ရင္ဘတ္စည္ကို တီးခတ္ခဲ့ဖူးသည္။

ႏွစ္မ်ားၾကာၾကာ ရွာေဖြခဲ့ေသာ အတိတ္တို႔က  ပိတ္ကားထပ္က ျပ႐ုပ္ေတြလို ထင္းလင္းလာခိုက္ ထိုကေလးငယ္ ျပန္လာမယ့္ ေန႕ရက္တိုင္းကိုေမွ်ာ္လင့္ေနခဲ့ဖူးသည္။

တစ္ေႏြလည္းကုန္
‌တစ္မိုးလည္းၿပီး
တစ္ေဆာင္းလည္းကူး ေသာအခါမ်ားသည္ မည္မွေလာက္ၾကာသြားခဲ့လဲမသိ။ အိမ္က ျပကၡတိန္တစ္ခ်ိဳ႕ေတာ့ တစ္ခုၿပီးတစ္ခု ေျပာင္းလဲသြားသည္ကိုသတိထားမိ၏။

တစ္ရံေသာ္.....
ေဆာင္းတြင္း၏အေအးဓာတ္ေတြကို ၿဖိဳခြင္းနိုင္စြမ္းရွိတဲ့ ေမတၱာဓာတ္တို႔သည္ ဒီႏွစ္၌ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာခဲ့ေတာ့သည္။

သို႔ေသာ္ျငား ယင္းကေလးငယ္သည္ လူလုံးေပါက္လာသည္ႏွင့္အညီ ကေလးေတြးတို႔ႏွင့္အတူ တစ္ခ်ိဳ႕ေသာအတိတ္တို႔ လက္ဆုပ္ကိုင္ထားျခင္းမရွိေတာ့ေပ။

ထိုအတိတ္မ်ားတြင္ သူ၏ မက္ေမာလွစြာေသာ တန္ဘိုးထားရာ အမွတ္တရမ်ား အပါအဝင္ျဖစ္ရာ အႏွီလူႀကီးေလးကေတာ့ သူ႕အား ထပ္မံေမ့ေလ်ာ့သြားေနသည္ကို ရင္နင့္ဖြယ္ သိရွိလိုက္ရျပန္သည္။

ထို႔ေၾကာင့္ အခ်စ္ဟူသည္

“လိုက္လွ်င္ ေျပးတတ္ေသာ သဘာဝ ရွိသည္။”

-------------------------

မနက္ကတည္းက ေခါင္းေတြမူးရီေနၿပီး တစ္ခ်က္တစ္ခ်က္ ကိုက္ခဲေနသည္ကိုခံစားမိတာမို႔ ေဆးႀကိဳေသာက္ထားလိုက္ရသည္။ ေတာ္ၾကာ ေကာင္ေလးငယ္ကို ဂ႐ုစိုက္ရမည့္အေရးမွာ မရနိုင္ပဲရွိလိမ့္ေတာ့မည္။

သူ ေစာေစာႏွိုးေနတာေၾကာင့္ အိပ္ေနတဲ့ Win ရဲ႕နဖူးနဲ႕လည္ပင္းေတြကိုစမ္းၾကည့္လိုက္သည္။ ထိုအခါ အပူေလ်ာ့ေနတာေၾကာင့္ စိတ္သက္သာရာ ရသြားတာမို႔ အခ်ိန္ရွိခိုက္ လမ္းေထာင့္က မုန႔္ဟင္းခါးဆိုင္မွာ မုန႔္ဟင္းခါးသြားဝယ္ဦးမည္ပင္။ ဒီေကာင္ေလးနိုးလာရင္ မႏၲေလးၿမိဳ႕ရဲ႕ မုန႔္ဟင္းခါးစစ္စစ္ကို ျမည္းစမ္းေစခ်င္သည့္ေစတနာပင္ျဖစ္သည္။

ေနထြက္လာတဲ့အလင္းေရာင္နဲ႕အတူ လမ္းေပၚက မနက္စာဆိုင္ကေလးမ်ား၊ကုန္စုံဆိုင္ မ်ားဖြင့္ေနၾကၿပီး လူႀကီးပိုင္းမ်ားအလုပ္ခြင္ဝင္ဖို႔ျပင္ဆင္ေနၾကသည္ကိုလည္းေတြ႕ရသည္။

မနက္ေစာေစာနိုးထရျခင္းသည္ အာ႐ုံစူးစိုက္မႈအားေကာင္းၿပီး အင္မတန္မွ လတ္ဆတ္လန္းဆန္းေသာ ေလခိုးေလေငြ႕တို႔ကိုလည္း တစ္ဝႀကီးရႈရွိုက္နိုင္သည္။ ယခုလိုအခ်ိန္၌ မႏၲေလးသည္ ျမဴႏွင္းမ်ားက်လွ်က္ရွိၿပီး အေဝးတစ္ေနရာကိုလွမ္းၾကည့္လွ်င္ မည္သည့္အရာမွမျမင္ရေသးေပ။

Bright အိမ္ကလူေတြအတြက္ မုန႔္ဟင္းခါး အေစာစြာ‌သြားဝယ္ရသည္။ နို႔မို႔ဆိုလွ်င္ ဆိုင္က လူတစ္ တာ‌ေၾကာင့္ မက်န္ေတာ့မည္ကိုလည္း စိုးရေသးသည္။

အိမ္ေရာက္ေတာ့ ပန္းကန္နဲ႕စနစ္တက်ထည့္ၿပီး အေပၚထပ္က Win အခန္းထဲကိုသယ္သြား၏။ သည္ေကာင္ေလးနိုးလာလွ်င္လည္း ခ်က္ခ်င္း တိုက္ရေအာင္အတြက္။

" ႏွိုးေနတာလား "

ထိုင္ေနတဲ့ Win ကိုျမင္ေတာ့ အနည္းငယ္ေတာ့ စိတ္ပူသြားရေသးသည္။ ‌ဤေကာင္ေလး အိပ္မက္ဆိုးေတြမ်ားထပ္မက္ျပန္ၿပီလား။ သို႔ႏွင့္ သူ႕ကိုၾကည့္ေနေသာ မ်က္လုံးငယ္တို႔က မည္သည့္အရာကိုေဖာ္ၫႊန္းေနသည္မွန္းမသိရတဲ့အထိ ေၾကာင္လြန္းေနသည္။

မုန႔္ဟင္းခါးပန္းကန္ကိုစားပြဲေပၚမွာခ်ၿပီး သူ႕နားဝင္ထိုင္ကာ လက္ေတြနဲ႕ မ်က္ႏွာအႏွံ႕ကို စမ္းကိုင္လိုက္သည္။

" ေအးေနတာပဲ ... "

Bright ျပာသလဲလဲ ဗီရိုကိုသြားဖြင့္ၿပီး အေႏြးထည္တစ္ထည္ကိုထုတ္ယူဖို႔ႀကိဳးစားေနသည္။ ထို႔ေနာက္ ျပာနက္‌ေရာင္ ဆြယ္တာကိုယူလာခဲ့ၿပီး ထိုေကာင္ေလးကိုဝတ္ေပးလိုက္ရသည္။ လက္ေတြကိုလည္း ပြတ္ေပးၿပီး အပူဓာတ္ရေအာင္လုပ္ယူေနရေသးသည္။

" ျပန္အိပ္မလား ေစာေသးတယ္ "

" ကြၽန္ေတာ္... ဗိုက္ဆာ‌တယ္ "

Win ရဲ႕ ခပ္ေသးေသးအသံေလးဟာ Bright အတြက္ေတာ့ အင္မတန္မွ ဂ႐ုဏာသက္စရာ ေကာင္းလြန္းလွတာမို႔ အျမန္ပဲ မုန႔္ဟင္းခါးပန္းကန္ကို ထယူၿပီး အနားမွာေသခ်ာျပန္ထိုင္သည္။

" ခုေကာမုန႔္ဟင္းခါးႀကိဳက္လား... ငယ္ငယ္တုန္းကေတာ့ တအားႀကိဳက္တာမင္းက "

Bright ကစကားေျပာရင္းၿပဳံးကာ ပန္းကန္‌ထဲက မုန႔္ဟင္းခါးပူေတြေအးဖို႔ရာ ဇြန္းနဲ႕ ေမႊေနေတာ့သည္။

" အရင္က ကြၽန္ေတာ္ကေကာ... မုန႔္ဟင္းခါးႀကိဳက္တာပဲလား "

Win က Bright ကိုၾကည့္ၿပီး မဝံ့မရဲေမးရွာသည္။ ထိုအေမးသည္ Bright ရဲ႕အသိစိတ္ကိုျပန႔္လႊင့္ေစၿပီး ႏွစ္မ်ားစြာဆီအလည္အပတ္ထြက္သြားသလိုပင္။

" ဟင့္အင္း "

အေျဖတစ္ခုကိုေသခ်ာေတာ့ သူ႕ကိုၾကည့္ၿပီး ၾကင္နာစြာေသာအၿပဳံးတို႔ျဖင့္

" အရင္ကမင္းက မနက္စာကို ထမင္းဆီစမ္း ပဲစားတယ္... မုန႔္ဟင္းခါးသိပ္မႀကိဳက္ဘူး "

သူ႕အေျဖကို Win ဟာအသာအယာၿပဳံးရင္းသေဘာက်ေနသလိုပင္။ ဒီေကာင္ေလးဘာအိပ္မက္ေတြမက္ျပန္ၿပီလဲမသိေပမယ့္ ထူးဆန္းေနသည္မွာေတာ့ အမွန္။

" ဂုတ္ေတြေလးေနေသးလား "

မုန႔္ဟင္းခါးတစ္ဝက္က်ိဳးလာေတာ့ Bright ဟာ ေဆးလူးေပးမလို႔ထင္ပါသည္။

" ဟုတ္ နည္းနည္းေလးေတာ့ျဖစ္တယ္ "

" ‌ဒါဆို ဒါေသာက္ၿပီး ေဆးလူးေပးမယ္ေနာ္ "

အေသးစိတ္ကအစ ဂ႐ုစိုက္ၿပီး Bright ရဲ႕ဦးေႏွာက္ထဲမွာ Win အတြက္ပဲ အခ်ိန္ဇယားေတြခ်ထားသလိုပင္ ခံစားရသည္။ သည္ ဦးေလးသည္ သူ႕ကိုဂ႐ုစိုက္ေပးေနသည္မွာ အေမ့ေၾကာင့္လည္းမဟုတ္ ၊ တာဝန္ေၾကာင့္လည္းမဟုတ္ပဲ ေမတၱာေၾကာင့္ဆိုသည္မွာ မ်က္လုံးမ်ားအၾကည့္မ်ားဆီမွ အတိုင္းသားျမင္ေနရသည္။

သို႔ႏွင့္ သူ႕အိပ္မက္ထဲက တုံးတိတိအသံပိုင္ရွင္သည္ ဦးေလး မ်ားျဖစ္ေနေရာလား။

သို႔ေသာ္ျငား သူသည္ အစြဲအလမ္းေၾကာင့္ ထင္ေယာင္ထင္မွားျဖစ္သည္ ဟုထင္မိပါေသးသည္။ ဦးေလးသည္ သူ႕ေဘးနားမွာ မၿငီးမျငဴပဲ စကားမ်ားစြာေျပာရင္း ျပဳစုေနသူမို႔ တုံးတိတိ အသံပိုင္ရွင္သည္ ဦးေလး ျဖစ္သည္ဟုဆို၍မရျပန္။ 

ေနမေကာင္းတာေၾကာင့္ ႐ုတ္တရပ္ ဝင္လာသည္ စကားသံမ်ားသာျဖစ္သည္ဟု ေတြးမိသည္။ လူေတြက ေနမေကာင္းရင္ ထင္ေယာင္ထင္မွားေတြျဖစ္တတ္ၾကသည္ပဲမို႔လား ။

-------------------

ဘယ္ေလာက္ပဲေနမေကာင္းေနသည္ပဲဆိုေစကာမူ ကုတင္ေပၚမွာပဲ အခ်ိန္ျပည့္လွဲမေနခ်င္တာေၾကာင့္ ဝရံတာမွာထြက္ထိုင္ေနမိသည္။
အခ်ိန္ကားေန႕လည္ခင္းျဖစ္တာေၾကာင့္ တိတ္ဆိတ္ေနေသာပတ္ဝန္းက်င္သာရွိေနသည္။

သို႔ေသာ္လည္းမၾကာခင္ကေလးငယ္မ်ား လမ္းမထက္တြင္ေျပး‌လႊားေဆာ့ကစားေနသည္ကိုလည္းျမင္ရသည္။ ကတၱရာလမ္းမဟုဆိုေစကာမူ ခ်ိဳင့္ဝွမ္းမ်ားဟိုဟိုဒီဒီ ရွိ‌တာေၾကာင့္ ကေလးေတြေျပးၾကလႊားၾကရင္း ပစ္လဲၾကကာ ငိုသံမ်ားကိုပါၾကားေနရသည္။ ဤရပ္ကြက္၌ ကေလးအေတာ္မ်ားပါ၏။

Win မွာလည္း လုပ္စရာေထြေထြထူးထူးမရွိတာေၾကာင့္ သူတို႔ရဲ႕ျဖစ္စဥ္ေတြကိုပဲထိုင္ၾကည့္ေနေတာ့၏။ ဦးေလးက သူ႕ရဲ႕ေတာင္းဆိုမႈေၾကာင့္ ျပဳစုေနရာမွ ခဏနားဖို႔ထြက္သြားသည္ျဖစ္၏။ ယခုေတာ့ ၿခံထဲက ပိေတာက္ပင္ေအာက္က ကုတင္ေပၚဝယ္ လွဲေလ်ာင္းေမွးစက္ေန၏။

ထိုေနရာသည္ ေနေရာင္အနည္းငယ္သာက်ေနၿပီး ေဆာင္းတြင္းမွာ အင္မတန္ေနခ်င့္စဖြယ္ ျဖစ္ေနပါ၏။

Win ပတ္ဝန္းက်င္ကိုၾကည့္ေနရင္းမွ ခလုတ္ဖုန္းေလးအသံျမည္လာတာမို႔ သူလည္း သြားကိုင္လိုက္၏။

" ဟုတ္ကဲ့ ကိုႀကီး ၊ ကားဂိတ္ကပဲခ်မွာမို႔လား.. အိမ္မွာပဲခဏထားလိုက္ဦးမယ္ ဒါဆိုလည္း....ဟုတ္တယ္...ကြၽန္ေတာ္ ဆိုင္မရွာရေသးဘူး...ဝန္ထမ္းေတြလည္းလိုေသးတာေလ.... ရတယ္ အဲ့တာက...အလုပ္အကိုင္ရွာေဖြေရးဝန္ေဆာင္မႈဆီ ကိုအခ်က္အလက္ေတြေတာ့ေပးထားႏွင့္ၿပီမို႔... သူတို႔ဘက္ကအေၾကာင္းျပန္စာမရေသးရင္လည္း ကြၽန္ေတာ့္ဘာသာ ဆိုင္ဖြင့္ထားႏွင့္လည္း အဆင္ေျပတာပဲ.... ရပါတယ္...ဒါပဲေနာ္ "

ကိုႀကီးထံမွ အေျခအေနဖုန္းဆက္ေမးတာေၾကာင့္ ခဏေလာက္အစီအရင္ခံလိုက္ရေသးသည္။ သူကိုယ္တိုင္က အထည္ စိတ္မဝင္စားေပမယ့္ မိသားစုစီးပြားေရးပုံစံလုပ္ခ်င္တာမို႔ ဆိုင္ခန္းေတြပိုသာခ်ဲ့ထြင္ခ်င္မိသည္။

ဆိုင္ခန္းကေတာ့မရွာရေသးတာ‌မို႔ ပစၥည္းေရာက္‌ၿပီးၿပီးခ်င္း အခန္းငွားဖို႔လုံးပမ္းရဦးမည္ျဖစ္သည္။ ကိုႀကီးေျပာပုံအရေတာ့ ေနာက္ တစ္ပတ္ေလာက္ေနရင္ အကုန္ပို႔လိုက္မည့္အသြင္ပင္။

သူဖုန္းေျပာအၿပီး ဝရံတာကိုထပ္ထြက္လာေတာ့ ေစာနက ကေလးေတြသည္ ၿခံထဲေရာက္လာကာ ဦးေလးနဲ႕အတူ ေဆာ့ေနသည္ကိုေတြ႕လိုက္ရ၏။

သူနဲ႕နည္းနည္းလွမ္းတာမို႔ ဦးေလးရဲ႕စကားေတြကိုမၾကားရေပမယ့္ ကေလးေတြရဲ႕အသံကေတာ့ အံ့ဩေလာက္ပါေပသည္။ ဒုတိယထပ္က သူ႕ဆီထိ လႊင့္ပ်ံ့လာေတာ့သည္။

" မီးမီးကေလး ကိုကို႔ကို တအားခ်စ္တာ အိမ္‌လိုက္ခဲ့ေနာ္ "

ထိုထဲမွ ဆံက်စ္စည္းထားၿပီးအသံစြာတာတာ‌နဲ႕ ကေလးမေလးသည္ လူသာငယ္တာ စကားတအားတတ္တာမို႔ ဦးေလးသည္ ထိုကေလးမေလး စကားတိုင္းကိုသေဘာတက်ရယ္ေမာေနေလသည္။

ထိုကေလးမ်ားသည္ ဦးေလးကို အမ်ိဳးမ်ိဳးေျပာလိုက္ သူတို႔ေဆာ့တာကို ဦးေလးကထိုင္ၾကည့္လိုက္နဲ႕ အေတာ္တည့္ေနၾကသည္။ ၾကည့္ရတာ အရင္ကတည္းက ဝင္ေလ့ထြက္ေလ့ရွိၾကသည္ထင္ပါသည္။ ကေလးေတြသည္ အနည္းငယ္မွ လန႔္ျခင္းမရွိၾကသလို ကေလးမိဘမ်ားသည္လည္း မူႀကိဳေက်ာင္းလႊတ္ထားသလိုပင္ လာမေခၚၾကေသး။ Win ၾကည့္ေနသည္မွာ တစ္နာရီေလာက္ၾကာေလာက္ၿပီျဖစ္ေသာ္လည္း ကေလးေတြကလည္း အားအင္ကုန္ခမ္းျခင္းမရွိၾကေသးျပန္။

သို႔ေသာ္ ဦးေလးသည္ ေကာင္းေကာင္းအနားမယူရေသးသလို အိပ္ခ်င္မူးတူး႐ုပ္‌ကေလးျဖစ္ေနသည္။ ၾကည့္ရတာ ကေလးေတြက အတင္းလာႏွိုးသည္ထင္ပါရဲ႕။ သို႔ေသာ္ ၾကည့္တဲ့သူသာ ပင္ပန္းသညိ ဦးေလးကေတာ့ ကေလးေတြကိုအေတာ္စိတ္ရွည္ေပးေနသည္ကို ေတြ႕ရသည္။

ကြၽန္ေတာ္ၾကည့္ေနရင္းမွ ဦးေလးက သတိထားမိသည္ထင္ ကြၽန္ေတာ့္ကိုေမာ့ၾကည့္လာေတာ့သည္။ ကြၽန္ေတာ္လည္း မ်က္စိလႊဲရေပမည္လား အခန္းထဲပဲေျပးဝင္ရမည္လား မဆုံးျဖတ္ခင္မွာပဲ ဦးေလးက လက္လွမ္းလႊဲျပသည္။

" ႏွိုးေနၿပီလား "

ကေလးေတြရဲ႕အသံေတြတိတ္သြားၿပီး ဦးေလးလွမ္းျပတဲ့ကြၽန္ေတာ့္ဆီလွမ္းၾကည့္လာၾကေတာ့ ကြၽန္ေတာ္လည္း ေခါင္းၿငိမ့္ျပလိုက္သည္။

ထို႔ေနာက္ ဦးေလးက ကေလးေတြကို ဖင္ပုတ္ေခါင္းပုတ္ၿပီး အျပင္ကိုေခၚထုတ္သြားသည္။ ျပန္ဝင္လာတဲ့အခါ ကေလးေတြပါမလာေတာ့ပဲ ဦးေလးသာ ကြၽတ္ကြၽတ္အိတ္အထုပ္‌ေလးတစ္ခုနဲ႕ အိမ္ထဲဝင္လာ၏။

" Win "

မၾကာခင္ အခန္ေပါက္နားက တံခါးေခါက္သံနဲ႕အတူ ဦးေလးရဲ႕ ေခၚသံကိုပါၾကားတာမို႔ အလ်င္ပဲ တံခါးဖြင့္ေပးလိုက္၏။

" ၾကာၿပီလား ႏွိုးေနတာ... "

ဦးေလးက အျမန္ပဲအခန္းထဲဝင္လာၿပီး စားပြဲေပၚမွာ ထိုအထုပ္ေလးကိုတင္လိုက္သည္။ ဦးေလး ကေတာ့ ေခြၽးစို႔ေနေပမယ့္ သူကေတာ့ ေအးစက္ေနသည္။

" မက္မန္းသီးသုပ္ ႀကိဳက္လား ၊ အပ်င္းေျပစားရေအာင္ဝယ္လာတယ္ "

ဦးေလးက ၾကမ္းျပင္မွာထိုင္ရင္း မတ္တပ္ရပ္ေနတဲ့သူ႕ကိုေမာ့ၾကည့္ၿပီးေျပာသည္။ ဦးေလးရဲ႕ မ်က္ႏွာမွာ ဖုန္မႈန္ေတြနဲ႕ အိုးမဲေတြေပေနေတာ့ ဒါကေလးေတြလက္ခ်က္ပဲဆိုတာ သိလိုက္ရသည္။

Win ဦးေလးနဲ႕အတူ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ရင္း ပါးမွာေပေနတဲ့ အိုးမဲကြက္ကိုၾကည့္ေနမိသည္။

" ဘာလို႔လဲ မႀကိဳက္ဘူးလား "

" မဟုတ္ဘူး.. မ်က္ႏွာမွာ ေပေနတယ္ "

Bright လည္း Win စကားေၾကာင့္ ပါးႏွစ္ဘက္လုံးကိုပြတ္လိုက္ေပမယ့္ ၾကည့္ရတာအလုပ္မျဖစ္ဘူးထင္ပါသည္ ၊ Win သည္ သူ႕အျဖစ္ကိုၾကည့္ရင္း ရယ္မိမတတ္ၿပဳံးေနေတာ့သည္။

" ဒီနားမွာ "

Win က သူ႕လက္မနဲ႕ ဦးေလးပါးေပၚမွာကပ္ညိေနတဲ့ ဖုန္မႈန႔္နဲ႕အိုးမဲကြက္ ကိုေသခ်ာ ဖိဖယ္ေပးေနသည္။ Bright မွာ ႏႈတ္ခမ္းတို႔မွာ အၿပဳံးဆင္ၿပီး မ်က္လုံးတို႔မွ ၾကည္ႏူးရိပ္ေဝကာ အေတာ္ သေဘာက်ေနပုံပင္။

ထိုခဏတာေသာအထိအေတြ႕ေလးသည္ ႏွစ္မ်ားစြာ ေစာင့္ခဲ့ရၿပီးၿပီမို႔ ေစာင့္ရက်ိဳးနပ္ေလသည္။ တကယ္ေတာ့ လက္အမူအယာ အနည္းငယ္ကြဲလြဲသည္ပဲဆိုဆို ေမတၱာဓာတ္ခ်င္း၊ စိတ္ဝိညာဥ္ ခ်င္း တူေနသည္မို႔ အတိုင္းထက္ဆုံး ေႏြးေထြးရသည္။

" ၿပီးၿပီ "

" ေခတ္ေခတ္ လုပ္သြားတာထင္တယ္... ဟိုဘက္အိမ္က ကေလးမေလး....."

" ဪ "

" စပ္တယ္ေနာ္ ဒါေပမယ့္ တကယ္ ေကာင္းတယ္ မင္းကလူငယ္ဆိုေတာ့ ႀကိဳက္မွာပါ "

ဦးေလးက သူ႕ေရွ႕ကို ထိုအသုပ္ထုပ္ တိုးေပးရင္းေျပာသည္။
Win က အသုပ္ဆိုလွ်င္ အကုန္ႀကိဳက္သည္။ ယခုလည္း ငပိနဲ႕ပဲမႈန႔္မ်ားမ်ားပါတဲ့ မက္မန္းသီးသုပ္ ကိုၾကည့္ရင္း သြားရည္ပင္ က်ခ်င္လာသလို။

သူ တစ္ခုကိုစားလိုက္ေတာ့အရသာမွာ ရွယ္ေကာင္းၿပီး ေႏြရာသီကိုေတာင္လြမ္းဆြတ္သြားေစသည္။ အခ်ဥ္ဓာတ္ပါတာမို႔ သူ႕ရဲ႕ညစ္ေထြးေနတဲ့ ဦးေခါင္းကိုပင္ သက္သာေစထင္ပါသည္။ သူ႕အတြက္ အစပ္ကမေျပာပေလာက္ေပမယ့္ နည္းနည္းခ်င္းစားေနတဲ့ ဦးေလးရဲ႕ ႏႈတ္ခမ္းေတြဟာနီရဲ‌ေနၿပီး ႏႈတ္ခမ္းအေပၚနားမွာ ေခြၽးသီးေလးေတြ စို႔ထြက္ေနေတာ့သည္။

" ဦးေလးက အစပ္မစားနိုင္ဘူးေပါ့ *

Win အေမးကို Bright က ေခါင္းခါၿပီး ေရခဲေသတၱာထဲက ေရဗူးကိုယူကာ ေမာ့ေသာက္ေတာ့သည္။ တရႉးရႉးျဖစ္ေနတဲ့ Bright ဟာ Win အတြက္ေတာ့ တကယ့္ စခ်င္စရာေလးပင္။

" ခႊမ္း ! "

႐ုတ္တရပ္ေအာက္ထပ္က အသံက်ယ္က်ယ္နဲ႕အတူ ကေလးငိုသံပါဆင့္ထြက္လာေတာ့ Bright ေကာ Win ပါအလန႔္တၾကားေျပးဆင္းသြားမိသည္။

ေအာက္ထပ္ေရာက္ေတာ့ Bright အခန္းေပါက္မွာ လဲက်ေနတဲ့ ေခတ္ေခတ္ကိုေတြ႕ရသည္။ ေခတ္ေခတ္ တင္မဟုတ္ပဲ Bright အခန္းေပါက္မွာထားထားတဲ့ အလွ ပန္းအိုးႀကီးလည္းက်ကြဲေနၿပီး ေရေတြ၊ပန္းေတြနဲ႕အတူ ေႂကြကြဲစေတြပါရွိေနတာမို႔ Bright လည္းကေလးျဖစ္သူကိုအေတာ္စိတ္ပူကာ အျမန္ဆြဲထူလိုက္ရသည္။

ကေလးကအဆင္ေျပေပမယ့္ ဖိနပ္မပါတဲ့ Bright ရဲ႕ေျခဖဝါးေတြေတာ့ ဖိလိုက္ရင္ စူးကနဲ စူးကနဲ နာက်င္ေနေတာ့သည္။

" ေခတ္ေခတ္ အဆင္ေျပရဲ႕လား "

မၾကာခင္ အိမ္အျပင္က ကေလးေတြပါ ဝင္လာၿပီး Bright ရဲ႕ ရင္ဘတ္ထဲမွာ ငိုေနတဲ့ ကေလးကိုဝိုင္းၾကည့္ေနၾက၏။

" ဘယ္လိုျဖစ္တာလဲ ေခတ္ေခတ္ရ "

ကေလးေလးရဲ႕ လက္ကေလးမွာလည္း ေသြးစေလးေတြစို႔ေနတာမို႔ ငိုလွ်က္သာငိုၿပီး စကားပင္မေျပာနိုင္ရွာ။ လန႔္သြားသည္ထင္ပါသည္။

မၾကာခင္ ေခတ္ေခတ္ အေမေရာက္လာၿပီး ကေလးကို ေပြ႕ယူသည္။

" ညည္းေဆာ့လွေခ်လား အဲ့ေလာက္ေတာင္... ေတာင္းပန္ပါတယ္ အကိုရယ္... ညီမ ဘယ္ေလာက္ေပးရမလဲဟင္ "

အေမျဖစ္သူမွာ ကေလးကိုပူေသာတစ္ပူႏွင့္ သူမ်ားရဲ႕ တန္ဘိုးႀကီးပစၥည္းပါကြဲသြားတာေၾကာင့္ အင္မတန္ အေမာစို႔ေနသလိုပင္။

" ရပါတယ္... ကေလးကို ေဆးထည့္ေပးလိုက္ပါဦး သိပ္မဆူပါနဲ႕ လန႔္သြားတယ္ထင္တယ္ "

ဦးေလးက ကေလးအေမနဲ႕စကားေျပာေနတုန္း ေႂကြကြဲစေတြၾကားမွာ က်ေနတဲ့ စာအုပ္ေဟာင္းတစ္အုပ္ကိုလည္းေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ Win လည္း ေကာက္ယူလိုက္ေတာ့ ေအာက္ကေရေတြပါ အိၿပီး က်လာသည္။

စာအုပ္မွာ  ဒိုင္ယာရီ ဟုေရးထားၿပီး အေတာ္ေဟာင္းေနသည္ထင္သည္။ စာ႐ြက္သားေတြမွာ ႂကြပ္ေနသည္။ ၿပီးေတာ့ ေရေတြ႐ႊဲသြားတာမို႔ စာ႐ြက္အခ်ိဳ႕လည္းပ်က္ေနၿပီးျဖစ္သည္။

ကေလးနဲ႕အေမ ႏွစ္ေယာက္ျပန္ထြက္သြားေတာ့ ဦးေလးက Win ကိုလွည့္ၾကည့္လာသည္။

" ဒါက..... "

Win က သူ႕လက္ထဲကရင္းႏွီးေနတဲ့ စာအုပ္ကိုလက္ညိုးထိုးျပၿပီးေမးေတာ့ ဦးေလး အၾကည့္ေတြမွာ စိုးထိတ္မႈေတြကို ‌ခံစားမိလိုက္သည္။

" ဒါကဘယ္လိုလုပ္... ဒီေရာက္ေနတာလဲ "

ဦးေလးရဲ႕အသံေတြဟာတုန္ရီေနၿပီး မ်က္ရည္ေတြပါ ဝဲတက္ေနေတာ့သည္။

" ေခတ္ေခတ္က .. ဦးဦး ခန္းထဲမွာ ကာတြန္းစာအုပ္ရွိတယ္တဲ့.. ဦးဦးဖတ္ဖတ္ေနတာ ေကာင္းတာကို မျပဘူးတဲ့ ဒါ့ေၾကာင့္ ဦးဦး မရွိတုန္း သြားယူျပမယ္ဆိုၿပီး ယူလာတာ "

ေဘးနားက ကေလးတစ္ေယာက္ရဲ႕အေျဖဟာ Bright ရင္ဘတ္တစ္ခုလုံးစို႔နင့္သြားေစသည္။

သည္စာအုပ္သည္ သူႏွစ္မ်ားစြာ မေပ်ာက္မပ်က္သိမ္းထားရတဲ့ အျမတ္တနိုးစာအုပ္ေလး။ ကမာၻေပၚမွာ ေနာက္ထပ္တစ္အုပ္မရွိေတာ့တဲ့ စာအုပ္ေလး။

အခုေတာ့ Win လက္ထဲမွာ ေရေတြနဲ႕အိဖတ္ၿပီး စာ႐ြက္တစ္ခ်ိဳ႕ေတာင္ ၿပဲက်‌ေနၿပီျဖစ္သည္။

အျဖစ္အပ်က္ေတြမ်ား မလိုလားပဲ ျဖစ္ပ်က္ေနလိုက္တာမ်ား။

Bright သည္ Win လက္ထဲကထိုစာအုပ္ေလးကို တယုတယယူၿပီး တိတ္ဆိတ္စြာ အေပၚထပ္ကိုတက္သြားေတာ့သည္။ထိုအခိုက္အတန႔္တြင္ ဦးေလး ေက်ာျပင္ကို ၾကည့္လွ်င္ပင္ ဝမ္းနည္းမႈေတြကိုရိပ္မိနိုင္ပါသည္။

မၾကာခင္ ေစာနက ကေလးအေမသည္ ျပန္ေရာက္လာၿပီး ထိုအကြဲအစအနမ်ားကိုလာရွင္းေပးၿပီး ၾကမ္းျပင္ကေရေတြပါ ေျပာင္ေအာင္သုတ္ေပးသြားသည္။

Win လည္း ထိုအန္တီႏွင့္ လက္ခံစကားေျပာၿပီး ကူညီေပးလိုက္သည္။ ခဏနဲ႕ၿပီးသြားၿပီး ဦးေလးေနာက္ကိုလိုက္ဖို႔ အေပၚထပ္တက္ေတာ့ ေလွကားမွာ က်န္ေနတဲ့ ေသြးစေလးေတြေၾကာင့္ ဦးေလးမွာ ဒဏ္ရာရထားမွန္းသတိရသြားရသည္။

ထို႔ေၾကာင့္ေအာက္ထပ္က အရက္ျပန္နဲ႕အနာစိမ္းလိမ္းရည္ ၿပီးေနာက္ အနာကပ္တို႔ကိုတစ္ပါတည္းယူၿပီး အေပၚတက္သြားေတာ့၏။

ဦးေလးဟာ အေပၚဆုံးထပ္ေလဟာနယ္မွာ ရွိေနၿပီး စိုေနတဲ့စာအုပ္ကို ေနလွန္းဖို႔ႀကိဳးစားေနသည္ထင္ပါသည္။ ေျခေထာက္မွာ ေသြးစေတြရဲေနေပမယ့္ သူကေတာ့ ဒီစာအုပ္ကိုသာ အေရးစိုက္ေနေတာ့သည္။

ထို႔အတူ Win မွာလည္းအေလာတႀကီးတက္လာရတာမို႔ အနားမသြားခင္ အသက္ကိုပုံမွန္ျဖစ္ေအာင္ ရႈရွိုက္ေနရသည္။

" ဦးေလး ေျခေထာက္မွာ..."

သူစကားသံျပဳမွ အေနာက္မွာေရာက္ေနမွန္းရိပ္မိသည္ထင္၊ လွည့္ၾကည့္လာၿပီး ေခါင္းၿငိမ့္ျပသည္။

ဦးေလးအနာကိုေဆးထည့္မည္ျဖစ္တာေၾကာင့္ ဦးေလးလည္း အေဆာက္အဦးအုတ္ေဘာင္ေပၚထိုင္လိုက္ၿပီး Win လွမ္းလာတဲ့ေဆးေတြကိုထည့္ေနသည္။

" အဲ့စာအုပ္က... ဦးေလး ဟာလား "

ဦးေလးဘက္ကခုထိစကားတစ္ခြန္းမွေျပာမလာတာမို႔ မေနတတ္တဲ့ Win ကပဲစကားအစအနေဖာ္လိုက္ရသည္။

" မဟုတ္ဘူး... Metawin ဟာ "

ဦးေလးရဲ႕အၾကည့္ေတြမွာ ဝမ္းနည္းရိပ္ေတြႀကီးစိုးေနတာေၾကာင့္ Win မွာ ‌ႏွစ္သိမ့္ ရခတ္ေနသည္။ အထူးသျဖင့္ Metawin နဲ႕ပတ္သတ္တဲ့ကိစၥေတြမွာေပါ့။

" အဲ့တာ ေနလွမ္းရင္ ေျခာက္သြားမွာပါ... ဦးေလး အေရးႀကီးရင္ မိတၱဳကူးထားေပါ့.. ေနာက္တစ္အုပ္ လိုမ်ိဳး "

Win ရဲ႕အႀကံေပးခ်က္ကို Bright က စိတ္ဝင္စားပုံေပၚတာေၾကာင့္ Win လည္း ႏွစ္သိမ့္စရာေခါင္းစဥ္ရွိသြားသလိုပင္ တက္အားတႂကြ ေျပာရွာသည္။

" ကြၽန္ေတာ္ ဆိုင္ေကာင္းေကာင္းရွာၿပီး ဒီလိုမ်ိဳးတစ္အုပ္လုပ္ေပးမယ္.. အဲ့က် မဂၢဇင္းသားနဲ႕ေပါ့ ဒီလိုမပ်က္ေတာ့ဘူး "

" စာ႐ြက္သားက တအားႂကြပ္ေနတာ... ဒါ့ေၾကာင့္ ဘာမွမလုပ္ရဲဘူး "

" ဒါ့ေၾကာင့္ ကြၽန္ေတာ္ လုပ္ေပးမယ္လို႔ ေျပာတာေပါ့ ဦးေလး ကြၽန္ေတာ့္ကိုယုံတယ္မို႔လား "

သူ႕အေမးကိုမေျဖေသးပဲ ဦးေလးဟာ ေကာင္းကင္ကိုေမာ့ၾကည့္ၿပီး ၿငီးတြားေလသည္။

" ငါကိုကမွားတာပါ... အိပ္ရာေဘးမွာပဲ လြယ္လင့္တကူ ထားမိေနတာ..."

" ကဲပါ... ၿပီးသြားၿပီပဲ.."

Win  ကၿပဳံးရင္း Bright ကိုႏွစ္သိမ့္ရွာသည္။ Bright မွာ ကံဆိုးသည္ဟုထင္ရတဲ့အေျခအေနေရာက္ေနတာေတာင္ သည္ေကာင္ေလး အၿပဳံးေတြျမင္ရရင္ လူကအလိုလိုၿပဳံးခ်င္လာတာမို႔ ျပန္ၿပဳံးမိသည္။

"...Win...."

" ဗ်ာ "

" ျပန္လာေပးလို႔ ေက်းဇူးပါေနာ္ "

သူတို႔ရဲ႕ ေလထုဟာ႐ုတ္တရပ္ တိတ္ဆိတ္သြားသလို ပတ္ဝန္းက်င္ကအသံေတြဟာလည္း ရပ္တန႔္သြားသလိုပင္။

သူ႕စကားေတြဟာ အရင္ကအေၾကာင္းေတြကိုပဲ ဦးတည္ေနတာမို႔ Win ရဲ႕ ႐ႊင္ျပေနတဲ့မ်က္ႏွာေလးဟာ အနည္းငယ္တည္သြားကာ ေမးခြန္းတစ္ခုကို အသည္းအသန္ေမးခ်င္ေနသည္။ သူသည္ ခုထိ ထိုအေၾကာင္းအရာတို႔ကိုစဥ္းစားမရနိုင္ေပမယ့္ ဦးေလးကေတာ့ သူ႕ကို ထိုလူလို႔တစ္ထစ္ခ်ယဳံၾကည္ထားပုံပင္။ ထို႔ေၾကာင့္ ထိုေမးခြန္းကိုအသည္းအသန္ေမးခ်င္လာသလိုတစ္ဘက္မွာလည္း ေမးသင့္မေမးသင့္ စဥ္းစားေနရေသးသည္။

ဦးေလးဟာ သူ႕ကို အင္မတန္ ၾကင္ႏူးရိပ္တို႔ေဝေနေသာ မ်က္ဝန္းတို႔ျဖင့္ၾကည့္လာတာမို႔ မခံစားနိုင္တဲ့အဆုံးေမးခ်လိဳက္ေတာ့သည္။

" ဒါဆို ဦးေလးက ကြၽန္ေတာ္နဲ႕ သူ႕ကို ဘယ္သူ႕ကို ပို လဲ "

စာအုပ္ေလးေရစိုသြားေတာ့ သူ႕ကိုေတာင္မၾကည့္ပဲ အေပၚဆုံးထပ္တက္သြားသည္။ ခုက်ေတာ့လည္း ျပန္ေရာက္လာေပးလို႔ ေက်းဇူးတင္သည္တဲ့ေလ။ အဲ့ေတာ့ သူတကယ္ပဲ သိခ်င္မိသားပင္။ သူနဲ႕Metawin  ဘယ္သူ႕ကိုပိုသလဲလို႔။

သူ႕အေမးဟာ Bright ကိုေျဖရခတ္ေစျခင္းရွိပုံမေပၚပဲ ဘာ့ေၾကာင့္ ဟူေသာအေမးတို႔သာမ်က္ႏွာမွာ ထင္ေပၚေနသည္။

" ဘာေၾကာင့္လဲ "

" ကြၽန္ေတာ္သိခ်င္လို႔ ၊ ဦးေလးက ကြၽန္ေတာ့္ကို အရင္ဘဝက ဦးေလးရွာေနတဲ့ ေကာင္ေလးလို႔ေျပာေနလို႔ ကြၽန္ေတာ္ သိခ်င္တာ..."

Win ရဲ႕ သိခ်င္စိတ္ကိုဘယ္အရာကမွမတားဆီးနိုင္ခဲ့ဘူးထင္ပါသည္။ ဦးေလး မ်က္ဝန္းေတြဟာ ဟိုဟိုဒီဒီေ႐ြ႕လ်ားေနၿပီး ခႏၶာကိုယ္ကေတာ့ တည္ၿငိမ္လြန္းေနသည္။

" ငါ့အတြက္ေတာ့ မင္းက ဘယ္ေတာ့မွ မေသဆုံးခဲ့ဘူး Win... မင္းဟာ ႏွစ္ေယာက္မဟုတ္ဘူး.... ဒါ့‌ေၾကာင့္လည္း ဒီအေျဖကလည္း ဘယ္ေတာ့မွ ရွိလာမွာမဟုတ္ဘူး "

ဦးေလးအေျဖအၿပီး၌ ကြၽန္ေတာ္ ဆြိ့အ မိသြားပါသည္။

×××××××××××××××××

အခန္း (၃၉) ဤတြင္ၿပီး၏။

ဒါေလးကိုအၿပီးသတ္ေနတာမို႔ I'm Fell ေလးကို နည္းနည္းခ်င္းစီပဲေရးသြားေပးမယ္ေနာ္ 🤍🙆

Continue Reading

You'll Also Like

3.5K 191 9
𝐒𝐄𝐋𝐄𝐍𝐄 𝐆𝐑𝐀𝐂𝐈𝐀 * ‧₊˚* 𝙎𝙪𝙘𝙨𝙨𝙚𝙨 𝙞𝙨 𝙨𝙚𝙭𝙮...𝙖𝙡𝙡 𝙞 𝙬𝙖𝙣𝙩 𝙖𝙡𝙡 𝙞 𝙣𝙚𝙚𝙙 𝐊𝐈𝐌 𝐓𝐀𝐄𝐇𝐘𝐔𝐍𝐆 "𝙮𝙤𝙪𝙫𝙚 𝙩𝙤 𝙨𝙪...
1M 18.6K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
377K 11.5K 91
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
509K 18.4K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...