𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧...

By AlienMi709

2.1K 173 78

ရုန်းထွက်ဖို့ခက်တဲ့ လှည့်စားမှုဝင်္ကပါထဲမှာ အချိန်အတော်ကြာ ပိတ်မိခဲ့တယ်။ TaeKook NamJin Author - AlienMi709... More

Intro
Part...1
Part...2
Part...4
Part...5
Part..6
Part...7
Part...8

Part...3

179 19 4
By AlienMi709

For unicode

အခန်းထောင့်တွင်ပုံံထားသော ကျောင်းလွယ်အိတ်များထဲမှ သူ့အိတ်ကိုဂျောင်ကုခပ်သွက်သွက်ဆွဲယူလိုက်၏။အပေါ်ဆုံးအိတ်ကပ်အသေးလေးထဲတွင်ရှိသော ဆွဲကြိုးကိုဆွဲထုတ်လာပြီး ဇီးရွက်လောက်မျက်နှာနှင့် ထယ်ယောင်းဆီကိုဦးတည်၍ လျှောက်လာခဲ့သည်။

"ငါက လည်ဆွဲဲတွေ လည်ပတ်တွေအယုံအကြည်မရှိဘူး ရော့"

ခပ်ကျယ်ကျယ်သံကြိုးကွင်းကို ထယ်ယောင်း၏ခေါင်းကနေ မငြင်မသာစွတ်ချပေးလိုက်သည်။လက်ဝါးကပ်တိုင်ပုံဆွဲသီးနှင့် ဆွဲကြိုးဟာ ထယ်ယောင်းလည်တိုင်တွင် ကျော့ကျော့မော့မော့။

ဘေးကဂျီမင်မှာတော့ မျက်စောင်းတစ်ထိုးထိုး ။
သူမလိုချင်ဘူးဆိုလည်း သူငယ်ချင်းတစ်ယောက်လုံးကိုမေ့နေရလား။ ထယ်ယောင်းကိုကျ ကြည့်မရဘူးပြီး လည်ပင်းမှာတောင်ဆွဲပေးလိုက်သေး။

"ဟို မင်းမဆွဲဘူးလား "

ဂျီမင့်မျက်နှာက စူပုတ်ပုတ်ဖြစ်နေတာကြောင့် ထယ်ယောင်းက မေးလိုက်သည်။

"တော်ပါပြီ ဒီလူကြီးနားပဲ ကပ်နေတော့မယ်"

ထယ်ယောင်းဖယ်သွား၍ လွတ်နေသောနေရာသို့ဝင်ကာ ယွန်းဂီလက်မောင်းကိုချိတ်ပြီး ခပ်စွာစွာပြန်ပြောသော ဂျီမင်က ဂျောင်ကုကိုလည်း မဲ့ရွဲ့ကြည့်နေသေးသည်။

"ကဲပါ...အခု ဘယ်ချိန်ရှိပြီလဲတော့မသိဘူး...မှောင်တော့မှောင်နေသေးတာပဲ။ဆက်အိပ်ကြဦးမလား ထတော့မလား"

"ငါတော့အိပ်မယ်..."

"ကျွန်တော်ခုနကတွေ့ခဲ့တဲ့လူကို သွားရှာကြမလား"

အသံနှစ်ခုက တစ်ပြိုင်တည်းထွက်လာသည်။

"ဟုတ်တယ်  အစ်ကိုတို့ရဲ့ စီနီယာဆိုရင် တွေ့တုန်းတစ်ခါတည်းရှာထားရမယ်...နောက်မှဆို ရှာရခက်နေရင်ဒုက္ခ"

ဂျောင်ကုစကားကို ထယ်ယောင်းကပါထောက်ခံနေတော့ အိပ်ချင်သေးတဲ့ယွန်းဂီမှာ ဆူပုပ်နေလေပြီ။ဒီကြားထဲ လာကပ်နေတဲ့လူတွေကြောင့် ပူအိုက်လာသလိုခံစားရ၏။

"ဒါဆို လူခွဲပြီးရှာကြတာပေါ့။တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ အချိန်တန်ရင် ဒီအခန်းကိုပြန်လာခဲ့ပါ...အဓိကက မင်းတို့တွေမထိခိုက်ဖို့ပဲ"

နမ်ဂျွန်းစကားကို အားလုံးက ခေါင်းညိတ်၍ ထောက်ခံကြသည်။

"ဒါဆို ကျွန်တော်တို့သုံးယောက်တစ်တွဲ...ခင်ဗျားတို့သုံးယောက်တစ်တွဲသွားကြမယ်"

"နေဦးလေ မင်းတို့က စီနီယာကိုမှ မမြင်ဖူးဘဲ...ဘယ်လိုရှာမှာတုန်း"

ဟိုဆော့ရဲ့အမေးကိုကြားတော့ ဂျောင်ကုက စိတ်မရှည်တော့သလို စုပ်သပ်သည်။

"ကျွန်တော်မြင်ဖူးပါတယ်ဗျာ...မဟုတ်လည်း ဒီထဲမှာကျွန်တော်တို့အပြင် လူတစ်ယောက်ပိတ်မိနေသေးတာကို ကူညီကောင်းပါတယ်...စိတ်မပူနဲ့...သူ့မှာလည်းအဆောင်ပါတာပဲကို"

တကယ်တော့ ဂျောင်ကုထိုလူကို မမှတ်မိသလို ကောင်းကောင်းကိုမမြင်လိုက်ပါ။သို့သော် ခပ်တည်တည်ပင် လိမ်လိုက်သည်။

"ဒါဆို မင်းတို့သေချာတော့ကြည့်ကြပ်သွားကြနော်...ဖုန်းအားလည်းကုန်ရင်မလွယ်ဘူး flash lightအတွက်တစ်ယောက်ရဲ့ဖုန်းပဲသုံး...ထယ်ယောင်းကလည်း ဖုန်းအားကုန်နေပြီကို"

"ဟုတ်ကဲ့ အစ်ကိုဟိုဆော့"

ဂျီမင်းနဲ့ထယ်ယောင်းခမျာ ပြီးအောင်တော့ မပြောရသေး ဆွဲဆောင့်ခံလိုက်ရတာကြောင့် ယက်ကန်ယက်ကန်နဲ့ ရှေ့ကိုရောက်သွားသည်။စိတ်မြန်လက်မြန်ဂျောင်ကုကတော့ တကယ်ကိုမလွယ်။

"ဘာကိစ္စကြမ်းကြမ်းတမ်းတမ်းလာလုပ်နေတာလဲ"

"လုပ်ချင်လို့ကွာ"

ဂျစ်ကန်ကန်ဂျောင်ကုက အမြဲအနိုင်ကျင့်တတ်တဲ့အကျင့်ရှိသူဆိုတာကို ထယ်ယောင်းသတိရမိလိုက်တော့ ဘာမှထပ်ပြောမနေချင်တော့ပါ။ဂျောင်ကုက သူ့ကိုဆို အမြဲအဲ့လိုပဲ။

ထယ်ယောင်း ပုံပျက်သွားတဲ့ ကျောင်းအင်္ကျီလေးကို သေချာဆွဲချကာ သပ်သပ်ရပ်ရပ်ပြင်လိုက်သည်။ထို့နောက် ဂျီမင်းလက်ထဲက ဖုန်းလေးကို ယူပြီး အဆောင်အားကိုးနဲ့ရှေ့ဆုံးကသွားနေ၏။

ဂျောင်ကုနဲ့ဂျီမင်းကတော့ ထယ်ယောင်းနောက်ကနေ တကုပ်ကုပ်နဲ့လိုက်လာကြသည်။ဂျီမင်းကဆို ထယ်ယောင်းလက်ကိုပါ ဆွဲထားသေးတာ။

ဒါလား ကျောင်းကလူဆိုးကြီးတွေ။
သူများကိုအနိုင်ကျင့်တုန်းကတော့ ဒီရုပ်တွေမဟုတ်ကြဘူး။ဟိုအပေါက်ဆိုးဆိုးကောင်က ပိုဆိုးသည်။

ဂျောင်ကုကတော့ မာနနည်းနည်းခံနေတာကြောင့် သိပ်ပြီးပုံပျက်ပန်းပျက်တော့ ဖြစ်မနေပါ။
နောက်ပြီး ထယ်ယောင်းရဲ့လည်ပင်းကဆွဲကြိုးအကြောင်းလည်း သူအသိဆုံးလေ။

ဘာအဆောင်မှမဟုတ်ဘူး။ဖန်စီဆိုင်က ဝယ်လာတာ။အဟက် ကင်မ်ထယ်ယောင်းတော့ အရူးလုပ်ခံလိုက်ဦး။

နမ်ဂျွန်းတို့သုံးယောက်လည်း ထယ်ယောင်းတို့သွားရာနဲ့ ဆန်ကျင့်ဘက်ဖြစ်သော ညာဘက်အဆောင်ခြမ်းကို လှည့်ပတ်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

သွားသာသွားရတာ ခံစားချက်ကမကောင်း။ခြောက်ကပ်ကပ်ကော်ရစ်တာတစ်လျှောက်မှာ အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေရှိနေသလို ခံစားရသည်။

"ဘယ်သူရှိလဲ..."

ကော်ရစ်တာရဲ့တစ်ဖက်ခြမ်းကို မီးထိုးလိုက်တော့ အမှောင်ဘက်တစ်နေရာမှာ အလင်းရောင်ကျေးဇူးကြောင့် ဖုန်အနည်းငယ်ထနေသလိုမြင်ကွင်းကို မြင်လိုက်ရသည်။

ယွန်းဂီ မတိုးမကျယ်အနေအထားနဲ့ အသံပြုလိုက်၏။

"ဘယ်သူရှိလဲ..."

တစ်ဖက်ကတုံ့ပြန်သံမလာပါ။

"ဘာဖြစ်လို့လဲယွန်းဂီ တစ်ခုခုများ..."

"ဘာမှမဖြစ်ပါဘူး ဟိုဆော့ရာ...လူရှိမလားလို့ အသံပေးတာပါ"

နမ်ဂျွန်းကတော့ အဆောင်နံရံတွေကို စူးစမ်းနေသည်။မီးခိုးမှိုင်းတိုက်ခံထား
သလို ညစ်နွမ်းနွမ်းဖြစ်နေတဲ့ ဒီနံရံတွေ။
ဒီအဆောင်က မီးလောင်ဖူးတာလား။ဒါမှမဟုတ် ညစ်ပတ်နေတာလား။

အမှောင်ထုထဲကို တိုးသထက်တိုးဝင်သွားမိတော့ တဖြေးဖြေးနဲ့ အေးစိမ့်စိမ့်ဖြစ်လာသလိုပင်။မဟုတ်ဘူး ဒါကြက်သီးတွေထနေတာ။

ဝုန်း...ဝုန်း

ပိတ်ထားတဲ့ စာသင်ခန်းတစ်ခုအား မြင်တဲ့အခါ ခြေထောက်နဲ့တံခါးကိုနှစ်ချက်လောက် ကန်လိုက်သည်။ထို့နောက် တံခါးကို ဖြေးဖြေးချင်းဖွင့်လိုက်တော့ ကျွီခနဲတံခါးသံက ပတ်ဝန်းကျင်ကို ပျံ့နှ့ံသွား၏။

"အဟား...သေ​ေတာ့မှာပဲ"

တံခါးပွင့်သွားသည်နှင့် ညှီစို့စို့အပုပ်နံ့က လေထုထဲ လှိုင်လှိုင်ထသွားသည်။အန်ချချင်စရာကောင်းလောက်အောင် ထိုအနံ့က နှောက်ယှက်နေတော့ သုံးယောက်စလုံး ပြိုင်တူ နှာခေါင်းပိတ်လိုက်မိလေပြီ။

"အကောင်တစ်ကောင်ကောင်သေနေတာလား..."

နမ်ဂျွန်းက သူ့ဖုန်းကိုပါထုတ်ပြီး မီးဖွင့်သည်။အကောင်သေတွေများရှိနေမလားလို့ ဟိုဟိုဒီဒီ မျက်စိကစားမိရင်းပြတင်းပေါက်မှ ခက်အက်အက်မှန်ပြင်အား အာရုံစိုက်ကြည့်မိလိုက်စဉ်...

"အာ့...အာ့..."

ကိုယ်လည်ပင်းကိုယ်ကိုင်ရင်း အသက်ရှုကြပ်နေသလိုဖြစ်နေသည့် နမ်ဂျွန်းရဲ့ တအာ့အာ့အော်သံ။ဟိုဆော့မှ သတိထားမိကာ နမ်ဂျွန်းကို လှုပ်ယမ်း​ြပီးအော်ခေါ်နေသည်။

"နမ်ဂျွန်း ဘာဖြစ်တာလဲ...နမ်ဂျွန်း..."

ယွန်းဂီကပါ အနားရောက်လာသည်။
နမ်ဂျွန်းကတော့ ထိုပြင်တင်းပေါက်မှန်မှာသာ အကြည့်တို့အခြေစိုက်လျှက်။

သူမြင်နေရသည်။မှန်ပြင်ပေါ်မှာပေါ်နေတဲ့ အဲ့ဒီ့မျက်နှာ။ရုပ်ပျက်ဆင်းပျက်ဖြစ်မနေသော်လည်း အကြည့်တွေကခက်ထန်လှသည်။အမှောင်ထဲမှာပင် မျက်လုံးတွေက အနက်ရောင်တောက်နေပြီး သူတို့ကို ထသတ်တော့မတတ်ဒေါသထွက်နေတယ်ဆိုတာသိသာ၏။

မျက်နှာတစ်ခုကိုပဲ ကွက်မြင်နေရချိန်
ထူးဆန်းလာတာကတော့ နမ်ဂျွန်းရဲ့ခန္ဓာကိုယ်။ အညှို့ခံလိုက်ရသလို ထိုင်းမှိုင်းနေရင်းက လည်ပင်းညှစ်ပြီး အသတ်ခံနေရသလိုခံစားရသည်။

ဝိဉာဉ်လို့ခေါ်ရမလား သရဲလို့ခေါ်ရမလားမသိတဲ့ ထိုအမျိုးသားမျက်နှာဟာတော့ ကျေနပ်နေသယောင် ခပ်ထေ့ထေ့အပြုံးတို့နှင့်။ဟင့်အင်း မပြုံးနဲ့။

အသက်ရှုကြပ်လွန်းလို့ သေမတတ်ဖြစ်လာချိန် နမ်ဂျွန်းကိုယ်ကို တစ်ယောက်ယောက်က လှုပ်ခေါ်လိုက်တာအား ခံစားမိလိုက်သည်။

"ကင်မ်နမ်ဂျွန်း"

"အား..."

ယွန်းဂီက နမ်ဂျွန်းပုခုံးနှစ်ဖက်ကို လက်နဲ့ဖိပြီး ကျယ်ကျယ်လောင်လောင်အော်လိုက်ချိန်တွင် နမ်ဂျွန်းသတိဝင်လာသည်။
နမ်ဂျွန်းအပြင် ယွန်းဂီနဲ့ဟိုဆော့မှာလည်း တုန်ယင်နေပြီ။

"ထွက်...ထွက်ကြတာပေါ့ အဟွတ် အဟွတ် အဟွတ်..."

အသက်ကိုတောင်ဝဝမရှုနိုင်သေးပဲ ချောင်းတဟွတ်ဟွတ်ဖြစ်နေသူက အပြင်ထွက်ဖို့ကို အရင်ဆော်ဩသည်။

တစ်ခုခုဖြစ်နေပြီဆိုတာကို ရိပ်စားမိသည့် အခြားလူတို့မှာလည်း အပြင်ဘက်ဆီသို့သာ နမ်ဂျွန်းကိုတွဲလျှက် ထွက်လာခဲ့တော့၏။

အငယ်သုံးယောက်မှာတော့ ကိုယ်တွေ့မျက်မြင်မမြင်ရဘဲ အနံ့ရလိုက် အသံသဲ့သဲ့ကြားလိုက်ဖြစ်နေတာနဲ့တင် ကြောက်လန့်နေကြပြီ။

အခန်းတွေထဲဝင်မကြည့်ဖြစ်တာကြောင်​့ ဆိုးရွားတဲ့ခြောက်လှန့်မှုတွေမကြုံတွေ့ရသေးသော်လည်း အနောက်ကလိုက်လာသလို၊အရှေ့ကပြေးနေသလို ခြေသံတွေ အုန်းအုန်းဒိုင်းဒိုင်းကြားနေရ၏။

ဘေးဘယ်ညာ မီးထိုးကြည့်လိုက်တော့လည်း သူတို့ကလွဲပြီး ခွေးတစ်ကောင်ကြောင်တစ်မြှီးမရှိ။

"ဆေးနံ့...မင်းတို့လည်းရတယ်မလား"

ဂျီမင်ဆီမှ အသံထွက်လာသည်။ဟုတ်ပါရဲ့ ရုတ်တရက်ကြီးရလာတဲ့ ဒီအနံ့သာ သွေးရိုးသားရိုးမဟုတ်တာကိုတော့ သူတို့အတတ်သိသည်။

"ဂျောင်ကု မင်းခုနကသွားခဲ့တာ ဒီဘက်လား..."

"မဟုတ်ဘူး အခုမင်းအစ်ကိုတွေသွားနေတဲ့ဘက်ပဲ...မင်းကအဲ့ဘက်ထွက်သွားလို့ ငါလည်းအမြန်လိုက်ရတာ ပတ်ဝန်းကျင်ကိုတောင်သိပ်သတိမထားမိဘူး"

"ငါမဟုတ်ပါဘူးဆိုကွာ..."

ထယ်ယောင်းစိတ်ပေါက်ပေါက်နဲ့အော်ချလိုက်မိသည်။သူမဟုတ်မှန်လည်းသိရဲ့သားနဲ့ သူဆိုတာချည်းပဲပြောနေတော့တာ။

"တော်စမ်းကွာ...နားညည်းလာပြီ"

အဆူခံလိုက်ရမှ နှစ်ယောက်လုံးငြိမ်ကျသွားကြတော့သည်။ကြောက်ရတဲ့ကြားထဲက သူတို့ကအသံစွာစွာနဲ့ရန်လိုနေကြတော့ ဂျီမင်းစိတ်မကြည်တော့။

ဘာစကားမှမပြောကြဘဲ တစ်ယောက်လက်ကိုတစ်ယောက်ဆွဲကာ သုံးယောက်သား ဟိုကြည့်ဒီကြည့်ကြည့်နေကြသည်။

ဂျီမင်းက အောက်ထပ်ဆင်းရမယ့် လှေကားကိုရှာ၊ဂျောင်ကုနဲ့ထယ်ယောင်းက အဆောင်တွေပတ်လည်ကို လိုက်ကြည့်ရင်း စီနီယာအစ်ကိုဆိုတာကိုရှာနေကြသည်။

"နေဦး ဒီအဆောင်က ငါတို့ ပထမဆုံးကျော်လာတဲ့အဆောင်မလား...ဟုတ်သလားလို့"

ဂျောင်ကုက တံခါးအကျိုးကို လက်ညှိုးထိုးကာ တွေးဆဆပြောသည်။

"ငါလည်းကြည့်နေတာကြာပြီ လှေကားနဲ့တူတာဆိုလို့ ဘာမှကိုမတွေ့ဘူး"

ဒီနေရာကတစ်ခုခုထူးဆန်းနေကြောင်းကို သူတို့တစ်စထက်တစ်စပိုခံစားမိလာသည်။

"ငါတို့ဆက်ရှာကြတာပေါ့"

သေချာဂရုတစိုက်နဲ့ လေ့လာနေမိသည်။

"ဟာဟာ...ဟိုမှာ ထောင့်ချိုးလား လှေကားလားမသိဘူး တစ်ခုခုရှိတယ်"

ထယ်ယောင်းရဲ့ အားရဝမ်းသာအော်သံအဆုံး အားလုံး အင်အားတက်ကြွစွာ ခြေလှမ်းလှမ်းလိုက်မိသည်။
သို့သော် ထိုနေရာအနားနီးကပ်လာလေလေ ငိုသံလိုမျိုး ညည်းသံသဲ့သဲဲ့ကြားရလေ။

ဆက်သွားဖို့ပြင်နေသည့် သူတို့ရဲ့ခြေလှမ်းတွေ​ေတာင် ရပ်တန့်ပြီးမဝံ့မရဲဖြစ်ကုန်ကြသည်။အလင်းရောင်ပျပျသာရှိပြီး နေကလည်းမထွက်သေး။ဖုန်းမီးဖျော့ဖျော့အောက်မှာ သရဲတစ်ကောင်ကို ရင်ဆိုင်ရမှာမျိုးကိုတော့ သူတို့ကြောက်သည်။

ဒါပေမယ့် လူဆိုရင်ရောဆိုတဲ့အတွေးကလည်း သူတို့ခေါင်းထဲစိုးမိုးနေသေး၏။

ထိုအချိန်အတွင်းမှာကို ငိုသံရှိုက်သံက တဖြေးဖြေးကျယ်လောင်လာပြီး ဆူညံလာသည်။ဘာကြောင့်မှန်းမသိ သူတို့ကိုယ်တိုင်ပါ မျက်ရည်တွေဝဲလာကြရသည်။ထိုငိုသံက တကယ်ကို နာနာကျင်ကျင်ငိုသံမျိုး။

"ငါတို့ အညှို့ခံနေရတာတော့မဟုတ်ပါဘူးနော်..."

ဂျောင်ကုက သတိလက်လွတ်အော်ချလိုက်သည်။ထိုအသံကလည်းတိခနဲတိတ်သွား၏။

ဤအချင်းအရာကြောင့် သူတို့သုံးယောက်​ ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ကာ ပြေးဖို့ပြင်လိုက်မိသည်။

"ဟိုကောင်လေးတွေလား..."

ထင်မထားသည့် စကားသံ။တကယ်ပဲ လူတစ်ယောက်ရှိနေတာလား။

"ဂျောင်ကု ကြားလား...ထယ်ယောင်း မင်း...မင်းရောကြားတယ်မလား"

"အင်း...ငါတို့ကို သိနေတယ်။သရဲများလား"

ဂျီမင်းနဲ့ ထယ်ယောင်း အသံတွေပါတုန်နေပြီ။ဂျောင်ကုကတော့ ဘာစကားမှဝင်မပြောသေး။မျက်လုံးထောင့်ကပ်၍သာ စဉ်းစားခန်းဖွင့်နေသည်။

"ပြေးကြရအောင် ငါလန့်လာပြီ"

လှုပ်ရှားသွားပြီဖြစ်တဲ့ ထယ်ယောင်းရဲ့လက်ကို ဂျောင်ကု ခပ်တင်းတင်းဆွဲထားလိုက်သည်။ထယ်ယောင်းနဲ့ဂျီမင်းက လည်ပြန်ကြည့်လာချိန် ဂျောင်ကု မျက်စိစုံမှိတ်ပြကာ စိတ်အေးအေးထားဖို့ အချက်ပြလိုက်၏။

ထယ်ယောင်းကိုအလယ်ကထားကာ ဘေးတစ်ဖက်တစ်ချက်စီက ရပ်နေကြသည်​့ ကောင်လေးနှစ်ယောက်။

အခုဂျောင်ကုကဦးဆောင်ကာ ရှေ့ဆုံးကသွားလေးတော့ ဟန်မဆောင်နိုင်အောင် မူပျက်နေသူနှစ်ယောက်က ရထားတွဲလေးလို့ တန်းလန်းလေးပါလာကြသည်။

မာန်တင်းကာ ကိုယ့်ကိုယ်ကိုယ်အားပေးရင်း အသံလာရာနေရာသို့ သွားမိလိုက်စဉ် အပေါ်ထပ်တက်သည့် လှေကားအောက်မှာ ကြုံ့ကြုံ့ကလေး ထိုင်ငိုနေသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရမှ သူတို့သက်ပြင်းချနိုင်၏။

"ဘယ်သူလဲ..."

သို့သော် ရင်ဘတ်ထဲကအလုံးကြီးကတော့ မကျနိုင်သေး။
မော့ကြည့်လာမယ့် ထိုလူရဲ့မျက်နှာမှာ လူတစ်ယောက်ရဲ့ ပုံပန်းအသွင်အပြင်မှရှိပါမလားဆိုတာကို စိုးရိမ်မိသည်။

ဖုန်းကိုင်ထားတဲ့ဂျောင်ကုလက်တွေဟာ အေးစက်နေပြီ။တစ်ခုခုဆိုရင် ထွက်ပြေးဖို့လည်း သုံးယောက်လုံးအဆင်သင့်ဖြစ်နေပြီ။

"အဟင့်..."

တဖြေးဖြေးမော့လာတဲ့ မျက်နှာအား ကြောက်ရွံ့စွာကြည့်နေမိသော်လည်း
လူတစ်​ေယာက်သာဖြစ်နေတာကိုသိလိုက်ရချိန် သုံးယောက်လုံး စိတ်ကိုလျှော့ကာကြမ်းပြင်ပေါ်ကို ဘုန်းခနဲဒိုင်းခနဲ ထိုင်ချမိတော့သည်။

မီးရောင်အောက်မှ မြင်တွေ့နေရတဲ့ထိုလူရဲ့မျက်နှာ။အစ်ကိုနမ်ဂျွန်းတို့ပြောသလို နှုတ်ခမ်းဖူးဖူး၊အသားဖြူဖြူ။ကွေးကွေးလည်းကြုံ့ပြီးထိုင်နေတာကြောင့် အရပ်ရှည်မရှည်မသိသော်လည်း စီနီယာဆိုတဲ့လူဆိုတာတော့ သေချာသည်။

မျက်နှာချောချောမှာ ဒဏ်ရာပရပွဖြစ်နေပြီး သွေးစတို့စွန်းထင်းနေသည်။

"ခင်ဗျားက...စီနီယာလား...အစ်ကိုနမ်ဂျွန်းတို့စီနီယာ"

ဂျောင်ကုရဲ့ ပထမဆုံးမေးခွန်း။

ထိုကောင်လေးက ဒဏ်ရာတွေကြားထဲကနေ မျက်ရည်တွေကျလျက် ငေးကြည့်လာသည်။

"မေးနေတယ်လေ..."

ဂျောင်ကုရဲ့စိတ်မရှည်သလိုအော်သံကြောင့် ပြောင်းလဲသွားတဲ့ မျက်လုံးတွေ။
ဒေါသထွက်သွားပုံပေါ်ပါ၏။

"မအော်နဲ့"

"ထားပါ ကျွန်တော့်ကို ပြန်ပို့ပေးတာတော့ခင်ဗျားမလား"

ထိုလူက လေးလေးလံလံပင်ခေါင်းညိတ်ပြသည်။

"အစ်ကို့ဒဏ်ရာတွေက ဘယ်လိုရလာတာလဲ...အစကတည်းကရှိတာလား"

ထယ်ယောင်းအား ထိုလူပြန်လည်ဖြေကြားလာသည့်စကားကြောင့် အားလုံးစိတ်မကောင်းဖြစ်ကြရသည်။

"နှိပ်စက်ခံရတာ"

"ဒီနေရာမှာတခြားလူတွေရှိသေးတာလား"

ထိုလူကခေါင်းထပ်ညိတ်ပြ၏။မထုံတတ်သေးပေါ့ကြောင့် ဒုတိယထယ်ယောင်းလို့ပင် ဂျောင်ကုတွေးမိလိုက်သည်။

"ထားပါ ကျွန်တော်တို့အခု ခင်ဗျားကိုလည်းတွေ့ပြီဆိုတော့ စုရပ်ကိုပြန်ကြတာပေါ့။ခင်ဗျား ကျွန်တော်တို့နဲ့လိုက်ခဲ့"

ထကာပြောလိုက်သည့် ဂျောင်ကုကို ထိုလူက ရွန်းရွန်းလဲ့လဲ့ကို ​ေမာ့ကြည့်သည်။

"အစ်ကိုတကယ်လိုက်လို့ရမှာလား..."

"လိုက်ခဲ့လေ အစ်ကိုရဲ့...အစ်ကိုနမ်ဂျွန်းတို့ကလည်း အစ်ကို့ကိုလိုက်ရှာနေတာ"

"နမ်...နမ်ဂျွန်းလား"

"ဟုတ်တယ် ကျွန်တော်တို့ သွက်သွက်သွားကြရအောင်ဗျာ သူတို့စောင့်နေလောက်ပြီ"

ထယ်ယောင်းနဲ့ဂျီမင် ထိုအစ်ကိုကို ထူပေးလိုက်သည်။ကြောက်ပုံနေရသည့် အစ်ကိုက လက်တွေကို အေးစက်နေပြီ။တကယ်ကို သနားစရာပါ။အနှိပ်စက်ခံထားရတာတဲ့။ဒါကြောင့် သူငိုနေတာပေါ့။

"အာ ဒါနဲ့အစ်ကို့နာမည်ကဘာလဲ"

ဂျီမင်အခုမှသတိရတာကြောင့် ထမေးလိုက်သည်။အစ်ကိုဟိုဆော့တို့ကလည်း နာမည်ကိုပြောမပြတော့ သူတို့မသိဘူးမလား။

"ကင်မ်ဆော့ဂျင်...အစ်ကို့နာမည်က ကင်မ်ဆော့ဂျင်ပါ"

_____Trapped in a maze_____

25.10.2022

AlienMi709
Hlaingmemeaung

_____________________________

For zawgyi

အခန္းေထာင့္တြင္ပုံံထားေသာ ေက်ာင္းလြယ္အိတ္မ်ားထဲမွ သူ႕အိတ္ကိုေဂ်ာင္ကုခပ္သြက္သြက္ဆြဲယူလိုက္၏။အေပၚဆုံးအိတ္ကပ္အေသးေလးထဲတြင္ရွိေသာ ဆြဲႀကိဳးကိုဆြဲထုတ္လာၿပီး ဇီး႐ြက္ေလာက္မ်က္ႏွာႏွင့္ ထယ္ေယာင္းဆီကိုဦးတည္၍ ေလွ်ာက္လာခဲ့သည္။

"ငါက လည္ဆြဲဲေတြ လည္ပတ္ေတြအယုံအၾကည္မရွိဘူး ေရာ့"

ခပ္က်ယ္က်ယ္သံႀကိဳးကြင္းကို ထယ္ေယာင္း၏ေခါင္းကေန မျငင္မသာစြတ္ခ်ေပးလိုက္သည္။လက္ဝါးကပ္တိုင္ပုံဆြဲသီးႏွင့္ ဆြဲႀကိဳးဟာ ထယ္ေယာင္းလည္တိုင္တြင္ ေက်ာ့ေက်ာ့ေမာ့ေမာ့။

ေဘးကဂ်ီမင္မွာေတာ့ မ်က္ေစာင္းတစ္ထိုးထိုး ။
သူမလိုခ်င္ဘူးဆိုလည္း သူငယ္ခ်င္းတစ္ေယာက္လုံးကိုေမ့ေနရလား။ ထယ္ေယာင္းကိုက် ၾကည့္မရဘူးၿပီး လည္ပင္းမွာေတာင္ဆြဲေပးလိုက္ေသး။

"ဟို မင္းမဆြဲဘူးလား "

ဂ်ီမင့္မ်က္ႏွာက စူပုတ္ပုတ္ျဖစ္ေနတာေၾကာင့္ ထယ္ေယာင္းက ေမးလိုက္သည္။

"ေတာ္ပါၿပီ ဒီလူႀကီးနားပဲ ကပ္ေနေတာ့မယ္"

ထယ္ေယာင္းဖယ္သြား၍ လြတ္ေနေသာေနရာသို႔ဝင္ကာ ယြန္းဂီလက္ေမာင္းကိုခ်ိတ္ၿပီး ခပ္စြာစြာျပန္ေျပာေသာ ဂ်ီမင္က ေဂ်ာင္ကုကိုလည္း မဲ့႐ြဲ႕ၾကည့္ေနေသးသည္။

"ကဲပါ...အခု ဘယ္ခ်ိန္ရွိၿပီလဲေတာ့မသိဘူး...ေမွာင္ေတာ့ေမွာင္ေနေသးတာပဲ။ဆက္အိပ္ၾကဦးမလား ထေတာ့မလား"

"ငါေတာ့အိပ္မယ္..."

"ကြၽန္ေတာ္ခုနကေတြ႕ခဲ့တဲ့လူကို သြားရွာၾကမလား"

အသံႏွစ္ခုက တစ္ၿပိဳင္တည္းထြက္လာသည္။

"ဟုတ္တယ္  အစ္ကိုတို႔ရဲ႕ စီနီယာဆိုရင္ ေတြ႕တုန္းတစ္ခါတည္းရွာထားရမယ္...ေနာက္မွဆို ရွာရခက္ေနရင္ဒုကၡ"

ေဂ်ာင္ကုစကားကို ထယ္ေယာင္းကပါေထာက္ခံေနေတာ့ အိပ္ခ်င္ေသးတဲ့ယြန္းဂီမွာ ဆူပုပ္ေနေလၿပီ။ဒီၾကားထဲ လာကပ္ေနတဲ့လူေတြေၾကာင့္ ပူအိုက္လာသလိုခံစားရ၏။

"ဒါဆို လူခြဲၿပီးရွာၾကတာေပါ့။ေတြ႕သည္ျဖစ္ေစ မေတြ႕သည္ျဖစ္ေစ အခ်ိန္တန္ရင္ ဒီအခန္းကိုျပန္လာခဲ့ပါ...အဓိကက မင္းတို႔ေတြမထိခိုက္ဖို႔ပဲ"

နမ္ဂြၽန္းစကားကို အားလုံးက ေခါင္းညိတ္၍ ေထာက္ခံၾကသည္။

"ဒါဆို ကြၽန္ေတာ္တို႔သုံးေယာက္တစ္တြဲ...ခင္ဗ်ားတို႔သုံးေယာက္တစ္တြဲသြားၾကမယ္"

"ေနဦးေလ မင္းတို႔က စီနီယာကိုမွ မျမင္ဖူးဘဲ...ဘယ္လိုရွာမွာတုန္း"

ဟိုေဆာ့ရဲ႕အေမးကိုၾကားေတာ့ ေဂ်ာင္ကုက စိတ္မရွည္ေတာ့သလို စုပ္သပ္သည္။

"ကြၽန္ေတာ္ျမင္ဖူးပါတယ္ဗ်ာ...မဟုတ္လည္း ဒီထဲမွာကြၽန္ေတာ္တို႔အျပင္ လူတစ္ေယာက္ပိတ္မိေနေသးတာကို ကူညီေကာင္းပါတယ္...စိတ္မပူနဲ႕...သူ႕မွာလည္းအေဆာင္ပါတာပဲကို"

တကယ္ေတာ့ ေဂ်ာင္ကုထိုလူကို မမွတ္မိသလို ေကာင္းေကာင္းကိုမျမင္လိုက္ပါ။သို႔ေသာ္ ခပ္တည္တည္ပင္ လိမ္လိုက္သည္။

"ဒါဆို မင္းတို႔ေသခ်ာေတာ့ၾကည့္ၾကပ္သြားၾကေနာ္...ဖုန္းအားလည္းကုန္ရင္မလြယ္ဘူး flash lightအတြက္တစ္ေယာက္ရဲ႕ဖုန္းပဲသုံး...ထယ္ေယာင္းကလည္း ဖုန္းအားကုန္ေနၿပီကို"

"ဟုတ္ကဲ့ အစ္ကိုဟိုေဆာ့"

ဂ်ီမင္းနဲ႕ထယ္ေယာင္းခမ်ာ ၿပီးေအာင္ေတာ့ မေျပာရေသး ဆြဲေဆာင့္ခံလိုက္ရတာေၾကာင့္ ယက္ကန္ယက္ကန္နဲ႕ ေရွ႕ကိုေရာက္သြားသည္။စိတ္ျမန္လက္ျမန္ေဂ်ာင္ကုကေတာ့ တကယ္ကိုမလြယ္။

"ဘာကိစၥၾကမ္းၾကမ္းတမ္းတမ္းလာလုပ္ေနတာလဲ"

"လုပ္ခ်င္လို႔ကြာ"

ဂ်စ္ကန္ကန္ေဂ်ာင္ကုက အၿမဲအနိုင္က်င့္တတ္တဲ့အက်င့္ရွိသူဆိုတာကို ထယ္ေယာင္းသတိရမိလိုက္ေတာ့ ဘာမွထပ္ေျပာမေနခ်င္ေတာ့ပါ။ေဂ်ာင္ကုက သူ႕ကိုဆို အၿမဲအဲ့လိုပဲ။

ထယ္ေယာင္း ပုံပ်က္သြားတဲ့ ေက်ာင္းအကၤ်ီေလးကို ေသခ်ာဆြဲခ်ကာ သပ္သပ္ရပ္ရပ္ျပင္လိုက္သည္။ထို႔ေနာက္ ဂ်ီမင္းလက္ထဲက ဖုန္းေလးကို ယူၿပီး အေဆာင္အားကိုးနဲ႕ေရွ႕ဆုံးကသြားေန၏။

ေဂ်ာင္ကုနဲ႕ဂ်ီမင္းကေတာ့ ထယ္ေယာင္းေနာက္ကေန တကုပ္ကုပ္နဲ႕လိုက္လာၾကသည္။ဂ်ီမင္းကဆို ထယ္ေယာင္းလက္ကိုပါ ဆြဲထားေသးတာ။

ဒါလား ေက်ာင္းကလူဆိုးႀကီးေတြ။
သူမ်ားကိုအနိုင္က်င့္တုန္းကေတာ့ ဒီ႐ုပ္ေတြမဟုတ္ၾကဘူး။ဟိုအေပါက္ဆိုးဆိုးေကာင္က ပိုဆိုးသည္။

ေဂ်ာင္ကုကေတာ့ မာနနည္းနည္းခံေနတာေၾကာင့္ သိပ္ၿပီးပုံပ်က္ပန္းပ်က္ေတာ့ ျဖစ္မေနပါ။
ေနာက္ၿပီး ထယ္ေယာင္းရဲ႕လည္ပင္းကဆြဲႀကိဳးအေၾကာင္းလည္း သူအသိဆုံးေလ။

ဘာအေဆာင္မွမဟုတ္ဘူး။ဖန္စီဆိုင္က ဝယ္လာတာ။အဟက္ ကင္မ္ထယ္ေယာင္းေတာ့ အ႐ူးလုပ္ခံလိုက္ဦး။

နမ္ဂြၽန္းတို႔သုံးေယာက္လည္း ထယ္ေယာင္းတို႔သြားရာနဲ႕ ဆန္က်င့္ဘက္ျဖစ္ေသာ ညာဘက္အေဆာင္ျခမ္းကို လွည့္ပတ္ၾကည့္ဖို႔ဆုံးျဖတ္လိုက္သည္။

သြားသာသြားရတာ ခံစားခ်က္ကမေကာင္း။ေျခာက္ကပ္ကပ္ေကာ္ရစ္တာတစ္ေလွ်ာက္မွာ အႏၲရာယ္ရွိတဲ့ အေငြ႕အသက္ေတြရွိေနသလို ခံစားရသည္။

"ဘယ္သူရွိလဲ..."

ေကာ္ရစ္တာရဲ႕တစ္ဖက္ျခမ္းကို မီးထိုးလိုက္ေတာ့ အေမွာင္ဘက္တစ္ေနရာမွာ အလင္းေရာင္ေက်းဇူးေၾကာင့္ ဖုန္အနည္းငယ္ထေနသလိုျမင္ကြင္းကို ျမင္လိုက္ရသည္။

ယြန္းဂီ မတိုးမက်ယ္အေနအထားနဲ႕ အသံျပဳလိုက္၏။

"ဘယ္သူရွိလဲ..."

တစ္ဖက္ကတုံ႕ျပန္သံမလာပါ။

"ဘာျဖစ္လို႔လဲယြန္းဂီ တစ္ခုခုမ်ား..."

"ဘာမွမျဖစ္ပါဘူး ဟိုေဆာ့ရာ...လူရွိမလားလို႔ အသံေပးတာပါ"

နမ္ဂြၽန္းကေတာ့ အေဆာင္နံရံေတြကို စူးစမ္းေနသည္။မီးခိုးမွိုင္းတိုက္ခံထား
သလို ညစ္ႏြမ္းႏြမ္းျဖစ္ေနတဲ့ ဒီနံရံေတြ။
ဒီအေဆာင္က မီးေလာင္ဖူးတာလား။ဒါမွမဟုတ္ ညစ္ပတ္ေနတာလား။

အေမွာင္ထုထဲကို တိုးသထက္တိုးဝင္သြားမိေတာ့ တေျဖးေျဖးနဲ႕ ေအးစိမ့္စိမ့္ျဖစ္လာသလိုပင္။မဟုတ္ဘူး ဒါၾကက္သီးေတြထေနတာ။

ဝုန္း...ဝုန္း

ပိတ္ထားတဲ့ စာသင္ခန္းတစ္ခုအား ျမင္တဲ့အခါ ေျခေထာက္နဲ႕တံခါးကိုႏွစ္ခ်က္ေလာက္ ကန္လိုက္သည္။ထို႔ေနာက္ တံခါးကို ေျဖးေျဖးခ်င္းဖြင့္လိုက္ေတာ့ ကြၽီခနဲတံခါးသံက ပတ္ဝန္းက်င္ကို ပ်ံ့ႏွ႕ံသြား၏။

"အဟား...ေသ​ေတာ့မွာပဲ"

တံခါးပြင့္သြားသည္ႏွင့္ ညွီစို႔စို႔အပုပ္နံ႕က ေလထုထဲ လွိုင္လွိုင္ထသြားသည္။အန္ခ်ခ်င္စရာေကာင္းေလာက္ေအာင္ ထိုအနံ႕က ေႏွာက္ယွက္ေနေတာ့ သုံးေယာက္စလုံး ၿပိဳင္တူ ႏွာေခါင္းပိတ္လိုက္မိေလၿပီ။

"အေကာင္တစ္ေကာင္ေကာင္ေသေနတာလား..."

နမ္ဂြၽန္းက သူ႕ဖုန္းကိုပါထုတ္ၿပီး မီးဖြင့္သည္။အေကာင္ေသေတြမ်ားရွိေနမလားလို႔ ဟိုဟိုဒီဒီ မ်က္စိကစားမိရင္းျပတင္းေပါက္မွ ခက္အက္အက္မွန္ျပင္အား အာ႐ုံစိုက္ၾကည့္မိလိုက္စဥ္...

"အာ့...အာ့..."

ကိုယ္လည္ပင္းကိုယ္ကိုင္ရင္း အသက္ရႈၾကပ္ေနသလိုျဖစ္ေနသည့္ နမ္ဂြၽန္းရဲ႕ တအာ့အာ့ေအာ္သံ။ဟိုေဆာ့မွ သတိထားမိကာ နမ္ဂြၽန္းကို လႈပ္ယမ္း​ၿပီးေအာ္ေခၚေနသည္။

"နမ္ဂြၽန္း ဘာျဖစ္တာလဲ...နမ္ဂြၽန္း..."

ယြန္းဂီကပါ အနားေရာက္လာသည္။
နမ္ဂြၽန္းကေတာ့ ထိုျပင္တင္းေပါက္မွန္မွာသာ အၾကည့္တို႔အေျခစိုက္လွ်က္။

သူျမင္ေနရသည္။မွန္ျပင္ေပၚမွာေပၚေနတဲ့ အဲ့ဒီ့မ်က္ႏွာ။႐ုပ္ပ်က္ဆင္းပ်က္ျဖစ္မေနေသာ္လည္း အၾကည့္ေတြကခက္ထန္လွသည္။အေမွာင္ထဲမွာပင္ မ်က္လုံးေတြက အနက္ေရာင္ေတာက္ေနၿပီး သူတို႔ကို ထသတ္ေတာ့မတတ္ေဒါသထြက္ေနတယ္ဆိုတာသိသာ၏။

မ်က္ႏွာတစ္ခုကိုပဲ ကြက္ျမင္ေနရခ်ိန္
ထူးဆန္းလာတာကေတာ့ နမ္ဂြၽန္းရဲ႕ခႏၶာကိုယ္။ အညွို႔ခံလိုက္ရသလို ထိုင္းမွိုင္းေနရင္းက လည္ပင္းညွစ္ၿပီး အသတ္ခံေနရသလိုခံစားရသည္။

ဝိဉာဥ္လို႔ေခၚရမလား သရဲလို႔ေခၚရမလားမသိတဲ့ ထိုအမ်ိဳးသားမ်က္ႏွာဟာေတာ့ ေက်နပ္ေနသေယာင္ ခပ္ေထ့ေထ့အၿပဳံးတို႔ႏွင့္။ဟင့္အင္း မၿပဳံးနဲ႕။

အသက္ရႈၾကပ္လြန္းလို႔ ေသမတတ္ျဖစ္လာခ်ိန္ နမ္ဂြၽန္းကိုယ္ကို တစ္ေယာက္ေယာက္က လႈပ္ေခၚလိုက္တာအား ခံစားမိလိုက္သည္။

"ကင္မ္နမ္ဂြၽန္း"

"အား..."

ယြန္းဂီက နမ္ဂြၽန္းပုခုံးႏွစ္ဖက္ကို လက္နဲ႕ဖိၿပီး က်ယ္က်ယ္ေလာင္ေလာင္ေအာ္လိုက္ခ်ိန္တြင္ နမ္ဂြၽန္းသတိဝင္လာသည္။
နမ္ဂြၽန္းအျပင္ ယြန္းဂီနဲ႕ဟိုေဆာ့မွာလည္း တုန္ယင္ေနၿပီ။

"ထြက္...ထြက္ၾကတာေပါ့ အဟြတ္ အဟြတ္ အဟြတ္..."

အသက္ကိုေတာင္ဝဝမရႈနိုင္ေသးပဲ ေခ်ာင္းတဟြတ္ဟြတ္ျဖစ္ေနသူက အျပင္ထြက္ဖို႔ကို အရင္ေဆာ္ဩသည္။

တစ္ခုခုျဖစ္ေနၿပီဆိုတာကို ရိပ္စားမိသည့္ အျခားလူတို႔မွာလည္း အျပင္ဘက္ဆီသို႔သာ နမ္ဂြၽန္းကိုတြဲလွ်က္ ထြက္လာခဲ့ေတာ့၏။

အငယ္သုံးေယာက္မွာေတာ့ ကိုယ္ေတြ႕မ်က္ျမင္မျမင္ရဘဲ အနံ႕ရလိုက္ အသံသဲ့သဲ့ၾကားလိုက္ျဖစ္ေနတာနဲ႕တင္ ေၾကာက္လန႔္ေနၾကၿပီ။

အခန္းေတြထဲဝင္မၾကည့္ျဖစ္တာေၾကာင္​့ ဆိုး႐ြားတဲ့ေျခာက္လွန႔္မႈေတြမႀကဳံေတြ႕ရေသးေသာ္လည္း အေနာက္ကလိုက္လာသလို၊အေရွ႕ကေျပးေနသလို ေျခသံေတြ အုန္းအုန္းဒိုင္းဒိုင္းၾကားေနရ၏။

ေဘးဘယ္ညာ မီးထိုးၾကည့္လိုက္ေတာ့လည္း သူတို႔ကလြဲၿပီး ေခြးတစ္ေကာင္ေၾကာင္တစ္ျမႇီးမရွိ။

"ေဆးနံ႕...မင္းတို႔လည္းရတယ္မလား"

ဂ်ီမင္ဆီမွ အသံထြက္လာသည္။ဟုတ္ပါရဲ႕ ႐ုတ္တရက္ႀကီးရလာတဲ့ ဒီအနံ႕သာ ေသြးရိုးသားရိုးမဟုတ္တာကိုေတာ့ သူတို႔အတတ္သိသည္။

"ေဂ်ာင္ကု မင္းခုနကသြားခဲ့တာ ဒီဘက္လား..."

"မဟုတ္ဘူး အခုမင္းအစ္ကိုေတြသြားေနတဲ့ဘက္ပဲ...မင္းကအဲ့ဘက္ထြက္သြားလို႔ ငါလည္းအျမန္လိုက္ရတာ ပတ္ဝန္းက်င္ကိုေတာင္သိပ္သတိမထားမိဘူး"

"ငါမဟုတ္ပါဘူးဆိုကြာ..."

ထယ္ေယာင္းစိတ္ေပါက္ေပါက္နဲ႕ေအာ္ခ်လိဳက္မိသည္။သူမဟုတ္မွန္လည္းသိရဲ႕သားနဲ႕ သူဆိုတာခ်ည္းပဲေျပာေနေတာ့တာ။

"ေတာ္စမ္းကြာ...နားညည္းလာၿပီ"

အဆူခံလိုက္ရမွ ႏွစ္ေယာက္လုံးၿငိမ္က်သြားၾကေတာ့သည္။ေၾကာက္ရတဲ့ၾကားထဲက သူတို႔ကအသံစြာစြာနဲ႕ရန္လိုေနၾကေတာ့ ဂ်ီမင္းစိတ္မၾကည္ေတာ့။

ဘာစကားမွမေျပာၾကဘဲ တစ္ေယာက္လက္ကိုတစ္ေယာက္ဆြဲကာ သုံးေယာက္သား ဟိုၾကည့္ဒီၾကည့္ၾကည့္ေနၾကသည္။

ဂ်ီမင္းက ေအာက္ထပ္ဆင္းရမယ့္ ေလွကားကိုရွာ၊ေဂ်ာင္ကုနဲ႕ထယ္ေယာင္းက အေဆာင္ေတြပတ္လည္ကို လိုက္ၾကည့္ရင္း စီနီယာအစ္ကိုဆိုတာကိုရွာေနၾကသည္။

"ေနဦး ဒီအေဆာင္က ငါတို႔ ပထမဆုံးေက်ာ္လာတဲ့အေဆာင္မလား...ဟုတ္သလားလို႔"

ေဂ်ာင္ကုက တံခါးအက်ိဳးကို လက္ညွိုးထိုးကာ ေတြးဆဆေျပာသည္။

"ငါလည္းၾကည့္ေနတာၾကာၿပီ ေလွကားနဲ႕တူတာဆိုလို႔ ဘာမွကိုမေတြ႕ဘူး"

ဒီေနရာကတစ္ခုခုထူးဆန္းေနေၾကာင္းကို သူတို႔တစ္စထက္တစ္စပိုခံစားမိလာသည္။

"ငါတို႔ဆက္ရွာၾကတာေပါ့"

ေသခ်ာဂ႐ုတစိုက္နဲ႕ ေလ့လာေနမိသည္။

"ဟာဟာ...ဟိုမွာ ေထာင့္ခ်ိဳးလား ေလွကားလားမသိဘူး တစ္ခုခုရွိတယ္"

ထယ္ေယာင္းရဲ႕ အားရဝမ္းသာေအာ္သံအဆုံး အားလုံး အင္အားတက္ႂကြစြာ ေျခလွမ္းလွမ္းလိုက္မိသည္။
သို႔ေသာ္ ထိုေနရာအနားနီးကပ္လာေလေလ ငိုသံလိုမ်ိဳး ညည္းသံသဲ့သဲဲ့ၾကားရေလ။

ဆက္သြားဖို႔ျပင္ေနသည့္ သူတို႔ရဲ႕ေျခလွမ္းေတြ​ေတာင္ ရပ္တန႔္ၿပီးမဝံ့မရဲျဖစ္ကုန္ၾကသည္။အလင္းေရာင္ပ်ပ်သာရွိၿပီး ေနကလည္းမထြက္ေသး။ဖုန္းမီးေဖ်ာ့ေဖ်ာ့ေအာက္မွာ သရဲတစ္ေကာင္ကို ရင္ဆိုင္ရမွာမ်ိဳးကိုေတာ့ သူတို႔ေၾကာက္သည္။

ဒါေပမယ့္ လူဆိုရင္ေရာဆိုတဲ့အေတြးကလည္း သူတို႔ေခါင္းထဲစိုးမိုးေနေသး၏။

ထိုအခ်ိန္အတြင္းမွာကို ငိုသံရွိုက္သံက တေျဖးေျဖးက်ယ္ေလာင္လာၿပီး ဆူညံလာသည္။ဘာေၾကာင့္မွန္းမသိ သူတို႔ကိုယ္တိုင္ပါ မ်က္ရည္ေတြဝဲလာၾကရသည္။ထိုငိုသံက တကယ္ကို နာနာက်င္က်င္ငိုသံမ်ိဳး။

"ငါတို႔ အညွို႔ခံေနရတာေတာ့မဟုတ္ပါဘူးေနာ္..."

ေဂ်ာင္ကုက သတိလက္လြတ္ေအာ္ခ်လိဳက္သည္။ထိုအသံကလည္းတိခနဲတိတ္သြား၏။

ဤအခ်င္းအရာေၾကာင့္ သူတို႔သုံးေယာက္​ ေျခလွမ္းေတြကို ေနာက္ျပန္ဆုတ္ကာ ေျပးဖို႔ျပင္လိုက္မိသည္။

"ဟိုေကာင္ေလးေတြလား..."

ထင္မထားသည့္ စကားသံ။တကယ္ပဲ လူတစ္ေယာက္ရွိေနတာလား။

"ေဂ်ာင္ကု ၾကားလား...ထယ္ေယာင္း မင္း...မင္းေရာၾကားတယ္မလား"

"အင္း...ငါတို႔ကို သိေနတယ္။သရဲမ်ားလား"

ဂ်ီမင္းနဲ႕ ထယ္ေယာင္း အသံေတြပါတုန္ေနၿပီ။ေဂ်ာင္ကုကေတာ့ ဘာစကားမွဝင္မေျပာေသး။မ်က္လုံးေထာင့္ကပ္၍သာ စဥ္းစားခန္းဖြင့္ေနသည္။

"ေျပးၾကရေအာင္ ငါလန႔္လာၿပီ"

လႈပ္ရွားသြားၿပီျဖစ္တဲ့ ထယ္ေယာင္းရဲ႕လက္ကို ေဂ်ာင္ကု ခပ္တင္းတင္းဆြဲထားလိုက္သည္။ထယ္ေယာင္းနဲ႕ဂ်ီမင္းက လည္ျပန္ၾကည့္လာခ်ိန္ ေဂ်ာင္ကု မ်က္စိစုံမွိတ္ျပကာ စိတ္ေအးေအးထားဖို႔ အခ်က္ျပလိုက္၏။

ထယ္ေယာင္းကိုအလယ္ကထားကာ ေဘးတစ္ဖက္တစ္ခ်က္စီက ရပ္ေနၾကသည္​့ ေကာင္ေလးႏွစ္ေယာက္။

အခုေဂ်ာင္ကုကဦးေဆာင္ကာ ေရွ႕ဆုံးကသြားေလးေတာ့ ဟန္မေဆာင္နိုင္ေအာင္ မူပ်က္ေနသူႏွစ္ေယာက္က ရထားတြဲေလးလို႔ တန္းလန္းေလးပါလာၾကသည္။

မာန္တင္းကာ ကိုယ့္ကိုယ္ကိုယ္အားေပးရင္း အသံလာရာေနရာသို႔ သြားမိလိုက္စဥ္ အေပၚထပ္တက္သည့္ ေလွကားေအာက္မွာ ႀကဳံ႕ႀကဳံ႕ကေလး ထိုင္ငိုေနသည့္ အမ်ိဳးသားတစ္ေယာက္ကို ေတြ႕လိုက္ရမွ သူတို႔သက္ျပင္းခ်နိဳင္၏။

"ဘယ္သူလဲ..."

သို႔ေသာ္ ရင္ဘတ္ထဲကအလုံးႀကီးကေတာ့ မက်နိဳင္ေသး။
ေမာ့ၾကည့္လာမယ့္ ထိုလူရဲ႕မ်က္ႏွာမွာ လူတစ္ေယာက္ရဲ႕ ပုံပန္းအသြင္အျပင္မွရွိပါမလားဆိုတာကို စိုးရိမ္မိသည္။

ဖုန္းကိုင္ထားတဲ့ေဂ်ာင္ကုလက္ေတြဟာ ေအးစက္ေနၿပီ။တစ္ခုခုဆိုရင္ ထြက္ေျပးဖို႔လည္း သုံးေယာက္လုံးအဆင္သင့္ျဖစ္ေနၿပီ။

"အဟင့္..."

တေျဖးေျဖးေမာ့လာတဲ့ မ်က္ႏွာအား ေၾကာက္႐ြံ႕စြာၾကည့္ေနမိေသာ္လည္း
လူတစ္​ေယာက္သာျဖစ္ေနတာကိုသိလိုက္ရခ်ိန္ သုံးေယာက္လုံး စိတ္ကိုေလွ်ာ့ကာၾကမ္းျပင္ေပၚကို ဘုန္းခနဲဒိုင္းခနဲ ထိုင္ခ်မိေတာ့သည္။

မီးေရာင္ေအာက္မွ ျမင္ေတြ႕ေနရတဲ့ထိုလူရဲ႕မ်က္ႏွာ။အစ္ကိုနမ္ဂြၽန္းတို႔ေျပာသလို ႏႈတ္ခမ္းဖူးဖူး၊အသားျဖဴျဖဴ။ေကြးေကြးလည္းႀကဳံ႕ၿပီးထိုင္ေနတာေၾကာင့္ အရပ္ရွည္မရွည္မသိေသာ္လည္း စီနီယာဆိုတဲ့လူဆိုတာေတာ့ ေသခ်ာသည္။

မ်က္ႏွာေခ်ာေခ်ာမွာ ဒဏ္ရာပရပြျဖစ္ေနၿပီး ေသြးစတို႔စြန္းထင္းေနသည္။

"ခင္ဗ်ားက...စီနီယာလား...အစ္ကိုနမ္ဂြၽန္းတို႔စီနီယာ"

ေဂ်ာင္ကုရဲ႕ ပထမဆုံးေမးခြန္း။

ထိုေကာင္ေလးက ဒဏ္ရာေတြၾကားထဲကေန မ်က္ရည္ေတြက်လ်က္ ေငးၾကည့္လာသည္။

"ေမးေနတယ္ေလ..."

ေဂ်ာင္ကုရဲ႕စိတ္မရွည္သလိုေအာ္သံေၾကာင့္ ေျပာင္းလဲသြားတဲ့ မ်က္လုံးေတြ။
ေဒါသထြက္သြားပုံေပၚပါ၏။

"မေအာ္နဲ႕"

"ထားပါ ကြၽန္ေတာ့္ကို ျပန္ပို႔ေပးတာေတာ့ခင္ဗ်ားမလား"

ထိုလူက ေလးေလးလံလံပင္ေခါင္းညိတ္ျပသည္။

"အစ္ကို႔ဒဏ္ရာေတြက ဘယ္လိုရလာတာလဲ...အစကတည္းကရွိတာလား"

ထယ္ေယာင္းအား ထိုလူျပန္လည္ေျဖၾကားလာသည့္စကားေၾကာင့္ အားလုံးစိတ္မေကာင္းျဖစ္ၾကရသည္။

"ႏွိပ္စက္ခံရတာ"

"ဒီေနရာမွာတျခားလူေတြရွိေသးတာလား"

ထိုလူကေခါင္းထပ္ညိတ္ျပ၏။မထုံတတ္ေသးေပါ့ေၾကာင့္ ဒုတိယထယ္ေယာင္းလို႔ပင္ ေဂ်ာင္ကုေတြးမိလိုက္သည္။

"ထားပါ ကြၽန္ေတာ္တို႔အခု ခင္ဗ်ားကိုလည္းေတြ႕ၿပီဆိုေတာ့ စုရပ္ကိုျပန္ၾကတာေပါ့။ခင္ဗ်ား ကြၽန္ေတာ္တို႔နဲ႕လိုက္ခဲ့"

ထကာေျပာလိုက္သည့္ ေဂ်ာင္ကုကို ထိုလူက ႐ြန္း႐ြန္းလဲ့လဲ့ကို ​ေမာ့ၾကည့္သည္။

"အစ္ကိုတကယ္လိုက္လို႔ရမွာလား..."

"လိုက္ခဲ့ေလ အစ္ကိုရဲ႕...အစ္ကိုနမ္ဂြၽန္းတို႔ကလည္း အစ္ကို႔ကိုလိုက္ရွာေနတာ"

"နမ္...နမ္ဂြၽန္းလား"

"ဟုတ္တယ္ ကြၽန္ေတာ္တို႔ သြက္သြက္သြားၾကရေအာင္ဗ်ာ သူတို႔ေစာင့္ေနေလာက္ၿပီ"

ထယ္ေယာင္းနဲ႕ဂ်ီမင္ ထိုအစ္ကိုကို ထူေပးလိုက္သည္။ေၾကာက္ပုံေနရသည့္ အစ္ကိုက လက္ေတြကို ေအးစက္ေနၿပီ။တကယ္ကို သနားစရာပါ။အႏွိပ္စက္ခံထားရတာတဲ့။ဒါေၾကာင့္ သူငိုေနတာေပါ့။

"အာ ဒါနဲ႕အစ္ကို႔နာမည္ကဘာလဲ"

ဂ်ီမင္အခုမွသတိရတာေၾကာင့္ ထေမးလိုက္သည္။အစ္ကိုဟိုေဆာ့တို႔ကလည္း နာမည္ကိုေျပာမျပေတာ့ သူတို႔မသိဘူးမလား။

"ကင္မ္ေဆာ့ဂ်င္...အစ္ကို႔နာမည္က ကင္မ္ေဆာ့ဂ်င္ပါ"

_____Trapped in a maze_____

25.10.2022

AlienMi709
Hlaingmemeaung

_____________________________

Continue Reading

You'll Also Like

1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
35.6K 1.7K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်
277K 27.5K 27
"Daddy အတွက်ဒုတိယ ရတနာ လေးကိုယူလာပေးတာ ကျေးဇူးတင်တယ်နော် Angel " Lucas ''Daddy ကို အချစ်ဆုံး'' ...
2.8K 118 14
ရိုင်းစိုင်းကြမ်းတမ်းသော အသုံးအနှုန်းတွေအများကြီးပါတာမို့ သေချာစဥ်းစားပြီးမှ ဖတ်ပေးပါ⚠