သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး...

By MaNweUM1

459K 13.8K 335

"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅ (က)
အပိုင်း ၅ (ခ)
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃ (က)
အပိုင်း ၁၃ (ခ)
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉ (က)
အပိုင်း ၁၉ (ခ)
အပိုင်း ၂၀
အပိုင်း ၂၁ Warning
အပိုင်း ၂၂
အပိုင်း ၂၃ (က)
အပိုင်း ၂၃ (ခ)
အပိုင်း (၂၄)
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈ - Warning
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂ (က)
အပိုင်း ၃၂ (ခ)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း (၃၈)
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂ - Warning
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈ က
အပိုင်း ၄၈ ခ
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း (၅၃)က
အပိုင်း (၅၃)ခ
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း ၅၆ + Warning
အပိုင်း (၅၇) +Warning
အပိုင်း (၅၈)
အပိုင်း (၅၉)
အပိုင်း ၆၀
အပိုင်း ၆၁ (က)
အပိုင်း ၆၁ (ခ)
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀ - Warning
အပိုင်း ၇၁
အပိုင်း ၇၂
အပိုင်း ၇၃
အပိုင်း ၇၄ - Warning
အပိုင်း ၇၅
အပိုင်း ၇၆ : ထူးဆန်းသော ဧည့်သည်
အပိုင်း ၇၇ ဇာတ်သိမ်း

အပိုင်း ၁၄

5K 174 2
By MaNweUM1

စိတ်ရောဂါအထူးကု ဆေးခန်းမှ မာတင်က ပြန်ထွက်လာသည်။ 

အလိုမကျနိုင်သော မျက်နှာဖြင့် ကားထဲသို့ဝင်ကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

ကားအရှေ့ခန်းတွင် ဒရိုက်ဘာ ဘေးမှာထိုင်နေသော ကိုရဲက မာတင်၏မျက်နှာပေါ်က စိတ်အလိုမကျမှုများကို နောက်ကြည့်မှန်ကနေ တဆင့် လှမ်းမြင်လိုက်မိသည်။ 

မာတင်၏ နက်က်တိုင်ကြိုးကို လက်တစ်ဖက်ထဲဖြင့် ဆွဲဖြည်နေရင်း

"ကိုရဲရေ ကျွန်တော့်ကို နောက်ထပ် ဆရာဝန်တစ်ယောက် ရှာပေးပါ". . . .


'ဟုတ်ကဲ့ဆရာ'


>>ထင်တဲ့အတိုင်းပဲ . . ဒီဒေါက်တာကိုလည်း မကျေနပ်ဘူးထင်တယ်. .။ ရှိသမျှ အတော်ဆုံး အထူးကု ဆရာဝန်တွေကိုလည်း လိုက်ပြနေတာပဲ.။ သူတကယ်ပဲ အရူးရောဂါ ရှိနေလို့များလား. ။<<


'ဆရာ . . အခု အိမ်တန်းပြန်တော့မှာလား. .။ 

ဒီနေ့ အောက်တိုဘာဖက်စ် ရှိတယ်ဆရာ . .Area 51 ဘားမှာ ကျွန်တော်တို့တွေ VIP card ရထားတယ်. . ဆရာအဲတာ သွားချင်မလားလို့'

"ဘယ်မှ မသွားချင်ဘူးကွာ . . ငါအရမ်းစိတ်ရှုပ်နေတယ် အိမ်ပြန်မယ်. . ဘားတွေဆို လူတွေ ရှုပ်ရှုပ်ရှပ်ရှပ်တွေနဲ့"

စိတ်ဓါတ်ကျနေသော လေသံဖြင့် ပြောလေသည်။


'သြော်မဟုတ်တာ ဆရာကလဲ. . ဆရာလည်း အခုတလော အလုပ်တွေများနေတာ ဆိုတော့ နည်းနည်းပါးပါးလောက် သောက်ပြီး စကားလေးဘာလေး အပျင်းပြေ ပြောကြရင် စိတ်ဖိစီးမှုတွေ လျော့သွားပြီး. . ဆရာများ စိတ်ကြည်သွားလေမလားလို့ . .။ 

ဒီလိုလုပ်ပါလား. . အဲ့ဒီ့ကို မသွားလည်း ကျွန်တော်တို့ ၂ ယောက်ထဲ အေးဆေး ထိုင်သောက်လို့ရတဲ့ နေရာလေး တစ်ခုခုလောက် သွားကြမလား ဆရာ. . '

မာတင်က လေသံပျော့ပျော့လေးဖြင့် ပြန်ဖြေသည်။


"လုပ်လိုက်လေ. . ကိုရဲ အဆင်ပြေမယ်ထင်တဲ့ နေရာတစ်ခုခုဆီသာ သွားပါ"


= = =


ဘားဆိုင်ထဲတွင် သီချင်းများက မြူးမြူးကြွကြွ . . . . .


>>>> PSY: DADDY <<<<


သောကြာနေ့ညမို့ လူက တဖြည်းဖြည်းကျလာသည်။ သို့သော် သစ္စာရှိ ဝိတ်တာများက မာတင့်အတွက်တော့ VVIP ခန်းကို အမြဲချန်ထားပေးပြီးသားပါ။


Dalmore ဝီစကီ ၅ပတ်လောက် သောက်အပြီးမှာ ကိုရဲ အနည်းငယ် သတ္တိရှိလာသည်။ 

ကိုရဲက အရက်မူးလာရင် စကားများတတ်သူဖြစ်သည်။ 

မာတင်က ဘေးမှာ ဘာစကားမှ မပြောပဲ စီးကရက်ကို ရိူက်ဖွာနေသည်။

ကိုရဲ : "ဆရာ. . ဆရာ အခုတလော ဘာတွေ စိတ်တွေ တအားဖိစီးနေရတာလဲ. .. ပရောဂျက် အသစ်ကြောင့်လား၊ လက်ထပ်ဖို့ကိစ္စကြောင့်လား. . ဒါမှမဟုတ် ဟိုကောင်မလေးကြောင့်လား။"


မာတင် : 'ဟာ.. .ဘယ်က ဟိုကောင်မလေးလဲ. .မင်းဘာတွေ လျှောက်ပြောနေတာလဲ. .ငါက ဘယ်သူ့ကိစ္စ ဘာဖြစ်ရမှာလဲ'


>သူငြင်းပြီဆို လုံးဝသေချာသွားပြီ.<


"မသိပါဘူး ဆရာရယ်. . . ဆရာ ခုတလော ဟို ဆုဆုဝေဆိုတဲ့ ချာတိတ်မလေးနဲ့ တွေ့လိုက်ရင် sensitive ဖြစ်သလားလို့. . ကောင်မလေးက ဆရာနဲ့ ဓါတ်မတည့်ဘူးထင်တယ်"


'အဲလို ဓါတ်မတည့်တာတော့ မဟုတ်ပါဘူး' (ပြုံးလျှက်ပြန်ဖြေသည်)


ကိုရဲက နူတ်ခမ်းစေ့ကာ မာတင်ကို သေချာကြည့်လိုက်ပြီး


"ကျွန်တော့်အထင်ပြောရရင် . . ဆရာ အဲ့ကောင်မလေးကို ကြိုက်နေတာ မှတ်လား. ."


' ကြိုက်ရမယ်. . .ငါက. ? 


 ဟားဟ့. .. 

ကိုရဲ မင်းဘာတွေ လာပြောနေတာလဲ။ 

ကျွန်တော့်မှာ အဲဒါမျိုး လူတစ်ယောက်ထဲကို အတည်တကျ ချစ်တာကြိုက်တာမျိုးလဲ ဘယ်တုန်းကမှ မရှိဖူးပါဘူး။ ခင်ဗျား အသိဆုံးပါ။'

"ဟာ. . အဲလို အသိဆုံးမို့ ပြောတာလေ အာစိရဲ့. . ဆရာသူ့ကို စစတွေ့ချင်းတုန်းက ၂ ခါပြန်တောင် လှည့်ကြည့်တာ ကျွန်တော်သတိထားမိတယ်။ 

ပြီးတော့ အဲ့ကောင်မလေး ဟိုနေ့က အစည်းအဝေး လုပ်နေတုန်း ရောက်လာတာ. . 

ဆရာအော်ထုတ်တဲ့ ပုံစံက ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာတွေ နားထိပ်တွေတောင် နီနေတယ်"

'မဟုတ်တာကွာ. .' မာတင်က ခေါင်းခါခါ လည်ခါခါဖြင့် ပြန်ဖြေရှင်းရာ


"ဘာမဟုတ်ရမှာလဲ. .ဆရာက အသားဖြူတော့ ပရိုဂျက်တာ မီးနဲ့ကျ အတိုင်းသား ပေါ်နေတာ"


မာတင်က စိုးရိမ်သော မျက်နှာချက်ချင်းပြောင်းသွားပြီး ကိုရဲကို ပြူးကြည့်ကာ


'တကယ်လား. . အဲလောက်တောင် သိသာသွားလား တခြားသူတွေရော သတိထားမိသွားသေးလား'


ကိုရဲက အောင်နိူင်သူ အပြုံးဖြင့် ခေါင်းခါရမ်းရင်း


"ကဲ ပြောပါအုံး ဆရာသမား. . ကျွန်တော် ပြောတာ မဟုတ်လို့လား"


မာတင်က ဆေးလိပ်ငွေ့တွေ ရှုထုတ်လိုက်ပြီး ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ 

ဘာမှ ဆက်မပြောတော့. . .။ 

ထို့ကြောင့် ကိုရဲက မာတင်၏ ခွက်ကို နောက်ထပ်ဖြည့်ပေးလိုက်ရင်း ထပ်လော်ဘီလုပ်ပြန်သည်။

ကိုရဲ : "ကျွန်တော်နားမလည်နိုင်တာတော့ အမှန်ဘဲ။ ဆရာ အဲ့ကောင်မလေးကို နောက်ကွယ်ကနေ တောက်လျှောက်ကူညီနေပြီး။ ရှေ့တင်မှာဆို ရင့်ရင့်သီးသီးတွေ ဆက်ဆံတယ်။ 

တကယ်လို့ သူ့ကို ကိုယ်က စိတ်ရင်းနဲ့ အကူအညီပေးတယ် ဆိုရင်လည်း ကိုယ့်စေတနာတွေကို သူပွင့်ပွင့်လင်းလင်း သိသွားရင် ပိုမကောင်းဘူးလား။ ပြီးမှ ဘာလို့ မသိအောင် ပြန်အုပ်နေတာလဲ အာစိရာ. . ."

ကိုရဲ ထပ်မံ ကမ်းပေးလိုက်သော ဆေးလိပ်ကိုယူ၍ မီးညှိ့လိုက်သည်။ ဆေးလိပ်အသစ်ကို ထပ်ဖွာလိုက်ရင်း. . .


'ဒီကိစ္စက ဇာတ်လမ်းအရှည်ကြီးပဲ ကိုရဲ. . . ခင်ဗျားကို ပြောရင် ယုံမှာ မဟုတ်ဘူး'


ကိုရဲက မျက်လုံးတွေ အရောင်လက်သွားပြီး မာတင်၏ ခွက်ထဲကို အရက်ထပ်ဖြည့်လိုက်သည်။


"ချပါအုံး ဆရာ. . . ချီးယားစ်. ."


မာတင်က ခေါင်းညှိမ့်ပြကာ ဖန်ခွက်ခြင်းတိုက်ပြီး ခွက်ကို အကုန်မော့ချလိုက်သည်။ ထို့နောက် စကား အေးအေးလေးဖြင့် စပြောလာသည်။


"အခုနောက်ပိုင်း စိတ်ရောဂါပညာရှင်တွေ စိတ်ရောဂါ အထူးကုဆရာဝန်တွေနဲ့ တွေ့နေရတာကရော ဘာဖြစ်လို့လဲ ဆရာ. .။ 

ဆရာ မဟုတ်မှလွဲရော စီစီလျာကြောင့် အရမ်းစိတ်ဖိစီးမှု များနေရတာလား"

မာတင် : 'အဲလောက်ထိ မရိုးရှင်းဘူး ကိုရဲရဲ့'


>>ဆရာ့အတွက်က မရိုးရှင်းပေမယ့် ကျွန်တော့်အတွက်က ရိုးရှင်းတယ်ဆရာရဲ့။ 

ဆရာက စီစီလျာကို ဖုန်းမဆက် အဖတ်မလုပ်တော့. . ဟိုမိန်းမကြီးက ကျွန်တော့်ဆီ ညရော မနက်ရော ဖုန်းတွေဆက်. .. 

ဆရာ့ရဲ့ တစ်နေ့တာ အချိန်စာရင်းတွေမေး. . .

စစ်လား ဆေးလား မေးလား မြန်းလားနဲ့ ကျွန်တော့်မှာ အလကားနေရင်း အမှုစစ်ခံနေရသလိုပဲ။ 

ရှေ့စကားနဲ့ နောက်စကားနဲ့ ဖြေတာကလည်း ညီအုံးမှနော်. . 

ဒီကြားထဲ အခြေအနေ တခုခုပြောင်းသွားလို့ မနက်က ဖြေတာနဲ့ ညဖြေတာနဲ့ လွဲသွားရင် ကျွန်တော့်ကို ဝုန်းသေးတာ. . ။ 

ဆရာတော့ စိတ်ဖိစီးမစီး မသိဘူး။ ကျွန်တော်တော့ အရမ်းစိတ်ဖိစီးရတယ် အာစိရယ်. . .။ 

တကယ် ဆိုက်ကို သရပီယူသင့်တာ ကျွန်တော်ပါ။<<

(T-T) 

စိတ်ထဲမှ ကြိတ်ငိုလျှက်. . .

"ဆရာ. . .တကယ်လို့ ကျွန်တော့်ကို ပြောပြလို့ရရင် ပြောပြပါလား။"

နောက်ထပ် ဆေးလိပ်တစ်ဖွာ ထပ်ဖွာလိုက်ပြီးနောက်. ..


'ပြောလည်း ခင်ဗျားယုံမှာ မဟုတ်ဘူး။'


"ဟာ. . မဟုတ်တာ ဆရာပြောတာ ကျွန်တော်ယုံတာပေါ့။ ဆရာက ပေါက်ကရပြောမယ့်လူမှ မဟုတ်တာ. .။ ဆရာ့အခက်အခဲကို ကျွန်တော် သိရရင်တော့ ဝိုင်းကူဖြေရှင်းပေးလို့ ရတာပေါ့"


မာတင် : 'ကိုရဲ၊ အဲ့ဒိ အရောင်းစာရေးမ အသစ်လေးတွေနဲ့ ကျွန်တော်တို့ Mall (ကုန်တိုက်) ထဲက Escalator(စက်လှေကား) အဆင်းအတက်မှာ မျက်နှာချင်းဆိုင် စတွေ့တဲ့ နေ့ကို မှတ်မိလား။ 

ကျွန်တော်တောင် သူ့ကို ၂ခါပြန် လိုက်ကြည့်လို့ ခင်ဗျားခုနက ပြောနေသေးတယ်လေ။ ဒီနှစ် အသစ်ခန့်တဲ့ Sales Girl လေးတွေကို အကုန် အလန်းလေးတွေပဲ ရွေးထားတာ ဆိုပြီးတော့'

ကိုရဲ : "အော် အဲဒါ သူတို့ စစရောက်ချင်း ဝန်ထမ်းကဒ်တွေ လာထုတ်တဲ့နေ့လေ အဖွဲ့လိုက်ကြီး တက်သွားတာ"


မာတင် : 'ဟုတ်တယ်။ သူ့ကို စစတွေ့တဲ့ နေ့ကတည်းကစပြီး သူ့အကြောင်း အိမ်မက်မက်တယ်။ 

ဘယ်လိုမျိုးလဲဆို . . .

တော်ပါပြီ ဆက်မပြောချင်တော့ပါဘူး'

"ဟာ. . မဟုတ်တာ ဆရာကလည်း 

အိမ်မက်ပဲ မက်ချင်ရာမက်မှာပေါ့. . ဘာမှမဖြစ်ပါဘူး ကျွန်တော့်ကို ပြောပြလို့ ရပါတယ်. .။ 

ကျွန်တော့်ကို ပြောပြလိုက်လို့ ဆရာ့ရင်ထဲ ပေါ့သွားတော့ ကောင်းတာပေါ့"

မာတင်က သက်ပြင်းအရှည်ကြီးချလိုက်တယ်. . ပြီးမှ. .


'အစက ကျွန်တော်လည်း ခင်ဗျားပြောသလို အိမ်မက်ပဲ စိတ်ဆွဲမိ ဆွဲရာ မက်တယ်ထင်တာပေါ့။ နောက်နေ့ကျတော့ အိမ်မက် ထပ်မမက်တော့ပါဘူး။ 

ဒါပေမယ့် တိုက်ဆိုင်တာလေးက အဲ့ကောင်မလေးကို ရှော့ပင်းမောထဲမှာ တွေ့မိတဲ့ နေ့တိုင်း ညရောက်ရင် အိမ်မက်မက်တယ်။ 

အိမ်မက်က ရှေးခေတ်ကလိုမျိုးပဲဗျာ. . 

ဘုရင်တွေ မိဖုရားတွေ ခေတ်ပေါ့။ ကျွန်တော်လည်း သိပ်အဲတာတွေ ခေါင်းထဲမထည့်မိပါဘူး။ ဒါပေမယ့် အိမ်မက်က အခန်းဆက် ဝတ္တုရှည်လိုပဲ. .။ အဲလိုတွေ အိမ်မက်မက်ရင် မနက်ဆို ၄ခွဲ ၅ လောက်ဆို အစောကြီး နိူးနိူးလာရော. . .

အဲလိုနဲ့ သူ့ကို တွေ့လိုက် အိမ်မက်မက်လိုက်နဲ့ အိမ်မက်က ဇာတ်ရှိန်တက်လာတာ နောက်ဆုံး အိမ်မက်ထဲမှာ ငါက သူ့ကို မုဒိန်းကျင့်လိုက်တယ်' . . .


မာတင်က သူ့မျက်နှာကို လက်ဖဝါးနှင့် အုပ်လျှက်ရယ်သည်။ ကိုရဲက မျက်လုံးကြီးပြူးသွားပြီး .


"ဟာ. . "

နှစ်ယောက်စလုံး ရယ်ကျဲကျဲဖြစ်သွားကြပြီးနောက်

"အာစိ ဟာဗျာ . အဲ့ဒါတော့ တော်တော်များသွားပြီ . ဟား. . ဟား"


လက်ကာပြပြီး ခေါင်းခါလျှက်. .


မာတင် : 'ခင်ဗျား ကျုပ်ကို နှာဘူးလို့ ထင်ရင်လည်း ထင်ဗျာ။ ဒါပေမယ့် ဆုံးအောင် နားထောင်ပေး။ 

အစက ကျွန်တော်လည်း စိတ်စွဲလို့ အိမ်မက်မက်တယ် ထင်တာ။ 

နောက်ပိုင်း အဲလိုတွေမက်ပြီးတော့ အလှကုန် ကောင်တာတွေဘက်မှာ သူကျွန်တော့်ကို မင်္ဂလာပါ ဆိုပြီး နူတ်ဆက်တယ်။ 

ကျွန်တော်လည်း ညကလေးတင် အိမ်မက်ထဲ မကောင်းတာတွေ မက်ထားတော့ မျက်နှာပူပြီး၊ မသိချင်ယောင်ဆောင် နေလိုက်တယ်။ 

သူ့မျက်နှာကို ထပ်မမှတ်မိချင်လို့၊ ဒါပေမယ့် မရဘူး၊ အဲ့ဒီ့ည သူ့ကိုမြင်ပြီးတော့ ထပ်မက်ပြန်တယ်။ အရင်အိမ်မက်က တကယ်ဖြစ်နေသလို ပိုတောင်မှ ပြတ်ပြတ်သားသား ထင်ထင်ရှားရှားကြီး ဖြစ်လာတယ်။'

"ဟာ.. ."


မာတင် : 'အိမ်မက်က အပြင်မှာ ဖြစ်နေသလိုကို တကယ်ခံစားရတာ. . .

အဲတော့ နောက် သူ့ကိုမြင်ရင် စိတ်ထဲမှာ အိမ်မက်ထဲက ကိစ္စတွေ တွေးမိတယ်။ အလုပ်ကို သေချာအာရုံမစိုက်နိုင်တော့ဘူး။ 

အဲဒါကြောင့် သူ့ကိုမြင်ရင် စိတ်တိုတာ အော်လွှတ်တာ။ 

အဲတာကြောင့်ပဲ ကျွန်တော်သူ့ကို မမြင်ရနိုင်တဲ့ Admin ရုံးခန်းထဲ ထည့်ပစ်လိုက်တာလေ'

"ပေါက်ပြီ ဆရာ.. .ကျွန်တော် အခုမှပဲ ဇာတ်ရည်လည်တော့တယ်"


'ဟုတ်တယ် အဲလို စိတ်ဂယောင်ချောက်ခြား ပေါက်ကရအိမ်မက်တွေ မက်လာလို့ ကျွန်တော် ဆရာဝန် ပေါင်းစုံနဲ့ လိုက်ပြနေတာ. . 

ဒါပေမယ့် ကျွန်တော်စိတ်ကျေနပ်အောင် သူတို့တွေ မကုပေးနိုင်ဘူး။ တစ်ယောက်ဆို ကျွန်တော့်ကို မိန်းမယူပါလားလို့ အကြံတောင် ပေးလိုက်သေးတယ်။'

"အင်း . . သူပြောတာလဲ ဟုတ်တာပဲ။"


'ဟာ .. ခင်ဗျားကလည်း မသိရင် ကျွန်တော်က မယားတရူးရူးနေတာ ကျနေတာပဲ. .'


>>ဟုတ်ရင် ဟုတ်မှာပေါ့<<


"ကျွန်တော် ဆိုလိုတာ ဒီလိုသဘောမဟုတ်ဘူးလေ ဆရာရဲ့. .။ ဒါပေမယ့် ကြည့်ရတာ ဆရာ့ရဲ့ မသိစိတ်ထဲမှာ အဲ့ကောင်မလေးကို စွဲလန်းနေတယ်ဆိုတာကတော့ ကြိမ်းသေနေတဲ့ ဥစ္စာ. .။ 

အဲတာကြောင့် ကျွန်တော် အကြံပေးရရင် ဆရာရယ် ပျော်သလောက် တွဲကြည့်လိုက်ပေါ့. .

ဆရာ့လို အခြေအနေနဲ့လူမျိုးက ဒီလိုကောင်မလေးတစ်ယောက်ကို လွယ်လွယ်လေး ကောက်တွဲလိုက်လို့ရတာပဲ။"

မာတင်က ခေါင်းခါသည်။


"ဘာလဲ မစီစီလျာ ပြန်သိသွားမှာ စိုးလို့လား။ ဘာမှစိတ်မပူနဲ့ဆရာ အဲ့ကိစ္စကို ကျွန်တော့်တာဝန် ထားလိုက်စမ်းပါ။ ကျွန်တော်က အရင်ထဲက မိန်းကလေးကိစ္စ အများကြီး အတွေ့အကြုံရှိပြီးသားပါ။ 

ဆရာနဲ့ မစီစီလျာနဲ့ရဲ့ မင်္ဂလာပွဲလည်း မပျက်စေရပါဘူး"

'မဟုတ်ဘူးဗျ. ကျွန်တော်က အဲ့အိမ်မက်တွေထဲမှာ တော်တော်မကောင်းတဲ့သူ။ အဲ့ဒါကြောင့် အခုအပြင်မှာ တတ်နိုင်သမျှ အဲလို အပျော်တွဲတာလိုမျိုး ကျွန်တော့် စိတ်ဖြေဖို့ သူ့ကို အသုံးချတာမျိုး မလုပ်ချင်ဘူး။ 

သူ့ကိုတွေ့လိုက်ရင်တောင် ကိုယ့်ဘာကိုယ် အပြစ်ရှိသလိုခံစားနေရတယ် 

ဖြစ်ချင်တာက သူ့ကို အကောင်းဆုံးတွေချည်းပဲ ပေးချင်တာ။ 

ဒါပေမယ့် အပြင်မှာက သူနဲ့ကျွန်တော် ပြဒါးတလမ်း သံတလမ်းဖြစ်နေတာလေ. . 

အဲလို ကိုယ့်ကိုကိုယ် မလုံတဲ့စိတ်ကြောင့် သူ့ကို နောက်ကွယ်ကနေပဲ အကူအညီ ပေးချင်မိတာ. . 

ဟိုစီစီလျာဆိုတဲ့ မိန်းမနဲ့ ဘာကြောင့်မှ မဆိုင်ဘူး'

မာတင်လည်း စိတ်ထဲကတွေးပြန်သည်။


>>ဟုတ်တယ်. . အဲ့ဒီ့ ဆုဆုဝေဆိုတဲ့ ကောင်မလေးလောက်တောင် စီစီလျာ့ကိစ္စက အာရုံမလာဘူး။ စီစီလျာဆိုတာက ကျွန်တော့်အတွက် တကယ့်သေးသေးလေးဆိုမှ သေးသေးလေးပါ။ 


အစကတော့ US ပရောဂျက်ကြောင့် စီစီလျာနဲ့ စေ့စပ်ဖို့ကို အရမ်း ဦးစားပေးခဲ့တယ်။ ဒါကလည်း ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုလုံးရဲ့ ရှယ်ယာတွေ ဈေးတက်လာအောင် နှစ်ဦးသဘောတူ တိုင်ပင်ပြီး စီစဉ်ခဲ့ကြတဲ့ ကိစ္စ။ 

အဲ့အချိန်တုန်းက ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့်အိတ်ထဲကပိုက်ဆံတွေ တစ်ဆကနေ နှစ်ဆ ပွားလာဖို့ကိုပဲ သိတယ်။ ကျန်တဲ့ အချစ်တွေ စိတ်ခံစားချက်တွေက အရေးမပါခဲ့ဘူး။

ဒါပေမယ့် အခု ဒီကောင်မလေးနဲ့ တွေ့ပြီးတဲ့နောက် စိတ်ခံစားချက်က အရေးကြီးတယ်ဆိုတာ သိလာခဲ့တယ်။ 

ဒီလို ဘာမဟုတ်တဲ့ ကောင်မလေးတစ်ယောက်ကတောင် ကျွန်တော့် စိတ်ကို လှုပ်ရှားအောင် လုပ်နိုင်ပြီး တကယ်ယူမယ်လို့ ကြံထားတဲ့ စီစီလျာအပေါ်မှာ ဘာမှခံစားချက် ဖြစ်မလာဘူး ဆိုတာက မဖြစ်သင့်သေးဘူး။ အဲ့ကောင်မလေးနဲ့ပတ်သက်ရင် ဖြစ်လာတဲ့ ပြဿနာတွေက စီစီလျာနဲ့ ဘယ်လိုမှတောင် နိူင်းယှဉ်လို့ မရဘူး။

ကျွန်တော် စီစီလျာကို မချစ်ဘဲနဲ့ လက်မထပ်ချင်တော့ဘူး။ ယုတ်စွအဆုံးပြောရရင် စီစီလျာနဲ့ လက်ထပ်ပွဲပျက်ပြီး US ပရောဂျက်ပျက်သွားရလည်း မမှုဘူး။<<


ကိုရဲက ရယ်ကျဲကျဲဖြင့် "နားလည်ပါပြီဆရာ . .။ အခုဖြစ်နေတဲ့ ကိစ္စအတွက် ကျွန်တော့်အမြင်ကိုလည်း ပြောပြချင်ပါတယ်။.. ဆရာ ရေစက်ဆိုတာကို ယုံလားမသိဘူး"


>>ကျွန်တော် . .မာတင်ရန်း၏ ဘ၀ တစ်သက်မှာ ဘယ်တုန်းကမှ ကံကြမ္မာဆိုတာတွေ ရေစက်ဆိုတာတွေကို အယုံအကြည်မရှိဖူးပါ။ လူဆိုတာ ကိုယ်လုပ်မှ ကိုယ်ရတာချည်းပဲ။ ကံဆိုတာ အလုပ်ပဲ။ ကံကိုယုံပြီး ဆူးပုံမနင်းရဆိုတဲ့ စကားပုံကို လက်ကိုင်ထားပြီး အမြဲတမ်း လက်တွေ့ကျကျ logic ဆန်ဆန်ပဲ တွေးတောခဲ့တယ်။ 

ဒါပေမယ့် ဒီတစ်ခါတော့<<

လက်ကျန်ဝီစကီလေး တစ်ပတ်ကို မော့လိုက်ပြီး

'ကျွန်တော် ယုံပါတယ်'


♥♥♥


= = = = =


Zaw Gyi Version


စိတ္ေရာဂါအထူးကု ေဆးခန္းမွ မာတင္က ျပန္ထြက္လာသည္။


အလိုမက်ႏိုင္ေသာ မ်က္ႏွာျဖင့္ ကားထဲသို႔ဝင္ကာ ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္သည္။


ကားအေရွ႕ခန္းတြင္ ဒ႐ိုက္ဘာ ေဘးမွာထိုင္ေနေသာ ကိုရဲက မာတင္၏မ်က္ႏွာေပၚက စိတ္အလိုမက်မႈမ်ားကို ေနာက္ၾကည့္မွန္ကေန တဆင့္ လွမ္းျမင္လိုက္မိသည္။


မာတင္၏ နက္က္တိုင္ႀကိဳးကို လက္တစ္ဖက္ထဲျဖင့္ ဆြဲျဖည္ေနရင္း


"ကိုရဲေရ ကြၽန္ေတာ့္ကို ေနာက္ထပ္ ဆရာဝန္တစ္ေယာက္ ရွာေပးပါ". . . .


'ဟုတ္ကဲ့ဆရာ'


>>ထင္တဲ့အတိုင္းပဲ . . ဒီေဒါက္တာကိုလည္း မေက်နပ္ဘူးထင္တယ္. .။ ရွိသမွ် အေတာ္ဆုံး အထူးကု ဆရာဝန္ေတြကိုလည္း လိုက္ျပေနတာပဲ.။ သူတကယ္ပဲ အ႐ူးေရာဂါ ရွိေနလို႔မ်ားလား. ။<<


'ဆရာ . . အခု အိမ္တန္းျပန္ေတာ့မွာလား. .။ ဒီေန႔ ေအာက္တိုဘာဖက္စ္ ရွိတယ္ဆရာ . .Area 51 ဘားမွာ ကြၽန္ေတာ္တို႔ေတြ VIP card ရထားတယ္. . ဆရာအဲတာ သြားခ်င္မလားလို႔'


"ဘယ္မွ မသြားခ်င္ဘူးကြာ . . ငါအရမ္းစိတ္ရႈပ္ေနတယ္ အိမ္ျပန္မယ္. . ဘားေတြဆို လူေတြ ရႈပ္ရႈပ္ရွပ္ရွပ္ေတြနဲ႔"


စိတ္ဓါတ္က်ေနေသာ ေလသံျဖင့္ ေျပာေလသည္။


'ေၾသာ္မဟုတ္တာ ဆရာကလဲ. . ဆရာလည္း အခုတေလာ အလုပ္ေတြမ်ားေနတာ ဆိုေတာ့ နည္းနည္းပါးပါးေလာက္ ေသာက္ၿပီး စကားေလးဘာေလး အပ်င္းေျပ ေျပာၾကရင္ စိတ္ဖိစီးမႈေတြ ေလ်ာ့သြားၿပီး. . ဆရာမ်ား စိတ္ၾကည္သြားေလမလားလို႔ . .။


ဒီလိုလုပ္ပါလား. . အဲ့ဒီ့ကို မသြားလည္း ကြၽန္ေတာ္တို႔ ၂ ေယာက္ထဲ ေအးေဆး ထိုင္ေသာက္လို႔ရတဲ့ ေနရာေလး တစ္ခုခုေလာက္ သြားၾကမလား ဆရာ. . '


မာတင္က ေလသံေပ်ာ့ေပ်ာ့ေလးျဖင့္ ျပန္ေျဖသည္။


"လုပ္လိုက္ေလ. . ကိုရဲ အဆင္ေျပမယ္ထင္တဲ့ ေနရာတစ္ခုခုဆီသာ သြားပါ"


= = =


ဘားဆိုင္ထဲတြင္ သီခ်င္းမ်ားက ျမဴးျမဴးႂကြႂကြ . . . . .


>>>> PSY: DADDY <<<<


ေသာၾကာေန႔ညမို႔ လူက တျဖည္းျဖည္းက်လာသည္။ သို႔ေသာ္ သစၥာရွိ ဝိတ္တာမ်ားက မာတင့္အတြက္ေတာ့ VVIP ခန္းကို အၿမဲခ်န္ထားေပးၿပီးသားပါ။


Dalmore ဝီစကီ ၅ပတ္ေလာက္ ေသာက္အၿပီးမွာ ကိုရဲ အနည္းငယ္ သတၱိရွိလာသည္။


ကိုရဲက အရက္မူးလာရင္ စကားမ်ားတတ္သူျဖစ္သည္။ မာတင္က ေဘးမွာ ဘာစကားမွ မေျပာပဲ စီးကရက္ကို ႐ိူက္ဖြာေနသည္။


ကိုရဲ : "ဆရာ. . ဆရာ အခုတေလာ ဘာေတြ စိတ္ေတြ တအားဖိစီးေနရတာလဲ. .. ပေရာဂ်က္ အသစ္ေၾကာင့္လား၊ လက္ထပ္ဖို႔ကိစၥေၾကာင့္လား. . ဒါမွမဟုတ္ ဟိုေကာင္မေလးေၾကာင့္လား။"


မာတင္ : 'ဟာ.. .ဘယ္က ဟိုေကာင္မေလးလဲ. .မင္းဘာေတြ ေလွ်ာက္ေျပာေနတာလဲ. .ငါက ဘယ္သူ႔ကိစၥ ဘာျဖစ္ရမွာလဲ'


>သူျငင္းၿပီဆို လုံးဝေသခ်ာသြားၿပီ.<


"မသိပါဘူး ဆရာရယ္. . . ဆရာ ခုတေလာ ဟို ဆုဆုေဝဆိုတဲ့ ခ်ာတိတ္မေလးနဲ႔ ေတြ႕လိုက္ရင္ sensitive ျဖစ္သလားလို႔. . ေကာင္မေလးက ဆရာနဲ႔ ဓါတ္မတည့္ဘူးထင္တယ္"


'အဲလို ဓါတ္မတည့္တာေတာ့ မဟုတ္ပါဘူး' (ၿပဳံးလွ်က္ျပန္ေျဖသည္)


ကိုရဲက ႏူတ္ခမ္းေစ့ကာ မာတင္ကို ေသခ်ာၾကည့္လိုက္ၿပီး


"ကြၽန္ေတာ့္အထင္ေျပာရရင္ . . ဆရာ အဲ့ေကာင္မေလးကို ႀကိဳက္ေနတာ မွတ္လား. ."


' ႀကိဳက္ရမယ္. . .ငါက. ?

ဟားဟ့. ..

ကိုရဲ မင္းဘာေတြ လာေျပာေနတာလဲ။

ကြၽန္ေတာ့္မွာ အဲဒါမ်ိဳး လူတစ္ေယာက္ထဲကို အတည္တက် ခ်စ္တာႀကိဳက္တာမ်ိဳးလဲ ဘယ္တုန္းကမွ မရွိဖူးပါဘူး။ ခင္ဗ်ား အသိဆုံးပါ။'

"ဟာ. . အဲလို အသိဆုံးမို႔ ေျပာတာေလ အာစိရဲ႕. . ဆရာသူ႔ကို စစေတြ႕ခ်င္းတုန္းက ၂ ခါျပန္ေတာင္ လွည့္ၾကည့္တာ ကြၽန္ေတာ္သတိထားမိတယ္။ ၿပီးေတာ့ အဲ့ေကာင္မေလး ဟိုေန႔က အစည္းအေဝး လုပ္ေနတုန္း ေရာက္လာတာ. . ဆရာေအာ္ထုတ္တဲ့ ပုံစံက ရွက္ကိုးရွက္ကန္းနဲ႔ မ်က္ႏွာေတြ နားထိပ္ေတြေတာင္ နီေနတယ္"


'မဟုတ္တာကြာ. .' မာတင္က ေခါင္းခါခါ လည္ခါခါျဖင့္ ျပန္ေျဖရွင္းရာ


"ဘာမဟုတ္ရမွာလဲ. .ဆရာက အသားျဖဴေတာ့ ပ႐ိုဂ်က္တာ မီးနဲ႔က် အတိုင္းသား ေပၚေနတာ"


မာတင္က စိုးရိမ္ေသာ မ်က္ႏွာခ်က္ခ်င္းေျပာင္းသြားၿပီး ကိုရဲကို ျပဴးၾကည့္ကာ


'တကယ္လား. . အဲေလာက္ေတာင္ သိသာသြားလား တျခားသူေတြေရာ သတိထားမိသြားေသးလား'


ကိုရဲက ေအာင္ႏိူင္သူ အၿပဳံးျဖင့္ ေခါင္းခါရမ္းရင္း


"ကဲ ေျပာပါအုံး ဆရာသမား. . ကြၽန္ေတာ္ ေျပာတာ မဟုတ္လို႔လား"

မာတင္က ေဆးလိပ္ေငြ႕ေတြ ရႈထုတ္လိုက္ၿပီး ျပန္လည္တိတ္ဆိတ္သြားျပန္သည္။

ဘာမွ ဆက္မေျပာေတာ့. . .။

ထို႔ေၾကာင့္ ကိုရဲက မာတင္၏ ခြက္ကို ေနာက္ထပ္ျဖည့္ေပးလိုက္ရင္း ထပ္ေလာ္ဘီလုပ္ျပန္သည္။


ကိုရဲ : "ကြၽန္ေတာ္နားမလည္ႏိုင္တာေတာ့ အမွန္ဘဲ။ ဆရာ အဲ့ေကာင္မေလးကို ေနာက္ကြယ္ကေန ေတာက္ေလွ်ာက္ကူညီေနၿပီး။ ေရွ႕တင္မွာဆို ရင့္ရင့္သီးသီးေတြ ဆက္ဆံတယ္။

တကယ္လို႔ သူ႔ကို ကိုယ္က စိတ္ရင္းနဲ႔ အကူအညီေပးတယ္ ဆိုရင္လည္း ကိုယ့္ေစတနာေတြကို သူပြင့္ပြင့္လင္းလင္း သိသြားရင္ ပိုမေကာင္းဘူးလား။ ၿပီးမွ ဘာလို႔ မသိေအာင္ ျပန္အုပ္ေနတာလဲ အာစိရာ. . ."

ကိုရဲ ထပ္မံ ကမ္းေပးလိုက္ေသာ ေဆးလိပ္ကိုယူ၍ မီးညႇိ႔လိုက္သည္။ ေဆးလိပ္အသစ္ကို ထပ္ဖြာလိုက္ရင္း. . .


'ဒီကိစၥက ဇာတ္လမ္းအရွည္ႀကီးပဲ ကိုရဲ. . . ခင္ဗ်ားကို ေျပာရင္ ယုံမွာ မဟုတ္ဘူး'


ကိုရဲက မ်က္လုံးေတြ အေရာင္လက္သြားၿပီး မာတင္၏ ခြက္ထဲကို အရက္ထပ္ျဖည့္လိုက္သည္။


"ခ်ပါအုံး ဆရာ. . . ခ်ီးယားစ္. ."


မာတင္က ေခါင္းညႇိမ့္ျပကာ ဖန္ခြက္ျခင္းတိုက္ၿပီး ခြက္ကို အကုန္ေမာ့ခ်လိုက္သည္။ ထို႔ေနာက္ စကား ေအးေအးေလးျဖင့္ စေျပာလာသည္။


"အခုေနာက္ပိုင္း စိတ္ေရာဂါပညာရွင္ေတြ စိတ္ေရာဂါ အထူးကုဆရာဝန္ေတြနဲ႔ ေတြ႕ေနရတာကေရာ ဘာျဖစ္လို႔လဲ ဆရာ. .။ ဆရာ မဟုတ္မွလြဲေရာ စီစီလ်ာေၾကာင့္ အရမ္းစိတ္ဖိစီးမႈ မ်ားေနရတာလား"


မာတင္ : 'အဲေလာက္ထိ မ႐ိုးရွင္းဘူး ကိုရဲရဲ႕'


>>ဆရာ့အတြက္က မ႐ိုးရွင္းေပမယ့္ ကြၽန္ေတာ့္အတြက္က ႐ိုးရွင္းတယ္ဆရာရဲ႕။ ဆရာက စီစီလ်ာကို ဖုန္းမဆက္ အဖတ္မလုပ္ေတာ့. . ဟိုမိန္းမႀကီးက ကြၽန္ေတာ့္ဆီ ညေရာ မနက္ေရာ ဖုန္းေတြဆက္. .. ဆရာ့ရဲ႕ တစ္ေန႔တာ အခ်ိန္စာရင္းေတြေမး. . .စစ္လား ေဆးလား ေမးလား ျမန္းလားနဲ႔ ကြၽန္ေတာ့္မွာ အလကားေနရင္း အမႈစစ္ခံေနရသလိုပဲ။ ေရွ႕စကားနဲ႔ ေနာက္စကားနဲ႔ ေျဖတာကလည္း ညီအုံးမွေနာ္. . ဒီၾကားထဲ အေျခအေန တခုခုေျပာင္းသြားလို႔ မနက္က ေျဖတာနဲ႔ ညေျဖတာနဲ႔ လြဲသြားရင္ ကြၽန္ေတာ့္ကို ဝုန္းေသးတာ. . ။ ဆရာေတာ့ စိတ္ဖိစီးမစီး မသိဘူး။ ကြၽန္ေတာ္ေတာ့ အရမ္းစိတ္ဖိစီးရတယ္ အာစိရယ္. . .။ တကယ္ ဆိုက္ကို သရပီယူသင့္တာ ကြၽန္ေတာ္ပါ။<<


(T-T)


စိတ္ထဲမွ ႀကိတ္ငိုလွ်က္. . .


"ဆရာ. . .တကယ္လို႔ ကြၽန္ေတာ့္ကို ေျပာျပလို႔ရရင္ ေျပာျပပါလား။"


ေနာက္ထပ္ ေဆးလိပ္တစ္ဖြာ ထပ္ဖြာလိုက္ၿပီးေနာက္. ..'ေျပာလည္း ခင္ဗ်ားယုံမွာ မဟုတ္ဘူး။'


"ဟာ. . မဟုတ္တာ ဆရာေျပာတာ ကြၽန္ေတာ္ယုံတာေပါ့။ ဆရာက ေပါက္ကရေျပာမယ့္လူမွ မဟုတ္တာ. .။ ဆရာ့အခက္အခဲကို ကြၽန္ေတာ္ သိရရင္ေတာ့ ဝိုင္းကူေျဖရွင္းေပးလို႔ ရတာေပါ့"


မာတင္ : 'ကိုရဲ၊ အဲ့ဒိ အေရာင္းစာေရးမ အသစ္ေလးေတြနဲ႔ ကြၽန္ေတာ္တို႔ Mall (ကုန္တိုက္) ထဲက Escalator(စက္ေလွကား) အဆင္းအတက္မွာ မ်က္ႏွာခ်င္းဆိုင္ စေတြ႕တဲ့ ေန႔ကို မွတ္မိလား။ ကြၽန္ေတာ္ေတာင္ သူ႔ကို ၂ခါျပန္ လိုက္ၾကည့္လို႔ ခင္ဗ်ားခုနက ေျပာေနေသးတယ္ေလ။ ဒီႏွစ္ အသစ္ခန႔္တဲ့ Sales Girl ေလးေတြကို အကုန္ အလန္းေလးေတြပဲ ေ႐ြးထားတာ ဆိုၿပီးေတာ့'


ကိုရဲ : "ေအာ္ အဲဒါ သူတို႔ စစေရာက္ခ်င္း ဝန္ထမ္းကဒ္ေတြ လာထုတ္တဲ့ေန႔ေလ အဖြဲ႕လိုက္ႀကီး တက္သြားတာ"


မာတင္ : 'ဟုတ္တယ္။ သူ႔ကို စစေတြ႕တဲ့ ေန႔ကတည္းကစၿပီး သူ႔အေၾကာင္း အိမ္မက္မက္တယ္။ ဘယ္လိုမ်ိဳးလဲဆို . . .ေတာ္ပါၿပီ ဆက္မေျပာခ်င္ေတာ့ပါဘူး'


"ဟာ. . မဟုတ္တာ ဆရာကလည္း အိမ္မက္ပဲ မက္ခ်င္ရာမက္မွာေပါ့. . ဘာမွမျဖစ္ပါဘူး ကြၽန္ေတာ့္ကို ေျပာျပလို႔ ရပါတယ္. .။ ကြၽန္ေတာ့္ကို ေျပာျပလိုက္လို႔ ဆရာ့ရင္ထဲ ေပါ့သြားေတာ့ ေကာင္းတာေပါ့"


မာတင္က သက္ျပင္းအရွည္ႀကီးခ်လိုက္တယ္. . ၿပီးမွ. .'အစက ကြၽန္ေတာ္လည္း ခင္ဗ်ားေျပာသလို အိမ္မက္ပဲ စိတ္ဆြဲမိ ဆြဲရာ မက္တယ္ထင္တာေပါ့။ ေနာက္ေန႔က်ေတာ့ အိမ္မက္ ထပ္မမက္ေတာ့ပါဘူး။ ဒါေပမယ့္ တိုက္ဆိုင္တာေလးက အဲ့ေကာင္မေလးကို ေရွာ့ပင္းေမာထဲမွာ ေတြ႕မိတဲ့ ေန႔တိုင္း ညေရာက္ရင္ အိမ္မက္မက္တယ္။ အိမ္မက္က ေရွးေခတ္ကလိုမ်ိဳးပဲဗ်ာ. . ဘုရင္ေတြ မိဖုရားေတြ ေခတ္ေပါ့။ ကြၽန္ေတာ္လည္း သိပ္အဲတာေတြ ေခါင္းထဲမထည့္မိပါဘူး။ ဒါေပမယ့္ အိမ္မက္က အခန္းဆက္ ဝတၱဳရွည္လိုပဲ. .။ အဲလိုေတြ အိမ္မက္မက္ရင္ မနက္ဆို ၄ခြဲ ၅ ေလာက္ဆို အေစာႀကီး ႏိူးႏိူးလာေရာ. . .အဲလိုနဲ႔ သူ႔ကို ေတြ႕လိုက္ အိမ္မက္မက္လိုက္နဲ႔ အိမ္မက္က ဇာတ္ရွိန္တက္လာတာ ေနာက္ဆုံး အိမ္မက္ထဲမွာ ငါက သူ႔ကို မုဒိန္းက်င့္လိုက္တယ္' . . .


မာတင္က သူ႔မ်က္ႏွာကို လက္ဖဝါးႏွင့္ အုပ္လွ်က္ရယ္သည္။ ကိုရဲက မ်က္လုံးႀကီးျပဴးသြားၿပီး .


"ဟာ. . "


ႏွစ္ေယာက္စလုံး ရယ္က်ဲက်ဲျဖစ္သြားၾကၿပီးေနာက္"အာစိ ဟာဗ်ာ . အဲ့ဒါေတာ့ ေတာ္ေတာ္မ်ားသြားၿပီ . ဟား. . ဟား"


လက္ကာျပၿပီး ေခါင္းခါလွ်က္. .မာတင္ : 'ခင္ဗ်ား က်ဳပ္ကို ႏွာဘူးလို႔ ထင္ရင္လည္း ထင္ဗ်ာ။ ဒါေပမယ့္ ဆုံးေအာင္ နားေထာင္ေပး။ အစက ကြၽန္ေတာ္လည္း စိတ္စြဲလို႔ အိမ္မက္မက္တယ္ ထင္တာ။

ေနာက္ပိုင္း အဲလိုေတြမက္ၿပီးေတာ့ အလွကုန္ ေကာင္တာေတြဘက္မွာ သူကြၽန္ေတာ့္ကို မဂၤလာပါ ဆိုၿပီး ႏူတ္ဆက္တယ္။

ကြၽန္ေတာ္လည္း ညကေလးတင္ အိမ္မက္ထဲ မေကာင္းတာေတြ မက္ထားေတာ့ မ်က္ႏွာပူၿပီး၊ မသိခ်င္ေယာင္ေဆာင္ ေနလိုက္တယ္။ သူ႔မ်က္ႏွာကို ထပ္မမွတ္မိခ်င္လို႔၊ ဒါေပမယ့္ မရဘူး၊ အဲ့ဒီ့ည သူ႔ကိုျမင္ၿပီးေတာ့ ထပ္မက္ျပန္တယ္။ အရင္အိမ္မက္က တကယ္ျဖစ္ေနသလို ပိုေတာင္မွ ျပတ္ျပတ္သားသား ထင္ထင္ရွားရွားႀကီး ျဖစ္လာတယ္။'


"ဟာ.. ."


မာတင္ : 'အိမ္မက္က အျပင္မွာ ျဖစ္ေနသလိုကို တကယ္ခံစားရတာ. . .


အဲေတာ့ ေနာက္ သူ႔ကိုျမင္ရင္ စိတ္ထဲမွာ အိမ္မက္ထဲက ကိစၥေတြ ေတြးမိတယ္။ အလုပ္ကို ေသခ်ာအာ႐ုံမစိုက္ႏိုင္ေတာ့ဘူး။


အဲဒါေၾကာင့္ သူ႔ကိုျမင္ရင္ စိတ္တိုတာ ေအာ္လႊတ္တာ။


အဲတာေၾကာင့္ပဲ ကြၽန္ေတာ္သူ႔ကို မျမင္ရႏိုင္တဲ့ Admin ႐ုံးခန္းထဲ ထည့္ပစ္လိုက္တာေလ'


"ေပါက္ၿပီ ဆရာ.. .ကြၽန္ေတာ္ အခုမွပဲ ဇာတ္ရည္လည္ေတာ့တယ္"


'ဟုတ္တယ္ အဲလို စိတ္ဂေယာင္ေခ်ာက္ျခား ေပါက္ကရအိမ္မက္ေတြ မက္လာလို႔ ကြၽန္ေတာ္ ဆရာဝန္ ေပါင္းစုံနဲ႔ လိုက္ျပေနတာ. .


ဒါေပမယ့္ ကြၽန္ေတာ္စိတ္ေက်နပ္ေအာင္ သူတို႔ေတြ မကုေပးႏိုင္ဘူး။ တစ္ေယာက္ဆို ကြၽန္ေတာ့္ကို မိန္းမယူပါလားလို႔ အႀကံေတာင္ ေပးလိုက္ေသးတယ္။'


"အင္း . . သူေျပာတာလဲ ဟုတ္တာပဲ။"


'ဟာ .. ခင္ဗ်ားကလည္း မသိရင္ ကြၽန္ေတာ္က မယားတ႐ူး႐ူးေနတာ က်ေနတာပဲ. .'


>>ဟုတ္ရင္ ဟုတ္မွာေပါ့<<


"ကြၽန္ေတာ္ ဆိုလိုတာ ဒီလိုသေဘာမဟုတ္ဘူးေလ ဆရာရဲ႕. .။ ဒါေပမယ့္ ၾကည့္ရတာ ဆရာ့ရဲ႕ မသိစိတ္ထဲမွာ အဲ့ေကာင္မေလးကို စြဲလန္းေနတယ္ဆိုတာကေတာ့ ႀကိမ္းေသေနတဲ့ ဥစၥာ. .။ အဲတာေၾကာင့္ ကြၽန္ေတာ္ အႀကံေပးရရင္ ဆရာရယ္ ေပ်ာ္သေလာက္ တြဲၾကည့္လိုက္ေပါ့. .ဆရာ့လို အေျခအေနနဲ႔လူမ်ိဳးက ဒီလိုေကာင္မေလးတစ္ေယာက္ကို လြယ္လြယ္ေလး ေကာက္တြဲလိုက္လို႔ရတာပဲ။"


မာတင္က ေခါင္းခါသည္။


"ဘာလဲ မစီစီလ်ာ ျပန္သိသြားမွာ စိုးလို႔လား။ ဘာမွစိတ္မပူနဲ႔ဆရာ အဲ့ကိစၥကို ကြၽန္ေတာ့္တာဝန္ ထားလိုက္စမ္းပါ။ ကြၽန္ေတာ္က အရင္ထဲက မိန္းကေလးကိစၥ အမ်ားႀကီး အေတြ႕အႀကဳံရွိၿပီးသားပါ။ ဆရာနဲ႔ မစီစီလ်ာနဲ႔ရဲ႕ မဂၤလာပြဲလည္း မပ်က္ေစရပါဘူး"


'မဟုတ္ဘူးဗ်. ကြၽန္ေတာ္က အဲ့အိမ္မက္ေတြထဲမွာ ေတာ္ေတာ္မေကာင္းတဲ့သူ။ အဲ့ဒါေၾကာင့္ အခုအျပင္မွာ တတ္ႏိုင္သမွ် အဲလို အေပ်ာ္တြဲတာလိုမ်ိဳး ကြၽန္ေတာ့္ စိတ္ေျဖဖို႔ သူ႔ကို အသုံးခ်တာမ်ိဳး မလုပ္ခ်င္ဘူး။ သူ႔ကိုေတြ႕လိုက္ရင္ေတာင္ ကိုယ့္ဘာကိုယ္ အျပစ္ရွိသလိုခံစားေနရတယ္ ျဖစ္ခ်င္တာက သူ႔ကို အေကာင္းဆုံးေတြခ်ည္းပဲ ေပးခ်င္တာ။ ဒါေပမယ့္ အျပင္မွာက သူနဲ႔ကြၽန္ေတာ္ ျပဒါးတလမ္း သံတလမ္းျဖစ္ေနတာေလ. . အဲလို ကိုယ့္ကိုကိုယ္ မလုံတဲ့စိတ္ေၾကာင့္ သူ႔ကို ေနာက္ကြယ္ကေနပဲ အကူအညီ ေပးခ်င္မိတာ. . ဟိုစီစီလ်ာဆိုတဲ့ မိန္းမနဲ႔ ဘာေၾကာင့္မွ မဆိုင္ဘူး'


မာတင္လည္း စိတ္ထဲကေတြးျပန္သည္။


>>ဟုတ္တယ္. . အဲ့ဒီ့ ဆုဆုေဝဆိုတဲ့ ေကာင္မေလးေလာက္ေတာင္ စီစီလ်ာ့ကိစၥက အာ႐ုံမလာဘူး။ စီစီလ်ာဆိုတာက ကြၽန္ေတာ့္အတြက္ တကယ့္ေသးေသးေလးဆိုမွ ေသးေသးေလးပါ။ အစကေတာ့ US ပေရာဂ်က္ေၾကာင့္ စီစီလ်ာနဲ႔ ေစ့စပ္ဖို႔ကို အရမ္း ဦးစားေပးခဲ့တယ္။ ဒါကလည္း ကြၽန္ေတာ္တို႔ ကုမၸဏီႏွစ္ခုလုံးရဲ႕ ရွယ္ယာေတြ ေဈးတက္လာေအာင္ ႏွစ္ဦးသေဘာတူ တိုင္ပင္ၿပီး စီစဥ္ခဲ့ၾကတဲ့ ကိစၥ။ အဲ့အခ်ိန္တုန္းက ကြၽန္ေတာ့္စိတ္ထဲမွာ ကြၽန္ေတာ့္အိတ္ထဲကပိုက္ဆံေတြ တစ္ဆကေန ႏွစ္ဆ ပြားလာဖို႔ကိုပဲ သိတယ္။ က်န္တဲ့ အခ်စ္ေတြ စိတ္ခံစားခ်က္ေတြက အေရးမပါခဲ့ဘူး။ဒါေပမယ့္ အခု ဒီေကာင္မေလးနဲ႔ ေတြ႕ၿပီးတဲ့ေနာက္ စိတ္ခံစားခ်က္က အေရးႀကီးတယ္ဆိုတာ သိလာခဲ့တယ္။ ဒီလို ဘာမဟုတ္တဲ့ ေကာင္မေလးတစ္ေယာက္ကေတာင္ ကြၽန္ေတာ့္ စိတ္ကို လႈပ္ရွားေအာင္ လုပ္ႏိုင္ၿပီး တကယ္ယူမယ္လို႔ ႀကံထားတဲ့ စီစီလ်ာအေပၚမွာ ဘာမွခံစားခ်က္ ျဖစ္မလာဘူး ဆိုတာက မျဖစ္သင့္ေသးဘူး။ အဲ့ေကာင္မေလးနဲ႔ပတ္သက္ရင္ ျဖစ္လာတဲ့ ျပႆနာေတြက စီစီလ်ာနဲ႔ ဘယ္လိုမွေတာင္ ႏိူင္းယွဥ္လို႔ မရဘူး။ကြၽန္ေတာ္ စီစီလ်ာကို မခ်စ္ဘဲနဲ႔ လက္မထပ္ခ်င္ေတာ့ဘူး။ ယုတ္စြအဆုံးေျပာရရင္ စီစီလ်ာနဲ႔ လက္ထပ္ပြဲပ်က္ၿပီး US ပေရာဂ်က္ပ်က္သြားရလည္း မမႈဘူး။<<


ကိုရဲက ရယ္က်ဲက်ဲျဖင့္ 

"နားလည္ပါၿပီဆရာ . .။ အခုျဖစ္ေနတဲ့ ကိစၥအတြက္ ကြၽန္ေတာ့္အျမင္ကိုလည္း ေျပာျပခ်င္ပါတယ္။.. ဆရာ ေရစက္ဆိုတာကို ယုံလားမသိဘူး"

>>ကြၽန္ေတာ္ . .မာတင္ရန္း၏ ဘ၀ တစ္သက္မွာ ဘယ္တုန္းကမွ ကံၾကမၼာဆိုတာေတြ ေရစက္ဆိုတာေတြကို အယုံအၾကည္မရွိဖူးပါ။ လူဆိုတာ ကိုယ္လုပ္မွ ကိုယ္ရတာခ်ည္းပဲ။ ကံဆိုတာ အလုပ္ပဲ။ ကံကိုယုံၿပီး ဆူးပုံမနင္းရဆိုတဲ့ စကားပုံကို လက္ကိုင္ထားၿပီး အၿမဲတမ္း လက္ေတြ႕က်က် logic ဆန္ဆန္ပဲ ေတြးေတာခဲ့တယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့<<


လက္က်န္ဝီစကီေလး တစ္ပတ္ကို ေမာ့လိုက္ၿပီး


'ကြၽန္ေတာ္ ယုံပါတယ္'


♥♥♥

Continue Reading

You'll Also Like

11.7K 374 16
ဒီဝထၳဳက သဘာဝလြန္ ဝထၳဳ တစ္ပုဒ္ပါ ဒါက ဒုတိယတြဲဖစ္ၿပီး ပထမတြဲကိုေတာ့ facebook မွာ႐ွာဖတ္ႏိုင္ပါတယ္ ( ရင္ခြင္တံခါးေလးဖြင့္ပါဦး) (un/Zg) မွတ္ခ်က္ ( မ်က္ရည...
76.6K 3.6K 39
" လက်မခံချင်ရင် ငြင်းပိုင်ခွင့်ရှိတယ် ဒါ ငါ့ အခွင့်အရေးပဲ" "ဟုတ်တယ် ငြင်းလို့ရတယ် ....ဘာလို့ လက်မခံနိုင်တာလဲ ရှင်းအောင်ပြော"
218K 6.5K 28
အသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......
1.2M 62.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...