"Taehyunကအကို့ရဲ့သားမှန်တယ်။ "
"ဗျာ...."
"ဘယ်လို...သားကတကယ်ဘဲ...အကို့သားလား။ "
"ဟုတ်တယ် အကို။
ဒီမှာ ဒါကိုကြည့်ကြည့်လိုက်။ "
-Hyoin လက်ထဲကစာရွက်ကိုယူကာကြည့်လိုက်တော့ သားအဖတော်စပ်မှုက 99.999% ဟုပြထားသည်။ -
"မဖြစ်နိုင်တာတွေ....
ဖေဖေက... ဖေဖေ...."
"Taehyun na!
သားက ဖေဖေ့သားဖြစ်လာခဲ့ပြီ။
သားကဖေဖေ့ရဲ့ပျောက်နေတဲ့သားတဲ့။
ဝမ်းသာလိုက်တာ သားရယ်။ သားကိုပြန်တွေ့ချင်နေတာ...။ ငါ့သားလေး... "
"ဖေဖေ....တကယ်ဖေဖေလားဟင်။ "
"ဟုတ်တာပေါ့ သားရယ်။
သားရဲ့ဖေဖေအရင်း...."
"ဖေဖေ....
ကျွန်တော်က ဖေဖေသေသွားပြီလို့ ဖွားပြောပြထားတာလေ။ ဘယ်လိုလုပ်ပြီး အသက်ရှင်နေရတာလည်း။ သားနားမလည်နိုင်တော့ဘူး"
"သား...ဒီအကြောင်းတွေကို ဖေဖေသွားရင်းနဲ့ကားပေါ်မှာပြောပြမယ်။ အခုတော့ ဖေဖေတို့အိမ်ကိုသွားကြတာပေါ့။ "
"ဟင့်အင်း ဖေဖေ။
သားတို့ကျောင်းပြန်သွားရမယ်။ သားရဲ့အိတ်တွေ...
"Yeonjun ယူလာပါလိမ့်မယ် သားရယ်။
အန်တီဖုန်းဆက်ထားလိုက်မယ်။ "
"ကျေးဇူးပါ "
-သူဖေဖေတဲ့လား၊ သူမယုံနိုင်သေးပါ။
သူ့မှာ ဖေဖေရှိလာပြီပေါ့....သူများတွေလို လာကြိုမဲ့ဖေဖေ မုန့်ဝယ်ကျွေးမဲ့ဖေဖေ လူစွမ်းကောင်းကရှိလာပြီပေါ့...။ -
-စဥ်းစားမိတော့မျက်ရည်ဝဲရသည်။ တစ်လမ်းလုံးလည်း ဖေဖေပြောသမျှတအံ့တသြနားထောင်ခဲ့ကာ အခုဆို ဖေဖေအိမ်ကိုရောက်လာခဲ့သည်။ -
-ဝါးး....ဖေဖေ့အိမ်က အကြီးကြီးဘဲ....-
"သား...ဝင်လာခဲ့လေ"
"ဟုတ်..."
-အိမ်ရှေ့ကို ထွက်လာတဲ့ ဦးလေးကြီးတစ်ယောက်။
Yeonjun hyung ommaကတော့ ထိုဦးလေးကြီးကိုခေါ်တာ Oppaတဲ့။ ဒါဆို ဒါက Namjoon Samcheon နဲ့တော်သလို yeonjun hyungရဲ့ဦးလေးဘဲပေါ့...။ -
"Hoseok ah!
အပြင်သွားမလို့လား။ "
"အေး ဟုတ်တယ် ။
စခန်းမှာ ပြဿနာလေးတွေရှိနေလို့ ငါသွားမှရမယ်။"
"အွန်းပါ..."
-ပြီးတော့ ထိုဦးလေးကြီးကထွက်သွားလေသည်။-
"အဲ့ဒါက hyoinရဲ့အကို။
ဆိုးလ်မြို့စခန်းက ရဲမှူးJung hoseokလေ။ "
"အော်...."
"သားကနောက်ဆိုရင် ဒီမှာလာနေရတော့မှာ...
Appaကခေါ်ထားမှာ...အဲ့ဒီအိမ်မှာနေမနေနဲ့တော့။ "
"ဒါပေမဲ့ အိမ်ငှားစာချုပ်မှမပြည့်သေးတာ။ "
"ဘယ်လောက်လိုသေးလို့လည်း။ "
"ခြောက်လလိုသေးတယ်။
Jin hyungသွင်းပေးထားတာမကြာသေးလို့..."
"ပိတ်ထားခဲ့လိုက်ကွာ...ဒီမှာဘဲလာနေတော့။
သားကိုဖေဖေစိတ်မချဘူး..."
"အဲ့လိုလုပ်ရမလား ဖေဖေ ။ "
"အေး...နောက်တစ်ပတ်ကျောင်းပိတ်ရင် ပြောင်းကျတာပေါ့။ ဒီတပတ်တော့ထုပ်ပိုးချိန်နဲ့နေလိုက်ဦး။ "
"ဟုတ်ကဲ့..."
-ဖေဖေနဲ့စကားပြောနေစဥ် အိမ်ရှေ့က ကားသံကြားလိုက်သည်။ yeonjun hyungအသံကြားလိုက်တာမလို့ သူဘဲ ဖြစ်ရမည်။ -
"အားး....လွှတ်နော်...လွှတ်။ " (YJ)
"ခင်ဗျားတို့ taehyunကိုပြန်ပေးဆွဲထားတာမလား။ " (SB)
"ငါရုပ်က အဲ့လိုလုပ်မဲ့ရုပ်ပေါက်နေလို့လား။
ပြန်ပေးဆွဲပြီးဘာလုပ်ရမှာလည်း။ မင်းကလိုတစ်မျိုး မလိုတစ်မျိုးသိလား။ "
"ဒါဆို taehyunရော....
Taehyunရေ....taehyun na!!!!"
"Soo...soobin na!!"
"မင်းဘာမှမဖြစ်ဘူးမလား။
ဒီလူမင်းကိုဘာလုပ်သေးလည်း။ "
"ဘာမှမလုပ်ပါဘူး။
ငါမင်းကို အခုဖြစ်နေတာတွေပြောပြမယ်။
မင်းနှလုံးကိုသေချာထိန်းထား...။ "
"ဘာဖြစ်လို့လည်း "
"ငါ့အဖေကိုရှာတွေ့ပြီကွ။
ဖေဖေကမသေခဲ့ဘူးတဲ့...ဒါက...ဒါ ငါ့ဖေဖေကွ။ "
"ဦးလေးကြီး!"
"အွန်း...
Soobinလို့ထင်တယ် နာမည်က...
နှစ်ခါမြောက်တွေ့ဆုံခြင်းပါ...."
"Nae Ajushi ...
ဒါဆို ပြန်ပေးဆွဲထားတာမဟုတ်ဘူးဘဲ..."
"ငါ့ကိုဘာလို့ပြန်ပေးဆွဲရမှာလည်း။ " (TH)
"မသိဘူးလေ...ငါတို့အတန်းပြီးတော့ မင်းကိုမတွေ့လို့ Junkyuကိုမေးကြည့်တာ ။ သူက မင်းကို ဒီလူကြီးက ခေါ်မယ်ဆိုပြီး ထမင်းစားနေရင်းတန်းလန်းကြီးထွက်သွားတယ်တဲ့။ အဲ့ကတည်းက ပြန်ရောက်မလာသေးတာဆိုတော့ ငါကအဲ့လိုထင်သွားတာ။ "
"ဟာ....ထင်စရာတွေအများကြီးကို မင်းမလို့ အဆုံးထိတွေး...." (TH)
"ဟီးဟီး " (SB)
-မျက်နှာငယ်လေးနဲ့ သွားဖြီးပြတဲ့ soobinကို သူကြည့်မိလိုက်သည်။ အားနာစရာတောင်ကောင်းနေပြီ။ -
"ကဲ...ရောက်လက်စနဲ့တော့ ထမင်းစားပြီးမှပြန်ကြ။
ငါနဲ့hoseokနဲ့ Hyoinအတွက်ဆိုအရမ်းများတယ်။ မင်းတို့ပါဝင်စားသွားလိုက်ကြ။ "
"ဟုတ်ကဲ့...." (TH/SB/YJ)
.
.
.
-Hyoinဟင်းချက်နေတုန်း taehyunတို့သားအဖနဲ့ Yeonjun soobinတို့စကားပြောနေကြသည်။ -
"အာ....ငါအခုမှသတိရတယ်။
Beomgyu hyung အတန်းပြီးပြီလား။ "
-အထိပ်လန့်ကြား ရုတ်တရက်ကြီးထပြောသော ထယ်ဟျွန်း။ -
"အေး အိမ်တောင်ပြန်သွားပြီ။ "
"ဟာ...ပြန်စရာအိမ်မရှိတာဘယ်ကိုပြန်မှာတုန်း။ "
"ဟမ်..."(YJ)
"သူအိမ်နဲ့ရန်ဖြစ်ပြီး ငါ့အိမ်ကိုဆင်းလာတာ မနေ့ညက.....။ ငါနဲ့အတူနေနေတာ...အခု အိမ်သော့ကငါ့ဆီမှာလေ။ " (TH)
-သူပြောတဲ့စကားကြောင့် yeonjunဖုန်းထုတ်ပြီး beomgyuဆီဆက်ကြည့်လိုက်သည်။ -
"ဖုန်းပိတ်ထားတယ်။"
"အခုပြန်ရမှာမဟုတ်ဘူးလား။ " (TH)
"မပြန်ပါနဲ့....
အန်တီsunooကိုဖုန်းဆက်ထားလိုက်မယ်။
အိမ်ကိုbeomgyu လာရင် ခေါ်ထားလိုက်ပါလို့..." (HI)
"ဟုတ်သားဘဲကို....
Sunooရှိတာဘဲ..." (SB)
-အခုမှဘဲစိတ်ချလက်ချဖြစ်နိုင်ပြီး အေးဆေးတော့သည်။ -
.
.
.
Beomgyu POV:
-hyunလေးသူ့ကိုမေ့ပြီး အိမ်ပြန်သွားသည်ထင်လို့ အိမ်ကိုလိုက်လာခဲ့သည်။ ဟိုရောက်တော့ အိမ်ကြီးကပိတ်ထားသည်။-
"အပြင်ပြန်ထွက်သွားတာများလား။ "
- ရာသီဥတုကလည်း မှောင်ခါနီးလို့ အေးစိမ့်စိမ့်ဖြစ်လာပြီဖြစ်သည်။ ခြံတစ်ခါးလေးရှေ့မှာ ငုတ်တုတ်လေးထိုင်ကာ လက်ဖဝါးကိုအာငွေ့ပေးပြီး ပွတ်တိုက်မှုဖြင့်အနွေးဓာတ်ယူနေရသည်။ -
"ဟားးးး💨"
-နာရီဝက် တစ်နာရီလောက်ကြာသည်အထိ ပြန်မလာသေးပေ။ ဖုန်းဆက်ရအောင်လည်း အားကုန်နေသည်။ ထိုအချိန်...
"Bomgyu hyung"
"Beomgyuပါ.... beomgyu beomgyu!!"
-အေးရတဲ့ကြားထဲ နာမည်လာမှားခေါ်တဲ့လူကြောင့် ဒေါသတထွက်နဲ့မော့ကြည့်လိုက်သည်။ -
"အိမ်ထဲဝင်မယ်...
Taehyun hyungက သူ့အဖေအိမ်ရောက်နေလို့တဲ့။
ပါမောက္ခကြီးဖုန်းဆက်တယ်။ "
"ဟုတ်လား..... ဒါဆို မြန်မြန်ဝင်ရအောင်။ "
-သူမော့ကြည့်လိုက်တော့ သူ့ကယ်တင်ရှင်ကြီးဖြစ်နေတာကြောင့် ဆောင်းတွင်းကြီး အနွေးဓာတ်လာပေးသလို ၊ နွေရာသီမှာ ရောက်လာပေးတဲ့ အေးမြတဲ့အရိပ်လေးလို ကျေးဇူးတင်မှုကိုခံစားမိသွားသည်။ -
.
.
.
.
- ထမင်းစားဝိုင်းတွင် ခါတိုင်း လူမစုံမလင်ဖြင့် နှစ်ယောက်တည်းအေးစက်စက်ကြီးစားနေရသည်။ ဒီနေ့မှာတော့ ကလေးငယ်တွေပါလာသဖြင့် ခြောက်ကပ်ကပ်နိုင်လှတဲ့ ထမင်းဝိုင်းကြီးကို နှုတ်ဆက်ရပြီပေါ့ ။-
"အော...မနက်က မနှုတ်ဆက်လိုက်ရဘူး။
Jung Hoseokပါ...."
"Kang Taehyunပါ။ "
"Choi Soobinပါ.... ။ "
"အင်း...သိထားသင့်သလောက်သိပြီးပါပြီ။ "
"ဦးက ဆိုးလ်မြို့စခန်း(2)က ရဲမှူးဆို...."
"အွန်းဟုတ်တယ် ။
ဘာလို့လည်း "
"ဒါဆို တရားခံတွေအများကြီးတွေ့ဖူးမှာပေါ့နော်။ "
"အွန်း....။
ဆိုးသွမ်းတဲ့လူရမ်းကားတွေ၊ လူသတ်သမား အကုန်အစုံပါဘဲ။ "
"ဒါဆို yeonjunie hyungကိုဖမ်းပါ။ " (SB)
"ဟေ....။
ငါ့တူyeonjunကို ဘာလို့လည်း" (HS)
"သူကသူခိုးလေ..."
"ငါဘာခိုးမိလို့လည်း....မင်းနော်" (YJ)
"ကျွန်တော့နှလုံးသားလေးကို ခိုးသွားလို့။ "
- soobinပြောတဲ့စကားကြောင့် yeonjunရော ommaရော လူတွေကသူ့ကိုဝိုင်းကြည့်နေကြသည်။ taehyunဆိုရင် ထမင်းလုပ်တန်းလန်းကြီးနဲ့ ကြောင်သွားသည်။ ထိုအချိန် ထမင်းဝိုင်းက အပ်ကျသံတောင်ကြားရလောက်သည်။ -
-သူလည်းပြောသာပြောလိုက်တာ ပြန်စဥ်းစားမိရင် ဘာလို့ပြောလိုက်တာလည်းဟုပင်အဖြေထွက်သည်။ -
"ဟင်...ဘာလို့လည်း။
ဒီတိုင်းနောက်လိုက်တာလေ....စလိုက်တာပါလို့..."
"အောဟော....စတာ...စတာ။
သူကစနေတာပါဗျ....ကျွန်တော်ကခိုးစရာလား။ "
"ဟုတ်တယ်လေဗျာ...
ကျွန်တော်ကရော ဘာလို့အခိုးခံရမှာလည်း။ ဟားဟားဟား "
-ကာယကံရှင်နှစ်ယောက်က ပတ်လည်ရှူပ်ထွေးရောချသွားသော်လည်း taehyunနဲ့ လူကြီးတွေကတော့ ပြုံးစိစိဖြစ်ကုန်ကြသည်။ -
-ထမင်းဝိုင်းလေးကတော့ စိုပြေလာပြီဘဲ။ -
.
.
.
-ထမင်းစားပြီးတာနဲ့ ဖေဖေ့ကိုနှုတ်ဆက်ကာ အိမ်ကိုအမြန်ပြန်လာလိုက်သည်။ yeonjun hyungလိုက်ပို့ပေးပြီး လမ်းထိပ်မှာဘဲချခိုင်းလိုက်သည်။ သူsoobinကိုလိုက်ပို့ရဦးမှာမလား။ -
"Sunoo ya!!
BEOMGYU HYUNG!!!!!"
-ရှိသမျှအသံကုန်နဲ့အော်လိုက်ပြီး ခြံထဲဝင်သွားလိုက်သည်။ -
"Taehyun na!"
"Hyung....!!
တောင်းပန်ပါတယ် hyungရယ်။ ဗိုက်ဆာနေပြီလား။ "
"ရပါတယ်
Sunooနဲ့အတူ ခေါက်ဆွဲပြုတ်စားထားတယ်"
"ကျေးဇူးပါနော် ဆောနူလေး။ "
"ရပါတယ် hyungရယ်။ "
"သွားလိုက်ဦးမယ်"
"ဟုတ်..."
-hyungတို့ထွက်သွားတာနဲ့သူလည်း ခြံတစ်ခါးပိတ်ကာ အိမ်ထဲပြန်ဝင်သွားခဲ့သည်။ -
.
.
.
"Hyungသိလား...
ကျွန်တော်ဖေဖေ့ကိုပြန်ရှာတွေ့ခဲ့ပြီ
ဖေဖေက ကျွန်တော့်ကိုပြန်ခေါ်ထားတော့မှာတဲ့။ "
"အွန်း...ကောင်းတာပေါ့ ။ "
"မကောင်းဘူးမလား hyungအတွက်က..."
"ဘာလို့လည်း"
"ကျွန်တော်ပြောင်းသွားရင် ဒီအိမ်မှာဘဲဆက်နေမှာလား။ "
"ဟင့်အင်း ။ "
"အဲ့တော့ ဘယ်မှာသွားနေမလို့လည်း။ "
"နေရာတစ်နေရာစုံစမ်းရမှာပေါ့။
တိုက်ခန်းလေးဘဲဖြစ်ဖြစ်၊ အထပ်မြင့်ဘဲဖြစ်ဖြစ်....
အဲ့ဒါကစိတ်ပူစရာမှမဟုတ်တာ...ပိုက်ဆံရှိတယ်မလား။ "
"ဟောလ်....။
မှန်တာဘဲ....နောက်တစ်ပတ်အတွင်းရမရသာစိတ်ပူရမှာ။ "
"အဆင်ပြေသွားမှာပါ "
-ကုတင်ပေါ်မှာထိုင်နေကြရင်း ဆွေးနွေးခန်းက ဒီလောက်နဲ့ရပ်သွားခဲ့သည်။ -
"ဒီညလောက်ဘဲဖြစ်ဖြစ် ဖက်အိပ်ချင်တယ် "
"အဲ့လိုလုပ်ရမလား "
-taehyunစာရေးစားပွဲကပြေးထပြီး beomgyuထိုင်နေသော ကုတင်ပေါ်သို့ခုန်တက်ကာ ဆန့်တန်းထားသော လက်ထဲနှင့် ရင်ခွင်ကြီးထဲသို့ ပစ်ဝင်သွားသည်။ -
"hyungနဲ့နေ့တိုင်း ဒီလိုနေချင်တယ်။ "
"ဒါဆိုနေ့တိုင်းနေကြမယ်လေ။ "
-ပြောရင်း ခါးလွတ်နေတဲ့အင်္ကျီနေရာသို့ ကလိထိုးရင်း စလိုက်သည်။ -
"အား....ဟား ဟားး ခစ်ခစ်ခစ်...အာ...hyungမလုပ်နဲ့....အဟား...ယားတယ်လို့....ခစ်ခစ်...Hyung!!"
-တစ်မိနစ်လောက် စလိုက်ရတော့မောသွားပြီး နှစ်ယောက်လုံး ပက်လက်လန်ကာလှဲချလိုက်သည်။ ထိုစဥ်ရုတ်တရက်taehyunမှ beomgyuဘက်လှည့်သည်။ -
မွ....။
-ပါးပေါ်သို့ကျရောက်လာသော အနမ်းတစ်ခု။ -
"ချစ်တယ် Choi Beomgyu!"
-beomgyuပါ taehyunနဲ့မျက်နှာချင်းဆိုင်ဘက်သို့လှည့်လိုက်ပြီး taehyunနှာခေါင်းလေးကို ဖွဖွလေးတောက်ကာ.....
"ကိုယ်က ပိုချစ်တယ် hyunရဲ့..."
-တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းနှစ်စုံက မျက်တောက်မခတ်ဘဲကြည့်နေကြသည်။ -
"တကယ်ချစ်တာလား။ "
"အွန်း...
အမြဲတမ်း ထာဝရ ချစ်နေမှာ။ "
"ယုံတယ်....။ "
-အရှေ့နားကိုတိုးကာ beomgyu၏ နှုတ်ခမ်းပေါ်သို့ အနမ်းတစ်ခု ချွေလိုက်သည်။ အလိုက်သိသူကတော့ Taehyun၏ အနမ်းကိုဆက်လက်ဦးဆောင်ခဲ့သည်။ -
-ထိုအပြုံး၊ ထိုအကြည့်တွေနဲ့ မင်းကိုသဘောကျတယ်။ မင်းအနမ်းက ချိုမြိန်တယ်၊ ပျားရည်ရဲ့သဘောလိုမျိုးဘဲ။ -
.
.
.
*FOREVER*
ဒီအပိုင်းလေးကိုရေးနေရင်း ကိုယ့်ဘာသာကိုရီနေရလို့ မျက်နှာပိုးမသတ်နိုင်သေးပါဘူး🤣
#jerry