" အ့...စပ်တယ်..."
ဆရာဝန်နဲ့nurseတွေသည် ဝိုင်းချုပ်ကာ
Jiminလက်မှပွန်းပဲ့ရာတွေကိုဆေးထည့်နေခဲ့သည်။
" ခနပဲနော် ...ကျွတ်..ကျွတ်..! "
အရက်ပြန်တွေနဲ့ဂွမ်းဖြင့်အနာကိုသေချာ
သန့်စင်ကာ ဆေးတွေကိုလဲထည့်ပေးနေတာမို့
စပ်ဖျင်းဖျင်း ။
ဆရာဝန်ကြီးကတော့ငိုမဲ့မဲ့ဖြစ်နေသော Jiminကို
ကြည့်ကာ ချော့မော့ဆေးထည့်နေသည်။
" အား...! "
ပွန်းပဲ့ရာတွေဆေးထည့်နေခြင်းကို
ပိုကဲစွာအော်ဟစ်နေသော Jiminကိုကြည့်ကာ
ဆရာဝန်နဲ့Nurseတွေသည် အမြင်ကပ်နေလောက်ပြီ။
" ပြီးတော့မယ်.. နဲနဲလောက်သည်းခံပါဦး.."
တံတောင်ဆစ်နဲ့ လက်တစ်လျှောက်ပွန်းပဲ့ရာများကို
ဆေးထည့်ပြီးနောက် ခြေထောက်မှ ဒဏ်ရာကို
ကြည့်လာသည်။
" အဆစ်လွဲသွားတာ....ယောင်တောင်
ယောင်နေပြီ..."
Jiminခြေထောက်နားကိုသေချာကြည့်ရှုပြီး
နောက်တွင် ဆရာဝန်သည်Nurseတချို့နဲ့
စကားပြောနေသည်။
ဘာတွေပြောနေကြမှန်းတော့မသိ။
ငိုမဲ့မဲ့မျက်နှာဖြင့်သာ ဘေးတွင်လဲ
မည်သူတစ်ဦးတစ်ယောက်မျှမရှိတာကြောင့်
ပို၍အားငယ်ကာ မေမေနဲ့ဖေဖေကိုပင်လွမ်းလာသည်။
အနည်းဆုံးတော့ Yoongiရှိရင်တော်သေးတာပေါ့။
" ကဲ..အရင်ဆုံးပိုးသတ်ဆေးထိုးကြတာပေါ့..."
ခွေးနက်ကြီးပေးခဲ့သည့်ဒဏ်ရာတွေကြောင့်
အခုတော့ ပိုးသတ်ဆေးပါထိုးရတော့မည်။
" ဟင်...ဆေး..ဆေးထိုးရမှာလား..."
" ဟုတ်တယ်...မကြောက်ပါနဲ့...အပ်ကသေးသေးလေး"
ဆရာဝန်ကချော့ပြောနေလဲ ဆေးထိုးအပ်ကို
တော့အသေကြောက်သည်မို့ ထအော်ငိုတော့သည်။
" ဟေ့ ... မ...မငိုနဲ့လေ...ကလေးလဲ
မဟုတ်ဘဲ...! "
ကလေးမဟုတ်ဘာမဟုတ်နဲ့ ထအော်ငို
နေသော Jiminကြောင့် ဆရာဝန်သည်လည်း
အခက်တွေ့ရသည်။
" ဆေး..မ...ထိုး...ဘူး..."
" တိတ်...တိတ်ပါတော့..."
" ဆေးမထိုးဘူး...အိမ်ပဲပြန်တော့မယ်..."
ကုတင်ပေါ်မှ အတင်းကာရောဆင်းပြေးတာကြောင့်
Nurseကောင်လေးတွေသည် Jiminအား
အတင်းချုပ်ကာ ဆေးထိုးခြင်းကိုပြုလုပ်ခဲ့သည်။
" အား...သေပါပြီ...!! "
ငိုနေခြင်းသည်မရပ်မနားမို့ nurseတွေလဲ
ချွေးပြန်နေသည်။
" ပြီးပြီ..ပြီးပြီ ...တိတ်တော့..."
ဆရာဝန်သည်ထို့နောက် Jiminရဲ့
ခြေထောက်ကို ကိုင်ကာ ကြည့်ရှု၍နှိပ်နယ်
နေခဲ့သည်။
" အ့...အ့..နာတယ်.."
" နာသေးလား.."
" နာ..နာတယ်.."
ဆရာဝန်ကြီးသည် စိတ်ရှည်ရှည်နဲ့ပင်
သေချာဂရုစိုက်ကုသပေးသည်။
" ဟို...ကျွန်တော့်ကို...ဖုန်းလေးခနလောက်
ပေးဆက်ပါလား... ဖုန်းမပါလာလို့...."
ဘေးတွင်ရပ်နေသော nurseတစ်ယောက်ဆီမှ
ဟန်းဖုန်းကိုခနငှားကာ ဖုန်းနံပါတ်တစ်ခုကို
နှိပ်ခေါ်ခဲ့သည်။
အလွတ်ကျက်မှတ်ခဲ့ဖူးသည့် တစ်ခုထဲသော
ဖုန်းနံပါတ်ပင်ဖြစ်သည်။
" Hello..."
" ဘယ်သူလဲကွ... ဒီအချိန်ကြီး..."
" ငါ...ငါပါ..."
ဒီအသံသည် ဘယ်အချိန်ဘယ်နေရာပဲ
ရောက်ရောက်မှတ်မိနေမည့်တစ်ခုတည်းသော
ဘော်ဒါကြီးJiminအသံ။
" ဘယ်သူ့ဖုန်းကြီးလဲ...မင်းဖုန်းကိုတနေကုန်
ငါခေါ်လို့လဲမရဘူး.."
" ငါ...ငါ..အခု...ဆေးရုံမှာ..."
Yoongiအိပ်နေရာမှ ထထိုင်မိသည်၊
စနောက်နေသည့်အသံမျိုးမဟုတ် ငိုမဲ့မဲ့အသံမျိုး၊
" ဘယ်ဆေးရုံလဲ..."
ဆေးရုံနာမည်ကိုမေးကာ ချက်ချင်းပင်
ထိုဆေးရုံဆီသို့ Yoongiထွက်လာခဲ့သည်။
" ဘာဖြစ်တာလဲ...ဘယ်လိုဖြစ်တာလဲပြော...? "
" ဆေးထိုးရတယ်...ငါ...ငါ့ကိုဆေးထိုးကြတယ်...!"
ပြောရင်းနဲ့ပင် ကိုယ်တော်ချောကငိုချလာပြန်တာကြောင့်
ဆရာဝန်နဲ့Nurseတွေပါ ထိုင်ငိုချင်နေပြီဖြစ်သည်။
" မငိုနဲ့တော့နော်.... ငါအခုရောက်တော့မယ်.."
" ဂရုစိုက်မောင်းဦး...ပြီးတော့မြန်မြန်လာ.. "
ဖုန်းချလိုက်ကာ ဖုန်းကိုထိုnurseအား
ပြန်ပေးလိုက်သည်။
" မနက်မှပဲ ထပ်ပြီးလာကြည့်ပါ့မယ်....
သိပ်တော့စိုးရိမ်စရာမလိုတာမို့....သုံးရက်
လောက်ကြာရင်တော့ဆေးရုံကဆင်းရမယ်ထင်တယ်..."
ဆရာဝန်သည်မှာကြားစရာရှိတာတွေကို
မှာကြားပြီးနောက်တွင် Nurseတွေနဲ့အတူ
ပြန်လည်ထွက်ခွာသွားတော့သည်။
ကုတင်ပေါ်တွင် တစ်ယောက်ထဲကျန်ရှိကာ
လက်ကဒဏ်ရာတွေကိုပြန်ကြည့်ရင်း
တစ်ယောက်ထဲငိုချင်လာပြန်သည်။
ကုတင်ပေါ်မှ ခြေထောက်တစ်ဖက်ကို အောက်သို့
ချကာထောက်ကြည့်လိုက်တော့ နာနေတုန်းပင်မို့
ခြေထောက်လေးကိုပြန်တင်ကာ ငြိမ်လိုက်ရသည်။
Jungရောဘယ်လိုရှိနေမလဲ၊ သက်သာရဲ့လား
အခြေအနေကိုသိချင်လွန်းလို့လဲ ရူးတော့မည်။
ကျွန်တော့်အိုင်ဒေါလ်အဖြစ်ကနေ အခုတော့
အဆင့်တက်ကာ အသက်သခင်ကျေးဇူးရှင်ပါ
ဖြစ်သွားတော့သည်။
ဆန်းကြယ်လိုက်တာတွေများ။
" ပိုးသတ်ဆေးထိုးပြီးပြီဆိုတော့...အနာကလဲ
သိပ်မနက်တော့...သဘက်ခါလောက်တော့
ဆေးရုံကဆင်းလို့ရပါပြီ..."
ဆရာဝန်မှာကြားကာထွက်သွားပြီးနောက်တွင်
Jungအခန်းထဲ၌ လူတွေသည် အတော်လေး
များသည်။
တာဝန်ခံကြီးနဲ့ဒါရိုက်တာကြီးလဲရှိကာ
ကုမ္မဏီမှတာဝန်ရှိသူတွေနဲ့အတူ Sunooလဲ
ရောက်လာသည်။
" ကျွန်တော်...နားတော့မယ်..."
နွမ်းလျနေသော မျက်နှာလေးသည်သိသာစွာဖြင့်
အခန်းထဲမှ လူများအားပညာသားပါပါဖြင့်
Jungနှင်လွှတ်လိုက်သည်။
" ဒါဆို....ငါတို့ပြန်တော့မယ်...
Sunooပဲစောင့်ပေးမှာမလား..."
" ဟုတ်ကဲ့ကျွန်တော်ပဲ.... စောင့်လိုက်ပါမယ်"
ထို့နောက်အခန်းထဲတွင် Sunooနဲ့Jung
နှစ်ယောက်ထဲသာ ကျန်ခဲ့သည်။
" နံပါတ်ဆယ့်သုံးအခြေအနေရော...? "
ကင်းကင်းနေမယ်၊ ဝေးဝေးနေမယ်၊
ဂရုမစိုက်တော့ပါဘူးဟု တွေးနေ ကျုံးဝါးနေခဲ့လဲ
ပါးစပ်ကတားမရစည်းမရထွက်သွားချေပြီ။
တကယ်ကို ပြုစားခံနေရသလိုပဲ။
" ဟုတ်သားပဲ...ကျွန်တော်သွားမကြည့်ရသေးဘူး
Hyungအခန်းကိုပဲတန်းလာခဲ့တာမို့...."
" အော်..."
" အခုပဲဖြစ်ဖြစ်သွားကြည့်လိုက်မယ်လေ..."
" ထားလိုက်တော့...မင်းလဲအိပ်တော့လေ...
ငါလဲအိပ်တော့မှာ..."
Jungသည်ကုတင်ပေါ်တွင်လဲလျောင်းကာ
အိပ်စက်ခဲ့သည်။
ကျောပြင်ကအနာကြောင့် ဘေးတစ်စောင်း
အနေအထားဖြင့်Jungသည် သတိထား
အိပ်စက်သည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သွားချိန်တွင်တော့
ဝေဝါးနေသောမြင်ကွင်းတစ်ခုထဲJungသည်
အမျိုးသားတစ်ဦးရဲ့လက်ကိုဆွဲကာ
ပြေးလွှားနေခဲ့သည်။
ဘယ်သူလဲ၊ဘယ်ဝါလဲJungမသိ၊
အမျိုးသားတစ်ဦးဆိုတာတော့သေချာသည်။
Jungသည်အလောတကြီးနဲ့
ထိုအမျိုးသားလက်ကိုကိုင်ဆွဲကာပြေးနေခဲ့ခြင်းသည်
အတော်ကိုမောပန်းနေပြီဖြစ်သည်။
ပြေးလွှားနေရင်းမှ ရေတံခွန်ဆီမှစီးကျနေသော
ရေတွေကို မြင်နေရသည်၊
အမြဲတမ်းမြင်နေရသော ထိုရေတံခွန်သည်
အိပ်မက်ထဲတွင်အတော်လေးရင်းနှီးနေပြီဖြစ်သည်။
ပြေးလွှားနေရာမှ ရေတံခွန်လမ်းဆုံးအရောက်တွင်
တော့ Jungသည်ခြေလှမ်းတွေကိုရပ်တန့်ကာ
နောက်ပါးဆီမှ အမျိုးသားရဲ့မျက်နှာကို
လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
ထိုအမျိုးသားရဲ့မျက်နှာကိုမြင်တွေ့လိုက်ရချိန်
တွင်တော့Jungသည်အိပ်ရာမှ
လန့်နိုးလာခဲ့တော့သည်။
ဘယ်လိုလုပ်ပြီးနံပါတ်ဆယ့်သုံးကိုအိပ်မက်ထဲထိ
ထည့်မက်ရအောင်..။
ရူးနေပြီ ၊ JeonJungKookတစ်ယောက်
တကယ်ပင်ရူးသွားတာလား...။
Jungသည်ခေါင်းကိုခါလိုက်ကာ ကုတင်ပေါ်မှ
ဆင်းလာလိုက်သည်။
ဘေးတွင်အိပ်နေသော Sunooကတော့
နှစ်နှစ်ခြိုက်ခြိုက်ပင်။
ဆယ်ကျော်သက်အရွယ်ထဲက မက်လာခဲ့သော
ပုံစံတူအိပ်မက်ထဲတွင် ကျွန်တော်နဲ့နံပါတ်ဆယ့်သုံးကို
မြင်တွေ့လိုက်ရခြင်းသည် တုန်လှုပ်စရာတော့
ကောင်းသည်။
တကယ်ပဲ.... သူကဘာလဲ....။
မဖြစ်ပါဘူး...၊ သူမဖြစ်နိုင်ဘူး။
စိတ်စွဲသွားတာကြောင့် ဖြစ်ပါလိမ့်မည်။
ဒီနေ့အဖြစ်အပျက်တွေအပေါ်မှာ စိတ်စွဲခြင်း
ကြောင့်ပင်ဖြစ်ပါလိမ့်မည်ဟု တစ်ယောက်ထဲ
အတွေးထဲငြင်းခုန်နေရင်း နှဖူးပြင်တွင်
ချွေးစလေးတွေဖြင့်။
ကုတင်ပေါ်မှဆင်းလာကာ ဘေးက စားပွဲပေါ်မှ
ရေဗူးကိုဖွင့်သောက်လိုက်သည်။
ယောက်ယပ်ခပ်နေသော စိတ်တွေကို
အတည်ငြိမ်ဆုံးဖြစ်အောင်ထားကာ အခန်းထဲမှ
အပြင်သို့ထွက်လာခဲ့သည်။
အခန်းအပြင်ဘက်မှ ဆေးရုံလျှောက်လမ်းတွင်
အပြောင်းအပြန်လမ်းလျှောက်နေရင်း
နံပါတ်ဆယ့်သုံးအခြေအနေကိုလဲ သိပ်သိချင်နေပြန်သည်။
အိပ်မက်ကအိပ်မက်၊ လက်တွေ့မှာက
Jungနဲ့ဆိုင်နေသည်မို့ နံပါတ်ဆယ့်သုံးကို
လျစ်လျူရှု၍မရတာကြောင့် ဘေးအခန်းဆီမှ
နံပါတ်ဆယ့်သုံးအခြေအနေကို အကဲခတ်ရန်အတွက်
Jungရောက်လာခဲ့တော့သည်။
နံပါတ်ဆယ့်သုံးရဲ့အခန်းအား တံခါးခေါက်ရန်
ဟန်ပြင်လိုက်ပေမဲ့ တံခါးဆီရဲ့လေးထောင့်မှန်အကွက်
လေးဆီမှ အခန်းထဲဆီသို့ထိုးဖောက်လှမ်းမြင်
လိုက်ရသော မြင်ကွင်းကြောင့် Jung
မျက်ခုံးတန်းတွေတွန့်ချိုးသွားသည်။
" တိတ်.. တိတ်...မငိုနဲ့တော့...
ငါရောက်လာပြီပဲ..."
Yoongiသည် ငိုမဲ့မဲ့ဖြစ်နေသော
ဘော်ဒါကြီးJiminကိုမြင်သည်နဲ့ ပြေးဖက်မိ
တော့သည်။
Jiminမည်မျှလောက်အားငယ်ဝမ်းနည်းနေမည်ကို
လဲYoongiတွေးမိသည်။
" အလုပ်ထွက်လိုက်တော့...မင်းထပ်ဘာမှ
ပိုပြီးအရေးမကြီးဘူးနော်..ParkJimin..!
စိတ်ချမ်းသာပါစေဆိုပြီး...ငါလွှတ်ပေးထားတာ
ဒီလိုတွေဆိုရင် အဆင်မပြေဘူး..."
" ငါ့ခြေထောက်က...ထောက်လို့မရဘူး..."
ငိုနေရင်းမှ Yoongiကိုလဲအားကြီးနဲ့
ဖက်ထားက အောင့်အီးထားသမျှကို ဘော်ဒါကြီးနဲ့
ကျမှ အလုံးစုံဖွင့်ချကာ အော်ငိုနေတော့သည်။
" တိတ်..တိတ်! မနက်ကျရင်သက်သာသွား
လိမ့်မယ်...မငိုနဲ့တော့...မျက်နှာလှလှလေး
မို့အစ်ကုန်တော့မှာပဲ..."
ဖက်ထားရာမှ မျက်ရည်စလေးတွေနဲ့
Yoongiကို မော့ကြည့်လာသည်။
" မျက်နှာလှလှလေးဆိုတာက..."
အငိုတိတ်အောင်ချော့နေရင်းမှ တစ်ခါမှ
မပြောဖူးခဲ့ပါသော အမှန်တရားတွေ
ထွက်ကျလာတော့သည်။
ဒီလိုစကားမျိုးတွေကို ဘော်ဒါကြီးYoongi
ဆီက တစ်ခါမှမကြားဖူးတာမို့ Jiminသည်
ရှိုက်ငင်သံလေးတွေဖြင့် ပြန်မေးလာတော့သည်။
" ဘာ..ဘာ..ကိုလဲ.."
" မျက်နှာလှလှလေးလို့...မင်းပြောလိုက်
တယ်လေ..."
" မ..မပြော..မိ..ပါဘူး...မင်းနားကြားမှားတာ.."
" ဟုတ်လို့လား...ငါသေချာကြားလိုက်တာပါ.."
" ဟို...မင်းကဘယ်လိုဖြစ်ရတာလဲ.."
Yoongiမလျှောက်တတ်တော့တာကြောင့်
စကားလမ်းကြောင်းလွှဲလိုက်ရတော့သည်။
" ချော်...ချော်လဲတာပါ..."
ခေါင်းအစခြေအဆုံး ကိုYoongiသည်
သေချာပြန်ကြည့်သည်။
" မင်းကလေ...နမော်နမဲ့နိုင်တာအရမ်းပဲ...!
ဂရုစိုက်မှပေါ့ ချော်လဲရအောင်မင်းက
ကလေးလေးလား...."
Yoongiသည်ဘာမှသံသယမဝင်ပါပဲ
Jiminပြောသလောက်ကိုသာ
ခေါင်းထဲရောက်ခဲ့သည်။
" မဆူပါနဲ့... နာနေပါတယ်ဆိုမှ..."
ထပ်၍မဲ့ကျလာသော မျက်နှာလေးသည်
မျက်လွှာလေးချကာ နှုတ်ခမ်းလေးတွေလဲ
ဆူထော်လျက်။
" နောက်ဒီလိုထပ်မဖြစ်စေနဲ့...! "
" အင်းပါ...ဒါနဲ့. ...မေမေ့အခြေအနေရော..."
" စိတ်မပူနဲ့ အန်တီက အဆင်ပြေတယ်
မင်းကိုယ်မင်းပဲ ဂရုစိုက်...."
" ငါ...လေ...မိဘတွေကိုစိတ်ညစ်အောင်
လုပ်မိလို့များ...ဒီလိုဖြစ်နေတာလားမသိဘူး..."
" ကြီးကြီးကျယ်ကျယ်တွေပြောမနေနဲ့...
အိပ်တော့...! "
ထိုင်နေသူကို အတင်းလဲလျောင်းစေပြီး
စောင်လေးအားခြုံလွှားပေးလိုက်သည်။
ဒဏ်ရာတွေကနာနေရတဲ့အထဲ စိတ်ညစ်စရာတွေကိုပါ
ထပ်၍ မတွေးစေချင်၊
" မင်း...ကဘယ်မှာအိပ်မှာလဲ..."
" မအိပ်ဘူး...ငါကဂိမ်းဆော့မှာ.."
" ပီးရော.."
Jiminသည် မျက်ရည်စတွေဖြင့်
ကြောင်ချီးရုပ်လေးနဲ့ အိပ်ပျော်သွားခဲ့ကာ
ဘော်ဒါကြီးYoongiကတော့ ညလုံးပေါက်
စောင့်ပေးခဲ့သည်။
အခန်းအပြင်ဘက်မှ Jungသည်တော့
အခန်းထဲကအဖြစ်အပျက်အစအဆုံးကို
သေချာမြင်လိုက်ရသည်။
နံပါတ်ဆယ်သုံးသည် ကျောပေးထိုင်နေသော
ထိုအမျိုးသားတစ်ဦးကို ဖက်ထားလိုက်တာများ
တင်းနေသည်။
******************* *********
" အနာကတော့သက်သာပါတယ်..
အမာရွတ်မကျန်အောင်လဲ သေချာလုပ်ပေးပါ့မယ်.."
ဆေးရုံကြီးရဲ့VIPခန်းတွင် ဆေးကုသမှု
ခံယူနေသော Jungထံသို့ ဆရာဝန်ကြီးတွေ
လာရောက်ကြည့်ရှုကြသည်။
Nurseများလဲပါကာ ဘေးတွင်တော့
Sunooက မတ်တပ်ရပ်လျက်သား။
" ဆေးပုံမှန်သောက်ပြီး...အစားအသောက်လဲ
ဂရုစိုက်ပေးပါ..."
ဆရာဝန်မှာကြားသမျှကို Sunooသည်
သေချာမှတ်သားကာ ကုတင်ပေါ်မှ
Jungသည်လည်း မျက်လုံးဝိုင်းကြီးတွေဖြင့်
စိတ်ဝင်တစားပါပဲ။
" ဒါဆိုနေ့လည်ကျမှ နောက်ထပ်
လာကြည့်ပါမယ်..."
ထို့နောက်ဆရာဝန်ကြီးတွေနဲ့nurseတွေသည်
အခန်းထဲမှထွက်သွားကြသည်။
" Hyung...နေရတာသက်သာရဲ့လား..."
" ဒီလောက်လေးကိုများ...အေးဆေး...! "
" တော်သေးတာပေါ့..."
ထို့နောက် Sunooသည် Jung
မနက်စာအတွက်ပြင်ဆင်ပေးခဲ့သည်။
" ဒါနဲ့ .... Jiminshiiကိုတောင်
ကျွန်တော်သွားမကြည့်ရသေးဘူး..."
Jungလက်တွင်ကိုင်ထားသော
ဇွန်းသည် လေထဲရပ်တန့်သွားသည်။
Jiminshii ဆိုတာနဲ့ကို Jungမျက်ခုံးတန်းတွေ
တွန့်ချိုးကုန်သည်။
" တော်တော်ထိသွားတာလားမသိဘူး...
JungKookHyung ဆီကိုတောင်
သူလာမကြည့်ဘူးဆိုတော့...."
ဘာထိတာလဲ၊ ဘာမှမထိဘူး၊
တကယ်ထိသွားတာကJungလေ
ခွေးနက်ကြီးဆီ အမြိုမခံရတာဘဲကံကောင်း၊
ဒါတောင်သတင်းလာမမေး၊ ကျေးဇူးတင်ကြောင်း
ဘာညာလာမပြောပါဘဲ သူ့ဘဲရင်ခွင်ထဲ
သာယာနေသည်။
တော်တော်ကောင်းသည့် မန်နေဂျာအစုတ်ပလုတ်။
" ခနနေကြရင်တော့ CEOကြီးလာမယ်တဲ့
အဲ့ခါကြမှပဲ Jiminshiiကိုသွားကြည့်တော့မယ်"
Jungသည် ဘာမှမပြောခဲ့၊
စားလက်စကိုသာ ဆက်စားရင်း
မကျေနပ်မှုအသေးစားလေးတွေဖြင့်...။
" ဆေးရုံကဆင်းတာနဲ့...အိမ်ပဲပြန်လာ
ရမယ်Jimin..."
မနက်စာကိုသေချာပြင်ဆင်ကာ
ပူနေသည့်မို့ အအေးခံမှုတ်ပေးရင်း
ဂျီကျနေသော ငဂျီကောင်အား နည်းနည်းလဲ
မာန်ရသေးသည်။
" ဘာလို့လဲ..."
" ငါ့ကိုပြန်မမေးနဲ့...ခုခြေအနေကို...
မင်းအသိဆုံးနော်..."
" ငါ့ကိုလဲမင်းပဲ...နားလည်ပေးနိုင်တာမဟုတ်လား.."
ParkJiminကလေ တကယ့်
ကဝေ ၊ စကားလုံးတွေ အပြုအမူတွေနဲ့
MinYoonGiဘယ်လိုတုန်လှုပ် ထိရှသွားမယ်
ဆိုတာသူကောင်းကောင်းကြီးသိသည်။
" ဟုတ်တယ်..ငါပဲမင်းကိုနားလည်ပေးနိုင်တာ
သူများတွေကတော့မတူဘူး Jiminရဲ့...
အဲ့ဒါကြောင့် ငါ့အနားပဲပြန်လာနေ..."
" အ့...ပူတယ်..."
စကားတွေများပြီး သေချာမမှုတ်ပေးမိဘဲ
ခွံကျွေးမိတော့ ဆူပုတ်ပုတ်လေးနဲ့
ထအော်တော့သည်။
" ဆောရီး...သောက်..သောက်လိုက်. "
ဘေးနားက ရေအေးကို ခွက်ထဲသို့
ငှဲ့ထည့်ကာ အလျင်အမြန် ပေးလိုက်ရသည်။
" တော်ပြီ...ငါ့လျှာကျက်သွားပြီထင်တယ်..."
" ဆောရီးပါ...ဒါလေးတော့ကုန်အောင်
စားလိုက်နော်..."
" မစားချင်တော့ဘူး..."
ကလေးတစ်ယောက်ကို အစားကျွေးနေရသကဲ့သို့
အတင်းချော့မြှုနေရသည်။
ဒါလဲ ငနဲက ပေကပ်ကပ်နဲ့ နှုတ်ခမ်းက
ဆူထော်နေသေးသည်။
ထိုစဥ် ရုတ်တရက်တံခါးဖွင့်ကာ
ဝင်လာသော လူတစ်ဦးကြောင့် Jiminရော
YoonGi ပါ လှည့်ကြည့်မိသည်။
" ဧည့်သည်ရောက်နေတာပဲ...ဆောရီး..
တံခါးမခေါက်လိုက်မိဘူး..."
Sunooသည် အားနာနေသည့်မျက်နှာလေးဖြင့်
တံခါးဝတွင်ခါးလေးညွတ်ကာ ရပ်နေသည်။
" ဧည့်သည်မဟုတ်ပါဘူး...ဝင်လာခဲ့လေSunoo.."
" ဟုတ်ကဲ့...Jiminshiiအခြေအနေကို
လာကြည့်တာပါ...ဆရာဝန်တွေကဘာပြောလဲ.."
Sunooသည် အခန်းထဲရှိ ဆိုဖာအသေးလေး
တွင်ဝင်ထိုင်လိုက်သည်။
" သုံးရက်လောက်နေရင်တော့...ဆေးရုံက
ဆင်းရမယ်လို့ပြောတယ်..."
" တော်သေးတာပေါ့...အခုကော
ဘယ်လိုနေသေးလဲ..."
" ခြေထောက်ကတော့နာနေတုန်းပဲ..."
Yoongiသည် မနက်စာကျွေးပြီး သိမ်းဆည်းကာ
တစ်ရျူးဘူးကြီးကို Jiminအား
ကမ်းပေးကာ သူလုပ်စရာရှိတာကို
ဆက်လုပ်နေသည်။
Sunooသည်လည်း Jiminနဲ့လဲ
စကားပြောကာ Yoongiကိုလဲ သတိထားနေမိသည်။
" ကောင်းသွားမှာပါ...ဒီဆေးရုံက
ဆရာဝန်တွေက...သိပ်တော်ကြတယ်လေ..."
" ဟို...ဒါနဲ့...မင်းသားJungရော..
အခြေအနေလေး..."
Jiminစကားကြောင့် Yoongi
သည်မသိမသာနားစွင့်နေလိုက်သည်။
" သက်သာပါတယ်...JungKookHyungက
Jiminshii ထပ်အရင်...ဆေးရုံက
ဆင်းရမယ်ထင်တယ်..."
ဘာတွေပြောနေကြတာလဲ ဆိုတာ
Yoongi နားမလည်၊ ဘာလဲ
JeonJungKookကရော
ဆေးရုံတက်နေတာလား?
" တော်သေးတာပေါ့..."
" ဒါဆို...ကျွန်တော်ပြန်လိုက်ပါဦးမယ်.."
Sunooသည် Jiminနဲ့Yoongiအား
နှုတ်ဆက်ပြီးနောက်တွင် အခန်းထဲမှထွက်သွားခဲ့သည်။
Jiminshiiရည်းစားက Jiminshiiလိုပဲ
ချောသားပဲဆိုသည့် မှတ်ချက်လေးလဲ
Sunooစိတ်ထဲမှ ပေးလိုက်မိသေးသည်။
" ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ ဘာတွေ
လျှောက်လုပ်နေတာလဲ...? "
Jungအခန်းထဲတွင် CEOကြီးက
ရောက်ချလာကာ နားပူနေပါတော့သည်။
" လူအချင်းချင်းပဲ..ကူညီကောင်းပါတယ်ဗျာ.."
" ကူညီတာကိုပြောနေတာမဟုတ်ဘူး...
မင်းကိုယ်မင်းမထိခိုက်စေဖို့ကို ပြောနေတာလေ..."
" ခုကော...ဘာများဖြစ်သွားလို့လဲ..."
" ဘာဖြစ်သွားလဲမင်းကိုမင်းမသိဘူးလား.."
" ဒီလောက်လေးကအေးဆေး...ဘာမှ
မဖြစ်ဘူး...Hyungကနားမှမနားခိုင်းတော့
တမင်တကာဆေးရုံလာပြီး နားနေတာ..."
" လျှောက်ပြောမနေနဲ့...မင်းမန်နေဂျာရော
ဘယ်မှာလဲ..."
" မသိဘူး...ဘာလုပ်မလို့လဲ..."
Jung သည်ပေကပ်ကပ်ပဲ၊
ဆိုးချင်တိုင်းဆိုးလို့ရသည့် သူသည်
CEOကြီးပဲရှိတာမို့ Jungသည်
သံယောဇဥ်လဲ ရှိသလို CEOကြီးအပေါ်တွင်
သိပ်လဲဆိုးသည်။
" ငါသူ့ကို...အလုပ်ဖြုတ်ပစ်တော့မှာ .."
" ဘာအတွက်တုန်း...Hyung? "
" သူ့ပုံစံကိုမကြိုက်ဘူး...မင်းကိုလဲ
ကြည့်ရတာအဆင်မပြေဘူး..."
Jungသည်ခွန်းတုံ့မပြန်ပါဘဲ တိတ်ဆိတ်ကာ
ပြတင်းပေါက်အပြင်ဘက်ဆီကိုသာ
ငေးနေခဲ့သည်။
ဒါကJungပုံစံအစ်အမှန်မဟုတ်ကြောင်းကို
CEOကြီးက သဘောပေါက်ခဲ့ပုံပေါ်သည်။
Jungသည်လည်း အများကြီးမရှင်းပြချင်ခဲ့ပါ၊
မဟုတ်ဘူး မရှင်းပြနိုင်ခဲ့တာ၊
ဒီလူနဲ့မှ ပြောင်းလဲနေသည်ကို Jungသိသည်၊
ဒီလူနဲ့မှ ဖရိုဖရဲတွေဖြစ်လာသည်ကိုလဲ
Jungသိသည်။
သို့သော် လက်မခံခဲ့ပါ၊
နံပါတ်ဆယ့်သုံးကဘာများမို့လို့လဲ...။
" အ့...စပ်တယ်..."
" ခနပဲနော် ...ကျွတ်..ကျွတ်..! "
စပ်ဖျင်းဖျင်း ။
" အား...! "
ကြည့်လာသည်။
ယောင်နေပြီ..."
စကားပြောနေသည်။
" ဟေ့ ... မ...မငိုနဲ့လေ...ကလေးလဲ
မဟုတ်ဘဲ...! "
အခက်တွေ့ရသည်။
" ဆေး..မ...ထိုး...ဘူး..."
" တိတ်...တိတ်ပါတော့..."
" အား...သေပါပြီ...!! "
ချွေးပြန်နေသည်။
နေခဲ့သည်။
" အ့...အ့..နာတယ်.."
" နာသေးလား.."
" နာ..နာတယ်.."
နှိပ်ခေါ်ခဲ့သည်။
" Hello..."
" ငါ...ငါပါ..."
ဘော်ဒါကြီးJiminအသံ။
ငါခေါ်လို့လဲမရဘူး.."
" ငါ...ငါ..အခု...ဆေးရုံမှာ..."
" ဘယ်ဆေးရုံလဲ..."
ပြန်ပေးလိုက်သည်။
ဖြစ်သွားတော့သည်။
များသည်။
ရောက်လာသည်။
" ကျွန်တော်...နားတော့မယ်..."
" အော်..."
ငါလဲအိပ်တော့မှာ..."
အိပ်စက်ခဲ့သည်။
အိပ်စက်သည်။
ပြေးလွှားနေခဲ့သည်။
Jungသည်အလောတကြီးနဲ့
ရေတွေကို မြင်နေရသည်၊
ထည့်မက်ရအောင်..။
တကယ်ပင်ရူးသွားတာလား...။
ဆင်းလာလိုက်သည်။
ကောင်းသည်။
တကယ်ပဲ.... သူကဘာလဲ....။
ချွေးစလေးတွေဖြင့်။
" တိတ်.. တိတ်...မငိုနဲ့တော့...
ငါရောက်လာပြီပဲ..."
တော့သည်။
လဲYoongiတွေးမိသည်။
ထွက်ကျလာတော့သည်။
" ဘာ..ဘာ..ကိုလဲ.."
တယ်လေ..."
" ချော်...ချော်လဲတာပါ..."
သေချာပြန်ကြည့်သည်။
ကလေးလေးလား...."
ခေါင်းထဲရောက်ခဲ့သည်။
ဆူထော်လျက်။
အိပ်တော့...! "
ထပ်၍ မတွေးစေချင်၊
" ပီးရော.."
စောင့်ပေးခဲ့သည်။
သေချာမြင်လိုက်ရသည်။
တင်းနေသည်။
******************* *********
" အနာကတော့သက်သာပါတယ်..
ဂရုစိုက်ပေးပါ..."
စိတ်ဝင်တစားပါပဲ။
လာကြည့်ပါမယ်..."
" တော်သေးတာပေါ့..."
တွန့်ချိုးကုန်သည်။
ဘာထိတာလဲ၊ ဘာမှမထိဘူး၊
တကယ်ထိသွားတာကJungလေ
သာယာနေသည်။
Jungသည် ဘာမှမပြောခဲ့၊
ရမယ်Jimin..."
မာန်ရသေးသည်။
" ဘာလို့လဲ..."
မင်းအသိဆုံးနော်..."
ParkJiminကလေ တကယ့်
" အ့...ပူတယ်..."
ထအော်တော့သည်။
စားလိုက်နော်..."
" မစားချင်တော့ဘူး..."
ဆူထော်နေသေးသည်။
ဆင်းရမယ်လို့ပြောတယ်..."
" တော်သေးတာပေါ့...အခုကော
ဘယ်လိုနေသေးလဲ..."
ဆက်လုပ်နေသည်။
အခြေအနေလေး..."
ဆင်းရမယ်ထင်တယ်..."
Yoongi နားမလည်၊ ဘာလဲ
JeonJungKookကရော
ဆေးရုံတက်နေတာလား?
" တော်သေးတာပေါ့..."
လျှောက်လုပ်နေတာလဲ...? "
ဘယ်မှာလဲ..."
" မသိဘူး...ဘာလုပ်မလို့လဲ..."
Jung သည်ပေကပ်ကပ်ပဲ၊
သိပ်လဲဆိုးသည်။
" ဘာအတွက်တုန်း...Hyung? "
ကြည့်ရတာအဆင်မပြေဘူး..."
ငေးနေခဲ့သည်။
Jungသိသည်။
သို့သော် လက်မခံခဲ့ပါ၊