အချစ်လေတံခွန်

By MyaingHayWon

88.8K 6.5K 134

ဝေဟင်မှာ ဝဲတဲ့ လေတံခွန်တွေလို .... 🪁 ဝေဟင်မှာ ဝဲတဲ့ လေတံခွန်တွေလို More

အခန်း(၁)
အခန်း(၁)
အခန်း(၂)
အခန်း(၂)
အခန်း(၃)
အခန်း(၃)
အခန်း(၄)
အခန်း(၄)
အခန်း(၅)
အခန်း(၅)
အခန်း(၆)
အခန်း(၆)
အခန်း(၇)
အခန်း(၇)
အခန်း(၈)
အခန်း(၈)
အခန်း(၉)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၆)
အခန်း(၁၇)(ဇာတ်သိမ်းပိုင်း)
Extra(1)Unicode
Extra(1)Zawgyi
Extra(2) Unicode
Extra(3) Unicode
Extra(3)Zawgyi

Extra(2) Zawgyi

753 26 0
By MyaingHayWon

ဝေသည် လေးလံလွန်းသော မျက်ခွံများကို ပင့်ကာ မျက်လုံးနှစ်လုံးကို ကြိုးစားဖွင့်လိုက်သည်။ ထိုအခါ မြင်ရသော မြင်ကွင်းက ကျဉ်းနေသည်။ ဝေ့ကို မပြုံးမရယ် ကြည့်နေသော အန်တီ့မျက်ဝန်းများက သောက်ရှူးကြယ် ပမာ။

'အိပ်လို့ပျော်လား' ဟု အန်တီက မေးလာစဉ် ဝေက ခေါင်းညိတ်၍ အဖြေပေးသည်။
'အန်တီ့ဆီက အနံ့တစ်ခုရတယ်၊ မျက်နှာသစ်ဆေးလိုမျိုး'
'အင်း၊ တို့ မျက်နှာသစ်ပြီးပြီ၊ မင်းကို လာနှိုးဖို့ စောင့်ရင်း အိပ်ရာပေါ်ပြန်ရောက်နေတာ'
'ဘယ်နှနာရီထိုးပြီလဲဟင်'
'ခုနှစ်နာရီ'
'ဝေ...နည်းနည်း နေမြင့်မှ ပြန်လို့ရလား၊ အိမ်မှာ ဟို...'
'ရပါတယ်၊ တို့ဆီမှာ သွားတိုက်တံ အပိုတစ်ချောင်းရှိတယ်၊ ထ မျက်နှာသစ်၊ သွားတိုက်ချေ၊ တို့မနက်စာ လုပ်ထားလိုက်မယ်၊ တကယ်လို့ မင်းဆန္ဒရှိရင် နေ့လယ်စာစားပြီးမှ ပြန်လည်းရတယ်'

ဝေသည် သွားတိုက်နေရင်းမှ ဟိုဟိုသည်သည် မျက်လုံးဖြင့် ဝေ့ကစားရင်း ရေချိုးကန်ကို မြင်တော့ ပြုံးမိသေးသည်။ ပြုံးနေရင်းမှလည်း ရင်ခုန်လာသေးသည်။ သွားတိုက်ဆေးများကို ယောင်ပြီး မြိုချပစ်တော့မလို ဖြစ်ပြီးမှ သတိပြန်ထိန်းလိုက်နိုင်၍ တော်သေးသည်။

ဝေသည် ရှုပ်ပွနေသော ခေါင်းကို လက်ဖြင့် တစ်ချက်သပ်လိုက်ပြီး ထမင်းစားခန်းထဲတွင် အန်တီ့ကို ရှာသည်။
ဝေသည် မမြင်ဖူးသော အရာကို မြင်တွေ့ရ၍ 'ဗုဒ္ဓေါ' ဟု တမိသည်။

အန်တီ့မျက်နှာတွင် သနပ်ခါး လိမ်းထားခြင်းဖြစ်သည်။ ပါးကွက်ကလည်း လက်သန်းနဲ့ ကော်ပြီး တို့လိမ်းထားသလား အောက်မေ့ရသည်။ တကယ့်ကို သေးသေးလေး။

'အယ်၊ အန်တီ...သနပ်ခါးတွေနဲ့၊ ဘာစိတ်ကူးပေါက်လို့လဲ' ဟု ဝေ မေးတော့ အန်တီက ရေစိုနေသော လက်ဖဝါးများကို လက်သုတ်ဝတ်ဖြင့် သုတ်ရင်း ပြောသည်။

'မနေ့ကလေ ဈေးထဲကို ရောက်တော့ ငယ်သူငယ်ချင်း တစ်ယောက်က သနပ်ခါးတုံးတွေ အကြီးအကျယ် ရောင်းနေတာတွေ့လို့၊ မတွေ့ရတာကြာတော့ စကားစမြည်ပြောရင်းနဲ့၊ တို့ ဖို့ လက်ဆောင်ဆိုပြီးပေးတော့ အားနာလို့ နှစ်တုံးတောင် ထပ်ဝယ်လာခဲ့တာ'

'ဟင်း၊ အန်တီက အရမ်းအားနာတတ်တာပဲ၊ သနပ်ခါးတုံးအကြောင်း အန်တီ ဘယ်လောက်သိလို့လဲ' ဟု ဝေက ခပ်တည်တည်မျက်နှာထားဖြင့် မေးလိုက်သည်။

အန်တီသည် ကုလားထိုင်တွင် ဝင်ထိုင်ရင်း မျက်ခုံးကို လက်ညှိုးဖြင့် ပွတ်လိုက်ရင်း ချိန်ဆဆကလေး ပြောသည်။
'အင်း၊ ဘယ်လောက်သိလဲဆိုတော့...နေပါဦး မင်းကော ဘယ်လောက်သိလို့လဲ'

ဝေသည် အန်တီနှင့် ကပ်လျက် ခုံတွင် ဝင်ထိုင်လိုက်ပြီး
'သနပ်ခါးတုံး တစ်တုံးဟာ စစ်မှန်ဖို့ အရမ်းအရေးကြီးတာပေါ့ အန်တီ၊ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ မျက်နှာပေါ်မှာ လိမ်းရမယ့် အရာမလား၊ သေချာစိစစ်ပြီး ရွေးချယ် ဝယ်ယူသင့်တာပေါ့၊ အန်တီ ဝယ်လာတဲ့ သနပ်ခါးစစ်မစစ် ဝေကြည့်ပေးမယ်' ဟု ဆိုကာ ဝေသည် အန်တီ့ကို ဘေးတိုက်အနေအထားဖြင့် သိုင်းဖက်ကာ အန်တီ့ပါးပြင်ပေါ် ဝေ့ နှာသီးဖျားကလေး အပ်ထားလိုက်သည်။

သနပ်ခါးနံ့ သင်းသင်းကလေးကို ရသည်။ ဝေသည် အဆုတ်ထဲထိ ရောက်အောင် အဝ ရှူရှိုက်လိုက်ပြီး အန်တီ့နားသယ်စပ်နားသို့ နှာသီးဖျားကို နေရာရွှေ့ကာ ပြောလိုက်သည်။

'ဒီသနပ်ခါးက စစ်တယ် အန်တီ'

အန်တီ၏ သက်ပြင်းချသံကို ကြားရသည်။
'မင်း လူလည်ကျတာပဲ' ဟုဆိုသည်။

ဝေသည် ပျော်လို့မဆုံး တပြုံးပြုံးဖြစ်နေသည်။ ဝေသည် ပြုံးနေရာမှ ရယ်လိုက်သောအခါ မို့နေသောမျက်လုံးများက ပိတ်သွားသည်။

'မင်းရဲ့ မို့ဖောင်းဖောင်း မျက်ခွံလေးတွေကို တို့ သိပ်သဘောကျတာပဲ၊ မျက်ခွံတွေ ဖောင်းရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာကို မလိုလားပေမယ့်လည်းပေါ့'

'အန်တီကလည်း ဝေက မျက်ခွံဖောင်းချင်လို့ ငိုတာမှ မဟုတ်ဘဲ၊ ငိုလို့ဖောင်းသွားတာလေ'

အန်တီ့ထံမှ စကားပြန် မလာ။ အန်တီ့လက်ချောင်းများသာ ဝေ့မျက်နှာနား ဝဲပျံလာသည်။ အန်တီ့လက်ချောင်းများ ဝေ့မျက်ခွံပေါ်ရောက်သည်နှင့် ဝေသည် မျက်လုံးများကို အလိုက်သင့် မှိတ်ချလိုက်သည်။ ပါးပြင်ပေါ်သို့ နေရာရွှေ့သောအခါ ဝေ မျက်လုံးများပြန်ဖွင့်သည်။

အန်တီသည် ကိုယ်ကို ဝေ့ဘက်သို့ ကိုင်းညွတ်ကာ ဝေ့ မေးစေ့ကို ဖြည်းညင်းစွာ မော့စေသည်။ အန်တီ ရှူထုတ်လိုက်သည့် လေနွေးနွေးကို ဝေခံစားလို့ ရနေပြီ။ ဝေသည်နှလုံးသွေးများ ဆူပွက်လာသည်ထင်ရသည်။ ကောင်းကင်မှ လေတံခွန်ကဲ့သို့ ဝေ့ရင်ထဲမှ နှလုံးသားသည် တဖျပ်ဖျပ် လွင့်နေသည် ထင်ရသည်။

'အိုး' ဟူသော တံခါးဝမှ အာမေဍိတ်အသံ။
လေတံခွန်သည် မလွင့်တော့ဘဲ အောက်သို့ ပြန်ပြုတ်ကျသည်။

'တို့တော့ မင်းတို့ကို နှောင့်ယှက်မိပြီနဲ့တူတယ်' ဟူသော အသံလာရာသို့ ကြည့်သောအခါ မြတ်လေးပန်းများ ထည့်ထားသော ပန်းကန်ကို ကိုင်ကာ ရပ်နေသော အန်တီခင်ကို တွေ့ရသည်။ အန်တီခင်သည် ဝင်ရမလို၊ ထွက်သွားရမလို။

'ခင် အိမ်ရှေ့မှာ ပန်းခူးနေတာ မဟုတ်ဘူးလား' အန်တီမေဖြူစင်က မျက်ခုံးကို လက်ညှိုးဖြင့် ပွတ်ရင်း အန်တီခင့်ကို လှမ်းပြောသည်။

ဝေ့မှာတော့ မျက်နှာကို ဘယ်ထားရမည်မသိ။

'အင်း၊ ဟုတ်တယ်၊ ဒီနေ့ ပန်းတွေအများကြီးပွင့်တယ်လို့ မေ့ကို ပြောချင်တာနဲ့'

အန်တီခင်လည်း အိုးတိုးအမ်းတမ်း ဖြစ်သွားပုံရသည်။

'ဘုရားပန်းတင်ပြီးရင် ပြန်တော့မှာ၊ အနှောင့်အယှက်ဖြစ်သွားလို့ တကယ်တောင်းပန်တယ်နော်'

အန်တီခင်သည် လှည့်ထွက်ရန်ပြင်သည်။ ခြေတစ်လှမ်းလှမ်းပြီးမှ တုံ့ကနဲ ရပ်လိုက်ပြီး ဝေ့ဘက်လှည့်ကာ 'သူ့ကို သတိထားနော်' ဟုဆိုလိုက်သောအခါ အန်တီမေဖြူစင်၏ မျက်စောင်းလှလှကို မြင်တွေ့ရ၏။

တော်သေးသည်။ ဝေ အန်တီမေဖြူစင့်ပါးကို နမ်းနေတုန်းက အန်တီခင် ရောက်မလာခဲ့လို့။

ဝေသည် မနက်စာစားပြီး ဘာလုပ်ရမှန်းမသိ။ အိမ်ကိုလည်း မပြန်ချင်သေး။
ဝေသည် ငေါင်စင်းစင်းနှင့် မြတ်လေးပန်းရုံအောက်ရှိ ခုံပေါ် သွားထိုင်နေမိသည်။

ခဏကြာတော့ အန်တီက 'ဝေ ပျင်းနေပြီလား' ဟု လာမေးသည်။
'အင်း၊ နည်းနည်းပါ'
'ညနေကျ မင်းအားမလား'
'ညနေလား... ဝေ အားပါတယ်'
'တို့တွေ စက်ဘီးစီးထွက်ကြမလား'
'ဟင်...အန်တီ အားလို့လား'
'အားတာပေါ့၊ တို့မစီးဖြစ်တာ ကြာပြီ၊ စီးနည်း မမေ့ဘူးထင်တာပဲ'
'အန်တီကလည်း တစ်ခါစီးတတ်ပြီးရင် မေ့မသွားပါဘူး၊ စက်ဘီးပေါ်သာ တက်ခွလိုက်၊ သူ့အလိုလို စီးတတ်သွားလိမ့်မယ်'
'မင်းပြောတာ ကြားရတာတော့ အားရှိစရာပဲ၊ စက်ဘီးက လေရော ရှိသေးလား မသိဘူး'
'ဝေ စစ်ပေးမယ်လေ'
'ဘာလဲ၊ စစ်ပေးမယ်ဆိုပြီး စက်ဘီးကို သွားနမ်းဦးမလို့လား'
'ဟာ အန်တီကလည်း'

ထိုကိစ္စကို အန်တီ စလို့ပြီးတော့မှာမဟုတ်။

ဝေသည် စက်ဘီးကို နောက်ဖေးမှ ထုတ်လာကာ သန့်ရှင်းရေး စလုပ်သည်။ အန်တီတို့အိမ်မှာ ရေဖျန်းပိုက်သေးသေးကလေး ရှိ၍ ဝေ ရေဆွဲစရာမလိုတော့။ ပထမတစ်ထပ် ရေဆေးသည်။ ဆပ်ပြာတိုက်သည်။ ဆပ်ပြာများကို ရေနှင့် ထပ်ဆေးသည်။ ထို့နောက် အဝတ်ခြောက်ဖြင့် လိုက်သုတ်သည်။ အရှေ့ဘီးက လေနည်းနည်းလျော့နေသည်။ ဖုန်တက်နေသော လေထိုးတံကို တစ်ခါ ဖုန်သုတ်၍ လေထိုးရ၏။

ဝေ စက်ဘီးကို သနေသည်မှာ တော်တော်နှင့် မပြီးတော့။ ဝေ့စက်ဘီးလည်း ဖုန်တက်နေလောက်ပြီ။ ရေဆေးဦးမှ ဖြစ်မည်။

ခြံတံခါးကို အသံမမြည်အောင် တွန်းကာ ဝင်မှ ဖေဖေနှင့် ပက်ပင်းကြုံသည်။ ဝေသည် မျက်နှာလွှဲရန်ပြင်သည်။
'သမီး မနက်စာစားပြီးပြီလား' ဟု ဖေဖေကမေးတော့ စိတ်ထဲ ငိုချင်လာပြန်သည်။
'ပြီးပြီ ဖေဖေ' ဟု လှည့်မကြည့်ဘဲ စကားပြန်သည်။

'ဝေ ညနေစောင်းမှ ပြန်လာမယ် ဖေဖေ၊ နေ့ခင်း စိုးကြီးဆီ သွားလည်လိုက်ဦးမယ်'ဟု ဆိုကာ ဖုန်းနှင့် စက်ဘီးကို ယူခဲ့ပြီး ထွက်လာခဲ့လိုက်သည်။

တကယ်တော့ ဖေဖေ့ကို ညာခဲ့ခြင်းပါ။ နေ့ခင်း စိုးကြီးဆီ သွားမည်မဟုတ်။ အန်တီ့အနားတွင် နေမည်။ အန်တီ စာသင်တာ ဘေးက ထိုင်ကြည့်မည်။

တကယ့်တကယ်တမ်းမှာတော့ ဝေသည် အန်တီ့ကို ၅မိနစ်တောင် မငေးနိုင်။ ကျောနှင့် ကြမ်းပြင်ထိသည်နှင့် တဝါးဝါး သမ်းပြီး အိပ်ပျော်သွားလေသည်။ ဝေသည် အန်တီ ဘေးမှာ ရှိသည်ဟူသော အတွေးဖြင့် စိတ်ချစွာ အိပ်ပျော်နေနိုင်သည်လားမသိပါ။

🔸

'ဝေ မြန်မြန်မနင်းနဲ့လေ၊ တို့ကို စောင့်ဦး'

ဝေသည် နောက်သို့ တစ်ချက်လှည့်ကြည့်ကာ စက်ဘီးကို ရပ်ပစ်လိုက်၍ အန်တီ့ကို စောင့်သည်။
'ဝေရယ် တို့က မင်းနဲ့အတူ ဘေးချင်းယှဉ်ပြီး စီးချင်တာလေ၊ ခု မင်းက တို့ကို မစောင့်တော့ ငိုချင်လာသလိုပဲ'
တကယ်ကို ငိုတော့မည့် ဟန်ကလေးဖြင့် အန်တီပြောလာတော့ ဝေ သနားသွားသည်။

'ဟီးဟီး၊ ဝေက မြန်မြန်စီးရတာ အကျင့်ပါနေလို့၊ ဒီတစ်ခါ ဖြည်းဖြည်းစီးပါ့မယ်'

ဝေနှင့် အန်တီ စက်ဘီးယှဉ်စီးနေရင်း အန်တီ့ဘီးလေးက ကျော်တက်သွာသည်။ ဝေ့စက်ဘီးက ရှေ့ဆက်မသွားတော့။ ရှေ့ဘီးက လုံးဝပြားနေပြီ။ လေထိုးခဲ့ရဲ့သားနဲ့။

ပြင်ဆိုင်က လွန်ခဲ့ပြီ။ သို့သော် မတတ်နိုင်။ ပြန်သွားရုံရှိတော့မည်။ စက်ဘီးကို အပ်ခဲ့လိုက်မည်။ ဝေ့စက်ဘီးကြောင့် အန်တီပျော်ရွှင်မှု မပျက်စီးစေလိုပါ။ အန်တီ့စက်ဘီးမှာ ကယ်ရီယာခုံပါ၍ တော်သေးသည်။

'အန်တီ့ကို ဝေ တင်နင်းမယ်လေ၊ အန်တီ ခုန်ပြီး တက်တတ်လား'
'ငယ်ငယ်ကတော့ တက်ရဲသား' ဟု အန်တီက ပြုံးပြီး ဆိုသည်။
'ရပါတယ်လေ၊ မတက်တတ်လည်း ဝေ တင်နင်းနိုင်ပါတယ်'

ဝေသည် ပြည်လမ်းမကြီးမှ ထွက်ကာ လမ်းသွယ်များမှတစ်ဆင့် မြို့ပတ်လမ်းသို့ စက်ဘီးကလေးကို နင်းလာခဲ့သည်။
'ဘာလို့ တည့်တည့်မသွားဘဲ ဟိုချိုးသည်ကွေ့ လုပ်နေတာလဲ' ဟု အန်တီက မေးသည်။

'အန်တီ့ကို လူပြတ်တဲ့နေရာ ခေါ်သွားမလို့'
ဟု ဖြေတော့ ဝေ့ခါးကို ဖက်ထားသော အန်တီ့လက်က ဝေ့ဗိုက်ခေါက်ကို လိမ်ဆွဲသည်။

'အား....အန်တီ နာတယ်လေ၊ ယာဉ်မောင်းနေတဲ့သူကို ယာဉ်ပေါ်စီးနင်းလိုက်ပါလာတဲ့သူက စိတ်ထွေပြားအောင် မလုပ်ရဘူးဆိုတဲ့ စည်းကမ်းချက်ကို မသိဘူးလား'
ထိုအခါ အန်တီက ရယ်သည်။

'မကြားဖူးပါဘူး၊ ခုမှ ကြားဖူးတယ်' ဟုဆိုကာ ဆက်ရယ်နေပြန်သည်။ ထို့နောက် အရယ်ရပ်ကာ 'မင်း တို့ကို တကယ် လူပြတ်တဲ့နေရာ ခေါ်သွားရဲလို့လား' တဲ့။

ဘယ်ခေါ်သွားရဲမလဲ အန်တီရယ်၊ ဝေ့ကျောပေါ် အပ်လာတဲ့ အန်တီ့ပါးပြင်က အနွေးဓာတ်ငွေ့ငွေ့နဲ့တင် ဝေ့ ရင်တွေခုန်လှပြီကို။ ထိုစကားကိုတော့ မပြောဖြစ်ပါ။

'ဘာလို့ ခေါ်မသွားရဲရမလဲ အန်တီ၊ ဝေက အန်တီ့ကို လူတွေနဲ့ ခဏဝေးတဲ့ဆီ ခေါ်သွားချင်ရုံပဲ၊ ဟိုမှာမြင်လား'
ဝေသည် စက်ဘီးကို ရပ်လိုက်သည်။ ဝေသည် ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်ပြီး

'မီးခိုးရောင်တိမ်တွေ၊ ဝေတို့နဲ့ အနီးစပ်ဆုံး တိမ်တွေပဲ၊ တောင်ကနေ မြောက်ကို ခပ်သုတ်သုတ် ရွေ့နေကြတာနော်၊ ကောင်းကင်ကို ဝေတို့ ထိလုနီးပြီလို့ အန်တီ မခံစားရဘူးလား'

'ဟုတ်သား၊ ဒီနေရာက ကောင်းကင်ကို အကျယ်ကြီးမြင်ရတယ်၊ လေကောင်းလေသန့်လည်းရတယ်၊ စိတ်ကို လန်းသွားတာပဲ'

'ဒါကြောင့် ဝေက အန်တီ့ကို ဒီခေါ်လာတာပါနော်'

'ဟုတ်ပါပြီ၊ တို့က ဘာပြောနေလို့လဲ' ဟုဆိုကာ ဝေ၏ ပါးနှစ်ဖက်ကို လက်မနှင့် လက်ညိုးကြားတွင်ညှပ်ကာ လာဖျစ်သည်။

'အ... အ... အ၊ နာလိုက်တာ' ဆိုမှ လွှတ်သည်။

'မင်းက ချစ်ဖို့သိပ်ကောင်းတာပဲ'

'သိသားပဲ' ဟုဆိုတော့ မျက်စောင်းလှလှကို မြင်ရသည်။

'ပြန်ရအောင် အန်တီ၊ ချွေးထွက်တော့ ရေချိုးချင်လာပြီ'

အပြန်လမ်းတွင် အန်တီက ဝေ့ကျောပေါ် မျက်နှာအပ်၍ ပြောသည်။

'အတူရှိရတဲ့ အချိန်ကလေးက တိုတောင်းလိုက်တာနော်'
'အန်တီကလည်း ဒီနေ့တစ်နေ့လုံး ဝေ အန်တီနဲ့ ရှိနေတာမဟုတ်ဘူးလား' ဟု ပြောတော့ ဝေ့ကျောပေါ် လက်သီးဆုပ်ကလေးတစ်ခု ကျလာသည်။

🔸


Continue Reading

You'll Also Like

3.5K 256 6
စည်းတစ်ခုခြားနေခဲ့တယ်... ကျော်ဖြတ်ဖို့ခက်ခဲလွန်းတဲ့စည်းတစ်ခု... စည်းတစ်ခုခြားနေခဲ့တယ် ... ကျော်ဖြတ်‌ဖို့ခက်ခဲလွန်းတဲ့ စည်းတစ်ခု... Dec 24 >>>
1.2M 90.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...