"အမေရေ... ဒါဘယ်နေရာလဲ"
'ဒေါက်.. ဒေါက် '
"မမလေး သခင်ကြီးထမင်းစားဝိုင်းမှာမနက်စာစားဖို့စောင့်နေပါပြီမမလေးကိုလာခေါ်ခိုင်းလိုက်လို့ပါ"
"ဒါငါဖတ်ဘူးတဲ့ Chinese Novelတွေထဲကလို့ ဝတ္ထုထဲကူးပြောင်းတာလား မဖြစ်နိုင်ဘူး ဒါပေမဲ့လဲ အဲ့တာကလွဲရင်လဲကျန်တာမဖြစ်နိုင်တော့ဘူး အားးး သေချင်တယ်"
.
.
.
"အဖေ ကြည့်ရတာသားကြောင့်မမမဆင်းလာချင်ဘူးထင်တယ်"
"အင်း"
"ထူးထူး.."
သူမရဲ့မိဘတွေဆုံးပါသွားတော့လဲသူတို့မောင်နှမနှစ်ယောက်ပဲကျန်ခဲ့ပြီး သူမသာထူးထူးကိုလိုလေသိပ်မရှိအရာအားလုံးဂရုစိုက်ခဲ့တာဖြစ်သည် သို့ပေမဲ့ထူးထူးမှာမွေးရာပါနှလုံးရောဂျါကြာင့်လွန်ခဲ့တဲ့၎နှစ်ကဆုံးပါးသွားတာဖြစ်သည်။
ဒါပေမဲ့အတိတ်ဟာအတိတ်ပဲတဖြေးဖြေးနဲ့သူမနားလံထူနိုင်ခဲ့ပြီး ဝတ္ထုလောကထဲစတင်ဝင်ရောက်ခဲ့ပြီး သူမရဲ့ဝမ်းနည်းစရာနေ့ရက်တွေကိုဖြတ်ကြော်ခဲ့သည်။
"မင်းအမကော"
ထူမြတ်သည်ပြုံးကာ
........................
သီရိသူမဘယ်လောက်အချိန်ကြာအောင်အိပ်လိုက်လဲသူမ မသိပေ သူမအိပ်ယာပေါ်ကိုထထိုင်လိုက်ပြီး အိပ်ချင်မူးတူးနှင့်မျက်လုံးကိုအားယူပြီးဖြေးဖြေးချင်းဖွင့်လိုက်လေသည်။
သူမမျက်လုံးကိုသုံးလေးခေါက်လောက်ဖွင့်လိုက်ပိတ်လိုက်နဲ့လုပ်ပြီးနောက်ရှေ့ကမြင်ကွင်းကြောင့် အိပ်ချင်စိတ်ပါပျောက်သွားရတော့သည်။
"အေမေရ... ဒါဘယ်နေရာလဲ"
သူမအခုရှိနေတဲ့အခန်းကသူမနှင့်လုံးဝမရင်းနီး အသုံးဆောင်တွေအခန်းဝင်ပစ္စည်းတွေကလဲလုံးဝအကောင်းစားတွေဖြစ်ပြီး သူမကိုယ်ကညအိပ်ဝတ်ဆုံကလဲသူမလုံးဝဝယ်လို့မတတ်နိုင်တဲ့အမျိုးစားထဲမှာပါဝင်နေသည်။
သူအမြန်ပဲထရပ်လိုက်ပြီး ခေါင်းထဲဘာမှမတွေးနိုင်တော့ပဲ
"ဒါ..ဒါ ငါပြန်ပေးဆွဲခံရတာလား မဟုတ်သေးဘူး ပြန်ပေးဆွဲခံရရင်တောင် ဒီလိုအိပ်ခန်းအကောင်းစားကြီးပိုင်တဲ့သူက ငါ့လိုငမွဲကိုပြန်ပေးဆွဲမလား ."
လို့ပြောရင်း ပြတင်ပေါက်ရှိရာဘက်သို့သွားကာ ပြတင်းပေါက်က လိုက်ကာများကိုဖွင့်ပြီးအပြင်ကိုအကဲခက်လိုက်တော့သည်။
သူမအပြင်ကိုမြင်တော့ ယခုသူမရှိနေတဲ့နေရာကအပေည်ထပ်ဖြစ်ပြီး အောက်တွင်ခြံဝန်းအကြယ်ကြီးရှိပြီးခြံထဲတွင်လဲ ပန်းပင်များနဲ့သစ်ပင်များစိုက်ထားပြီးသေသေ သပ်သပ်ရှိလှသည်။
သီရိစဉ်းစားမိလိုက်သည် ဒီလိုခြံဝန်းမျိုးသူမမြင်ဖူးသည် ဒါပေမဲ့လဲ သူမတစ်ဘဝလုံး ဒီလောက်ခန်းနားတဲ့နေရာမျိုးကိုတစ်ခါမှမရောက်ဖူးတာသေချာလှသည်။
'ဒေါက်.. ဒေါက် '
သီရိ တခါးခေါက်သွကြား၍လှည့်ကြည့်လိုက်ပြီး အခန်းတခါးနားဖြေးဖြေးချင်လျှောက်သွားလိုက်ပြီးတခါးနားရောက်တော့သူမ ဖွင့်ပေးရမလား မဖွင့်ပေးရမလားမသဲကွဲပေ သူမစဉ်းစားလို့မပြီးသေ အခန်းအပြင်ဘက်မှ မိန်းကလေးအသံတစ်သံထွက်ပေါ်လာကာ
"မမေလး သခင်ကြီးထမင်းစားဝိုင်းမှာမနက်စာစားဖို့စောင့်နေပါပြီမမလေးကိုလာခေါ်ခိုင်းလိုက်လို့ပါ"
သီရိခလောက်လောက်တွေဝေနေပြီး
"အာ..အေးငါအခုပြင်ဆင်လို့မပြီးသေးလို့ပြီးမှလာခဲ့မယ်"
တခါးအနောက်ကမိန်းကလေးမှာ
"ဟုတ်ကဲ့ပါမမလေးကျွန်မကိုသွားခွင့်ပြုပါအုံး"
လို့ပြောကာထွက်သွားလိုက်တော့သည် အစေခံမိန်းကလေးသည် ထွက်သွားရင်းနဲ့
"ဒီနေ့မမလေးထူးဆန်းတယ် ငါ့ကိုယဉ်ယဉ်ကျေးကျေးပြန်ပြောနေတယ်"
အခန်းထဲမှာကျန်ခဲ့တဲ့သီရိသည် ဘာလုပ်ရမှန်မသိ ခန်းထဲမှာသာဟိုလျှောက် ဒီလျှောက်နဲ့ သူမမှန်ရှေ့သို့်ဖြတ်လျှောက်မိချိန်မှာတော့ရပ်တန့်သွားပြီး မှန်ထဲသို့သေချာပြန်ကြည့်လိုက်ပြီး
သူမမျက်နှာကိုကိုင်လိုက်ကာ အံဪစွာဖြင့်
"ဒါ..ဒါ ငါ့မျက်နှာမှမဟုတ်တာ ဘယ်လိုဖြစ်တာလဲ"
သူမ မယုံနိုင်စွာအခေါက်ပေါင်းများစွာလောက်မှန်ထဲသို့ပြန်ကြည့်ပေမဲ့ ဘာမှမပြောင်းလဲပေ ယခုမှန်ထဲမှာမြင်နေရတဲ့ ရုပ်ရည်ကသူမအရင်မျက်နှာထက် ပို၍နုပျိုကာပို၍လှပသည်။
ခန္ဓာကိုယ်အချိုးစားကလဲပြောစရာမရှိပေ ညအိပ်ဝတ်ဆုံဝတ်ထားတာတောင်အတော်ကြည့်ကောင်းနေသည်။
သူမအခန်းထဲကိုမွှေနှောက်လိုက်ကာ နောက်ဆုံး မှတ်ပုံတင်ကပ်ပြားကိုတွေ့ရှိသွားတော့သည်။
မှတ်ပုံတင်ကတ်ပြားတွင် ရှိသောနာမည်ကိုဖတ်လိုက်သည်မှာ
သူမရဲ့နာမည် သီရိ သာဖြစ်နေသည်။
သီရိကျမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး သူမခေါင်းထဲမှာယခုအဖြစ်ပြတ်တွေရဲ့အဖြေကို ရူးမိုက်စွာတွေးမိလိုက်သည်။
"ဒါငါဖတ္ဘူးတဲ့ Chinese Novelတွေထဲကလို့ ဝတၳုထဲကူးပြောင်းတာလား မဖြစ်နိုင်ဘူး ဒါပေမဲ့လဲ အဲ့တာကလွဲရင်လဲကျန်တာမဖြစ်နိုင်တော့ဘူး အားးး သေချင်တယ်"
.
.
.
"အေဖ ကြည့်ရတာသားကြောင့်မမမဆင်းလာချင်ဘူးထင်တယ်"
"လျှောက်မတွေးနဲ့ မင်းအမက ညတုန်းကပြန်လာတာနောက်ကျလို့အိပ်ယာထနောက်ကျနေယုံလေးပါ"
"ဒါဆိုကျွန်တော်မမကိုထပ်သွားခေါ်ကြည့်လိုက်မယ်"
"အင်း"
ခွင့်ပြုချက်ရတာနဲ့ ထိုကောင်လေးက မနက်စာစားဝိုင်းမှအမြန်ထသွားပြီးအပေါ်ထပ်သို့အမြန်တတ်သွားကာ
သီရိရဲ့အခန်းရှိရာသို့အမြန်သွားလိုက်ပြီးအခန်းရှေ့ရောက်တော့ တခါးကိုနှစ်ချက်ခေါက်လိုက်ကာ
"မမ အောက်မှ ဖေဖေမနက်စာစားဖို့စောင့်နေပြီသားကိုလာခေါ်ခိုင်းလိုက်လို့"
သီရိသည်အပြင်ကအသံကိုကြားမှအသိစိတ်ပြန်ဝင်ကာ အမြန်ထလိုက်ပြီး တခါးနားသို့သွားကာတခါးကိုဖွင့်လိုက်ပြီးသူမစကားပြောဖို့ပြင်ပေမဲ့ အပြင်ကကောင်လေးကိုမြင်ပြီးသူမစကားတွေလေထဲမှာပဲရပ်တန့်သွားတော့သည်။
ပြီးမှသူမပါးစပ်မှ သူမသာကြားနိုင်တဲ့အသံနဲ့
"ထူးထူး.."
သူမမျက်ရည်များဝဲလာကာတခါးကိုအမြန်ပြန်ပိတ်လိုက်ပြီး တခါးကိုမှီကာထိုင်ရပ်ကျသွားရတော့သည်။
ထူးထူးသည် သူမရဲ့မောင်လေးဖြစ်သည် ထူးထူးသည်ငယ်ငယ်ထဲကအလွန်ချူချာခဲ့သည့်ကလေးပင် သူမငယ်ငယ်ထဲကအစစအရာရာထူးထူးလေးကိုဂရုစိုက်ခဲ့ပြီး
သူမရဲ့မိဘတွေဆုံးပါသွားတော့လဲသူတို့မောင်နှမနှစ်ယောက်ပဲကျန်ခဲ့ပြီး သူမသာထူးထူးကိုလိုလေသိပ်မရှိအရာအားလုံးဂရုစိုက်ခဲ့တာဖြစ်သည် သို့ပေမဲ့ထူးထူးမှာမွေးရာပါနှလုံးရောဂါျကြာင့်လွန်ခဲ့တဲ့၄နှစ်ကဆုံးပါးသွားတာဖြစ်သည်။
ထိုအချိန်ကသူမဘဝအတွက်အမှောင်မိုက်ဆုံးအချိန်ဖြစ်ခဲ့ပြီး အဆိုရွားဆုံ အတိတ်ဆိုလဲဟုတ်ခဲ့သည်။
ဒါပေမဲ့အတိတ်ဟာအတိတ်ပဲတဖြေးဖြေးနဲ့သူမနားလံထူနိုင်ခဲ့ပြီး ဝတၳုလောကထဲစတင်ဝင်ရောက်ခဲ့ပြီး သူမရဲ့ဝမ်းနည်းစရာနေ့ရက်တွေကိုဖြတ်ကြော်ခဲ့သည်။
နောက်ဆုံးသူမဒီလောက်ကနဲ့လုံးဝအချေကျသွားပြီးဝမ်းနည်းစရာတွေအားလုံးကိုမေ့ပြစ်ခဲ့ပြီးဖြစ်သည် ယခုအချိန်မတိုင်ခင်အထိသူမမေ့သွားပြီလို့ထင်ခဲ့သည်။
ထူးမြတ်သည်အောက်သို့ပြန်ဆင်းသွားပြီး တော့ထမင်းစားခန်းသို့ပြန်လာလိုက်ပြီး ခုန်တွင်ပြန်ဝင်ထိုင်လိုက်လေသည်။
"မင်းအမကော"
ထူမြတ်သည်ပြုံးကာ
"မမပြန်အိပ်ပျော်သွားပြီထင်တယ်သားသွားခေါ်တာပြန်မထူးဘူး အဲ့တာနဲ့မမကိုမနှောက်ယှက်ချင်လို့ဒီအတိုင်ူပြန်လာလိုက်တာ"
ထူးမြတ်ပြုံးနေပေမဲ့စိတ်ထဲတွင်တော့စိတ်မကောင်းဖြစ်မိသည် သူတကယ်မထင်မိဘူး မမကသူကိုလုံဝမကြိုက်ဘူး အမှန်တော့သူကမမနဲ့ရင်းနီချင်ယုံလေးပါ ဒါမမအတွက်စိတ်အနှောက်ယှက်ဖြစ်မယ်လို့သူမထင်ခဲ့မိပေ
........................
ဇာတ်လမ်းကအခုမှစမှာဆိုတော့စိတ်ဝင်စားစရာလေးတွေသိပ်ပါအုံးမှာမဟုတ်ဘူး
ဒါနဲ့ ဒီအပုတ်ရဲ့အဓိကဇာတ်လိုက်တွေက သီရိနဲ့ ဘုန်းရန်နိုင်နော် ထူးမြတ်နဲ့သူရက ဒုတိယမင်းသားလေးတွေပါနော်
ဒါပေမဲ့လဲနှစ်တွဲလုံးကိုမျှမျှတတလေးရေးပေးမှာပါ