-ငိုနေတဲ့ hyungကပြန်မဖြေတဲ့အတွက်ထပ်မေးလိုက်သည်။ -
"ဒီအတိုင်းလွမ်းလို့တော့မဖြစ်နိုင်....အွန့်..."
- taehyun စကားမဆုံးခင်မှာဘဲ သူ့နှုတ်ခမ်းပေါ်သို့ကျရောက်လာသောနူးညံ့သည့်အရာ။ ထိုအရာကတော့ beomgyu၏ နှုတ်ခမ်းပါးပင်။ -
- taehyunက beomgyu ၏ ပုခုံးပေါ်သို့လက်ပြန်တင်ကာ အနမ်းကို ဆက်လိုက်ကြသည်။-
"Hyungတို့ဘာလုပ်နေကြတာလည်း"
-အိမ်ရှေ့ကထွက်လာသော sunooက သူတို့ကိုကြောင်ကြောင်လေးရပ်ကြည့်နေသည်။ -
-sunooအသံကြားတဲ့အခါမှ beomgyuကိုtaehyunတွန်းလွှတ်လိုက်သည်။ -
"အ့...."
-အားအရှိန်များပါသွားလေသလား၊ beomgyuသူ့ကားအရှေ့နားအထိလွင့်သွားသည်။ -
"Sunoo ya!!"
"ဟို...hyungတို့က...ဟိဟိ...hyungတို့နှစ်ယောက်...ဟိဟိ"
"Sunoo....
မင်းမြင်သလိုမဟုတ်ဘူး...ဟိုhyungတို့နှစ်ယောက်က နမ်းနေတာမဟုတ်ပါဘူး...သူ့လည်ပင်းဂုတ်နား....အာ...ရှ်"
"ဟို...ဟို သိပါတယ် ။
အတွဲတွေဆိုတော့ ဒါတွေက ရှိမှာဘဲလေ။
လုပ်စရာရှိတာဆက်လုပ်ကြပါ....ကျွန်တော်အမှိုက်ထုပ်လေးထားပြီး ပြန်ဝင်မယ်နော်...ဟိဟိ... ခ်...ဟိ"
"မဟုတ်ဘူးလေ...မဟုတ်..."
-တဟိဟိနဲ့ပြန်ဝင်သွားသောကလေးက အကုန်မြင်သွားလားမသိ၊ beomgyu hyungကိုသတိရလို့ ကြည့်မိတော့ ခါးကိုကိုင်ထားကာ အော်နေသည်။ -
"အဆင်...အဆင်ပြေရဲ့လား hyung....
တောင်းပန်ပါတယ်....ရုတ်တရက်ဆိုတော့လန့်သွားလို့ပါ။တောင်းပန်ပါတယ် hyungရယ်"
"ရပါတယ် hyunရယ်...
ခါးလေးရယ်၊ ခြေထောက်လေးရယ် အဆစ်လွဲသွားရုံပါ....နာလိုက်တာ "
-ဒဏ်ရာရသွားတဲ့ hyungကိုအိမ်ထဲတွဲခေါ်ကာ အခန်းထဲထိ ခေါ်ရသည်။ အဲ့ဒါမှ သက်သောင့်သက်သာဖြစ်မယ်မလား။ -
-ပြီးတော့ ဗီဒိုပေါ်မှဆေးသေတ္တာကိုယူချကာ hyungဆီပြေးရတော့သည်။ -
"အဆင်ပြေရဲ့လား။
ဒီနားလား...."
"ဟုတ်တယ် hyun....
အဲ့နားလေး....အ့...ကျွတ်ကျွတ်ကျွတ်
အား....နာလိုက်တာ "
"တောင်းပန်ပါတယ် ။
ကျွန်တော့်ကြောင့်နဲ့...."
"ရပါတယ်...
အခုဆေးလိမ်းပေးနေတော့ပျောက်သွားမှာပါ။ "
"ဒါနဲ့...ဒီကိုဘာကိစ္စရှိလို့လည်း "
-ဆေးတွေပြန်သိမ်းရင်းနဲ့မေးလိုက်သည်။ -
"အဲ့ဒါက hyungအိမ်ပေါ်ကဆင်းလာတာ။ "
-ကြားလိုက်ရသည့်စကားကြောင့် taehyunအံ့သြသွားသည်။ -
"ဘယ်လိုလုပ်ပြီး....
အခုကျွန်တော့အိမ်မှာလာနေတာလား။ "
-ဟုတ်ပါတယ် ဆိုသောသဘောဖြင့် beomgyuကခေါင်းညိမ့်ပြလိုက်သည်။ -
"နေလို့ရပါတယ်....
အိမ်ကရော..."
"Ommaနဲ့ ရန်ဖြစ်ပြီးဆင်းလာတာ။
ပြီးတော့...ပြီးတော့ ယွန်းရူဘီက အဲ့အိမ်မှာလာနေမှာတဲ့.... အဲ့ဒါကြောင့် နှစ်လှမ်းလောက်ကြိုမြင်တဲ့ အကိုက အိမ်ပေါ်ကအရင်ဆင်းလာတာ "
-သွားလေးဖြဲပြတဲ့ သူ့ကောင်လေးကို "အော်...ဉာဏ်ပြေးလိုက်တာ" ဟုသာပြောလိုက်ချင်သည်။ -
"အရင်လိုဘဲ အိပ်ကြတာပေါ့။ "
"အရင်လိုမအိပ်ချင်လို့ hyunကဘယ်လိုအိပ်ချင်လို့လည်း"
"အကိုဂယူနော်....."
-သူတို့ကျီစယ်ရင်း ခြေလက်ဆေးကာ အိပ်ရာဝင်ခဲ့ကြသည်။ -
.
.
.
-မနက်ကျောင်းကိုသွားတော့ beomgyuကားနဲ့သာလိုက်လာခဲ့လိုက်သည်။
-ကျောင်းဝင်းထဲဝင်လိုက်တာနဲ့စိတ်ဝင်စားသူတစ်ယောက်စ နှစ်ယောက်စက ကြည့်နေသည်။ ဒါကအဆန်းမဟုတ်ပါဘူး...သူတို့လာတိုင်းဒီလိုကြည့်နေကြဘဲလေ။ အဆန်းက ကားထဲမှာ taehyunပါလာတာ။ yoon ruby သူကတော့အရှက်မရှိ ကျောင်းကိုလာဦးမှာပေါ့။ -
"Choi Beomgyu!!"
"ရောက်ရောက်လာချင်းထွက်လာတဲ့ yeonjunအသံကြောင့် beomgyuတုန်တက်သွားသည်။ -
"မင်းမနေ့ညက taehyunအိမ်ကိုဘာသွားလုပ်တာလည်း။ "
"ဟေ့ကောင်...မင်းကဘယ်လိုသိတာလည်း"
"ငါကမင်းကိုမြင်တယ်၊ taehyunလည်းမြင်တယ်၊ မင်းဘဲမမြင်တာ။ ဟုတ်တယ်မလား "
"အဲ့အကြောင်းတွေပြီးမှပြောပြမယ် ဟုတ်ပြီလား။
သွားရအောင်..."
.
.
.
-သူတို့ ဟိုရောက်တော့ felixဘေးမှာ hyunjinကရှိနေပြီး kaiနဲ့ soobinက ဘာတွေငြင်းနေလည်းတော့မသိ။ ဆူညံပွက်လောရိုက်နေကြသည်။ -
"Ya..ya..ya!!!
ဘာတွေဖြစ်နေကြတာလည်း..."
"Sambae ပြောပါဦး....ကျွန်တော်က သူငယ်ချင်းအသစ်တွေနဲ့ ခင်လို့ရတယ်။ ဒါပေမဲ့ Junkyuဘဲလို့ပြောတာကို kaiကငြင်းနေတယ်။ ကျွန်တော်မှ Yoo Daejunနဲ့မပေါင်းချင်တာ။ " (sb)
-လက်မောင်းကိုဆွဲကာ တိုင်နေသောsoobinက yeonjunမျက်စိထဲတွင်တော့ကလေးလိုပင်။ -
"မပေါင်းချင်မပေါင်းနဲ့ပေါ့ soobinရဲ့...
Junkyuဆိုတဲ့လူနဲ့ပေါင်းချင်ရင်ပေါင်းလိုက်။ မပေါင်းချင်တဲ့လူကိုအတင်းပေါင်းစရာမလိုဘူး။ " (yj)
"အဲ့ဒါပြောတာကို...." (sb)
"မဟုတ်ဘူးလေ..."(hk)
"တိတ်....မင်းကနေမကောင်းတဲ့လူနဲ့ပြိုင်ငြင်းနေတာလား။ soobinက မပေါင်းချင်ဘူးဆို မပေါင်းနဲ့ " (yj)
"အားကိုးရှိတော့လည်းကောင်းလိုက်တာ...."
-လူမကြားရုံတမယ် လေသံတိုးတိုးနဲ့ပြောပြီး yeonjunနဲ့soobinကိုမျက်စောင်းထိုးလိုက်သည်။ -
"အာညော်ဟာဆယ်ယို...."
"အာ...Junkyu Nim!"
"ဟိုလေ taehyunအတွက် မနက်က အချိန်ပိုအတန်းကစာတွေ တစ်ချို့စာလေးတွေပြန်မှတ်ပေးထားတာ လာပေးတာပါ။ "
"အတန်းထဲရောက်မှ ပေးလည်းရတာဘဲကို..."
"ကျွန်တော်ပြောတယ် ။
ဒါပေမဲ့ daejunက အတင်းပေးခိုင်းနေလို့"
"ဘာဘဲဖြစ်ဖြစ် ကျေးဇူးပါ "
-junkyuလာပေးတဲ့ စာအုပ်ကိုယူထားရင်းပြောလိုက်သည်။ -
"Junkyu....
ကျွန်တော့်တွဲဖက်လုပ်ပါလား။ "
(Not shipping /Just Friend)
"ဟင် ဘာလို့လည်း"
"သူတို့ကျွန်တော့်ကိုပစ်ထားကြတာ။
တစ်ခုခုလေးများပြောမိရင် ကျွန်တော့်ကို သူတို့အားကိုးရာကြီးတွေနဲ့တိုင်တယ်။ ကျွန်တော်ကြောက်တယ် "
-မထွက်သောမျက်ရည်ကို ညစ်ချနေသော kaiကြောင့် junkyuကြောင်တောင်တောင်ဖြစ်သွားရသည်။ ပြီးမှအလိုက်သင့်လေး....
"ဟုတ်ပါပြီ kaiရယ်။
အခုကစလို့ kaiရဲ့တွဲဖက်လုပ်ပေးမယ်။
ရန်ဖြစ်ပေးမယ်၊ အားကိုးရာဆိုပြီးလာသာတိုင်ပစ်လိုက်....ဟုတ်ပြီလား။ "
"အွန်း။ "
-မျက်နှာချိုသော Junkyuက သူတို့အုပ်စုနဲ့ဝင်ဆံ့သော်လည်း Daejunကိုမူ ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်ကြပေ။ -
.
.
.
- အတန်းတက်စရာရှိလို့ အားလုံးကိုနှုတ်ဆက်ကာ Junkyuတို့နဲ့ လမ်းလျှောက်လာသည်။ -
"Daejun na!"
"အွန်း ဘာလည်း"
"မင်း ငါနဲ့ taehyunသွားတဲ့နောက်လိုက်နေရတာပျင်းစရာမကောင်းဘူးလား။ စကားလည်းဝင်မပြောနဲ့ သိလား။ "
"ငါက နဂိုကတည်းက ဒီလိုပုံစံဘဲဟာကို....
မပေါင်းချင်မပေါင်းနဲ့ပေါ့ "
"ဒီမှာ...
Daejunမပေါင်းချင်မပေါင်းနဲ့လေ။
ခင်ဗျားအဲ့လိုဖြစ်နေလို့ ကျွန်တော့်သူငယ်ချင်းတွေက မခေါ်ချင်ကြတာ။ ကျောက်ရုပ်ကြီးကျလို့....။ "
"Taehyunကရော...."
"ကျွန်တော်က ခင်ဗျားအခြေအနေပေါ်မူတည်ပြီးပေါ့...."
-taehyunတစ်ယောက် junkyuလက်ကိုဆွဲကာ အတန်းထဲဝင်သွားသည်။ -
*မင်းကို ခင်ချင်ပါတယ်။
ဒါပေမဲ့မင်းအနားမှာရှိနေတဲ့လူက ကိုယ်သဘောကျတဲ့လူရဲ့ အပိုင်လေ။ ဒီတော့ နောက်ဖြစ်လာသမျှကိစ္စတွေကို ကိုယ့်ကိုဘဲ အပြစ်တင်ပေးပါ။ သူမကို ဘာမှမပြောပါနဲ့။ ငါချစ်တဲ့လူကို မထိခိုက်စေချင်ဘူး *
-ဒါက daejunရဲ့ ခေါင်းထဲကအတွေးပင်။ -
.
.
.
-yeonjun ommaနဲ့ သူ၏မိတ်ဆွေ အကိုဂန်ဆိုသောလူသည် yeonjunတို့၏ အနုပညာကျောင်းသို့ရောက်လာခဲ့လေသည်။ -
-yeonjunအခန်းထဲကအထွက် လမ်းမပေါ်တွင် သူ၏အမေကိုတွေ့လိုက်ရလေသည်။ -
"မေမေ...."
-တွေတွေ့ချင်းပြေးသွားလိုက်သည်။ -
"သားငယ်...အတန်းပြီးသွားပြီလား။ "
"ဟုတ် မေမေ။
တွေ့ရတာဝမ်းသာပါတယ် အန်ကယ်။ "
"အေး သားလေး။ "
"ဒါနဲ့ဘာကိစ္စရှိလို့လည်း..."
"အကိုဂန်ရဲ့သားက ဒီကျောင်းမှာတက်နေတယ်လို့ စုံစမ်းမိလို့။ "
"ဘယ်သူလည်း မေမေ"
"Kang Taehyun!"
"Kang Taehyun....
ဟမ်....အခု...အခု Kang Taehyunလို့ပြောလိုက်တာလား။ ဖွန်ဆန်းအနုပညာတက္ကသိုလ် acting major Second year က Kang Taehyunလား။ "
"သားကသိလို့လား။ "
"ဟာ...အမေ့အိမ်ရှေ့က ကလေးကိုပြောနေတာဗျ။
အဲ့ကောင်လေးနာမည်က Kang Taehyun ။
ဒါပေမဲ့ သူက ငယ်ငယ်လေးကတည်းက အမေရော အဖေရောက car accident နဲ့ဆုံးသွားတာတဲ့။ "
"ဘယ်...ဘယ်လို....
အဲ့ကလေးက Kimမျိုးရိုးမဟုတ်ဘူးလား။ "
"ဟာ...Kangပါမေမေရယ်။ "
"တကယ် တကယ်ပြောနေတာလား သား။
အဲ့ကလေး...အခုဘယ်မှာလဲ။ "
"ကန်တင်းမှာရှိနေမယ်ထင်တယ်။
သားတို့နဲ့အတန်းချိန်မတူလို့....သွားကြည့်ပေးမယ်။ ခဏစောင့်နေပေးနော် မေမေ။ "
"အေး သား"
-မဖြစ်နိုင်တာတွေ ဖြစ်လာတော့မှာလား။
ငါနဲ့ဆော့နေကျပေါက်စက Taehyunဖြစ်လာမှာလား။ အန်ကယ်ရဲ့သားက တကယ် taehyunများလား။ -
-အတွေးပေါင်းစုံနဲ့အတူ ကန်တင်းသို့ပြေးသွားလိုက်တော့ ထမင်းစားနေတဲ့ ထယ်ဟျွန်းနဲ့ ဂျွန်ဂယူကိုတွေ့လိုက်ရလေသည်။ -
"ထယ်ဟျွန်း...."
"ဟာ...yeonjun hyung...
Soobinက အတန်းတက်နေတုန်း...
ဒါနဲ့ beomgyu hyungရော..."
"အဲ့ဒါတွေကြောင့်လာတာမဟုတ်ဘူး။
မင်းဆီကိုဘဲလာခဲ့တာ....ငါနဲ့ခဏလိုက်ခဲ့ပါလား။ "
"ဘာလို့လည်း..."
"ခဏပါဘဲ။
ခဏခေါ်သွားမယ်နော် Kim Junkyu"
"ဟုတ်ကဲ့ စီနီယာ....ခေါ်သွားပါ။ "
-taehyunသွားခါနီး ထမင်းအလုတ်ကြီးကြီးတစ်လုတ်ကို ပါးစပ်ထဲထည့်သွားလိုက်သေးသည်။ ပိုက်ဆံနဲ့ပေးဝယ်ထားရတာလေ....နှမြောတယ်။ -
.
.
.
-yeonjun hyungခေါ်တဲ့နေရာသို့ ရောက်သွားတော့ ရင်းနှီးတဲ့မျက်နှာနှစ်ခု။ yeonjun hyungအမေနဲ့ နောက်တစ်ယောက်က ဘယ်သူလည်း ငါမြင်ဖူးတယ်....-
"သား...သားလေး
သားနာမည်က Kang Taehyunလား။ "
"ဟုတ်ပါတယ် ပါမောက္ခကြီး။ "
"အကိုဂန်ရေ...
သားလေးလားမသိဘူး...."
"ဘာကိစ္စရှိလို့လည်း...."
"သားမိဘတွေနာမည်မှတ်မိလား သား"
"ကျွန်တော့်မိဘတွေ...?
မမှတ်မိပါဘူး။ ကျွန်တော်အသက်ငါးနှစ်မှာ မေမေရော ဖေဖေရော အလုပ်ခရီးသွားရင်း accidentနဲ့ဆုံးသွားတာလို့ဘဲ ဘွားဘွားပြောတာမှတ်မိတာ။ "
"ဓာတ်ပုံတွေဘာတွေရော ရှိသေးလား သား။ "
"ဟင့်အင်း..."
"အန်ကယ့်ကိုသိလား။ "
"ပါမောက္ခကြီးရဲ့ မိတ်ဆွေလား။ "
-ထူးထူးဆန်းဆန်းတွေမေးပြီး သူ့ကိုကြည့်နေကြတာကြောင့် taehyun အကျပ်ရိုက်နေသည်။ -
"သား...."
"ဗျာ?
ဘယ်သူ့ကိုခေါ်တာလည်းမသိဘူး"
"သားလေးကိုခေါ်တာပေါ့ သားရယ်။ "
"ကျွန်တော့်ကို...."
"Taehyun na!!
သေချာနားထောင်နော်....ဒီအန်ကယ်က မင်းရဲ့အဖေဖြစ်နိုင်တယ်။ "
"ဘယ်လို.... "
"မင်းရဲ့အဖေဖြစ်နိုင်တယ်လို့....
မင်းက အန်ကယ်ရဲ့ပျောက်နေတဲ့သားရဲ့ အချက်အလက်တွေနဲ့ ကိုက်နေတယ်။ "
"မဖြစ်နိုင်တာကို....
ကျွန်တော့်မိဘတွေက car accident နဲ့......
"မသေခဲ့ဘူး သားငယ်။
အဖေတို့...အဖေတို့ အချိန်မှီပြန်မလာနိုင်ခဲ့တာဘဲရှိတာ။ သားငယ်ဆီပြန်လာတော့ အရင်အိမ်လေးမှာသားမရှိတော့ဘူး။ ဖေဖေတို့လိုက်ရှာပေမဲ့လည်း သားကိုမတွေ့ခဲ့ဘူး။ "
"DNAစစ်ကြည့်ရင်သိနိုင်တယ်မလား။ "
"သားအခုအချိန်ရလား။ "
"ရ...ရပါတယ် ။
ဒါပေမဲ့ အတန်းကမပြီးသေးတော့ တစ်ချိန်ကျန်သေးတယ်။ "
"ငါအစားတက်ပေးထားမယ်။
မင်းစိတ်ချလက်ချသွား...."
"Hyung!"
"သွားပါ...ပေး....လွယ်အိတ်"
"လိုက်သွားလိုက်မယ်နော် ဒါဆို....
မသိတာရှိရင် Junkyuကိုမေးလိုက် သိလား။ "
-ထိုသို့မှာကာ yeonjunမေမေနဲ့အတူ ကားပေါ်လိုက်သွားလေသည်။ သူတို့ထွက်သွားတာနဲ့ yeonjunလည်း taehyunအတန်းရှိရာဆီသွားပြီး ဒုတိယနှစ်ပြန်လုပ်ရန် ထွက်လာခဲ့သည် ။ -
-အတန်းနားရောက်ခါနီးတွင် rubyနဲ့ daejunဆိုတဲ့ကောင်လေးနဲ့ စကားပြောနေတာကိုတွေ့သွားသည်။ သူလည်း နားထောင်မလို့ပေမဲ့ အရမ်းဝေးလွန်းသည်။ ဓာတ်ပုံဘဲရိုက်လာခဲ့ပြီး အတန်းထဲဝင်သွားခဲ့သည်။ -
"ဟင် စီနီယာ ။
ဘယ်လိုလုပ်ပြီး taehyunနေရာမှာ..."
"ဘာအချိန်လည်း...."
"သင်္ချာချိန်"
*ပါမောက္ခမင်ရဲ့အတန်းချိန်ဘဲ ။
ငါအဆင်ပြေပါတယ်.... သူက စာသင်ပြီးတာနဲ့ တိတ်တိတ်နေခိုင်းပြီး မှောက်အိပ်မဲ့သူလေ။ *
"ငါဒီမှာရှိတာကို မသိချင်ယောင်ဆောင်ပေး။ "
*ဟမ်....စီနီယာတစ်ယောက်လုံးက ဘေးမှာလာထိုင်နေတာကို ငါကဘယ်လို မသိချင်ယောင်ဆောင်ပေးရမှာလည်း။ *
-သူခေါင်းသာညိမ့်ပြလိုက်ပြီး ဆရာဝင်လာလို့ စာကိုသာအာရုံစိုက်လိုက်သည်။ -
-yeonjun ခန့်မှန်းသည့်အတိုင်းပင် ။
ပါမောက္ခမင်က သင်္ချာကို စိတ်ပါပါရှင်းပြပြီးတာနဲ့ ရေတစ်ငုံသောက်ကာ ကျောင်းသားတွေကို တိတ်နေရန်ပြောပြီး သူထိုင်ခုံတွင် မျက်မှန်ချွတ်၍ အိပ်လိုက်လေသည်။ ထိုဆရာကတော့ အတန်းချိန်မှန်သည်၊ အသင်အပြကောင်းသည်။ သူ့အိပ်နေတာကိုတော့ အခုထိပြင်မရသေး။ ဘယ်ဘဝကတည်းက မအိပ်ခဲ့ရလည်းတော့ မသိနိုင်ပေ။ -
.
.
.
-ဆေးရုံရောက်တာနဲ့ yeonjun ommaကဘဲ ဦးဆောင်ကာ သူတို့အတွက်ပြင်ဆင်ပေးခဲ့သည်။ ယခုဆိုရင် ဆေးရုံရောက်နေတာ တစ်နာရီခွဲကျော်ကျော်ရှိနေလေသည်။ ရလဒ်ကိုစောင့်နေခြင်းပင်။ -
"တကယ်လို့ ကျွန်တော်က ဦးရဲ့သားဖြစ်နေခဲ့ရင် ကျွန်တော်ဘာဖြစ်မှာလည်းဟင်..."
"သားကို ဖေဖေက ပြန်ခေါ်ထားမှာပေါ့သားရဲ့။
ခုနက Hyoin ပြောသလိုဆိုရင် သားကတစ်ယောက်တည်းနေနေရတာ။ ဖေဖေရဲ့သားမှန်ရင် ဖေဖေ သားကို ဖေဖေ့အိမ်မှာ ပြန်ခေါ်ထားမှာ သား။ "
"မဟုတ်ရင်ရော..."
"ရလဒ်အရကိုဘဲ တာဝန်ယူမှာပေါ့။ "
"အကိုဂန်....!"
"ဟျိုအင်
ဘာဖြစ်လို့လည်း"
"ရလဒ်သိရပြီ...."
Taehyun mind:
*မြန်လိုက်တာ*
"ဘယ်လိုဖြစ်သွားလည်း ဟျိုအင် "
"Taehyunက အကိုရဲ့သား မှန်တယ်။ "
.
.
.
*FOREVER*
ညတစ်ပိုင်းလာရင်လာဦးမှာပြောမရပါဘူးနော်။
မလာရင်လည်းနောက်နေ့ပေါ့ 😁
#jerry