<Unicode>
နတ်ဆိုးတွေ သမိုင်းမှာ လော့ယန်မင်ဟွေ့ဆိုတဲ့ နတ်ဆိုးများအရှင်၏ ဖြစ်တည်မှု့က သက်ရောက််မှု့အကြီးမားဆုံးပင်။
စွမ်းအားကြီးမားသည့်အပြင် ကောင်းကင်ဧကရာဇ် ထျန်းကျွင်းက စွမ်းအားကြီးသည့် ဝေ့ယျှံဆိုသော ရေခဲနဂါးကို ပိုင်ဆိုင်ထားသည်ဟုဆိုလျှင် နတ်ဆိုးများအရှင်ဖြစ်သည့် လော့ယန်မင်ဟွေ့ကတော့ ခြောက်ခြားဖွယ်အပြည့်ဖြင့် အရာအားလုံးကို အမှုန်အမွှားလေးအဖြစ်သို့ ပြောင်းလဲစေနိုင်သည့် လီဖုန်းဟုသော မိုးကြိုးနဂါးကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ထိုအချက်ကပင် နတ်ဆိုးများ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်ကာ နတ်ဘုရား မိခင်နှင့် နတ်ဆိုးဘုရင် ဖခင်တို့မှ မွေးဖွားသော်လား ကောင်းကင်ဘုံကို မနှစ်သက်ပဲ နတ်ဆိုးများဘက််ကိုသာ ရွေးချယ်သည်မို့ နတ်ဆိုးများက မော့ကျန်းအား အလွန်အားထားကြသည်။
ထို့ပြင် အချိန်တွေ မည်မျှပင် ကြာညောင်းပါစေ နတ်ဆိုးများအရှင်အကြောင်းကို ကြားလိုက်သည်နှင့် နတ်ဆိုးများက သွေးပွက်ပွက်ဆူကာ သစ္စာတရားအပြည့်တို့ဖြင့် နတ်ဆိုးများအရှင်၏ စွမ်းအားကြီးမားမှု့တွေကို အမှတ်ရနေစမြဲပင်။
နတ်ဆိုးများအရှင်က ချိတ်ပိတ်ခံထားရသော်လည်း သူတို့ကတော့ နတ်ဆိုးများအရှင်၏ ကြီးမြတ်မှု့တွေကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။
မော့ကျန်းက ဇာတ်လိုက််မကို လမ်းမှာ ထားပစ်ခဲ့ပြီးသည်နှင့် သိုဝှက်ထားသော မြေခွေးလေး၏ ပုံရိပ်ကို ထွက်ပေါ်စေသည်။
သူက မြေခွေးလေး၏ သေးငယ်သော ခန္ဓာကိုယ်လေးကို ထွေးပွေ့ထားရင် နတ်ဆိုးတိုင်းပြည်သို့ သွားလိုက်သည်။
နတ်ဆိုးတိုင်းပြည်၌ အုပ်ချုပ်သူမရှိပေ။
နတ်ဆိုးများအရှင် မရှိသော်ငြား တိုင်းပြည်ကို လုယူမည့်သူမရှိသလို မည်သူမှလည်း ထိုသို့ မပြုမူရဲပေ။
ယင်းအပြင် နတ်ဆိုးများက သူတို့၏ အရှင်သခင်ဖြစ်သော လော့ယန်မင်ဟွေ့ကို စောင့်ဆိုင်းနေကြသည်မို့ မော့ကျန်း နတ်ဆိုးတိုင်းပြည်မှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးတိုင်းပြည်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။
နတ်ဆိုးတိုင်းပြည်အနှံ စုဝေးနေသော နတ်ဆိုးများနှင့်အတူ ကျယ်လောင်စွာ ထွက်ပေါ်နေသော မီးပန်းများနှင့် ပွဲတော်နှယ့် ပျော်ရွင်နေကြသူတွေကို မော့ကျန်းကကြည့်နေသည်။
နတ်ဆိုးလို့သာဆိုပေမဲ့ အနည်းဆုံးတော့ ဒီနတ်ဆိုးတွေရဲ့ စိတ်ထားက ဟိုးကောင်းကင်ဘုံက အကြံကြီးတဲ့ ကြောင်သူတော် အဖိုးကြီးတွေစာရင် အများကြီး သာတယ်မဟုတ်ပါလား။
"အရှင် ဒီမြေခွေးလေးက"
နတ်ဆိုးပြည်ရဲ့ အကြီးအကဲက နတ်ဆိုးများအရှင် ပေါ်လာကတည်းက အရှင်၏ ရင်ခွင်ထဲက မြေခွေးလေးကို သတိထားမိသည်။
တစ်ချက်ကြည့်လိုက်ယုံနဲ့တင် နူးညံ့လိုက််မည့် အမွေးများနှင့် ရှားပါးသည့် အနီရောင် မြေခွေး အမြီးကိုးချောင်းက အဆင်တန်ဆာ အဖြစ်ဝတ်ဆင်လိုက်လျှင် တကယ် အဖိုးထိုက််မှာ အသေအချာပင်။
သို့သော် ထိုအကြီးအကဲဟာ အခြေအနေကိုသိသည်။
သူဟာ ဘယ်လောက်ပဲ မြေခွေးသားရေကို လိုချင်တပ်မက််နေပါစေ နတ်ဆိုးများအရှင်ကိုတော့ မဆန့်ကျင်ရဲပေ ဒါ့ကြောင့်သူက အခြေအနေအချိန်အခါကို စောင့်ဆိုင်းရန်သာ တွေးတောလိုက်သည်။
ခက်သည်က သူမည်မျှပင် အကြည့်လွှဲလိုက်စေကာမှု မော့ကျန်းကတော့ ထိုအကြည့်တွေ၏ လားရာကို တွေ့ရှိသွားခဲ့ပြီဖြစ်သည်။
"ရှောင်ပိုင်က ငါအရှင်ကို ချိတ်ပိတ်စည်းကနေ လွှတ်မြောက်လာစေတဲ့သူ"
မော့ကျန်းစကားအဆုံးမှာ အားလုံးက တိခနဲဖြင့် တိတ်သွားကြလေသည်။
ထိုအခိုက်အတန့်မှာပဲ တစ်စုံတစ်ခုက မှားယွင်းနေမှန်း နတ်ဆိုးများက သတိပြုမိလိုက်သည်။
သေချာပေါက် သုံးလောကတစ်ခွင်မှာ အရှင်လွှတ်မြောက်လာတာက ကောင်းကင်က နတ်မင်းတစ်ပါးကြောင့် ဟုပင်။
ထို့ပြင် ရှန်းတိမှာ ထိုနတ်မင်းကြောင့်ပဲ အိမ်ရှေ့စံ ချန်ကျွင်းဖြင့် အခြေအတင်ဖြစ်ခဲ့ကြသည်ဟု သိရသည်။
သို့သော် ယခု အရှင်ပြောပုံအရဆို အရှင့်ကို လွှတ်မြောက်စေသူက နတ်မင်းမဟုတ်ပဲ တန်ဖိုးကြီးရတနာလို အရှင်ထွေးပွေ့ထားသည့် မြေခွေးလေးပင်။
နတ်ဆိုးတွေက ဘာလုပ်ရမှန်းမသိသဖြင့် အကြံအိုက်နေကြစဥ် မော့ကျန်း၏ ရယ်သံကထွက်ပေါ်လာသည်။
ထို့နောက် အရှင်က နတ်ဆိုးအကြီးအကဲအချို့ကို အနားသို့ခေါ်ဆောင်ကာ တစ်စုံတစ်ရာကို ပြောဟန်တူလေသည်။
နတ်ဆိုးများအရှင် ပြောသည့်စကားကို နားထောင်ပြီးသည့်နောက််မှာတော့ နတ်ဆိုးအကြီးအကဲများက ဆိုင်ရာဆိုင်ရာ နတ်ဆိုးများအား တစ်စုံတစ်ခုကို ခိုင်းစေလေတော့သည်။
မော့ကျန်းဟာ ပုလ္လင်ထက််မှာ ထိုင်နေရင်း ထိုအခြေအနေတွေကို ကြည့်ကာ ခဏအကြာမှာတော့ နတ်ဆိုးများအရှင် နေထိုင်သည့် နန်းဆောင်သို့ ပြန်သွားခဲ့သည်။
သူက အိပ်ဆောင်ထဲရှိ သလွန်တော်ပေါ်မှာ လဲလျောင်းနေရင်း မြေခွေးလေးကို နူးညံ့စွာစောင့်ရှောက်ပေးလေသည်။
ထို့နောက််မှာတော့ နက််မှောင်သော မျက်ဝန်းများက ခရမ်းပြာရောင် တောက်ပလာကာ အေးစက်သည့် အသံက နန်းဆောင်ထဲ၌ ထွက်ပေါ်လာလေသည်။
"လီဖုန်း"
မော့ကျန်း၏ ခေါ်သံအဆုံးမှာ တောက်ပသည့် အလင်းရောင်အချို့ ပေါ်ထွက်လာပြီး မိုးကြိုးနဂါးမှ လူအသွင်ပြောင်းထားသော လူတစ်ယောက်ပေါ်ထွက်လာခဲ့သည်။
"အရှင် ပြန်လာပြီ"
တက်ကြွသည့် အသံဖြင့် ထိုလူက မော့ကျန်းအနားကို ရောက််မလာခင်မှာပင် မော့ကျန်း ရင်ခွင်ထဲက မြေခွေးလေးကို တွေ့ရှိသွားခဲ့သည်။
"အရှင် အဲတာက.."
"စစ်မုံရဲ့ ဝိညာဉ်သွေးကြောကို ဆွဲထုတ်လာခဲ့"
မော့ကျန်း၏ စကားဆုံးသည်နှင့် ထိုလူဟာ မြေခွေးလေးကို မေ့ကာ ပျော်ပျော်ကြီးထွက်သွားလေတော့သည်။
ကျင့်ကြံခြင်းလောက၌ ကျင့်ကြံသူတွေအတွက် ဒန်တျန်းဟာ အရေးပါသလိုပဲ နတ်မင်းနှင့် နတ်ဆိုးများအတွက် ဝိညာဉ်သွေးကြောဟာ အလားတူပင်။
ဝိညာဉ်သွေးကြော ဆွဲထုတ်ခံရပြီဆိုလျှင် ထိုလူဟာ အစွမ်းကျင့်ကြံဖို့မဖြစ်နိုင်တော့သလို တိုက်ခိုက်ရန်လည်း မဖြစ်နိုင်တော့ချေ။
ဒန်တျန်းပျက်ဆီးလျှင် အစွမ်းထက်ဆေးလုံးများဖြင့် ပြန်လည်ကုသလို့ရသော်ငြား ဝိညာဉ်သွေးကြော ဆွဲထုတ်ခံလိုက်ရလျှင် ထိုလူဟာ သေမျိုးလောကမှ လူသားများထက်ပင် ချိနဲ့သွားပေလိမ့်မည်။
အသက််မသေသော်ငြား အသက်သေပါရစေဟု တောင်းဆိုခြင်းထက် ဆိုးရွားလေေတာ့သည်။
ထိုအချိန်မှာပဲ မော့ကျန်း၏ နန်းဆောင်ထဲ၌ လူတစ်ယောက်ပေါ်လာလေသည်။
သေချာကြည့်ပါက ထိုလူ၏ လက်ထဲ၌ သွေးတဆတ်ဆတ်ကျနေသော လင်းလက်သည့် ဝိညာဉ်သွေးကြော တစ်ခုတည်ရှိလေသည်။
မော့ကျန်းဟာ သူချစ်သူအပေါ်ထိပါးလာခဲ့လျှင် ထိုထက် အဆပေါင်းများစွာ ပြန်လည်ပေးဆပ်စေသည်။
ယုတ်မာတယ်ဟုပင်ပြောပါစေ ၊ မမျှတဘူးဟုပင် ထင်မှတ်ပါစေ သူက ဂရုမစိုက်ပေ။
ဘာကြောင့်လည်းဆိုတော့ ကြီးမာလှသော လောကကြီးထဲ၌ ကိုယ်ကိုယ်တိုင်က သန်မာနေမှ ကိုယ်ချစ်ရတဲ့သူကို ကယ်တင်နိုင်မည်မဟုတ်ပါလား။
ဒီအတွက်ကြောင့် သူ၏ချစ်သူ ဖူလီအတွက်သာဆိုလျှင် မော့ကျန်းက အဆိုးရွားဆုံးအရာများဆိုလျှင်တော့ ပြုလုပ်နိုင်လေသည်။
-----------------------
"အီ!"
နိုးလာကတည်းက တအီအီဖြင့် အသံပြုနေသော မြေခွေးလေးကို မော့ကျန်းက ပြုံးရင်း ငုံ့ကြည့်သည်။
"အရူးလေး"
လန်ပိုင်ဟွားက မျက်စိရှေက မြင်နေရသည့် အရာများကိုကြည့်ရင်း အံြသမင်သက်သွားရသည်။
သူအရှေ့မှ မြင်ကွင်းများက သေချာပေါက် သွေးလမင်းဗိမာန်မဟုတ်ပေ။
ခမ်းနားသော အဆောင်အယောင်များနှင့်အတူ ပျားပန်းခပ်နေသော နတ်ဆိုးများကိုကြည့်ရင်း သူတို့ သွေးလမင်းဗိမာန်မှ လွှတ်မြောက်လာမှန်းသိရှိသွားခဲ့ရတော့သည်။
ဒါပေမဲ့ ဘယ်လိုလုပ်။ဘယ်လိုလုပ် လွှတ်မြောက်သွားရတာလည်း။
မြေခွေးလေး၏ စူးစမ်းသောမျက်ဝန်းများကြားထဲမှာ မော့ကျန်း အကြောင်းအရာကို သေချာသိသည်နှယ့်.....
"နတ်မင်းတစ်ပါးက ချိတ်ပိတ်စည်းထဲဝင်လာတယ်လေ ကိုယ်က သူထွက်သွားမဲ့အချိန်မှာ လိုက်ထွက််လာခဲ့တာ"
နားထောင်ကြည့်လျှင် အဓိပ္ပာယ်မရှိသည့်အပြင် ရိုးရှင်းသလိုနှင့် သာမန်ဆန်လှသော စကားတစ်ချို့ဆိုပေမဲ့ မြေခွေးလေးကတော့ နားမလည်၍ ယောင်နနဖြစ်နေလေသည်။
သို့သော် သူဟာ ထိုအကြောင်းများကို သေချာမသိသူမို့ အတွေးထဲ၌ မရှိတော့ချေ။
အခုချိန် သူသိတာက သွေးလမင်းဗိမာန်ကလည်း လွတ်မြောက်ပြီဆိုတော့ သူ အိမ်ပြန်သွားရတော့မည်။
ဒါပေမဲ့ သူ လူအသွင် ပြန်မပြောင်းနိုင်သေးဘူးလေ။
မြေခွေးအသွင်နှင့် ရှန်းတိကို ပြန်ဖို့က ခက်ခဲလှသည်။
ထို့ပြင် အမေက ပြောခဲ့ဖူးသည် သူတို့မျိုးနွယ်က မြေခွေးအသွင်နဲ့ဆို မကောင်းစိတ်ရှိသောသူများထံ ဖမ်းဆီးခံရလိမ့်မည်။
ထိုလူများက သူ့အားဖမ်းဆီးကာ အသားကိုစားပြီး သားရေကို အတင်းအဓမ္မ ယူဆောင်သွားကြပေလိမ့်မည်။
ယင်းအပြင် အခက််မသင့်ပါလျှင် သေမျိုးလောကမှ လူသားများနှင့်ပါ တွေ့ရှိသွားနိုင်သည်။
မော့ကျန်းက မြေခွေးလေး၏ အတွေးများကာ ငြိမ်သက်နေဟန်ကို သတိထားမိသောအခါ.....
"အမြီးကိုးချောင်း မြေခွေးတွေက လူအသွင်ပြောင်းလို့ရတယ်လို့ ကိုယ်သိထားတယ် အဲတာအမှန်ပဲလား ရှောင်ပိုင်"
မော့ကျန်း၏ စကားအဆုံးမှာ လက်ခနဲ တောက််ပသွားသော မျက်ဝန်းလေးနှင့်အတူ ခေါင်းတဆတ်ဆတ်ညိတ်ကာ မော့ကျန်းလက်ချောင်းကို ကိုက်ခဲလေသည်။
ခန္ဓာကိုယ်ကို လူးလိမ့်ရင်း ချစ်စဖွယ် လုပ်နေသော ကောင်လေးကို မော့ကျန်းက ထိတွေ့ရင်း.....
"မင်း အိပ်နေတုန်းက ကိုယ်စစ်ဆေးကြည့်တာ မင်း ခန္ဓာကိုယ်မှာ စွမ်းအားတွေမတည်ငြိမ်သေးဘူး "
လန်ပိုင်ဟွားက သူအခြေအနေကို တိကျစွာပြောနိုင်သော နတ်ဆိုးများအရှင်ကို အံြသ မင်သက်စွာ ငေးကြည့်လိုက်သည်။
ထိုအတူ သူ၏အကြည့်များထဲ၌လည်း အားကျလေးစားမှု့တွေနှင့်အတူပေ။
နတ်ဆိုးများအရှင်က အရမ်းတော်တာပဲ သူ့ကို စစ်ဆေးကြည့်လိုက်ယုံနဲ့ သူဘာဖြစ်လည်းဆိုတာကိုပါ သိနေပြီ။
"ကိုယ် မင်းစွမ်းအားတွေကို တည်ငြိမ်အောင်လုပ်ပေးမယ် အဲတာဆို မင်းေလး လူအသွင်ပြောင်းလို့ရပြီ"
"အီ....အီ!!"
အမြီးလေးတွေ လွင့်မြောနေအောင် လှုပ်ခါရင်း သူ၏မေးဖျားအား ထိကပ်လာသော လျှာဖျားနုနုလေးကြောင့် မော့ကျန်းက ကျယ်လောင်စွာရယ်မောလေသည်။
လန်ပိုင်ဟွားက နတ်ဆိုးများအရှင်၏ စပားကြောင့် တကယ်ပင် ဝမ်းသာကာ ပျော်ရွင်သွားရသည်။
ယခုလောလောဆယ် အခြေအနေအရ သူက အသွင်ပြောင်းနိုင်ဖို့ ခက်ခဲသေးသည်။
ဒါပေမဲ့ နတ်ဆိုးများအရှင်သာ ကူညီမည်ဆိုလျှင် ပြဿနာမဟုတ်တော့ပေ။
မော့ကျန်းက တက်ကြွနေသော မြေခွေးလေးကို ငေးကြည့်ရင်း....
"ဒါပေမဲ့ တစ်ခုတော့ရှိတယ် "
သူက သူ့စကားအဆုံးမှာ လှုပ်ရှားမှု့ရပ်တန်သွားသော မြေခွေးလေးကို စေ့စေ့ကြည့်ရင်း....
"လူအသွင်ပြောင်းသွားရင်တောင် မင်းကိုယ့်အနားက ထွက််မသွားရဘူး"
"ကျိ!!....ကျိ!!"
ရုတ်ခြည်း မကျေနပ်သည့်ဟန်ဖြင့် သူ၏ရင်ခွင်ထဲမှထွက်ကာ သလွန်တော်ထက်ရှိ ခြုံစောင်များကို ကုတ်ခြစ်နေသော မြေခွေးလေးကို မော့ကျန်းက ငြိမ်သက်စွာ ငေးကြည့်လေသည်။
အချိန်အတော်ကြာသည်အထိ ကုတ်ခြစ်ပြီး၍ ခြုံစောင်တစ်ခြမ်းလုံး မြေခွေးလက်သည်းတွေကြောင့် ပျက်စီးသွားသည့်အခါမှ မော့ကျန်းက မြေခွေးလေးကို မချီရင်း........
"စိတ်ပြေသွားပြီလား"
"ဟူး!"
မြေခွေးလေးက နှာမှုတ်၍ သူ့အား နောက်ကျောပေးကာ လစ်လျှူရှုလျှင် မော့ကျန်းက ဝမ်းနည်းသည့်အသံဖြင့်.....
"ဒီတစ်လျောက်လုံး ကိုယ့်အနားမှာ မင်း တစ်ယောက်ပဲရှိတာ ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်ဘူး"
မြေခွေးလေး၏ နားရွက်လေးက စွန့်ကားလာကာ သူ့အပြောကို နားစွင့်နေသည်ကို သတိထားမိသည်နှင့်.....
"ကဲ့ပါ လောလောဆည် ကိုယ် မင်း စွမ်းအားတွေ တည်ငြိမ်အောင်လုပ်ပေးမယ်"
မော့ကျန်း၏ စကားဆုံးသည်နှင့် မြေခွေးလေးက အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေလေသည်။
မြေခွေးလေး အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် မော့ကျန်းက သူ၏ စွမ်းအားတစ်ချို့ကို နန်းဆောင်ထဲ၌ အတားအဆီးပြုလုပ်ကာ မြေခွေးလေးထံ စတင်လွှဲပြောင်းပေးလေသည်။
စွမ်းအားတည်ငြိမ်အောင် ပြုလုပ်ရသည်ဆိုသည်ကား ယင်နှင်ယန်ညီမျှအောင် ထိန်းသိမ်းရခြင်းပင်။
လန်ပိုင်ဟွားဟာ သူ၏ခန္ဓာကိုယ်၌ ပြင်းထန်စွာ လှည့်ပတ်နေသော စွမ်းအင်များကြောင့် အလွန်နာကျင်ကာ ချွေးစေးတွေထွက်ပေါ်လာလေတော့သည်။
နတ်ဆိုးများအရှင် တစ်ပါးဖြစ်တဲ့ မော့ကျန်းအတွက်က စွမ်းအားတည်ငြိမ်အောင် ဆောင်ရွက်ပေးရသည်က အချိန်ခဏတာသာလိုအပ်လေသည်။
သို့သော် မြေခွေးလေးအတွက််မူကား ထိုအချိန်ခဏသည် တောင့်ခံနိုင်ရန် အလွန်ခက်ခဲလွန်းလှသည်မို့ မော့ကျန်း၏စွမ်းအားများ သန့်စင်ပေးပြီးနောက််မှာတော့ မေ့မြောနေသော မြေခွေးလေးကိုသာ တွေ့လိုက်ရတော့သည်။
နတ်ဆိုးပြည်၏ ထွန်းလင်းသော ညအခါ၌ သေးငယ်သော မြေခွေးလေးအဖြစ်မှ ချောမောသော လူငယ်လေးအသွင်သို့ ပြောင်းလဲသွားသည့် မြေခွေးလေးက နာကျင်စွာ မြည်တမ်းနေလေသည်။
လူအသွင်အပြည့်အစုံ ပြောင်းလဲသွားပြီဖြစ်တာမို့ အရိုးအဆစ်များ၏ ပြောင်းလဲမှု့ကို ခန္ဓာကိုယ်ကလက်ခံရန်အတွက် ခက်ခဲလွန်းသည်မို့ မြေခွေးလေးက နာကျင်နေခြင်းပင်။
မော့ကျန်းက လုံးလုံး လုံးလုံးဖြင့် သူ၏ရင်ခွင်ထဲ အတင်းတိုးဝင်နေသော ကောင်လေးကို အသာဖက်ကာ လက်ထောက်လျက် ငေးကြည့်နေလေသည်။
နားထင်စပ်မှ တစ်ဆင့် ကျဆင်းနေသော ချွေးအနည်းငယ်ကို ဖယ်ရှားပေးရင်း ကလေးသဖွယ် တိုးညှင်းလှသည့် အသံလေးက တိတ်ဆိတ်နေသော နန်းဆောင်ထဲ၌ တိကျပြတ်သားစွာ ကြားနေရလေသည်။
တောက်ပသည့် အနီရောင် ဆံသားနုနုထက််မှ နူးညံ့ချောမွတ်ကာ သေးသွယ်သော ခန္ဓာကိုယ်လေးအထိ တစ်ကိုယ်လုံး သူ၏ရင်ခွင်ထဲတိုးဝင်နေရင်း၌ကို ကောင်လေးက မျက်ရည်များစီးကျနေလေသည်။
မျက်လုံးမဖွင့်ပါပဲ တအီအီအသံပြုကာ သူ၏ရင်ဘတ်အား မျက်နှာဖြင့် ပွတ်သပ်နေသော ကောင်လေးဟာ အသည်းယားစရာဖြစ်သော်လည်း နာကျင်မှု့ကြောင့် မျက််မှောင်ကြုတ်ကာ ငိုကြွေးနေသည်မို့ မော့ကျန်းဟာ ကောင်လေး၏ ပါးပြင်အား အနမ်းပေးလိုက်ရင်း........
"ရှောင်ပိုင်...."
နာကျင်မှု့က သည်းမခံနိုင်လောက်ပေမဲ့ နားထဲမှ ရှောင်ပိုင်ဟုခေါ်သံကို လန်ပိုင်ဟွားက ကြားနေရသည်။
ဒီလောကမှာ သူ့အား ရှောင်ပိုင်ဟု ခေါ်မည့်လူကား နတ်ဆိုးများအရှင်တစ်ယောက်သာရှိသည်။
နတ်ဆိုးများအရှင်က လန်ပိုင်ဟွား၏ စိတ်တွင်းသို့ ဘယ်အချိန်ကတည်းကပင် ဝင်ရောက်နေခဲ့မှန်းမသိပေမဲ့ အခုလို အလွန်နာကျင်နေသည့်အခါ နတ်ဆိုးများအရှင်၏ အသံကိုကြားလိုက်တာကြောင့် လန်ပိုင်ဟွားက အားကိုးရာတွေ့သွားသည့် သူတစ်ယောက်နှယ့်.......
" အင့်! နတ်ဆိုးများအရှင် "
"အင်း ကိုယ်အနားမှာရှိတယ်"
"အီးးဟီးးး အရမ်းနာတယ် "
နဖူးထက် သက်ဆင်းလာသော နူးညံ့သည့် အထိအတွေ့နှင့်အတူ အေးမြသော နတ်ဆိုးများအရှင်၏ ခန္ဓာကိုယ်အပူချိန်ကြောင့် လန်ပိုင်ဟွားက ယခင်ကထက် ပို၍တိုးကပ်လိုက်ရင်း သူ၏ အသားဖြင့် ထိကပ်နေသော ပူလောင်သည့် အဝတ်အထည်တစ်ချို့ကို တွန်းထုတ်လေသည်။
မြေခွေးလေးဟာ မော့ကျန်း၏ ရင်ခွင်မှာ မျက်နှာအပ်နေတာဖြစ်သည်။
မော့ကျန်းဟာ သူ၏အတွင်းဝတ်အား တွန်းဖယ်လျားရင်း ရင်ဘတ်အား မျက်နှာဖြင့် ပွတ်သပ်နေသည့် ကောင်လေးကြောင့် သက်ပြင်းချမိသည်။
မြေခွေးလေးက မျက်နှာရှုံမဲ့မဲ့ဖြင့် သူ၏အဝတ်များကို တွန်းဖယ်နေဟန်က သူ့ကို အကဲစမ်းနေသလိုပင်။
ဒါ့ကြောင့် သူက ခါးစည်းအား လျော့ရဲအောင် ပြုလုပ်ရင်း သူ၏ခန္ဓာကိုယ်အား အပေါ်ပိုင်း ဗလာကျင်းစေသည်။
နတ်ဆိုးများ၏ ခန္ဓာကိုယ်ဟာ နတ်ဆိုးသွေးကို ထိန်းသိမ်ထားရသည်မို့ အေးစက််သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
လန်ပိုင်ဟွားဟာ အေးမြသော ရေအတွင်းသို့ သက်ဆင်းလိုက်ရသလို ခံစားလိုက်တာကြောင့် ပြုံးလိုက်ရင်း...
"အင်း အေးအေးလေး"
အဝတ်ဗလာနှင့် ကောင်လေးက သူ၏ခန္ဓာကိုယ်ကို ဖက်တွယ်ထားပြီး ထိုကောင်လေးဟာလည်း သူ၏ချစ်သူဖြစ်နေလေသည်။
ဒုက္ခကို ခေါ်မွေးမြူလိုက်ရသလိုမျိုး ၊ အန္တာရယ်ကို လက်ယပ်ခေါ်နေသော ကောင်လေးကြောင့် သွေးမတက်လာခင် မော့ကျန်းက မေ့မေ့ပျောက်ပျောက်သာ နေလိုက်ရတော့သည်။
----------------------------
(20.10.2022)
Love you all
Shwe ye
<Zawgyi>
နတ္ဆိုးေတြ သမိုင္းမွာ ေလာ့ယန္မင္ေဟြ႕ဆိုတဲ့ နတ္ဆိုးမ်ားအရွင္၏ ျဖစ္တည္မႈ့က သက္ေရာက္္မႈ့အႀကီးမားဆုံးပင္။
စြမ္းအားႀကီးမားသည့္အျပင္ ေကာင္းကင္ဧကရာဇ္ ထ်န္းကြၽင္းက စြမ္းအားႀကီးသည့္ ေဝ့ယွ်ံဆိုေသာ ေရခဲနဂါးကို ပိုင္ဆိုင္ထားသည္ဟုဆိုလွ်င္ နတ္ဆိုးမ်ားအရွင္ျဖစ္သည့္ ေလာ့ယန္မင္ေဟြ႕ကေတာ့ ေျခာက္ျခားဖြယ္အျပည့္ျဖင့္ အရာအားလုံးကို အမႈန္အမႊားေလးအျဖစ္သို႔ ေျပာင္းလဲေစႏိုင္သည့္ လီဖုန္းဟုေသာ မိုးႀကိဳးနဂါးကို ပိုင္ဆိုင္ထားသူျဖစ္သည္။
ထိုအခ်က္ကပင္ နတ္ဆိုးမ်ား၏ ဂုဏ္ယူဝင့္ႂကြားဖြယ္ျဖစ္ကာ နတ္ဘုရား မိခင္ႏွင့္ နတ္ဆိုးဘုရင္ ဖခင္တို႔မွ ေမြးဖြားေသာ္လား ေကာင္းကင္ဘုံကို မႏွစ္သက္ပဲ နတ္ဆိုးမ်ားဘက္္ကိုသာ ေရြးခ်ယ္သည္မို႔ နတ္ဆိုးမ်ားက ေမာ့က်န္းအား အလြန္အားထားၾကသည္။
ထို႔ျပင္ အခ်ိန္ေတြ မည္မွ်ပင္ ၾကာေညာင္းပါေစ နတ္ဆိုးမ်ားအရွင္အေၾကာင္းကို ၾကားလိုက္သည္ႏွင့္ နတ္ဆိုးမ်ားက ေသြးပြက္ပြက္ဆူကာ သစၥာတရားအျပည့္တို႔ျဖင့္ နတ္ဆိုးမ်ားအရွင္၏ စြမ္းအားႀကီးမားမႈ့ေတြကို အမွတ္ရေနစၿမဲပင္။
နတ္ဆိုးမ်ားအရွင္က ခ်ိတ္ပိတ္ခံထားရေသာ္လည္း သူတို႔ကေတာ့ နတ္ဆိုးမ်ားအရွင္၏ ႀကီးျမတ္မႈ့ေတြကို ဘယ္ေတာ့မွ ေမ့မည္မဟုတ္ေပ။
ေမာ့က်န္းက ဇာတ္လိုက္္မကို လမ္းမွာ ထားပစ္ခဲ့ၿပီးသည္ႏွင့္ သိုဝွက္ထားေသာ ေျမေခြးေလး၏ ပုံရိပ္ကို ထြက္ေပၚေစသည္။
သူက ေျမေခြးေလး၏ ေသးငယ္ေသာ ခႏၶာကိုယ္ေလးကို ေထြးေပြ႕ထားရင္ နတ္ဆိုးတိုင္းျပည္သို႔ သြားလိုက္သည္။
နတ္ဆိုးတိုင္းျပည္၌ အုပ္ခ်ဳပ္သူမရွိေပ။
နတ္ဆိုးမ်ားအရွင္ မရွိေသာ္ျငား တိုင္းျပည္ကို လုယူမည့္သူမရွိသလို မည္သူမွလည္း ထိုသို႔ မျပဳမူရဲေပ။
ယင္းအျပင္ နတ္ဆိုးမ်ားက သူတို႔၏ အရွင္သခင္ျဖစ္ေသာ ေလာ့ယန္မင္ေဟြ႕ကို ေစာင့္ဆိုင္းေနၾကသည္မို႔ ေမာ့က်န္း နတ္ဆိုးတိုင္းျပည္မွာ ေပၚလာသည္ႏွင့္ တစ္ၿပိဳင္နက္ နတ္ဆိုးတိုင္းျပည္တစ္ခုလုံး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေလေတာ့သည္။
နတ္ဆိုးတိုင္းျပည္အႏွံ စုေဝးေနေသာ နတ္ဆိုးမ်ားႏွင့္အတူ က်ယ္ေလာင္စြာ ထြက္ေပၚေနေသာ မီးပန္းမ်ားႏွင့္ ပြဲေတာ္ႏွယ့္ ေပ်ာ္ရြင္ေနၾကသူေတြကို ေမာ့က်န္းကၾကည့္ေနသည္။
နတ္ဆိုးလို႔သာဆိုေပမဲ့ အနည္းဆုံးေတာ့ ဒီနတ္ဆိုးေတြရဲ႕ စိတ္ထားက ဟိုးေကာင္းကင္ဘုံက အႀကံႀကီးတဲ့ ေၾကာင္သူေတာ္ အဖိုးႀကီးေတြစာရင္ အမ်ားႀကီး သာတယ္မဟုတ္ပါလား။
"အရွင္ ဒီေျမေခြးေလးက"
နတ္ဆိုးျပည္ရဲ႕ အႀကီးအကဲက နတ္ဆိုးမ်ားအရွင္ ေပၚလာကတည္းက အရွင္၏ ရင္ခြင္ထဲက ေျမေခြးေလးကို သတိထားမိသည္။
တစ္ခ်က္ၾကည့္လိုက္ယုံနဲ႔တင္ ႏူးညံ့လိုက္္မည့္ အေမြးမ်ားႏွင့္ ရွားပါးသည့္ အနီေရာင္ ေျမေခြး အၿမီးကိုးေခ်ာင္းက အဆင္တန္ဆာ အျဖစ္ဝတ္ဆင္လိုက္လွ်င္ တကယ္ အဖိုးထိုက္္မွာ အေသအခ်ာပင္။
သို႔ေသာ္ ထိုအႀကီးအကဲဟာ အေျခအေနကိုသိသည္။
သူဟာ ဘယ္ေလာက္ပဲ ေျမေခြးသားေရကို လိုခ်င္တပ္မက္္ေနပါေစ နတ္ဆိုးမ်ားအရွင္ကိုေတာ့ မဆန္႔က်င္ရဲေပ ဒါ႔ေၾကာင့္သူက အေျခအေနအခ်ိန္အခါကို ေစာင့္ဆိုင္းရန္သာ ေတြးေတာလိုက္သည္။
ခက္သည္က သူမည္မွ်ပင္ အၾကည့္လႊဲလိုက္ေစကာမႈ ေမာ့က်န္းကေတာ့ ထိုအၾကည့္ေတြ၏ လားရာကို ေတြ႕ရွိသြားခဲ့ၿပီျဖစ္သည္။
"ေရွာင္ပိုင္က ငါအရွင္ကို ခ်ိတ္ပိတ္စည္းကေန လႊတ္ေျမာက္လာေစတဲ့သူ"
ေမာ့က်န္းစကားအဆုံးမွာ အားလုံးက တိခနဲျဖင့္ တိတ္သြားၾကေလသည္။
ထိုအခိုက္အတန္႔မွာပဲ တစ္စုံတစ္ခုက မွားယြင္းေနမွန္း နတ္ဆိုးမ်ားက သတိျပဳမိလိုက္သည္။
ေသခ်ာေပါက္ သုံးေလာကတစ္ခြင္မွာ အရွင္လႊတ္ေျမာက္လာတာက ေကာင္းကင္က နတ္မင္းတစ္ပါးေၾကာင့္ ဟုပင္။
ထို႔ျပင္ ရွန္းတိမွာ ထိုနတ္မင္းေၾကာင့္ပဲ အိမ္ေရွ႕စံ ခ်န္ကြၽင္းျဖင့္ အေျခအတင္ျဖစ္ခဲ့ၾကသည္ဟု သိရသည္။
သို႔ေသာ္ ယခု အရွင္ေျပာပုံအရဆို အရွင့္ကို လႊတ္ေျမာက္ေစသူက နတ္မင္းမဟုတ္ပဲ တန္ဖိုးႀကီးရတနာလို အရွင္ေထြးေပြ႕ထားသည့္ ေျမေခြးေလးပင္။
နတ္ဆိုးေတြက ဘာလုပ္ရမွန္းမသိသျဖင့္ အႀကံအိုက္ေနၾကစဥ္ ေမာ့က်န္း၏ ရယ္သံကထြက္ေပၚလာသည္။
ထို႔ေနာက္ အရွင္က နတ္ဆိုးအႀကီးအကဲအခ်ိဳ႕ကို အနားသို႔ေခၚေဆာင္ကာ တစ္စုံတစ္ရာကို ေျပာဟန္တူေလသည္။
နတ္ဆိုးမ်ားအရွင္ ေျပာသည့္စကားကို နားေထာင္ၿပီးသည့္ေနာက္္မွာေတာ့ နတ္ဆိုးအႀကီးအကဲမ်ားက ဆိုင္ရာဆိုင္ရာ နတ္ဆိုးမ်ားအား တစ္စုံတစ္ခုကို ခိုင္းေစေလေတာ့သည္။
ေမာ့က်န္းဟာ ပုလႅင္ထက္္မွာ ထိုင္ေနရင္း ထိုအေျခအေနေတြကို ၾကည့္ကာ ခဏအၾကာမွာေတာ့ နတ္ဆိုးမ်ားအရွင္ ေနထိုင္သည့္ နန္းေဆာင္သို႔ ျပန္သြားခဲ့သည္။
သူက အိပ္ေဆာင္ထဲရွိ သလြန္ေတာ္ေပၚမွာ လဲေလ်ာင္းေနရင္း ေျမေခြးေလးကို ႏူးညံ့စြာေစာင့္ေရွာက္ေပးေလသည္။
ထို႔ေနာက္္မွာေတာ့ နက္္ေမွာင္ေသာ မ်က္ဝန္းမ်ားက ခရမ္းျပာေရာင္ ေတာက္ပလာကာ ေအးစက္သည့္ အသံက နန္းေဆာင္ထဲ၌ ထြက္ေပၚလာေလသည္။
"လီဖုန္း"
ေမာ့က်န္း၏ ေခၚသံအဆုံးမွာ ေတာက္ပသည့္ အလင္းေရာင္အခ်ိဳ႕ ေပၚထြက္လာၿပီး မိုးႀကိဳးနဂါးမွ လူအသြင္ေျပာင္းထားေသာ လူတစ္ေယာက္ေပၚထြက္လာခဲ့သည္။
"အရွင္ ျပန္လာၿပီ"
တက္ႂကြသည့္ အသံျဖင့္ ထိုလူက ေမာ့က်န္းအနားကို ေရာက္္မလာခင္မွာပင္ ေမာ့က်န္း ရင္ခြင္ထဲက ေျမေခြးေလးကို ေတြ႕ရွိသြားခဲ့သည္။
"အရွင္ အဲတာက.."
"စစ္မုံရဲ႕ ဝိညာဉ္ေသြးေၾကာကို ဆြဲထုတ္လာခဲ့"
ေမာ့က်န္း၏ စကားဆုံးသည္ႏွင့္ ထိုလူဟာ ေျမေခြးေလးကို ေမ့ကာ ေပ်ာ္ေပ်ာ္ႀကီးထြက္သြားေလေတာ့သည္။
က်င့္ႀကံျခင္းေလာက၌ က်င့္ႀကံသူေတြအတြက္ ဒန္တ်န္းဟာ အေရးပါသလိုပဲ နတ္မင္းႏွင့္ နတ္ဆိုးမ်ားအတြက္ ဝိညာဉ္ေသြးေၾကာဟာ အလားတူပင္။
ဝိညာဉ္ေသြးေၾကာ ဆြဲထုတ္ခံရၿပီဆိုလွ်င္ ထိုလူဟာ အစြမ္းက်င့္ႀကံဖို႔မျဖစ္ႏိုင္ေတာ့သလို တိုက္ခိုက္ရန္လည္း မျဖစ္ႏိုင္ေတာ့ေခ်။
ဒန္တ်န္းပ်က္ဆီးလွ်င္ အစြမ္းထက္ေဆးလုံးမ်ားျဖင့္ ျပန္လည္ကုသလို႔ရေသာ္ျငား ဝိညာဉ္ေသြးေၾကာ ဆြဲထုတ္ခံလိုက္ရလွ်င္ ထိုလူဟာ ေသမ်ိဳးေလာကမွ လူသားမ်ားထက္ပင္ ခ်ိနဲ႔သြားေပလိမ့္မည္။
အသက္္မေသေသာ္ျငား အသက္ေသပါရေစဟု ေတာင္းဆိုျခင္းထက္ ဆိုးရြားေေလတာ့သည္။
ထိုအခ်ိန္မွာပဲ ေမာ့က်န္း၏ နန္းေဆာင္ထဲ၌ လူတစ္ေယာက္ေပၚလာေလသည္။
ေသခ်ာၾကည့္ပါက ထိုလူ၏ လက္ထဲ၌ ေသြးတဆတ္ဆတ္က်ေနေသာ လင္းလက္သည့္ ဝိညာဉ္ေသြးေၾကာ တစ္ခုတည္ရွိေလသည္။
ေမာ့က်န္းဟာ သူခ်စ္သူအေပၚထိပါးလာခဲ့လွ်င္ ထိုထက္ အဆေပါင္းမ်ားစြာ ျပန္လည္ေပးဆပ္ေစသည္။
ယုတ္မာတယ္ဟုပင္ေျပာပါေစ ၊ မမွ်တဘူးဟုပင္ ထင္မွတ္ပါေစ သူက ဂ႐ုမစိုက္ေပ။
ဘာေၾကာင့္လည္းဆိုေတာ့ ႀကီးမာလွေသာ ေလာကႀကီးထဲ၌ ကိုယ္ကိုယ္တိုင္က သန္မာေနမွ ကိုယ္ခ်စ္ရတဲ့သူကို ကယ္တင္ႏိုင္မည္မဟုတ္ပါလား။
ဒီအတြက္ေၾကာင့္ သူ၏ခ်စ္သူ ဖူလီအတြက္သာဆိုလွ်င္ ေမာ့က်န္းက အဆိုးရြားဆုံးအရာမ်ားဆိုလွ်င္ေတာ့ ျပဳလုပ္ႏိုင္ေလသည္။
-----------------------
"အီ!"
ႏိုးလာကတည္းက တအီအီျဖင့္ အသံျပဳေနေသာ ေျမေခြးေလးကို ေမာ့က်န္းက ၿပဳံးရင္း ငုံ႔ၾကည့္သည္။
"အ႐ူးေလး"
လန္ပိုင္ဟြားက မ်က္စိေရွက ျမင္ေနရသည့္ အရာမ်ားကိုၾကည့္ရင္း အံြသမင္သက္သြားရသည္။
သူအေရွ႕မွ ျမင္ကြင္းမ်ားက ေသခ်ာေပါက္ ေသြးလမင္းဗိမာန္မဟုတ္ေပ။
ခမ္းနားေသာ အေဆာင္အေယာင္မ်ားႏွင့္အတူ ပ်ားပန္းခပ္ေနေသာ နတ္ဆိုးမ်ားကိုၾကည့္ရင္း သူတို႔ ေသြးလမင္းဗိမာန္မွ လႊတ္ေျမာက္လာမွန္းသိရွိသြားခဲ့ရေတာ့သည္။
ဒါေပမဲ့ ဘယ္လိုလုပ္။ဘယ္လိုလုပ္ လႊတ္ေျမာက္သြားရတာလည္း။
ေျမေခြးေလး၏ စူးစမ္းေသာမ်က္ဝန္းမ်ားၾကားထဲမွာ ေမာ့က်န္း အေၾကာင္းအရာကို ေသခ်ာသိသည္ႏွယ့္.....
"နတ္မင္းတစ္ပါးက ခ်ိတ္ပိတ္စည္းထဲဝင္လာတယ္ေလ ကိုယ္က သူထြက္သြားမဲ့အခ်ိန္မွာ လိုက္ထြက္္လာခဲ့တာ"
နားေထာင္ၾကည့္လွ်င္ အဓိပၸာယ္မရွိသည့္အျပင္ ႐ိုးရွင္းသလိုႏွင့္ သာမန္ဆန္လွေသာ စကားတစ္ခ်ိဳ႕ဆိုေပမဲ့ ေျမေခြးေလးကေတာ့ နားမလည္၍ ေယာင္နနျဖစ္ေနေလသည္။
သို႔ေသာ္ သူဟာ ထိုအေၾကာင္းမ်ားကို ေသခ်ာမသိသူမို႔ အေတြးထဲ၌ မရွိေတာ့ေခ်။
အခုခ်ိန္ သူသိတာက ေသြးလမင္းဗိမာန္ကလည္း လြတ္ေျမာက္ၿပီဆိုေတာ့ သူ အိမ္ျပန္သြားရေတာ့မည္။
ဒါေပမဲ့ သူ လူအသြင္ ျပန္မေျပာင္းႏိုင္ေသးဘူးေလ။
ေျမေခြးအသြင္ႏွင့္ ရွန္းတိကို ျပန္ဖို႔က ခက္ခဲလွသည္။
ထို႔ျပင္ အေမက ေျပာခဲ့ဖူးသည္ သူတို႔မ်ိဳးႏြယ္က ေျမေခြးအသြင္နဲ႔ဆို မေကာင္းစိတ္ရွိေသာသူမ်ားထံ ဖမ္းဆီးခံရလိမ့္မည္။
ထိုလူမ်ားက သူ့အားဖမ္းဆီးကာ အသားကိုစားၿပီး သားေရကို အတင္းအဓမၼ ယူေဆာင္သြားၾကေပလိမ့္မည္။
ယင္းအျပင္ အခက္္မသင့္ပါလွ်င္ ေသမ်ိဳးေလာကမွ လူသားမ်ားႏွင့္ပါ ေတြ႕ရွိသြားႏိုင္သည္။
ေမာ့က်န္းက ေျမေခြးေလး၏ အေတြးမ်ားကာ ၿငိမ္သက္ေနဟန္ကို သတိထားမိေသာအခါ.....
"အၿမီးကိုးေခ်ာင္း ေျမေခြးေတြက လူအသြင္ေျပာင္းလို႔ရတယ္လို႔ ကိုယ္သိထားတယ္ အဲတာအမွန္ပဲလား ေရွာင္ပိုင္"
ေမာ့က်န္း၏ စကားအဆုံးမွာ လက္ခနဲ ေတာက္္ပသြားေသာ မ်က္ဝန္းေလးႏွင့္အတူ ေခါင္းတဆတ္ဆတ္ညိတ္ကာ ေမာ့က်န္းလက္ေခ်ာင္းကို ကိုက္ခဲေလသည္။
ခႏၶာကိုယ္ကို လူးလိမ့္ရင္း ခ်စ္စဖြယ္ လုပ္ေနေသာ ေကာင္ေလးကို ေမာ့က်န္းက ထိေတြ႕ရင္း.....
"မင္း အိပ္ေနတုန္းက ကိုယ္စစ္ေဆးၾကည့္တာ မင္း ခႏၶာကိုယ္မွာ စြမ္းအားေတြမတည္ၿငိမ္ေသးဘူး "
လန္ပိုင္ဟြားက သူအေျခအေနကို တိက်စြာေျပာႏိုင္ေသာ နတ္ဆိုးမ်ားအရွင္ကို အံြသ မင္သက္စြာ ေငးၾကည့္လိုက္သည္။
ထိုအတူ သူ၏အၾကည့္မ်ားထဲ၌လည္း အားက်ေလးစားမႈ့ေတြႏွင့္အတူေပ။
နတ္ဆိုးမ်ားအရွင္က အရမ္းေတာ္တာပဲ သူ့ကို စစ္ေဆးၾကည့္လိုက္ယုံနဲ႔ သူဘာျဖစ္လည္းဆိုတာကိုပါ သိေနၿပီ။
"ကိုယ္ မင္းစြမ္းအားေတြကို တည္ၿငိမ္ေအာင္လုပ္ေပးမယ္ အဲတာဆို မင္းေလး လူအသြင္ေျပာင္းလို႔ရၿပီ"
"အီ....အီ!!"
အၿမီးေလးေတြ လြင့္ေျမာေနေအာင္ လႈပ္ခါရင္း သူ၏ေမးဖ်ားအား ထိကပ္လာေသာ လွ်ာဖ်ားႏုႏုေလးေၾကာင့္ ေမာ့က်န္းက က်ယ္ေလာင္စြာရယ္ေမာေလသည္။
လန္ပိုင္ဟြားက နတ္ဆိုးမ်ားအရွင္၏ စပားေၾကာင့္ တကယ္ပင္ ဝမ္းသာကာ ေပ်ာ္ရြင္သြားရသည္။
ယခုေလာေလာဆယ္ အေျခအေနအရ သူက အသြင္ေျပာင္းႏိုင္ဖို႔ ခက္ခဲေသးသည္။
ဒါေပမဲ့ နတ္ဆိုးမ်ားအရွင္သာ ကူညီမည္ဆိုလွ်င္ ျပႆနာမဟုတ္ေတာ့ေပ။
ေမာ့က်န္းက တက္ႂကြေနေသာ ေျမေခြးေလးကို ေငးၾကည့္ရင္း....
"ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္ "
သူက သူ့စကားအဆုံးမွာ လႈပ္ရွားမႈ့ရပ္တန္သြားေသာ ေျမေခြးေလးကို ေစ့ေစ့ၾကည့္ရင္း....
"လူအသြင္ေျပာင္းသြားရင္ေတာင္ မင္းကိုယ့္အနားက ထြက္္မသြားရဘူး"
"က်ိ!!....က်ိ!!"
႐ုတ္ျခည္း မေက်နပ္သည့္ဟန္ျဖင့္ သူ၏ရင္ခြင္ထဲမွထြက္ကာ သလြန္ေတာ္ထက္ရွိ ၿခဳံေစာင္မ်ားကို ကုတ္ျခစ္ေနေသာ ေျမေခြးေလးကို ေမာ့က်န္းက ၿငိမ္သက္စြာ ေငးၾကည့္ေလသည္။
အခ်ိန္အေတာ္ၾကာသည္အထိ ကုတ္ျခစ္ၿပီး၍ ၿခဳံေစာင္တစ္ျခမ္းလုံး ေျမေခြးလက္သည္းေတြေၾကာင့္ ပ်က္စီးသြားသည့္အခါမွ ေမာ့က်န္းက ေျမေခြးေလးကို မခ်ီရင္း........
"စိတ္ေျပသြားၿပီလား"
"ဟူး!"
ေျမေခြးေလးက ႏွာမႈတ္၍ သူ့အား ေနာက္ေက်ာေပးကာ လစ္လွ်ဴရႈလွ်င္ ေမာ့က်န္းက ဝမ္းနည္းသည့္အသံျဖင့္.....
"ဒီတစ္ေလ်ာက္လုံး ကိုယ့္အနားမွာ မင္း တစ္ေယာက္ပဲရွိတာ ကိုယ္ မင္းကို အဆုံးရႈံးမခံႏိုင္ဘူး"
ေျမေခြးေလး၏ နားရြက္ေလးက စြန္႔ကားလာကာ သူ့အေျပာကို နားစြင့္ေနသည္ကို သတိထားမိသည္ႏွင့္.....
"ကဲ့ပါ ေလာေလာဆည္ ကိုယ္ မင္း စြမ္းအားေတြ တည္ၿငိမ္ေအာင္လုပ္ေပးမယ္"
ေမာ့က်န္း၏ စကားဆုံးသည္ႏွင့္ ေျမေခြးေလးက အသင့္အေနအထားျဖင့္ ေစာင့္ဆိုင္းေနေလသည္။
ေျမေခြးေလး အဆင္သင့္ျဖစ္ၿပီဆိုသည္ႏွင့္ ေမာ့က်န္းက သူ၏ စြမ္းအားတစ္ခ်ိဳ႕ကို နန္းေဆာင္ထဲ၌ အတားအဆီးျပဳလုပ္ကာ ေျမေခြးေလးထံ စတင္လႊဲေျပာင္းေပးေလသည္။
စြမ္းအားတည္ၿငိမ္ေအာင္ ျပဳလုပ္ရသည္ဆိုသည္ကား ယင္ႏွင္ယန္ညီမွ်ေအာင္ ထိန္းသိမ္းရျခင္းပင္။
လန္ပိုင္ဟြားဟာ သူ၏ခႏၶာကိုယ္၌ ျပင္းထန္စြာ လွည့္ပတ္ေနေသာ စြမ္းအင္မ်ားေၾကာင့္ အလြန္နာက်င္ကာ ေခြၽးေစးေတြထြက္ေပၚလာေလေတာ့သည္။
နတ္ဆိုးမ်ားအရွင္ တစ္ပါးျဖစ္တဲ့ ေမာ့က်န္းအတြက္က စြမ္းအားတည္ၿငိမ္ေအာင္ ေဆာင္ရြက္ေပးရသည္က အခ်ိန္ခဏတာသာလိုအပ္ေလသည္။
သို႔ေသာ္ ေျမေခြးေလးအတြက္္မူကား ထိုအခ်ိန္ခဏသည္ ေတာင့္ခံႏိုင္ရန္ အလြန္ခက္ခဲလြန္းလွသည္မို႔ ေမာ့က်န္း၏စြမ္းအားမ်ား သန္႔စင္ေပးၿပီးေနာက္္မွာေတာ့ ေမ့ေျမာေနေသာ ေျမေခြးေလးကိုသာ ေတြ႕လိုက္ရေတာ့သည္။
နတ္ဆိုးျပည္၏ ထြန္းလင္းေသာ ညအခါ၌ ေသးငယ္ေသာ ေျမေခြးေလးအျဖစ္မွ ေခ်ာေမာေသာ လူငယ္ေလးအသြင္သို႔ ေျပာင္းလဲသြားသည့္ ေျမေခြးေလးက နာက်င္စြာ ျမည္တမ္းေနေလသည္။
လူအသြင္အျပည့္အစုံ ေျပာင္းလဲသြားၿပီျဖစ္တာမို႔ အ႐ိုးအဆစ္မ်ား၏ ေျပာင္းလဲမႈ့ကို ခႏၶာကိုယ္ကလက္ခံရန္အတြက္ ခက္ခဲလြန္းသည္မို႔ ေျမေခြးေလးက နာက်င္ေနျခင္းပင္။
ေမာ့က်န္းက လုံးလုံး လုံးလုံးျဖင့္ သူ၏ရင္ခြင္ထဲ အတင္းတိုးဝင္ေနေသာ ေကာင္ေလးကို အသာဖက္ကာ လက္ေထာက္လ်က္ ေငးၾကည့္ေနေလသည္။
နားထင္စပ္မွ တစ္ဆင့္ က်ဆင္းေနေသာ ေခြၽးအနည္းငယ္ကို ဖယ္ရွားေပးရင္း ကေလးသဖြယ္ တိုးညႇင္းလွသည့္ အသံေလးက တိတ္ဆိတ္ေနေသာ နန္းေဆာင္ထဲ၌ တိက်ျပတ္သားစြာ ၾကားေနရေလသည္။
ေတာက္ပသည့္ အနီေရာင္ ဆံသားႏုႏုထက္္မွ ႏူးညံ့ေခ်ာမြတ္ကာ ေသးသြယ္ေသာ ခႏၶာကိုယ္ေလးအထိ တစ္ကိုယ္လုံး သူ၏ရင္ခြင္ထဲတိုးဝင္ေနရင္း၌ကို ေကာင္ေလးက မ်က္ရည္မ်ားစီးက်ေနေလသည္။
မ်က္လုံးမဖြင့္ပါပဲ တအီအီအသံျပဳကာ သူ၏ရင္ဘတ္အား မ်က္ႏွာျဖင့္ ပြတ္သပ္ေနေသာ ေကာင္ေလးဟာ အသည္းယားစရာျဖစ္ေသာ္လည္း နာက်င္မႈ့ေၾကာင့္ မ်က္္ေမွာင္ၾကဳတ္ကာ ငိုေႂကြးေနသည္မို႔ ေမာ့က်န္းဟာ ေကာင္ေလး၏ ပါးျပင္အား အနမ္းေပးလိုက္ရင္း........
"ေရွာင္ပိုင္...."
နာက်င္မႈ့က သည္းမခံႏိုင္ေလာက္ေပမဲ့ နားထဲမွ ေရွာင္ပိုင္ဟုေခၚသံကို လန္ပိုင္ဟြားက ၾကားေနရသည္။
ဒီေလာကမွာ သူ့အား ေရွာင္ပိုင္ဟု ေခၚမည့္လူကား နတ္ဆိုးမ်ားအရွင္တစ္ေယာက္သာရွိသည္။
နတ္ဆိုးမ်ားအရွင္က လန္ပိုင္ဟြား၏ စိတ္တြင္းသို႔ ဘယ္အခ်ိန္ကတည္းကပင္ ဝင္ေရာက္ေနခဲ့မွန္းမသိေပမဲ့ အခုလို အလြန္နာက်င္ေနသည့္အခါ နတ္ဆိုးမ်ားအရွင္၏ အသံကိုၾကားလိုက္တာေၾကာင့္ လန္ပိုင္ဟြားက အားကိုးရာေတြ႕သြားသည့္ သူတစ္ေယာက္ႏွယ့္.......
" အင့္! နတ္ဆိုးမ်ားအရွင္ "
"အင္း ကိုယ္အနားမွာရွိတယ္"
"အီးးဟီးးး အရမ္းနာတယ္ "
နဖူးထက္ သက္ဆင္းလာေသာ ႏူးညံ့သည့္ အထိအေတြ႕ႏွင့္အတူ ေအးျမေသာ နတ္ဆိုးမ်ားအရွင္၏ ခႏၶာကိုယ္အပူခ်ိန္ေၾကာင့္ လန္ပိုင္ဟြားက ယခင္ကထက္ ပို၍တိုးကပ္လိုက္ရင္း သူ၏ အသားျဖင့္ ထိကပ္ေနေသာ ပူေလာင္သည့္ အဝတ္အထည္တစ္ခ်ိဳ႕ကို တြန္းထုတ္ေလသည္။
ေျမေခြးေလးဟာ ေမာ့က်န္း၏ ရင္ခြင္မွာ မ်က္ႏွာအပ္ေနတာျဖစ္သည္။
ေမာ့က်န္းဟာ သူ၏အတြင္းဝတ္အား တြန္းဖယ္လ်ားရင္း ရင္ဘတ္အား မ်က္ႏွာျဖင့္ ပြတ္သပ္ေနသည့္ ေကာင္ေလးေၾကာင့္ သက္ျပင္းခ်မိသည္။
ေျမေခြးေလးက မ်က္ႏွာရႈံမဲ့မဲ့ျဖင့္ သူ၏အဝတ္မ်ားကို တြန္းဖယ္ေနဟန္က သူ့ကို အကဲစမ္းေနသလိုပင္။
ဒါ႔ေၾကာင့္ သူက ခါးစည္းအား ေလ်ာ့ရဲေအာင္ ျပဳလုပ္ရင္း သူ၏ခႏၶာကိုယ္အား အေပၚပိုင္း ဗလာက်င္းေစသည္။
နတ္ဆိုးမ်ား၏ ခႏၶာကိုယ္ဟာ နတ္ဆိုးေသြးကို ထိန္းသိမ္ထားရသည္မို႔ ေအးစက္္ေသာ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားသည္။
လန္ပိုင္ဟြားဟာ ေအးျမေသာ ေရအတြင္းသို႔ သက္ဆင္းလိုက္ရသလို ခံစားလိုက္တာေၾကာင့္ ၿပဳံးလိုက္ရင္း...
"အင္း ေအးေအးေလး"
အဝတ္ဗလာႏွင့္ ေကာင္ေလးက သူ၏ခႏၶာကိုယ္ကို ဖက္တြယ္ထားၿပီး ထိုေကာင္ေလးဟာလည္း သူ၏ခ်စ္သူျဖစ္ေနေလသည္။
ဒုကၡကို ေခၚေမြးျမဴလိုက္ရသလိုမ်ိဳး ၊ အႏၲာရယ္ကို လက္ယပ္ေခၚေနေသာ ေကာင္ေလးေၾကာင့္ ေသြးမတက္လာခင္ ေမာ့က်န္းက ေမ့ေမ့ေပ်ာက္ေပ်ာက္သာ ေနလိုက္ရေတာ့သည္။
----------------------------
(20.10.2022)
Love you all
Shwe ye