ဗိုလ်ချုပ်ကြီးရဲ့ အိုမီဂါအတွင...

By annakk_97

2K 145 9

Associated Names - O装B给暴戾上将当男秘 Author(s) - 公子柔 Translator(s) - Foxaholic Original Publisher - jjwxc Status i... More

အပိုင်း ၁
အပိုင်း ၁.၂

မိတ်ဆက်

1.2K 69 4
By annakk_97

[သတင်းထူး! အင်ပါယာရဲ့ ဗိုလ်ချုပ်ကြီးလူးကပ်စ်က မနေ့ညက ဟိုတယ်မှာဒိတ်ခဲ့တဲ့တစ်ယောက်ကို ရှာဖို့ သူ့လူတွေကို စေလွှတ်လိုက်တယ်တဲ့ဟေး။]

သတင်းထောက်သည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဗိုလ်ချုပ်ကြီး သူ့ကို ရှာတွေ့တာနဲ့ ဘာလုပ်မှာလဲဗျ။"

လူးကပ်စ်၏မျက်ဝန်းတစ်စုံတွင် အေးစက်မှုတို့ ဖြတ်သန်းသွားကာ "သတ်ပစ်မယ်။"

လူအုပ်ကြီး "???"

Q.Q

Gong ၏ ရှုထောင့်မှ →

ဒေါသကြီးလွန်းသော ဗိုလ်ချုပ်ကြီးလူးကပ်စ်သည် သူ၏ဘဝတွင် အမြဲလိုလို ညည်းညူနေတတ်ပြီး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသော အိုမီဂါများထက် ပိုအထင်သေးမိသောအရာမရှိပေ။

အရေးပေးတာ? ဒီဘဝမှာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အကျယ်တဝင့်ပြောရမယ်ဆိုရင်တော့ သူ့ရဲ့နူးညံ့ပြီး ရိုးသားတဲ့ ဘီတာအတွင်းရေးမှူးလေးကို ပို သဘောကျတယ်။ သူက အတိုက်အခိုက်အပြင် ပညာရေးမှာပါ ထူးချွန်ပြီး ကော်ဖီကိုလည်း ကောင်းကောင်း ဖျော်တတ်သေးတယ်။ ပြီးတော့ သူ့အတွက် အဝတ်အစားကိုလည်း လိုက်ဖက်အောင် ရွေးပေးတတ်သေးတယ်ကွ။

                                 \\•//

Shou ၏ ရှုထောင့်မှ →

လော့ရန်သည် လူးကပ်စ်၏ အတွင်းရေးမှူးဖြစ်ပြီး အင်ပါယာတစ်ခုလုံး၏ လူမဆန်ဆုံးအလုပ်ကို လုပ်ကိုင်နေရခြင်းဖြစ်သည်။

သူသည် သူ၏အထက်ရာထူးတွင် စံစားသော ဇီဇာအကြောင်ဆုံးအထက်လူကြီးကို စောင့်နေရပြီး သူ၏အောက်တွင်တော့ ဗိုလ်ချုပ်ကြီးနှင့် ပြောဆိုဆက်ဆံရန် မဝံ့သည့် အင်ပါယာတစ်ခုလုံးနှင် ရင်ဆိုင်ရသည်။
ထို့အပြင် ဗိုလ်ချုပ်ကြီး၏လက်အောက်ငယ်သားများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဗိုလ်ချုပ်ကြီးကို လေးစားချစ်ခံသူများ စသဖြင့် ထိုသူတို့နှင့်လည်း ပြောဆိုဆက်ဆံရသေးသည်။

ဤမျှပင်မက သူသည် အိုမီဂါတစ်ယောက်ဖြစ်ကြောင်းကိုလည်း ဂရုတစိုက် လျို့ဝှက်ထားရသည့်အပြင် သူသည် ဗိုလ်ချုပ်ကြီး၏ 'One Night Stand' လေး ဖြစ်ကြောင်းကို ဖုံးကွယ်ကာ အချိန်မရွေး အသတ်ခံရမည့် အန္တရာယ်ကိုလည်း အမြဲရင်ဆိုင်နေရသေးသည်။

ထိုနေ့ထိပင်။ သူသည် လူးကပ်စ်၏ရှေ့တွင် ရုတ်တရက် heat ဝင်သွားကာ ပျံ့လွင့်လာသော အနံ့သည်လည်း ထိုညက တွေ့ဆုံခဲ့သောသူ၏ ချိုမြိန်ပြီး ချစ်စဖွယ်ကောင်းသော ဖယ်ရိုမုန်းအနံ့နှင့် တထေရာတည်းတူညီနေသေးသည်။

သွားပြီ။ သူတော့ အခုပဲ အသတ်ခံရတော့မယ်။

"မင်း၊ တော်တော် သတ္တိရှိနေတာပဲ။" လူးကပ်စ်သည် လော့ရန်၏ခေါင်းအနောက်ကို ဆုတ်ကိုင်ကာ သူ၏ တခြားလက်တစ်ဘက်က လော့ရန်၏ခါးကို ရစ်ပတ်လိုက်ကာ "အခု...ငါ မင်းကိုသတ်တော့မယ်။"

                                \\•//

Continue Reading

You'll Also Like

2.9M 54.5K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
2.4M 141K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
8.1K 108 12
This is a DekuBaku story that was made from a roleplay with a really kind person.
801K 67.7K 35
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...