နှင်းဆီထက်ကဆူးခက်ဝိုင်[Comple...
By Ta_yaw2006
1M 51.6K 1.2K
အရာအားလုံးကိုသိမ်းပိုက်တဲ့ပင်လယ် ပင်လယ်လို အတ္တကြီးတဲ့ မောင် နှလုံးသားကိုပါ အပိုင်သိမ်းတော့ နစ်မွှန်းသွားသူက... More
ဝိုင်(၁)
ဝိုင်(၂)
ဝိုင်(၃)
ဝိုင်(၅)
ဝိုင်(၆)
ဝိုင်(၇)
ဝိုင်(၈)
ဝိုင်(၉)
ဝိုင်(၁၀)
ဝိုင်(၁၁)
ဝိုင်(၁၂)
ဝိုင်(၁၃)
ဝိုင်(၁၄)
ဝိုင်(၁၅)
ဝိုင်(၁၆)
ဝိုင်(၁၇)
ဝိုင်(၁၈)
ဝိုင်(၁၉)
ဝိုင်(၂၀)
ဝိုင်(၂၁)
ဝိုင်(၂၂)
ဝိုင်(၂၃)
ဝိုင်(ဇာတ်သိမ်းပိုင်း)
ဝိုင်(အပိုင်းပို valentine's day)
ဝိုင်(အပိုင်းပို anniversary)
ဝိုင်(အပိုင်းပို ၂ anniversary)
ပြင်ဆင်ချက်
ကိုကို့ကလေးလေး
Book!!!
ဝိုင်(၄)
40.8K 2.4K 103
By Ta_yaw2006
Unicode
"ခင်ဗျား ကျုပ်ကို လက်ထပ်ရမယ်"
"ခွေးမသား ငါ့သားကိုမထိနဲ့ လွှတ်စမ်းကွာ ငါ့ကို လွှတ်လို့ ငါ ိုးမသား"
"သားကိုဘာမှမလုပ်ပါနဲ့ ဒေါ်ဒေါ်တို့ကိုကြိုက်သလိုလုပ်ပါ ဟင့် နော် သားရယ် တောင်းပန်ပါတယ်ကွယ်"
"ဟာ... နားငြီးလိုက်တာကွာ "
နားတစ်ဖက်ကို လက်သန်းနဲ့ကလော်ထုတ်ရင်း ဇေယျာ့ကိုထိုလင်မယား၂ယောက်အားခေါ်ထုတ်သွားဖို့အချက်ပြလိုက်သည်။နေနှင့်ကြဦးပေါ့ ထောင်ထဲမှာ။ ဖမ်းချုပ်ပြီးခေါ်သွားတဲ့ မိဘဖြစ်သူကိုမြင်သည့် ပန်းခိုက်ဦး မှာ ဖမ်းချုပ်ထားသည့်သူ့လက်ထံမှ ရုန်းကာ သူ့လူများကိုတားသည်။
"မလုပ်ပါနဲ့ ဖေဖေနဲ့မေမေ့ကိုဘယ်မှခေါ်မသွားပါနဲ့ မောင် မောင် ငါတောင်းပန်ပါတယ်အဲ့လိုမလုပ်ပါနဲ့ မင်းကျေနပ်တဲ့ထိငါဘာမဆိုလုပ်ပေးပါ့မယ် ဖေဖေနဲ့မေမေ့ကို လွှတ် လွှတ်လိုက်ပါ နော်"
"ဒီမှာ ကျုပ်ကျေနပ်တဲ့ထိလုပ်ပစ်မယ်ဆို ခင်ဗျားတို့မိသားစု အသက်ရှင်မှာတောင်မဟုတ်ဘူး ခင်ဗျားသောက်ပေါက်ပိတ်ထား ခင်ဗျားငြိမ်ငြိမ်နေ မဟုတ်ရင် ကျုပ်ခင်ဗျားမိဘတွေအသက်အာမ မခံဘူး လာစမ်း "
"မင်း!"
သူခြေလှမ်းကျဲများဖြင့် ပန်းခိုက်ဦး ဆီသွားကာ ဖမ်းချုပ်လိုက်သည်။ထို့နောက်ဇေယျာတို့ကိုသွားဖို့အချက်ပြလိုက်သည်။ စံအိမ်ထဲတွင် သူနဲ့ ပန်းခိုက်ဦး သာကျန်ခဲ့သည်။အနေအထားကတော့သူက ပန်းခိုက်ဦးကို အနောက်ကနေ အားဖြင့်ဖက်ထားသည်။ ပန်းခိုက်ဦးကတော့သူ့လက်ထဲမှာရုန်းနေသည်။ခဏကြာတော့မောသွားသည်ထင် ငြိမ်သွားသော ကိုယ်ခန္ဓာကြောင့်သူလွှတ်ပေးလိုက်တော့
ဖြန်း
ရုတ်တရက်ဆန်စွာပါးရိုက်ခံလိုက်ရတာကြောင့် ထွက်နေတဲ့ဒေါသတို့က အဆမတန် မြင့်တက်လာပါတော့သည်။ခင်ဗျားကအလျော့ပေးလို့အကောင်းမှတ်နေတာ။
"ခင်ဗျား"
ဖြန်း
သူဘာမှမတုန့်ပြန်ရသေးခင် ပါးကနှစ်ချက်ဆင့်ထပ်ရိုက်ခံနေရပြီ။ဒေါသကိုဆွနေတာ။နီရဲလာတဲ့မျက်လုံး အံကြိတ်ထားတဲ့ပါးစောင်တို့ကဒေါသစိတ်မွှန်နေမှန်းအသိအသာ။ခပ်ကြမ်းကြမ်းဖြင့်  ပန်းခိုက်ဦး ဆံပင်ကိုဆွဲဆောင့်ကာ
"ကျုပ်စိတ်ကိုလာမဆွနဲ့ ပန်းခိုက်ဦး ခင်ဗျားအသက်မထွက်ချင်ရင် ငြိမ်ငြိမ်နေသင့်တယ်"
ခွပ်
ထို့နောက် ဒေါသထွက်စွာဖြင့် မျက်နှာလှလှပေါ် လက်သီးတစ်ချက်ထိုးချလိုက်မိသည်။ လူကောင်သေးသည့်သူမှာ ကြမ်းပြင်ပေါ်လဲကျသွားသည်။ သူ့လက်စသူသိတာမို့ ကြမ်းပြင်ပေါ်လဲကျသွားသောသူမှာတော်တော်နဲ့ထမလာ။ ကောင်းတယ်အဲ့တာမှ သူ့ကိုအာမခံရဲမှာ။ မုဆိုးဒူးထောက် ထိုင်ချလိုက်ရင်း လဲကျသူရဲ့မျက်နှာကို ပင့်ကြည့်လိုက်သည်။ ဟင်း..နှာခေါင်းသွေးတောင်လျှံနေပြီပဲ။ပျော့လိုက်တာ
"နောက်ခါ ကျုပ်စိတ်ကိုလာမဆွနဲ့ ဒီထက်အလုပ်မခံချင်ရင် ကောင်းကောင်းမွန်မွန်နေ"
"အခုကစပြီးဒီစံအိမ်ရဲ့ အရှင်သခင်က ဟောဒီက ကျုပ်ပဲ  ခုချိန်မှာခင်ဗျားကအစေခံသာသာပဲ ရှိတော့တာ အဲ့တာမြဲမြဲမှတ်ထား "
"မင်း မကောင်းတဲ့ကောင် မုန်းဖို့ကောင်းလိုက်တာ အာ့"
"မုန်းလေ ကျုပ်ကခင်ဗျားမုန်းတာထက်ပိုတယ် ရွံတာ ကျုပ်အမေကို ရစရာမရှိအောင်လုပ်သွားတဲ့မိသားစုကို ကျုပ်ရွံတာ"
"မင်း ဘာတွေပြောနေတာလဲ"
"သူ့တို့သားလေးကိုမသိစေချင်လို့ ပြောပြမထားဘူးနဲ့တူတယ်  တော်တော် ရွံဖို့ကောင်းတဲ့ဟာတွေ  ထားပါ အချိန်တန်သိရမှာပေါ့ ခုတော့ ဒီစာချုပ်မှာလက်မှတ်ထိုး"
"မထိုးနိုင်ဘူး "
"ခင်ဗျားရဲ့ မိဘ အသက်ကကျုပ်လက်ထဲမှာနော် ပန်းခိုက်ဦး"
ဘယ်အရာတွေကြောင့် ပြောင်းလဲသွားရသနည်း။တရားခံကို ဘယ်သူပါလို့ လက်ညှိုးသွားထိုးပြရမည်နည်း။ သူ မသိတဲ့အတိတ်ကတစ်စုံတစ်ရာရှိနေလိမ့်မည်။ကိုယ့်မိဘဖြစ်သူက အခုဆို ထောင်ထဲတောင်ရောက်နေပြီ။သူ့မှာအားကိုးစရာမရှိဘယ်သူမှရှိတော့။ မှီခိုစရာလူလည်းမရှိ။ ဘဝကချက်ချင်းပင်  ပြောင်းလဲသွားခဲ့ချေပြီ။ ဖေဖေက မှောင်ခိုလုပ်နေသည်ဆိုတာသူတောင်ခုမှသိခြင်း။ဖေဖေကဘာလို့အဲ့လိုတွေလုပ်ရတာလဲ။ပြီးတော့မေမေ။ မေမေကမိုက်ရူးရဲဆန်လွန်းတယ်။ သူကိုယ်တိုင် မိဘတွေကိုအပြစ်တင်နေမိတာလား မသဲကွဲတော့။အာဏာဘာတစ်ခုမှမရှိတဲ့ ကျွန်တော်က ဒီအခြေအနေကို ဘာလုပ်နိုင်မှာမို့လို့လဲ။ ပြီးတော့ ဖေဖေတို့အသက်က သူ့လက်ထဲမှာ။သူလုပ်နိုင်တာတစ်ခုက မောင့်ကိုလက်ထပ်ရမှာ။သူမလုပ်ချင်လည်း လုပ်ရမည်လေ။ မိဘအသက်ကိုထိလာတာမို့ သူငြင်းချင်တောင်ငြင်းလို့မရမှာမဟုတ်။
လူကအားပြင်းပြင်းနဲ့ထိုးခံလိုက်ရတာမို့သိပ်မလှုပ်နိုင်။မောင်ကသူ့ပါးကိုဖျစ်ညစ်ထားရာမှ လွှတ်ပေးတယ်။ နှာခေါင်းကမွှန်လာလို့ စမ်းကြည့်မိတော့ သွေးတွေ။ ပါးတစ်ဖက်ကလည်း နီရဲ၍ယောင်တက်လာသည်။ မနည်းထကာ သူ့ရှေ့မှာရှိတဲ့ စာချုပ်ကို လှမ်းယူလိုက်သည်။ထိုအခါ၌ မောင်ကဘောပင်တစ်ချောင်းကို ကမ်းပေးလာသောကြောင့် တုန်ရီနေသောလက်ဖြင့် စာချုပ်ပေါ်လက်မှတ်ထိုးရန်ပြင်လိုက်သည်။ သူ နှောင့်နှေးနေမိတယ်။ သူတကယ်ဘဲဒီအခြေအနေကြီးကိုကျော်ဖြတ်သွားချင်သည်။ ရှောင်လွဲလို့မရတဲ့အခြေအနေကြီးကို ဆို့နင့်မှုများနှင့်အတူလက်မှတ်ကို ထိုးလိုက်သည်။ချစ်ခြင်းမေတ္တာနဲ့ချိုမြိန်နေတဲ့လက်ထပ်စာချုပ်အစား နာကျင်မှုတွေရောယှက်နေတဲ့ ကျွန်တော့်သွေးတွေပေကျံနေတဲ့ လက်ထပ်စာချုပ်။
ထိုအခါပေါ်ထွက်လာတဲ့ အနိုင်ယူလိုမှုအပြည့်နဲ့အသံဖြင့်
"အဲ့လို လိမ္မာစမ်းပါ အခုကစပြီး ခင်ဗျားကကျုပ်အပိုင် ကျုပ် ခိုင်းတာလုပ် ပေးတာယူ ကျွေးတာစား ခင်ဗျားက ကျုပ်ပိုင်တဲ့ အစေခံဆိုတာ မှတ်ထား"
စကားများကကြားနိုင်ဖို့ ခံနိုင်စွမ်းမရှိတော့။ပြန်ချေပနိုင်ဖို့လည်း ပြောအားမရှိပါ။ နာလိုက်တာ။ ဒဏ်ရာထက်ရင်ဘတ်ထဲက ပိုနာတယ်။ဘာမှမခံစားချင်တော့ဘူး။ဒီနေ့သူတော်တော်ပင်ပန်းနေပြီ။နားဖို့လိုနေပြီ။သူအိပ်လိုက်လို့ပြန်နိုးရင် ဒီလိုအခြေအနေကြီးမဟုတ်လောက်ဘူး။ဒါအိမ်မက်နေမှာပါ။ စိတ်အစုံကိုအနားပေးရင်းပစ္စုပ္ပန်ကာလနဲ့အဆက်သွယ်ပြတ်သွားခဲ့လေသည်။
ဒီပါဦးမောင်တစ်ယောက် သူ့ရှေ့တွင် မျက်ရည်များဖြင့်ငိုကျွေးနေသောလူကို အရသာခံရင်းကြည့်နေမိသည်။ ပန်းဦးခိုက် ငိုနေတာကို သူသဘောကျသည်။ငိုနေတာ သူနဲ့ပိုလိုက်ဖက်တယ်။လှတယ်။ နောက်ငိုအောင်ထပ်လုပ်ရမယ်။ ရည်ရွယ်ချက်က သူမုန်းတဲ့သူကို သေမတတ်ခံစားရအောင် လုပ်ချင်တာလေ။အချစ်မပါတဲ့ အိမ်ထောင်သည်ဘဝကနေကြိုဆိုပါတယ် ပန်းခိုက်ဦး ။
ရုတ်တရက်မူးလဲသွားသော သူ့ရှေ့မှလူကြောင့် သူအမြန်ဖမ်းလိုက်ရသည်။အနေအထားမှာ သူ့ရင်ခွင်ထဲ ပန်းဦးခိုက် ကို ဖက်ထားသလိုပင်။ ဒီလူ ပျော့လိုက်တာ လက်သီးလေးတစ်ချက်ထိုးတာကို။
သူ family doctorကိုဖုန်းဆက်ခေါ်ကာ ရင်ခွင်ထဲမှလူကိုပွေ့ချီကာ အခန်းထဲသို့ဝင်လိုက်ပြီးကုတင်ပေါ်ချလိုက်သည်။ဒီလိုလုပ်ပေးနေတာ စိုးရိမ်လို့မဟုတ်ဘူး ဒီလူ အသက်မြန်မြန်ထွက်သွားရင် သူ ကောင်းကောင်းမနှိပ်စက်လိုက်ရမှာစိုးလို့။
ထို့နောက်အိမ်အောက်ဆင်းလိုက်တော့ စံအိမ်ရဲ့အလုပ်သမားအချို့ရောက်နေလေပြီ။ စောစောကပြသာနာတတ်လို့ ဘယ်သူမှဝင်မပါရဲလို့ ထင်သည်။ ရုတ်တရက် ပြောင်းလဲသွားသော စံအိမ်ရဲ့အခြေအနေကြောင့် သူတို့မှာဘာမှမသိလိုက်။
"ဒီစံအိမ်ရဲ့အရှင်သခင်ကဦးဘုန်းမြင့်ရာဇာမဟုတ်တော့ဘဲ အခု မင်းတို့မြင်နေရတဲ့ကျွန်တော်က ဒီစံအိမ်ရဲ့ပိုင်ရှင် အသစ်ပဲ"
"ဗျာ!!"
"ရှင်"
ချက်ချင်းပဲ ဆူညံသံများထွက်ပေါ်လာတော့သည်။
"မင်းတို့ အခု ဒီမှာအလုပ်လုပ်စရာမလိုတော့ဘူး"
"ဗျာ အဲ့ အဲ့လိုဆို ကျွန်တော်တို့ အလုပ်လက်မဲ့ဖြစ်သွားလိမ့်မယ်"
"ဟုတ်ပါတယ် ဟင့် ကျွန်မတို့ကို အဲ့လိုမလုပ်ပါနဲ့"
မဆိုင်သည့်သူများကိုမထိခိုက်စေချင်ပါ။ထွက်ခိုင်းတဲ့အကြောင်းအရင်းက ဒီအိမ်အလုပ်အားလုံးကိုသူပိုင်တဲ့အစေခံကိုဘဲ ခိုင်းစေချင်ရုံသာ ။မဟုတ်ရင်အစေခံဘယ်ပီသမလဲ။ လေမထိ မြေမထိ မင်းသားလေးကို သူနှိပ်စက်ချင်ပါသေးရဲ့။
သူရှေ့တွင်ငိုသူကငို တောင်းပန်တဲ့သူကတောင်းပန်နေကြတာမို့သူစကားဆက်လိုက်သည်။
"အားလုံးဘဲ စိတ်မပူပါနဲ့ ကိုယ် မင်းတို့အားလုံးအတွက် ကိုယ့်company မှာအလုပ်တစ်နေရာစီပေးထားပါတယ် အဓိက က ဒီစံအိမ်ကနေ အလုပ်ထွက်ဖို့ပဲ"
"အဲ့တာဆို သခင်လေးကရော"
"မင်းတို့သိစရာမလိုဘူးလို့ထင်တယ် မနက်ဖြန်ကစပြီးဒီကထွက်သွားတာဘဲလိုချင်တယ်"
"ဟုတ် ဟုတ်ကဲ့ပါ "
......
ကိုက်ခဲလာတဲ့ခေါင်းကြောင့် ဆက်အိပ်မရဘဲမျက်လုံးတို့ကပွင့်ဟလာခဲ့သည်။သူ့ရဲ့အခန်းထဲရောက်နေသည်ကိုသူသိလိုက်သည်။ ထမယ်လုပ်မည်အပြု ညာလက်မှ စူးကနဲ ခံစားလိုက်ရတာကြောင့် သူကြည့်လိုက်တော့ ဆေးသွင်းအပ်လေးတစ်ချောင်း။ဒီနေ့တစ်ရက်လုံးအလုပ်သာလုပ်ခဲ့ရတာရော ဒဏ်ရာကြောင့်ရော ပေါင်းကာလူကအားပျက်သွားသည်ပင်။
ခေါင်းနှောက်လာတာကြောင့် မထသေးဘဲခဏမှိန်းနေလိုက်သည်။ နေ့ချင်းညချင်းအိမ်ထောင်သည်ဘဝရောက်သွားသည့် ဒီခြေနေကြီးကိုသူလက်မခံချင်လဲလက်ခံရမည်။
အခုချိန်ဆိုဖေဖေနဲ့မေမေဘယ်လိုနေမလဲ။ငိုယိုနေမလား။သူ့ကိုစိတ်ပူနေကြမှာတော့အမှန် ။နာရီကြည့်လိုက်တော့ မနက် ၅နာရီ ။အခုဖေဖေနှင့်မေမေကိုတွေ့ချင်သည်။သို့ပေမဲ့ ဖေဖေတို့ဘယ်မှာရှိသလဲဆိုတာသူမှမသိဘဲ။ငယ်စဥ်ကတည်းက လိုချင်တာမှန်သမျှအကုန်ဖြည့်စည်းပေး မျက်နှာတစ်ချက်တောင်အညှိုးမခံစေခဲ့တဲ့ ဖေဖေနဲ့မေမေဟာသူ့အနားမှာမရှိတော့ အားငယ်သလိုခံစားရသည်။ ကျိန်းစက်လာတဲ့မျက်လုံးတို့က မျက်ရည်များဟာ တာကျိုးသလိုစီးဆင်းလာသည်။ သူငိုမှခံစားရတာသက်သာမယ်လေ။
တံခါးဖွင့်သံကြားတော့ ကျနေတဲ့မျက်ရည်များကိုအမြန်သုတ်ကာ တံခါးဘက်ကို အကြည့်ရွေ့မိသည်။မျက်နှာသေဖြင့် လက်မှာလည်း ဆန်ပြုတ်ဖြစ်ပုံရသည့် ပန်းကန်ကိုလက်မှကိုင်လာသည့် မောင့်ကိုတွေ့လိုက်ရသည်။ သူခဏတော့ ပြုံးမိသည်။စိတ်ထဲမှာအနိုင်ယူလိုစိတ်ပြည့်နေလို့သာ လူဆိုးလေးဖြစ်နေတာ။
သူ့အပြုံးကိုမြင်သည့်မောင်သည် နားလည်သည့်အလား သူ့အနားကိုလျှောက်လာပြီး ဆန်ပြုတ်ဗန်းကို သူ့ဘေးက စားပွဲပုလေးပေါ်တင်လိုက်သည်။ ထို့နောက် စူးရှသောမျက်ဝန်းတစ်စုံကြောင့် သူ့မှာထိုအကြည့်ကိုမခံနိုင်စွာ မျက်နှာလွဲမိသည်။ တုန်ရီနေသော ရင်ကိုလျစ်လျူရှု၍ ဘာမှမဖြစ်သလိုဟန်ဖြင့်နေလိုက်သည်။မောင်ကအခုထိ စွဲလမ်းစရာကောင်းလွန်းတဲ့နှစ်ချို့ဝိုင်လိုပဲ။
"ရော့ ဒါသောက်လိုက် ခင်ဗျားသေသွားရင် ထောင်ထဲမရောက်ချင်ဘူး"
အပြောအဆိုမတတ်လိုက်တာ။
"ပူတယ် ငါမသောက်နိုင်ဘူး "
"ရအောင်သောက်"
သူတကယ်လည်းလှုပ်နိုင်ဖို့ခွန်အားမရှိပေ။ဗိုက်ထဲမှာလဲအဆာမရှိတာကြောင့် တော်တော်ကိုဆာလောင်နေပြီ။
"ငါတကယ် မသောက်နိုင်လို့ပြောနေတာ "
"ကျစ်...သောက်လုပ်ကိုရှုပ်တယ်"
သူ့ဘေးကို တင်းပါးလွှဲ၍လာထိုင်ကာ လှဲနေသောသူ့ကို ပုခုံးမှမ၍ ကိုယ်တစ်ပိုင်းမတ်စေပြီး ခေါင်းအုံးပေါ်မှီစေသည်။ ထို့နောက်စားပွဲပေါ်မှပူနေသောဆန်ပြုတ်ကို ယူကာ တစ်ဇွန်းခပ်၍ မပူအောင် လေနဲ့မှုတ်ပေးနေတဲ့ မောင်က သည်လိုအခြေနေမှာတောင် သူ့ရင်ကိုနွေးထွေးစေသယောင်။
သူဖွဖွလေးပြုံးလိုက်မိသည်။ သူ့မိသားစုကိုဒီလောက်လုပ်ခဲ့တာတောင်။သူမောင့်ကိုမုန်းလို့မရ။ ဖေဖေနှင့်မေမေဟာ မှောင်ခိုလုပ်ငန်းလုပ်၍ထောင်ကျသည်မှာမောင့်အပြစ်မဟုတ်။ အိမ်သိမ်းသည်မှာ မေမေပေါင်ထားသောကြောင့်အကြွေးမပေးနိုင်၍ သိမ်းသည်ဆိုတာကလည်း မောင့်အပြစ်မှ မဟုတ်တာ။ အကောင်းမြင်တတ်သည်လား မောင်မို့လို့လားမသိ။ သူသိတာတော့ သူတော့မောင့်ကြောင့်မွေးရကျိုးမနပ်တဲ့သားလေးဖြစ်ခဲ့လေပြီ။တောင်းပန်ပါတယ် ဖေဖေနဲ့မေမေ
ပါးစပ်နားတေ့လာတဲ့ ဆန်ပြုတ်နွေးနွေးကြောင့် သူပါးစပ်ဟလိုက်သည်။ခံတွင်းထဲဝင်ရောက်လာသော ဆန်ပြုတ်မှာအရသာရှိလွန်းလှသည်။ ဗိုက်ဆာနေလို့လား။မောင်ကျွေးနေလို့အရသာရှိနေတာလား။  သူဆန်ပြုတ်မကြိုက်တာတော့ဝန်ခံတယ်။ ဆန်ပြုတ်မသောက်ချင်လို့ သူကိုယ်တိုင်မဖျားအောင်ဂရုစိုက်နေတာ။ အခုတော့ သောက်နေတဲ့ဆန်ပြုတ်ကအရသာရှိလွန်းတာကြောင့် ကြိုက်ချင်လာသလိုပင်။
"မောင် မင်းမှတ်မိလား အရင်ကမင်းဖျားတုန်းကလေ တအားဂျီတိုက်တာဘဲ ငါ့မှာဆိုပြာယာတွေခတ်လို့"
"....."
"မင်းဖျားရင်ကိုငါ့နားကိုဘဲကပ်တော့တာ။ မှတ်မိလား"
"ကျုပ်ဘာမှမမှတ်မိဘူး"
"မောင်ကတော့ကွာ.."
"ခင်ဗျားကြည့်ရတာတော်တော်ပျော်နေပုံပဲ ကျုပ်ပြောရဦးမယ်ကျုပ်ဒီလိုလုပ်ပေးနေရတာက ချစ်လွန်းလို့လုပ်ပေးနေတာမဟုတ်ဘူး ခင်ဗျားအသက်ရှည်မှကျုပ်ကျေနပ်တဲ့ထိနှိပ်စက်လို့ရမှာ ခင်ဗျားလိုလူကိုကျုပ်ဘာမေတ္တာမှမပေးနိုင်သလို ဘာအချစ်မှလဲမပေးနိုင်ဘူးဆိုတာ မြဲမြဲမှတ်ထား"
ပြောလိုက်တဲ့စကားလုံးတွေက သူ့ရင်ဘတ်ကို ဓါးဖြင့်အစိမ်းလိုက်ထိုးချခံနေရသလို။ နာအောင်ပြောပြန်ပြီ။ ဆိုးလိုက်တာ။
သူ့ကိုတစ်ချက်သာကြည့်ပြီးတံခါးကိုဒုန်းကနဲ မြည်အောင်ပိတ်ချသွားသည်။အခန်းထဲတွင်တော့ သူနှင့် ဆန်ပြုတ်ပန်းကန်နွေးနွေးလေး။
သောက်စေချင်လို့လုပ်ပေးထားတာမလား သောက်ရမှာပေါ့။ဆန်ပြုတ်တစ်ဇွန်းခပ်စားလိုက်တော့ သူစိတ်ထင်နေ၍လားမသိ။စောစောကအရသာရှိတဲ့ဆန်ပြုတ်က အခုခါးနေသလို။
ဆန်ပြုတ်ကခါးလိုက်တာ။
ထိုနေ့လေး၏ရာသီဥတုမှာသာယာနေပေမဲ့ အခန်းငယ်ထဲမှ ကောင်လေးတစ်ယောက်ကတော့မျက်ရည်များစွာဖြင့်ခါးသက်သက်ဆန်ပြုတ်တစ်ပန်းကန်ကိုကြိတ်မှိတ်သောက်နေရှာသည်။
........
နှစ်ချို့ဝိုင်လို မောင်
စွဲလန်းမိတာ ကိုယ်
နှလုံးသားတို့ ထပ်တူကျဖို့
နာသောရင်ကို လျစ်လျှုရှူ့ရင်း
ဆုတောင်းမိပါရဲ့...
..
Words_2737
Lamin Eain
Zawgyi
"ခွေးမသား ငါ့သားကိုမထိနဲ့ လွှတ်စမ်းကွာ ငါ့ကို လွှတ်လို့ ငိါုးမသား"
"ဟာ... နားငြီးလိုက်တာကွာ "
"မင်း!"
ဖြန်း
ရုတ်တရက်ဆန်စွာပါးရိုက်ခံလိုက်ရတာကြောင့်ထွက်နေတဲ့ဒေါသတို့က အဆပေါင်းများစွာ ထွက်လာတော့သည်။
"ခင်ဗျား"
ဖြန်း
ခပ်ကြမ်းကြမ်း ပန်းခိုက်ဦး ဆံပင်ကိုဆွဲဆောင့်ကာ
ခွပ်
"အခုကစပြီးဒီစံအိမ်ရဲ့ အရှင်သခင်က ဟောဒီက ကျုပ်ဘဲ ခုချိန်မှာခင်ဗျားကအစေခံသာသာဘဲ ရှိတော့တာ အဲ့တာမြဲမြဲမှတ်ထား "
"မင်း ဘာတွေပြောနေတာလဲ"
"သူ့တို့သားလေးကိုမသိစေချင်လို့ ပြောပြမထားဘူးနဲ့တူတယ် ခင်ဗျားမိဘတွေက တော်တော် ရွံဖို့ကောင်းတာပဲ ထားပါ အချိန်တန်သိရမှာပေါ့ ခုတော့ ဒီစာချုပ်မှာလက်မှတ်ထိုး"
"မထိုးနိုင်ဘူး "
ဟင့်အင်း ငါလိုချင်တဲ့မောင်ကဒီလိုပုံစံမျိုးမှမဟုတ်တာ။ အဖြူထည်လေးလိုဖြူစင်တဲ့မောင့်ကိုဘဲငါပြန်လိုချင်တာ။ ငါ့ကိုနာကျင်အောင်လဲလုပ်တယ် မလိုချင်ဘူး။မုန်းပစ်ချင်တယ်။
ထိုအခါထွက်ပေါ်လာတဲ့ အနိုင်ယူလိုမှုအပြည့်နဲ့အသံဖြင့်
"ဒီစံအိမ်ရဲ့အရှင်သခင်ကဦးဘုန်းမြင့်ရာဇာမဟုတ်တော့ဘဲ အခုခင်ဗျားတို့မြင်နေရတဲ့ကျွန်တော်က ဒီစံအိမ်ရဲ့အရှင်သခင် အသစ်ပဲ"
"ဗျာ!!"
"ရှင်"
ချက်ချင်းပဲ ဆူညံသော အသံများထွက်ပေါ်လာသသည်။
"ခင်ဗျားတို့ အခု ဒီမှာအလုပ်လုပ်စရာမလိုတော့ဘူး"
"ဗျာ သ သခင်ကြီးအဲ့လိုဆို ကျွန်တော်တို့ အလုပ်လက်မဲ့ဖြစ်သွားလိမ့်မယ်"
"ဟုတ်ပါတယ် ဟင့် သခင်ကြီးရယ် အဲ့လိုမလုပ်ပါနဲ့"
"အဲ့တာဆို သခင်လေးကရော"
"ခင်ဗျားတို့သိစရာမလိုဘူးလို့ထင်တယ် မနက်ဖြန်ကစပြီးဒီကထွက်သွားတာဘဲလိုချင်တယ်"
"ဟုတ် ဟုတ်ကဲ့ပါ "
......
ကိုက်ခဲလာတဲ့ခေါင်းကြောင့်ဆက်အိပ်မရဘဲမျက်လုံးတို့ကပွင့်လာခဲ့သည်။သူ့ရဲ့အခန်းထဲမှာရောက်နေသည်ကိုသူသိလိုက်သည်။ ထမယ်လုပ်မည်အပြု ညာလက်မှစူးကတည်းခံစားလိုက်ရတာကြောင့် သူကြည့်လိုက်တော့ ဆေးသွင်းအပ်လေးတစ်ချောင်း။
ဒီနေ့တစ်ရက်လုံးအလုပ်သာလုပ်ခဲ့ရတာရော ဒဏ်ရာကြောင့်ရောပေါင်းကာလူကအားပျက်သွားတာထင်တယ်။
"ရအောင်သောက်"
"ကျစ်...သောက်လုပ်ကိုရှုတ်တယ်"
သူ့ဘေးကို ဘေးတစ်စောင်းလာထိုင်ကာ လှဲနေသောသူ့ကို ပုခုံးမှမ၍ ကိုယ်တစ်ပိုင်းမတ်စေပြီး ခေါင်းအုံးပေါ်မှီစေသည်။ ထို့နောက်စားပွဲပေါ်မှပူနေသောဆန်ပြုတ်ကို ယူကာ တစ်ဇွန်းခပ်၍ မပူအောင် လေနဲ့မှုတ်ပေးနေတဲ့ မောင်ကသူ့ရင်ကိုနွေးထွေးစေသယောင် ။
"မောင် မင်းမှတ်မိလား အရင်ကမင်းဖျားတုန်းကလေ တအားဂျီတိုက်တာဘဲ ငါ့မှာဆိုပြာယာတွေခက်လို့"
"....."
"ကျုပ်ဘာမှမမှတ်မိဘူး"
"မောင်ကတော့ကွာ.."
"ခင်ဗျားကြည့်ရတာတော်တော်ပျော်နေပုံပဲ ကျုပ်ပြောရဦးမယ်ကျုပ်ဒီလိုလုပ်ပေးနေရတာက ချစ်လွန်းလို့လုပ်ပေးနေတာမဟုတ်ဘူး ခင်ဗျားအသက်ရှည်မှကျုပ်ကျေနပ်တဲ့ထိနှိပ်ဆက်လို့ရမှာ ခင်ဗျားလိုလူကိုကျုပ်ဘာမေတ္တာမှမပေးနိုင်သလို ဘာအချစ်မှလဲမပေးနိုင်ဘူးဆိုတာ မြဲမြဲမှတ်ထား"
ဆန်ပြုတ်ကခါးလိုက်တာ။
........
စွဲလန်းမိတာ ကိုယ်
ဆုတောင်းမိပါရဲ့...
Words_2737
Lamin Eain
Continue Reading
You'll Also Like
687K 42.5K 76
Myanmar × BL July-18-2021
978K 62.7K 28
[Unicode]ဒီFicလေးကလည်း သုသုနဲ့ကိုခန့်တို့လိုပါပဲ အရိုတကာ့အရိုဆုံးလေပေါ့နော် ပေါ့ပေါ့ပါးပါးလေးပါပဲ အားပေးကြပါဦးနော်💙 Date - 16.12.2018 [Zawgyi]ဒီFicေ...
1M 61.6K 52
937K 49.7K 44