အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့...

By Tharaphy97

692K 116K 2.4K

The Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက... More

Story Description(Uni and Zawgyi)
ပြန်လည်​မွေးဖွားခြင်း 1.1
ပြန်လည်​မွေးဖွားခြင်း 1.2
2. အပင်များရှားပါးခြင်း
3. အလုပ် ရှာခြင်း
4. အိမ်ကို ​ခေါ်လာခြင်း
5.တသီးတခြား​နေခြင်း
6. လိင် အမျိုးအစား
7. အလုပ်
8. သီးသန့်
9. စတင်ခြင်း
10. ​လေ့ကျင့်ခြင်း
11. သူငယ်ချင်း
12. ပြိုင်ပွဲစင်မြင့်
13. စက္ကန့်ပိုင်းအတွင်း အနိုင်ရခြင်း
14. စာအုပ်
15. မိုင်နဲ
16. ပစ္စည်း ဥစ္စာများ
17. အပင် ဌာန
18. အရှုံး​ပေးခြင်း
19. အိမ်​ပြောင်း ​နေထိုင်ခြင်း
Chapter 20
Chapter 21
Chapter . 22
Chapter 23
Chapter 24
Chapter 25
တနင်္လာနေ့ paid group စပါမယ်နော်
Hey guys!
Please Read !!!
Chapter 26 : တိုက်ခိုက်ခြင်း
Chapter 27 : ဒုတိယမြောက် အပင်ရရှိခြင်း
Chapter 28:ဧရာမခြင်္သေ့သားရဲ
Chapter 29.1 : ပြိုင်ပွဲ
Chapter 29.2 : ပြိုင်ပွဲ
Chapter 29.3 : ပြိုင်ပွဲ
Chapter 30 : ထွက်ခွာခြင်း
Chapter 31:အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း...
Chapter 32 : လွှင့်ပစ်ခြင်း
Chapter 33 : အဆိပ်မိခြင်း
Chapter 34.1 : ​ပြောင်းပြန်ဖြစ်သွားတယ်
Chapter 34.2:ပြောင်းပြန်ဖြစ်သွားတယ်
Chapter 36.1 Network တစ်ခုလုံး ဆဲဆိုကြခြင်း
36.2
Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း
Chapter 38 : အမှီလိုက်ခြင်း
Chapter 39 : ပုံမှန်!!!(Uni)
Chapter 39 : ပုံမွန္ !!! (ZG)
Chapter 40 : အစီအစဥ်
Chapter 41 : တတိယ​မြောက် အပင်
Chapter 42 : ပြင်ဆင်ခြင်း
Chapter 43 : ဖွင့်ပြောခြင်း
Chapter 44: တိုက်ခိုက်ခံရခြင်း
Chapter 45 : ဆင်းသက်ခြင်း
Chapter 46 : ဆက်သွယ်ခြင်း
Chapter 47.1 : စွမ်းအင် ပြန်လည်ရယူခြင်း
Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း
Chapter 48 :ထွက်ခွာခြင်း
အခန်း 49- ရောင်းဖို့မဟုတ်ဘူး
Chapter 50: ပူး​ပေါင်း ​ဆောင်ရွက်ခြင်း
Chapter 51: တွယ်ကပ်​နေခြင်း
Chapter 52 : မ​ကောင်းတဲ့ အကြံ
New Story!!! & Game!!!
Chapter 53 : သတိ​ပေးခြင်း
Chapter 54 : Live streaming
Chapter 55 : ​စောင့်ကြည့် စစ်​ဆေးခြင်း
Chapter 56 : ဖြေရှင်းခြင်း
Chapter 57 : သံသယရှိသူ
Chapter 58 : ​တွေ့၍ နှုတ်ဆက်ခြင်း
Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း
Chapter 60 : အကုန်လုံး ရှုံးသွားတယ်
Chapter 61 : ထင်မြင်ချက်​ပေးခြင်း
Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း
Chapter 63 : နဂါးပျံသားရဲ
Chapter 64 : ခရီးက အပြန်
Chapter 65 : အကျိုးသက်​ရောက်မှု
Chapter 66 :ပါတနာ အသစ်များ
Chapter 67 : ဖမ်းဆီးခြင်း
Chapter 68 :အိမ်ရှင်
Chapter 69 : လူစုခြင်း
Chapter 70 : အမ
Chapter 71 : ဖမ်းဆီးခြင်း
Chapter 72: ပြန်တိုက်ခိုက်ခြင်း
Chapter 73 : ရောက်ရှိခြင်း
Chapter 74 : နိုးထလာခြင်း
Chapter 75 : ဆက်နွယ်အပင်
Chapter 76 : ခြင်္သေ့ပျံ သားရဲ
Chapter 77 : ပဉ္စမမြောက် အပင်
Chapter 78 : အပြာရောင်ဂြိုလ်
Chapter 79 : တိုက်ခိုက်ခြင်း!!!
Chapter 80 : လေလံပွဲများ
Chapter 81 : လုပ်ဆောင်ချက်
Chapter 82 : ပူးပေါင်းဆောင်ရွက်ခြင်း
Chapter 83 : ဖွက်ထားခြင်း
Chapter 84 : ပြန်လည်တွေ့ဆုံခြင်း
Chapter 85 : သဘောတူညီချက်
Chapter 86 : ပင်လယ် သတ္တဝါကြီးများ
Chapter 87 : Coma
Chapter 88 : နှုတ်ဆက်ခြင်း
Chapter 89 : ကောက်ကျစ်တဲ့ အကြံဥာဏ်
Chapter 90 : သတင်းစာ ရှင်းလင်းပွဲ
Chapter 91 : စွမ်းအင်​တွေ အများကြီး ရခြင်း
Chapter 92: ကိုယ်ဝန်
Chapter 93: ဂုဏ်ယူပါတယ်!!!!
Chapter 94: ​မြေဝယ်ခြင်း
Chapter 95: ကျန်​သေးတဲ့ စွမ်းအင်
Chapter 96: ပြန်ယူခြင်း
Chapter 97: စွမ်းရည် မြှင့်တင်ခြင်း
Chapter 98: ဂြိုလ်သား သားရဲ​တွေ
Chapter 99: အ​လောင်း ​ဖျောက်ခြင်း
Chapter 100: ဆုံးဖြတ်ချက်
Chapter 101: ဝန်ထမ်း ခေါ်ယူခြင်း
Chapter 102 : စွမ်းအင်​တွေ ​​လျော့နည်းလာခြင်း
Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း
Chapter 104 :​ဖော်ထုတ်ခြင်း
Chapter 105: အ​လျော်​ပေးခြင်း
Chapter 106: ဘွဲ့ နှင်းသဘင်
Chapter 107: လက်ထပ်ခွင့် ​တောင်းခြင်း
Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု
Chapter 109: လက်ထပ်ပွဲ
Chapter 110 :​နေ့တိုင်း
Chapter 111: ဘုရင်ကြီးဆီ က သင်ကြားခြင်း (Final)
Chapter 112: Extra One
Chapter 113: Extra Two
Chapter 114: Extra Three
​ကျေးဇူးတင်လွှာ
Hi👋👋👋
Hello
Attention Please!!!
Hello
Please!!!

Chapter 35 : ဆက်နွယ်ခြင်း

5.6K 1K 10
By Tharaphy97

  သူ က အရပ်ရှည်ရှည် ပိန်ပြီး သူ့အဖေလိုပဲ အသားမည်းသည်။ သူ၏ အနက်​ရောင် မျက်လုံးများမှာ အထူးတောက်ပနေပြီး တံခါးဝ က​နေ ဝင်လာပြီးနောက် စွင်း​မောင်း ဆီသို့ ပြေးသွားခဲ့သည်။ သူ့လေသံက မယုံနိုင်မှု အပြည့်နဲ့ စိတ်လှုပ်ရှားနေသည်။

"မန်နေဂျာ စွင်း၊ မင်း ငါ့ကို ပို့လိုက်တဲ့ အချက်အလက်၊ အဲဒါ အမှန်လား?"

စွင်း​မောင်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့”

​​ဂျေး သည် ဧရာမခြင်္သေ့သားရဲ ကိုကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် မိုင်နဲ ကို ကြည့်လိုက်သည်။

 “သူ က အရမ်းကောင်းတယ်။ သူက ဧရာမခြင်္သေ့ သားရဲသခင်တိုင်း အတွက် စံပြ ဆက်နွယ်သားရဲပဲ။ မင်း တကယ်ပဲ သူနဲ့ မဆက်နွယ်ဘူးလား"

“အင်း” မိုင်နဲ ​ပြောလိုက်သည်။

စွင်း​မောင်း က ​ဂျေး၏ ပုခုံးကို ပုတ်လိုက်ပြီး စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။

 “သူ မလုပ်နိုင်ဘူး။ မင်းမိသားစုရဲ့ အရည်အချင်းတွေ​ကြောင့် ဂျူ​လော့စ်အကြောင်း မင်းသိပြီးပြီ မဟုတ်လား"

ဂျေး ခေါင်းညိတ်လိုက်သည်။ မိုင်နဲ အတွက်​ အရမ်းစိတ်​မ​ကောင်း ဖြစ်​​နေပြီး မိုင်နဲကို နှစ်​သိမ့်​ချင်​​ပေမဲ့ ဘာလိုပြောရမှန်း မသိ​အောင်​ ဖြစ်​သွားသည်။

မိုင်နဲ အကြည့်​တွေက မပြောင်းလဲဘဲ သတိ​ပေးလိုက်သည်။

“မင်း အခု စဉ်းစားရမှာ က သူ့ကို မင်း ဆက်နွယ်နိုင်လား?၊ မင်း သူနဲ့ ဆက်နွယ်ဖို့ ဆန္ဒရှိလား?”

ဂျေး သတိထားပြီး ကြည့်လိုက်တယ်။ စစ်​မြေပြင်တွင် တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေသလိုမျိုး သူရဲ့ ​အော်ရာ က စူးရှလာသည်။

မိုင်နဲက ရှဲ့စန်းအား ဘေးသို့ ဆွဲလိုက်သည်။ စွင်း​မောင်းလည်း ဘေးသို့ လျှောက်သွားလိုက်သည်။ ဤ​နေရာတွင် ​ဂျေးနှင့် ဧရာမခြင်္သေ့သားရဲပဲ ကျန်ခဲ့သည်။

​ဂျေး သည် ခြင်္သေ့သားရဲ ဆီသို့ လျှောက်သွားခဲ့သည်။ခြင်္သေ့ကြီး က ဟိန်း​ဟောက် လာသော်လည်း စိတ်ပိုင်းဖြတ်ထားသည့် အတိုင်း သူ ဆက်လျှောက်သွားခဲ့သည်။ သူသည် ဆက်၍ ချဉ်းကပ်ကာ ခြင်္သေ့ကြီးအား သူနှင့် တိုက်ခိုက်နေသကဲ့သို့ သူ့မျက်လုံးများကို စိုက်ကြည့်နေသည်။

ဧရာမ ခြင်္သေ့ကြီး မြေပြင်မှ ထလိုက်သည်။ သူ့ရဲ့ ရှေ့ပိုင်း ကိုယ်တစ်ခြမ်း ကို ဖိချလိုက်သည်၊၊ သူ့ရဲ့ လည်ချောင်းထဲမှ နိမ့်ပြီး စူးရှသော သတိပေးသည့် အသံတစ်ခု ထွက်ပေါ်လာပြီး​နောက် တုန်ခါသွားကာ တစ်ကိုယ်လုံး တင်းမာနေသည်။

ဂျေး၏ မျက်နှာသည် နီရဲလာကာ အတင်းအကျပ် အံကျိတ်ထားရသည်။ နဖူးပေါ်တွင် အေးစက်သော ချွေးတစ်လွှာ ချက်ချင်း ပေါ်လာပြီး သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။ ဧရာမခြင်္သေ့ကြီး၏ လည်ချောင်းထဲမှ နိမ့်သော ဟိန်းဟောက်သံသည် တဟုန်ထိုး မြန်လာပြီး ရုတ်တရက် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ပြင်းထန်စွာ ဟိန်းဟောက် လိုက်လေသည်။

"​ဂျေး အ​နောက်ကို ဆုတ်!!!" စွင်း​မောင်း က အော်လိုက်သည်။

ဂျေးသည် မှုန်ကုပ်ကုပ် မျက်နှာဖြင့် အ​​​နောက်ဆုတ်လိုက်သည်။ သူ့နဖူးပေါ်မှ ချွေးတွေ တဖြေးဖြေး ကျဆင်းလာပြီး သူ့ရဲ့ အမူအရာမဲ့ ​နေတာနဲ့ လိုက်ဖက်​နေသည်။ သူ ​တော်​တော် စိတ်ပျက်သွားပုံရသည်။

ရှဲ့စန်း ပေါ့ပေါ့ပါးပါး အသက်ရှူသွင်းလိုက်သည်၊ လေထုသည် ငြိမ်သက်လွန်းနေပြီး သူ့မသိစိတ် က သူ့အသက်ရှုခြင်းကို ထိန်းထားလိုက်သည်။ ​​ဂျေး နဲ့ ဧရာမခြင်္သေ့ကြီးတို့ မတိုက်ခဲ့ကြဘူးဆိုတာ သိသာ ထင်ရှားပေမယ့် သူတို့ ရန်ပွဲကြီးဖြစ်နေတယ်လို့ ခံစားလိုက်ရသည်။။

ဧရာမ ခြင်္သေ့ကြီးသည် ဟိန်းဟောက်နေခဲ့သည်။ ​နောက်​တစ်​စက္ကန့်​​မှာတင် ​ဂျေး က ရုတ်တရက် တိုက်ခိုက်လာ​တော့မယ် လို့​တောင် သူ ထင်​​နေခဲ့သည်​။

ရှဲ့စန်း သူ့ဆီသို့သွား၍ သူ၏ ခြေထောက်ကို ပွတ်သပ်​ပေးလိုက်​သောအခါ ကြောင်ကြီး တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်၊ သူ၏ ပြင်းထန်သောအကြည့်မှာ လုံးဝ မရှိတော့ပေ။
(T/N: So cute 😍😍😍)

စွင်း​မောင်း က ဂျေးကို ခေါင်းခါပြလိုက်သည်။

 “မရဘူး၊ သူ့ရဲ့ ငြင်းဆို​ကြောင်း တုံ့ပြန်မှုက ပြင်းထန်လွန်းမယ်လို့ လုံးဝ မမျှော်လင့်ထားမိဘူး။ ပုံမှန် အခြေအနေမှာ၊ ဆက်နွယ်သားရဲက ဆန္ဒ မရှိရင်​တောင်၊ လုပ်လို့ရမယ့် လုပ်ငန်းစဉ် တစ်ခု ရှိ​သေးတယ်။ သူက လုံးဝ အခွင့်အရေး မပေးဘူး။ အတင်းအကြပ် ဆက်နွယ်ခိုင်းခြင်း ခံထားရတာကြောင့် ကျန်ခဲ့တဲ့ နောက်ဆက်တွဲ ဖြစ်လိမ့်မယ်”

ဂျေးသည် ငြိမ်သက်သွားသော ဧရာမခြင်္သေ့သားရဲ ကို ကြည့်ကာ ရှဲ့စန်းကို မနာလိုစွာ ကြည့်နေသည်။ 

"သူက သူ့ရဲ့ ​စောင့်​ရှောက်သူလား"

“မဟုတ်ဘူး၊ သူ့မှာ သီးသန့် စောင့်ရှောက်သူ မရှိဘူး” စွင်း​မောင်းက ခေါင်းခါပြီး ရယ်လိုက်သည်။ "သူ့ရဲ့ ရင်းနှီးမှုက သဘာဝ ပဲ၊ ငါတောင် သူ့ကို မနာလိုဘူး"

​ဂျေးသည် ဧရာမခြင်္သေ့သားရဲ ကို တွန့်ဆုတ်စွာဖြင့် ကြည့်ကာ လက်သီးကိုဆုပ်ပြီး တောင်းဆိုခဲ့သည်။

“နောက်တစ်ကြိမ် ထပ်ပြီး စမ်းကြည့်ချင်တယ်”

စွင်း​မောင်းက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ 

“ရတယ်၊ ဒါပေမယ့် ဘေးကင်းဖို့ ဂရုစိုက်ရမယ်။ ခုနက အခြေအနေနဲ့ အတူတူပဲ ဆိုရင် အားနည်းလာတာနဲ့ အချိန်မီ ​နောက်ဆုတ်ဖို့ မမေ့ပါနဲ့”

ဂျေးက သတိထားပြီး ခေါင်းညိတ်လိုက်သည်။ သူသည် ဆက်နွယ်သားရဲ နှင့် ဆိုင်သည့် ဗဟုသုတများစွာ ကို သင်ယူခဲ့သည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ နောက်မဆုတ်ပါက ဧရာမ ခြင်္သေ့သားရဲကြီး သူ့ကို တကယ် တိုက်ခိုက်လာမှာ သူ ကောင်းကောင်း သိထားသည်။

ဆက်နွယ်သားရဲသည် ဤကဲ့သို့ ဖြစ်သည်၊၊ သားရဲသခင်၏ ​အော်ရာ က မဆက်သွယ်နိုင်ဘဲ သားရဲကို ဆက်ကြိုးစားလိုပါက၊ ဆက်နွယ်သားရဲ က ပြန်တိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ သားရဲသခင်သည် သားရဲ၏ ​လှောင်​ပြောင် ရိုက်နှက်ခြင်းကို ခံရလိမ့်မည်။

ဟုတ်တာ​ပေါ့၊ ကိုယ့်ရဲ့ တိုက်ခိုက်နိုင်စွမ်း ကို ယုံကြည်တဲ့သားရဲသခင် က ဆက်နွယ်သားရဲ နဲ့ လုံးဝ တိုက်နိုင်တယ်၊ သူ အနိုင်ရရင်၊ ဆက်နွယ်သားရဲ ကို ဆက်နွယ်နိုင်သွားလိမ့်မယ်။

Aအဆင့်နှင့် အထက် အကြီးတန်း ဆက်နွယ်သားရဲကို အနိုင်ယူဖို့က အရမ်းခက်တယ်။

ဂျေး၏ ​အော်ရာသည် တစ်ဖန်ပြောင်းလဲသွားပြီး ဧရာမ ခြင်္သေ့သားရဲကို စိုက်ကြည့်ကာ ချဉ်းကပ်လာသည်။

ခြေသည်းများပေါ်တွင် တင်ထားသော ခြင်္သေ့ကြီး၏ ခေါင်း​က မော့လာပြီး ဂျေးအား ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများ အားလုံး ချက်ချင်း တင်းကျပ်လာသည်။

ရှဲ့စန်း မတ်တပ်ရပ်ပြီး ဘေးဘက်သို့ လျှောက်သွားတော့မလို လုပ်လိုက်​ပေမယ့် ၊ ထိုတုံ့ပြန်မှုကို ခံစားမိပြီး သူ၏ လည်ပင်းကို ပြန်ပွတ်သပ်​ပေးလိုက်သည်။

ဧရာမခြင်္သေ့ကြီးသည် သူ၏အမြီးကို တွန့်ပြကာ ရှဲ့စန်း ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ ၎င်း၏ မျက်လုံးကြီးများ က မှိတ်တုတ်မှိတ်တုတ်ဖြင့် ခေါင်းကို ဘယ်ဘက်သို့ စောင်းကာ ရှုပ်​ထွေး​နေ သကဲ့သို့ ဖြစ်နေသည်။

"ဒီဟာ ?" ဂျေးသည် ဤမြင်ကွင်း ကို တအံ့တသြဖြင့် ကြည့်ကာ စွင်း​မောင်းကို မေးရန် ခေါင်းလှည့်လိုက်သည်။

 "ဒါ က ဘာကိုဆိုလိုတာလဲ?"

စွင်း​မောင်း လည်း အံ့အားသင့်သွားသည်။ သူက ရှဲ့စန်း ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေ က အံ့သြစရာ ကောင်းလောက်အောင် တောက်ပနေသည်။ ရှဲ့စန်း ထွက်သွားဖို့ ပြင်​နေတာကို မြင်တော့ သူက အလျင်စလို ပြောလိုက်သည်။

"​ရှောင်စန်း မင်း သူ့ကို ငြိမ်​အောင်ထိန်း​ပေးထား၊ ဂျေး  မင်း ဆက်လုပ်"

​​ဂျေး သည် ဧရာမခြင်္သေ့ကြီးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသော အခါတွင် စူးရှသော ​အော်ရာဖြင့် ယခင်အတိုင်းပင် ရှိနေခဲ့သည်။ ဧရာမခြင်္သေ့သားရဲကြီးက သူ့ကိုမကြည့်ဘဲ ရှဲ့စန်းကို ကြည့်ဖို့ ခေါင်းကို စောင်းထားလိုက်သည်။ ရှဲ့စန်း က လည်ပင်းကို ပြန်ပွတ်​ပေး​တော့ ​ဂျေး ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
(T/N: lionရယ် ​ချေလိုက်တာဟယ် 😏😏)

ဂျေးသည် ဧရာမခြင်္သေ့ကြီးထံသို့ အမြန် လျှောက်သွား​တော့ ခြင်္သေ့ကြီးသည် မတ်တပ်တောင် မရပ်​ပေ။ မျက်လုံးများက သူ့ကို စိုက်ကြည့်လျက် လည်ချောင်းထဲတွင် နိမ့်ကျသော ဟိန်းသံတစ်ခု ရှိနေသည်။

ရှဲ့စန်း သည် ဧရာမခြင်္သေ့သားရဲ အပေါ် မှီ၍ သူ၏ လည်ချောင်းကို ညင်သာစွာ ကိုင်ထားလိုက်သည်။ ဧရာမခြင်္သေ့သားရဲကြီး၏ တုံ့ပြန်မှုနှစ်ခု.သည် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်ပြီး တစ်နည်းနည်းဖြင့် သူ့ကို နားလည်​နေပုံ ရသည်။ သူ့ရှေ့မှာ ရှိတဲ့ ဒီသားရဲသခင်က ကောင်းလား? မ​ကောင်းဘူးလား? လို့ မေးသလိုမျိုး ခေါင်းကို စောင်းထားသည်။

ဤမှန်းဆချက် ကို နားမလည်နိုင်​ပေမယ့် ထူးထူးခြားခြား လေးလံ​နေသလို ခံစားနေရသည်။

ဆက်နွယ်သားရဲနှင့် သားရဲသခင် ဆက်နွယ်တယ် ဆိုသည်မှာ ထိုလူအား သူ၏သခင်အဖြစ် ထမ်းဆောင်ရန် ရည်မှန်းပြီး ထိုသခင်အား တစ်သက်တာ ကတိကဝတ် အဖြစ် သူ၏ ဆက်နွယ်သားရဲ ဖြစ်ပေးခြင်း ဖြစ်သည်။ ဒါပေမယ့် သူက သူ့ကိုမေးတုန်းပဲ! လည်​ပင်းကို ပွတ်​​ပေးရင်း သူ့ကို နားလည်သည်မှာ ခိုင်လုံသော အဖြေဖြစ်သည်၊ ထို့ကြောင့် ဂျေးကို မငြင်းတော့ဘဲ ဂျေးကို ခံစားကြည့်ရန် ကြိုးစားခဲ့သည်။

ဂျေး၏ အမူအရာမှာ စိတ်လှုပ်ရှားနေပြီး ရင်ဘတ်ကို ပြရန် သူ့အင်္ကျီဇစ် ကို ဖွင့်လိုက်သည်။ တဖြည်းဖြည်းနဲ့ ခြင်္သေ့ကြီးတစ်ကောင်ရဲ့ သားရဲပုံစံ က သူ့ရင်ဘတ်မှာ ပေါ်လာသည်။ သူသည် သူ၏ ​နေရာလွတ်မှ ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်ပြီး မဆိုင်းမတွဘဲ သူ့ရင်ဘတ်အလယ်တည့်တည့်တွင် ဒေါင်လိုက် မျဉ်း​ကြောင်းတစ်ခု ပြုလုပ်လိုက်သည်၊၊ ဓားမြှောင်ဖြင့် လုပ်လိုက်တဲ့ မျဥ်း​ကြောင်းက သားရဲပုံစံတစ်ခုလုံး ကို ဖြတ်သွားခဲ့သည်။ သူ့ရင်ဘတ်ပေါ်တွင် ​​ဒေါင်လိုက် မျဥ်း​ကြောင်းမှ အနီရောင် တောက်တောက် သွေးများ ထွက်လာခဲ့သည်။

ရှဲ့စန်း အံ့အားသင့်သွားပြီး စကားပြောခါနီးတွင် ဧရာမခြင်္သေ့သားရဲကြီး က သူ့အား ​ခေါင်းလှည့်ကာ ပြန်ကြည့်လာသည်။

သူ​ရွှေ့လိုက်ဖို့ တုံ့ဆိုင်းနေပြီး သူ၏ သံသယတွေ က အမှန်ဖြစ်ကြောင်း ပိုသေချာသွားသည်။ သူ့မျက်လုံးတွေကို ကြည့်လိုက်ပြီး သူ့လက်အား သူ့ခန္ဓာကိုယ်ဘေးမှာ ညင်သာစွာ တင်ထားသည်။ 

"မင်း သူ့ကို ကြိုက်လား? မင်း သူ့ကို မင်းရဲ သခင်ဖြစ်စေချင်လား?"

ဧရာမ ခြင်္သေ့သားရဲကြီးသည် သူ့ကို ကြည့်​နေဆဲ ဖြစ်ကာ အမြီးကို လှုပ်ယမ်း​နေခဲ့သည်။

"သူ က မင်းကို လုံးဝ ယုံ​နေတာပဲ!" စွင်း​မောင်းက တစ်ဖက်မှ မယုံနိုင်​သော အသံဖြင့် ​ပြောလာသည်။

 "ဂျေးကို မင်း သဘောတူ​နေ သရွေ့ သူရဲ့ ခွင့်ပြုချက် ကို ရလိမ့်မယ်"

ရှဲ့စန်း တုံ့ဆိုင်းနေတာကိုမြင်တော့ သူက

“လက်ရှိ သူ့အခြေအနေက မတည်မငြိမ် ဖြစ်နေတယ်။ ဆက်နွယ်လိုက်တာ က သူ့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မယ်။ သားရဲသခင်နဲ့ ဆက်နွယ်သားရဲက ဆက်နွယ်မှုနှုန်း ၅၀%ရှိတဲ့အခါ သူတို့ကြားမှာ တူညီတဲ့ အသိတစ်ခု ရှိတယ်။ သားရဲသခင် က သူ့ကို အမြန်ဆုံး ပြန်ကောင်းအောင် ကူညီပေးနိုင်တယ်”

ရှဲ့စန်း က ​ဂျေး ကို ကြည့်ပြီး အဖြေကို သိနေပေမယ့် ​မေးလိုက်​သေးသည်။

“မင်း သူ့အ​ပေါ် ​ကောင်း​ကောင်း ဆက်ဆံမှာလား?”

"သားရဲသခင် က ဆက်နွယ်သားရဲကို ညီအကိုအဖြစ်နဲ့  တစ်သက်လုံး သစ္စာစောင့်သိရတယ်" ဂျေးသည် အံ့သြ ထိတ်လန့်စွာ ကြည့်လိုက်ပြီး ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။

ရှဲ့စန်းသည် သူ့အား ကြည့်ရန် ​ခေါင်း​စောင်းထားဆဲ ဖြစ်သော ဧရာမခြင်္သေ့ကြီး ကို ကြည့်လိုက်သည်။ သူ ပြုံးပြီး လည်ပင်းကို လှမ်းကိုင်လိုက်သည်။

 "မင်းရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ မြန်မြန် နေကောင်းပါစေ!"

ခြင်္သေ့သားရဲကြီး စိတ်​ဖောက်ပြီး ​သောင်းကျန်း​နေတာကို မမြင်ချင်တော့ပါ။

ရှဲ့စန်း ဘေးသို့ ခြေလှမ်းနှစ်လှမ်း ရွှေ့လိုက်ပြီး သူ၏ နောက်ထပ် လှုပ်ရှားမှုကို ​စောင့်ကြည့်လိုက်သည်။

ခြင်္သေ့ကြီး ပါးစပ်ကိုဖွင့်ပြီး သူ့ကို သူ၏ ဗိုက်ထဲသို့ မျိုချနိုင်သည့် အကွာအဝေးအထိ ဂျေး ရှေ့သို့တိုးလိုက်သည်။ ဧရာမ ခြင်္သေ့သားရဲကြီးသည် ပါးစပ်ကို ဖွင့်ကာ သူ၏ လျှာကြီးအား ဆန့်ထုတ်၍ အောက်ခြေမှ အပေါ် အထိ ဂျေးရဲ့ရင်ဘတ်ကို ဖြတ်ပြီး သူ့ရင်ဘတ် က သွေးတွေကို လျက်လိုက်သည်။

ဂျေးက သူ့လက်ကို ခြင်္သေ့ကြီး၏ နဖူးအလယ်မှာ ထားလိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ သူ၏ အသံသည် ကျယ်လောင်ပြီး ခိုင်ခံ​နေသည်။

“သားရဲ နတ်ဘုရားကို အသက်ပေး၍ ကျိန်ဆိုပါတယ်”

သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အ​ရောင်တစ်ခု ပေါ်လာပြီး မကြာခင် ​ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးများကို ဖွင့်၍ ခြင်္သေ့ကြီး၏ ခေါင်းကို ဖက်ထားကာ ချစ်ခင်စွာ ပွတ်သပ်လိုက်ပြီး ဧရာမ ခြင်္သေ့ကြီးအား ဝမ်းသာ​သော အကြည့်ဖြင့် ကြည့်နေလိုက်သည်။

ရှဲ့စန်း သူ့ကိုကြည့်လိုက်​တော့ သူ့မျက်လုံးတွေက ပိုတောက်ပလာတာကို ခံစားလိုက်ရသည်။

“ဂုဏ်ယူပါတယ်” စွင်း​မောင်းက ရိုးသားစွာ ပြောလိုက်သည်။

​"​ကျေးဇူးတင်ပါတယ်"

​ဂျေးက ရှဲ့စန်း ကို ကြည့်လိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ မင်းက တကယ်ကို အံ့သြစရာကောင်းတယ်။ ငါ မလုပ်နိုင်​တော့ဘူး လို့ ထင်ထားခဲ့တာ"

ရှဲ့စန်း က ကျေးဇူးတင်စရာ မလိုကြောင်း ပြသရန် ခေါင်းယမ်းလိုက်သည်။ ဧရာမ ခြင်္သေ့ကြီး၏ လည်ပင်းကို ပွတ်​ပေးလိုက်သည်။ ​ဂျေး ရဲ့ အာရုံကို သူနဲ့ ရင်းနှီးမှုအပေါ်မှာ မထား​စေချင်ဘူး။

“ဒါက သူ့ရဲ့ဒဏ်ရာကို အကြိမ်ကြိမ် ကိုင်တွယ်​ပေးခဲ့ရတာကြောင့် ဖြစ်နိုင်တယ်၊ အဲဒါကြောင့် သူက ငါ့ကို တခြားလူထက် ပိုပြီးယုံ​နေတာ”

​ဂျေးသည် ဧရာမခြင်္သေ့သားရဲ၏ ခေါင်းပေါ်ရှိ ဒဏ်ရာကိုကြည့်ကာ “ငါ သူ့ကို ဂရုစိုက်​ပေးပါ့မယ်” လို့ နှလုံးသားနဲ့ ခံစားပြီး ပြောလိုက်သည်။ သူ က တုံ့ဆိုင်းနေပြီး "မင်း သူ့ကို နာမည်ပေးပါလား!"

စွင်း​မောင်း က ရှဲ့စန်း ကို ပြုံးကြည့်လိုက်ပြီး “ဆက်နွယ်သားရဲရဲ့ နာမည်ကို အမြဲတမ်း သားရဲသခင် က ပေးရပေမယ့် ဒီတစ်ခါတော့ အခြေအနေ က ထူးခြားတယ်။မင်း သူ့ကို နာမည်ပေးတာ သင့်တော်ပါတယ်”

ရှဲ့စန်း သည် ဧရာမခြင်္သေ့ကြီး၏ လည်ပင်းကို ပွတ်သပ်ကာ သူ့ခေါင်းထဲတွင် နာမည်များစွာကို တွေးလိုက်သော်လည်း စုတ်ပြတ်​နေပြီး မကောင်းသလို ခံစားရသည်။ 

"ဘာမှ စဉ်းစားလို့ မရဘူး၊ မင်း နာမည်ပေးသင့်တယ်!"

​ဂျေးက သတိထားပြီး ​ပြောလိုက်သည်။ “မင်း နာမည်ပေးတာက ပိုသင့်တော်ပါတယ်။ အခုက​နေ သုံးရက်​နေရင် ဆက်နွယ်တဲ့ အတွက် ပွဲလေး လုပ်​ပေးမယ်။ မင်း အချိန်ယူ စဥ်းစားထားပြီး အဲဒီ့မှာ နာမည်​ပေးလို့ရတယ်"

ရှဲ့စန်း ခဏ​လောက် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ​လေ၊ ငါ လေးလေးနက်နက် စဉ်းစားထားပါ့မယ်"

ဂျေးသည် ကျင်းကျန်ကို ​billပေးချေပြီး ရှဲ့စန်းကို tip ၂၀၀,၀၀၀ ပေးကာ ခြင်္သေ့ကြီးနှင့် ကျေနပ်စွာ အိမ်ပြန်ခဲ့သည်။

စွင်း​မောင်း သည် ရှဲ့စန်း၏ ပခုံးပေါ် လက်ကို တင်လိုက်သည်။

 "မင်း ကို ငါ့ဌာနမှာ အလုပ်လုပ်ဖို့ ​ခေါ်လိုက်တာ က အကျိုးအမြတ် များတဲ့ အရာတစ်ခုကို  ​ကောက်ယူလာလိုက်ရ သလိုမျိုး ရုတ်တရက် ငါ ခံစားလိုက်ရတယ်"

ရှဲ့စန်း ရယ်လိုက်သည်။  "ဒါဆို ဒီနေ့ကို အချိန်ပိုဆင်းတာ အဖြစ် မှတ်လို့ရလား"

“အင်း၊ ရတာ​ပေါ့” စွင်း​မောင်း မျက်ခုံးပင့်လိုက်သည်။ “မင်း က ကုမ္ပဏီအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ပေးခဲ့တယ်။ မင်းအတွက် ဘောနပ်စ်ကို ငါလျှောက်ထားမယ်။ မင်း မရှိဘဲနဲ့ ဧရာမ ခြင်္သေ့သားရဲကို ငြိမ်သက်အောင် လုပ်လို့မရဘူး​လေ ၊ သူ့ကို ငြိမ်​အောင် မလုပ်နိုင်ဘူး ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ်”

ရှဲ့စန်း 'ပစ်ချလိုက်သည်' ဟူသော စကားကို တွေးမိပြီး အခုဟာ ကို ကျေးဇူးတင်နေမိသည်။

"မင်း ​ဂျေး ကို ခုနက ပြောလိုက်တာ ကောင်းတယ်၊ မင်းရဲ့ ရင်းနှီးမှုက အရမ်းထူးခြားတယ်။ မင်း က အကြီးတန်း ဆက်နွယ်သားရဲ​တွေ ကို ဆက်နွယ်​ဖို့ သဘောတူ​အောင် လုပ်​ပေးနိုင်ကြောင်း အခြားသူများကို အသိမပေးတာ အကောင်းဆုံးပဲ” စွင်း​မောင်း က သူ့ကို လေးနက်သော မျက်နှာဖြင့် သတိ​ပေးသည်။

ရှဲ့စန်း မျက်တောင်ခတ်လိုက်သည်။ “ကျွန်တော် အမှန်အတိုင်းပြောနေတာ မန်နေဂျာ စွင်း၊ မင်းပြောတာကို ကျွန်​တော် နားမလည်ဘူး။ ကျွန်​တော် က အဲ့လောက်မစွမ်းပါဘူး!"

စွင်း​မောင်း က အသံထွက်ရုံ ရယ်လိုက်သည်။ "ငါပြောတာ မှားသွားတယ်။ အင်း၊ မင်းနဲ့ မင်းရည်းစား က ချိန်းတွေ့​နေကြတာပဲ!”

ရှဲ့စန်း မကျေမနပ်ဖြစ်စွာနဲ့ သူ့လက်ကို ဝှေ့ယမ်းကာ မိုင်နဲကို ဇုန်4 မှ တတ်နိုင်သမျှ အမြန် ဆွဲထုတ်လိုက်သည်။ စွင်း​မောင်း ​နောက်​ပြောင်တာ ခံပြီး မ​နေချင်​တော့​ပေ၊သူ့ကို ဆက်လက် ​နောက်​ပြောင်ခွင့် ​ပေးထားလိုက်သည်။

ငါးနာရီထိုးခါနီးမှာ သူ တိုက်ခန်းကိုပြန်ရောက်ပြီး သူနဲ့ မိုင်နဲ ရဲ့ လက်ပတ်တွေက တစ်ပြိုင်နက်နီးပါး မြည်လာသည်။

တစ်ခုက ချန်ပီယံဆုမှ ငွေသား 50,000 ကို လွှဲ​ပြောင်း​ပေးခြင်း၏ သတိပေးချက် ဖြစ်ပြီး၊ တစ်ခုမှာ Bအဆင့် ဆက်နွယ်သားရဲ ​နေရာလွတ် အ​ကြောင်း သတိပေးချက်ဖြစ်ကာ ​နောက်ဆုံး တစ်ခုမှာ ပြိုင်ပွဲစီစဉ်သူမှ ပေးပို့သော ပြိုင်ပွဲရလဒ်များဖြစ်သည်။ မက်ဆေ့ဂျ်တွင် ထိပ်ဆုံး သုံးသင်း၏ စာရင်းသာ ပါဝင်ပြီး လူတိုင်း၏ရလဒ်များနှင့် ပူးတွဲပါရှိသည်။

ရှဲ့စန်း ဆိုဖာပေါ်တွင် ထိုင်ကာ မိုင်နဲ၏ မက်ဆေ့ချ်ကို ကြည့်ရန် ခေါင်းကို ​စောင်းကာ​ ​မေးလိုက်သည်။

"မင်းရော သုံးခု ​ရောက်တာလား"

"ငွေလွှဲတာ၊ Aအဆင့် ​ဆက်နွယ်သားရဲ နေရာလွတ် နဲ့ ပြိုင်ပွဲရလဒ်" မိုင်နဲ ​ပြောပြလိုက်သည်။

ရှဲ့စန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဌာနမှူး မု က သူ့ရဲ့ ဆက်နွယ်သားရဲကို Bအဆင့် မှာ ရေးပေးမယ်ဆိုတာ သူသိထားတယ်။ Aအဆင့် နဲ့ Bအဆင့် ဆက်နွယ်​နေရာလွတ် ဈေးနှုန်းကွာခြားချက်မှာ 200,000 ဖြစ်သည်။ သူက ​မေးလိုက်သည်။

“မင်းရဲ့ ဆက်နွယ်သားရဲ ​နေရာလွတ် ကို ဘယ်လို လုပ်မှာလဲ”

"ရောင်းမှာ" မိုင်နဲ က ရှဲ့စန်းကို ကြည့်ပြီး တုံ့ဆိုင်းမနေဘဲ "သိမ်းထားလို့လည်း အသုံးမဝင်ဘူး"

ရှဲ့စန်း မသိစိတ်က အသံကို ​လျှော့ကာ ​မေးလိုက်သည်။ “မင်းရဲ့ သားရဲပုံစံက ပြောင်းသွားပြီ။ ဆက်နွယ်သားရဲ ပြောင်းသွားပြီလို့ ဆိုလိုတာလား။"

“အင်း” မိုင်နဲက ခေါင်းညိတ်လိုက်သည်။ “သားရဲပုံစံ​​တွေအကြောင်း သင်ရိုး ညွန်းတမ်းတွေမှာ ရှင်းပြထားတာ တွေ့ဖူးတယ်။ ဒါက ဒုတိယအကြိမ် နိုးထလာတာ။ ရှားရှားပါးပါး အဖြစ်အပျက် တစ်ခုပဲ”

ရှဲ့စန်း မြန်မြန်ဆန်ဆန် ​မေးလိုက်သည်။

"မင်းရဲ့ ခန္ဓာကိုယ်ကို ထိခိုက်နိုင်လား"

မိုင်နဲက သူ့ရဲ့ စိုးရိမ်တကြီး အကြည့်ကို မြင်​တော့ ပြုံးလိုက်သည်။

 “ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ က ပိုကောင်းလာမှာ။ ဒုတိယ နိုးထမှုက ​ဘိုး​ဘေး​တွေရဲ့ သွေးမျိးဆက်​ ရုတ်တရက် ပေါ်လာတာနဲ့ ဆင်တယ်” သူ ခဏရပ်လိုက်သည်။

 “မိသားစုကြီးတွေ အားလုံးရဲ့ ဘိုးဘေးတွေ အားလုံးနီးပါးက Sအဆင့် ဆက်နွယ်သားရဲသခင်တွေ ဖြစ်ကြပေမယ့် ​လော​လောဆယ်​တော့ အမွေဆက်ခံတဲ့ လူ မရှိ​သေးဘူး။ ​ကော့စ်မိသားစုမှာ လက်ရှိ အိမ်​တော် ​​ခေါင်း​ဆောင် တစ်​ယောက်တည်းကပဲ  ခြင်္သေ့ပျံ သားရဲသခင် လေ”

ရှဲ့စန်း စိတ်လျှော့လိုက်​ပေမယ့် မ​ပြောဘဲ မ​နေနိုင်ခဲ့ဘူး။

"တကယ်လို့ သူတို့ သိသွားရင် မင်းကို လိုက်ရှာကြလိမ့်မယ်"

"ငါ သူတို့ကို ​ပြောမှာ မဟုတ်ဘူး!" မိုင်နဲ ​ပြောလိုက်သည်။

ရှဲ့စန်း က ချက်ချင်း ကတိပေးလိုက်သည်။ 

"ငါ ဘယ်သူ့ကိုမှ မပြောပြဘူး​နော်!" 

သူက ​ပြောပြီး ဖိုရမ်ကို ဖွင့်လိုက်သည်။ “ဂျူလော့စ်… ဒီလူက တော်တော်ဆိုးတယ်။ ငါ အခု postတင်ပြီး သူ့အကျင့်ဆိုးတွေ ကို တခြားသူတွေ သိ​အောင် ပြောပြပစ်မယ်။ အကူအညီ ဖြစ်မလားတော့ မသိပေမယ့် ဘာမှမလုပ်ဘဲ​ နေနေရရင် ငါ မပျော်​တော့ဘူး”

ဖိုရမ်ထဲသို့ ဝင်လိုက်သည်နှင့် ပို့စ်အသစ် မ​ရေးရ​သေးမီ၊ အပေါ်ပိုင်း၌ အနီရောင်ဖြင့် လွင့်နေသော ခေါင်းစဉ်တွင် ဂျူ​လော့စ်၏ အမည်ကို သူတွေ့လိုက်ရသည်။

[တုန်လှုပ် ချောက်ချားစရာပဲ၊ ပြိုင်ပွဲ ကျင်းပတဲ့ အဖွဲ့အစည်းက ​ကော့စ်မိသားစု ကို မျက်နှာသာ မပေးဘူး။ ဂျူ​လော့စ် ​ကော့စ်ကို ပြိုင်ပွဲ က အကြောင်းကြားစာ ပို့ခဲ့တယ်]

"အိုး၊ ပြိုင်ပွဲရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူအကြောင်းကြားစာ အပို့ခံရတယ်" 

ရှဲ့စန်း က သူ့လက်ပတ်ရဲ့ 3D မျက်နှာပြင်ကို ကြည့်​နေတဲ့ မိုင်နဲ မြင်​အောင် အနားတိုး​ပေးလိုက်သည်။

ရှဲ့စန်း ပို့စ်ကို နှိပ်လိုက်သည်။ ထိပ်ပိုင်းတွင် ပြိုင်ပွဲရလဒ် အ​ကြောင်း သတိ​ပေးမှု၏ screenshot ပုံပါရှိပြီး

[အောက်ပါ ကျောင်းသားများသည် ပြိုင်ပွဲ၏ စည်းကမ်းကို ချိုးဖောက်တဲ့ အတွက် ဤနေရာက​နေ အကြောင်း ကြားလိုက်ပါသည်။ ၎င်းတို့သည် ပြိုင်ပွဲတွင် ပါဝင်ပြီး အမှား ကျူးလွန်ခြင်းကြောင့် တစ်နှစ် ပိတ်ပင်ခြင်းခံရသည်]

နာမည်လေးခု ပါရှိပြီး ပထမဆုံး တစ်​ယောက်မှာ ဂျူ​လော့စ် ​ကော့စ် ဖြစ်သည်။

[​ရှေ့ဆုံးတန်းက​နေ ဖရဲသီးစားတဲ့ တစ်​ယောက်ပါ၊ ဒီအ​ကြောင်း အ​သေးစိတ် သိတဲ့လူ ရှိလား?]

[သတ္တိ​ရှိတာပဲ၊ ငါသိသလောက်တော့ ဒီနှစ် စာ​မေးပွဲခန်း​စောင့်တဲ့ လူ က ချီ​ရှောင်း တဲ့။ ဒီလို သေးငယ်တဲ့ လုပ်ရပ်ကို သူတို့ တကယ် လုပ်ရဲကြတယ်​ပေါ့!]

[… ချန်ပီယံစာရင်းနှင့် အပိတ်ခံရတဲ့ စာရင်းကို တွဲတင်ထားတယ်တဲ့။ ရုတ်​တရက်​ ရယ်​ချင်​လာသလိုပဲ။ စွန့်ပစ်ခံထားရတဲ့ သားလေး ကို ဘယ်သူမှ မမြင်နိုင်ကြဘူးလား…]

[မျက်စိရောဂါဗေဒ ကြော်ငြာတစ်ခု အခုပဲ လုပ်လိုက်လို့ရမလား?]

[ဒါဆိုရင် ငါက ဦးနှောက်အတွက် ကြော်ငြာ လုပ်လိုက်မယ်!]

[အပေါ်ထပ်က လူနှစ်ယောက်က ရက်စက်တဲ့ လူ​တွေပဲ၊ အင်္ကျီလက်ပြတ်နဲ့ ဖုံးထားပြီး​တော့!]

ရှဲ့စန်း နှုတ်ခမ်း​ထောင့်​လေး ကော့တက်လာပြီး ချက်ခြင်းဆိုသလိုပဲ အင်တာနက်သုံးစွဲသူတွေကို အရမ်းချစ်စရာကောင်းတယ် ဆိုတာကို တွေ့လိုက်ရသည်။ သူက မိုင်နဲကို ​မော့ကြည့်ကာ

"ငါ သူတို့ကို အခု အ​ခြေအ​နေ​တွေ​ အ​ကြောင်း ပြောပြလိုက်ရင်​ မင်း စိတ်ထဲမထားဘူး မဟုတ်လား"

"​ သေ​ချာ​ပေါက် မထားဘူး​ပေါ့ "

_______________________________________________________________

Pay Group ဝင်ချင်ရင် ရပါ​သေးတယ်​နော်

Groupဝင်ချင်တယ်ဆိုရင် message က​နေ ​မေးလို့ ရပါတယ်ရှင့်🤎🤎🤎 Gpမှာ ၆၀​ရောက်နေပါပြီရှင့်

အားလုံးကို ​ကျေးဇူးတင်ပါတယ်ရှင့် (⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠🤎

Zawgyi version

Chapter 35 : ဆက္ႏြယ္ျခင္း

သူ က အရပ္ရွည္ရွည္ ပိန္ၿပီး သူ႕အေဖလိုပဲ အသားမည္းသည္။ သူ၏ အနက္​ေရာင္ မ်က္လုံးမ်ားမွာ အထူးေတာက္ပေနၿပီး တံခါးဝ က​ေန ဝင္လာၿပီးေနာက္ စြင္း​ေမာင္း ဆီသို႔ ေျပးသြားခဲ့သည္။ သူ႕ေလသံက မယုံနိုင္မႈ အျပည့္နဲ႕ စိတ္လႈပ္ရွားေနသည္။

"မန္ေနဂ်ာ စြင္း၊ မင္း ငါ့ကို ပို႔လိုက္တဲ့ အခ်က္အလက္၊ အဲဒါ အမွန္လား?"

စြင္း​ေမာင္း ေခါင္းညိတ္လိုက္သည္။ “ဟုတ္ကဲ့”

​​ေဂ်း သည္ ဧရာမျခေသၤ့သားရဲ ကိုၾကည့္လိုက္ၿပီး နားမလည္နိုင္စြာျဖင့္ မိုင္နဲ ကို ၾကည့္လိုက္သည္။

 “သူ က အရမ္းေကာင္းတယ္။ သူက ဧရာမျခေသၤ့ သားရဲသခင္တိုင္း အတြက္ စံျပ ဆက္ႏြယ္သားရဲပဲ။ မင္း တကယ္ပဲ သူနဲ႕ မဆက္ႏြယ္ဘူးလား"

“အင္း” မိုင္နဲ ​ေျပာလိုက္သည္။

စြင္း​ေမာင္း က ​ေဂ်း၏ ပုခုံးကို ပုတ္လိုက္ၿပီး စိတ္မေကာင္းစြာျဖင့္ ေခါင္းယမ္းလိုက္သည္။

 “သူ မလုပ္နိုင္ဘူး။ မင္းမိသားစုရဲ႕ အရည္အခ်င္းေတြ​ေၾကာင့္ ဂ်ဴ​ေလာ့စ္အေၾကာင္း မင္းသိၿပီးၿပီ မဟုတ္လား"

ေဂ်း ေခါင္းညိတ္လိုက္သည္။ မိုင္နဲ အတြက္​ အရမ္းစိတ္​မ​ေကာင္း ျဖစ္​​ေနၿပီး မိုင္နဲကို ႏွစ္​သိမ့္​ခ်င္​​ေပမဲ့ ဘာလိုေျပာရမွန္း မသိ​ေအာင္​ ျဖစ္​သြားသည္။

မိုင္နဲ အၾကည့္​ေတြက မေျပာင္းလဲဘဲ သတိ​ေပးလိုက္သည္။

“မင္း အခု စဥ္းစားရမွာ က သူ႕ကို မင္း ဆက္ႏြယ္နိုင္လား?၊ မင္း သူနဲ႕ ဆက္ႏြယ္ဖို႔ ဆႏၵရွိလား?”

ေဂ်း သတိထားၿပီး ၾကည့္လိုက္တယ္။ စစ္​ေျမျပင္တြင္ တိုက္ပြဲဝင္ရန္ အဆင္သင့္ ျဖစ္ေနသလိုမ်ိဳး သူရဲ႕ ​ေအာ္ရာ က စူးရွလာသည္။

မိုင္နဲက ရွဲ႕စန္းအား ေဘးသို႔ ဆြဲလိုက္သည္။ စြင္း​ေမာင္းလည္း ေဘးသို႔ ေလွ်ာက္သြားလိုက္သည္။ ဤ​ေနရာတြင္ ​ေဂ်းႏွင့္ ဧရာမျခေသၤ့သားရဲပဲ က်န္ခဲ့သည္။

​ေဂ်း သည္ ျခေသၤ့သားရဲ ဆီသို႔ ေလွ်ာက္သြားခဲ့သည္။ျခေသၤ့ႀကီး က ဟိန္း​ေဟာက္ လာေသာ္လည္း စိတ္ပိုင္းျဖတ္ထားသည့္ အတိုင္း သူ ဆက္ေလွ်ာက္သြားခဲ့သည္။ သူသည္ ဆက္၍ ခ်ဥ္းကပ္ကာ ျခေသၤ့ႀကီးအား သူႏွင့္ တိုက္ခိုက္ေနသကဲ့သို႔ သူ႕မ်က္လုံးမ်ားကို စိုက္ၾကည့္ေနသည္။

ဧရာမ ျခေသၤ့ႀကီး ေျမျပင္မွ ထလိုက္သည္။ သူ႕ရဲ႕ ေရွ႕ပိုင္း ကိုယ္တစ္ျခမ္း ကို ဖိခ်လိဳက္သည္၊၊ သူ႕ရဲ႕ လည္ေခ်ာင္းထဲမွ နိမ့္ၿပီး စူးရွေသာ သတိေပးသည့္ အသံတစ္ခု ထြက္ေပၚလာၿပီး​ေနာက္ တုန္ခါသြားကာ တစ္ကိုယ္လုံး တင္းမာေနသည္။

ေဂ်း၏ မ်က္ႏွာသည္ နီရဲလာကာ အတင္းအက်ပ္ အံက်ိတ္ထားရသည္။ နဖူးေပၚတြင္ ေအးစက္ေသာ ေခြၽးတစ္လႊာ ခ်က္ခ်င္း ေပၚလာၿပီး သူ႕ေျခလွမ္းကို ရပ္တန႔္လိုက္သည္။ ဧရာမျခေသၤ့ႀကီး၏ လည္ေခ်ာင္းထဲမွ နိမ့္ေသာ ဟိန္းေဟာက္သံသည္ တဟုန္ထိုး ျမန္လာၿပီး ႐ုတ္တရက္ ပါးစပ္ကို က်ယ္က်ယ္ဖြင့္ကာ ျပင္းထန္စြာ ဟိန္းေဟာက္ လိုက္ေလသည္။

"​ေဂ်း အ​ေနာက္ကို ဆုတ္!!!" စြင္း​ေမာင္း က ေအာ္လိုက္သည္။

ေဂ်းသည္ မႈန္ကုပ္ကုပ္ မ်က္ႏွာျဖင့္ အ​​​ေနာက္ဆုတ္လိုက္သည္။ သူ႕နဖူးေပၚမွ ေခြၽးေတြ တေျဖးေျဖး က်ဆင္းလာၿပီး သူ႕ရဲ႕ အမူအရာမဲ့ ​ေနတာနဲ႕ လိုက္ဖက္​ေနသည္။ သူ ​ေတာ္​ေတာ္ စိတ္ပ်က္သြားပုံရသည္။

ရွဲ႕စန္း ေပါ့ေပါ့ပါးပါး အသက္ရႉသြင္းလိုက္သည္၊ ေလထုသည္ ၿငိမ္သက္လြန္းေနၿပီး သူ႕မသိစိတ္ က သူ႕အသက္ရႈျခင္းကို ထိန္းထားလိုက္သည္။ ​​ေဂ်း နဲ႕ ဧရာမျခေသၤ့ႀကီးတို႔ မတိုက္ခဲ့ၾကဘူးဆိုတာ သိသာ ထင္ရွားေပမယ့္ သူတို႔ ရန္ပြဲႀကီးျဖစ္ေနတယ္လို႔ ခံစားလိုက္ရသည္။။

ဧရာမ ျခေသၤ့ႀကီးသည္ ဟိန္းေဟာက္ေနခဲ့သည္။ ​ေနာက္​တစ္​စကၠန႔္​​မွာတင္ ​ေဂ်း က ႐ုတ္တရက္ တိုက္ခိုက္လာ​ေတာ့မယ္ လို႔​ေတာင္ သူ ထင္​​ေနခဲ့သည္​။

ရွဲ႕စန္း သူ႕ဆီသို႔သြား၍ သူ၏ ေျခေထာက္ကို ပြတ္သပ္​ေပးလိုက္​ေသာအခါ ေၾကာင္ႀကီး တစ္ေကာင္ကဲ့သို႔ ေျမျပင္ေပၚသို႔ လဲက်သြားျပန္သည္၊ သူ၏ ျပင္းထန္ေသာအၾကည့္မွာ လုံးဝ မရွိေတာ့ေပ။
(T/N: So cute 😍😍😍)

စြင္း​ေမာင္း က ေဂ်းကို ေခါင္းခါျပလိုက္သည္။

 “မရဘူး၊ သူ႕ရဲ႕ ျငင္းဆို​ေၾကာင္း တုံ႕ျပန္မႈက ျပင္းထန္လြန္းမယ္လို႔ လုံးဝ မေမွ်ာ္လင့္ထားမိဘူး။ ပုံမွန္ အေျခအေနမွာ၊ ဆက္ႏြယ္သားရဲက ဆႏၵ မရွိရင္​ေတာင္၊ လုပ္လို႔ရမယ့္ လုပ္ငန္းစဥ္ တစ္ခု ရွိ​ေသးတယ္။ သူက လုံးဝ အခြင့္အေရး မေပးဘူး။ အတင္းအၾကပ္ ဆက္ႏြယ္ခိုင္းျခင္း ခံထားရတာေၾကာင့္ က်န္ခဲ့တဲ့ ေနာက္ဆက္တြဲ ျဖစ္လိမ့္မယ္”

ေဂ်းသည္ ၿငိမ္သက္သြားေသာ ဧရာမျခေသၤ့သားရဲ ကို ၾကည့္ကာ ရွဲ႕စန္းကို မနာလိုစြာ ၾကည့္ေနသည္။ 

"သူက သူ႕ရဲ႕ ​ေစာင့္​ေရွာက္သူလား"

“မဟုတ္ဘူး၊ သူ႕မွာ သီးသန့္ ေစာင့္ေရွာက္သူ မရွိဘူး” စြင္း​ေမာင္းက ေခါင္းခါၿပီး ရယ္လိုက္သည္။ "သူ႕ရဲ႕ ရင္းႏွီးမႈက သဘာဝ ပဲ၊ ငါေတာင္ သူ႕ကို မနာလိုဘူး"

​ေဂ်းသည္ ဧရာမျခေသၤ့သားရဲ ကို တြန႔္ဆုတ္စြာျဖင့္ ၾကည့္ကာ လက္သီးကိုဆုပ္ၿပီး ေတာင္းဆိုခဲ့သည္။

“ေနာက္တစ္ႀကိမ္ ထပ္ၿပီး စမ္းၾကည့္ခ်င္တယ္”

စြင္း​ေမာင္းက ခဏေလာက္ စဥ္းစားၿပီး ေခါင္းညိတ္လိုက္သည္။ 

“ရတယ္၊ ဒါေပမယ့္ ေဘးကင္းဖို႔ ဂ႐ုစိုက္ရမယ္။ ခုနက အေျခအေနနဲ႕ အတူတူပဲ ဆိုရင္ အားနည္းလာတာနဲ႕ အခ်ိန္မီ ​ေနာက္ဆုတ္ဖို႔ မေမ့ပါနဲ႕”

ေဂ်းက သတိထားၿပီး ေခါင္းညိတ္လိုက္သည္။ သူသည္ ဆက္ႏြယ္သားရဲ ႏွင့္ ဆိုင္သည့္ ဗဟုသုတမ်ားစြာ ကို သင္ယူခဲ့သည္။ ထိုကဲ့သို႔ အေျခအေနမ်ိဳးတြင္ သူ ေနာက္မဆုတ္ပါက ဧရာမ ျခေသၤ့သားရဲႀကီး သူ႕ကို တကယ္ တိုက္ခိုက္လာမွာ သူ ေကာင္းေကာင္း သိထားသည္။

ဆက္ႏြယ္သားရဲသည္ ဤကဲ့သို႔ ျဖစ္သည္၊၊ သားရဲသခင္၏ ​ေအာ္ရာ က မဆက္သြယ္နိုင္ဘဲ သားရဲကို ဆက္ႀကိဳးစားလိုပါက၊ ဆက္ႏြယ္သားရဲ က ျပန္တိုက္ရန္ တြန႔္ဆုတ္ေနမည္ မဟုတ္ေပ။ သားရဲသခင္သည္ သားရဲ၏ ​ေလွာင္​ေျပာင္ ရိုက္ႏွက္ျခင္းကို ခံရလိမ့္မည္။

ဟုတ္တာ​ေပါ့၊ ကိုယ့္ရဲ႕ တိုက္ခိုက္နိုင္စြမ္း ကို ယုံၾကည္တဲ့သားရဲသခင္ က ဆက္ႏြယ္သားရဲ နဲ႕ လုံးဝ တိုက္နိုင္တယ္၊ သူ အနိုင္ရရင္၊ ဆက္ႏြယ္သားရဲ ကို ဆက္ႏြယ္နိုင္သြားလိမ့္မယ္။

Aအဆင့္ႏွင့္ အထက္ အႀကီးတန္း ဆက္ႏြယ္သားရဲကို အနိုင္ယူဖို႔က အရမ္းခက္တယ္။

ေဂ်း၏ ​ေအာ္ရာသည္ တစ္ဖန္ေျပာင္းလဲသြားၿပီး ဧရာမ ျခေသၤ့သားရဲကို စိုက္ၾကည့္ကာ ခ်ဥ္းကပ္လာသည္။

ေျခသည္းမ်ားေပၚတြင္ တင္ထားေသာ ျခေသၤ့ႀကီး၏ ေခါင္း​က ေမာ့လာၿပီး ေဂ်းအား ၾကည့္လိုက္ရာ သူ၏ ခႏၶာကိုယ္ရွိ ႂကြက္သားမ်ား အားလုံး ခ်က္ခ်င္း တင္းက်ပ္လာသည္။

ရွဲ႕စန္း မတ္တပ္ရပ္ၿပီး ေဘးဘက္သို႔ ေလွ်ာက္သြားေတာ့မလို လုပ္လိုက္​ေပမယ့္ ၊ ထိုတုံ႕ျပန္မႈကို ခံစားမိၿပီး သူ၏ လည္ပင္းကို ျပန္ပြတ္သပ္​ေပးလိုက္သည္။

ဧရာမျခေသၤ့ႀကီးသည္ သူ၏အၿမီးကို တြန႔္ျပကာ ရွဲ႕စန္း ကို ၾကည့္ရန္ ေခါင္းကို လွည့္လိုက္သည္။ ၎၏ မ်က္လုံးႀကီးမ်ား က မွိတ္တုတ္မွိတ္တုတ္ျဖင့္ ေခါင္းကို ဘယ္ဘက္သို႔ ေစာင္းကာ ရႈပ္​ေထြး​ေန သကဲ့သို႔ ျဖစ္ေနသည္။

"ဒီဟာ ?" ေဂ်းသည္ ဤျမင္ကြင္း ကို တအံ့တၾသျဖင့္ ၾကည့္ကာ စြင္း​ေမာင္းကို ေမးရန္ ေခါင္းလွည့္လိုက္သည္။

 "ဒါ က ဘာကိုဆိုလိုတာလဲ?"

စြင္း​ေမာင္း လည္း အံ့အားသင့္သြားသည္။ သူက ရွဲ႕စန္း ကို စိုက္ၾကည့္လိုက္သည္။ သူ႕မ်က္လုံးေတြ က အံ့ၾသစရာ ေကာင္းေလာက္ေအာင္ ေတာက္ပေနသည္။ ရွဲ႕စန္း ထြက္သြားဖို႔ ျပင္​ေနတာကို ျမင္ေတာ့ သူက အလ်င္စလို ေျပာလိုက္သည္။

"​ေရွာင္စန္း မင္း သူ႕ကို ၿငိမ္​ေအာင္ထိန္း​ေပးထား၊ ေဂ်း  မင္း ဆက္လုပ္"

​​ေဂ်း သည္ ဧရာမျခေသၤ့ႀကီးဆီသို႔ တျဖည္းျဖည္း ခ်ဥ္းကပ္လာေသာ အခါတြင္ စူးရွေသာ ​ေအာ္ရာျဖင့္ ယခင္အတိုင္းပင္ ရွိေနခဲ့သည္။ ဧရာမျခေသၤ့သားရဲႀကီးက သူ႕ကိုမၾကည့္ဘဲ ရွဲ႕စန္းကို ၾကည့္ဖို႔ ေခါင္းကို ေစာင္းထားလိုက္သည္။ ရွဲ႕စန္း က လည္ပင္းကို ျပန္ပြတ္​ေပး​ေတာ့ ​ေဂ်း ကို ၾကည့္ဖို႔ ေခါင္းကို လွည့္လိုက္သည္။
(T/N: lionရယ္ ​ေခ်လိဳက္တာဟယ္ 😏😏)

ေဂ်းသည္ ဧရာမျခေသၤ့ႀကီးထံသို႔ အျမန္ ေလွ်ာက္သြား​ေတာ့ ျခေသၤ့ႀကီးသည္ မတ္တပ္ေတာင္ မရပ္​ေပ။ မ်က္လုံးမ်ားက သူ႕ကို စိုက္ၾကည့္လ်က္ လည္ေခ်ာင္းထဲတြင္ နိမ့္က်ေသာ ဟိန္းသံတစ္ခု ရွိေနသည္။

ရွဲ႕စန္း သည္ ဧရာမျခေသၤ့သားရဲ အေပၚ မွီ၍ သူ၏ လည္ေခ်ာင္းကို ညင္သာစြာ ကိုင္ထားလိုက္သည္။ ဧရာမျခေသၤ့သားရဲႀကီး၏ တုံ႕ျပန္မႈႏွစ္ခု.သည္ သိသိသာသာ ဆန႔္က်င္ဘက္ျဖစ္ၿပီး တစ္နည္းနည္းျဖင့္ သူ႕ကို နားလည္​ေနပုံ ရသည္။ သူ႕ေရွ႕မွာ ရွိတဲ့ ဒီသားရဲသခင္က ေကာင္းလား? မ​ေကာင္းဘူးလား? လို႔ ေမးသလိုမ်ိဳး ေခါင္းကို ေစာင္းထားသည္။

ဤမွန္းဆခ်က္ ကို နားမလည္နိုင္​ေပမယ့္ ထူးထူးျခားျခား ေလးလံ​ေနသလို ခံစားေနရသည္။

ဆက္ႏြယ္သားရဲႏွင့္ သားရဲသခင္ ဆက္ႏြယ္တယ္ ဆိုသည္မွာ ထိုလူအား သူ၏သခင္အျဖစ္ ထမ္းေဆာင္ရန္ ရည္မွန္းၿပီး ထိုသခင္အား တစ္သက္တာ ကတိကဝတ္ အျဖစ္ သူ၏ ဆက္ႏြယ္သားရဲ ျဖစ္ေပးျခင္း ျဖစ္သည္။ ဒါေပမယ့္ သူက သူ႕ကိုေမးတုန္းပဲ! လည္​ပင္းကို ပြတ္​​ေပးရင္း သူ႕ကို နားလည္သည္မွာ ခိုင္လုံေသာ အေျဖျဖစ္သည္၊ ထို႔ေၾကာင့္ ေဂ်းကို မျငင္းေတာ့ဘဲ ေဂ်းကို ခံစားၾကည့္ရန္ ႀကိဳးစားခဲ့သည္။

ေဂ်း၏ အမူအရာမွာ စိတ္လႈပ္ရွားေနၿပီး ရင္ဘတ္ကို ျပရန္ သူ႕အကၤ်ီဇစ္ ကို ဖြင့္လိုက္သည္။ တျဖည္းျဖည္းနဲ႕ ျခေသၤ့ႀကီးတစ္ေကာင္ရဲ႕ သားရဲပုံစံ က သူ႕ရင္ဘတ္မွာ ေပၚလာသည္။ သူသည္ သူ၏ ​ေနရာလြတ္မွ ဓားျမႇောင္တစ္ေခ်ာင္းကို ထုတ္လိုက္ၿပီး မဆိုင္းမတြဘဲ သူ႕ရင္ဘတ္အလယ္တည့္တည့္တြင္ ေဒါင္လိုက္ မ်ဥ္း​ေၾကာင္းတစ္ခု ျပဳလုပ္လိုက္သည္၊၊ ဓားျမႇောင္ျဖင့္ လုပ္လိုက္တဲ့ မ်ဥ္း​ေၾကာင္းက သားရဲပုံစံတစ္ခုလုံး ကို ျဖတ္သြားခဲ့သည္။ သူ႕ရင္ဘတ္ေပၚတြင္ ​​ေဒါင္လိုက္ မ်ဥ္း​ေၾကာင္းမွ အနီေရာင္ ေတာက္ေတာက္ ေသြးမ်ား ထြက္လာခဲ့သည္။

ရွဲ႕စန္း အံ့အားသင့္သြားၿပီး စကားေျပာခါနီးတြင္ ဧရာမျခေသၤ့သားရဲႀကီး က သူ႕အား ​ေခါင္းလွည့္ကာ ျပန္ၾကည့္လာသည္။

သူ​ေ႐ႊ႕လိုက္ဖို႔ တုံ႕ဆိုင္းေနၿပီး သူ၏ သံသယေတြ က အမွန္ျဖစ္ေၾကာင္း ပိုေသခ်ာသြားသည္။ သူ႕မ်က္လုံးေတြကို ၾကည့္လိုက္ၿပီး သူ႕လက္အား သူ႕ခႏၶာကိုယ္ေဘးမွာ ညင္သာစြာ တင္ထားသည္။ 

"မင္း သူ႕ကို ႀကိဳက္လား? မင္း သူ႕ကို မင္းရဲ သခင္ျဖစ္ေစခ်င္လား?"

ဧရာမ ျခေသၤ့သားရဲႀကီးသည္ သူ႕ကို ၾကည့္​ေနဆဲ ျဖစ္ကာ အၿမီးကို လႈပ္ယမ္း​ေနခဲ့သည္။

"သူ က မင္းကို လုံးဝ ယုံ​ေနတာပဲ!" စြင္း​ေမာင္းက တစ္ဖက္မွ မယုံနိုင္​ေသာ အသံျဖင့္ ​ေျပာလာသည္။

 "ေဂ်းကို မင္း သေဘာတူ​ေန သေ႐ြ႕ သူရဲ႕ ခြင့္ျပဳခ်က္ ကို ရလိမ့္မယ္"

ရွဲ႕စန္း တုံ႕ဆိုင္းေနတာကိုျမင္ေတာ့ သူက

“လက္ရွိ သူ႕အေျခအေနက မတည္မၿငိမ္ ျဖစ္ေနတယ္။ ဆက္ႏြယ္လိုက္တာ က သူ႕အတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈ ျဖစ္လိမ့္မယ္။ သားရဲသခင္နဲ႕ ဆက္ႏြယ္သားရဲက ဆက္ႏြယ္မႈႏႈန္း ၅၀%ရွိတဲ့အခါ သူတို႔ၾကားမွာ တူညီတဲ့ အသိတစ္ခု ရွိတယ္။ သားရဲသခင္ က သူ႕ကို အျမန္ဆုံး ျပန္ေကာင္းေအာင္ ကူညီေပးနိုင္တယ္”

ရွဲ႕စန္း က ​ေဂ်း ကို ၾကည့္ၿပီး အေျဖကို သိေနေပမယ့္ ​ေမးလိုက္​ေသးသည္။

“မင္း သူ႕အ​ေပၚ ​ေကာင္း​ေကာင္း ဆက္ဆံမွာလား?”

"သားရဲသခင္ က ဆက္ႏြယ္သားရဲကို ညီအကိုအျဖစ္နဲ႕  တစ္သက္လုံး သစၥာေစာင့္သိရတယ္" ေဂ်းသည္ အံ့ၾသ ထိတ္လန႔္စြာ ၾကည့္လိုက္ၿပီး ခိုင္မာေသာေလသံျဖင့္ ေျပာလိုက္သည္။

ရွဲ႕စန္းသည္ သူ႕အား ၾကည့္ရန္ ​ေခါင္း​ေစာင္းထားဆဲ ျဖစ္ေသာ ဧရာမျခေသၤ့ႀကီး ကို ၾကည့္လိုက္သည္။ သူ ၿပဳံးၿပီး လည္ပင္းကို လွမ္းကိုင္လိုက္သည္။

 "မင္းရဲ႕ ယုံၾကည္မႈအတြက္ ေက်းဇူးတင္ပါတယ္။ ျမန္ျမန္ ေနေကာင္းပါေစ!"

ျခေသၤ့သားရဲႀကီး စိတ္​ေဖာက္ၿပီး ​ေသာင္းက်န္း​ေနတာကို မျမင္ခ်င္ေတာ့ပါ။

ရွဲ႕စန္း ေဘးသို႔ ေျခလွမ္းႏွစ္လွမ္း ေ႐ႊ႕လိုက္ၿပီး သူ၏ ေနာက္ထပ္ လႈပ္ရွားမႈကို ​ေစာင့္ၾကည့္လိုက္သည္။

ျခေသၤ့ႀကီး ပါးစပ္ကိုဖြင့္ၿပီး သူ႕ကို သူ၏ ဗိုက္ထဲသို႔ မ်ိဳခ်နိဳင္သည့္ အကြာအေဝးအထိ ေဂ်း ေရွ႕သို႔တိုးလိုက္သည္။ ဧရာမ ျခေသၤ့သားရဲႀကီးသည္ ပါးစပ္ကို ဖြင့္ကာ သူ၏ လွ်ာႀကီးအား ဆန႔္ထုတ္၍ ေအာက္ေျခမွ အေပၚ အထိ ေဂ်းရဲ႕ရင္ဘတ္ကို ျဖတ္ၿပီး သူ႕ရင္ဘတ္ က ေသြးေတြကို လ်က္လိုက္သည္။

ေဂ်းက သူ႕လက္ကို ျခေသၤ့ႀကီး၏ နဖူးအလယ္မွာ ထားလိုက္ၿပီး မ်က္လုံးကို မွိတ္လိုက္သည္။ သူ၏ အသံသည္ က်ယ္ေလာင္ၿပီး ခိုင္ခံ​ေနသည္။

“သားရဲ နတ္ဘုရားကို အသက္ေပး၍ က်ိန္ဆိုပါတယ္”

သူ႕မ်က္ႏွာေပၚတြင္ ထူးဆန္းေသာ အ​ေရာင္တစ္ခု ေပၚလာၿပီး မၾကာခင္ ​ေပ်ာက္ကြယ္သြားသည္။ သူ႕မ်က္လုံးမ်ားကို ဖြင့္၍ ျခေသၤ့ႀကီး၏ ေခါင္းကို ဖက္ထားကာ ခ်စ္ခင္စြာ ပြတ္သပ္လိုက္ၿပီး ဧရာမ ျခေသၤ့ႀကီးအား ဝမ္းသာ​ေသာ အၾကည့္ျဖင့္ ၾကည့္ေနလိုက္သည္။

ရွဲ႕စန္း သူ႕ကိုၾကည့္လိုက္​ေတာ့ သူ႕မ်က္လုံးေတြက ပိုေတာက္ပလာတာကို ခံစားလိုက္ရသည္။

“ဂုဏ္ယူပါတယ္” စြင္း​ေမာင္းက ရိုးသားစြာ ေျပာလိုက္သည္။

​"​ေက်းဇူးတင္ပါတယ္"

​ေဂ်းက ရွဲ႕စန္း ကို ၾကည့္လိုက္သည္။ "ေက်းဇူးတင္ပါတယ္၊ မင္းက တကယ္ကို အံ့ၾသစရာေကာင္းတယ္။ ငါ မလုပ္နိုင္​ေတာ့ဘူး လို႔ ထင္ထားခဲ့တာ"

ရွဲ႕စန္း က ေက်းဇူးတင္စရာ မလိုေၾကာင္း ျပသရန္ ေခါင္းယမ္းလိုက္သည္။ ဧရာမ ျခေသၤ့ႀကီး၏ လည္ပင္းကို ပြတ္​ေပးလိုက္သည္။ ​ေဂ်း ရဲ႕ အာ႐ုံကို သူနဲ႕ ရင္းႏွီးမႈအေပၚမွာ မထား​ေစခ်င္ဘူး။

“ဒါက သူ႕ရဲ႕ဒဏ္ရာကို အႀကိမ္ႀကိမ္ ကိုင္တြယ္​ေပးခဲ့ရတာေၾကာင့္ ျဖစ္နိုင္တယ္၊ အဲဒါေၾကာင့္ သူက ငါ့ကို တျခားလူထက္ ပိုၿပီးယုံ​ေနတာ”

​ေဂ်းသည္ ဧရာမျခေသၤ့သားရဲ၏ ေခါင္းေပၚရွိ ဒဏ္ရာကိုၾကည့္ကာ “ငါ သူ႕ကို ဂ႐ုစိုက္​ေပးပါ့မယ္” လို႔ ႏွလုံးသားနဲ႕ ခံစားၿပီး ေျပာလိုက္သည္။ သူ က တုံ႕ဆိုင္းေနၿပီး "မင္း သူ႕ကို နာမည္ေပးပါလား!"

စြင္း​ေမာင္း က ရွဲ႕စန္း ကို ၿပဳံးၾကည့္လိုက္ၿပီး “ဆက္ႏြယ္သားရဲရဲ႕ နာမည္ကို အၿမဲတမ္း သားရဲသခင္ က ေပးရေပမယ့္ ဒီတစ္ခါေတာ့ အေျခအေန က ထူးျခားတယ္။မင္း သူ႕ကို နာမည္ေပးတာ သင့္ေတာ္ပါတယ္”

ရွဲ႕စန္း သည္ ဧရာမျခေသၤ့ႀကီး၏ လည္ပင္းကို ပြတ္သပ္ကာ သူ႕ေခါင္းထဲတြင္ နာမည္မ်ားစြာကို ေတြးလိုက္ေသာ္လည္း စုတ္ျပတ္​ေနၿပီး မေကာင္းသလို ခံစားရသည္။ 

"ဘာမွ စဥ္းစားလို႔ မရဘူး၊ မင္း နာမည္ေပးသင့္တယ္!"

​ေဂ်းက သတိထားၿပီး ​ေျပာလိုက္သည္။ “မင္း နာမည္ေပးတာက ပိုသင့္ေတာ္ပါတယ္။ အခုက​ေန သုံးရက္​ေနရင္ ဆက္ႏြယ္တဲ့ အတြက္ ပြဲေလး လုပ္​ေပးမယ္။ မင္း အခ်ိန္ယူ စဥ္းစားထားၿပီး အဲဒီ့မွာ နာမည္​ေပးလို႔ရတယ္"

ရွဲ႕စန္း ခဏ​ေလာက္ တုံ႕ဆိုင္းသြားၿပီး ေခါင္းညိတ္လိုက္သည္။ "ေကာင္းၿပီ​ေလ၊ ငါ ေလးေလးနက္နက္ စဥ္းစားထားပါ့မယ္"

ေဂ်းသည္ က်င္းက်န္ကို ​billေပးေခ်ၿပီး ရွဲ႕စန္းကို tip ၂၀၀,၀၀၀ ေပးကာ ျခေသၤ့ႀကီးႏွင့္ ေက်နပ္စြာ အိမ္ျပန္ခဲ့သည္။

စြင္း​ေမာင္း သည္ ရွဲ႕စန္း၏ ပခုံးေပၚ လက္ကို တင္လိုက္သည္။

 "မင္း ကို ငါ့ဌာနမွာ အလုပ္လုပ္ဖို႔ ​ေခၚလိုက္တာ က အက်ိဳးအျမတ္ မ်ားတဲ့ အရာတစ္ခုကို  ​ေကာက္ယူလာလိုက္ရ သလိုမ်ိဳး ႐ုတ္တရက္ ငါ ခံစားလိုက္ရတယ္"

ရွဲ႕စန္း ရယ္လိုက္သည္။  "ဒါဆို ဒီေန႕ကို အခ်ိန္ပိုဆင္းတာ အျဖစ္ မွတ္လို႔ရလား"

“အင္း၊ ရတာ​ေပါ့” စြင္း​ေမာင္း မ်က္ခုံးပင့္လိုက္သည္။ “မင္း က ကုမၸဏီအတြက္ ေကာင္းမြန္တဲ့ ဝန္ေဆာင္မႈကို ေပးခဲ့တယ္။ မင္းအတြက္ ေဘာနပ္စ္ကို ငါေလွ်ာက္ထားမယ္။ မင္း မရွိဘဲနဲ႕ ဧရာမ ျခေသၤ့သားရဲကို ၿငိမ္သက္ေအာင္ လုပ္လို႔မရဘူး​ေလ ၊ သူ႕ကို ၿငိမ္​ေအာင္ မလုပ္နိုင္ဘူး ဆိုရင္ ေနာက္ဆက္တြဲ ျပႆနာေတြ အမ်ားႀကီး ျဖစ္လာလိမ့္မယ္”

ရွဲ႕စန္း 'ပစ္ခ်လိဳက္သည္' ဟူေသာ စကားကို ေတြးမိၿပီး အခုဟာ ကို ေက်းဇူးတင္ေနမိသည္။

"မင္း ​ေဂ်း ကို ခုနက ေျပာလိုက္တာ ေကာင္းတယ္၊ မင္းရဲ႕ ရင္းႏွီးမႈက အရမ္းထူးျခားတယ္။ မင္း က အႀကီးတန္း ဆက္ႏြယ္သားရဲ​ေတြ ကို ဆက္ႏြယ္​ဖို႔ သေဘာတူ​ေအာင္ လုပ္​ေပးနိုင္ေၾကာင္း အျခားသူမ်ားကို အသိမေပးတာ အေကာင္းဆုံးပဲ” စြင္း​ေမာင္း က သူ႕ကို ေလးနက္ေသာ မ်က္ႏွာျဖင့္ သတိ​ေပးသည္။

ရွဲ႕စန္း မ်က္ေတာင္ခတ္လိုက္သည္။ “ကြၽန္ေတာ္ အမွန္အတိုင္းေျပာေနတာ မန္ေနဂ်ာ စြင္း၊ မင္းေျပာတာကို ကြၽန္​ေတာ္ နားမလည္ဘူး။ ကြၽန္​ေတာ္ က အဲ့ေလာက္မစြမ္းပါဘူး!"

စြင္း​ေမာင္း က အသံထြက္႐ုံ ရယ္လိုက္သည္။ "ငါေျပာတာ မွားသြားတယ္။ အင္း၊ မင္းနဲ႕ မင္းရည္းစား က ခ်ိန္းေတြ႕​ေနၾကတာပဲ!”

ရွဲ႕စန္း မေက်မနပ္ျဖစ္စြာနဲ႕ သူ႕လက္ကို ေဝွ႕ယမ္းကာ မိုင္နဲကို ဇုန္4 မွ တတ္နိုင္သမွ် အျမန္ ဆြဲထုတ္လိုက္သည္။ စြင္း​ေမာင္း ​ေနာက္​ေျပာင္တာ ခံၿပီး မ​ေနခ်င္​ေတာ့​ေပ၊သူ႕ကို ဆက္လက္ ​ေနာက္​ေျပာင္ခြင့္ ​ေပးထားလိုက္သည္။

ငါးနာရီထိုးခါနီးမွာ သူ တိုက္ခန္းကိုျပန္ေရာက္ၿပီး သူနဲ႕ မိုင္နဲ ရဲ႕ လက္ပတ္ေတြက တစ္ၿပိဳင္နက္နီးပါး ျမည္လာသည္။

တစ္ခုက ခ်န္ပီယံဆုမွ ေငြသား 50,000 ကို လႊဲ​ေျပာင္း​ေပးျခင္း၏ သတိေပးခ်က္ ျဖစ္ၿပီး၊ တစ္ခုမွာ Bအဆင့္ ဆက္ႏြယ္သားရဲ ​ေနရာလြတ္ အ​ေၾကာင္း သတိေပးခ်က္ျဖစ္ကာ ​ေနာက္ဆုံး တစ္ခုမွာ ၿပိဳင္ပြဲစီစဥ္သူမွ ေပးပို႔ေသာ ၿပိဳင္ပြဲရလဒ္မ်ားျဖစ္သည္။ မက္ေဆ့ဂ်္တြင္ ထိပ္ဆုံး သုံးသင္း၏ စာရင္းသာ ပါဝင္ၿပီး လူတိုင္း၏ရလဒ္မ်ားႏွင့္ ပူးတြဲပါရွိသည္။

ရွဲ႕စန္း ဆိုဖာေပၚတြင္ ထိုင္ကာ မိုင္နဲ၏ မက္ေဆ့ခ်္ကို ၾကည့္ရန္ ေခါင္းကို ​ေစာင္းကာ​ ​ေမးလိုက္သည္။

"မင္းေရာ သုံးခု ​ေရာက္တာလား"

"ေငြလႊဲတာ၊ Aအဆင့္ ​ဆက္ႏြယ္သားရဲ ေနရာလြတ္ နဲ႕ ၿပိဳင္ပြဲရလဒ္" မိုင္နဲ ​ေျပာျပလိုက္သည္။

ရွဲ႕စန္း တိတ္တဆိတ္ သက္ျပင္းခ်လိဳက္သည္။ ဌာနမႉး မု က သူ႕ရဲ႕ ဆက္ႏြယ္သားရဲကို Bအဆင့္ မွာ ေရးေပးမယ္ဆိုတာ သူသိထားတယ္။ Aအဆင့္ နဲ႕ Bအဆင့္ ဆက္ႏြယ္​ေနရာလြတ္ ေဈးႏႈန္းကြာျခားခ်က္မွာ 200,000 ျဖစ္သည္။ သူက ​ေမးလိုက္သည္။

“မင္းရဲ႕ ဆက္ႏြယ္သားရဲ ​ေနရာလြတ္ ကို ဘယ္လို လုပ္မွာလဲ”

"ေရာင္းမွာ" မိုင္နဲ က ရွဲ႕စန္းကို ၾကည့္ၿပီး တုံ႕ဆိုင္းမေနဘဲ "သိမ္းထားလို႔လည္း အသုံးမဝင္ဘူး"

ရွဲ႕စန္း မသိစိတ္က အသံကို ​ေလွ်ာ့ကာ ​ေမးလိုက္သည္။ “မင္းရဲ႕ သားရဲပုံစံက ေျပာင္းသြားၿပီ။ ဆက္ႏြယ္သားရဲ ေျပာင္းသြားၿပီလို႔ ဆိုလိုတာလား။"

“အင္း” မိုင္နဲက ေခါင္းညိတ္လိုက္သည္။ “သားရဲပုံစံ​​ေတြအေၾကာင္း သင္ရိုး ၫြန္းတမ္းေတြမွာ ရွင္းျပထားတာ ေတြ႕ဖူးတယ္။ ဒါက ဒုတိယအႀကိမ္ နိုးထလာတာ။ ရွားရွားပါးပါး အျဖစ္အပ်က္ တစ္ခုပဲ”

ရွဲ႕စန္း ျမန္ျမန္ဆန္ဆန္ ​ေမးလိုက္သည္။

"မင္းရဲ႕ ခႏၶာကိုယ္ကို ထိခိုက္နိုင္လား"

မိုင္နဲက သူ႕ရဲ႕ စိုးရိမ္တႀကီး အၾကည့္ကို ျမင္​ေတာ့ ၿပဳံးလိုက္သည္။

 “ငါ့ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ က ပိုေကာင္းလာမွာ။ ဒုတိယ နိုးထမႈက ​ဘိုး​ေဘး​ေတြရဲ႕ ေသြးမ်ိးဆက္​ ႐ုတ္တရက္ ေပၚလာတာနဲ႕ ဆင္တယ္” သူ ခဏရပ္လိုက္သည္။

 “မိသားစုႀကီးေတြ အားလုံးရဲ႕ ဘိုးေဘးေတြ အားလုံးနီးပါးက Sအဆင့္ ဆက္ႏြယ္သားရဲသခင္ေတြ ျဖစ္ၾကေပမယ့္ ​ေလာ​ေလာဆယ္​ေတာ့ အေမြဆက္ခံတဲ့ လူ မရွိ​ေသးဘူး။ ​ေကာ့စ္မိသားစုမွာ လက္ရွိ အိမ္​ေတာ္ ​​ေခါင္း​ေဆာင္ တစ္​ေယာက္တည္းကပဲ  ျခေသၤ့ပ်ံ သားရဲသခင္ ေလ”

ရွဲ႕စန္း စိတ္ေလွ်ာ့လိုက္​ေပမယ့္ မ​ေျပာဘဲ မ​ေနနိုင္ခဲ့ဘူး။

"တကယ္လို႔ သူတို႔ သိသြားရင္ မင္းကို လိုက္ရွာၾကလိမ့္မယ္"

"ငါ သူတို႔ကို ​ေျပာမွာ မဟုတ္ဘူး!" မိုင္နဲ ​ေျပာလိုက္သည္။

ရွဲ႕စန္း က ခ်က္ခ်င္း ကတိေပးလိုက္သည္။ 

"ငါ ဘယ္သူ႕ကိုမွ မေျပာျပဘူး​ေနာ္!" 

သူက ​ေျပာၿပီး ဖိုရမ္ကို ဖြင့္လိုက္သည္။ “ဂ်ဴေလာ့စ္… ဒီလူက ေတာ္ေတာ္ဆိုးတယ္။ ငါ အခု postတင္ၿပီး သူ႕အက်င့္ဆိုးေတြ ကို တျခားသူေတြ သိ​ေအာင္ ေျပာျပပစ္မယ္။ အကူအညီ ျဖစ္မလားေတာ့ မသိေပမယ့္ ဘာမွမလုပ္ဘဲ​ ေနေနရရင္ ငါ မေပ်ာ္​ေတာ့ဘူး”

ဖိုရမ္ထဲသို႔ ဝင္လိုက္သည္ႏွင့္ ပို႔စ္အသစ္ မ​ေရးရ​ေသးမီ၊ အေပၚပိုင္း၌ အနီေရာင္ျဖင့္ လြင့္ေနေသာ ေခါင္းစဥ္တြင္ ဂ်ဴ​ေလာ့စ္၏ အမည္ကို သူေတြ႕လိုက္ရသည္။

[တုန္လႈပ္ ေခ်ာက္ခ်ားစရာပဲ၊ ၿပိဳင္ပြဲ က်င္းပတဲ့ အဖြဲ႕အစည္းက ​ေကာ့စ္မိသားစု ကို မ်က္ႏွာသာ မေပးဘူး။ ဂ်ဴ​ေလာ့စ္ ​ေကာ့စ္ကို ၿပိဳင္ပြဲ က အေၾကာင္းၾကားစာ ပို႔ခဲ့တယ္]

"အိုး၊ ၿပိဳင္ပြဲရဲ႕ ေဝဖန္မႈေတြနဲ႕ ပတ္သက္ၿပီး သူအေၾကာင္းၾကားစာ အပို႔ခံရတယ္" 

ရွဲ႕စန္း က သူ႕လက္ပတ္ရဲ႕ 3D မ်က္ႏွာျပင္ကို ၾကည့္​ေနတဲ့ မိုင္နဲ ျမင္​ေအာင္ အနားတိုး​ေပးလိုက္သည္။

ရွဲ႕စန္း ပို႔စ္ကို ႏွိပ္လိုက္သည္။ ထိပ္ပိုင္းတြင္ ၿပိဳင္ပြဲရလဒ္ အ​ေၾကာင္း သတိ​ေပးမႈ၏ screenshot ပုံပါရွိၿပီး

[ေအာက္ပါ ေက်ာင္းသားမ်ားသည္ ၿပိဳင္ပြဲ၏ စည္းကမ္းကို ခ်ိဳးေဖာက္တဲ့ အတြက္ ဤေနရာက​ေန အေၾကာင္း ၾကားလိုက္ပါသည္။ ၎တို႔သည္ ၿပိဳင္ပြဲတြင္ ပါဝင္ၿပီး အမွား က်ဴးလြန္ျခင္းေၾကာင့္ တစ္ႏွစ္ ပိတ္ပင္ျခင္းခံရသည္]

နာမည္ေလးခု ပါရွိၿပီး ပထမဆုံး တစ္​ေယာက္မွာ ဂ်ဴ​ေလာ့စ္ ​ေကာ့စ္ ျဖစ္သည္။

[​ေရွ႕ဆုံးတန္းက​ေန ဖရဲသီးစားတဲ့ တစ္​ေယာက္ပါ၊ ဒီအ​ေၾကာင္း အ​ေသးစိတ္ သိတဲ့လူ ရွိလား?]

[သတၱိ​ရွိတာပဲ၊ ငါသိသေလာက္ေတာ့ ဒီႏွစ္ စာ​ေမးပြဲခန္း​ေစာင့္တဲ့ လူ က ခ်ီ​ေရွာင္း တဲ့။ ဒီလို ေသးငယ္တဲ့ လုပ္ရပ္ကို သူတို႔ တကယ္ လုပ္ရဲၾကတယ္​ေပါ့!]

[… ခ်န္ပီယံစာရင္းႏွင့္ အပိတ္ခံရတဲ့ စာရင္းကို တြဲတင္ထားတယ္တဲ့။ ႐ုတ္​တရက္​ ရယ္​ခ်င္​လာသလိုပဲ။ စြန႔္ပစ္ခံထားရတဲ့ သားေလး ကို ဘယ္သူမွ မျမင္နိုင္ၾကဘူးလား…]

[မ်က္စိေရာဂါေဗဒ ေၾကာ္ျငာတစ္ခု အခုပဲ လုပ္လိုက္လို႔ရမလား?]

[ဒါဆိုရင္ ငါက ဦးႏွောက္အတြက္ ေၾကာ္ျငာ လုပ္လိုက္မယ္!]

[အေပၚထပ္က လူႏွစ္ေယာက္က ရက္စက္တဲ့ လူ​ေတြပဲ၊ အကၤ်ီလက္ျပတ္နဲ႕ ဖုံးထားၿပီး​ေတာ့!]

ရွဲ႕စန္း ႏႈတ္ခမ္း​ေထာင့္​ေလး ေကာ့တက္လာၿပီး ခ်က္ျခင္းဆိုသလိုပဲ အင္တာနက္သုံးစြဲသူေတြကို အရမ္းခ်စ္စရာေကာင္းတယ္ ဆိုတာကို ေတြ႕လိုက္ရသည္။ သူက မိုင္နဲကို ​ေမာ့ၾကည့္ကာ

"ငါ သူတို႔ကို အခု အ​ေျခအ​ေန​ေတြ​ အ​ေၾကာင္း ေျပာျပလိုက္ရင္​ မင္း စိတ္ထဲမထားဘူး မဟုတ္လား"

"​ ေသ​ခ်ာ​ေပါက္ မထားဘူး​ေပါ့ "

_______________________________________________________________

Pay Group ဝင္ခ်င္ရင္ ရပါ​ေသးတယ္​ေနာ္

Groupဝင္ခ်င္တယ္ဆိုရင္ message က​ေန ​ေမးလို႔ ရပါတယ္ရွင့္🤎🤎🤎 Gpမွာ ၆၀​ေရာက္ေနပါၿပီရွင့္

အားလုံးကို ​ေက်းဇူးတင္ပါတယ္ရွင့္ (⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠🤎

Continue Reading

You'll Also Like

79.7K 10.1K 150
Description နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိ...
566K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
6.4K 734 9
Title - 被迫嫁给敌对的王子( Forced to Marry the Enemy Prince ) Original Author - 乔柚/QiaoYou Type - Webnovel Total Chapters - 108 Chapters ☆I don't own this n...
90.3K 15.5K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ