Forever[Completed]
By Sandara_Jung7
8.8K 1.1K 1.4K
// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော... More
Start this story(Kai)
EP-(1)
EP-(2)
EP-(2)½
Ep-(3)
Ep-(4)
Ep-(5)
Part-(6)
Ep-(7) (birthday)
Ep-(8)
Ep-(9)
Ep-(10)
Yeonjun's Birthday (short part)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
~~Thanks for reading~~
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
အမှတ်တရသိမ်းမယ်။
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35) (End)
End this story (Yeonjun)
Ep-(29)
133 23 61
By Sandara_Jung7
(1)
- ကျောင်းမှရုတ်တရက်ကြေညာလိုက်လေသည်။ -
"ဒီနှစ်ကျောင်းရဲ့ ထပ်တိုးစည်းကမ်းတွေအရ နောက်အပတ်ထဲမှာမင်းတို့ စာမေးပွဲဖြေရမယ်။ အေး ဒါပေမဲ့ဘာသာစုံတော့မဟုတ်ဘူး....မင်းတို့အဓိကယူထားတဲ့ မေဂျာဘာသာရပ်တစ်ခုကိုဘဲ ဖြေရမယ်။ သုံးလတစ်ခါစာမေးပွဲစစ်ပြီးတာနဲ့ ရတဲ့အမှတ်တွေကို နောက်နှစ်တက်ဖို့အတွက်အထောက်ကူပြုလိမ့်မယ်။"
-ထိုသို့ပြောပြီးဆရာမအခန်းထဲမှထွက်သွားလေသည်။ -
"ဘယ်အချိန်စာကြည့်ရမှာလည်းဟ..."
"သွားပါပြီဟယ်....actressလုပ်မဲ့ငါရဲ့မျက်နှာလေးတော့ မျောက်မျက်နှာဖြစ်ပြန်ပြီ။ "
-ကျောင်းသားများက တစ်​ယောက်တစ်မျိုးစီ ညည်းတွားနေကြသည်။ -
.
.
.
- အတန်းပြီးတော့ လျှောက်လာသောလမ်းတွင် Daejunနဲ့တွေ့သည်။ ခုနကအတန်းလည်းလာမတက်ပေ။ Junkyuကတော့ ပြုံးပြပေမဲ့ taehyunကကြည့်ခြင်းတောင်မရှိ။ -
"Taehyun ကျွန်တော်စကားခဏပြောလို့ရမလား။ "
"......."
"ဟို Junkyuရှေ့မှာလည်းဖြစ်ပါတယ်။ ကျွန်တော်ပြောပြစရာရှိလို့...."
"ဘာကိစ္စနဲ့လဲ ဒယ်ဂျွန်း..."
"တောင်းပန်ချင်တာပါ။ "
- မျက်လုံးလေးနည်းနည်းတော့လှန်ကြည့်လိုက်သည်။ -
"Hyunလေး...."
-beomgyuမှ အပြေးလာနေသည်။ စိတ်ဆိုးပြီးမခေါ်ထားသူနှင့် စကားမပြောချင်သူနှစ်​ယောက်စလုံးဖြင့် လာတွေ့နေသည်။ -
"မင်း taehyunကိုဘာဒုက္ခပေးမလို့လည်း"
"ဒုက္ခပေးမလို့မဟုတ်ပါဘူး beomgyu shi!!"
"ဒါဆိုဘာကိစ္စနဲ့လည်း"
"ကျွန်တော် ထယ်ဟျွန်းကိုရော ဘောမ်ဂယူကိုရောတောင်းပန်ချင်တာပါ။ ကျွန်တော့်အကြောင်းနဲ့ ကျွန်တော်မလို့ ဒီလိုလုပ်ရတာပါ။ "
"ဆိုပါဦး အကြောင်းအရင်းလေး...."
"ကျွန်တော်က ထယ်ဟျွန်းကိုတကယ်သဘောမကျခဲ့ပါဘူး။ ပထမနှစ်ကို တစ်ခြားကျောင်းမှာတက်ခဲ့ပြီး ဒုတိယနှစ်ကို ကျွန်တော်သဘောကျတဲ့ကောင်မလေးကြောင့် ဒီကျောင်းကိုပြောင်းလာခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်စဘောကျနေတဲ့သူမှာ သူရဲ့exလည်းex crhလည်းcrhဆိုတဲ့လူရှိတယ်။ အဲ့crhမှာလည်း ရည်းစားရှိတယ်။ သူမကို ဖွင့်ပြောလိုက်တော့ သူမက မကြိုက်ဘူးလို့ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကဖက်တွယ်ခဲ့တာ....အဲ့တော့သူမက အခွင့်အရေးပေးခဲ့တယ်။ သူ့ကြိုက်တဲ့လူတို့အတွဲကိုခွဲပေးရင် စဥ်းစားပေးမယ်လို့....အစကတော့ မလုပ်သင့်ဘူးစဥ်းစားခဲ့ပေမဲ့ အချစ်စိတ်မွှန်နေတော့ လက်ခံဖြစ်သွားတယ်။ ဒါကြောင့် ဒီကိစ္စတွေဖြစ်လာတာပါ။ "
"ဆိုတော့ကာ မင်းပြောတဲ့ပြတ်အောင်လုပ်ရမဲ့အတွဲဆိုတာငါတို့လား။ "
"ဟုတ်....(ဟူးးး) ဟုတ်ပါတယ် "
"ယွန်းရူဘီလား မင်းသဘောကျနေတာက....
သူမအခုရော မင်းကိုဘာပြောလည်း"
"သူ့ကိုအပြစ်မတင်ပါနဲ့ဗျာ....။
သူမကအခု ကျွန်တော့်ကိုငြင်းခဲ့တယ်။ taehyunတို့ကို မခွဲနိုင်မှန်းသိတော့ မလုပ်နိုင်ဘူးလို့ ပြောခဲ့တာကို ကျွန်တော့်ကို ရိုက်ပြီး ဒေါသတကြီးထွက်သွားခဲ့တာ။ ပြီးတော့ ပြီးတော့ သူမအခု ဆေးတွေသုံးနေတယ်၊ အဲ့လိုလုပ်နေတာကျွန်တော်မကြိုက်ဘူး၊ သူမကိုတားပေးပါဗျာ....သူ့ကို...သူ့ကို....လူကောင်းတစ်ယောက်ဖြစ်စေချင်တယ်။ "
- သူတို့ကို မျက်ရည်တွေနဲ့အကူညီတောင်းနေတဲ့ ဒယ်ဂျွန်း။ အဲ့လောက်တောင်ချစ်တာလား ။ မင်းချစ်ရသူအတွက်မင်းအဲ့လိုတောင်လုပ်ပေးနိုင်တာဘဲ...သူမကမကောင်းဘူးလေ...မင်းကို အသုံးချသွားတာ။  ဒါပေမဲ့ မင်းကသဘောကျနေတုန်းဘဲ။ မင်းသဘောကျသူက ဒါကို အသိမှတ်ပြုရင် ကောင်းပါရဲ့....-
"ငါတို့ ခွင့်လွှတ်ပေးမယ်ဆိုရင် မင်းဒါတွေက စိတ်ရင်းဆိုတာ ကတိပေးနိုင်လား။ "
"Taehyun na!!!"
"ကတိပေးနိုင်လား "
" ကတိပေးနိုင်ပါတယ်...."
"ဒါဆို ငါခွင့်လွှတ်တယ်။
ငါ မင်းအပေါ် ဒေါသထွက်ပေမဲ့ မင်းထပ် ဟိုအမျိုးသမီးကိုပိုမုန်းတယ်။ Beomgyu hyungကရော...."
"Hyunသဘော....
ကိုယ်ကတော့ ယွန်းရူဘီနဲ့ရှင်းသင့်တယ်လို့ထင်တယ်။ "
"နောက်မှပေါ့....
Yoo Daejunကို Junkyuခေါ်သွားပေးနိုင်မလား။ "
"အွန်း...ရတာပေါ့....
လာလေ ဒယ်ဂျွန်း...."
-Daejunကို လက်ကနေဆွဲခေါ်ကာ ထွက်သွားခဲ့သည်။ -
"ဘယ်လိုရှင်းချင်လည်း ဟျွန်း"
"လူချင်းတွေ့ရမှာပေါ့....အင်....
ဒါနဲ့ ခင်ဗျားနဲ့ ကျွန်တော်နဲ့ခေါ်ထားလို့လား။ "
"Taehyunလေးကလည်း....ပစ်မထားပါနဲ့နော်။ "
"ဟွန့်....နောက်တစ်ခါများအဲ့လိုပြောထွက်ရဲထွက်ကြည့်.... အမှုန့်ကြိတ်မယ်ဆိုတာမယုံမရှိနဲ့နော်...."
"ဟုတ် ဟုတ်။
ဟျွန်းမကြိုက်ရင် ကိုယ်ဘာမှမလုပ်တော့ဘူး ။ "
"သေချာလို့လား ကိုကိုရဲ့..."
"သေချာတာပေါ့ သဲလေးရဲ့"
-beomgyuဘက်သို့ လက်ညှိုးနဲ့တွန်းလှဲရင်တောင် လဲချင်တင်တင်ဖြစ်နေသောထယ်ဟျွန်းက ကိုကိုရဲ့သဲလေးပင်။ -
"ကိုကိုလို့ခေါ်လိုက်တာလား။ "
"ဟုတ်တယ်လေ ကိုကိုရဲ့...
ကိုကို့ကို ကိုကိုလို့ခေါ်တာ ဘာများမှားသွားလို့လည်း။ "
"ချစ်လိုက်တာကွာ....ကိုကိုတစ်ခါခေါ်တိုင်းကြွေကျနေရရင် ပြန်ဆက်ဖို့ ကော်ဖိုးတွေကုန်တော့မှာဘဲ။ "
"ဟားဟား
သိပ်နောက်တတ်တာဘဲ...."
-taehyunရဲ့ပုခုံးပေါ်သို့လက်တင်ထားကာ ရီမောနေကြသည်။ ဒီပုံရိပ်ကသိပ်လှလွန်းတယ်။ သိပ်အသက်ဝင်တယ်။ -
.
.
.
-ခြောက်ကပ်ပျင်းရိစရာ ကန်တင်းစားပွဲအခြေအနေ။
အကြောင်းရင်းက yeonjunမလာ၍ပေ။ တဝိုင်းလုံးတိတ်နေကြသည်။ -
"ဝစီပိတ်ကျင့်နေကြလို့လား။ "
-soobinနှင့် kaiရောက်လာတော့ မေးလိုက်သည်။ -
"Yeonjun sambaeကအခုဆိုရင် ကျောင်းကိုလာတော့မှာမဟုတ်ဘူး။ နောက်တစ်ပတ်လေယာဥ်နဲ့ ဂျပန်ကိုသွားရတော့မှာတဲ့...."
"ဘာ!!!!
မဖြစ်နိုင်တာ.... မနေ့ကမှအကောင်းကြီးရှိသေးတာကို...." (Kai)
"ဘာဖြစ်လို့လည်း taehyun" (SB)
"မသိဘူး....အခုလေးတင် beomgyu hyungနဲ့ hyunjim hyungတို့ထွက်သွားကြတယ်။ "
- နောက်တစ်ပတ်သွားမှာဆိုတော့ ငါ့ဆီကိုမလာတော့ဘူးလား။ -
" ဒါနဲ့ မင်းကရော yeonjun hyungကိုပြောပြီးသွားပြီလား။ "
"​ဟင့်အင်း။
ငါ ခွဲစိတ်မဲ့နေ့မှ...."
"မင်းအချိန်မလွန်ခင်ပြောသင့်တယ်နော်။ "
"ကလေးတို့ ဘာကိစ္စများ...." (FL)
"Soobinက yeonjun hyungကိုကြိုက်နေတာ။ "
-kaiပြောတော့ felix အံ့သြသွားသည့်ပုံဖြစ်သွားသည်။ -
"ဟိုလေ hyung....
တစ်ခြားsambaeတွေကိုမပြောပါနဲ့နော်။ "
"အင်းပါ
Hyungသိတယ်....ပြောချင်တောင်ပြောချိန်ရမှာမဟုတ်တော့ဘူး။ "
"ဘာလို့လည်း"
"ဒီလကုန်ရင် hyungတို့သွားရပြီလေ။ "
"တကယ်လား.....
ငါတို့ကိုပစ်ထားခဲ့တာဘဲ။ "
"နေ့တိုင်းဖုန်းဆက်မယ်လေ....."
"Hyungတို့ကျ လက်ထပ်ပြီးသြစတေးလျမှာ သာယာနေချိန် ကျွန်တော်ကတော့ သူနဲ့ဝေးရတော့မယ်။ "
"ခုနက taehyunပြောသလိုဘဲ....မင်းအစောဆုံးပြောသင့်တယ်။ "
"ဟူးးးး"
-စိတ်တွေလေးလံကာ မှိုင်တွေတွေဖြင့် ထိုင်နေသည့်ပုံက soobinတစ်​ယောက်တည်းအတွက်သာ။ -
-felixကတော့ ဘာ်သူမှမသိအောင်ကြိတ်ပြုံးမိသည်။ အကြောင်းရင်းအားလုံးကိုသိနေသည်မလား။ -
.
.
.
Hyunjin POV:
-yeonjunအိမ်ကိုရောက်တော့ ခေါ်လိုက်တဲ့အခါ သူ့အဖေ၏ လူယုံတော်jayကထွက်လာခဲ့သည်။ -
"ဘာကိစ္စရှိလို့လည်း"
"Yeonjunဆီလာတာလေ....သူတို့သူငယ်ချင်းတွေ...။ "
"ဘယ်သူမှလာလို့မရလို့ပါ..."
"အန်ကယ့်ကိုဖုန်းဆက်ထားပြီးသားပါ။ "
"ဥက္ကဌကြီးက ခွင့်ပြုရင် ကျွန်တော်ဖွင့်ပေးပါ့မယ်။ "
-အန်ကယ့်နာမည်အလွဲသုံးစားလုပ်ခြင်း၏အကျိုးက အခုတော့အိမ်ထဲဝင်ရပြီလေ။ -
"Choi Yeonjun!!"
-သူနာမည်ကြားလို့ အပြေးဆင်းလာတဲ့ ယောန်ဂျွန်းက ကျောင်းမသွားရတော့ t shirtနဲ့ ဘောင်းဘီအတိုလေးဖြင့်ပင်။ -
"မင်းတို့ဘယ်လိုရောက်လာတာလည်း။ "
"အော်...အန်ကယ့်ကိုဖုန်းဆက်ထားတာလေ။ "
-hyunjinမျက်လုံးမှိတ်ပြရင်းဆိုလာသည်။ -
"အော်...အောဟော...ထိုင်ကြလေ။ "
"ယောန်ဂျွန်း
ဘယ်လိုဖြစ်တာလဲ "
"မေမေနဲ့တွေ့နေတာကို သိသွားတာ"
"ဒါဆို အန်တီကရော..."
"မေမေမသိသေးဘူး။
တခဏလောက်မလာဘူးလို့ဘဲပြောထားတယ်။
စိတ်ပူနေမှာစိုးလို့..."
"အွန်းပါ...."
"Soobinရော..."
"ငါတို့ထွက်လာတော့ သူအတန်းတက်နေတုန်း။ "
"အော်..."
"မင်းမှာလည်း...
ကြိုက်ရင်ပြောလိုက်တာမဟုတ်ဘူး။ ကပ်သီကပ်ဖဲ့နဲ့...."
"အေးလေ....
ဟိုနေ့ရွှေ့လိုက် ဒီနေ့ရွှေ့လိုက်နဲ့...."
"ငါဒီကနေ ထွက်ပြီး မေမေ့ဆီသွားရင်တော့ soobinကိုသွားပြောမှာပါ....သူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ..."
"အဲ့လိုလုပ်နေလို့ မင်းနဲ့သူနဲ့ မနီးစပ်လာတာ။ "
" မနက်ဖြန်မင်းအိမ်ကိုငါတို့လာခဲ့မယ်။
ငါနဲ့ felixသွားခါနီးမလို့ လာနှုတ်ဆက်တယ်ဘာညာ....taehyunတို့ပါခေါ်လာခဲ့မှာ...."
"မင်းအဲ့အချိန်ပြောရင်ပြော မပြောရင် ဒါကမင်းတို့နောက်ဆုံးအချိန်ဖြစ်သွားလိမ့်မယ်။ "
"ငါသိတယ်....ငါကြိုးစားမှာပါ။ "
-စိတ်တင်းထားလိုက်သည်။ -
.
.
.
(2)
- yeonjunအိမ်သို့လူစုလူဝေးဖြင့်ရောက်လာကြသည်။ -
"Jayရေ....အိမ်ရှေ့ကဘယ်သူတွေလည်း"
"ဟို...အကိုလေးရဲ့သူငယ်ချင်းတွေပါ..."
"Beomgyu တို့လား"
- ဖေဖေကိုယ်တိုင်အိမ်ရှေ့ထွက်သွားသည်။ -
"ဘာလာလုပ်ကြတာလည်း မင်းတို့တွေ....
မနေ့ကလည်း လာသွားသေးတယ်ဆို"
"ဟိုလေ...."
-အကုန်တစ်ဟိုဟို တစ်ဒီဒီဖြစ်နေချိန် soobinက...
"ကျွန်တော်တို့လာနှုတ်ဆက်တာပါ။ "
"ဘာကိစ္စနဲ့... "
"Hyunjin hyungရော felix hyungရောက ဒီလကုန်ရင် နိုင်ငံခြားသွားကြတော့မှာဆိုတော့ သူငယ်ချင်းတွေနောက်ဆုံးတွေ့ရအောင်ဆိုပြီးလုပ်ထားပေမဲ့ အခုyeonjunကပါ ဒီလိုမျိုးဖြစ်နေတော့ သူ့ဆီကိုဘဲ လာနှုတ်ဆက်ကြတာပါ appaရယ်။ " (Soobin)
"အော်....။
အိမ်မှာနေကြမှာမလား။
အထဲဝင်ကြ..."
-သူတို့အကုန်အထဲဝင်ပြီးတာနဲ့ ဧည့်ခန်းထဲတွင်စောင့်နေကြသည်။ -
" ခဏနေဟိုကောင်ဆင်းလာလိမ့်မယ်။
အန်ကယ်အပြင်သွားစရာရှိလို့ ခွင့်ပြုပါဦး။ အိမ်မှာအေးဆေးနေလို့ရအောင် jayပါခေါ်သွားတယ်။ "
"ဟုတ်ကဲ့... ကျေးဇူးပါ appa"
- ကျူးကျူးလွန်လွန် soobinမှ yeonjunအဖေအား appaလို့ခေါ်နေသည်။ -
"Yeonjunကိုခေါ်လာခဲ့မယ်။ "
-ထိုသို့ပြောကာ beomgyu hyunjinနဲ့felixအပေါ်တက်သွားသည်။
"ဟေ့ကောင် choi soobin...!
ဒီအခြေအနေမှာ Dabin Noonaနဲ့ yeonjun hyungရဲ့အ​ခြေအနေကိုမင်းသိနိုင်တယ်။ "
"ငါစိတ်လှုပ်ရှားနေတယ်
စကားတောင်မပြောနိုင်ဘူး။ "
"အေးပါ....ငါတို့ကသတိပေးတာ။ "
-ခြေဖျားလက်ဖျားတွေအေးနေသော soobinသည် ဆင်းလာသော yeonjunကိုမြင်သောအခါ အေးခဲသွားပြန်သည်။ -
"မင်းတို့ပါ ပါလာကြတာကိုး။ "
"ခင်ဗျားမလာတော့ ကျွန်တော်တို့လာရတာပေါ့...."
"အော်...."
"တည်ငြိမ်ချင်ယောင်ဆောင်မနေနဲ့...။
မင်းအဖေက jayနဲ့အတူအပြင်သွားတယ်။ "
-ထိုအခါမှ သက်ပြင်းချကာ ကျောမှီ၍ထိုင်နိုင်သွားသည်။ -
"Soobin မင်းကိုမေးစရာရှိတယ်။ "
"မေးလေ "
-ပြောမလို့ကို taehyunတို့ kaiတို့ကိုကြည့်နေ၍ beomgyuတို့ကဘဲ နှစ်ယောက်လုံးကိုမီးဖိုချောင်သို့ပထုတ်ကာခေါ်လာခဲ့ရသည်။ -
"ပြော...."
"မင်းသဘောကျနေတဲ့လူရှိလား။ "
"ဘာလို့မေးတာလဲ "
"သိချင်လို့ပါ.... မင်းသူ့ကိုဖွင့်ပြောပြီးပြီလား။ "
"ရှိတယ်။
မဖွင့်ပြောရသေးဘူး။ "
"ငါရောဘဲ။
ဘယ်လိုပြောရမလည်းမသိဘူး....
သူလက်မခံမှာစိုးတယ်။ "
"Dabin noona? !"
"အမ်...အော်
အင်း...."
"သူ့ကိုအရမ်းသဘောကျတာလား။ "
"အွန်း .....
မင်းရော သူ့ကိုသိပ်ချစ်သလား။ "
"ကျွန်တော့်ဘဝကြီးထက်ချစ်တယ်။
အစကမဟုတ်လောက်ဘူးထင်ခဲ့ပေမဲ့ နောက်တော့လုံးဝသေချာသွားတာဘဲ။ "
"မင်း........(ငါ့ကိုချစ်လား။) "
- တစ်လုံးထဲပြောပြီး ရပ်နေသောယောန်ဂျွန်းကြောင့် ဆူဘင်းမေ့ငေါ့ပြလိုက်သည်။ -
"'မင်း....´ ဘာဖြစ်လည်းyeonjun...."
"အော်...။
မင်း...သူ့အပြင်တစ်ခြားလူကိုထပ်ချစ်နိုင်သေးလား။ "
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း။
ကျွန်တော်က သူ့ကိုဘဲချစ်တာ။ ဒါပေမဲ့ ဖွင့်မပြောနိုင်ဘူး။ "
"ဘာ...ဘာလို့လည်း "
"သူ့မှာကြိုက်နေတဲ့လူရှိတယ်။
ကျွန်တော်ကိုစိတ်ဝင်စားမှာမဟုတ်ဘူး။ "
"မင်းကြိုးစားကြည့်သင့်တယ်။ "
"ကြိုးစားမှာပါ။
ကျွန်တော် မခွဲစိတ်ခင်တော့ ရအောင်ကြိုးစားဦးမှာ။ "
-ထိုစကားအပြီးတွင် ဧည့်ခန်းထဲတွင်တိတ်ဆိတ်သွားပြီး နှစ်ယောက်ကြားလေထုကအေးစက်သွားသည်။ -
Yeonjun POV:
-အချိန်များရှိခဲ့သေးရင် ငါလည်းကြိုးစားကြည့်ချင်ပါသေးတယ်။ ဒါပေမဲ့ မင်းကို ချစ်လားလို့မေးချင်ပေမဲ့ မချစ်မှန်းသိလို့ မမေးမိတော့ဘူး။ မင်းချစ်တဲ့လူနဲ့အဆင်ပြေပါစေကွာ။ -
-yeonjunမသိခဲ့သည်က ထိုလူက သူကိုယ်တိုင်ဆိုတာပင်။ -
" ကဲ...ကဲ....အတွေးတွေဖျောက်ကြ။
နောက်ဆုံးတွေ့ရမဲ့လူတွေဟာကို ဆွေးမနေကြနဲ့။ "
"ဟုတ်ပါပြီ.... မင်းတို့အတွဲတွေကတော့ ပျော်နိုင်တယ်လေ။ "
"ထပ်တူပါဘဲ sambaeရာ...."
-သူတို့ဧည့်ခန်းထဲတွင်ထိုင်နေကြပြီး ဝယ်လာတဲ့ဘူးများအား ဖောက်ကာ သောက်နေကြသည်။ အနည်းဆုံးနှစ်ဘူးလောက်ကဝင်နေပြီဖြစ်သည်။ -
"ဟူးးးး"
"ဟင်းးးး"
"ဟွန်းးးးးး"
-တစ်ငုံသောက်ပြီး သက်ပြင်းတစ်ခါချနေသော လူတွေကိုကြည့်ကာ yeonjunပါစိတ်ညစ်လာသည်။ -
"မင်းတို့ကလည်းကွာ....ဝမ်းနည်းမနေကြစမ်းပါနဲ့။
ဒါကထာဝရနှုတ်ဆက်တာမျိုး မဟုတ်ဘူးမလား။
ငါတို့ တစ်ချိန်ချိန်ပုံစံမျိုးစုံနဲ့ ပြန်တွေ့ကြဦးမှာ။ အများသူငှာလေးစားရတဲ့ စီနီယာ လက်ရွေးစင်တွေဖြစ်နေရမယ်။"
-ပြောလိုက်တော့မှ မော့ကြည့်ပြီး အရက်အရှိန်လေးနည်းနည်းပါတော့ တဟင့်ဟင့်နဲ့ငိုကြပါလေရော။ soobinတို့ kaiတို့ငိုတယ်ဆိုမှ ကြားကောင်းသေးသည်။ အခုက သူတို့ထက် hyunjinနဲ့ beomgyuကပိုငိုနေသည်။ -
"ဟျောင့်တွေ….မင်းတိုကလည်းကွာ ဘာလို့ငိုနေကြတာလည်း….မသိရင်တစ်ယောက်ယောက်သေသွားတာကြလို့…မငိုကြနဲ့…တော်ကြာ တကယ်သေနေဦးမယ်။ "
"ဟင်းးးးးး😭"
"အာ....တော်ပါတော့ကွာ။
လူးကြားလို့မှမကောင်း မင်းအသံဗြဲကြီးနဲ့...."
"မင်းကဘာလို့သေရမှာလည်း ။
မင်းမသေရဘူး။ "
"ငါကဘာလို့သေရမှာလည်း။ "
"မင်းဘဲတကယ်သေနေဦးမယ်ဆို...
ငါတို့ကသေစရာအကြောင်းမရှိတော့ မင်းဘဲ...."
"ငါ....ငါပြောလိုက်ရမကောင်းရှိတော့မယ်။
အရက်သာမူးနေတာ အရက်သမားပါးကဝနေသေးတယ်။ "
- ရိစရာပြောနေလည်းမရီကြပေ။
အော်....ဒီကောင်တွေနှယ် ဘာတွေဖြစ်နေကြတာလဲ။-
Soobin POV:
-ချစ်တယ် ချွဲယောန်ဂျွန်း။
ထပ်ပြောနိုင်မလားမသိပေမဲ့ ကျွန်တော် ခင်ဗျားကိုချစ်တယ်။ ခင်ဗျားရဲ့ဂရုစိုက်မှုတွေကိုခံချင်သေးတာပေါ့။ ဒီလောက်ထိအချိန်နည်းသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ -
.
.
.
*FOREVER*
ယေ့...ယေ့....
ရင်ခုန်နေပြီ ယေ့...ယေ့။
#jerry
Continue Reading
You'll Also Like
443K 62.4K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
23.8K 3K 34
17.7K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
10.2K 1.3K 10
Uni ဖမ်းဆုပ်ဖို့မတတ်နိုင်တဲ့တိမ်စိုင်ငယ်လို မင်းကို ကိုယ်က သိပ်ချစ်ခဲ့တာပေါ့...... Zawgyi ဖမ်းဆုပ်ဖို့မတတ်နိုင်တဲ့တိမ်စိုင်ငယ်လို မင်းကို ကိုယ်က သိပ်...