ဘန်ရဲ့ ဆန္ဒက မသေချင်တာမို့ လုပ်ပေးဖို့က မခဲယဉ်းပေ။
ဘန်က ချစ်တဲ့သူနဲ့လက်ထပ်ပြီး မိသားစုအတူတူပျော်ပျော်နေသွားချင်တာဖြစ်သည်။
" ဘန်..''
အန်ဒရူးက ခေါ်လာတာမို့ မှန်ရှေ့ရပ်နေရင်းမှ လှည့်ကြည့်လိုက်တော့ ငပေါကြီးလို ပြုံးနေတဲ့ အန်ဒရူးကို မြင်လိုက်ရသည်။
" ဘာလဲ ဒယ်ဒီ ''
" ဒီမှာလေ..ကိုယ် ဘန့်အတွက် မီးလင်းကျောက် ဖုချိန်းလေး လုပ်ထားတာ ''
အန်ဒရူးက ဘန့်ဆီကနေချီးကျူးခံရဖို့ အရောင်တလက်လက်ဖြစ်နေသည့် မျက်ဝန်းတွေနဲ့ ငေးကြည့်ပေမယ့် ဘန်က မျက်နှာလွှဲသည်။
မှန်ကိုအကြည့်ပြန်ပို့ပြီး ဆံကေသာကို တသသလုပ်နေသော ဘန့်ကို အန်ဒရူးက မျက်စောင်းထိုးကာ ကုတင်ပေါ်မှာ သွားထိုင်လိုက်သည်။
ဘန်က ငညစ်လေး။
သူ့ကို အရေးမလုပ်ဘဲ ခပ်တည်တည်နဲ့ မှန်ပဲကြည့်နေတယ်။
မှန်က သူ့ကို ထမင်းကျွေးနေတဲ့ ငါ့လောက်....
မဟုတ်ဘူး ငါ့ထက် ပိုအရေးပါနေတာလား။
" အစ်ကိုကြီး... ဘန့်အတွက် ညစာ ''
ဘယ်လာရဲ့စကားသံကြောင့် အန်ဒရူးက တံခါးသွားဖွင့်လိုက်ပြီး ဘယ်လာ့ဆီက ညစာထမင်းဗန်းလေးကို ယူလိုက်သည်။
" ကျေးဇူး ''
ဘယ်လာက သူမရဲ့ ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့မျက်နှာလေးနဲ့ နွမ်းလျစွာ ပြုံးလိုက်ပြီး အခန်းရှေ့ကနေ ပြန်လှည့်လာခဲ့သည်။
အစ်ကိုကြီးက ဘန့်အတွက် ကောက်ရိုးခြောက်မြက်ခြောက်တွေမကျွေးဘဲ ဘာလို့ သူမတို့လိုလူစားတဲ့အစားစာတွေ ကျွေးချင်ရတာလဲ။
ဘယ်လာက လူသားမိန်းကလေးဖြစ်တာမို့ သူမအတွက် သူမဘာသာ ချက်ပြုတ်စားနေတာဖြစ်သည်။
ရဲတိုက်က အလုပ်သမားတွေအားလုံးက ချက်ပြုတ်ပေးမှာကိုလည်း သူမက အားနာတာကြောင့် လက်မခံဘဲ ကိုယ်တိုင်ပဲချက်ပြုတ်သည်။
ရဲတိုက်တစ်ခုလုံးမှာ လူသားဆိုလို့ သူမတစ်ယောက်တည်းသာရှိပြီး ကျန်သူတွေက သွေးစုတ်ဖုတ်ကောင်မျိုးနွယ်ဝင်တွေဖြစ်သည်။
" ဘယ်လာ..အဆင်ပြေရဲ့လား ''
ဟင်နရီက သူ့ရဲ့ ဇနီးလေးကို ကြည့်ကာ အားမရဖြစ်နေရပြီး လဲကျသွားမှာကို စိုးရိမ်နေရသေးသည်။
" ကျွန်မအဆင်ပြေပါတယ်..ဟင်နရီ ၊ ဒါပေမယ့် ကျွန်မ မိဘတွေကို လွမ်းတယ် ''
" သူတို့နဲ့ စကားပြောမလား..ကိုယ်ဆက်သွယ်ပေးမယ်''
" အင်း ''
ဟင်နရီက ဇနီးလေးအား ပွေ့ချီကာ အခန်းထဲဝင်သွားလေသည် ။
.........
အန်ဒရူးက ညစာစားနေတဲ့ ဘန်ကိုကြည့်ကာ အထူးအဆန်းဖြစ်နေရသည်။
" ဘန်က ဒီဆွဲသီးလေးကြောင့် လူသားဖြစ်နေတာလား ''
အစားစားနေရင်းနဲ့ အန်ဒရူး၏ မေးခွန်းကြောင့် ခေါင်းလေးမော့လာသည့် ဘန်က မျက်လုံးဝိုင်းလေးတွေနဲ့ တကယ်ချစ်စဖွယ်လေးပင်။
" ဘန်..ဒယ်ဒီ့ကိုပြောပါအုန်း.. ဘယ်လာကို ဒယ်ဒီက သဘောကျနေတယ်လို့ ဘာလို့ထင်တာလဲ''
" ထင်ချင်လို့လေ..ဘာလဲ ဘန်ထင်တာမှန်နေတယ်မလား ''
အစားစားခြင်းကို လတ်စသတ်ပြီး နူတ်ခမ်းက ဟင်းဆီတွေကို လက်သုတ်ပုဝါနဲ့ သေချာသုတ်ကာ ပြန်မေးလာသော ဘန်က မျက်ခုံးတပင့်ပင့်နဲ့။
" ဘန်အထင်လွဲနေပြီ..ဒယ်ဒီက ဘန့်ကိုတောင်ချစ်လွန်းလို့ဟာကို ''
" တကယ်လို့ မမဘယ်လာက ယုန်သွေးသောက်ချင်တယ်၊ ယုန်သားစားချင်တယ်ဆိုရင်ရော..မစားရရင် သေပါတော့မယ်ဆိုရင်ရော.. ဒယ်ဒီက ဘန့်ကိုကျွေးပစ်မှာမလား ''
" ရော်..ဘန်ကလည်း၊ အဲ့လို ဖြစ်စရာအကြောင်းမှမရှိတာ ။ တကယ်လို့သာ ရှိလာခဲ့ရင်လည်း တခြားယုန်တွေမှ ပေါလွန်းလို့ ''
အန်ဒရူးက ဘန့်ကိုစိတ်ကျေနပ်စေမယ့်အဖြေမျိုးဖြေလာခဲ့ပေမယ့်လည်း မကျေနပ်ရှာသေးတဲ့ ဘန်က အတွန့်တက်ပြန်သည်။
" သူက ဘန့်ကိုပဲ စားချင်တာ ဆိုရင် ဘယ်လိုလုပ်မလဲ ''
" ဒါဆို ဘန့်ကို ကိုယ်ကဖွက်ထားမှာပေါ့ ''
" တော်ပြီ ဘန် ဒီမှာဆက်မနေတော့ဘူး ''
" ဘာဖြစ်ရပြန်တာလဲ ဘန်ရယ် ''
ဘန်က တိတ်ဆိတ်သွားကာ အိပ်ယာလေးပေါ်မှာ အသာဝင်လှဲနေသည်။
အန်ဒရူးရဲ့ ရှပ်အင်ကျီအဖြူရောင်ပွပွကြီးနဲ့ ဘောင်းဘီအဖြူပွပွကြီးကို မတော်ဘဲနဲ့ အတင်းကောက်စွတ်ထားတဲ့ ဘန်က ရယ်စရာလေးဆိုပေမယ့် အန်ဒရူးမှာ မရယ်နိုင်သေးပေ။
" ဘန်..''
အဝတ်ပုံထဲမှာ ယုန်ကလေးတစ်ကောင်က နားရွက်လေးတွေအောက်စိုက်ကာ အိပ်ပျော်ဖို့ကြိုးစားနေတာမို့ အင်ကျီဘောင်းဘီတွေဟာ အပုံလိုက်လေးဖြစ်နေသည်။
ဘန်က သူ့စကားကို နားမထောင်ချင်တော့သည့်အလား ပုံစံပြောင်းလိုက်တာမို့ သက်ပြင်းလေးချပြီး ပြုံးရုံကလွဲလို့မတတ်နိုင်ပေ။
ဘန်လုံးလေးကို ရင်ခွင်ထဲထည့်လိုက်တော့ မျက်လုံးနီတွေနဲ့စိုက်ကြည့်လာပြန်တာမို့ အန်ဒရူးက မသိချင်ယောင်ဆောင်ကာ ဆက်ပြီး ဖက်ထားလိုက်သည်။
" အိပ်တော့.. ဘန်လုံးလေး ''
ငါအိပ်မပျော်ဘူးကွ။ မင်းက ငါ့ချစ်သူမှမဟုတ်တာ.. ငါ့မှာ ချစ်သူကိုရှာရအုန်းမယ်။ ဒီရဲတိုက်မှာ ကြာကြာဆက်နေလို့မဖြစ်တော့ဘူး ။
ဇာတ်လိုက်မကလည်း တဖြည်းဖြည်းနဲ့ ကိုယ်ဝန်က လရင့်လာတော့မှာ ။ ငါက သေမယ့်နေ့ကို ငြိမ်ငြိမ်လေး စောင့်မနေနိုင်ဘူး။
ဘန်လုံးလေးက စိတ်ထဲကနေအော်ဟစ်ရန်တွေ့နေရင်း ခန္ဓာကိုယ်ကလည်း အငြိမ်မနေဘဲ အန်ဒရူးလက်ထဲကနေရုန်းနေသည်။
အိပ်ပျော်နေတဲ့ အန်ဒရူး၏ လက်မောင်းတွေက ပြေလျော့သွားချိန်မှာတော့ ဘန်က သက်ပြင်းချလိုက်ပြီး ဒီရဲတိုက်ကနေထွက်သွားဖို့ kitty ဆီ အကူအညီတောင်းရတော့သည်။
' kitty ငါ့ကို ဒီကနေထွက်ဖို့ကူညီပေး ၊ အဝတ်လေးပါလုပ်ပေးအုန်း..တစ်ခါတစ်ခါလူဖြစ်ရင် အင်ကျီမပါလို့ '
' ရပါတယ် Host.. ခဏလေးစောင့်နော် '
Kitty က ရဲတိုက်ထဲကအစောင့်တွေအားလုံးနဲ့အစေခံတွေကို အိပ်မွေ့ချလိုက်ပြီး ရှောင်းကျန့်ကို အချက်ပြလိုက်သည်။
' host ရပြီ '
' ကျေးဇူးပဲ kitty '
ရဲတိုက်ကနေထွက်လာပြီးတဲ့နောက် သွားရမယ့် လမ်းတွေကို Kitty ရဲ့အကူအညီနဲ့ ချောချောမွေ့မွေ့ပဲ ဖြတ်လာနိုင်ခဲ့သည်။
' host သတိထား '
' ဟမ်..ဘာဖြစ်လို့ '
စကားမဆုံးခင် ပြေးလာနေသော ခွေးတစ်အုပ်ကိုမြင်လိုက်ရတာကြောင့် ရှောင်းကျန့်မှာ လန့်ပြီး နောက်ကိုလဲကျသွားသည်။
" အမယ်လေး..''
" ရပ်လိုက် ''
ဒီအသံက..ငါရင်းနှီးသလိုပဲ ငါ့အရှင်ဝမ်လား ။
ရှောင်းကျန့်ဟာ အသားစားခွေးဆိုးကြီးတွေကို အမိန့်ပေးနေသော အသံပိုင်ရှင်ကို လှမ်းကြည့်လိုက်ပေမယ့် လူတစ်ရပ်လောက်ခွေးကြီးကိုပဲ မြင်လိုက်ရသည်။
' what the fuck! ..ငါ့ချစ်သူက ခွေးကြီးလား'
ခုန်အုပ်တော့မယ့်အလား ဟန်ပြင်နေတဲ့ခွေးကြီးကြောင့် ရှောင်းကျန့်က အမြန်ထပြီး ပြေးဖို့လုပ်လိုက်ပေမယ့်..
" အာ့...''
" သတိထားမှပေါ့ ''
ရင်ခွင်ပိုင်ရှင်က ပြောလာတဲ့စကားကြောင့် ရှောင်းကျန့်က ထိုသူအားမော့ကြည့်လိုက်သည်။
" ဟင်..ဝမ်ရိပေါ်?? ''
" Who is ဝမ်ရိပေါ်?? ''
' ဒါဆို ငါ့ချစ်သူက ခွေးကြီးမဟုတ်ဘူးပေါ့ ၊ တော်ပါသေးရဲ့ '
ရှောင်းကျန့်ဟာ သက်ပြင်းလေးအသာချရင်း တွေးလိုက်မိတာဖြစ်သည်။
#####
Zawgyi
ဘန္ရဲ႕ ဆႏၵက မေသခ်င္တာမို႔ လုပ္ေပးဖို႔က မခဲယဥ္းေပ။
ဘန္က ခ်စ္တဲ့သူနဲ႕လက္ထပ္ၿပီး မိသားစုအတူတူေပ်ာ္ေပ်ာ္ေနသြားခ်င္တာျဖစ္သည္။
" ဘန္..''
အန္ဒ႐ူးက ေခၚလာတာမို႔ မွန္ေရွ႕ရပ္ေနရင္းမွ လွည့္ၾကည့္လိုက္ေတာ့ ငေပါႀကီးလို ၿပဳံးေနတဲ့ အန္ဒ႐ူးကို ျမင္လိုက္ရသည္။
" ဘာလဲ ဒယ္ဒီ ''
" ဒီမွာေလ..ကိုယ္ ဘန့္အတြက္ မီးလင္းေက်ာက္ ဖုခ်ိန္းေလး လုပ္ထားတာ ''
အန္ဒ႐ူးက ဘန့္ဆီကေနခ်ီးက်ဴးခံရဖို႔ အေရာင္တလက္လက္ျဖစ္ေနသည့္ မ်က္ဝန္းေတြနဲ႕ ေငးၾကည့္ေပမယ့္ ဘန္က မ်က္ႏွာလႊဲသည္။
မွန္ကိုအၾကည့္ျပန္ပို႔ၿပီး ဆံေကသာကို တသသလုပ္ေနေသာ ဘန့္ကို အန္ဒ႐ူးက မ်က္ေစာင္းထိုးကာ ကုတင္ေပၚမွာ သြားထိုင္လိုက္သည္။
ဘန္က ငညစ္ေလး။
သူ႕ကို အေရးမလုပ္ဘဲ ခပ္တည္တည္နဲ႕ မွန္ပဲၾကည့္ေနတယ္။
မွန္က သူ႕ကို ထမင္းေကြၽးေနတဲ့ ငါ့ေလာက္....
မဟုတ္ဘူး ငါ့ထက္ ပိုအေရးပါေနတာလား။
" အစ္ကိုႀကီး... ဘန့္အတြက္ ညစာ ''
ဘယ္လာရဲ႕စကားသံေၾကာင့္ အန္ဒ႐ူးက တံခါးသြားဖြင့္လိုက္ၿပီး ဘယ္လာ့ဆီက ညစာထမင္းဗန္းေလးကို ယူလိုက္သည္။
" ေက်းဇူး ''
ဘယ္လာက သူမရဲ႕ ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနတဲ့မ်က္ႏွာေလးနဲ႕ ႏြမ္းလ်စြာ ၿပဳံးလိုက္ၿပီး အခန္းေရွ႕ကေန ျပန္လွည့္လာခဲ့သည္။
အစ္ကိုႀကီးက ဘန့္အတြက္ ေကာက္ရိုးေျခာက္ျမက္ေျခာက္ေတြမေကြၽးဘဲ ဘာလို႔ သူမတို႔လိုလူစားတဲ့အစားစာေတြ ေကြၽးခ်င္ရတာလဲ။
ဘယ္လာက လူသားမိန္းကေလးျဖစ္တာမို႔ သူမအတြက္ သူမဘာသာ ခ်က္ျပဳတ္စားေနတာျဖစ္သည္။
ရဲတိုက္က အလုပ္သမားေတြအားလုံးက ခ်က္ျပဳတ္ေပးမွာကိုလည္း သူမက အားနာတာေၾကာင့္ လက္မခံဘဲ ကိုယ္တိုင္ပဲခ်က္ျပဳတ္သည္။
ရဲတိုက္တစ္ခုလုံးမွာ လူသားဆိုလို႔ သူမတစ္ေယာက္တည္းသာရွိၿပီး က်န္သူေတြက ေသြးစုတ္ဖုတ္ေကာင္မ်ိဳးႏြယ္ဝင္ေတြျဖစ္သည္။
" ဘယ္လာ..အဆင္ေျပရဲ႕လား ''
ဟင္နရီက သူ႕ရဲ႕ ဇနီးေလးကို ၾကည့္ကာ အားမရျဖစ္ေနရၿပီး လဲက်သြားမွာကို စိုးရိမ္ေနရေသးသည္။
" ကြၽန္မအဆင္ေျပပါတယ္..ဟင္နရီ ၊ ဒါေပမယ့္ ကြၽန္မ မိဘေတြကို လြမ္းတယ္ ''
" သူတို႔နဲ႕ စကားေျပာမလား..ကိုယ္ဆက္သြယ္ေပးမယ္''
" အင္း ''
ဟင္နရီက ဇနီးေလးအား ေပြ႕ခ်ီကာ အခန္းထဲဝင္သြားေလသည္ ။
.........
အန္ဒ႐ူးက ညစာစားေနတဲ့ ဘန္ကိုၾကည့္ကာ အထူးအဆန္းျဖစ္ေနရသည္။
" ဘန္က ဒီဆြဲသီးေလးေၾကာင့္ လူသားျဖစ္ေနတာလား ''
အစားစားေနရင္းနဲ႕ အန္ဒ႐ူး၏ ေမးခြန္းေၾကာင့္ ေခါင္းေလးေမာ့လာသည့္ ဘန္က မ်က္လုံးဝိုင္းေလးေတြနဲ႕ တကယ္ခ်စ္စဖြယ္ေလးပင္။
" ဘန္..ဒယ္ဒီ့ကိုေျပာပါအုန္း.. ဘယ္လာကို ဒယ္ဒီက သေဘာက်ေနတယ္လို႔ ဘာလို႔ထင္တာလဲ''
" ထင္ခ်င္လို႔ေလ..ဘာလဲ ဘန္ထင္တာမွန္ေနတယ္မလား ''
အစားစားျခင္းကို လတ္စသတ္ၿပီး ႏူတ္ခမ္းက ဟင္းဆီေတြကို လက္သုတ္ပုဝါနဲ႕ ေသခ်ာသုတ္ကာ ျပန္ေမးလာေသာ ဘန္က မ်က္ခုံးတပင့္ပင့္နဲ႕။
" ဘန္အထင္လြဲေနၿပီ..ဒယ္ဒီက ဘန့္ကိုေတာင္ခ်စ္လြန္းလို႔ဟာကို ''
" တကယ္လို႔ မမဘယ္လာက ယုန္ေသြးေသာက္ခ်င္တယ္၊ ယုန္သားစားခ်င္တယ္ဆိုရင္ေရာ..မစားရရင္ ေသပါေတာ့မယ္ဆိုရင္ေရာ.. ဒယ္ဒီက ဘန့္ကိုေကြၽးပစ္မွာမလား ''
" ေရာ္..ဘန္ကလည္း၊ အဲ့လို ျဖစ္စရာအေၾကာင္းမွမရွိတာ ။ တကယ္လို႔သာ ရွိလာခဲ့ရင္လည္း တျခားယုန္ေတြမွ ေပါလြန္းလို႔ ''
အန္ဒ႐ူးက ဘန့္ကိုစိတ္ေက်နပ္ေစမယ့္အေျဖမ်ိဳးေျဖလာခဲ့ေပမယ့္လည္း မေက်နပ္ရွာေသးတဲ့ ဘန္က အတြန့္တက္ျပန္သည္။
" သူက ဘန့္ကိုပဲ စားခ်င္တာ ဆိုရင္ ဘယ္လိုလုပ္မလဲ ''
" ဒါဆို ဘန့္ကို ကိုယ္ကဖြက္ထားမွာေပါ့ ''
" ေတာ္ၿပီ ဘန္ ဒီမွာဆက္မေနေတာ့ဘူး ''
" ဘာျဖစ္ရျပန္တာလဲ ဘန္ရယ္ ''
ဘန္က တိတ္ဆိတ္သြားကာ အိပ္ယာေလးေပၚမွာ အသာဝင္လွဲေနသည္။
အန္ဒ႐ူးရဲ႕ ရွပ္အင္က်ီအျဖဴေရာင္ပြပြႀကီးနဲ႕ ေဘာင္းဘီအျဖဴပြပြႀကီးကို မေတာ္ဘဲနဲ႕ အတင္းေကာက္စြတ္ထားတဲ့ ဘန္က ရယ္စရာေလးဆိုေပမယ့္ အန္ဒ႐ူးမွာ မရယ္နိုင္ေသးေပ။
" ဘန္..''
အဝတ္ပုံထဲမွာ ယုန္ကေလးတစ္ေကာင္က နား႐ြက္ေလးေတြေအာက္စိုက္ကာ အိပ္ေပ်ာ္ဖို႔ႀကိဳးစားေနတာမို႔ အင္က်ီေဘာင္းဘီေတြဟာ အပုံလိုက္ေလးျဖစ္ေနသည္။
ဘန္က သူ႕စကားကို နားမေထာင္ခ်င္ေတာ့သည့္အလား ပုံစံေျပာင္းလိုက္တာမို႔ သက္ျပင္းေလးခ်ၿပီး ၿပဳံး႐ုံကလြဲလို႔မတတ္နိုင္ေပ။
ဘန္လုံးေလးကို ရင္ခြင္ထဲထည့္လိုက္ေတာ့ မ်က္လုံးနီေတြနဲ႕စိုက္ၾကည့္လာျပန္တာမို႔ အန္ဒ႐ူးက မသိခ်င္ေယာင္ေဆာင္ကာ ဆက္ၿပီး ဖက္ထားလိုက္သည္။
" အိပ္ေတာ့.. ဘန္လုံးေလး ''
ငါအိပ္မေပ်ာ္ဘူးကြ။ မင္းက ငါ့ခ်စ္သူမွမဟုတ္တာ.. ငါ့မွာ ခ်စ္သူကိုရွာရအုန္းမယ္။ ဒီရဲတိုက္မွာ ၾကာၾကာဆက္ေနလို႔မျဖစ္ေတာ့ဘူး ။
ဇာတ္လိုက္မကလည္း တျဖည္းျဖည္းနဲ႕ ကိုယ္ဝန္က လရင့္လာေတာ့မွာ ။ ငါက ေသမယ့္ေန႕ကို ၿငိမ္ၿငိမ္ေလး ေစာင့္မေနနိုင္ဘူး။
ဘန္လုံးေလးက စိတ္ထဲကေနေအာ္ဟစ္ရန္ေတြ႕ေနရင္း ခႏၶာကိုယ္ကလည္း အၿငိမ္မေနဘဲ အန္ဒ႐ူးလက္ထဲကေန႐ုန္းေနသည္။
အိပ္ေပ်ာ္ေနတဲ့ အန္ဒ႐ူး၏ လက္ေမာင္းေတြက ေျပေလ်ာ့သြားခ်ိန္မွာေတာ့ ဘန္က သက္ျပင္းခ်လိဳက္ၿပီး ဒီရဲတိုက္ကေနထြက္သြားဖို႔ kitty ဆီ အကူအညီေတာင္းရေတာ့သည္။
' kitty ငါ့ကို ဒီကေနထြက္ဖို႔ကူညီေပး ၊ အဝတ္ေလးပါလုပ္ေပးအုန္း..တစ္ခါတစ္ခါလူျဖစ္ရင္ အင္က်ီမပါလို႔ '
' ရပါတယ္ Host.. ခဏေလးေစာင့္ေနာ္ '
Kitty က ရဲတိုက္ထဲကအေစာင့္ေတြအားလုံးနဲ႕အေစခံေတြကို အိပ္ေမြ႕ခ်လိဳက္ၿပီး ေရွာင္းက်န့္ကို အခ်က္ျပလိုက္သည္။
' host ရၿပီ '
' ေက်းဇူးပဲ kitty '
ရဲတိုက္ကေနထြက္လာၿပီးတဲ့ေနာက္ သြားရမယ့္ လမ္းေတြကို Kitty ရဲ႕အကူအညီနဲ႕ ေခ်ာေခ်ာေမြ႕ေမြ႕ပဲ ျဖတ္လာနိုင္ခဲ့သည္။
' host သတိထား '
' ဟမ္..ဘာျဖစ္လို႔ '
စကားမဆုံးခင္ ေျပးလာေနေသာ ေခြးတစ္အုပ္ကိုျမင္လိုက္ရတာေၾကာင့္ ေရွာင္းက်န့္မွာ လန့္ၿပီး ေနာက္ကိုလဲက်သြားသည္။
" အမယ္ေလး..''
" ရပ္လိုက္ ''
ဒီအသံက..ငါရင္းႏွီးသလိုပဲ ငါ့အရွင္ဝမ္လား ။
ေရွာင္းက်န့္ဟာ အသားစားေခြးဆိုးႀကီးေတြကို အမိန့္ေပးေနေသာ အသံပိုင္ရွင္ကို လွမ္းၾကည့္လိုက္ေပမယ့္ လူတစ္ရပ္ေလာက္ေခြးႀကီးကိုပဲ ျမင္လိုက္ရသည္။
' what the fuck! ..ငါ့ခ်စ္သူက ေခြးႀကီးလား'
ခုန္အုပ္ေတာ့မယ့္အလား ဟန္ျပင္ေနတဲ့ေခြးႀကီးေၾကာင့္ ေရွာင္းက်န့္က အျမန္ထၿပီး ေျပးဖို႔လုပ္လိုက္ေပမယ့္..
" အာ့...''
" သတိထားမွေပါ့ ''
ရင္ခြင္ပိုင္ရွင္က ေျပာလာတဲ့စကားေၾကာင့္ ေရွာင္းက်န့္က ထိုသူအားေမာ့ၾကည့္လိုက္သည္။
" ဟင္..ဝမ္ရိေပၚ?? ''
" Who is ဝမ္ရိေပၚ?? ''
' ဒါဆို ငါ့ခ်စ္သူက ေခြးႀကီးမဟုတ္ဘူးေပါ့ ၊ ေတာ္ပါေသးရဲ႕ '
ေရွာင္းက်န့္ဟာ သက္ျပင္းေလးအသာခ်ရင္း ေတြးလိုက္မိတာျဖစ္သည္။
#####