ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက်...

By firozah34

410K 12.2K 635

ကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ န... More

hello
part -1
part -3
part -4
part -5
part -6
part -7
apologize
part-8
part-9
part -10. (🚨🚨🚨🚨)
part-11
part-12
part-13
part-14
part-15
part-16
part-17
part-18 (🚨15+)
part-19
part-20
part-21
part-22 (🚨🚨🚨)
part-23
part-24
part-25 (21+🚨🚨🚨)
part-26
part-27
part-28
part-29 (🚨)
part-30
part-31
part-32
final (1)
final (complete)
ဆွေးနွေးမယ်
extra (🚨🚨🚨🚨)
memory bring back

part -2

10.6K 339 4
By firozah34

သူ့အမေးတစ်ခွန်းမှာ သူမဟာ ဒေါသထွက်ရမှာထက်ရှက်သည့်စိတ်က ကြီးစိုးစွာ

"ကျွန်တော်မေးတာ ရိုင်းသွားလား ဆောရီး မြန်မာစကားနဲနဲအဆင်မပြေလို့"

ဟုတ်သားပဲ သူက ရှမ်းပြည်ကပြောင်းလာတာ မြန်မာလို ပြောရင်ဘယ်စကားကရိုင်းလည်း ယဉ်လည်း မသိ‌သေးတာဖြစ်မယ်

"ဟုတ်ရပါတယ် ကြိုက်နေတာလားမေးတော့ လူကိုထူပူသွားတာပဲ"

"ကျွန်တော့်နောက်လိုက်လာတော့ ကျွန်တော်လည်းဘာမေးရမှန်းမသိဖြစ်သွားတာ"

"အာ စဝ်ခွန်အောင် နောက်ကလိုက်တာ
မဟုတိပါဘူး ရွက်စိမ်း အိမ်ပြန်လမ်းက ဒီလမ်းပဲလေ"

ဪလို့ တခွန်းတည်းပြောပြီး ရှေ့ကိုငိုက်စိုက်လျောက်သွားပြန်၏၊ နေရခက်ခက်ကြီးန‌ဲ့ နောက်ကလိုက်ဖို့လည်းအဆင်မပြေတာကြောင့် စကားကို ကိုယ့်ဘက်ကပဲစပြောကာ လမ်းတလျောက် ဖြတ်သန်းလာခဲ့ရသည်၊ အိမ်နားမရောက်ခင် သုံးလမ်းအကျော်မှာပဲသူကကွေ့၀င်သွားတာကြောင့် အဲ့ကျမှပဲ အသက်ရှုချောင်ရတော့သည်။

အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ဆိုင်ကိုသွားဖို့အလုပ်

"မိစိမ်း လာဦး ခဏ"

"ရှင် မမ"

"ငါ သူငယ်ချင်း ပါတီတစ်ခုတက်ရမယ် ဒီဂါ၀န်က နဲနဲရှည်တော့ ကားပေါ်အတက်ဆင်း သိပ်အဆင်မပြေဘူး အာ့တာ နင်လိုက်ခဲ့စမ်းပါ"

"ဟုတ် အာ့ဆို ရွက်စိမ်းရေခဏချိုးမယ်လေ ဖြစ်လား"

"ချိုးချိုးမချိုးချိုး ဒီရုပ်ပဲ အရမ်းအကြောရှည်တယ် ပါတီမှာ နင့်ကို ဘယ်သူမှမကြည့်ဘူး"

"ဟုတ်ကဲ့ပါ"

"ပြောလိုက်ရင် မျက်နှာက အဲ့လိုဖြစ်ရော ငါသွားခါနီးလာခါနီး မို့စိတ်လျော့ထားတာသိလား"

လူ့လောကမှာ ငုံ့ခံရင် နင်းချေတတ်တာ သဘာ၀ဆိုတာသိပေမယ့် ကျောင်းပြီးလို့အလုပ်ရတာနဲ့ ဒီအိမ်ကအမြန်ခွာဖို့သာတွေးမိသည်၊ နေ့စဉ်ရက်စက် ပြောဆိုခံရတာကြောင့် တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် အိမ်ဖော်လို့တောင်မြင်မိသည်၊ ဒါကြောင့် မို့လို သူမကိုမနိုမ်ချဘဲ ဆက်ဆံတဲ့သူဆို အသေအလည်း ခင်မင်မိတာ

ထိုသို့နှငိ့ ပါတီပွဲကိုရောက်တော့ ကားပေါ်ကဆင်းရင် ဂါ၀န်စကို မပေးရပြီး ပါတီတလျောက် မုန့်ဆိုမုန့် ရေဆိုရေ အကုန် ထယူလုပ်ကိုင်ပေးရသည်။
ထိုသို့ဗျာများနေစဉ် ရိပ်ခနဲတွေ့လိုက်ရသော စဝ်ခွန်အောင်

ဘာလာလုပ်တာလည်းဆိုတဲ့ စူးစမ်းချင်စိတ်ကြောင့် ရှေ့ကလာတဲ့လူနဲ့ ၀င်တိုက္မိကာ ထိုလူရဲ့ ရှပ်ဖြူဖြူအပေါ် စပျစ်ဝိုင်တွေက မြင်မကောင်းအောင်စွန်းပေကျံသွား၏။

"ဟာ မင်းဘယ်လိုလုပ်လိုက်တာလည်း"

"ဟို ဟို ရွက်စိမ်းတောင်းပန်ပါတယ် မတော်လို့ ဖြစ်ရတာပါ"

"ကျွတ် ပေတိပေစုတ်နဲ့ မင်းကဘယ်သူလည်း"

"အို ဆောရီးပါ Jay ရယ် သူက ခေတ် ရဲ့ အိမ်ကအကူတစ်ယောက်ပါ"

ရွှေမာလာခေတ်က သူတစ်ဖက်သန်းစွဲလမ်းနေသော လူ့ဘောကြော့ သူဌေးသား Jay ကို
စိုးရိမ်တကြီး သဲသဲလှုပ်ရှင်းပြနေ၏။ ကိုယ့်ညီအစ်မ ၀မ်းကွဲတောင် အိမ်အကူပြောရသည်အထိ နှာဘူးကျမှုက မိုးမမြင်လေမမြင်

"Oh I don't care , Are you crazy? you're girl to make me angry at the moment "

"Oh so sorry baby , my mistake pls forgive me"

ပြသနာဖြစ်တာတောင်မေ့ပြီး ကြောင်နနလေး ကြည့်နေမိသည်။ သူတိူ့ ဘိုလိုပြောနေတာ ကြည့်ပြီး ရယ်ချင်စိတ်ကထိန်းမရ

"ဟေ့ မင်းရုပ်ကိုပြင်လိုင် shittt!"

Jay ကပြောပြောဆိုဆို ရွက်စိမ်းအား ဘေးမှာရှိတဲ့ ရေကူးကန်ထဲ တွန်းချလိုက္၏။

"အမလေး "

"ဗွမ်း!!!"

"ဖူးဖလူး အ ကယ်ကြ ဖူး ပါ!!'

ရေထဲယက်ကန်ယက်ကန် ဖြစ်နေတာကို တစ်ယောက္မှ ဆင်းမကယ်ကြသည့်အပြင် အကုန်လှောငိပြောင်ရယ်မောနေကြသည်။
ခေတ် တစ်ယောက်ကလည်း သူများနီးတူ ဝိုင်ခွက်ကိုင်ကာ ရယ်မောရင်းကြည့်နေတာ
သူမရေမကူးတတ်တာကို သိရဲ့သားနဲ့တောင်မှပေါ့

၀တ်လာတာထဘီဖြစ်တာမို့ လျော့တိလျော့ရဲကာ မကြာခင်ကျွတ်တာမှာသိတာကြောင့် အသက်ရှုအောင့်ကာ ငြိမ်နေရင်း ထဘီကို အသည်းသန်ဖိထားမိ၏။သတိကလည်း ၀င်တစ်ချက် မ၀င်တစ်ချက်ရယ်၊ထိုစဉ်

"ဗွမ်း!!!'

ရေကန်ထဲကို ဒိုင်ဗင်ထိုးချပြီး သူမဆီလူတယောက်လာတာကို‌ သိလိုက်ရတာကြောင့် လှိုက်ခနဲဖြစ်လာသော်လည်း ရေမွန်းလာကာ လူကတစ်ဆို့ဆို့ကြီးဖြစ်ပြီး သတိလစ်သွားခဲ့သည်။

ရေစက်တွေသူမကိုယ်ပေါ်မှာ ရွှဲဆိုကာ ကောက်ကြောင်းလှသော ကိုယ်လေးက သူ့လက်တပွေ့မှာ ပေါ့ပါးစွာပါလာခဲ့သည်။
အဖြစ်ပျက်စဆုံး မြင်လိုက်ရတာမို့ ကျော်ထွက်သွားလို့ကလည်းမဖြစ်

ရင်ဘတ်ကို ဖိပေးတော့လည်းသတိလည်မလာတာတာမို့ မျက်နှာဆီအကြည့်ကရောက်သွားရသည်။
မျက်ခုံးသွယ်တန်းလေးက ရေစက်တွေကြောင့်ထင်းနေ၏။မျက်တောင်ကော့
ကော့ နှာတံလုံးလုံးလေးနှငိ့ နှုတ်ခမ်းမထူမပါးလေးက ချစ်စဖွယ်အေးချမ်းနေကာ
နှုတ်ခမ်းချင့်တေ့လေမှုတ်ပေးဖို့က အနည်းငယ်ရင်ခုန်လာ၏။
ဒါပေမယ့်လည်း မထူးတော့ပြီမို့ သူ့နှုတ်ခမ်းတွေဟာ သူမဆီကိုဦးတည်လိုက်တော့

"ဝိုး!!!''

ထိုလူအုပ်ဘက်က လှောငိသလိုလို အသံကြီးထွကိလာသည်။ဒါကိုဂရုမစိုက်ပဲ သူမ အဆုတ်လေရရှိဖို့ နှုတ်ခမ်း‌ချင်းတေ့ကာ အောက်စီဂျင်ပေး‌လိုက်တော့

"အဟွတ် အဟွတ် "

"မင်းအဆင်ပြေရဲ့လား"

မျက်၀န်းညိုတွေ ဒီမျက်၀န်းညို တွေနဲ့သူက သူမကို သူ ကယ်တင်လိုက်တာလား၊ ရေစက်စက်ကျနေတဲ့ သူ့ဆံပင်ကောက်ကောက်တွေက ဒီလိုအချိန်မှာ ဆွဲဆောင်မှုရှိနေသည်၊ နှုတ်ခမ်းတို့က ဆေးလိပ်သောက်ထားသလို ညိုဆင်းနေပေမယ့် သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ‌ရွက်စိမ်းငေးမောနေမိသည်။

"အိုး ဟားဟား အပယ်ခံလေးတွေက သူတိူ့အချင်းချင်းသိကြတယ်နော် တစ်ယောက်ကိုတစ်ယောက် ငေးစိုက်ကြည့်နေပုံများ"

စဝ်ခွန်အောင်ကဘာမှ မပြောဘဲ သူ၀တ်ထားတဲ့ ‌အပေါ်ထပ်အကျီကို ရွက်စိမ်းကိုယ်ပေါ်အုပ်ပေးကာ

"လမ်းလျောက်နိုင်လား"

"ဟင့်အင်း ရွက်စိမ်း ကြောက်ပြီး ခြေတွေမသယ်နိုင် အဟင့်"

ငိုချင်စိတ်ကထိန်းမရ ရှက်တာရော၀မ်းနည်းတာရောကြောင့် မျက်ရည်တို့ကအတားဆီးမရှိ

"အမလေး မိစိမ်းရယ် ဒါလေးဖြစ်တာကို ငိုရပြန်ရော နင်ပြသနာရှာလို့ ပါတီလုပ်တဲ့ Jay အကျိစွန်းပေသွားတာလေ ၊ဒီလိုမှန်းသိ နင့်မခေါ်ပါဘူးဟယ်"

စဝ်ခွန်အောင်က ဒါတွေသူနဲ့မဆိုင်သလို ရွက်စိမ်းကိုထနိုင်အောင် ဆွဲထူ၏။

"ဟိုကောင် မင်းကိုလည်း တစ်ခါမှ မမြင်ဘူးပါလား မင်းကဘယ်ကလည်း"

ဘာမှပြန်မဖြေပဲပြန်ကြည့်ပုံကစူးစူးရဲရဲ

"အောင်မာ ဒီမျက်နှာမွဲကောင်က ပမာမခန့်"

"ခွပ်"

Jay ကမူးနေတာကြောင့် စိတ်အလွန်ဆတ်က စဝ်ခွန်အောင်ကို ပြေးထိုး၏။
ရွက်စိမ်းကို ထိမှာစိုးတာကြောင့် သူမကို ရင်ခွင်ထဲဆွဲဖက်လိုက်ကာ ဟိုကောင်ထိုးသမျှ ကြိတ်မှိတ်ခံသည်၊ သူမကိုလည်း မလွှတ်ပေးသလို Jay ကိုလည်း ပြန်မလုပ်

"ဘာဖြစ်ကြတာလည်း??"

"ဟင်ဒယ်ဒီ!!""

"မင်းသူများကိုဘာလို့စွတ်ထိုးနေတာလည်း
အမှုပတ်ချင်လို့လား"

အခုမှ အိမ်ကြီးပေါ်ကဆင်းချလာသော  Jay ရဲ့ဖခင် moon light company owner ဦးလရောင်မှိုင်း က အသည်းသန်ဖြန်ဖြေတော့

"ဟေ့ရောင်တွေ ထွက်သွားလိုက်တော့ ထွီ ကျက်သရေမရှိ

ထိုးလို့အားရတော့မှ လွှတ်ပေးလိုက်ရသလိုရှိတာကြောင့် သူမတို့ ထွက်ခွာလာတော့ ပါတီကသူမဟုတ်သည့်အတိုင်း ပြန်လည်စည်ကားနေသည်။

"ကျေးဇူးတင်ပါတယ် စဝ်ခွန်အောင်ရယ် နင်မကယ်ရင်လေ ငါသေတဲ့အထိ ငါ့အစ်မကထိုင်ကြည့်နေမလားမသိဘူးသိလား အဟင့်"

မျက်ရည်တွေတလိမ့်လိမ့်ကျရင်း ရွက်စိမ်းက
တအီအီငိုရင်းပြော‌၏။
နောက်ကနေဂါ၀န်စမကိုင်ရင်း ပေါက်ချလာတဲ့ ရွှေမာလာခေတ်က
"အမလေး မိစိမ်း နင့်ကြောင့်ငါပါ မျက်နှာပျက်ရပြီသိလား အိမ်ကျမှနင့်ကို မေမေနဲ့တိုင်မယ် လာခဲ့"

ရွက်စိမ်းကို အကြမ်းပတမ်းဆွဲခေါ်ကာ ကားပေါ်ထိုးကြိတ်ထည့်လိုက်သည်အထိ သူရပ်ကြည့်နေမိသည်။ မိသားစုကိစ‌ဆိုတော့ ၀င်မပါသင့်ဘူးမဟုတ်လား

သူလည်း အကြောင်းရင်းတစ်ခုရှိလို့ ပါတီကို ဦးလေးတော်စပ်သူနှငိ့လိုက်လာခဲ့ရတာဖြစ်သည်၊ ဦးလေးက
အိမ်မှာ ဖိုင်တစ်ခုကျန်ခဲ့သည်ဆိုတာကြောင့်လောကြီးစွာ ထွက်တော့ သူကပါနောက်ကလိုက်သွားစဉ် ရွက်စိမ်းကို ထိုလူတွန်းချတာမြင်တာကြောင့် ခြေလှမ်းတွေကအလိုလိုရေကူးကန်ဆီ ဦးတည်မိလိုက်သည်။

မဆ‌ီမဆိုင်ပြသနာတွေထဲ၀င်မိတာပေမယ့် သူ့နှုတ်ခမ်းတွေက ထူပူနေဆဲ ၊ရှိန်းမြနေ‌သလို နူးညံ့သောအထိအတွေ့က ထပ်မံပြီး ထိတွေ့ချင်စရာကောင်းနေခဲ့တာကိုတော့ မညာတန်း
၀န်ခံရမှာပင်

............

အိမ်ရောက်တော့ အလုပ်ကပြန်ရောက်သည့်ဦးလေးကျေးဇူးကြောင့် ပြသနာထပ်မဖြစ်တော့ပေ ၊ညကျတော့ အသည်းသန်ဖျားပြီး ကယောင်ကတမ်းညည်းမိတာတောင် သူမနဘေး မည်သူမှရှိမနေခဲ့၊

ကျောင်းကိုတက်သာလာရသည် ၊အဖျားငွေ့ငွေ့ကြောင့် လူကမလှုပ်ချင်၊ ဒါပေမယ့် အိမ်မှာနေရတာထက် ကျောင်းမှာက စိတ်ချမ်းသာရသေးတာမို့ ယိုင်တိယိုင်တိုင် ထွက်လာခဲ့ရသည်။

"ကလင် ကလင်"

ဘဲလ်သံကြားတာကြောင့် ကိုယ်ကိုရို့မိတော့

"ဟင် စဝ်ခွန်အောင်"

"တက်!!"

ဘာစကားမှမပြောမိဘဲ တစ်ယောက်ကိုတစ်ယောက် ခနတာကြည့်နေမိသည်၊ ခါးမှာဝဲနေတဲ့ဆံပင်ရှည်တွေက ဆောင်းလေကြောင့်ယိမ်းနွဲ့နေသည်၊ နှာထိပ်လေးရဲရဲနီကာ အနွေးထည်ပွပွလေး ၀တ်ထားတဲ့ ရွက်စိမ်းမှာ
သူ့စက်ဘီးကယ်ရီယာပေါ် ကျုံကျုံ့လေး တက်ထိုင်လိုက်၏။
သူ့အကျီစလေးကို ကိုင်လိုက်တော့ စက်ဘီးလေးက လမ်းလေးအတိုင်း ငြိမ့်ညောစွာ ထွက်ခွာလေသည်။

ကြည်နူးမှုသေးသေးလေးက မနက်ခင်းနေရောင်ခြည်အောက္မှု ကူလူးနေခဲ့သည်၊
ညကကိစ ဘာစကားမှမဆိုသလို
သူမဟာလည်း သူ့ရဲ့စက်ဘီးလေးထက္မှာ ပျော်ရွှင်စွာလိုက်ပါလာမိခဲ့တယ်.....

...........

"ဘာ!နင်တို့က သိတာ ဘယ်နှစ်ရက္မှ မရှိသေးဘူး ‌စက်ဘီးတူတူစီးပြီးလာတဲ့ထိဖြစ်နေရောပေါ့"

"တိုးတိုးပြောပါနီလာရယ် ငါလည်းနေမကောင်းဘူး ညကကိစမှာ သူမကယ်ရင်
ငါသေမှာသိလား ၊သူကအသက်သခင်
ကျေးဇူးရှင်"

"နင်တော့ဆေးမမှီတော့ဘူး သူ့ပုံစံသဘောမကျဘူး ရွက်စိမ်း ၊ဘယ်လိုပဲကူညီကူညီ သူ့ကျေးဇူးကို တခြားနည်းနဲ့ဆက် ၊အခုချိန် ခပ်ဝေးဝေးနေစမ်းပါ"

"နင်ကလည်း ငါမှနေလို့မရတာ"

"အာ့တာတွေငါမကြိုက်တာ အားနာမယ် တွေဝေမယ် တစ်ယောက်ယောက္များကောင်းပေးလိုက်တာနဲ့ ဘာမှမမြင်နိုင်ဖြစ်နေတာ"

နေကလည်းမကောင်းတာမို့ နီလာ စေတနာထားပြောတာမှန်းသိပေမယ့် ငိုချင်စိတ်ကဖြစ်လာပြန်သည်။

ကျောင်းဆင်းတော့လည်း သူနဲ့မဆုံအောင် နီလာက တကွေ့တစ်ပတ်ကြီးပြန်ခိုင်းပြန်၏၊ ဘာပဲဖြစ်ဖြစ် ကျေးဇူးရှိထားကာမှ ဒီလိုပုံစံကြီး ရွက်စိမ်း မနေနိုင်၊

"စဝ်ခွန်အောင်"

စက်ဘီးနင်းလာရင်း သူမကိုတွေ့တာတောင် မကြည့်ဘဲဖြတ်ကျော်သွားတော့ လှမ်းခေါ်လိုက်မိသည်။သူလည်းပဲ နီလာ့စကားတွေကို ကြားမိမှာပေါ့

လမ်းကိုနီလာသဘောကျကွေ့ပတ်မပြန်နိုင်တာမို့ နီလာနဲ့လည်း အနည်းငယ်စကားများလိုက်ရသေးသည်။ သူ့ကိုတွေ့တော့လည်း သူမကိုရှောင်ချင်နေသည့်ပုံစံ
ဒါပေမယ့် လှမ်းခေါ်လိုက်တော့ စက်ဘီးကိုရပ်ပေးရှာသည်၊ လှည့်တော့မကြည့်ပေ

"ဟိုလေ မနက်ကပြောတာတွေအတွက် ရွက်စိမ်းတောင်းပန်ပါတယ် ၊ပြီးတော့ ရွက်စိမ်းကို မရှောင်ပါနဲ့နော် စဝ်ခွန်အောင် နဲ့ခင်ချင်လို့ပါ"

ညနေစောင်းပြီမို့ ဒီလမ်းကအသွားလာနည်းပါးပါသည်၊ အပင်ကြီးတွေလည်းရှိမို့ အေးမြတဲ့ရာသီဥတုကြားမှာ ချမ်းစိမ့်စိမ့်လေး ဖြစ်နေ၏။
သူနဲ့စကားပြောတိုင်း အေးစက်လာတဲ့ခြေဖျားတွေ အခုန်မြန်လာတဲ့ ရင် ကိုလည်း သိသင့်သလောက်သိလာရသည်။

ဒီခပ်တုံးတုံး‌‌ေအးတိ‌ေအးစက်ကောင်လေးကိုမှ သူမ ခံစားချက်တွေရှိနေပြီဖြစ်၏။ ဘယ်သူ့အပေါ်မှာ ဒီလိုမဖြစ်ဖူးပေမယ့် သူနဲ့ကျမှ ဒါဟာပထမဆုံးပင်

"............'"

ပြန်လည်ဖြေဆိုခြင်းမရှိဘဲ စက်ဘီးကိုခြေ‌ဖြင့်ထောက်ရပ်ရင်း သူမနှုတ်ခမ်းဆီ အကြာကြီးငေးစိုက်ကြည့်နေတော့ လူကမနေတတ်

"ဟိုလေ ပြန်ခင်မယ်မလားဟင်"

"မသိသလိုပဲနေကြမယ်"

"ဟင်!!!''

"ကျွန်တော် မသစ်ရွက်စိမ်း ကို မခင်ခြင်ဘူး"

သူ‌ဒါပဲပြောပြီး စက်ဘီးနင်း ထွက်သွားတော့ ၀မ်းနည်းစိတ်ကလေးဖြင့် သူမရပ်ကျန်ခဲ့ရသည်။သူဘယ်ကလည်း၊ဘယ်လိုလူလည်း၊သူ့အသိုင်း၀ိုင်းကဘယ်ဟာလည်းမသိခဲ့ဘဲ‌နဲ့‌ေတာင် သူ့ကိုတွယ်တာသ ဘောကျသည့်စိတ်ကတော့ မရပ်နားခဲ့၊

..............

"ကျောင်းမှာ‌ ဒီနေ့ welcome ရှိတယ် "

"ဟုတ်လား"

"မနေ့ထဲကပြင်ဆင်နေကြတာလေ နင်ကနေမကောင်းဖြစ်နေတော့ ဘာမှအာရုံမထားမိဘူးမလား"

နီလာက အငေါ့တူးပြီးပြော၏၊ဟုတ်လည်းဟုတ်ပါသည် သူမဒါတွေကိုတောငိဂရုမစိုက်နဲ့ခဲပဲ၊ အသက်ကယ်ပေးတာနဲ့ ကိုယ့်ကိုစိတ်၀င်စားသည်ထင်ခဲ့တဲ့ ကလေးသာသာအတွေးကိုသာအပစ်တင်ရင်း စာသင်ခုံလေးမှ ပျင်းရိစွာမှောက်အိပ်ကာ

"အာ .....king , queen ဘယ်သူလည်းသိချင်လှပြီ"

"အော်မနေနဲ့ လာသွားကြမယ် မုန့်လည်းစားရမှာဆိုတော့ ဝိုင်းကူလုပ်ရင်းနဲ့ပေါ့အခမ်းနားကို"

"အင်း"

ဒီလို့နဲ့ပွဲစတော့ သူများရှိလေမလား ဝေ့ဝဲရှာကြည့်မိတော့ တတိယနှစ်ယောကျာ်လေးဘက်ခြမ်းမှာ အခြားယောကျာ်းလေးတွေနဲ့ တူတူမထိုင်ဘဲ အတန်းနောက်ဆုံးမှာ ငြိမ်ငြိမ်လေးထိုင်နေ၏၊ ထုံးစံအတိုင်းပင် အဖြူခပ်ဖျော့ဖျော့ အကျီလေး‌ရယ် ပုဆိုးအပြာလေး၀တ်ကာ စင်ပေါ်ပဲငေးကြည့်နေပုံက သူမမျက်လုံးထဲကြည့်ကောင်းနေသည်၊

ခပ်အုပ်အုပ်ဆံပင်တွေက မျက်လုံးကိုပါအုပ်ချင်နေပြီ၊ မျက္မှန်အောက်ကသူ့မျက်၀န်းညိုတွေက ငြိမ်သက်စွာရှိနေပြီး စင်းသောနှာတံအောက်က နှုတ်ခမ်းထူတို့က တင်းရင်းစွာစေ့ပိတ်ထားသည်။

သစ်ရွက်စိမ်း ငေးနေတာကို နီလာကတွေ့တော့ တံတောင်နဲ့တွပ်ကာ

"ဟိုမှာ အဖွင့်အမှာစကားပြောတဲ့ ပါခ ကိုတစ်ချက်ကြည့် တောိကြာ ပါခ နဲ့ ဒုပါခ နဲ့မှားနေဦးမယ်"

Professor ကို ကျောင်းအခေါ် အတိုကောက် ပါခ ပဲခေါ်ကြတာမို့အသစ်ပြောင်းလာတဲ့
ပါခ ကို မကြည့်ဘဲငေးနေသည့်သူမကိုအပစ်တင်၏။

ပွဲချိန်တ၀က်ရောက်‌ောတ့ သူ့ပြန်ကြည့်တော့မတွေ့ရတော့၊ ဘယ်များရောက်နေပါလိမ့်
စိတ်ကမရိုးမရွဖြစ်လာတာမို့

"နီလာ ငါအိမ်သာခနပြေးဦးမယ် "

"နင်ကလည်း ကြည့်ကောင်းပြီဆို လုပ်ပြီ"

"နင်နေခဲ့ပါ ခဏလေးပဲဟာ နော်"

"အေးပါ မြန်မြန်ပြန်လာဦး"

"အင်း"

ပြောလည်းပြေးလည်းပြေး ရယ်၊ အပြင်ရောက်တော့ ဟိုဒီရှာပြန်တော့လည်း မတွေ့
ကျောင်းထဲလှည့်ပတ်ရှာတာ ဘယ်လိုမှမတွေ့တာနဲ့ ဇီ၀ဓာတုဆောင် အဟောင်းဘက်ခြမ်းမှာ ခန၀င်ထိုင်လိုက်သည်။

ထိုနေရာကသစ်ရိပ်လည်းရှိ ထိုင်ရမယ့်ခုံဝိုင်းလေးတွေရှိတာကြောင့် အမောတော့ပြေသည်၊
ဇီ၀ဓာတု နဲ့ ဓာတု က တစ်ဌာန ထဲမို့ အတန်းရှိလူကုန် ပွဲထဲရောက်နေကြသည်။ အဆောငိဟောင်းလည်းဖြစ်ပြန်တာမို့ လူမပြောနှင့် ခွေးတောင်မရှိ

သိုပေမယ့် နားထဲက စကားသံလိုလို
သီချင်းသံလိုလိုကြားတာကြောင့် စပ်စုချင်သည့်စိတ်က ဘာမှမမြင် အခန်းထဲသို့ ၀င်ချမိသွားသည်။

"ဟင် စဝ်ခွန်အောင်"

"ဘာလာလုပ်တာလည်း"

သူမကို မေးဆတ်မေးခွန်းထုတ်ရင်း ခါးကြားထဲကို ဘာထည့်လိုက်တာလည်းမသိ၊ ဘေးကိုကြည့်တော့လည်း သူတစ်ယောက်ထဲ
သေချာပေါက် သူမအသံတစ်ခုကြားလိုက်တာပါ

"ဟိုလေ နီလာပျောက်လို့ လိုက်ရှာနေတာ"

ပါးစပ်ထဲရှိရာကောက်ညာလိုက်တော့ သူကမယုံ

"ကျွန်တော့်ကိုရှာနေတာရောမဖြစ်နိုင်ဘူးလား"

ပြောရင်း တရွေ့ရွေ့သူမနားကို ကပ်လာ၏။

"အာ မဟုတ် မဟုတ်ပါဘူး ပြန်ဦးမယ်နော်"

ပြန်ဖို့အလုပ်မှာ သူမလက်ကောက်၀တ်ကို
ဆွဲကိုင်လိုက်တာကြောင့် ရင်ဘတ်ထဲဟာခနဲဖြစ်သွားရသည်။
ကြည့်လိုက်တော့ ကျောင်းစာသင်ခန်းတွင်း
နံရံမှာ သူမဂျောင်ပိတ်ခံထားလိုက်ရပြီဖြစ်သည်။

"ဘာလို့လိုက်တာလည်း ကျွန်တော့ိနောက်"

"ဟင့်အင်း ဖယ်ပေးပါ ရွက်စိမ်းကို မမေးပါနဲ့"

"ကျွန်တော့်ကိုမခင်ဖို့ပြောထားတယ်လေ"

"ဘာလို့လည်း ဘာလို့ခင်လို့မရတာလည်း အဟင့် ရွကိစိမ်းအသက်ကို ကယ်ပေးတာ ရွကိစိတ်ကျေးဇူးတငိပြီး ဘယ်လောက်အားနာနေခဲ့ရတယ်မှတ်လည်း"

ငိုမဲ့မဲ့လေးနဲ့ နှုတ်ခမ်းတထော်ထော်ပြောလိုက်မိတော့
သူမနှုတ်ခမ်းထက်ဆီ ဝေ့ဝဲနေသော သူ့အကြည့်

"နမ်းချင်တယ်"

ရှင်လို့တောင်ပြန်မဖြေနိုင်ဘဲ မမှိတ်မသုန်ကြည့်နေမိသည်။အခန်းထဲအပ်ကျသံတောငိမကြားရတော့ပေမယ့် ရင်ခုန်သံတွေ သူကြားရမှာတောငိစိုးရိမ်ရသည်၊ ခုလက်ရှိအနေထားမှာလည်း သူ့ရင်ခွင်ထဲ လည်း တစ်ရာရာခိုင်နှုန်း ရောက်ရှိနေတာမို့

"ကျွန်တော့်ကို မုန်းလို့ရတယ် ၊ဒါပေမယိ့ ..."

သူစကားဆက်္မပြောတော့ဘဲ ငုံ့ဆင်းလာတဲ့သူ့မျက်နှာ
မျက်လွှာတွေဖြတ်ခနဲပိတ်မိတော့ ထိကပ်လာတဲ့ နွေးထွေးမှု
ခြေတွေအေးစက်ပြီး လူကအားတောင်မရှိခြင်
နှုတ်ခမ်းချင်းထိတွေ့မှုက ဒီလောက်တောင်
ရင်ခုန်သံမြန်စေတာလား

မျက္မှန်ကိုဆွဲချွတ်ပြီး သူမ မျက်နှာကို လက်တစ်ဖက်ဖြင့် ထိန်းကာ နှုတ်ခမ်းထက် အနမ်းတွေ တစတစရောက်ရှိလာသောအခိုက်တန့်

ရုနး်ကန်ရမှာသိသည်၊ ဒါပေမယ့် နမ်းနေတာတောင် မျက်လွှာတွေပိတ်မကျဘဲ ကြည့်နေဆဲ့ဖြစ်တဲ့ မျက်၀န်းညိုအောက္မှာ သူမအကြိမ်ကြိမ် ကျရှုံးခဲ့ရပါသည်။

အချစ်ဆိုတာလည်းဆန်းကြယ်သား
မုန်းလို့ရပါတယ် ပြောလာတဲ့လူကိုမှ စူးစူးနစ်နစ်ချစ်မိသွားလေခြင်း

အပ်ပေးလိုက်ပါပြီရှငိ့
နားမလညိတာလေးတွေရှိလည်း ဒါတွေကို မြုပ်ကွက်လို့ သဘောထားပေးပါ
Tempo ကိုတဖြည်းဖြည်းမြင့်သွားချင်တာမို့ ဖတ်ရဝာာပျင်းသွားရင် ဂိုမဲ့နယ်

Zawgyi

Continue Reading

You'll Also Like

926K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.5M 68.7K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
265K 7.1K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
526K 34.6K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary