တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

178K 28.8K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၅၇)

1.2K 209 4
By zuriiiiii8

          <နတ်ဆိုးအန္တရာယ် လာနေပြီ>

ဝမ်ရွှမ်သည် သူနှင့် ကျန်းရီကြားမှ ကြောင်
တောင်တောင်နိုင်လှသော ဆက်ဆံရေးကို တွေးကြည့်လေလေ၊ပိုစိတ်ရှုပ်ရလေလေပင်။သူ့မျက်နှာထက်တွင် ရှက်ရွံ့သော အရိပ်အ
မြွက်များလည်း ယှက်သန်းလာခဲ့သည်။

မုရုံဖုန်းသည် ဘေးဘက်မှ ကြည့်နေရင်း အ
လွန် ရယ်ချင့်ဖွယ်ကောင်းသည်ဟု သဘော
တွေ့လာပြီး မနေနိုင်တော့ဘဲ စနောက်ရန် စိ
တ်ကူးရလာခဲ့သည်။

"ကျင့်ကြံသူဝမ်......"

သူမ စနောက်တော့မည့်ဆဲဆဲတွင် ဝိဥာဥ်စွမ်း
အင်များက ရုတ်တရက် အကြီးအကျယ် တုန်ဟီးလာခဲ့သည်။

သို့နှင့် မုရုံဖုန်းသည် ချက်ချင်း ပါးစပ်ပြန်ပိတ်
၍ အပြင်ဘက်သို့ အံ့သြတကြီး လှမ်းကြည့်လိုက်သည်။

ဤပြင်းထန်သော တုန်ခါမှုသည် ရုတ်တရက် ဖြစ်ပေါ်လာသည့်အပြင် မြေပြင်ကိုပါ အပြင်း
အထန် ရိုက်ခတ်သွားခဲ့သည်။ယင်းအခိုက်တွ
င် ကောင်းကင်ဘုံအောက်မှ ဝိဥာဥ်စွမ်းအင် အလုံးစုံတို့ တစ်ပြိုင်နက် တုန်ခါသွားသည့်အ
လား တစ်နေရာတည်း၌ တုန်ခါသွားခြင်း မ
ဟုတ်ဘဲ နေရာတိုင်းတွင်ပါ သက်ရောက်မှုရှိခဲ့သည်။ဝိဥာဥ်စွမ်းအင်ကို မခံစားနိုင်သော သာ
မန်လူသားများသည်ပင် ကောင်းကင်ကြီး ခ
ဏတာ နစ်မြုပ်သွားသည့်နှယ် ဖိအားတစ်မျိုး
ကို ခံစားလိုက်ရသည်။

"ဒါက....."

ဝမ်ရွှမ်လည်း အံ့သြသွားပြီး အိမ်အပြင်ဘက်သို့ လှမ်းကြည့်ခဲ့သည်။ဖြစ်ပျက်နေသမျှကို အဖြေမရှာနိုင်မီတွင် အလွန် သြဇာညောင်းသော အရှိန်အဝါတစ်မျိုးက တိကျသော ဦးတည်ရာ လမ်းကြောင်းတစ်သွယ်မှ ရုတ်တရ
က် ထွက်လာနေကြောင်းကို သတိထားမိခဲ့သ
ည်။

ဝမ်ရွှမ်သည် ချက်ချင်း တံခါး တွန်းဖွင့်ပြီး အိ
မ်အပြင်သို့ ထွက်၍ ထိုဦးတည်ရာ လမ်း
ကြောင်းကို ကြည့်လိုက်ရာ စကားတစ်ခွန်းမျှပင် ထွက်မလာတော့သည်အထိ ထိတ်လန့်သွားရလေသည်။

၎င်းသည် အနှိုင်းအဆမဲ့ နတ်ဆိုးစွမ်းအင် ဖြ
စ်နေ၏။

ရှေးသူတို့၏ တိုက်ပွဲတွင် လူနှင့် နတ်ဆိုးသား
ရဲ တို့ ပူးပေါင်းခဲ့ကြခြင်းကြောင့် နတ်ဆိုးများမှာ အ ထိအခိုက်များခဲ့ပြီး အကြီးအကျယ် ပျ
က်စီးဆုံး ရှုံးခဲ့ရသည်။ထို့ကြောင့် မျိုးသုဉ်း အခြေအနေသို့ ဦးတည်သွားခဲ့သည်။ထွက်
ပြေးလွတ်မြောက်ခဲ့သော နတ်ဆိုးအနည်းင
ယ် ရှိသော်ငြား လက်ရှိအ ချိန်တွင် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်သေးဘဲ အ
င်အားနည်းစု ဖြစ်နေဆဲသာ။သို့သော် ဤအခို
က်အတန့်တွင် သူတို့ ခံစားမိခဲ့သော အရာမှာ
အလွန်အစွမ်းထက်သော အနှိုင်းအဆမဲ့ နတ်
ဆိုးစွမ်းအင်တစ်မျိုး ဖြစ်နေသည်။

ကမ္ဘာပေါ်မှာ ဒီလို အစွမ်းမျိုး ထုတ်သုံးနိုင်တဲ့ နတ်ဆိုးဆိုတာ ကျန်ရော ကျန်နေသေးလို့လား?

မုရုံဖုန်းက ဝမ်ရွှမ့်အနားသို့ တိုးကပ်လာပြီး မျ
က်ခုံးများကို တွန့်ချိုးထားလျက် စကားဆိုလာ၏။

"ကြည့်ရတာတော့ ပြသနာ တစ်ခုခု ဖြစ်သွား
ပြီ ထင်တယ်"

ထိုအချိန်တွင် ကျင့်ကြံသူဆန်းလည်း အခန်းထဲမှ အပြေးအလွှား ထွက်လာပြီး သူတို့ ရှိရာသို့ ရောက်လာခဲ့သည်။သူ့မျက်နှာသည်လ
ည်း အလားတူစွာ ထိတ်လန့်တုန်လှုပ်လျက် ဖြူဖတ်ဖြူရော် ဖြစ်လို့နေသည်။

ကျန်းရီသည် အားလုံးထက် ပိုနှေးသော်လ
ည်း သိပ်မကြာမီတွင် သူလည်း အခန်းထဲမှ ထွက်လာခဲ့သည်။အခြားသူများ၏ ထိတ်လန့်နေသော အမူအရာနှင့် ကျန်းရီက အများကြီး ပိုတည်ငြိမ်နေပုံရသော်လည်း အံ့သြစရာကောင်းလောက်အောင်ကို အလေးအနက် တ
ည်ကြည်နေပြန်၏။

သူသည် စကား တစ်ခွန်းမျှ မဆိုဘဲ ဝမ်ရွှမ့်အနားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

"ဒီ.....ဒီလမ်းကြောင်းက.....ဟုတ်များဟုတ်နေမလား?"

ဝမ်ရွှမ်သည် နတ်ဆိုးစွမ်းအင် ဦးတည်နေသော လမ်းကြောင်းကို လှမ်းကြည့်ရာ တစ်စုံ
တစ်ခုကို လျင်မြန်စွာ ခန့်မှန်းမိပြီး မျက်နှာအ
ရောင်လည်း ဖြူဖျော့သွားရလေသည်။သူ့နှ
လုံးသားထဲမှ မှတ်ဥာဏ် တစ်ခုကို လှန်လှောပြီး လက်ရှိ အခြေအနေနှင့် ယှဥ်ကြည့်မိစဥ်တွင် နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာသော လမ်းကြောင်းသည် သူနှင့် အလွန် ရင်းနှီးနေကြောင်း သတိပြုမိခဲ့သည်။

သို့ဖြစ်ရာ ကျန်းရီနှင့် ပထမဆုံး စတွေ့စဥ်က အမှတ်တရများကိုပါ ပြန်ရောက်သွားတော့
သည်။ထိုအချိန်တုန်းက ကျန်းရီသည် ရှေး
ဟောင်းဗိမာန် တစ်ခု ရှာဖွေရန် သူ့ကို ခေါ်သွားပြီး လက်ရှိတွင်သူထိန်းချုပ်ထားသော နတ်ဓားပျံ(ဓားပျံရှေ့ပြေးနိမိတ်)ကို ရရှိခဲ့သ
ည်။နောက်ပိုင်းတွင် ဂိုဏ်းချုပ်ထံ သတင်းပို့ပြီးသည်မှစ၍ ထိုနေရာသို့ ဘယ်သောအခါမှ ထပ်မသွားဖြစ်တော့ပေ။

ယခုတွင် နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာနေသော လမ်းကြောင်းသည် ထိုရှေးဟောင်းဗိမာန်ရှိရာ နေရာ အတိအကျပင် ဖြစ်ချေသ
ည်။

ဝမ်ရွှမ်သည် ကျန်းရီကို သတိလက်လွတ် ခေါ
င်းငဲ့ကြည့်လိုက်ရာ ကျန်းရီက ခေါင်းညိတ်ပြ၏။

ဝမ်ရွှမ့်မျက်နှာသည် စက္ကူ တစ်ရွက်နှယ် ဖြူဖျော့နေပြီဖြစ်သည်။ရှေးဟောင်းဗိမာန်ထဲတွ
င် ထူးဆန်းသော အရာတစ်ခုခု ရှိနေသည်ဟု သူ ခံစားမိခဲ့သည့်အပြင် ထိုအရာသည် ထော
င်ချောက်လော၊ဖုံးကွယ်ထားသော အန္တရာယ်
တစ်ခုလော တွေးချင့်ကြည့်၍ သံသယလည်း ဝင်ခဲ့ဖူးသည်။သို့သော် ထိုနေရာမှ အနက်ရှိုင်းဆုံး တစ်နေရာတွင် ဤမျှအနှိုင်းအဆမဲ့သော အစွမ်းဖြင့် နတ်ဆိုးတစ်ကောင် ခိုအောင်းနေလိမ့်မည်ဟု လုံးဝ မထင်မိခဲ့ချေ။

အကယ်၍ နတ်ဆိုးသာ ထိုနေရာမှ လွတ်လာရိုး မှန်လျှင် ဝမ်ရွှမ်သည် ၎င်းအတွက် သူ့တွင် တာဝန်ရှိနေသည်ဟု ခံစားမိခဲ့သည်။

သူသည် နတ်ဓားပျံကို အလျင်အမြန် ဆင့်ခေါ်၍ ထိုနေရာသို့ အပြေးအလွှား လိုက်ကြည့်ရန် ဟန်ပြင်လိုက်သည်။

"ရှစ်ရှုန်း"

ကျန်းရီက သူ့အကျီလက်ကို ဆွဲကိုင်ပြီး ခေါ
င်းခါပြသည်။

"ဒါက အစ်ကို ဝင်ကူနိုင်တဲ့ အခြေအနေမျိုး မဟုတ်ဘူး"

အခြားကိစ္စကို မဆိုနှင့်၊လက်ရှိ နေရာ နှစ်ခုကြားမှ အကွာအဝေးကို ဆိုရလျှင် ဝမ်ရွှမ့် အ
ရှိန်နှုန်းနှင့်ပင်လျှင်တောင် ရက်ပေါင်းများစွာ ကြာမြင့်သွားလိမ့်မည်။ဤသဘောတရားကို ဝမ်ရွှမ်လည်း နားလည်ပါ၏။သို့သော် သူ့ကို ဘေးမှ ရပ်ကြည့်ခိုင်းနေလျှင်လည်း သူသည် သည်အတိုင်းတော့ ငြိမ်ငြိမ်လေး ရပ်ကြည့်မနေနိုင်ပါချေ။

"ကျင့်ကြံသူကျန်းပြောတာ မှန်ပါတယ်"

မုရုံဖုန်းက နက်မှောင်နေသော ဆံနွယ်များကို သပ်တင်ရင်း အကြံပေးလာ၏။

"ကျင့်ကြံသူဝမ်ကို ပွင့်ပွင့်လင်းလင်း ပြောပြရရင်ကျွန်မလို ရွှေအမြုတေအဆင့် ကျင့်ကြံသူတောင် အဲ့ဒီနေရာကို ရောက်သွားရင် ဘာမှ
ဝင်ကူပေးနိုင်မှာ မဟုတ်ဘူး။အဟန့်အတားပဲ ဖြစ်စေလိမ့်မယ်"

မုရုံဖုန်း၏ စကားကြောင့် ဝမ်ရွှမ် အံ့သြသွားရသည်။

မုရုံဖုန်းက များများစားစား ဆက်မပြောတော့ဘဲ သူတို့အားလုံးကို အသာငြိမ်၍ နားစွင့်ရန် အချက်ပြခဲ့သည်။

သိပ်မကြာမီတွင် အဝေးမှ ဖြတ်သန်းလာနေသော အရှိန်အဝါ တစ်မျိုးကို ခံစားမိခဲ့သည်။အံ့သြစရာကောင်းသည်မှာ ၎င်းသည် ဝိဥာဥ်ပျိုးစ ကျင့်ကြံသူတစ်ဦး ပျံသန်းနေခြင်းဖြစ်
သည်။ ထိုအမည်မသိ ဝိဥာဥ်ပျိုးစ ကျင့်ကြံသူသည် နတ်ဆိုးစွမ်းအင် ထွက်ပေါ်လာသော ရှေးဟောင်းဗိမာန်သို့ အပြေးအလွှား ပျံသန်းနေခြင်းပင်။

ဝမ်ရွှမ်သည် စိတ်အာရုံကို ဖြန့်ကျက်၍ အာရုံ
စိုက်ကြည့်ရာ မတူညီသော လမ်းကြောင်းကို
ယ်စီမှ ရှေးဟောင်းဗိမာန် ရှိရာသို့ ကတိုက်က
ရိုက် ပျံသန်းလာနေသော ဝိဥာဥ်ပျိုးစ ကျင့်ကြံသူပေါင်းများစွာ ရှိနေကြောင်း သိလိုက်ရသည်။

၎င်းတို့သည် အလွန် မြန်ဆန်လွန်းစွာ ပျံသန်းနေသည့်အတွက် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်ရင်း လေစီးကြောင်းကိုပါ လှုပ်ခါစေခဲ့သည်။

"မြောက်ပိုင်းနင်ပြည်ထောင်မှာ ရှိတဲ့ ဝိဥာဥ်ပျိုးစကျင့်ကြံသူတွေအားလုံး အဲ့ဒီ နတ်ဆိုးစွ
မ်းအင် ရှိတဲ့ နေရာကို သွားနေကြပြီ ထင်တ
ယ်"

မုရုံဖုန်းက စိတ်လေးလံနေသော မျက်နှာဖြင့်။

"ဗဟိုရှန်ပြည်က ဝိဥာဥ်ပျိုးစ ကျင့်ကြံသူတွေတောင် ပါနေသေးတယ်"

ဤအခြေအနေအမျိုးတွင် သူတို့အနေနှင့် ဝင်ကူနိုင်မည့် နည်းလမ်းမျိုးလည်း မရှိပါချေ။သို့နှင့် ဝမ်ရွှမ်လည်း ထိုင်းမှိုင်းနေသော အမူ
အရာဖြင့် သက်ပြင်းချယုံသာ တတ်နိုင်ခဲ့သ
ည်။

ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများကိုတောင် ကတို
က်ကရိုက် ပျံသန်းရသည်အထိ လှုပ်ခါနိုင်ခဲ့သော အရာသည် ဧကန်စင်စစ်ကို အသေးအ
ဖွဲ ကိစ္စတော့ မဟုတ်နိုင်ပေ။

"ဒီမှာ ဝိဥာဥ်ပျိုးစ ကျင့်ကြံသူတွေ အများကြီး ရှိနေလို့ တော်သေးတယ်"

မုရုံဖုန်း၏ မျက်နှာထားက ပြန်ငြိမ်သက်သွားခဲ့သည်။

"ကောင်းကင်ကြီး ပြိုကျလာရင်တောင် ကျွန်
မတို့မှာ တာဝန်မရှိတော့ဘူး"

ပြောပြီးသည်နှင့် မုရုံဖုန်းသည် ဘာမှ မဖြစ်သည့်နှယ် အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။

ဝမ်ရွှမ် သက်ပြင်းချမိရသည်။သူသည် နေရာတွင်သာ ရပ်နေမြဲဖြစ်ပြီး မုရုံဖုန်း၏ စကားကို မတတ်နိုင်ရကား သဘောတူရန်သာ ဆုံးဖြတ်လိုက်သည်။သို့သော် သူ့ဘေးနားတွင် ငြိမ်သ
က်စွာ ရပ်နေသော ကျန်းရီကို ကြည့်ရင်း စိတ်ထဲ၌ မလွှတ်ချနိုင်သေးသော ကိစ္စ တစ်ခုကို ထုတ်မေးလိုက်သည်။

"ကျန်းရှစ်တိ ၊အဲ့ဒီတုန်းက မင်း ငါ့ကို ခေါ်သွားတဲ့နေရာက...."

"ရှစ်ရှုန်း"

ကျန်းရီက ဝမ်ရွှမ့်အမေးကို ကြားဖြတ်၏။

"ကိုယ့်ကိုယ်ကို အပြစ်တင်စရာ မလိုဘူး"

ဝမ်ရွှမ် တုံ့ဆိုင်းသွားရလေသည်။

"ကျွန်တော့်မှာလည်း တာဝန်မရှိဘူး"

"ဒါက မလွဲမသွေဖြစ်လာမှာပဲ"

ဝမ်ရွှမ်သည် ကျန်းရီ၏ စကားကို ကြားရလျှ
င် တည်ကြည်နေသော မျက်နှာထားဖြင့်။

"အင်း ဟုတ်တယ် မင်း သိပြီးသားပဲပေါ့။ဒါပေမယ့် အစောကထဲက မင်း သိထားတယ်ဆိုရင်....."

"ရှစ်ရှုန်း"

"အဲ့ဒီတုန်းက ကျွန်တော်တို့ တွေ့ခဲ့တဲ့ ကျင့်ကြံသူ နှစ်ယောက်ကို မှတ်မိသေးလား?"

ချင်ရှစ်ယွီ နှင့် ရွှယ်ပင်းအာ။သူတို့ နှစ်ဦးကို ဝမ်ရွှမ် အသေအချာ မှတ်မိနေသေး၏။

"အမှန်အတိုင်းပြောရရင်"

"အဲ့ဒီတုန်းက ကျွန်တော် အစ်ကို့ကို ခေါ်သွားတာ သူတို့ရဲ့ အခွင့်အရေးကို ခိုးဖို့အတွက်"

ဝမ်ရွှမ် အံ့သြသွားပြီးနောက် လိုတိုရှင်း ဖြတ်တွေးလိုက်ရာ ကျန်းရီ၏ စကားက အမှန်ဖြစ်နေကြောင်း သဘောပေါက်ခဲ့ရသည်။

ကျန်းရီသည် မူရင်းဝတ္ထုကို ဖတ်ထားသူဖြစ်ရာ ရှေးဟောင်းဗိမာန်အကြောင်းကို သူ သိနေခြင်းသည် မူရင်းဝတ္ထုထဲတွင် ချင်ရှစ်ယွီ ကို
ယ်တိုင် ရှာဖွေခဲ့ခြင်းကြောင့်ဖြစ်သည်။ထို့နော
က် ကျန်းရီသည် တစ်ကိုယ်တည်း ဆုံးဖြတ်ချ
က်ချ၍ ဝမ်ရွှမ့်ကို ရှေးဟောင်းဗိမာန်သို့ ခေါ်သွားရန် အမျိုးမျိုး စဥ်းစားပြီး အစီအစဥ်ဆွဲခဲ့ခြင်းပင်။ဤကိစ္စအတွက် ကျန်းရီသည် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ် စိုးစဥ်းမျှ မရှိသည့်အပြင် မူရင်းဝတ္ထုထဲမှ ဇာတ်ကောင် နှစ်ဦးနှင့် တွေ့ရစဥ်တွင်လည်း ပိုလို့တောင် အမြင်မကြည်ဖြစ်သွားရသေးသည်။

အရာအားလုံးကို နားလည်သွားချိန်တွင် ဝမ်ရွှမ့်မှာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့သ
ည်။

"ကျွန်တော် အစ်ကို့ကို ခေါ်မသွားရင်တောင် အဲ့ဒီနေရာက အချိန်ကျလာရင် ပေါ်လာမှာပဲ။ပြီးတော့ အရာအားလုံးကလည်း ဒီအတိုင်းပဲ ဆက်ဖြစ်လာအုံးမှာ"

ကျန်းရီက ဝမ်ရွှမ့်ကို အလေးအနက် ရှင်းပြ
၏။

"ကျွန်တော်တို့ ပြန်ထွက်လာပြီးတော့ အဲ့ဒီနေ
ရာကို တံခွန်တိမ်တိုက်ဂိုဏ်းနဲ့ ဖန်လိုင်ဂိုဏ်းကပဲ အတူတူ တာဝန်ယူခဲ့တာလေ။အဲ့ဒီထဲမှာ အတွေ့အကြုံ မရှိတဲ့ လူတွေ ပါလို့လား? ကျွန်
တော် ဘာမှမပြောရင်တောင် သူတို့က သတိမထားမိဘဲ နေပါ့မလား?ရှစ်ရှုန်း ....အဲ့ဒီတုန်းက ကျွန်တော်တို့ထက်စာရင် သူတို့က အများကြီး ပိုတတ်ကျွမ်းကြတယ်"

ဤစကားများသည် အမှန်တရားကို လှည့်ဖျားနေသည့်နှယ် ခံစားရသော်လည်း ပြန်မချေပနိုင်ခဲ့ပေ။ဝမ်ရွှမ်သည် တံခွန်တိမ်တိုက်ဂို
ဏ်း၏ ဂိုဏ်းချုပ်ထံမှ အလိမ်ညာခံခဲ့ရသော ကာလအပိုင်းအခြားများကိုပါ ပြန်အမှတ်ရသွားပြီး ငြိမ်ကျသွားတော့သည်။

"သူတို့တွေထဲက တစ်ယောက်မှ မတားခဲ့ကြဘူး။ဒါဆို ကျွန်တော်တို့ကရော ဘာဖြစ်လို့ တာဝန်ယူရမှာလဲ?"

နောက်ဆုံးတွင် ကျန်းရီက မေးခွန်း တစ်ခုဖြင့် အဆုံးသတ်ခဲ့သည်။

"ဟုတ်ပါပြီ"

ဝမ်ရွှမ်သည် နဖူးကို ပုတ်ရင်း။

"ငါ မင်းကို မနိုင်ပါဘူး"

ကျန်းရီက ပြုံးလာခဲ့သည်။ဤကိစ္စတွင် သူ့ကို
ယ်သူ အစဥ်အမြဲ လိပ်ပြာလုံခဲ့သည်။ဤသ
ည်မှာ မူရင်းဝတ္ထုတွင် ဖြစ်ပျက်ခဲ့သော အဓိ
က အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သ
ည်။ဝမ်ရွှမ့်ကို အန္တရာယ် မဖြစ်စေသရွေ့တော့ တားရမည့် နည်းလမ်းကို စဥ်းစားရန် အချိန်မဖြုန်းချင်ပေ။

ဝမ်ရွှမ့်ကို အသုံးချနေသည့် လူတစ်ယောက် အနီးအနားတွင် ပုန်းလျှိုးနေကြောင်းကို ပေးသိခဲ့ခြင်းကတော့---ထိုအချိန်တုန်းက ဝမ်ရွှမ့်ကျင့်ကြံခြင်းအဆင့်သည် ယွမ်စုစည်းခြင်းအဆင့်၏ အလယ်အလတ်ကိုတောင် မရောက်သေးချေ။ယွမ်စုစည်းခြင်းအဆင့်တွင် ကျော်ဖြတ်ရမည့် တတိယစည်းကို မဆိုထားနှင့် ဒု
တိယစည်းကိုတောင် မကျော်ဖြတ်နိုင်သေးသည့် အခြေအနေမျိူးဖြစ်သည်။တတိယစည်းကို မကျော်ဖြတ်သေးသရွေ့ ဝမ်ရွှမ်ဘေးက
င်းနေအုံးမည်သာ။

ထိုအချိန်တွင် မြောက်ပိုင်းနင်ပြည်ထောင်၏ နေရာအရပ်ရပ်မှ ပျံသန်းလာသော ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများသည် ထိုနေရာတွင် လူစုကြတော့မည်ဖြစ်သည်။

သို့သော် မူလက ကောင်းကင်ယံ၌ မာန်အဟုန် ထောင်လွှား၍ တုန်ခါနေသော နတ်ဆိုးစွမ်း
အင်လည်း ရုတ်ချည်း အားပျော့သွားခဲ့သည်။

ဝမ်ရွှမ့် စိတ်အာရုံအရ တစ်စုံတစ်ခု မှားယွင်း
နေကြောင်း သတိပြုမိပြီး နိုးနိုးကြားကြား ဖြစ်သွားရသည်။ဂရုတစိုက် အာရုံစိုက်ကြည့်ရာ ထိုနတ်ဆိုးစွမ်းအင်သည် အကယ်စင်စစ်ကို အားပျော့ပြီးရင်း အားပျော့သွားခဲ့သည်။ခ
ဏအကြာတွင် လုံးဝ မခံစားမိနိုင်တော့သည်အထိ ပျောက်ကွယ်သွားတော့သည်။ကတိုက်
ကရိုက် ပျံသန်းလာသမျှ ဝိဥာဥ်ပျိုးစ ကျင့်ကြံသူတိုင်းသည် ထိုနတ်ဆိုးကို အမှီမဖမ်းနိုင်ခဲ့ကြချေ။

"အဲ့တာက....ပုန်းကွယ်သွားတာများလား?"

ဝမ်ရွှမ် အံ့သြတကြီးမေးလိုက်သည်။ကျန်းရီက ရှုပ်ထွေးနေသော အကြည့်များဖြင့် ခေါင်း
ညိတ်ပြလာသည်။

"သူက အရမ်း ဥာဏ်ကောင်းတယ်"

ဝမ်ရွှမ့် စိတ်ခံစားချက်များလည်း ရှုပ်ထွေးကု
န်သည်။ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများ စုဝေးလာစဥ်တွင် နတ်ဆိုးက ရန်သူများနှင့် ထိပ်တို
က် ရင်ဆိုင်ရမည်ကို သွေဖယ်ရန် ရွေးချယ်လို
က်ခြင်းက သူသည် ဝိဥာဥ်ပျိုးစ ကျင့်ကြံသူ
များကို မယှဥ်နိုင်ကြောင်း ဖော်ပြနေခြင်းဖြစ်သော်လည်း၊ပုန်းကွယ်ရမည်ကို နားလည်နေမှဖြင့် ကိုင်တွယ် ဖြေရှင်းရန် မလွယ်ကူသော ကိစ္စတစ်ရပ်သာ ဖြစ်လာပေမည်။

အတန်ငယ်ကြာပြီးနောက် ဝမ်ရွှမ်သည် နော
က်တစ်ကြိမ် ခေါင်းခါ၍ သူ ဝင်မကူညီနိုင်သော အခြေအနေမျိုးဖြစ်ကြောင်း လက်သင့်ခံလိုက်တော့သည်။

အမှန်တရားကို လက်ခံပြီးနောက် ကျန်းရီကို မေးခွန်း တစ်ခု ပြန်မေးခဲ့သည်။

"ငါတို့ ဘာဆက်လုပ်သင့်လဲ?"

ကျန်းရီက မျက်မှောင်ကြုံ့၍ ခဏလောက် စဥ်းစားပြီးမှ ခေါင်းခါပြလာသည်။

"ဒီပြသနာက အခုချိန်မှာတော့ ကျွန်တော်တို့အပေါ် သက်ရောက်မှု မရှိနိုင်သေးဘူး။ဝိဥာဥ်ပျိုးစကျင့်ကြံသူတွေ ကိုင်တွယ်မှာကိုပဲ စောင့်ကြရအောင်"

ဒါဆိုရင်အတိုင်း ကိုယ်လုပ်စရာရှိတာကိုပဲ
လုပ်နေမယ်ပေါ့?

ဝမ်ရွှမ်က ကျန်းရီကို သင်္ကာမကင်းစွာ စိုက်ကြည့်လိုက်သည်။ကျန်းရီက ခေါင်းညိတ်ပြသော်လည်း အနည်းငယ် ချီတုံချတုံဖြစ်နေပုံရသည်။သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို မေ့နေသလို ခံစားရသော်လည်း ဘာကို မေ့နေမှန်း စဥ်းစားမရပါချေ။

ထိုနေ့နှောင်းပိုင်းတွင် အနောက်၌ ကျန်ရစ်ခဲ့သော မုရုံဖုန်း၏ အစေခံများ ရောက်လာပြီး သူတို့ထံ ယာယီ အပ်နှံထားသော ကလေးင
ယ်ကို တစ်ပါတည်း ခေါ်ဆောင်လာလျက် မုရုံဖုန်း လက်ထဲသို့ ပြန်မထည့်ခင် အချိန်ထိ။

မုရုံဖုန်းသည် ကလေးငယ်ကို အလွန် ချစ်ခင်ပုံရသည်။အစေခံများ လွှဲပေးပြီးချင်းတွင် အလွှတ်မပေးတော့ဘဲ သူမ၏ ရင်ခွင်ထဲ၌ ပွေ့ပို
က်ထားလေသည်။

ကျန်းရီသည် ပို၍ ဖြူဖွေး၊ဝကစ်စွာ ဖွံ့ထွားလာသော ကလေးငယ်ကို ကြည့်ရင်းမှ 'အာ'
ခနဲ ရုတ်တရက် ထအော်လာခဲ့သည်။

နောက်ဆုံးတွင် သူ မေ့နေသော တစ်စုံတစ်ခုကို သတိရသွားချေပြီ။

အတိအကျဆိုရသော် သူ မေ့နေသော တစ်စုံ
တစ်ယောက်။အစက ဤကလေးကို အပ်ထားရန် သူစီစဥ်ခဲ့ဖူးသော တစ်စုံတစ်ယောက်။

မိုးပြာတောင်ပံဂိုဏ်းမှ ကျောက်ဖေးယွီ။

အရိပ်နတ်ဆိုး....နတ်ဆိုး ! နတ်ဆိုး!

ဤမျှ မတည်မငြိမ်ဖြစ်နေသော ကာလတွင်၊အနှိုင်းအဆမဲ့သော နတ်ဆိုးစွမ်းအင်က ပတ်
ချာလည် ဝန်းရံသွားသည့်အပြင် ဖြောင့်မတ်သော ကျင့်ကြံရေးဂိုဏ်းကြီး၌ ပုန်းလျှိုးကွယ်
လျှိုးဖြင့် သေလူလို ဟန်ဆောင်နေရပါသော နတ်ဆိုးဟာဆိုရင်တော့ဖြင့်။

ကျန်းရီသည် ကျောက်ဖေးယွီကို ဂရုမစိုက်သော်လည်း မျှဝေစာနာခြင်းကပ်ပါးကို ဖြေရှ
င်းရပေအုံးမည်။

သို့နှင့် အခန်းထဲသို့ ချက်ချင်း ပြန်ဝင်ပြီး ကျောက်ဖေးယွီထံ စာတစ်စောင် ခပ်မြန်မြန် ပို့ရတော့သည်။

ဝမ်ရွှမ်သည် ကျန်းရီ ပျာယာခတ်နေခြင်းကို သတိထားမိပြီး အခန်းထဲသို့ လိုက်ဝင်ကြည့်ခဲ့သည်။ကျန်းရီ၏ သတိစကားနောက်တွင် ဝမ်ရွှမ်လည်းအခြေအနေ တစ်ရပ်လုံးကို လျင်မြ
န်စွာ သဘောပေါက်သွားပြီး ကျောက်ဖေးယွီထံမှ ပြန်စာကိုစိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အချိန်အကြာကြီး မစောင့်လိုက်ရဘဲ ပြန်စာ ရောက်လာခဲ့သည်။

ကျန်းရီက စာအိတ်ကို ဖွင့်ဖောက်လိုက်သည်။အထက်၊အောက် တွန့်လိမ်ကွေးကောက်နေသော လက်ရေးကို ကြည့်ယုံဖြင့် ကျောက်ဖေးယွီတစ်ယောက် မည်မျှကြောက်လန့်နေ
မည်ကို အတပ်သိနိုင်ပေသည်။ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများ ရုတ်တရက် ရောက်ချလာပြီး ကမ္ဘာပေါ်မှ နတ်ဆိုးများကို မြေလှန်ရှာနေခြ
င်းကြောင့် ကျောက်ဖေးယွီမှာ ကြောက်လွန်း
၍ ဟန်ချက်တောင် မငြိမ်နိုင်တော့ချေ။

ဖြစ်နိုင်လျှင် တွင်းတူး၍သာ မြေကြီးထဲ ဝင်ပုန်းလိုက်ချင်သည်။

သို့သော် သူသည် ကျန်းရီ၊ ဝမ်ရွှမ်တို့နှင့် သေခြင်းတရားစာချုပ်ချုပ်ဆိုထားသည့်အတွက် သူ့ဘဝဟာ ထိုနှစ်ဦး၏ လက်ထဲတွင် ထိန်းချု
ပ်ခံထားရသည်။သို့ဖြစ်ရာ ထိုနှစ်ဦး၏ ညွှန်
ကြားချက်ကို နာခံရပေမည်။ကျန်းရီ၏ စာထဲတွင် မျှဝေစာနာခြင်းကပ်ပါးကို ဖြေရှင်းနိုင်မည့် နည်းလမ်းအတွက် အလျင်အမြန် လဲလှ
ယ်ပေးချေရန်နှင့် အခြားကိစ္စများထက် သူတို့ နှစ်ဦးထံ အမြန်ဆုံး လွှဲပြောင်းပေးရေးကိုသာ အာရုံစိုက်ရန် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းထားသေး၏။

ကံကောင်းထောက်မစွာဖြင့် ကျောက်ဖေးယွီသည် ဂိုဏ်းစုငွေမှတ်များကို ဟိုဟိုသည်သ
ည် ရုန်းကန်ရင်း စုဆောင်းမိနေချေပြီ။ကျော
က်ဖေးယွီသည် တာဝန် ကြီးကြီးမားမား မဆောင်ရွက်ခဲ့သော်လည်း မျှဝေစာနာခြင်းက
ပ်ပါးအတွက် နည်းလမ်းကို လဲလှယ်ရန် လုံ
လောက်သည်အထိ စုဆောင်းမိခဲ့သည်။ဤန
ည်းဖြင့် ပထမအဆင့်ကို အလွန် လျင်မြန်စွာ ကျော်ခွနိုင်ခဲ့သည်။

ထို့ကြောင့် ဝမ်ရွှမ်နှင့် ကျန်းရီကို အမြန်ဆုံး ပြန်ဆုံတွေ့ချင်နေပါကြောင်းနှင့် တည်နေရာကိုပါ ပြန်စာထဲတွင် ထည့်ရေးပေးခဲ့သည်။

ကျန်းရီသည် တည်နေရာကို မှတ်သားပြီးသ
ည်နှင့် ပြန်စာကို ချေမွဖျက်ဆီးခဲ့သည်။သူတို့ နှစ်ဦးသည် အချိန်မဆွဲဝံ့တော့ဘဲ မုရုံဖုန်းကို အလျင်စလို ဝင်နှုတ်ဆက်ခဲ့ကြသည်။

"ရှင်တို့ သွားတော့မလို့လား?"

"ကောင်းပါပြီ...ကျွန်မလည်း ဒီတစ်ရက်ပြီးရင် ပြန်တော့မလို့ပဲ။ရှင်တို့ အလုပ်ကိစ္စတွေ ပြီးသွားတဲ့ အချိန်ကျ အန်ဖုန်းမြို့မှာ ကျွန်မကို လာရှာလှည့်ပါ"

နှစ်ဦးသား သဘောတူပြီးနောက် ကျောက်ဖေးယွီ ရေးပေးထားသော နေရာသို့ အပြေးခရီးနှင်ခဲ့ကြတော့သည်။ကလေးငယ်လေးကို ကြည့်ထားပေးရန်တော့ မုရုံဖုန်းကိုသာ အကူ
အညီ ဆက်တောင်းခဲ့ရလေသည်။မုရုံကလ
ည်း အလွန် ဝမ်းမြောက်ပျော်ရွှင်စွာ သဘော
တူပေးခဲ့သည်။

ကျောက်ဖေးယွီ ရေးပေးထားသော နေရာသ
ည် အလှမ်းမဝေးသလို၊နီးလည်း မနီးသော နေရာမျိုးဖြစ်သည်။ဝမ်ရွှမ့် နတ်ဓားပျံ အရှိန်သည် လျင်မြန်လွန်းသည့်အတွက် သူတို့ နှစ်ဦးစလုံး ထိုနေရာသို့ ရောက်ရန် တစ်ရက်သာ ခရီးနှင်ခဲ့ရသည်။

သူတို့ ရောက်သွားချိန်တွင် ဘယ်ပြန်၊ညာပြန် ဝေ့ဝိုက်ကြည့်၍ ရှာဖွေသော်ငြား ကျောက်ဖေးယွီကို အရိပ်အယောင်ပင် မမြင်ရပါချေ။

သို့နှင့် နေ့တစ်ဝက်ခန့် စောင့်ဆိုင်းပြီးနောက် သူတို့ အနောက်ဘက်မှ တိုးညှင်းသော တွားသွားသံကို ကြားလိုက်ရသည်။ခေါင်းလှည့်ကြည့်ရာ မြွေငယ် တစ်ကောင်ကို မြင်ကြရလေသည်။

မြွေငယ်လေးသည် သူတို့ အရှေ့သို့ ဖြည်း
ညှင်းစွာ တွားသွားလာပြီး ပါးစပ်ဟလိုက်ရာ အနက်ရောင် အရိပ်နတ်ဆိုးက ၎င်း၏ အစာ
အိမ်ထဲမှ လှိမ့်ထွက်လာခဲ့သည်။

အရိပ်နတ်ဆို၏ ပုံစံအစစ်အမှန်ကို ရုတ်တရ
က် မြင်လိုက်ရချိန်တွင် သူတို့ နှစ်ဦးစလုံး တ
စ်ညီတစ်ညွတ်တည်း မအီမသာဖြစ်သွားရသ
ည်။ထို့နောက် ၎င်း၏ အစာအိမ်ထဲမှ ကျော
က်စိမ်း တစ်တုံးကို ထုတ်လိုက်စဥ်မူ နှစ်ဦးစ
လုံး အော့အန်လုနီးပါး ဖြစ်သွားရလေသည်။

သို့သော် ထိုကျောက်စိမ်းက အလွန်အရေး
ကြီးသည့်အတွက် ကျန်းရီသည် အော့အန်ချ
င်နေသော စိတ်ကို ထိန်းချုပ်၍ အရိပ်နတ်ဆိုး
ထံမှ ခပ်မြန်မြန် ဆွဲယူလိုက်သည်။

"မင်းတို့...မင်းတို့....မင်းတို့နှစ်ယောက်"

နောက်ဆုံးတွင် အရိပ်နတ်ဆိုးက လွတ်လွတ်လပ်လပ် စကားစပြောလာတော့သည်။သူ့အ
သံသည် ရင်တွင်းမှ ပူဆွေးမှုများကြောင့် အ
တန်ငယ် တုန်ယင်နေ၏။

"ငါ မင်းတို့နဲ့ ပြန်မတွေ့ရတော့ဘူးလို့တောင် ထင်နေတာ...."

ဤစကားချီးက ကြားရသူအဖို့ မျက်ရည်ပါလည်စေလောက်သည်။

မိုးပြာတောင်ပံဂိုဏ်းသည် ခရမ်းတောင်ပံဂို
ဏ်းက မြောက်ပိုင်းနင်ပြည်ထောင်တွင် တည်
ထောင်ထားသော ဂိုဏ်းခွဲတစ်ခုဖြစ်သည်။ထိုဂိုဏ်းခွဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဆိုလို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အန
ည်းငယ်သာ ရှိခြင်းကြောင့် ဤနတ်ဆိုးကို ရေထဲမှ ငါးလေးလို အေးအေးဆေးဆေး နေစေနိုင်ခဲ့ခြင်းပင်။သို့ပေမဲ့ ဗဟိုရှန်ပြည်ထောင်မှ ခရမ်းတောင်ပံဂိုဏ်းတွင်သာ ရှိသော ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများက မိုးပြာတောင်ပံဂိုဏ်းသို့ ရုတ်တရက် ရောက်ချလာခဲ့သည်။ဝိဥာဥ်ပျိုးစ ကျင့်ကြံသူပေါင်း သုံးဦးခန့်။

သို့နှင့် အရိပ်နတ်ဆိုးသည် အလွန် ကြောက်ဒူးတုန်လာပြီး ကျောက်ဖေးယွီ၏ ခန္ဓာကိုယ်ကိုတောင် ဆက်မသုံးရဲတော့ချေ။ရုတ်တရက် သေဆုံးသွားသည့်နှယ် ဖန်တီးပြီး ပုံစံအစစ်ကိုမူ အရိပ်ထဲ၌ ကွယ်ဝှက်ထားခဲ့သည်။ကော
င်းသော အချက်သည်ကား အရိပ်နတ်ဆိုးသ
ည် အပုန်းတော်လွန်းသည့်အတွက် ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများသာ သူ့ကို အာရုံမစိုက်သ
ရွေ့ ဤနည်းအတိုင်း လွတ်မြောက်အောင် ထွ
က်ပြေးလာနိုင်သည်လေ။

လမ်းတစ်လျှောက်တွင် ဝက်၊ငှက်၊မြွေ အစရှိသဖြင့် သုံးလို့ ရသမျှ ခန္ဓာကိုယ်ပေါင်း ဆယ်မျိုးလောက် ပြောင်းလဲလာရသည့်အပြင် သူ့ခေါင်းပေါ်၌ ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများ ဖြ
တ်ပျံသွားတိုင်းတွင် အသွင်ယူထားသော တိ
ရစ္ဆာန်ကိုယ်ပေါ်မှ အမွေးများပါ ကျွတ်သွားသလို ခံစားခဲ့ရသည်။

ဖြစ်ကြောင်းကုန်စင်ကို ပြောပြနေရင်း အရိပ်နတ်ဆိုးသည် ငိုပါငိုချလာတော့၏။

ယခုအချိန်တွင် မျှဝေစာနာခြင်းကပ်ပါးအတွ
က် ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရထားပြီးဖြစ်ရာ အရိပ်နတ်ဆိုး၏ ကံကြမ္မာကို ဂရုစိုက်စရာ မလိုတော့ချေ။သို့သော် သေခြင်းတရားစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းကြောင့် သူတို့ဟာ လှေတစ်စင်းတည်း စီးခဲ့သည်ဟုလည်း ယူဆနိုင်သေး၏။ထို့ကြောင့် သူတို့ နှစ်ဦးသည် စိ
တ်စေတနာအလျောက် ခဏတာ နှစ်သိမ့်ပေးခဲ့သည်။

အရိပ်နတ်ဆိုးသည် မျက်ရည်များကို သူတို့
၏ လက်ခုံဖြင့် ဆွဲသုတ်တော့မည့်ဆဲဆဲတွင် ရုတ်တရက် တောင့်တင်းသွားပြီး ချက်ချင်း သတိထားမိခဲ့သည်။

ဘယ်လိုလုပ် သတိမထားမိဘဲ နေပါ့မလဲ!

ဤတစ်ရက်အတွင်းမှာပင် သူ့ခေါင်းပေါ်၌ ခဏချင်းဆိုသလို ဖြတ်ပျံနေသော ဝိဥာဥ်ပျိုးစ ကျင့်ကြံသူများ၏ အရှိန်အဝါက သူ့ကို ရူးသွားချင်လောက်အောင် စိတ်ဒုက္ခပေးခဲ့သည် မဟုတ်ပါလား။မျက်စိတစ်မှိတ်အတွင်း၌ အ
ရိပ်နတ်ဆိုးသည် အနောက်ဘက်ရှိ မြက်ပင်ချုံနွယ်များထဲသို့ လျှောဝင်သွားပြီး ကျန်နှစ်ဦးကို လေတိုက်ရာ လှုပ်ယိမ်းနေသော မြက်
ပင်များနှင့်အတူ ချန်ရစ်ခဲ့တော့သည်။

ဝမ်ရွှမ်နှင့် ကျန်းရီတို့က ကောင်းစွာ သဘောမပေါက်ခဲ့ပေ။အရိပ်နတ်ဆိုး လုံးဝ ပျောက်ကွ
ယ်သွားမှ ဤနေရာသို့ ဦးတည်နေသော ဝိဥာဥ်ပျိုးစ ကျင့်ကြံသူ တစ်ဦး ရှိနေမှန်း ခံစားမိခဲ့ကြသည်။

ယခုအချိန်တွင် နေရာအနှံ့မှ ပျံသန်းလာနေသော ဝိဥာဥ်ပျိုးစ ကျင့်ကြံသူပေါင်းများစွာ ရှိနေခြင်းကြောင့် သိပ်အမှုမထားဘဲ သူတို့အ
ပေါ်မှ ထိုပုဂ္ဂိုလ် ကျော်ဖြတ်သွားမည့် အချိန်ကိုသာ စောင့်နေလိုက်သည်။သို့သော် ထိုပုဂ္ဂို
လ် နီးကပ်လာသည်နှင့်အမျှ အရှိန်အဝါက ပိုရင်းနှီးလာခြင်းကြောင့် ဝမ်ရွှမ်ဟာ အံ့အားသင့်စွာ အသံတစ်ချက်ပြုခဲ့သည်။

ဝမ်ရွှမ်နှင့် ရင်းနှီးနေသော အရှိန်အဝါပိုင်ရှင် ဝိဥာဥ်ပျိုးစ ကျင့်ကြံသူသည် ပျံသန်းနေရင်းမှ တစ်စုံတစ်ရာကို ရုတ်တရက် ရှာတွေ့သွားသည့်အလား လေထုအလယ်တွင် တန့်သွားပြီးနောက် သူတို့ နှစ်ဦး ရှိရာသို့ သက်ဆင်းလာခဲ့သည်။

ဝမ်ရွှမ်က အရှေ့သို့ တိုးကပ်သွားပြီး အော်ခေါ်လိုက်သည်။

"ရှစ်ဖူ"

တိုက်ဆိုင်စွာဖြင့် သူတို့အပေါ်မှ ဖြတ်ပျံလာသော ပုဂ္ဂိုလ်သည် ချူလျန်ဖြစ်နေ၏။ဝိဥာဥ်ပျိုးစ ကျင့်ကြံသူ အားလုံးကို စေလွှတ်လိုက်ခြင်းကြောင့် ဤနေရာတွင် ချူလျန်နှင့် လာတွေ့ရသည်ကား ကျိုးကြောင်းဆီလျော်ပေသည်။

ချူလျန်သည် တင်းကျပ်စွာ မျက်မှောင်ကြုံ့ထားလျက် အလွန်အမင်း မကျေမချမ်းဖြစ်နေပုံရသည်။

"မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ?"

သူက ဝမ်ရွှမ့်ကို ခပ်ဆတ်ဆတ် မေး၏။

........ဒီမေးခွန်းကို ဘယ်လို ပြန်ဖြေရမှာလဲ?

ဝမ်ရွှမ့် နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ထို့နောက် တလေးတစား ပြန်ဖြေပေးခဲ့သည်။

"တပည့်က ယွမ်စုစည်းခြင်းအဆင့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရှာရင်း အတွေ့အ
ကြုံ ယူဖို့အတွက် ဂိုဏ်းအပြင်ဘက်ကို ခရီးနှင်လာခဲ့တာပါ"

ဤစကားကို ပြောပြီးမှ ဝမ်ရွှမ် ရုတ်တရက် အမှတ်ရသွားခဲ့သည်။ချူလျန်  သူ့ကို ကျင့်ကြံခြင်းနည်းလမ်း ပေးခဲ့စဥ်က ကျင့်ကြံခြင်းနည်းလမ်းကို ဖတ်ပြီးသည်နှင့် သူတို့ နှစ်ဦး
၏ ဆရာတပည့်ဆက်ဆံရေးလည်း ပြီးဆုံးပြီဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သ
ည်။

သို့သော် ယခုအချိန်တွင် ချူလျန်က ထိုကိစ္စကို အမှုမထားနိုင်ချေ။

သူ သက်ဆင်းမလာခင်ကတည်းက ဝမ်ရွှမ်သည် ယွမ်စုစည်းခြင်းအဆင့်သို့ ရောက်နှင့်ပြီဖြစ်ကြောင်း သတိပြုမိခဲ့သည်။ယခုတွင် အ
သေအချာ စစ်ဆေးကြည့်ရာ ၎င်းက အမှန်တရားဖြစ်နေကြောင်း ပိုရှင်းလင်းစွာ သိိလိုက်ရလေသည်။သို့နှင့် ဝမ်ရွှမ့်ကို ကြည့်နေသော ချူလျန့် အကြည့်များမှာ ရှုပ်ထွေးသွားတော့
သည်။

"မင်း ယွမ်စုစည်းခြင်းအဆင့်ကို ရောက်နေပြီပဲ"

နောက်ဆုံးတွင် သူက ရေရေရာရာ မရှိသော စကား တစ်ခွန်းကိုသာ ထုတ်ပြောလာခဲ့သ
ည်။

"ဟုတ်ပါတယ်"

ဝမ်ရွှမ်သည်လည်း ထိုစကားကို ခွန်းတုံ့ပြန်ပေးခဲ့၏။

"တပည့် ယွမ်စုစည်းခြင်းအဆင့်ကို ရောက်နေပါပြီ"

"ဒီတစ်ကြိမ်က အရင်တုန်းကထက် အများကြီး ပိုခက်ခဲမှာပဲ။မင်း......"

ရံဖန်ရံခါတွင် ချူလျန်သည် သမားရိုးကျ ဆ
ရာတစ်ယောက်ကဲ့သို့ တပည့်အပေါ် အရိပ်အ
မြွက်မျှ စိတ်ပူပန်ပေးတတ်၏။သို့သော် စိတ်
ပူပေးတတ်သော ဆရာသခင်အဖြစ် ဘယ်တု
န်းကမှ အသားမကျခဲ့ရာ ပွင့်ပွင့်လင်းလင်း ထုတ်ပြောရန် စကားတောင် မပျိုးရမီတွင် မျ
က်မှောင်ကြုံ့၍ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ယွမ်စုစည်းခြင်းအဆင့်ကို ရောက်ပြီးပြီးဆိုမှဖြင့် ဂိုဏ်းအပြင်မှာ ဘာတွေ အလေလိုက်ပြီး လျှောက်သွားနေတာလဲ?ဘာကိစ္စ ဂိုဏ်းကို မပြန်သေးလဲ?အခု အပြင်မှာ ပြသနာတွေ တ
က်နေတယ်။အေးချမ်းနေတာ မဟုတ်ဘူးကွ။မင်း သိရဲ့လား?"

ဝမ်ရွှမ့် နှုတ်ခမ်းစွန်းများက မသိမသာ တွန့်ကွေးသွားပြီး နာခံစွာ ခေါင်းညိတ်ပြလိုက်သ
ည်။

"တပည့် သိပါတယ်။တပည့် အမြန်ဆုံး ပြန်လိုက်ပါ့မယ်"

နောက်ဆုံးတွင် ချူလျန့် အမူအရာသည် စိတ်
ပြေလျော့သွားသော အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ထို့နောက် ဝတ်ရုံကို ခါ၍ လေပေါ်သို့ ပြန်တက်တော့မည့်ဆဲဆဲတွင် ချူလျန့် အကြည့်များက ရုတ်တရက် ကျဥ်းမြောင်းလာပြီး ဝမ်ရွှမ့် အနောက်ဘက်ရှိ မြက်ခင်းဘ
က်သို့ လှည့်သွားခဲ့သည်။ဤအကြည့်တစ်ချ
က်ဖြင့် ချူလျန့် အမူအရာက ရုတ်ချည်း ပြော
င်းလဲသွားလေသည်။

"နတ်ဆိုးကောင်! ဘယ်ကို ထွက်ပြေးချင်နေတာလဲ!"

မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်နတ်ဆိုးသည် ဝိဥာဥ်စွမ်းအင်ဖြင့် ထိမှန်သွားပြီး နာနာကျင်ကျင် အော်ဟစ်လာခဲ့သည်။ချူလျန်က ထိုနေရာသို့ လျင်မြန်စွာ လျှောက်၍ လက်ဖြင့် ဖမ်းဆုပ်ခဲ့သည်။

အရိပ်နတ်ဆိုးခမျာမှာ မည်မျှပင် အော်ဟစ်ရုန်းကန်နေပါစေ၊ချူလျန့် လက်မှ လွတ်မြော
က်နိုင်တော့မည် မဟုတ်ချေ။

ဝမ်ရွှမ်နှင့် ကျန်းရီလည်း ထိုမြင်ကွင်းကို ဆ
က်မကြည့်နိုင်တော့ဘဲ အဝေးသို့ အကြည့်လွှဲလိုက်လေတော့သည်။

ဟေး....နည်းနည်းတော့ နာမယ်ထင်တယ်။

.............................××................................

        <နတ္ဆိုးအႏၱရာယ္ လာေနၿပီ>

ဝမ္႐ႊမ္သည္ သူႏွင့္ က်န္းရီၾကားမွ ေၾကာင္
ေတာင္ေတာင္နိုင္လွေသာ ဆက္ဆံေရးကို ေတြးၾကည့္ေလေလ၊ပိုစိတ္ရႈပ္ရေလေလပင္။သူ႕မ်က္ႏွာထက္တြင္ ရွက္႐ြံ႕ေသာ အရိပ္အ
ႁမြက္မ်ားလည္း ယွက္သန္းလာခဲ့သည္။

မု႐ုံဖုန္းသည္ ေဘးဘက္မွ ၾကည့္ေနရင္း အ
လြန္ ရယ္ခ်င့္ဖြယ္ေကာင္းသည္ဟု သေဘာ
ေတြ႕လာၿပီး မေနနိုင္ေတာ့ဘဲ စေနာက္ရန္ စိ
တ္ကူးရလာခဲ့သည္။

"က်င့္ႀကံသူဝမ္......"

သူမ စေနာက္ေတာ့မည့္ဆဲဆဲတြင္ ဝိဥာဥ္စြမ္းအင္မ်ားက ႐ုတ္တရက္ အႀကီးအက်ယ္ တုန္ဟီးလာခဲ့သည္။

သို႔ႏွင့္ မု႐ုံဖုန္းသည္ ခ်က္ခ်င္း ပါးစပ္ျပန္ပိတ္၍ အျပင္ဘက္သို႔ အံ့ၾသတႀကီး လွမ္းၾကည့္လိုက္သည္။

ဤျပင္းထန္ေသာ တုန္ခါမႈသည္ ႐ုတ္တရက္ ျဖစ္ေပၚလာသည့္အျပင္ ေျမျပင္ကိုပါ အျပင္းအထန္ ရိုက္ခတ္သြားခဲ့သည္။ယင္းအခိုက္တြင္ ေကာင္းကင္ဘုံေအာက္မွ ဝိဥာဥ္စြမ္းအင္ အလုံးစုံတို႔ တစ္ၿပိဳင္နက္ တုန္ခါသြားသည့္အလား တစ္ေနရာတည္း၌ တုန္ခါသြားျခင္း မဟုတ္ဘဲ ေနရာတိုင္းတြင္ပါ သက္ေရာက္မႈရွိခဲ့သည္။ဝိဥာဥ္စြမ္းအင္ကို မခံစားနိုင္ေသာ သာမန္လူသားမ်ားသည္ပင္ ေကာင္းကင္ႀကီး ခဏတာ နစ္ျမဳပ္သြားသည့္ႏွယ္ ဖိအားတစ္မ်ိဳးကို ခံစားလိုက္ရသည္။

"ဒါက....."

ဝမ္႐ႊမ္လည္း အံ့ၾသသြားၿပီး အိမ္အျပင္ဘက္သို႔ လွမ္းၾကည့္ခဲ့သည္။ျဖစ္ပ်က္ေနသမွ်ကို အေျဖမရွာနိုင္မီတြင္ အလြန္ ၾသဇာေညာင္းေသာ အရွိန္အဝါတစ္မ်ိဳးက တိက်ေသာ ဦးတည္ရာ လမ္းေၾကာင္းတစ္သြယ္မွ ႐ုတ္တရက္ ထြက္လာေနေၾကာင္းကို သတိထားမိခဲ့သည္။

ဝမ္႐ႊမ္သည္ ခ်က္ခ်င္း တံခါး တြန္းဖြင့္ၿပီး အိ
မ္အျပင္သို႔ ထြက္၍ ထိုဦးတည္ရာ လမ္း
ေၾကာင္းကို ၾကည့္လိုက္ရာ စကားတစ္ခြန္းမွ်ပင္ ထြက္မလာေတာ့သည္အထိ ထိတ္လန့္သြားရေလသည္။

၎သည္ အႏွိုင္းအဆမဲ့ နတ္ဆိုးစြမ္းအင္ ျဖ
စ္ေန၏။

ေရွးသူတို႔၏ တိုက္ပြဲတြင္ လူႏွင့္ နတ္ဆိုးသားရဲ တို႔ ပူးေပါင္းခဲ့ၾကျခင္းေၾကာင့္ နတ္ဆိုးမ်ားမွာ အ ထိအခိုက္မ်ားခဲ့ၿပီး အႀကီးအက်ယ္ ပ်က္စီးဆုံး ရႈံးခဲ့ရသည္။ထို႔ေၾကာင့္ မ်ိဳးသုဥ္း အေျခအေနသို႔ ဦးတည္သြားခဲ့သည္။ထြက္ေျပးလြတ္ေျမာက္ခဲ့ေသာ နတ္ဆိုးအနည္းငယ္ ရွိေသာ္ျငား လက္ရွိအ ခ်ိန္တြင္ ဘာကိုမွ ျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္နိုင္ေသးဘဲ အ
င္အားနည္းစု ျဖစ္ေနဆဲသာ။သို႔ေသာ္ ဤအခိုက္အတန့္တြင္ သူတို႔ ခံစားမိခဲ့ေသာ အရာမွာအလြန္အစြမ္းထက္ေသာ အႏွိုင္းအဆမဲ့ နတ္ဆိုးစြမ္းအင္တစ္မ်ိဳး ျဖစ္ေနသည္။

ကမၻာေပၚမွာ ဒီလို အစြမ္းမ်ိဳး ထုတ္သုံးနိုင္တဲ့ နတ္ဆိုးဆိုတာ က်န္ေရာ က်န္ေနေသးလို႔လား?

မု႐ုံဖုန္းက ဝမ္႐ႊမ့္အနားသို႔ တိုးကပ္လာၿပီး မ်က္ခုံးမ်ားကို တြန့္ခ်ိဳးထားလ်က္ စကားဆိုလာ၏။

"ၾကည့္ရတာေတာ့ ျပသနာ တစ္ခုခု ျဖစ္သြားၿပီ ထင္တယ္"

ထိုအခ်ိန္တြင္ က်င့္ႀကံသူဆန္းလည္း အခန္းထဲမွ အေျပးအလႊား ထြက္လာၿပီး သူတို႔ ရွိရာသို႔ ေရာက္လာခဲ့သည္။သူ႕မ်က္ႏွာသည္လည္း အလားတူစြာ ထိတ္လန့္တုန္လႈပ္လ်က္ ျဖဴဖတ္ျဖဴေရာ္ ျဖစ္လို႔ေနသည္။

က်န္းရီသည္ အားလုံးထက္ ပိုႏွေးေသာ္လ
ည္း သိပ္မၾကာမီတြင္ သူလည္း အခန္းထဲမွ ထြက္လာခဲ့သည္။အျခားသူမ်ား၏ ထိတ္လန့္ေနေသာ အမူအရာႏွင့္ က်န္းရီက အမ်ားႀကီး ပိုတည္ၿငိမ္ေနပုံရေသာ္လည္း အံ့ၾသစရာေကာင္းေလာက္ေအာင္ကို အေလးအနက္ တည္ၾကည္ေနျပန္၏။

သူသည္ စကား တစ္ခြန္းမွ် မဆိုဘဲ ဝမ္႐ႊမ့္အနားတြင္ ၿငိမ္သက္စြာ ရပ္ေနခဲ့သည္။

"ဒီ.....ဒီလမ္းေၾကာင္းက.....ဟုတ္မ်ားဟုတ္ေနမလား?"

ဝမ္႐ႊမ္သည္ နတ္ဆိုးစြမ္းအင္ ဦးတည္ေနေသာ လမ္းေၾကာင္းကို လွမ္းၾကည့္ရာ တစ္စုံတစ္ခုကို လ်င္ျမန္စြာ ခန့္မွန္းမိၿပီး မ်က္ႏွာအေရာင္လည္း ျဖဴေဖ်ာ့သြားရေလသည္။သူ႕ႏွလုံးသားထဲမွ မွတ္ဥာဏ္ တစ္ခုကို လွန္ေလွာၿပီး လက္ရွိ အေျခအေနႏွင့္ ယွဥ္ၾကည့္မိစဥ္တြင္ နတ္ဆိုးစြမ္းအင္မ်ား ထြက္ေပၚလာေသာ လမ္းေၾကာင္းသည္ သူႏွင့္ အလြန္ ရင္းႏွီးေနေၾကာင္း သတိျပဳမိခဲ့သည္။

သို႔ျဖစ္ရာ က်န္းရီႏွင့္ ပထမဆုံး စေတြ႕စဥ္က အမွတ္တရမ်ားကိုပါ ျပန္ေရာက္သြားေတာ့
သည္။ထိုအခ်ိန္တုန္းက က်န္းရီသည္ ေရွး
ေဟာင္းဗိမာန္ တစ္ခု ရွာေဖြရန္ သူ႕ကို ေခၚသြားၿပီး လက္ရွိတြင္သူထိန္းခ်ဳပ္ထားေသာ နတ္ဓားပ်ံ(ဓားပ်ံေရွ႕ေျပးနိမိတ္)ကို ရရွိခဲ့သည္။ေနာက္ပိုင္းတြင္ ဂိုဏ္းခ်ဳပ္ထံ သတင္းပို႔ၿပီးသည္မွစ၍ ထိုေနရာသို႔ ဘယ္ေသာအခါမွ ထပ္မသြားျဖစ္ေတာ့ေပ။

ယခုတြင္ နတ္ဆိုးစြမ္းအင္မ်ား ထြက္ေပၚလာေနေသာ လမ္းေၾကာင္းသည္ ထိုေရွးေဟာင္းဗိမာန္ရွိရာ ေနရာ အတိအက်ပင္ ျဖစ္ေခ်သ
ည္။

ဝမ္႐ႊမ္သည္ က်န္းရီကို သတိလက္လြတ္ ေခါ
င္းငဲ့ၾကည့္လိုက္ရာ က်န္းရီက ေခါင္းညိတ္ျပ၏။

ဝမ္႐ႊမ့္မ်က္ႏွာသည္ စကၠဴ တစ္႐ြက္ႏွယ္ ျဖဴေဖ်ာ့ေနၿပီျဖစ္သည္။ေရွးေဟာင္းဗိမာန္ထဲတြ
င္ ထူးဆန္းေသာ အရာတစ္ခုခု ရွိေနသည္ဟု သူ ခံစားမိခဲ့သည့္အျပင္ ထိုအရာသည္ ေထာ
င္ေခ်ာက္ေလာ၊ဖုံးကြယ္ထားေသာ အႏၱရာယ္
တစ္ခုေလာ ေတြးခ်င့္ၾကည့္၍ သံသယလည္း ဝင္ခဲ့ဖူးသည္။သို႔ေသာ္ ထိုေနရာမွ အနက္ရွိုင္းဆုံး တစ္ေနရာတြင္ ဤမွ်အႏွိုင္းအဆမဲ့ေသာ အစြမ္းျဖင့္ နတ္ဆိုးတစ္ေကာင္ ခိုေအာင္းေနလိမ့္မည္ဟု လုံးဝ မထင္မိခဲ့ေခ်။

အကယ္၍ နတ္ဆိုးသာ ထိုေနရာမွ လြတ္လာရိုး မွန္လွ်င္ ဝမ္႐ႊမ္သည္ ၎အတြက္ သူ႕တြင္ တာဝန္ရွိေနသည္ဟု ခံစားမိခဲ့သည္။

သူသည္ နတ္ဓားပ်ံကို အလ်င္အျမန္ ဆင့္ေခၚ၍ ထိုေနရာသို႔ အေျပးအလႊား လိုက္ၾကည့္ရန္ ဟန္ျပင္လိုက္သည္။

"ရွစ္ရႈန္း"

က်န္းရီက သူ႕အက်ီလက္ကို ဆြဲကိုင္ၿပီး ေခါ
င္းခါျပသည္။

"ဒါက အစ္ကို ဝင္ကူနိုင္တဲ့ အေျခအေနမ်ိဳး မဟုတ္ဘူး"

အျခားကိစၥကို မဆိုႏွင့္၊လက္ရွိ ေနရာ ႏွစ္ခုၾကားမွ အကြာအေဝးကို ဆိုရလွ်င္ ဝမ္႐ႊမ့္ အ
ရွိန္ႏႈန္းႏွင့္ပင္လွ်င္ေတာင္ ရက္ေပါင္းမ်ားစြာ ၾကာျမင့္သြားလိမ့္မည္။ဤသေဘာတရားကို ဝမ္႐ႊမ္လည္း နားလည္ပါ၏။သို႔ေသာ္ သူ႕ကို ေဘးမွ ရပ္ၾကည့္ခိုင္းေနလွ်င္လည္း သူသည္ သည္အတိုင္းေတာ့ ၿငိမ္ၿငိမ္ေလး ရပ္ၾကည့္မေနနိုင္ပါေခ်။

"က်င့္ႀကံသူက်န္းေျပာတာ မွန္ပါတယ္"

မု႐ုံဖုန္းက နက္ေမွာင္ေနေသာ ဆံႏြယ္မ်ားကို သပ္တင္ရင္း အႀကံေပးလာ၏။

"က်င့္ႀကံသူဝမ္ကို ပြင့္ပြင့္လင္းလင္း ေျပာျပရရင္ကြၽန္မလို ေ႐ႊအျမဳေတအဆင့္ က်င့္ႀကံသူေတာင္ အဲ့ဒီေနရာကို ေရာက္သြားရင္ ဘာမွ
ဝင္ကူေပးနိုင္မွာ မဟုတ္ဘူး။အဟန့္အတားပဲ ျဖစ္ေစလိမ့္မယ္"

မု႐ုံဖုန္း၏ စကားေၾကာင့္ ဝမ္႐ႊမ္ အံ့ၾသသြားရသည္။

မု႐ုံဖုန္းက မ်ားမ်ားစားစား ဆက္မေျပာေတာ့ဘဲ သူတို႔အားလုံးကို အသာၿငိမ္၍ နားစြင့္ရန္ အခ်က္ျပခဲ့သည္။

သိပ္မၾကာမီတြင္ အေဝးမွ ျဖတ္သန္းလာေနေသာ အရွိန္အဝါ တစ္မ်ိဳးကို ခံစားမိခဲ့သည္။အံ့ၾသစရာေကာင္းသည္မွာ ၎သည္ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူတစ္ဦး ပ်ံသန္းေနျခင္းျဖစ္
သည္။ ထိုအမည္မသိ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူသည္ နတ္ဆိုးစြမ္းအင္ ထြက္ေပၚလာေသာ ေရွးေဟာင္းဗိမာန္သို႔ အေျပးအလႊား ပ်ံသန္းေနျခင္းပင္။

ဝမ္႐ႊမ္သည္ စိတ္အာ႐ုံကို ျဖန့္က်က္၍ အာ႐ုံ
စိုက္ၾကည့္ရာ မတူညီေသာ လမ္းေၾကာင္းကို
ယ္စီမွ ေရွးေဟာင္းဗိမာန္ ရွိရာသို႔ ကတိုက္က
ရိုက္ ပ်ံသန္းလာေနေသာ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူေပါင္းမ်ားစြာ ရွိေနေၾကာင္း သိလိုက္ရသည္။

၎တို႔သည္ အလြန္ ျမန္ဆန္လြန္းစြာ ပ်ံသန္းေနသည့္အတြက္ ျပင္းထန္ေသာ အရွိန္အဝါမ်ားကို ထုတ္လႊတ္ရင္း ေလစီးေၾကာင္းကိုပါ လႈပ္ခါေစခဲ့သည္။

"ေျမာက္ပိုင္းနင္ျပည္ေထာင္မွာ ရွိတဲ့ ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူေတြအားလုံး အဲ့ဒီ နတ္ဆိုးစြ
မ္းအင္ ရွိတဲ့ ေနရာကို သြားေနၾကၿပီ ထင္တ
ယ္"

မု႐ုံဖုန္းက စိတ္ေလးလံေနေသာ မ်က္ႏွာျဖင့္။

"ဗဟိုရွန္ျပည္က ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူေတြေတာင္ ပါေနေသးတယ္"

ဤအေျခအေနအမ်ိဳးတြင္ သူတို႔အေနႏွင့္ ဝင္ကူနိုင္မည့္ နည္းလမ္းမ်ိဳးလည္း မရွိပါေခ်။သို႔ႏွင့္ ဝမ္႐ႊမ္လည္း ထိုင္းမွိုင္းေနေသာ အမူ
အရာျဖင့္ သက္ျပင္းခ်ယဳံသာ တတ္နိုင္ခဲ့သ
ည္။

ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူမ်ားကိုေတာင္ ကတို
က္ကရိုက္ ပ်ံသန္းရသည္အထိ လႈပ္ခါနိုင္ခဲ့ေသာ အရာသည္ ဧကန္စင္စစ္ကို အေသးအ
ဖြဲ ကိစၥေတာ့ မဟုတ္နိုင္ေပ။

"ဒီမွာ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူေတြ အမ်ားႀကီး ရွိေနလို႔ ေတာ္ေသးတယ္"

မု႐ုံဖုန္း၏ မ်က္ႏွာထားက ျပန္ၿငိမ္သက္သြားခဲ့သည္။

"ေကာင္းကင္ႀကီး ၿပိဳက်လာရင္ေတာင္ ကြၽန္
မတို႔မွာ တာဝန္မရွိေတာ့ဘူး"

ေျပာၿပီးသည္ႏွင့္ မု႐ုံဖုန္းသည္ ဘာမွ မျဖစ္သည့္ႏွယ္ အိမ္ထဲသို႔ ျပန္ဝင္သြားေတာ့သည္။

ဝမ္႐ႊမ္ သက္ျပင္းခ်မိရသည္။သူသည္ ေနရာတြင္သာ ရပ္ေနၿမဲျဖစ္ၿပီး မု႐ုံဖုန္း၏ စကားကို မတတ္နိုင္ရကား သေဘာတူရန္သာ ဆုံးျဖတ္လိုက္သည္။သို႔ေသာ္ သူ႕ေဘးနားတြင္ ၿငိမ္သ
က္စြာ ရပ္ေနေသာ က်န္းရီကို ၾကည့္ရင္း စိတ္ထဲ၌ မလႊတ္ခ်နိဳင္ေသးေသာ ကိစၥ တစ္ခုကို ထုတ္ေမးလိုက္သည္။

"က်န္းရွစ္တိ ၊အဲ့ဒီတုန္းက မင္း ငါ့ကို ေခၚသြားတဲ့ေနရာက...."

"ရွစ္ရႈန္း"

က်န္းရီက ဝမ္႐ႊမ့္အေမးကို ၾကားျဖတ္၏။

"ကိုယ့္ကိုယ္ကို အျပစ္တင္စရာ မလိုဘူး"

ဝမ္႐ႊမ္ တုံ႕ဆိုင္းသြားရေလသည္။

"ကြၽန္ေတာ့္မွာလည္း တာဝန္မရွိဘူး"

"ဒါက မလြဲမေသြျဖစ္လာမွာပဲ"

ဝမ္႐ႊမ္သည္ က်န္းရီ၏ စကားကို ၾကားရလွ်
င္ တည္ၾကည္ေနေသာ မ်က္ႏွာထားျဖင့္။

"အင္း ဟုတ္တယ္ မင္း သိၿပီးသားပဲေပါ့။ဒါေပမယ့္ အေစာကထဲက မင္း သိထားတယ္ဆိုရင္....."

"ရွစ္ရႈန္း"

"အဲ့ဒီတုန္းက ကြၽန္ေတာ္တို႔ ေတြ႕ခဲ့တဲ့ က်င့္ႀကံသူ ႏွစ္ေယာက္ကို မွတ္မိေသးလား?"

ခ်င္ရွစ္ယြီ ႏွင့္ ႐ႊယ္ပင္းအာ။သူတို႔ ႏွစ္ဦးကို ဝမ္႐ႊမ္ အေသအခ်ာ မွတ္မိေနေသး၏။

"အမွန္အတိုင္းေျပာရရင္"

"အဲ့ဒီတုန္းက ကြၽန္ေတာ္ အစ္ကို႔ကို ေခၚသြားတာ သူတို႔ရဲ႕ အခြင့္အေရးကို ခိုးဖို႔အတြက္"

ဝမ္႐ႊမ္ အံ့ၾသသြားၿပီးေနာက္ လိုတိုရွင္း ျဖတ္ေတြးလိုက္ရာ က်န္းရီ၏ စကားက အမွန္ျဖစ္ေနေၾကာင္း သေဘာေပါက္ခဲ့ရသည္။

က်န္းရီသည္ မူရင္းဝတၳဳကို ဖတ္ထားသူျဖစ္ရာ ေရွးေဟာင္းဗိမာန္အေၾကာင္းကို သူ သိေနျခင္းသည္ မူရင္းဝတၳဳထဲတြင္ ခ်င္ရွစ္ယြီ ကို
ယ္တိုင္ ရွာေဖြခဲ့ျခင္းေၾကာင့္ျဖစ္သည္။ထို႔ေနာ
က္ က်န္းရီသည္ တစ္ကိုယ္တည္း ဆုံးျဖတ္ခ်
က္ခ်၍ ဝမ္႐ႊမ့္ကို ေရွးေဟာင္းဗိမာန္သို႔ ေခၚသြားရန္ အမ်ိဳးမ်ိဳး စဥ္းစားၿပီး အစီအစဥ္ဆြဲခဲ့ျခင္းပင္။ဤကိစၥအတြက္ က်န္းရီသည္ ကိုယ့္ကိုယ္ကို အျပစ္တင္စိတ္ စိုးစဥ္းမွ် မရွိသည့္အျပင္ မူရင္းဝတၳဳထဲမွ ဇာတ္ေကာင္ ႏွစ္ဦးႏွင့္ ေတြ႕ရစဥ္တြင္လည္း ပိုလို႔ေတာင္ အျမင္မၾကည္ျဖစ္သြားရေသးသည္။

အရာအားလုံးကို နားလည္သြားခ်ိန္တြင္ ဝမ္႐ႊမ့္မွာ ရယ္ရအခက္၊ ငိုရအခက္ ျဖစ္သြားခဲ့သ
ည္။

"ကြၽန္ေတာ္ အစ္ကို႔ကို ေခၚမသြားရင္ေတာင္ အဲ့ဒီေနရာက အခ်ိန္က်လာရင္ ေပၚလာမွာပဲ။ၿပီးေတာ့ အရာအားလုံးကလည္း ဒီအတိုင္းပဲ ဆက္ျဖစ္လာအုံးမွာ"

က်န္းရီက ဝမ္႐ႊမ့္ကို အေလးအနက္ ရွင္းျပ
၏။

"ကြၽန္ေတာ္တို႔ ျပန္ထြက္လာၿပီးေတာ့ အဲ့ဒီေန
ရာကို တံခြန္တိမ္တိုက္ဂိုဏ္းနဲ႕ ဖန္လိုင္ဂိုဏ္းကပဲ အတူတူ တာဝန္ယူခဲ့တာေလ။အဲ့ဒီထဲမွာ အေတြ႕အႀကဳံ မရွိတဲ့ လူေတြ ပါလို႔လား? ကြၽန္
ေတာ္ ဘာမွမေျပာရင္ေတာင္ သူတို႔က သတိမထားမိဘဲ ေနပါ့မလား?ရွစ္ရႈန္း ....အဲ့ဒီတုန္းက ကြၽန္ေတာ္တို႔ထက္စာရင္ သူတို႔က အမ်ားႀကီး ပိုတတ္ကြၽမ္းၾကတယ္"

ဤစကားမ်ားသည္ အမွန္တရားကို လွည့္ဖ်ားေနသည့္ႏွယ္ ခံစားရေသာ္လည္း ျပန္မေခ်ပနိုင္ခဲ့ေပ။ဝမ္႐ႊမ္သည္ တံခြန္တိမ္တိုက္ဂို
ဏ္း၏ ဂိုဏ္းခ်ဳပ္ထံမွ အလိမ္ညာခံခဲ့ရေသာ ကာလအပိုင္းအျခားမ်ားကိုပါ ျပန္အမွတ္ရသြားၿပီး ၿငိမ္က်သြားေတာ့သည္။

"သူတို႔ေတြထဲက တစ္ေယာက္မွ မတားခဲ့ၾကဘူး။ဒါဆို ကြၽန္ေတာ္တို႔ကေရာ ဘာျဖစ္လို႔ တာဝန္ယူရမွာလဲ?"

ေနာက္ဆုံးတြင္ က်န္းရီက ေမးခြန္း တစ္ခုျဖင့္ အဆုံးသတ္ခဲ့သည္။

"ဟုတ္ပါၿပီ"

ဝမ္႐ႊမ္သည္ နဖူးကို ပုတ္ရင္း။

"ငါ မင္းကို မနိုင္ပါဘူး"

က်န္းရီက ၿပဳံးလာခဲ့သည္။ဤကိစၥတြင္ သူ႕ကို
ယ္သူ အစဥ္အၿမဲ လိပ္ျပာလုံခဲ့သည္။ဤသ
ည္မွာ မူရင္းဝတၳဳတြင္ ျဖစ္ပ်က္ခဲ့ေသာ အဓိ
က အေၾကာင္းအရင္းမ်ားထဲမွ တစ္ခုျဖစ္သ
ည္။ဝမ္႐ႊမ့္ကို အႏၱရာယ္ မျဖစ္ေစသေ႐ြ႕ေတာ့ တားရမည့္ နည္းလမ္းကို စဥ္းစားရန္ အခ်ိန္မျဖဳန္းခ်င္ေပ။

ဝမ္႐ႊမ့္ကို အသုံးခ်ေနသည့္ လူတစ္ေယာက္ အနီးအနားတြင္ ပုန္းလွ်ိုးေနေၾကာင္းကို ေပးသိခဲ့ျခင္းကေတာ့---ထိုအခ်ိန္တုန္းက ဝမ္႐ႊမ့္က်င့္ႀကံျခင္းအဆင့္သည္ ယြမ္စုစည္းျခင္းအဆင့္၏ အလယ္အလတ္ကိုေတာင္ မေရာက္ေသးေခ်။ယြမ္စုစည္းျခင္းအဆင့္တြင္ ေက်ာ္ျဖတ္ရမည့္ တတိယစည္းကို မဆိုထားႏွင့္ ဒု
တိယစည္းကိုေတာင္ မေက်ာ္ျဖတ္နိုင္ေသးသည့္ အေျခအေနမ်ိဴးျဖစ္သည္။တတိယစည္းကို မေက်ာ္ျဖတ္ေသးသေ႐ြ႕ ဝမ္႐ႊမ္ေဘးက
င္းေနအုံးမည္သာ။

ထိုအခ်ိန္တြင္ ေျမာက္ပိုင္းနင္ျပည္ေထာင္၏ ေနရာအရပ္ရပ္မွ ပ်ံသန္းလာေသာ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူမ်ားသည္ ထိုေနရာတြင္ လူစုၾကေတာ့မည္ျဖစ္သည္။

သို႔ေသာ္ မူလက ေကာင္းကင္ယံ၌ မာန္အဟုန္ ေထာင္လႊား၍ တုန္ခါေနေသာ နတ္ဆိုးစြမ္း
အင္လည္း ႐ုတ္ခ်ည္း အားေပ်ာ့သြားခဲ့သည္။

ဝမ္႐ႊမ့္ စိတ္အာ႐ုံအရ တစ္စုံတစ္ခု မွားယြင္း
ေနေၾကာင္း သတိျပဳမိၿပီး နိုးနိုးၾကားၾကား ျဖစ္သြားရသည္။ဂ႐ုတစိုက္ အာ႐ုံစိုက္ၾကည့္ရာ ထိုနတ္ဆိုးစြမ္းအင္သည္ အကယ္စင္စစ္ကို အားေပ်ာ့ၿပီးရင္း အားေပ်ာ့သြားခဲ့သည္။ခ
ဏအၾကာတြင္ လုံးဝ မခံစားမိနိုင္ေတာ့သည္အထိ ေပ်ာက္ကြယ္သြားေတာ့သည္။ကတိုက္
ကရိုက္ ပ်ံသန္းလာသမွ် ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူတိုင္းသည္ ထိုနတ္ဆိုးကို အမွီမဖမ္းနိုင္ခဲ့ၾကေခ်။

"အဲ့တာက....ပုန္းကြယ္သြားတာမ်ားလား?"

ဝမ္႐ႊမ္ အံ့ၾသတႀကီးေမးလိုက္သည္။က်န္းရီက ရႈပ္ေထြးေနေသာ အၾကည့္မ်ားျဖင့္ ေခါင္း
ညိတ္ျပလာသည္။

"သူက အရမ္း ဥာဏ္ေကာင္းတယ္"

ဝမ္႐ႊမ့္ စိတ္ခံစားခ်က္မ်ားလည္း ရႈပ္ေထြးကု
န္သည္။ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူမ်ား စုေဝးလာစဥ္တြင္ နတ္ဆိုးက ရန္သူမ်ားႏွင့္ ထိပ္တို
က္ ရင္ဆိုင္ရမည္ကို ေသြဖယ္ရန္ ေ႐ြးခ်ယ္လို
က္ျခင္းက သူသည္ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူ
မ်ားကို မယွဥ္နိုင္ေၾကာင္း ေဖာ္ျပေနျခင္းျဖစ္ေသာ္လည္း၊ပုန္းကြယ္ရမည္ကို နားလည္ေနမွျဖင့္ ကိုင္တြယ္ ေျဖရွင္းရန္ မလြယ္ကူေသာ ကိစၥတစ္ရပ္သာ ျဖစ္လာေပမည္။

အတန္ငယ္ၾကာၿပီးေနာက္ ဝမ္႐ႊမ္သည္ ေနာ
က္တစ္ႀကိမ္ ေခါင္းခါ၍ သူ ဝင္မကူညီနိုင္ေသာ အေျခအေနမ်ိဳးျဖစ္ေၾကာင္း လက္သင့္ခံလိုက္ေတာ့သည္။

အမွန္တရားကို လက္ခံၿပီးေနာက္ က်န္းရီကို ေမးခြန္း တစ္ခု ျပန္ေမးခဲ့သည္။

"ငါတို႔ ဘာဆက္လုပ္သင့္လဲ?"

က်န္းရီက မ်က္ေမွာင္ႀကဳံ႕၍ ခဏေလာက္ စဥ္းစားၿပီးမွ ေခါင္းခါျပလာသည္။

"ဒီျပသနာက အခုခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔အေပၚ သက္ေရာက္မႈ မရွိနိုင္ေသးဘူး။ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူေတြ ကိုင္တြယ္မွာကိုပဲ ေစာင့္ၾကရေအာင္"

ဒါဆို အရင္အတိုင္း ကိုယ္လုပ္စရာရွိတာကိုပဲ
လုပ္ေနရမယ္ေပါ့?

ဝမ္႐ႊမ္က က်န္းရီကို သကၤာမကင္းစြာ စိုက္ၾကည့္လိုက္သည္။က်န္းရီက ေခါင္းညိတ္ျပေသာ္လည္း အနည္းငယ္ ခ်ီတုံခ်တဳံျဖစ္ေနပုံရသည္။သူ႕စိတ္ထဲတြင္ တစ္စုံတစ္ခုကို ေမ့ေနသလို ခံစားရေသာ္လည္း ဘာကို ေမ့ေနမွန္း စဥ္းစားမရပါေခ်။

ထိုေန႕ႏွောင္းပိုင္းတြင္ အေနာက္၌ က်န္ရစ္ခဲ့ေသာ မု႐ုံဖုန္း၏ အေစခံမ်ား ေရာက္လာၿပီး သူတို႔ထံ ယာယီ အပ္ႏွံထားေသာ ကေလးင
ယ္ကို တစ္ပါတည္း ေခၚေဆာင္လာလ်က္ မု႐ုံဖုန္း လက္ထဲသို႔ ျပန္မထည့္ခင္ အခ်ိန္ထိ။

မု႐ုံဖုန္းသည္ ကေလးငယ္ကို အလြန္ ခ်စ္ခင္ပုံရသည္။အေစခံမ်ား လႊဲေပးၿပီးခ်င္းတြင္ အလႊတ္မေပးေတာ့ဘဲ သူမ၏ ရင္ခြင္ထဲ၌ ေပြ႕ပို
က္ထားေလသည္။

က်န္းရီသည္ ပို၍ ျဖဴေဖြး၊ဝကစ္စြာ ဖြံ႕ထြားလာေသာ ကေလးငယ္ကို ၾကည့္ရင္းမွ 'အာ'
ခနဲ ႐ုတ္တရက္ ထေအာ္လာခဲ့သည္။

ေနာက္ဆုံးတြင္ သူ ေမ့ေနေသာ တစ္စုံတစ္ခုကို သတိရသြားေခ်ၿပီ။

အတိအက်ဆိဳရေသာ္ သူ ေမ့ေနေသာ တစ္စုံ
တစ္ေယာက္။အစက ဤကေလးကို အပ္ထားရန္ သူစီစဥ္ခဲ့ဖူးေသာ တစ္စုံတစ္ေယာက္။

မိုးျပာေတာင္ပံဂိုဏ္းမွ ေက်ာက္ေဖးယြီ။

အရိပ္နတ္ဆိုး....နတ္ဆိုး ! နတ္ဆိုး!

ဤမွ် မတည္မၿငိမ္ျဖစ္ေနေသာ ကာလတြင္၊အႏွိုင္းအဆမဲ့ေသာ နတ္ဆိုးစြမ္းအင္က ပတ္
ခ်ာလည္ ဝန္းရံသြားသည့္အျပင္ ေျဖာင့္မတ္ေသာ က်င့္ႀကံေရးဂိုဏ္းႀကီး၌ ပုန္းလွ်ိုးကြယ္
လွ်ိုးျဖင့္ ေသလူလို ဟန္ေဆာင္ေနရပါေသာ နတ္ဆိုးဟာဆိုရင္ေတာ့ျဖင့္။

က်န္းရီသည္ ေက်ာက္ေဖးယြီကို ဂ႐ုမစိုက္ေသာ္လည္း မွ်ေဝစာနာျခင္းကပ္ပါးကို ေျဖရွ
င္းရေပအုံးမည္။

သို႔ႏွင့္ အခန္းထဲသို႔ ခ်က္ခ်င္း ျပန္ဝင္ၿပီး ေက်ာက္ေဖးယြီထံ စာတစ္ေစာင္ ခပ္ျမန္ျမန္ ပို႔ရေတာ့သည္။

ဝမ္႐ႊမ္သည္ က်န္းရီ ပ်ာယာခတ္ေနျခင္းကို သတိထားမိၿပီး အခန္းထဲသို႔ လိုက္ဝင္ၾကည့္ခဲ့သည္။က်န္းရီ၏ သတိစကားေနာက္တြင္ ဝမ္႐ႊမ္လည္းအေျခအေန တစ္ရပ္လုံးကို လ်င္ျမ
န္စြာ သေဘာေပါက္သြားၿပီး ေက်ာက္ေဖးယြီထံမွ ျပန္စာကိုစိတ္မရွည္စြာ ေစာင့္ဆိုင္းေနခဲ့သည္။

ကံေကာင္းေထာက္မစြာျဖင့္ အခ်ိန္အၾကာႀကီး မေစာင့္လိုက္ရဘဲ ျပန္စာ ေရာက္လာခဲ့သည္။

က်န္းရီက စာအိတ္ကို ဖြင့္ေဖာက္လိုက္သည္။အထက္၊ေအာက္ တြန့္လိမ္ေကြးေကာက္ေနေသာ လက္ေရးကို ၾကည့္ယုံျဖင့္ ေက်ာက္ေဖးယြီတစ္ေယာက္ မည္မွ်ေၾကာက္လန့္ေန
မည္ကို အတပ္သိနိုင္ေပသည္။ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူမ်ား ႐ုတ္တရက္ ေရာက္ခ်လာၿပီး ကမၻာေပၚမွ နတ္ဆိုးမ်ားကို ေျမလွန္ရွာေနျခ
င္းေၾကာင့္ ေက်ာက္ေဖးယြီမွာ ေၾကာက္လြန္း
၍ ဟန္ခ်က္ေတာင္ မၿငိမ္နိုင္ေတာ့ေခ်။

ျဖစ္နိုင္လွ်င္ တြင္းတူး၍သာ ေျမႀကီးထဲ ဝင္ပုန္းလိုက္ခ်င္သည္။

သို႔ေသာ္ သူသည္ က်န္းရီ၊ ဝမ္႐ႊမ္တို႔ႏွင့္ ေသျခင္းတရားစာခ်ဳပ္ခ်ဳပ္ဆိုထားသည့္အတြက္ သူ႕ဘဝဟာ ထိုႏွစ္ဦး၏ လက္ထဲတြင္ ထိန္းခ်ဳ
ပ္ခံထားရသည္။သို႔ျဖစ္ရာ ထိုႏွစ္ဦး၏ ၫႊန္
ၾကားခ်က္ကို နာခံရေပမည္။က်န္းရီ၏ စာထဲတြင္ မွ်ေဝစာနာျခင္းကပ္ပါးကို ေျဖရွင္းနိုင္မည့္ နည္းလမ္းအတြက္ အလ်င္အျမန္ လဲလွ
ယ္ေပးေခ်ရန္ႏွင့္ အျခားကိစၥမ်ားထက္ သူတို႔ ႏွစ္ဦးထံ အျမန္ဆုံး လႊဲေျပာင္းေပးေရးကိုသာ အာ႐ုံစိုက္ရန္ ျပင္းျပင္းထန္ထန္ ႀကိမ္းေမာင္းထားေသး၏။

ကံေကာင္းေထာက္မစြာျဖင့္ ေက်ာက္ေဖးယြီသည္ ဂိုဏ္းစုေငြမွတ္မ်ားကို ဟိုဟိုသည္သ
ည္ ႐ုန္းကန္ရင္း စုေဆာင္းမိေနေခ်ၿပီ။ေက်ာ
က္ေဖးယြီသည္ တာဝန္ ႀကီးႀကီးမားမား မေဆာင္႐ြက္ခဲ့ေသာ္လည္း မွ်ေဝစာနာျခင္းက
ပ္ပါးအတြက္ နည္းလမ္းကို လဲလွယ္ရန္ လုံ
ေလာက္သည္အထိ စုေဆာင္းမိခဲ့သည္။ဤန
ည္းျဖင့္ ပထမအဆင့္ကို အလြန္ လ်င္ျမန္စြာ ေက်ာ္ခြနိုင္ခဲ့သည္။

ထို႔ေၾကာင့္ ဝမ္႐ႊမ္ႏွင့္ က်န္းရီကို အျမန္ဆုံး ျပန္ဆုံေတြ႕ခ်င္ေနပါေၾကာင္းႏွင့္ တည္ေနရာကိုပါ ျပန္စာထဲတြင္ ထည့္ေရးေပးခဲ့သည္။

က်န္းရီသည္ တည္ေနရာကို မွတ္သားၿပီးသ
ည္ႏွင့္ ျပန္စာကို ေခ်မြဖ်က္ဆီးခဲ့သည္။သူတို႔ ႏွစ္ဦးသည္ အခ်ိန္မဆြဲဝံ့ေတာ့ဘဲ မု႐ုံဖုန္းကို အလ်င္စလို ဝင္ႏႈတ္ဆက္ခဲ့ၾကသည္။

"ရွင္တို႔ သြားေတာ့မလို႔လား?"

"ေကာင္းပါၿပီ...ကြၽန္မလည္း ဒီတစ္ရက္ၿပီးရင္ ျပန္ေတာ့မလို႔ပဲ။ရွင္တို႔ အလုပ္ကိစၥေတြ ၿပီးသြားတဲ့ အခ်ိန္က် အန္ဖုန္းၿမိဳ႕မွာ ကြၽန္မကို လာရွာလွည့္ပါ"

ႏွစ္ဦးသား သေဘာတူၿပီးေနာက္ ေက်ာက္ေဖးယြီ ေရးေပးထားေသာ ေနရာသို႔ အေျပးခရီးႏွင္ခဲ့ၾကေတာ့သည္။ကေလးငယ္ေလးကို ၾကည့္ထားေပးရန္ေတာ့ မု႐ုံဖုန္းကိုသာ အကူ
အညီ ဆက္ေတာင္းခဲ့ရေလသည္။မု႐ုံကလ
ည္း အလြန္ ဝမ္းေျမာက္ေပ်ာ္႐ႊင္စြာ သေဘာ
တူေပးခဲ့သည္။

ေက်ာက္ေဖးယြီ ေရးေပးထားေသာ ေနရာသ
ည္ အလွမ္းမေဝးသလို၊နီးလည္း မနီးေသာ ေနရာမ်ိဳးျဖစ္သည္။ဝမ္႐ႊမ့္ နတ္ဓားပ်ံ အရွိန္သည္ လ်င္ျမန္လြန္းသည့္အတြက္ သူတို႔ ႏွစ္ဦးစလုံး ထိုေနရာသို႔ ေရာက္ရန္ တစ္ရက္သာ ခရီးႏွင္ခဲ့ရသည္။

သူတို႔ ေရာက္သြားခ်ိန္တြင္ ဘယ္ျပန္၊ညာျပန္ ေဝ့ဝိုက္ၾကည့္၍ ရွာေဖြေသာ္ျငား ေက်ာက္ေဖးယြီကို အရိပ္အေယာင္ပင္ မျမင္ရပါေခ်။

သို႔ႏွင့္ ေန႕တစ္ဝက္ခန့္ ေစာင့္ဆိုင္းၿပီးေနာက္ သူတို႔ အေနာက္ဘက္မွ တိုးညွင္းေသာ တြားသြားသံကို ၾကားလိုက္ရသည္။ေခါင္းလွည့္ၾကည့္ရာ ေႁမြငယ္ တစ္ေကာင္ကို ျမင္ၾကရေလသည္။

ေႁမြငယ္ေလးသည္ သူတို႔ အေရွ႕သို႔ ျဖည္း
ညွင္းစြာ တြားသြားလာၿပီး ပါးစပ္ဟလိုက္ရာ အနက္ေရာင္ အရိပ္နတ္ဆိုးက ၎၏ အစာ
အိမ္ထဲမွ လွိမ့္ထြက္လာခဲ့သည္။

အရိပ္နတ္ဆို၏ ပုံစံအစစ္အမွန္ကို ႐ုတ္တရ
က္ ျမင္လိုက္ရခ်ိန္တြင္ သူတို႔ ႏွစ္ဦးစလုံး တ
စ္ညီတစ္ၫြတ္တည္း မအီမသာျဖစ္သြားရသ
ည္။ထို႔ေနာက္ ၎၏ အစာအိမ္ထဲမွ ေက်ာ
က္စိမ္း တစ္တုံးကို ထုတ္လိုက္စဥ္မူ ႏွစ္ဦးစ
လုံး ေအာ့အန္လုနီးပါး ျဖစ္သြားရေလသည္။

သို႔ေသာ္ ထိုေက်ာက္စိမ္းက အလြန္အေရး
ႀကီးသည့္အတြက္ က်န္းရီသည္ ေအာ့အန္ခ်
င္ေနေသာ စိတ္ကို ထိန္းခ်ဳပ္၍ အရိပ္နတ္ဆိုး
ထံမွ ခပ္ျမန္ျမန္ ဆြဲယူလိုက္သည္။

"မင္းတို႔...မင္းတို႔....မင္းတို႔ႏွစ္ေယာက္"

ေနာက္ဆုံးတြင္ အရိပ္နတ္ဆိုးက လြတ္လြတ္လပ္လပ္ စကားစေျပာလာေတာ့သည္။သူ႕အ
သံသည္ ရင္တြင္းမွ ပူေဆြးမႈမ်ားေၾကာင့္ အ
တန္ငယ္ တုန္ယင္ေန၏။

"ငါ မင္းတို႔နဲ႕ ျပန္မေတြ႕ရေတာ့ဘူးလို႔ေတာင္ ထင္ေနတာ...."

ဤစကားခ်ီးက ၾကားရသူအဖို႔ မ်က္ရည္ပါလည္ေစေလာက္သည္။

မိုးျပာေတာင္ပံဂိုဏ္းသည္ ခရမ္းေတာင္ပံဂို
ဏ္းက ေျမာက္ပိုင္းနင္ျပည္ေထာင္တြင္ တည္
ေထာင္ထားေသာ ဂိုဏ္းခြဲတစ္ခုျဖစ္သည္။ထိုဂိုဏ္းခြဲတြင္ က်င့္ႀကံျခင္းအဆင့္ အျမင့္ဆုံးဆိုလို႔ ေ႐ႊအျမဳေတအဆင့္ က်င့္ႀကံသူ အန
ည္းငယ္သာ ရွိျခင္းေၾကာင့္ ဤနတ္ဆိုးကို ေရထဲမွ ငါးေလးလို ေအးေအးေဆးေဆး ေနေစနိုင္ခဲ့ျခင္းပင္။သို႔ေပမဲ့ ဗဟိုရွန္ျပည္ေထာင္မွ ခရမ္းေတာင္ပံဂိုဏ္းတြင္သာ ရွိေသာ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူမ်ားက မိုးျပာေတာင္ပံဂိုဏ္းသို႔ ႐ုတ္တရက္ ေရာက္ခ်လာခဲ့သည္။ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူေပါင္း သုံးဦးခန့္။

သို႔ႏွင့္ အရိပ္နတ္ဆိုးသည္ အလြန္ ေၾကာက္ဒူးတုန္လာၿပီး ေက်ာက္ေဖးယြီ၏ ခႏၶာကိုယ္ကိုေတာင္ ဆက္မသုံးရဲေတာ့ေခ်။႐ုတ္တရက္ ေသဆုံးသြားသည့္ႏွယ္ ဖန္တီးၿပီး ပုံစံအစစ္ကိုမူ အရိပ္ထဲ၌ ကြယ္ဝွက္ထားခဲ့သည္။ေကာ
င္းေသာ အခ်က္သည္ကား အရိပ္နတ္ဆိုးသ
ည္ အပုန္းေတာ္လြန္းသည့္အတြက္ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူမ်ားသာ သူ႕ကို အာ႐ုံမစိုက္သ
ေ႐ြ႕ ဤနည္းအတိုင္း လြတ္ေျမာက္ေအာင္ ထြ
က္ေျပးလာနိုင္သည္ေလ။

လမ္းတစ္ေလွ်ာက္တြင္ ဝက္၊ငွက္၊ေႁမြ အစရွိသျဖင့္ သုံးလို႔ ရသမွ် ခႏၶာကိုယ္ေပါင္း ဆယ္မ်ိဳးေလာက္ ေျပာင္းလဲလာရသည့္အျပင္ သူ႕ေခါင္းေပၚ၌ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူမ်ား ျဖ
တ္ပ်ံသြားတိုင္းတြင္ အသြင္ယူထားေသာ တိ
ရစ္ဆာန္ကိုယ္ေပၚမွ အေမြးမ်ားပါ ကြၽတ္သြားသလို ခံစားခဲ့ရသည္။

ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပေနရင္း အရိပ္နတ္ဆိုးသည္ ငိုပါငိုခ်လာေတာ့၏။

ယခုအခ်ိန္တြင္ မွ်ေဝစာနာျခင္းကပ္ပါးအတြ
က္ ေျဖရွင္းနိုင္မည့္ နည္းလမ္းကို ရထားၿပီးျဖစ္ရာ အရိပ္နတ္ဆိုး၏ ကံၾကမၼာကို ဂ႐ုစိုက္စရာ မလိုေတာ့ေခ်။သို႔ေသာ္ ေသျခင္းတရားစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ျခင္းေၾကာင့္ သူတို႔ဟာ ေလွတစ္စင္းတည္း စီးခဲ့သည္ဟုလည္း ယူဆနိုင္ေသး၏။ထို႔ေၾကာင့္ သူတို႔ ႏွစ္ဦးသည္ စိ
တ္ေစတနာအေလ်ာက္ ခဏတာ ႏွစ္သိမ့္ေပးခဲ့သည္။

အရိပ္နတ္ဆိုးသည္ မ်က္ရည္မ်ားကို သူတို႔
၏ လက္ခုံျဖင့္ ဆြဲသုတ္ေတာ့မည့္ဆဲဆဲတြင္ ႐ုတ္တရက္ ေတာင့္တင္းသြားၿပီး ခ်က္ခ်င္း သတိထားမိခဲ့သည္။

ဘယ္လိုလုပ္ သတိမထားမိဘဲ ေနပါ့မလဲ!

ဤတစ္ရက္အတြင္းမွာပင္ သူ႕ေခါင္းေပၚ၌ ခဏခ်င္းဆိုသလို ျဖတ္ပ်ံေနေသာ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူမ်ား၏ အရွိန္အဝါက သူ႕ကို ႐ူးသြားခ်င္ေလာက္ေအာင္ စိတ္ဒုကၡေပးခဲ့သည္ မဟုတ္ပါလား။မ်က္စိတစ္မွိတ္အတြင္း၌ အ
ရိပ္နတ္ဆိုးသည္ အေနာက္ဘက္ရွိ ျမက္ပင္ခ်ဳံႏြယ္မ်ားထဲသို႔ ေလွ်ာဝင္သြားၿပီး က်န္ႏွစ္ဦးကို ေလတိုက္ရာ လႈပ္ယိမ္းေနေသာ ျမက္
ပင္မ်ားႏွင့္အတူ ခ်န္ရစ္ခဲ့ေတာ့သည္။

ဝမ္႐ႊမ္ႏွင့္ က်န္းရီတို႔က ေကာင္းစြာ သေဘာမေပါက္ခဲ့ေပ။အရိပ္နတ္ဆိုး လုံးဝ ေပ်ာက္ကြ
ယ္သြားမွ ဤေနရာသို႔ ဦးတည္ေနေသာ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူ တစ္ဦး ရွိေနမွန္း ခံစားမိခဲ့ၾကသည္။

ယခုအခ်ိန္တြင္ ေနရာအႏွံ႕မွ ပ်ံသန္းလာေနေသာ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူေပါင္းမ်ားစြာ ရွိေနျခင္းေၾကာင့္ သိပ္အမႈမထားဘဲ သူတို႔အ
ေပၚမွ ထိုပုဂၢိုလ္ ေက်ာ္ျဖတ္သြားမည့္ အခ်ိန္ကိုသာ ေစာင့္ေနလိုက္သည္။သို႔ေသာ္ ထိုပုဂၢို
လ္ နီးကပ္လာသည္ႏွင့္အမွ် အရွိန္အဝါက ပိုရင္းႏွီးလာျခင္းေၾကာင့္ ဝမ္႐ႊမ္ဟာ အံ့အားသင့္စြာ အသံတစ္ခ်က္ျပဳခဲ့သည္။

ဝမ္႐ႊမ္ႏွင့္ ရင္းႏွီးေနေသာ အရွိန္အဝါပိုင္ရွင္ ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူသည္ ပ်ံသန္းေနရင္းမွ တစ္စုံတစ္ရာကို ႐ုတ္တရက္ ရွာေတြ႕သြားသည့္အလား ေလထုအလယ္တြင္ တန့္သြားၿပီးေနာက္ သူတို႔ ႏွစ္ဦး ရွိရာသို႔ သက္ဆင္းလာခဲ့သည္။

ဝမ္႐ႊမ္က အေရွ႕သို႔ တိုးကပ္သြားၿပီး ေအာ္ေခၚလိုက္သည္။

"ရွစ္ဖူ"

တိုက္ဆိုင္စြာျဖင့္ သူတို႔အေပၚမွ ျဖတ္ပ်ံလာေသာ ပုဂၢိုလ္သည္ ခ်ဴလ်န္ျဖစ္ေန၏။ဝိဥာဥ္ပ်ိဳးစ က်င့္ႀကံသူ အားလုံးကို ေစလႊတ္လိုက္ျခင္းေၾကာင့္ ဤေနရာတြင္ ခ်ဴလ်န္ႏွင့္ လာေတြ႕ရသည္ကား က်ိဳးေၾကာင္းဆီေလ်ာ္ေပသည္။

ခ်ဴလ်န္သည္ တင္းက်ပ္စြာ မ်က္ေမွာင္ႀကဳံ႕ထားလ်က္ အလြန္အမင္း မေက်မခ်မ္းျဖစ္ေနပုံရသည္။

"မင္းက ဒီမွာ ဘာလာလုပ္ေနတာလဲ?"

သူက ဝမ္႐ႊမ့္ကို ခပ္ဆတ္ဆတ္ ေမး၏။

........ဒီေမးခြန္းကို ဘယ္လို ျပန္ေျဖရမွာလဲ?

ဝမ္႐ႊမ့္ ႏႈတ္ခမ္းမ်ား တြန့္ေကြးသြားရသည္။ထို႔
ေနာက္ တေလးတစား ျပန္ေျဖေပးခဲ့သည္။

"တပည့္က ယြမ္စုစည္းျခင္းအဆင့္အတြက္ လိုအပ္တဲ့ ပစၥည္းေတြကို ရွာရင္း အေတြ႕အ
ႀကဳံ ယူဖို႔အတြက္ ဂိုဏ္းအျပင္ဘက္ကို ခရီးႏွင္လာခဲ့တာပါ"

ဤစကားကို ေျပာၿပီးမွ ဝမ္႐ႊမ္ ႐ုတ္တရက္ အမွတ္ရသြားခဲ့သည္။ခ်ဴလ်န္  သူ႕ကို က်င့္ႀကံျခင္းနည္းလမ္း ေပးခဲ့စဥ္က က်င့္ႀကံျခင္းနည္းလမ္းကို ဖတ္ၿပီးသည္ႏွင့္ သူတို႔ ႏွစ္ဦး
၏ ဆရာတပည့္ဆက္ဆံေရးလည္း ၿပီးဆုံးၿပီျဖစ္ေၾကာင္း အတိအလင္း ေျပာၾကားခဲ့သ
ည္။

သို႔ေသာ္ ယခုအခ်ိန္တြင္ ခ်ဴလ်န္က ထိုကိစၥကို အမႈမထားနိုင္ေခ်။

သူ သက္ဆင္းမလာခင္ကတည္းက ဝမ္႐ႊမ္သည္ ယြမ္စုစည္းျခင္းအဆင့္သို႔ ေရာက္ႏွင့္ၿပီျဖစ္ေၾကာင္း သတိျပဳမိခဲ့သည္။ယခုတြင္ အ
ေသအခ်ာ စစ္ေဆးၾကည့္ရာ ၎က အမွန္တရားျဖစ္ေနေၾကာင္း ပိုရွင္းလင္းစြာ သိိလိုက္ရေလသည္။သို႔ႏွင့္ ဝမ္႐ႊမ့္ကို ၾကည့္ေနေသာ ခ်ဴလ်န့္ အၾကည့္မ်ားမွာ ရႈပ္ေထြးသြားေတာ့
သည္။

"မင္း ယြမ္စုစည္းျခင္းအဆင့္ကို ေရာက္ေနၿပီပဲ"

ေနာက္ဆုံးတြင္ သူက ေရေရရာရာ မရွိေသာ စကား တစ္ခြန္းကိုသာ ထုတ္ေျပာလာခဲ့သ
ည္။

"ဟုတ္ပါတယ္"

ဝမ္႐ႊမ္သည္လည္း ထိုစကားကို ခြန္းတုံ႕ျပန္ေပးခဲ့၏။

"တပည့္ ယြမ္စုစည္းျခင္းအဆင့္ကို ေရာက္ေနပါၿပီ"

"ဒီတစ္ႀကိမ္က အရင္တုန္းကထက္ အမ်ားႀကီး ပိုခက္ခဲမွာပဲ။မင္း......"

ရံဖန္ရံခါတြင္ ခ်ဴလ်န္သည္ သမားရိုးက် ဆ
ရာတစ္ေယာက္ကဲ့သို႔ တပည့္အေပၚ အရိပ္အ
ႁမြက္မွ် စိတ္ပူပန္ေပးတတ္၏။သို႔ေသာ္ စိတ္
ပူေပးတတ္ေသာ ဆရာသခင္အျဖစ္ ဘယ္တု
န္းကမွ အသားမက်ခဲ့ရာ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာရန္ စကားေတာင္ မပ်ိဳးရမီတြင္ မ်
က္ေမွာင္ႀကဳံ႕၍ စကားလမ္းေၾကာင္းေျပာင္းလိုက္သည္။

"ယြမ္စုစည္းျခင္းအဆင့္ကို ေရာက္ၿပီးၿပီးဆိုမွျဖင့္ ဂိုဏ္းအျပင္မွာ ဘာေတြ အေလလိုက္ၿပီး ေလွ်ာက္သြားေနတာလဲ?ဘာကိစၥ ဂိုဏ္းကို မျပန္ေသးလဲ?အခု အျပင္မွာ ျပသနာေတြ တ
က္ေနတယ္။ေအးခ်မ္းေနတာ မဟုတ္ဘူးကြ။မင္း သိရဲ႕လား?"

ဝမ္႐ႊမ့္ ႏႈတ္ခမ္းစြန္းမ်ားက မသိမသာ တြန့္ေကြးသြားၿပီး နာခံစြာ ေခါင္းညိတ္ျပလိုက္သ
ည္။

"တပည့္ သိပါတယ္။တပည့္ အျမန္ဆုံး ျပန္လိုက္ပါ့မယ္"

ေနာက္ဆုံးတြင္ ခ်ဴလ်န့္ အမူအရာသည္ စိတ္
ေျပေလ်ာ့သြားေသာ အသြင္သို႔ ေျပာင္းလဲသြားခဲ့သည္။ထို႔ေနာက္ ဝတ္႐ုံကို ခါ၍ ေလေပၚသို႔ ျပန္တက္ေတာ့မည့္ဆဲဆဲတြင္ ခ်ဴလ်န့္ အၾကည့္မ်ားက ႐ုတ္တရက္ က်ဥ္းေျမာင္းလာၿပီး ဝမ္႐ႊမ့္ အေနာက္ဘက္ရွိ ျမက္ခင္းဘ
က္သို႔ လွည့္သြားခဲ့သည္။ဤအၾကည့္တစ္ခ်
က္ျဖင့္ ခ်ဴလ်န့္ အမူအရာက ႐ုတ္ခ်ည္း ေျပာ
င္းလဲသြားေလသည္။

"နတ္ဆိုးေကာင္! ဘယ္ကို ထြက္ေျပးခ်င္ေနတာလဲ!"

မ်က္စိတစ္မွိတ္အတြင္းမွာပင္ အရိပ္နတ္ဆိုးသည္ ဝိဥာဥ္စြမ္းအင္ျဖင့္ ထိမွန္သြားၿပီး နာနာက်င္က်င္ ေအာ္ဟစ္လာခဲ့သည္။ခ်ဴလ်န္က ထိုေနရာသို႔ လ်င္ျမန္စြာ ေလွ်ာက္၍ လက္ျဖင့္ ဖမ္းဆုပ္ခဲ့သည္။

အရိပ္နတ္ဆိုးခမ်ာမွာ မည္မွ်ပင္ ေအာ္ဟစ္႐ုန္းကန္ေနပါေစ၊ခ်ဴလ်န့္ လက္မွ လြတ္ေျမာ
က္နိုင္ေတာ့မည္ မဟုတ္ေခ်။

ဝမ္႐ႊမ္ႏွင့္ က်န္းရီလည္း ထိုျမင္ကြင္းကို ဆ
က္မၾကည့္နိုင္ေတာ့ဘဲ အေဝးသို႔ အၾကည့္လႊဲလိုက္ေလေတာ့သည္။

ေဟး......နည္းနည္းေတာ့ နာမယ္ထင္တယ္။

Continue Reading

You'll Also Like

44.2K 4.2K 167
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...
4.8K 455 5
ယာဉ်မတော်တဆဖြစ်မှုမှ နိုးလာပြီးနောက် ပရော်ဖက်ရှင်နယ် esport player တစ်ယောက်ဖြစ်တဲ့ ရဲ့ရှောက်ယန်သည် သူ့ကိုယ်သူ A/B/Oကမ္ဘာလို့ ခေါ်ကြတဲ့ ထူးခြားဆန်းပြာ...
390K 59K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
16K 2K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...