Forever[Completed]

By Sandara_Jung7

8.8K 1.1K 1.4K

// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော... More

Start this story(Kai)
EP-(1)
EP-(2)
EP-(2)½
Ep-(3)
Ep-(4)
Ep-(5)
Part-(6)
Ep-(7) (birthday)
Ep-(8)
Ep-(9)
Ep-(10)
Yeonjun's Birthday (short part)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
~~Thanks for reading~~
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(27)
Ep-(28)
Ep-(29)
အမှတ်တရသိမ်းမယ်။
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35) (End)
End this story (Yeonjun)

Ep-(26)

145 21 31
By Sandara_Jung7

-ယနေ့ကျောင်းကိုလာတဲ့လူတိုင်းက သာမန်ဖြစ်နေသော်လည်း သာမန်မဟုတ်တာက သူတို့ပင်။ -

"မင်းတို့ တစ်ပတ်အတွင်းနေလို့ရမဲ့အခန်းကိုရှာပေးလို့မရဘူးလား။ " (beomgyu)

"ဟမ်....။
ငါတို့ကကျောင်းသားတွေနော်....အိမ်ခြံမြေအကျိုးဆောင်ကမဟုတ်ဘူး။ ဘယ်လိုလုပ်သိမှာလည်း။ " (yeonjun)

"Ramနင်တို့ရော....။
Noona.....?" (TH)

"အမစဥ်းစားရသလောက် ရောင်းမဲ့အိမ်လုံးချင်းတွေဘဲရှိတာ။ အထပ်မြင့်တွေတော့မသိဘူး။ "

"Kaiကိုမေးကြည့်ပါလား။
သူက အခန်းနဲ့ နေနေတာဆိုတော့...." (felix)

"လုပ်ပေးပါနော်....
ဝယ်ဆိုလည်း ငါဝယ်နိုင်ပါတယ်။ အရေးကြီးတာ တစ်ပတ်အတွင်းငါနေစရာနေရာရဖို့ဘဲ။" (beomgyu)

"Taehyun အိမ်မှာဘဲဆက်နေလိုက်တာမဟုတ်ဘူး။
ငှားခကျန်နေသေးပြီး ဒီတိုင်းကြီးပစ်ထားရမှာနှမြောစရာကြီး။ " (yeonjun)

"အဲ့ဒီအိမ်က ငှားခပြန်ထုတ်မှာ။
ပိုက်ဆံပြန်တောင်းလိုက်မယ်။ "

"ပြီးတော့ hyungအဲ့အိမ်မှာမနေတတ်ဘူး။
Hyunနဲ့မို့လို့သည်းခံနေနေတာ။ "

-အားကိုးသူလေးရဲ့ပြောစကားကြောင့် taehyunပြုံးလိုက်မိသည်။ သူ့ကိုတော်တော်ချစ်တာဘဲနော်....။ -

-ထိုအချိန် အတန်းပြီးသွားသော soobinနှင့် kaiရောက်လာသည်။ -

"Kai....kai!
ခဏထိုင်ဦး...ငါမင်းကိုမေးစရာရှိလို့။ "

"ဘာလည်း...."

"မင်းတို့ တိုက်မှာလေ ငှားဖို့တို့ ရောင်းဖို့တို့ အခန်းမရှိဘူးလား။ "

"ရှိတယ် ။
ငါတို့အထပ်မှာတော့မဟုတ်ဘူး။
ငါတို့ရဲ့အပေါ်ထပ်မှာ....."

"တကယ်လား။ " (beomgyu)

"အွန်း..."

"နေပါဦး....အခန်းရောကောင်းရဲ့လား။
နေရောင်တွေ စာလုပ်ဖို့တွေ ပတ်ဝန်းကျင်ရောကောင်းရဲ့လား။ " (TH)

-တောက်လျှောက်မေးနေတာ မသိရင်သူနေမှာကြလို့။ -

"ကောင်းပါတယ် ။
ငါ့အခန်းနီးပါးဘဲ.....
ငါ့ရဲ့အပေါ်တည့်တည့်ကအခန်းလေ။ "

"အဲ့လိုလား။
ဒါဆို location ကတော့ကောင်းပါတယ်။ "

-beomgyu တစ်ချက်စဥ်းစားလိုက်သည်။ -

"အတန်းပြီးရင် သွားကြည့်ရအောင်။ "

"ဟုတ်ကဲ့ hyung
ကျွန်တော် တိုက်ပိုင်ရှင်ကိုဖုန်းဆက်ထားလိုက်မယ်။ "

"အွန်း..."

-ချိန်းဆိုပြီးတာနဲ့ ကိုယ်အလုပ်ကိုယ်လုပ်နေကြသော သူတို့ဝိုင်းကတိတ်ဆိတ်သွားသည်။ ရန်ဖြစ်နေကြ yeonjunတို့ကလည်း စကားမပြောကြ၊ hyunjinနဲ့felixကလည်း Australia ကိုသွားဖို့ပြင်နေကြသည်။ သူတို့အတွဲနှစ်ဝက်လောက်နဲ့သွားဖြစ်ကြတော့မယ်ထင်တယ်။ taehyunနှင့် beomgyuက kaiနဲ့အိမ်အကြောင်းဆွေးနွေးနေကြသည်။ boramနဲ့ dabinက အသစ်ထွက်သော အလှကုန်များအကြောင်းပြောနေကြသည်။ -

- ဘာလို့ အေးစက်စက်ဖြစ်နေရတာလည်း။ နှစ်ကအခုမှစတာလေ....ပုံမှန်ထက်စိတ်လှုပ်ရှားနေရမှာမဟုတ်လား။ မင်းတို့ဘာလို့ ပထမတစ်နှစ်ကလိုမဖြစ်နိုင်တော့တာလည်း၊ တစ်ခုခုကို မင်းတို့ကြိုသိသင့်တယ်။ ဒါဆို ဒီလိုအေးစက်နေချိန်ရမှာမဟုတ်ဘူး။ -
.
.
.
-kaiနဲ့ beomgyuတို့အိမ်သွားကြည့်ချိန်တွင် taehyunကအတန်းတက်နေရ၍လိုက်မသွားနိုင်ပေ။ -

"Taehyun shi!!"

"Nae Daejun "

"ကျွန်တော်နဲ့ခဏလောက်လိုက်လာခဲ့ပေးနိုင်မလား။"

" ဘယ်ကိုလည်း"

"ခေါင်မိုးထပ်ကိုလေ...."

"ပြောစရာစကားရှိလို့လား"

"Nae...."

"ခဏလေးနော်
Junkyuပြန်မလာသေးဘူးလေ...သူအတန်းမတက်ထားတော့ကူးထားတာတွေပေးဖို့...."

"ခဏလေးပါဘဲ။
Junkyuကို စာချန်ခဲ့လိုက်ပါ့မယ်။ "

"အော် ရပါတယ်။
သွားကြမယ်လေ "

"ဟုတ်ကဲ့"

-daejunရဲ့ဦးဆောင်ရာနောက်သို့ taehyunလိုက်ပါသွားခဲ့သည်။ -
.
.
.
-ခေါင်မိုးထပ်သို့ရောက်တော့ daejunက taehyunကိုထိုင်းခိုင်းပြီးသူက ဝရန်တာကို မှီရပ်လိုက်သည်။ -

"ဘာကိစ္စရှိလို့လည်း။ "

"ပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလားစဥ်းစားနေတာပါ။ ဒီအထိတောင်ရောက်လာမှပြောရတော့မှာပေါ့နော်"

"အွန်း...ပြောပါ။ "

"ကျွန်တော်စကားခံမနေတော့ဘူး။
ကျွန်တော် taehyunကိုချစ်တယ်။ "

"ဟင်..."

"ဟုတ်တယ် "

- ချက်ချင်းနားရွက်ကြီးတွေရဲတက်လာကာ ခေါင်းအောက်ငုံ့သွားသည်။ -

"ကျွန်တော်taehyunအနားရောက်ရင် စကားနည်းသွားတတ်တယ်၊ ဟိုဗျာ....ရှက်သွားသလိုမျိုးပေါ့။ "

"အော...ဟို..ဟိုလေ....ကျွန်တော်က... "

"ရည်းစားမရှိဘူးမလား "

"ရှိ.....အဲ....မရှိပါဘူး။ "

-beomgyu hyungကို အကိုဝမ်းကွဲလို့ပြောထားလို့ ရှိပါတယ်လို့လည်းပြောမရပေ။ -

"စဥ်းစားပေးမယ်မလားဟင် "

"ဟို...."

-ဟိုဟိုဒီဒီလုပ်နေသော taehyun၏မျက်နှာအနားသို့ daejunတိုးသွားလိုက်သည်။ မျက်နှာချင်းဆိုင်အနေအထားတွင် eye contact ကို သူ့ဘက်ကအရင်လွှဲသွားသည်။ -

"ဟို....
သူငယ်ချင်းတွေစောင့်နေကြမှာဆိုတော့ အဲ့ကိစ္စကိုနောက်မှဘဲ...."

-အဲ့လိုပြောပြီး ခေါင်မိုးထပ်ကနေ ပြေးဆင်းသွားသည်။-

*တစ်ခါထပ်ပြီး တောင်းပန်တာပါ ထယ်ဟျွန်း။
စိတ်ရင်းနဲ့ တောင်းပန်ပါတယ် *
.
.
.
-ခေါင်းမိုးထပ်ကပြေးဆင်းလာတော့ အပေါ်တက်မလို့လုပ်နေတဲ့ soobinနဲ့ဝင်တိုက်လေသည်။ -

"ဟေ့လူ...လူတစ်ယောက်လုံးကို မမြင်ဘူးလား "

"အာ့ဟ....ချွဲဆူဘင်း....မင်းကလည်းတိုက်သေးတယ်။ နာလိုက်တာ "

"ထယ်ဟျွန်း....
ဘာဖြစ်သွားသေးလည်း "

"ရပါတယ်...
မင်းငါနဲ့ခဏလိုက်ခဲ့ပေးပါလား။ "

"အိုကေ"

-taehyunခေါ်သည့်နောက် soobinလိုက်သွားရပြန်သည်။ -

"ဘာကိစ္စရှိလို့လည်း "

" ငါ...ငါ ရည်းစားစကားအပြောခံလိုက်ရတယ်။ "

"ဘာ!!!!!"

"​ဖြေးဖြေးပြောပါ။
Daejunက ငါ့ကို အခုလေးတင်ပြောလိုက်တာ။ အဲ့ဒါကြောင့် ငါပြေးလာရင်းမင်းကိုတိုက်မိတာ။ "

-soobinက taehyunကိုကြည့်နေရင်းစဥ်းစားနေဟန်ပြောလိုက်သည်။-

"မင်းးးး     beomgyu sambaeကိုတော့ ...."

"ဟေးဟေး တော်တော့။
ငါအဲ့လိုလူမျိုးမဟုတ်ဘူး။
အခုဟာက သိအောင်ပြောပြရုံ...ငါလည်းဘာလုပ်ရမလည်းမသိလို့။ "

"ငြင်းလိုက်လေ"

"ငြင်းလိုက်ရမယ်...ဟုတ်တာပေါ့...ငါငြင်းရမယ်။ "

"အေးလေ.....
လွယ်လွယ်လေးကို လာညီးပြနေတယ်။"

-taehyunစိတ်ထဲမှာတော့ အဲ့လောက်မလွယ်ဘူးနော် ဟုသာ စဥ်းစားနေမိသည်။ -
.
.
.
Kai & Beomgyu POV:

- သူအိမ်တွင် လွယ်အိတ်များဝင်ထားကာ တိုက်ပိုင်ရှင်အန်တီကြီးနဲ့ အခန်းကြည့်ရန်တက်သွားခဲ့သည်။ -

"အခန်းအတွင်းပိုင်းပြင်ဆင်မှုတွေ ကြိုက်ရာမင်းလုပ်လိုက်။ ပရိဘောဂတွေဘာတွေကတော့ မင်းတွေ့တဲ့အတိုင်း အကုန်ရှိပြီးသားမလို့ အထုပ်ဆွဲပြီးအခုပြောင်းလာရင်တောင် နေလို့ရပြီ။ "

"ကောင်းတာဘဲ။ "

"ရောင်းရောရောင်းမလား။ "

"ဒီမှာကောင်လေး...
ရေရှည်အတွက်ဘဲတွေးတယ်၊ မရောင်းဘူး။ "

(တိုက်ပိုင်ရှင်က ကျွန်မပါ။ 😝)

"ဟို စိတ်မရှိပါနဲ့....hyungက မေးကြည့်ရုံပါ။ "

"အေးပါ သိပါတယ်
မင်းလည်း အိမ်လခပေးရဦးမယ်နော်။
ရေရှည်နေမဲ့လူမလို့ ခွင့်ပြုထားတာ မင်းမေမေမျက်နှာနဲ့....."

"ဟီး ဟုတ်ကဲ့ "

-သူတို့အဆင်ပြေတဲ့အတွက် စာချုပ်ချုပ်ရန် ပြင်လိုက်ကြသည်။ ချက်ချင်းပင် cardထဲကငွေထုတ်ပြီး ချေလိုက်ရသည်။ -

"အိမ်နီးနားချင်းတွေဖြစ်သွားပြီပေါ့ hyung ဟဲဟဲ "

"သွားကြရအောင်
taehyunစောင့်နေတော့မယ်"

- ချက်ချင်းကျောင်းကိုပြန်သွားလိုက်သည်။ -
.
.
.
- သူငယ်ချင်းတွေ group chatထဲစကားမပြောရတာကြာတော့ ဒီညတော့ group chat ထဲအတင်းတုပ်ကြတော့မည်။ -

/S/

Kai ရေ
အိမ်သွားကြည့်တာအဆင်ပြေလား။

/K/

ပြေပါတယ် ။
ငွေချေခဲ့ပြီ...hyunပြောင်းတဲ့အချိန် hyungပါပြောင်းရုံဘဲ။

/T/

ကျေးဇူးတင်ပါတယ် kai
မင်းကြောင့် အခုအကုန်အဆင်ပြေသွားတာ။

/k/

ရပါတယ် ။

/S/

မင်းတို့ကိုပြောစရာရှိတယ်။
ငါတစ်ခုခုထူးဆန်းနေတယ်။

/B/
ဘာဖြစ်လို့လည်း။
နေမကောင်းဘူးလား

-မိန်းကလေးတစ်ယောက်ရှိတာ ဒါတော့အားကိုးရသည်။ -

/S/

မဟုတ်ပါဘူး...
Yeonjun hyungနဲ့ပတ်သက်ပြီးပါ။

/T/ /K/

ဘယ်လိုမျိုးလည်း

/S/

သဘောကျနေသလိုခံစားချက်....
သေချာတာတော့ မင်းတို့ပြောသလို ငါyeonjun hyungကို ကြိုက်နေမိပြီထင်တယ်။

/K/

အွန်း....
Yeonjun hyungကလည်း မင်းကိုသဘောကျနေတာထင်တယ်

/S/

မင်းကဘယ်လိုသိတာလည်း။

/K/

ကြည့်ရင်အသိသာကြီးပါကွာ...ရန်ဖြစ်တိုင်းအမြဲမင်းဘက်က....မင်းနေမကောင်းတုန်းကဆိုရင် taehyunကိုမေးကြည့်... ပြာယာခတ်နေတာ။
တစ်ခုခုကို သူ့ဘက်ကဘဲ အမြဲအလျှော့ပေးတာ။

/T/

ဟုတ်ပ။ အခုတောင်သူတို့ပြောချင်ပြောနေမှာ မင်းအကြောင်း။

-taehyunကလည်း beomgyuကိူလှမ်းကြည့်တော့ beomgyuကလည်း သူ့ကိုလှမ်းကြည့်သည်။ ပြီးမှ ပြုံးပြကာ ဖုန်းဆက်သုံးနေကြသည်။ -

/T/

မကြိုက်ခံနိုင်ရိုးလား....မင်းကလည်းတစ်ခုခုဆိုရင် yeonjun hyungကိုအရင်ပြေးတိုင်တာလေ။ ပြီးတော့ မတည့်တဲ့လူတွေက ညားတတ်တယ်တဲ့....

/S/

မင်းတို့ကလည်းကွာ....အဲ့လိုကြီးမပြောပါနဲ့။
မဟုတ်လောက်ပါဘူး....သူက Dabin Noonaကိုကြိုက်နေတာလေ။ ငါတို့အဲ့ဒါကိုမေ့နေကြတာ။

/T/

မပြောတတ်ဘူး။

/B/

နင်တို့ပြောမှစဥ်းစားမိတယ်။
Yeonjun sambaeက အဲ့အကြောင်းကိုဟတောင်မဟလာတော့ဘူး။ အရင်ကဆို အမဒါဘင်းကို သဲသဲလှုပ်နေတာလေ။

/S/

မသိတော့ဘူးကွာ။
စိတ်ညစ်နေပါတယ်ဆို ဘာတွေလာပြောနေလည်းမသိဘူး။

/T/

ဖွင့်ပြောကြည့်ပါလား။

/K/

ဟုတ်တယ်။
မင်းဖွင့်ပြောကြည့်လေ။

/S/

ငါစဥ်းစားထားပြီးသား ။
ဒီတစ်ခေါက် ငါခွဲစိတ်ပြီးရင် ငါသူ့ကိုအားလုံးပြောပြလိုက်မှာ။

/K/

သိပ်မလိုတော့ဘူးဘဲ။
နှစ်လလား။

/S/

အွန်း....။

-သူkaiကိုစာပြန်ပြီးတာနဲ့ဖုန်းပိတ်ပြီးအိပ်လိုက်သည်။
မအိပ်ရသေးပေမဲ့ သူyeonjunကို ခံစားချက်ရှိနေတာ သေချာတယ်ဆိုတဲ့အကြောင်းကို ထပ်တလဲလဲပြန်စဥ်းစားနေခဲ့သည်။ -
.
.
.

*FOREVER*

မီးမီး လက်ကိုက်နေလို့ လာမအပ်ဖြစ်တာပါ။
အခုလည်းတိုသွားတယ်🙁😭

#jerry

Continue Reading

You'll Also Like

111K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
10.2K 1.3K 10
Uni ဖမ်းဆုပ်ဖို့မတတ်နိုင်တဲ့တိမ်စိုင်ငယ်လို မင်းကို ကိုယ်က သိပ်ချစ်ခဲ့တာပေါ့...... Zawgyi ဖမ်းဆုပ်ဖို့မတတ်နိုင်တဲ့တိမ်စိုင်ငယ်လို မင်းကို ကိုယ်က သိပ်...
5.5K 714 13
• park jeongwoo + yoon jaehyuk = jeongjae ●⁠Completed. Written In Burmese. ●⁠Pics from Pinterest.
106K 6.3K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥