For Unicode
ရင်ဘတ်ပေါ်ကို ထိတွေ့နေသော မာကျောသည့်အရာဝတ္ထုသေးသေးလေးများ။
ထယ်ယောင်းမျက်လုံးကိုအားယူပြီးဖွင့်ကြည့်မိတော့ မြင်လိုက်ရသည့် မြင်ကွင်းဟာ သွေးတက်ဖွယ် ။
" ဘယ်...ဘယ်သူလဲ "
ပါးစပ်ကအော်ပြောလိုက်ပေမယ့် အသံတော့ထွက်မလာပေ။ထိန်းချုပ်ခံထားရသလို ခံစားချက်က စိတ်ကျဉ်းကျပ်စေလှသည်။
"ငါဘယ်သူလဲ မသိချင်နဲ့ငါ့နေရာကနေဖယ်"
ဘုရားရေ သူမက ထယ်ယောင်းစိတ်ထဲကပြောတဲ့အသံကို ကြားနေရတာလား။ မဟုတ်ဘူး ဒါအိမ်မက် မက်နေတာမလား။
ရုတ်တရက် ဖြတ်တိုက်သွားသော လေကြမ်းကြမ်းတွေကြောင့် ထယ်ယောင်းကျောထဲစိမ့်တတ်သွားရသည်။
ပြတင်းပေါက်တွေလည်း ပွင့်မနေဘဲဘယ်နေရာက လေဝင်လာတာလဲ။
လူတစ်ကိုယ်လုံးလည်းတုန်ရီနေကာ ကြက်သီးမွှေးများပင်တဖြန်းဖြန်းထလာပြီ။
ထိုအမျိုးသမီး၏ ပါးစပ်မှာကျနေသောအရည်တစ်ချို့ကြောင့် ပျို့အန်ချင်စိတ်ကိုမနည်းထိန်းထားရသည်။
ထို့နောက် ထယ်ယောင်းမျက်လုံးကို စုံမှိတ်ချထားလိုက်၏။အိပ်မက်ထဲကဖြစ်ဖြစ် တကယ့်လက်တွေ့မှာဖြစ်ဖြစ် ထယ်ယောင်းသရဲခြောက်ခံနေရတာသေချာသည်။
"ရှပ်...ရှပ် "
တခြားသူတွေအိပ်ပျော်နေကြလားမသိပေမယ့် အခုချိန်ထိ အိပ်မရတဲ့သူက နမ်ဂျွန်းပင်။
ခြေသံလိုလို ရှပ်တိုက်သံကြားနေရပေမယ့် ထိုအသံသည်ကြမ်းပြင်ကလာတဲ့အသံမဟုတ်။
မျက်လုံးဖွင့်ဖွင့်ချင်း မျက်နှာကျက်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် မြင်လိုက်ရသော မိန်းကလေးတစ်ယောက်။
လေပေါ်မှာလွင့်မျှောနေသော ထိုမိန်းကလေး၏ ကျောင်းဝတ်စုံတွင် သွေးတွေချင်းချင်းရဲနေသည်။လွင့်မြောနေသည်ထက် မျက်နှာကျက်ပေါ်မှာ လမ်းလျှောက်နေသည်ဆိုရင် ပိုမှန်လေမလား။
မင်သေသေအသက်မပါသည့် မျက်နှာက ကြောက်လန့်ဖွယ်။သွေးစက်တွေက နမ်ဂျွန်းအပေါ်ကို စီးကျလာမလားဆိုပြီး ခြောက်ခြားမိသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လူကအသက်ရှုဖို့ပါမေ့နေခဲ့သည်။ ဘေးဘက်တွင် တခြားသူတွေရှိမှန်းသိလျှက်နဲ့ နမ်ဂျွန်း၏ခန္ဓာကိုယ်သည် ဘယ်လိုမှလှုပ်ရှားဖို့မစွမ်းသာ။
ထိုမိန်းကလေးသည် မျက်နှာကျက်အပေါ်ကနေ ပက်လက်အနေအထားရှိနေသည့်နမ်ဂျွန်းနှင့် မျက်နှာချင်းဆိုင် တစ်စထက်တစ်စပို၍နီးကပ်လာသည်။ရှည်မြောမြောခန္ဓာကိုယ်က ရွံ့ရုပ်တစ်ခုလို လိုသလိုပုံသွင်းနိုင်တာလား။
သရဲမကြောက်တတ်သည့်သူတောင် ထိုမြင်ကွင်းကြောင့် အသက်ရှူရပ်မတတ်ဖြစ်လာရ၏။ ထိုမိန်းကလေး၏ ဆံပင်မတိုမရှည်တွေက ဖွာစုတ်၍လေထဲတွင်ဝဲပျံနေသည်။
ပျက်ကျမတတ်ဖြစ်နေသော နှုတ်ခမ်းတွဲကြီးကြောင့် အသက်ရှုပါအောင့်ထားမိ၏။
ထိုသတီစရာမြင်ကွင်းမှလွတ်မြောက်အောင် မျက်လုံးကိုတင်းကြပ်စွာမှိတ်ထားလိုက်ချင်ပေမယ့် ဘယ်လိုမှ အကြည့်လွှဲလို့မရ။
မျက်နှာတစ်ခုလုံး သွေးမရှိဘဲဖြူစွတ်နေသည့်အပြင် မျက်စိနှစ်လုံးစလုံးက အပြင်ကိုပြုတ်ကျလုမတတ် ပြူးထွက်နေ၏။
နီးကပ်လာသော အနေအထားမှာ နမ်ဂျွန်းစိတ်အစုံဟာ ပြိုကျလုမတတ်ဖြစ်လာပြီး အသက်ရှုရတာပင် မူမမှန်ချင်တော့ပေ။
နမ်ဂျွန်းရင်ဘတ်ပေါ်ကို အရှိုန်နဲ့ ထိုးဆင်းလာသည့်မြင်ကွင်း။ထိုမြင်ကွင်းမဆုံးခင်မှာ မျက်လုံးထဲတွင်ကြားဖြတ်ပေါ်လာသော လက်တစ်စုံ။
ချောက်နက်ထဲကိုပြုတ်ကျတော့မည့်ဆဲဆဲတွင် ဘေးကင်းရာတစ်နေရာကိုရောက်သွားသည့်ပမာ အသက်ကိုရဲရဲတင်းတင်းရှူရှိုက်လိုက်မိသည်။
နမ်ဂျွန်း၏မျက်လုံးပေါ်သို့ ကျရောက်လာသည့် ရှည်လျားသောလက်ချောင်းတွေသည် အေးစက်နေပေမယ့် သူ့ရင်ထဲနွေးသွားသလိုခံစားရ၏။
အားကိုးတကြီးနဲ့ ထိုအရာမှ ဆွဲထုတ်ပေးဖို့ မျှော်လင့်မိသည်။
"အား..."
ဆူးဆူးဝါးဝါးအော်သံကြောင့် နမ်ဂျွန်းတစ်ကိုယ်လုံးတုန်တတ်သွားသည်။
ယခုအချိန်တွင် သူ၏ကိုယ်ခန္ဓာသည် ပြန်ပြီးလှုပ်ရှားလို့ရနေပြီဆိုတာကို အလိုလိုသတိပြုလိုက်မိ၏။
" ဘုန်း"
နောက်ကျောက နာကျင်မှုနှင့်အတူ ကြမ်းပြင်ကိုပြုတ်ကျသွားမှ သတိပြန်ဝင်လာသည်က သူတို့တွေညက စာသင်ခုံတွေကိုစီပြီး ထိုအပေါ်တွင်တတ်အိပ်ခဲ့သည်ကိုပင်။ဒါပေမယ့် အခုတော့ တစ်ခုခုက ဆွဲယူခံလိုက်ရသလို ကြမ်းပြင်ပေါ်မှာ အလူးလူးအလှိမ့်လှိမ့်။
"ဘာ..ဘာဖြစ်တာလဲ ထယ်ယောင်း"
"သရဲ သရဲမြင်လိုက်တယ်"
ခြောက်ယောက်တန်းစီအိပ်ရာမှ ဂျောင်ကုနဲ့ဟိုဆော့ကြားတွင် အိပ်သောထယ်ယောင်းသည် ရုန်းရင်းကန်ရင်းနှင့် အောက်ကိုပြုတ်ကျသွားခဲ့သည်။
ထယ်ယောင်းလည်း နမ်ဂျွန်းလိုပဲလား။
"စိတ်အေးအေးထား ထယ်ယောင်း"
နမ်ဂျွန်း ထိုင်လျှက်ကပင် ထယ်ယောင်းဆီသို့ တရွတ်တိုက်ကာ တွားသွားမိသည်။သူဆုပ်ကိုင်လိုက်သော ထယ်ယောင်း၏လက်ဖျားတွေသည် အေးစက်ကာ တုန်ရီနေ၏။
ဘေးနားမှ တခြားသူတွေလည်းနိုးလာကြလေပြီ။
"အစ်ကိုရှ်ိတယ်မကြောက်နဲ့တော့ ထယ်ယောင်း...ဘာသရဲမှမရှိဘူး"
ထယ်ယောင်းကြောက်စိတ်ပြေသွားအောင်ပြောလိုက်ပေမယ့် နမ်ဂျွန်းကိုယ်တိုင်တောင် အကြောက်မပြေသေးပါ။
သူလည်း သရဲခြောက်ခံခဲ့ရတာပဲမဟုတ်လား။
"ဟင် ဂျောင်ကုဘယ်ရောက်သွားတာလဲ "
ဂျီမင်၏ပြာပြာသလဲလဲမေးခွန်းကြောင့် နမ်ဂျွန်းတို့နှစ်ယောက်သားကြမ်းပြင်ပေါ်ကနေ ကပြာကယာထကာ မတ်တပ်ရပ်လိုက်ကြသည်။
စောစောကကြောက်နေသည့်စိတ်တောင်ဘယ်ရောက်သွားလဲမသိတော့။လူတစ်ယောက်လုံးဘယ်လိုပျောက်သွားရတာလဲ။ ဒီလောက်မှောင်မဲနေတဲ့ကြားထဲကလေ။
ထိုအချိန် အခန်းတွင်းသို့ ပြေးဝင်လာသော ဂျောင်ကု။
လူတစ်ကိုယ်လုံးလည်းချွေးသံရဲရဲနှင့်။
"မင်းအဆင်ပြေလား ဘယ်လိုဖြစ်တာတုန်းကွာ ငါတို့မှာလန့်သွားတာပဲ"
ဂျောင်ကုကဂျီမင့်အမေးကိုခေါင်းတစ်ချက်ငြိမ့်ပြသည်။
ထို့နောက် ထယ်ယောင်းဘက်ကို လှည့်ကာ ...
"မင်းဘယ်တွေလျှောက်သွားနေတာလဲ...ကင်မ်ထယ်ယောင်း"
"ဟမ် "
ဘလိုင်းကြီးအော်ခံလိုက်ရတာကြောင့် ထယ်ယောင်းမှာ ကြောင်အအနှင့်။
ကိုယ့်ဘာကိုယ်တောင် သရဲခြောက်ခံရလို့အသည်းအသန်ထအော်ပြီး အသက်မနည်းလုရှူနေရတာကို ဘယ်ကိုထွက်သွားမိလို့လဲ။
နမ်ဂျွန်းအပါအဝင်အကုန်လုံးကအကြောင်သားနှင့်။ သူတိူ့နိုးလာကတည်းက ထယ်ယောင်းကဒီမှာပဲရှိနေတာမဟုတ်လား။
"ဘာတွေပြောနေတာလဲ ထယ်ယောင်းက ကိုယ်တို့နိုးလာထဲကဒီမှာရှိနေတာလေ "
ဟိုဆော့စကားကို နမ်ဂျွန်းကလည်းခေါင်းညိတ်ကာထောက်ခံ၏။
ဖုံးကွယ်ထားလို့လည်းထူးမည်မဟုတ်ပါ။ အိပ်မက်လိုလိုတကယ်လိုလိုနဲ့ သရဲခြောက်ခံရတာက သူတစ်ယောက်ထဲမှမဟုတ်တာ သေချာတာကတော့ တစ်ခုခုတော့ မူမမှန်ပေ။
"မင်းဘယ်လိုတွေ့ခဲ့လို့လဲ"
ဂျောင်ကုက စိတ်မရှည်သလိုလေပူတစ်ချက်မှုတ်ကာ...
"ကျွန်တော်နိုးလာလို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် ကင်မ်ထယ်ယောင်းပြေးထွက်သွားတာမြင်လို့ ထလိုက်သွားတာ။ အမှောင်ထဲမှာဆိုတော့ ကျွန်တော်လည်းလမ်းပျောက်သွားပြီး ထယ်ယောင်းကို လုံးဝမတွေ့တော့ဘူး... နောက်ပြီး "
ဂျောင်ကုသည် ချွေးစတွေနှင့်ဆံပင်တွေကိုသပ်တင်ကာတစ်ခုခုကို စဥ်းစားဟန်ရှိသည်။
"ကျွန်တော်လမ်းပျောက်သွားတဲ့အချိန် လူတစ်ယောက်ရောက်လာပြီး လမ်းမှားနေတယ်ပြောပြီး ဒီကိုပြန်လာပို့သွားတာ"
"ဟမ် "
အာမေဋိတ်သံတို့ဟာ တစ်ယောက်တစ်မျိုးစီ ထွက်လာကြသည်။
ဂျောင်ကုအဖြေက အားရချင်စရာနည်းနည်းမှမရှိပေမယ့် ဒီထဲမှာ နမ်ဂျွန်းတို့၆ယောက်အပြင်တစ်ခြားသူရှိသေးတယ်ပေါ့ဆိုပြီးလည်း အံံဩရသည်။
"စီနီယာများလား သူဘေးကင်းနေတာပဲ"
ဟိုဆော့၏အားတတ်သရောအပြောကို နမ်ဂျွန်းကခေါင်းညိတ်ကာ...
"သူကအစ်ကိုတို့ရှာနေတဲ့စီနီယာဖြစ်မယ် သူအခုဘယ်မှာလဲ"
"လမ်းပြမယ်ဆိုပြီး အရှေ့ကနေခေါ်လာလို့လိုက်လာတာပဲ သူဒီနားလေးတင်ပျောက်သွားတာ တစ်နေရာရာကိုဝင်သွားတယ်ထင်တယ် "
"မင်းဘာမှမေးမကြည့်ဖူးလား"
ယွန်းဂီ၏ဘုဆက်ဆက်အမေးကိုဂျောင်ကုက ပုခုံးတွန့်ပြကာ...
"ကျွန်တော်နဲ့မသိတဲ့သူဆို စကားမပြောချင်ဘူး"
ဂျောင်ကုစကားကြောင့်ကျန်တဲ့လူတွေမှာ ပါးစပ်အဟောင်းသားနှင့်။
ဒီလိုအခြေအနေမှာတောင် သိတဲ့လူမှစကားပြောမယ်ဆိုတဲ့အထာနဲ့ချေမိုးနေနိုင်သေးတာလား။
ထယ်ယောင်းသည် ဂျောင်ကုကိုသေချာစိုက်ကြည့်နေမိသည်။
နဖူးပေါ်ကချွေးတွေနှင့်ဆံပင်ကို ခဏခဏသပ်တင်ကာ နှာတစ်မှုတ်မှုတ်ဖြစ်နေသူ၊
မသိသူနဲ့ စကားမပြောဘူးဆိုတဲ့လူက ထယ်ယောင်းစကားမပြောတာကျ စိတ်ဆိုးဒေါသထွက်တယ်တဲ့လား။
မကျေနပ်လို့အနိုင်ကျင့်တယ်တဲ့လား။
"မင်းဘာလို့ငါ့နောက်ကိုလိုက်သွားတာလဲ"
ဟုတ်တယ်လေ သူ့ကိုဂျောင်ကုကကြည့်ရတာမှမဟုတ်ဘဲ။
ထယ်ယောင်းတို့တတ်နေတဲ့ကျောင်းက လူချမ်းသာတွေပဲတတ်နိုင်တဲ့ကျောင်းပေမယ့် ထယ်ယောင်းကတော့ ပညာရေးကောင်းမွန်လို့သာ ကျောင်းရဲ့ထောက်ပံ့မှုကြောင့် ဒီမှာတက်နိုင်တာဖြစ်သည်။
ဒါတောင် ထယ်ယောင်းဒီကျောင်းကိုရောက်တာ ၆လတင်းတင်းပြည့်သေးတာမဟုတ်။
ကျောင်းစတတ်တဲ့နေ့ထဲက ထယ်ယောင်းဘေးခုံတွင်လာထိုင်သောဂျောင်ကုသည် တစ်မျိုးမဟုတ်တစ်မျိုးပြဿနာရှာတတ်သည်။ဒါမှမဟုတ် ထယ်ယောင်းကပဲ သူ့ဘေးမှာ ထိုင်မိတာလားတော့ မပြောတတ်။
သူပြဿနာရှာတာကလဲ တခြားသူတွေထက် ထယ်ယောင်းကိုသာ ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာနေသလိုပုံမျိုး။
တမင်ရန်စနေမှန်းသိလို့စကားပြန်မပြောတော့ ပိုလို့ပင်ဆိုးလာသည်။
"အဲ့ဒါမင်းအကြောင်းလား "
ထယ်ယောင်းကိုမကြည့်ဘဲ ဂျစ်ကန်ကန်ဖြေကာ ဂျီမင်ဘေးသို့ သွားရပ်နေသော ဂျောင်ကုကို တခြားသူတွေကပါ နားမလည်သလိုလိုက်ကြည့်နေကြ၏။
ဂျီမင်ကတစ်ခုခုကိုသတိရသွားဟန်ဖြင့်...
"နေအုံး ထယ်ယောင်းကလည်းဒီမှာရှိနေတယ်ဆို ဂျောင်ကုကဘာလို့ထယ်ယောင်းနောက်လိုက်သွားတာလဲ "
"အကုန်လုံးနားထောင် ဒီကျောင်းထဲမှာတစ်ခုခုထူးဆန်းတာရှိတယ်"
တွေးဆဆနဲ့ သတိပေးဟန်ပြောကြားလာသည့် နမ်ဂျွန်း။
"သ သရဲလား"
ကလေးတွေရှေ့ထားပြီးအသံပြဲကြီးနဲ့ထမေးသော ဟိုဆော့ကြောင့် ယွန်းဂီက ချောင်းဝင်ဟန့်လိုက်သည်။
"အင်း အဲ့လိုမျိုးဘဲ... ထယ်ယောင်းမှမဟုတ်ဘူး...ငါလည်းသရဲခြောက်ခံရတယ်။ နောက်ပြီးဂျောင်ကုလည်းအမြင်အာရုံလှည့်စားခံရတာထင်တယ်"
နမ်ဂျွန်းရဲ့စကားအဆုံးမှာ ဟိုဟိုဒီဒီရပ်နေသော အငယ်သုံးယောက်က အကြီးတွေနားပြေးကပ်ကုန်ကြသည်။
"ငါတော့ဘာမှမဖြစ်ဘူး "
"မင်းမှာအဆောင်ရှိလို့ထင်တယ် "
နမ်ဂျွန်းက ယွန်းဂီရဲ့လည်ပင်းက လက်ဝါးကပ်တိုင်ဆွဲကြိိုးကို မေ့ငေါ့ပြ၏။
"အင်း ငါငယ်ငယ်ကသရဲခြောက်ခံရလို့ အဘွားဆောင်ခိုင်းထားတာ"
"ဒါဆိုကျွန်တော်ကရော ဘာလို့အဲ့လိုမဖြစ်တာလဲ"
ဂျီမင်က မျက်လုံးလေးထောင့်ကပ်ကာ စဉ်းစားရင်း မေးမြန်းသည်။
"မင်းက ငါနဲ့ကပ်အိပ်လို့ထင်တယ်"
"အဆောင်ကစွမ်းလိုက်တာ အဲ့အဆောင်ဆွဲထားတဲ့သူနဲ့အသားချင်းထိနေရင် သရဲခြောက်မခံရတော့ဘူးလား "
ဂျီမင့်မေးခွန်းအဆုံးတွင် ယွန်ဂီလက်မောင်းကိုဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်ပြေးဆွဲသော ဟိုဆော့နဲ့ထယ်ယောင်း။ဟိုဆော့ကတော့ ကံမြင့်နေပုံပင်။
အဆောင်လည်းမရှိ၊ယွန်းဂီနဲ့လည်း အသားချင်းထိမနေပေမယ့် သရဲခြောက်ခံလွတ်ခဲ့တယ်မလား။
ဒါမှမဟုတ် ဂျီမင်ဘက်လှည့်အိပ်ရင်း အကြောက်ပြေ ဂျီမင်ပုခုံးပေါ် မထိတထိတင်ထားခဲ့တဲ့လက်က ယွန်းဂီကိုပါ ထိမိနေခဲ့လို့လား။
"အဲ့အဆောင်များငါ့လွယ်အိတ်ထဲမှာလည်းရှိပါ့"
အကြီးတွေကိုပြောရင် ကျွန်တော်လို့သုံးမှာဆိုပေမယ့် ဂျောင်ကုကတော့ 'ငါ'လို့ သုံးလိုက်သည်။ဒါကထယ်ယောင်းကိုတမင်ခပ်ရွဲ့ရွဲ့ပြောနေပုံပင်။
"အာ ဂျောင်ကု မင်းမှာလည်း ရှိတာလား..."
ဂျီမင်က ဂျောင်ကုကို မျက်နှာချိုသွေးကာ ပြောနေချိန် ထယ်ယောင်းရဲ့ လက်သွယ်သွယ်ဟာလည်း ဂျောင်ကုအင်္ကျီစပေါ် လူမသိသူမသိ ရောက်ရှိနေခဲ့သည်။
ခါးထက်ရှိ အင်္ကျီစလေး တင်းသွားတာကို သတိထားမိတဲ့ ဂျောင်ကုကတော့ မျက်နှာဝင့်လျက်ပင် မဲ့ပြုံးပြုံးလေ၏။
_____Trapped in a maze______
19.10.2022
HlaingMeMeAung
AlienMi709
ဖတ်တဲ့လူတွေတော့မသိဘူး ရေးတဲ့လူတွေကတော့ ဒီဘဝရောက်နေကြတာပဲ🤗
__________________________
For Unicode
ရင္ဘတ္ေပၚကို ထိေတြ႕ေနေသာ မာေက်ာသည့္အရာဝတၳဳေသးေသးေလးမ်ား။
ထယ္ေယာင္းမ်က္လုံးကိုအားယူၿပီးဖြင့္ၾကည့္မိေတာ့ ျမင္လိုက္ရသည့္ ျမင္ကြင္းဟာ ေသြးတက္ဖြယ္ ။
" ဘယ္...ဘယ္သူလဲ "
ပါးစပ္ကေအာ္ေျပာလိုက္ေပမယ့္ အသံေတာ့ထြက္မလာေပ။ထိန္းခ်ဳပ္ခံထားရသလို ခံစားခ်က္က စိတ္က်ဥ္းက်ပ္ေစလွသည္။
"ငါဘယ္သူလဲ မသိခ်င္နဲ႔ငါ့ေနရာကေနဖယ္"
ဘုရားေရ သူမက ထယ္ေယာင္းစိတ္ထဲကေျပာတဲ့အသံကို ၾကားေနရတာလား။ မဟုတ္ဘူး ဒါအိမ္မက္ မက္ေနတာမလား။
႐ုတ္တရက္ ျဖတ္တိုက္သြားေသာ ေလၾကမ္းၾကမ္းေတြေၾကာင့္ ထယ္ေယာင္းေက်ာထဲစိမ့္တတ္သြားရသည္။
ျပတင္းေပါက္ေတြလည္း ပြင့္မေနဘဲဘယ္ေနရာက ေလဝင္လာတာလဲ။
လူတစ္ကိုယ္လုံးလည္းတုန္ရီေနကာ ၾကက္သီးေမႊးမ်ားပင္တျဖန္းျဖန္းထလာၿပီ။
ထိုအမ်ိဳးသမီး၏ ပါးစပ္မွာက်ေနေသာအရည္တစ္ခ်ိဳ႕ေၾကာင့္ ပ်ိဳ႕အန္ခ်င္စိတ္ကိုမနည္းထိန္းထားရသည္။
ထို႔ေနာက္ ထယ္ေယာင္းမ်က္လုံးကို စုံမွိတ္ခ်ထားလိုက္၏။အိပ္မက္ထဲကျဖစ္ျဖစ္ တကယ့္လက္ေတြ႕မွာျဖစ္ျဖစ္ ထယ္ေယာင္းသရဲေျခာက္ခံေနရတာေသခ်ာသည္။
"ရွပ္...ရွပ္ "
တျခားသူေတြအိပ္ေပ်ာ္ေနၾကလားမသိေပမယ့္ အခုခ်ိန္ထိ အိပ္မရတဲ့သူက နမ္ဂြၽန္းပင္။
ေျခသံလိုလို ရွပ္တိုက္သံၾကားေနရေပမယ့္ ထိုအသံသည္ၾကမ္းျပင္ကလာတဲ့အသံမဟုတ္။
မ်က္လုံးဖြင့္ဖြင့္ခ်င္း မ်က္ႏွာက်က္ေပၚတြင္ ေဇာက္ထိုးအေနအထားႏွင့္ ျမင္လိုက္ရေသာ မိန္းကေလးတစ္ေယာက္။
ေလေပၚမွာလြင့္ေမွ်ာေနေသာ ထိုမိန္းကေလး၏ ေက်ာင္းဝတ္စုံတြင္ ေသြးေတြခ်င္းခ်င္းရဲေနသည္။လြင့္ေျမာေနသည္ထက္ မ်က္ႏွာက်က္ေပၚမွာ လမ္းေလွ်ာက္ေနသည္ဆိုရင္ ပိုမွန္ေလမလား။
မင္ေသေသအသက္မပါသည့္ မ်က္ႏွာက ေၾကာက္လန႔္ဖြယ္။ေသြးစက္ေတြက နမ္ဂြၽန္းအေပၚကို စီးက်လာမလားဆိုၿပီး ေျခာက္ျခားမိသည္။
ထိုျမင္ကြင္းကိုၾကည့္ရင္း လူကအသက္ရႈဖို႔ပါေမ့ေနခဲ့သည္။ ေဘးဘက္တြင္ တျခားသူေတြရွိမွန္းသိလွ်က္နဲ႔ နမ္ဂြၽန္း၏ခႏၶာကိုယ္သည္ ဘယ္လိုမွလႈပ္ရွားဖို႔မစြမ္းသာ။
ထိုမိန္းကေလးသည္ မ်က္ႏွာက်က္အေပၚကေန ပက္လက္အေနအထားရွိေနသည့္နမ္ဂြၽန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ တစ္စထက္တစ္စပို၍နီးကပ္လာသည္။ရွည္ေျမာေျမာခႏၶာကိုယ္က ႐ြံ႕႐ုပ္တစ္ခုလို လိုသလိုပုံသြင္းႏိုင္တာလား။
သရဲမေၾကာက္တတ္သည့္သူေတာင္ ထိုျမင္ကြင္းေၾကာင့္ အသက္ရႉရပ္မတတ္ျဖစ္လာရ၏။ ထိုမိန္းကေလး၏ ဆံပင္မတိုမရွည္ေတြက ဖြာစုတ္၍ေလထဲတြင္ဝဲပ်ံေနသည္။
ပ်က္က်မတတ္ျဖစ္ေနေသာ ႏႈတ္ခမ္းတြဲႀကီးေၾကာင့္ အသက္ရႈပါေအာင့္ထားမိ၏။
ထိုသတီစရာျမင္ကြင္းမွလြတ္ေျမာက္ေအာင္ မ်က္လုံးကိုတင္းၾကပ္စြာမွိတ္ထားလိုက္ခ်င္ေပမယ့္ ဘယ္လိုမွ အၾကည့္လႊဲလို႔မရ။
မ်က္ႏွာတစ္ခုလုံး ေသြးမရွိဘဲျဖဴစြတ္ေနသည့္အျပင္ မ်က္စိႏွစ္လုံးစလုံးက အျပင္ကိုျပဳတ္က်လုမတတ္ ျပဴးထြက္ေန၏။
နီးကပ္လာေသာ အေနအထားမွာ နမ္ဂြၽန္းစိတ္အစုံဟာ ၿပိဳက်လုမတတ္ျဖစ္လာၿပီး အသက္ရႈရတာပင္ မူမမွန္ခ်င္ေတာ့ေပ။
နမ္ဂြၽန္းရင္ဘတ္ေပၚကို အရႈိန္နဲ႔ ထိုးဆင္းလာသည့္ျမင္ကြင္း။ထိုျမင္ကြင္းမဆုံးခင္မွာ မ်က္လုံးထဲတြင္ၾကားျဖတ္ေပၚလာေသာ လက္တစ္စုံ။
ေခ်ာက္နက္ထဲကိုျပဳတ္က်ေတာ့မည့္ဆဲဆဲတြင္ ေဘးကင္းရာတစ္ေနရာကိုေရာက္သြားသည့္ပမာ အသက္ကိုရဲရဲတင္းတင္းရႉရႈိက္လိုက္မိသည္။
နမ္ဂြၽန္း၏မ်က္လုံးေပၚသို႔ က်ေရာက္လာသည့္ ရွည္လ်ားေသာလက္ေခ်ာင္းေတြသည္ ေအးစက္ေနေပမယ့္ သူ႔ရင္ထဲေႏြးသြားသလိုခံစားရ၏။
အားကိုးတႀကီးနဲ႔ ထိုအရာမွ ဆြဲထုတ္ေပးဖို႔ ေမွ်ာ္လင့္မိသည္။
"အား..."
ဆူးဆူးဝါးဝါးေအာ္သံေၾကာင့္ နမ္ဂြၽန္းတစ္ကိုယ္လုံးတုန္တတ္သြားသည္။
ယခုအခ်ိန္တြင္ သူ၏ကိုယ္ခႏၶာသည္ ျပန္ၿပီးလႈပ္ရွားလို႔ရေနၿပီဆိုတာကို အလိုလိုသတိျပဳလိုက္မိ၏။
" ဘုန္း"
ေနာက္ေက်ာက နာက်င္မႈႏွင့္အတူ ၾကမ္းျပင္ကိုျပဳတ္က်သြားမွ သတိျပန္ဝင္လာသည္က သူတို႔ေတြညက စာသင္ခုံေတြကိုစီၿပီး ထိုအေပၚတြင္တတ္အိပ္ခဲ့သည္ကိုပင္။ဒါေပမယ့္ အခုေတာ့ တစ္ခုခုက ဆြဲယူခံလိုက္ရသလို ၾကမ္းျပင္ေပၚမွာ အလူးလူးအလွိမ့္လွိမ့္။
"ဘာ..ဘာျဖစ္တာလဲ ထယ္ေယာင္း"
"သရဲ သရဲျမင္လိုက္တယ္"
ေျခာက္ေယာက္တန္းစီအိပ္ရာမွ ေဂ်ာင္ကုနဲ႔ဟိုေဆာ့ၾကားတြင္ အိပ္ေသာထယ္ေယာင္းသည္ ႐ုန္းရင္းကန္ရင္းႏွင့္ ေအာက္ကိုျပဳတ္က်သြားခဲ့သည္။
ထယ္ေယာင္းလည္း နမ္ဂြၽန္းလိုပဲလား။
"စိတ္ေအးေအးထား ထယ္ေယာင္း"
နမ္ဂြၽန္း ထိုင္လွ်က္ကပင္ ထယ္ေယာင္းဆီသို႔ တ႐ြတ္တိုက္ကာ တြားသြားမိသည္။သူဆုပ္ကိုင္လိုက္ေသာ ထယ္ေယာင္း၏လက္ဖ်ားေတြသည္ ေအးစက္ကာ တုန္ရီေန၏။
ေဘးနားမွ တျခားသူေတြလည္းႏိုးလာၾကေလၿပီ။
"အစ္ကိုရွ္ိတယ္မေၾကာက္နဲ႔ေတာ့ ထယ္ေယာင္း...ဘာသရဲမွမရွိဘူး"
ထယ္ေယာင္းေၾကာက္စိတ္ေျပသြားေအာင္ေျပာလိုက္ေပမယ့္ နမ္ဂြၽန္းကိုယ္တိုင္ေတာင္ အေၾကာက္မေျပေသးပါ။
သူလည္း သရဲေျခာက္ခံခဲ့ရတာပဲမဟုတ္လား။
"ဟင္ ေဂ်ာင္ကုဘယ္ေရာက္သြားတာလဲ "
ဂ်ီမင္၏ျပာျပာသလဲလဲေမးခြန္းေၾကာင့္ နမ္ဂြၽန္းတို႔ႏွစ္ေယာက္သားၾကမ္းျပင္ေပၚကေန ကျပာကယာထကာ မတ္တပ္ရပ္လိုက္ၾကသည္။
ေစာေစာကေၾကာက္ေနသည့္စိတ္ေတာင္ဘယ္ေရာက္သြားလဲမသိေတာ့။လူတစ္ေယာက္လုံးဘယ္လိုေပ်ာက္သြားရတာလဲ။ ဒီေလာက္ေမွာင္မဲေနတဲ့ၾကားထဲကေလ။
ထိုအခ်ိန္ အခန္းတြင္းသို႔ ေျပးဝင္လာေသာ ေဂ်ာင္ကု။
လူတစ္ကိုယ္လုံးလည္းေခြၽးသံရဲရဲႏွင့္။
"မင္းအဆင္ေျပလား ဘယ္လိုျဖစ္တာတုန္းကြာ ငါတို႔မွာလန႔္သြားတာပဲ"
ေဂ်ာင္ကုကဂ်ီမင့္အေမးကိုေခါင္းတစ္ခ်က္ၿငိမ့္ျပသည္။
ထို႔ေနာက္ ထယ္ေယာင္းဘက္ကို လွည့္ကာ ...
"မင္းဘယ္ေတြေလွ်ာက္သြားေနတာလဲ...ကင္မ္ထယ္ေယာင္း"
"ဟမ္ "
ဘလိုင္းႀကီးေအာ္ခံလိုက္ရတာေၾကာင့္ ထယ္ေယာင္းမွာ ေၾကာင္အအႏွင့္။
ကိုယ့္ဘာကိုယ္ေတာင္ သရဲေျခာက္ခံရလို႔အသည္းအသန္ထေအာ္ၿပီး အသက္မနည္းလုရႉေနရတာကို ဘယ္ကိုထြက္သြားမိလို႔လဲ။
နမ္ဂြၽန္းအပါအဝင္အကုန္လုံးကအေၾကာင္သားႏွင့္။ သူတိူ႔ႏိုးလာကတည္းက ထယ္ေယာင္းကဒီမွာပဲရွိေနတာမဟုတ္လား။
"ဘာေတြေျပာေနတာလဲ ထယ္ေယာင္းက ကိုယ္တို႔ႏိုးလာထဲကဒီမွာရွိေနတာေလ "
ဟိုေဆာ့စကားကို နမ္ဂြၽန္းကလည္းေခါင္းညိတ္ကာေထာက္ခံ၏။
ဖုံးကြယ္ထားလို႔လည္းထူးမည္မဟုတ္ပါ။ အိပ္မက္လိုလိုတကယ္လိုလိုနဲ႔ သရဲေျခာက္ခံရတာက သူတစ္ေယာက္ထဲမွမဟုတ္တာ ေသခ်ာတာကေတာ့ တစ္ခုခုေတာ့ မူမမွန္ေပ။
"မင္းဘယ္လိုေတြ႕ခဲ့လို႔လဲ"
ေဂ်ာင္ကုက စိတ္မရွည္သလိုေလပူတစ္ခ်က္မႈတ္ကာ...
"ကြၽန္ေတာ္ႏိုးလာလို႔မ်က္လုံးဖြင့္ၾကည့္လိုက္တဲ့အခ်ိန္ ကင္မ္ထယ္ေယာင္းေျပးထြက္သြားတာျမင္လို႔ ထလိုက္သြားတာ။ အေမွာင္ထဲမွာဆိုေတာ့ ကြၽန္ေတာ္လည္းလမ္းေပ်ာက္သြားၿပီး ထယ္ေယာင္းကို လုံးဝမေတြ႕ေတာ့ဘူး... ေနာက္ၿပီး "
ေဂ်ာင္ကုသည္ ေခြၽးစေတြႏွင့္ဆံပင္ေတြကိုသပ္တင္ကာတစ္ခုခုကို စဥ္းစားဟန္ရွိသည္။
"ကြၽန္ေတာ္လမ္းေပ်ာက္သြားတဲ့အခ်ိန္ လူတစ္ေယာက္ေရာက္လာၿပီး လမ္းမွားေနတယ္ေျပာၿပီး ဒီကိုျပန္လာပို႔သြားတာ"
"ဟမ္ "
အာေမဋိတ္သံတို႔ဟာ တစ္ေယာက္တစ္မ်ိဳးစီ ထြက္လာၾကသည္။
ေဂ်ာင္ကုအေျဖက အားရခ်င္စရာနည္းနည္းမွမရွိေပမယ့္ ဒီထဲမွာ နမ္ဂြၽန္းတို႔၆ေယာက္အျပင္တစ္ျခားသူရွိေသးတယ္ေပါ့ဆိုၿပီးလည္း အံံဩရသည္။
"စီနီယာမ်ားလား သူေဘးကင္းေနတာပဲ"
ဟိုေဆာ့၏အားတတ္သေရာအေျပာကို နမ္ဂြၽန္းကေခါင္းညိတ္ကာ...
"သူကအစ္ကိုတို႔ရွာေနတဲ့စီနီယာျဖစ္မယ္ သူအခုဘယ္မွာလဲ"
"လမ္းျပမယ္ဆိုၿပီး အေရွ႕ကေနေခၚလာလို႔လိုက္လာတာပဲ သူဒီနားေလးတင္ေပ်ာက္သြားတာ တစ္ေနရာရာကိုဝင္သြားတယ္ထင္တယ္ "
"မင္းဘာမွေမးမၾကည့္ဖူးလား"
ယြန္းဂီ၏ဘုဆက္ဆက္အေမးကိုေဂ်ာင္ကုက ပုခုံးတြန္႔ျပကာ...
"ကြၽန္ေတာ္နဲ႔မသိတဲ့သူဆို စကားမေျပာခ်င္ဘူး"
ေဂ်ာင္ကုစကားေၾကာင့္က်န္တဲ့လူေတြမွာ ပါးစပ္အေဟာင္းသားႏွင့္။
ဒီလိုအေျခအေနမွာေတာင္ သိတဲ့လူမွစကားေျပာမယ္ဆိုတဲ့အထာနဲ႔ေခ်မိုးေနႏိုင္ေသးတာလား။
ထယ္ေယာင္းသည္ ေဂ်ာင္ကုကိုေသခ်ာစိုက္ၾကည့္ေနမိသည္။
နဖူးေပၚကေခြၽးေတြႏွင့္ဆံပင္ကို ခဏခဏသပ္တင္ကာ ႏွာတစ္မႈတ္မႈတ္ျဖစ္ေနသူ၊
မသိသူနဲ႔ စကားမေျပာဘူးဆိုတဲ့လူက ထယ္ေယာင္းစကားမေျပာတာက် စိတ္ဆိုးေဒါသထြက္တယ္တဲ့လား။
မေက်နပ္လို႔အႏိုင္က်င့္တယ္တဲ့လား။
"မင္းဘာလို႔ငါ့ေနာက္ကိုလိုက္သြားတာလဲ"
ဟုတ္တယ္ေလ သူ႔ကိုေဂ်ာင္ကုကၾကည့္ရတာမွမဟုတ္ဘဲ။
ထယ္ေယာင္းတို႔တတ္ေနတဲ့ေက်ာင္းက လူခ်မ္းသာေတြပဲတတ္ႏိုင္တဲ့ေက်ာင္းေပမယ့္ ထယ္ေယာင္းကေတာ့ ပညာေရးေကာင္းမြန္လို႔သာ ေက်ာင္းရဲ႕ေထာက္ပံ့မႈေၾကာင့္ ဒီမွာတက္ႏိုင္တာျဖစ္သည္။
ဒါေတာင္ ထယ္ေယာင္းဒီေက်ာင္းကိုေရာက္တာ ၆လတင္းတင္းျပည့္ေသးတာမဟုတ္။
ေက်ာင္းစတတ္တဲ့ေန႔ထဲက ထယ္ေယာင္းေဘးခုံတြင္လာထိုင္ေသာေဂ်ာင္ကုသည္ တစ္မ်ိဳးမဟုတ္တစ္မ်ိဳးျပႆနာရွာတတ္သည္။ဒါမွမဟုတ္ ထယ္ေယာင္းကပဲ သူ႔ေဘးမွာ ထိုင္မိတာလားေတာ့ မေျပာတတ္။
သူျပႆနာရွာတာကလဲ တျခားသူေတြထက္ ထယ္ေယာင္းကိုသာ ရည္႐ြယ္ခ်က္ရွိရွိ ျပႆနာရွာေနသလိုပုံမ်ိဳး။
တမင္ရန္စေနမွန္းသိလို႔စကားျပန္မေျပာေတာ့ ပိုလို႔ပင္ဆိုးလာသည္။
"အဲ့ဒါမင္းအေၾကာင္းလား "
ထယ္ေယာင္းကိုမၾကည့္ဘဲ ဂ်စ္ကန္ကန္ေျဖကာ ဂ်ီမင္ေဘးသို႔ သြားရပ္ေနေသာ ေဂ်ာင္ကုကို တျခားသူေတြကပါ နားမလည္သလိုလိုက္ၾကည့္ေနၾက၏။
ဂ်ီမင္ကတစ္ခုခုကိုသတိရသြားဟန္ျဖင့္...
"ေနအုံး ထယ္ေယာင္းကလည္းဒီမွာရွိေနတယ္ဆို ေဂ်ာင္ကုကဘာလို႔ထယ္ေယာင္းေနာက္လိုက္သြားတာလဲ "
"အကုန္လုံးနားေထာင္ ဒီေက်ာင္းထဲမွာတစ္ခုခုထူးဆန္းတာရွိတယ္"
ေတြးဆဆနဲ႔ သတိေပးဟန္ေျပာၾကားလာသည့္ နမ္ဂြၽန္း။
"သ သရဲလား"
ကေလးေတြေရွ႕ထားၿပီးအသံၿပဲႀကီးနဲ႔ထေမးေသာ ဟိုေဆာ့ေၾကာင့္ ယြန္းဂီက ေခ်ာင္းဝင္ဟန္႔လိုက္သည္။
"အင္း အဲ့လိုမ်ိဳးဘဲ... ထယ္ေယာင္းမွမဟုတ္ဘူး...ငါလည္းသရဲေျခာက္ခံရတယ္။ ေနာက္ၿပီးေဂ်ာင္ကုလည္းအျမင္အာ႐ုံလွည့္စားခံရတာထင္တယ္"
နမ္ဂြၽန္းရဲ႕စကားအဆုံးမွာ ဟိုဟိုဒီဒီရပ္ေနေသာ အငယ္သုံးေယာက္က အႀကီးေတြနားေျပးကပ္ကုန္ၾကသည္။
"ငါေတာ့ဘာမွမျဖစ္ဘူး "
"မင္းမွာအေဆာင္ရွိလို႔ထင္တယ္ "
နမ္ဂြၽန္းက ယြန္းဂီရဲ႕လည္ပင္းက လက္ဝါးကပ္တိုင္ဆြဲႀကိိုးကို ေမ့ေငါ့ျပ၏။
"အင္း ငါငယ္ငယ္ကသရဲေျခာက္ခံရလို႔ အဘြားေဆာင္ခိုင္းထားတာ"
"ဒါဆိုကြၽန္ေတာ္ကေရာ ဘာလို႔အဲ့လိုမျဖစ္တာလဲ"
ဂ်ီမင္က မ်က္လုံးေလးေထာင့္ကပ္ကာ စဥ္းစားရင္း ေမးျမန္းသည္။
"မင္းက ငါနဲ႔ကပ္အိပ္လို႔ထင္တယ္"
"အေဆာင္ကစြမ္းလိုက္တာ အဲ့အေဆာင္ဆြဲထားတဲ့သူနဲ႔အသားခ်င္းထိေနရင္ သရဲေျခာက္မခံရေတာ့ဘူးလား "
ဂ်ီမင့္ေမးခြန္းအဆုံးတြင္ ယြန္ဂီလက္ေမာင္းကိုဟိုဘက္တစ္ဖက္ဒီဘက္တစ္ဖက္ေျပးဆြဲေသာ ဟိုေဆာ့နဲ႔ထယ္ေယာင္း။ဟိုေဆာ့ကေတာ့ ကံျမင့္ေနပုံပင္။
အေဆာင္လည္းမရွိ၊ယြန္းဂီနဲ႔လည္း အသားခ်င္းထိမေနေပမယ့္ သရဲေျခာက္ခံလြတ္ခဲ့တယ္မလား။
ဒါမွမဟုတ္ ဂ်ီမင္ဘက္လွည့္အိပ္ရင္း အေၾကာက္ေျပ ဂ်ီမင္ပုခုံးေပၚ မထိတထိတင္ထားခဲ့တဲ့လက္က ယြန္းဂီကိုပါ ထိမိေနခဲ့လို႔လား။
"အဲ့အေဆာင္မ်ားငါ့လြယ္အိတ္ထဲမွာလည္းရွိပါ့"
အႀကီးေတြကိုေျပာရင္ ကြၽန္ေတာ္လို႔သုံးမွာဆိုေပမယ့္ ေဂ်ာင္ကုကေတာ့ 'ငါ'လို႔ သုံးလိုက္သည္။ဒါကထယ္ေယာင္းကိုတမင္ခပ္႐ြဲ႕႐ြဲ႕ေျပာေနပုံပင္။
"အာ ေဂ်ာင္ကု မင္းမွာလည္း ရွိတာလား..."
ဂ်ီမင္က ေဂ်ာင္ကုကို မ်က္ႏွာခ်ိဳေသြးကာ ေျပာေနခ်ိန္ ထယ္ေယာင္းရဲ႕ လက္သြယ္သြယ္ဟာလည္း ေဂ်ာင္ကုအက်ႌစေပၚ လူမသိသူမသိ ေရာက္ရွိေနခဲ့သည္။
ခါးထက္ရွိ အက်ႌစေလး တင္းသြားတာကို သတိထားမိတဲ့ ေဂ်ာင္ကုကေတာ့ မ်က္ႏွာဝင့္လ်က္ပင္ မဲ့ၿပဳံးၿပဳံးေလ၏။
_____Trapped in a maze______
19.10.2022
HlaingMeMeAung
AlienMi709
ဖတ္တဲ့လူေတြေတာ့မသိဘူး ေရးတဲ့လူေတြကေတာ့ ဒီဘဝေရာက္ေနၾကတာပဲ🤗
__________________________