𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

By harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... More

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)

330 19 0
By harley__robbie

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 32
Romance After Flames

╚═════ ࿇ ═════╝

ဂျရယ်မိုင်ရာက ခရစ်စတိုဖာနှင့်အတူ ဒေါမနစ် (အဖေ) နှင့် ဂရေဟမ် (အဘိုး)တို့ကို သူ​၏စွမ်းအားများဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

တစ်ဖက်တွင်မူ ကိုတက လင်ကွန်း၊ ဂါဘရီရယ်နှင့် အဒေါနစ်တို့ကို သုံးယောက်နှင့်တစ်ယောက်၊ တစ်ကိုယ်တော် ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့သည်။

ဂျရယ်မိုင်ရာက ဒေါမနစ်နှင့် ဓားချင်းယှဉ်ပြိုင်ခုတ်ထစ်ရာတွင် လက်ရည်အတူတူဖြစ်နေခဲ့သဖြင့် အတော်လေး အားစိုက်ထုတ်ကာ ဒေါမနစ်ကို ခုခံတိုက်ခိုက်နေခဲ့ရသည်။

ခရစ်စတိုဖာကမူ ဂရေဟမ်​၏ အင်အားပြင်းသော စွမ်းအားတိုက်ကွက်များကို ဆက်တိုက်ရှောင်တိမ်းနေခဲ့ပြီးနောက် သူ​၏ဓားရှည်နှစ်ချောင်းကို ဆင့်ခေါ်ခဲ့ကာ ဂရေဟမ်ကို သူ​၏ကိုယ်ပိုင်နည်းဗျူဟာဖြင့် အရိုးကြေကြေ အရည်ခမ်းခမ်း တိုက်ခိုက်နေခဲ့သည်။

ကိုတက ရေ၊လေ၊မြေ၊မီး၊သစ်တော စသည့် ဓာတ်ကြီးငါးပါးကို ကိုယ်စားပြုသော ကြယ်စက်ဝိုင်းများကို ဖန်ဆင်းခဲ့ပြီး ဘိုးတော် ၃ ယောက်ဆီ တိုက်ရိုက်ပစ်လွှတ်ခဲ့ရုံတင်မက ယင်စွမ်းအားကို အသုံးပြုကာ အားပြင်းသောဧရာမမီးဓာတ်လုံးကြီးတစ်ခုကို ဖန်ဆင်းခဲ့လျက် အရှိန်ဖြင့် ထုတ်လွှတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ဂရေဟမ်နှင့် ဒေါမနစ်ဆီကိုပါ မီးလုံးများ ပစ်လွှတ်ပေးခဲ့ပြီး ခရစ်စတိုဖာနှင့်ဂျရယ်မိုင်ရာတို့ ပြေးလွတ်စေရန်အတွက် ကူညီပေးခဲ့သည်။

" ဟေ့ကောင်တွေ ... လာပြေးကြမယ် "

ကိုတက သူ့ပတ်ပတ်လည်မြေကြီးတစ်ဝိုက်မှာ ယင်ယမ် teleport စက်ဝိုင်းတစ်ခုကို ဖန်တီးခဲ့ပြီး ခရစ်စတိုဖာနှင့်ဂျရယ်မိုင်ရာတို့ကို ၎င်းမှော်စက်ဝိုင်းအတွင်းသို့ အမြန်ဝင်ရန် ခေါ်ခဲ့သည်။ သူတို့နှစ်ယောက်လည်း ကိုတ​၏စက်ဝိုင်းအတွင်းသို့ တုံ့ဆိုင်းမနေဘဲ ခုန်ဝင်ခဲ့ကြ​၏။

ကိုတက သူ့စက်ဝိုင်းအတွင်းသို့ ခရစ်စတိုဖာတို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူတို့​၏ကိုယ်ရောင်ကိုယ်ဝါများကို ဖျောက်ပစ်ခဲ့တော့သည်။ မီးလုံးများပေါက်ကွဲခဲ့ပြီးနောက် မီးခိုးငွေ့များက ဖရီးမန်းတို့ကို ဖုံးလွှမ်းသွားခဲ့​၏။

သို့သော် ၁၀ မိနစ်ကြာပြီးနောက် ၎င်းမီးခိုးငွေ့များကြားတွင် ဖရီးမန်းဘိုးတော်များ ပြန်ပေါ်လာခဲ့သည်။

" တောက် ... ခွေးကောင်လေးတွေ လွှတ်သွားပြီ "

ဂရေဟမ်က အခဲမကျေဖြစ်ကာ မြည်တွန်တောက်တီးနေခဲ့သည်။

" ဘယ်တတ်နိုင်မလဲ ... သူတို့ဘက်မှာ ငါတို့နီးပါးစွမ်းအားကြီးတဲ့ မှော်ပညာရှင်ပါနေမှတော့ လွတ်သွားတာ အဆန်းမဟုတ်။ အဲဒီမှော်ပညာရှင်သုံးသွားတဲ့စွမ်းအားကိုကြည့်ရင် Onmyodo ပဲ။ ဆိုတော့ သူက Onmyoji တစ်ယောက်ပဲ "

ဂါဘရီရယ်​၏စကားကို လင်ကွန်းကလည်း ခေါင်းညိတ်နေလျက် ထောက်ခံခဲ့သည်။

" ဒီလိုဆို သူက ဂျပန်လူမျိုးပေါ့ "

အဒေါနစ်​၏မျက်ခုံးများက စိတ်ဝင်စားမှုအပြည့်ဖြင့် ပင့်တက်သွားသည်။

"အခုတော့ စံအိမ်တော်ပြန်ပြီး အဖေကြီးကို ပြန်အစီရင်ခံရအောင် "

----

ကီရမ်က သူတစ်ယောက်တည်း မကောင်းဆိုးဝါးမိစ္ဆာများစွာကို အချိန် ၁ နာရီခွဲနီးပါးကြာအောင် တိုက်ခိုက်နေခဲ့သည်။

နောက်ဆုံးတွင် သူ​၏အစွမ်းကို မဖြစ်မနေထုတ်သုံးရတော့မည့်အချိန် ရောက်ရှိလာခဲ့သည်ကို သဘောပေါက်သွားသောအခါ သူ​၏ရေဓာတ်အခြေခံသည့် မှော်စွမ်းအားများကို ထုတ်သုံးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သူ​၏မိစ္ဆာအသွင်ကိုတော့ မပြောင်းလဲခဲ့ပေ။

ရေနဂါးမိစ္ဆာဖြစ်သည့်အလျောက် သူ​၏အာခံတွင်းကနေ ဧရာမရေပူဖောင်းလုံးများကို အဆက်မပြတ် ထုတ်လွှတ်ခဲ့သည်။ ထိုရေပူဖောင်းလုံးကြီးများက လူယောင်ဆောင်မိစ္ဆာကောင်များကို တစ်ကောင်ချင်းဆီ ဖမ်းဆီးခဲ့ကြပြီးနောက် မိစ္ဆာအားလုံးလည်း ရေပူဖောင်းလုံးကြီးများထဲတွင် ပိတ်မိနေခဲ့ကြ​၏။

ကီရမ်လည်း သူမှတ်မိနေခဲ့သည့် မွန်ဒီ​၏ကိုယ်သင်းရနံ့အတိုင်း သူမကို ဖမ်းခေါ်သွားသည့်မိစ္ဆာများနောက်သို့ အမြန်ဆုံးနည်းနှင့် မဆိုင်းမတွ ခြေရာခံလိုက်ခဲ့သည်။

" အားး ခွေးမိစ္ဆာကြီးတွေ ... ငါ့ကိုလွှတ်စမ်း "

မွန်ဒီက သူမကို ပခုံးထက်တွင် ထမ်းပိုးထားသော မိစ္ဆာကောင်ကြီးအား အသံကျယ်ကျယ်ဖြင့် အော်ဟစ်ခဲ့သည်။

" Boss ... သူက ဖရီးမန်းတို့အမျိုးအနွယ်အစစ်ဆိုရင် ကျွန်တော်တို့ မာလကီးယားမှာနေယ်။ ကျွန်တော်ကတော့ ယုံနေတယ်။ သူက ဖရီးမန်းအနွယ်ဆိုတာ ... အဲဒါကြောင့် သူ့ကိုလက်လျှော့ပြီး တခြားသားကောင်တွေကိုပဲ အမဲလိုက်ရအောင်လား "

တပည့်မိစ္ဆာက ပြေးလွှားနေစဉ်အတွင်း သူ​၏ဆရာဖြစ်သူမိစ္ဆာကို နှမ်းစေ့လောက်ရှိသည့်မျက်နှာဖြင့် ညိုးငယ်စွာ ပြောကြားခဲ့သည်။

" ငါအဲဒါတွေ ဂရုမစိုက်ဘူး။ ဖရီးမန်းဆိုတာ ယုံတမ်းပုံပြင်တစ်ပုဒ်ပဲ။ နောက် ဒီငတိမလေးရဲ့ဝိညာဉ်က အရမ်းစားလို့ကောင်းမဲ့ပုံလေးကို လက်မလျော့နိုင်ပါဘူး "

" Boss ကတော့ ... "

ထိုစဉ် ပြေးလွှားနေသော သူတို့​၏ခြေလှမ်းများက သူတို့ရှေ့တွင် ပိတ်ရပ်နေခဲ့သောတစ်ယောက်သောသူကြောင့် အရှိန်သေသွားခဲ့သည်။

နောက်ဖေးလမ်းကြားအတွင်း လမ်းမီးတိုင်၏အလင်းရောင်အောက်တွင် တောက်ပနေသောရွှေညိုရောင်မျက်ဝန်းတစ်စုံနှင့်ဓားသူရဲကောင်းတစ်ယောက်ရှိနေခဲ့သည်။

" ကီရမ် "

မွန်ဒီ​၏မျက်လုံးများက ကီရမ်ကို မြင်လျှင်မြင်ချင်း ဝင်းလက်သွားခဲ့သည်။

ကီရမ်က သူမ​၏အမြင်အာရုံထဲတွင် ငွေရောင်သံချပ်ကာဝတ်ထားသည့် နတ်သားသူရဲကောင်းလေးတစ်ပါးကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါတောက်ပနေလွန်းခဲ့လျက်။

ကီရမ်က သူ​၏မှော်ဓားရှည်ကို ရှေ့သို့ ဆန့်တန်းထုတ်လိုက်ကာ ...

" ငါက စကားအများကြီးပြောရတာကို မုန်းတယ် ... ဒီနေရာမှာ ပွဲချင်းပြီးအသက်မထွက်ချင်ရင် သူ့ကိုထားပြီး ချက်ချင်းလစ်လိုက် "

ရန်သူကို မထီမဲ့မြင်ကြည့်နေသော ကီရမ်​၏ရွှေညိုရောင်မျက်ဝန်းများက စူးရှနေခဲ့လျက်။

မိစ္ဆာနှစ်ကောင်လည်း ကီရမ်​၏ကြောက်စရာကောင်းသောအရှိန်အဝါကိုမြင်လိုက်ရသည့်အခိုက်အတန့်၌ မိနစ်အနည်းငယ် ကြက်သေသေသွားခဲ့သည်။

သို့သော် မိစ္ဆာတပည့်ဖြစ်သူက ချက်ချင်းသတိပြန်ဝင်လာခဲ့ပြီးနောက်။

" Boss ... Boss မပြေးရင် ကျုပ်ပြေးပြီ"

" ဟေ့ကောင်၊ မင်း ... "

ဆရာဖြစ်သူတောင် တားချိန်မရလိုက်ဘဲ နောက်လှည့်ကာ မြင်းတစ်ကောင်ကဲ့သို့ ဒုန်းစိုင်းပြေးတော့သည်။

ထိုမြင်ကွင်းကို တွေ့မြင်လိုက်သည့် ကီရမ်က တစ်ယောက်တည်း ကျန်ရစ်နေခဲ့သောမိစ္ဆာအား အထင်သေးသောအကြည့်ဖြင့် ကြည့်ကာ မဲ့ပြုံးပြုံးခဲ့​၏။

ကီရမ်က သူ​၏ဓားရှည်ကို လေထဲတွင် ဝှေ့ဝိုက်ခဲ့ပြီးနောက် သူ​၏လက်နှစ်ဖက်ဖြင့် ဓားရိုးကိုဆုပ်ကိုင်ကာ မွန်ဒီကိုဖမ်းထားသော လူအရေခြုံမိစ္ဆာကောင်​၏ခေါင်းကို ဓားရှည်အား တည့်တည့်ချိန်ပစ်ခဲ့သည်။

ဓားရှည်ဟာလည်း ချက်ချင်းဆိုသလို အလင်းနူန်းဖြင့် မိစ္ဆာကောင်​၏ဦးခေါင်းသို့ ထိုးဖောက်စိုက်ဝင်သွားခဲ့ပြီး လူအရေခြုံမိစ္ဆာကောင်လည်း မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားကာ ထိုနေရာမှာတင် သေဆုံးသွားတော့သည်။

မွန်ဒီလည်း မိစ္ဆာကောင်​၏ပခုံးထက် ထမ်းပိုးခံရခြင်းမှ လွတ်မြောက်သွားပြီး မြေပြင်ပေါ်သို့ လဲကျခဲ့သည်။

" မွန်ဒီ "

ကီရမ်က သူ့ဓားရှည်ကို အစွမ်းဖြင့် ပြန်သိမ်းယူခဲ့ပြီးနောက် မြေပြင်ပေါ်သို့လဲကျသွားသည့် မွန်ဒီဆီသို့ ကီရမ်က စိုးရိမ်တကြီးဖြင့် အမြန်သွားခဲ့သည်။

" ဒဏ်ရာကြီးကြီးမားမားရသွားလား "

ကီရမ်က သူမအား ဘယ်လောက်ထိ စိုးရိမ်ပူပန်နေကြောင်း သူ့လုပ်ရပ်တင်မက သူ့မျက်နှာပေါ်တွင်လည်း သိသာထင်ရှားနေလျက်။

ဤသည်ကို မွန်ဒီ ခံစားမိသော် သူမ သည်းမခံနိုင်စွာ ပြုံးရယ်မိသည်။

" မရဘူး ဟီးဟီး"

" နင် ခုလိုဖြစ်တာတောင် ရယ်နိုင်သေးတယ် "

" ပျော်စရာကြီးလေ "

ကီရမ် မျက်မှောင်ကြုတ်သွားသည်။

" နင် နောက်ဆို လူတကာကို လိုက်ဒုက္ခမပေးစမ်းနဲ့ ... ခုရော ဘာလို့အိမ်က ထွက်ပြေးလာရတာလဲ။ နင့်အစ်ကိုက ငါနဲ့အတူတူရှိနေတာသိသွားရင် စိတ်ဆိုးနေမယ်​။ ဒါ့ကြောင့် မြန်မြန်အိမ်ပြန် ... "

ကီရမ်က စိတ်ထောင်းခနဲဖြစ်ပြီး လေသံမာတင်းမာစွာ ပြောလာသောအခါ မွန်ဒီက မျက်ရည်ထွက်စပြုလာသည်။

" နင် ငါ့ကိုအဲဒီလိုမအော်ပါနဲ့ဟာ ... ငါကနင့်ကိုတွေ့ချင်လို့ကို ... "

မွန်ဒီ​၏အသံအနေအထားက စကားအစတွင် မြင့်နေရာမှ စကားအဆုံးတွင် သေးသိမ်ခဲ့သည်။

သူမ​၏ဂါဝန်စကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ခေါင်းငုံ့ထားသည်။

ကီရမ်​၏မျက်လုံးများကို ယခုအချိန်အတွင် သူမ ရင်ဆိုင်နိုင်စွမ်း မရှိပါ။

ပါးမို့မို့လေးမှ စီးကျလာသော မျက်ရည်စက်တို့က မြေပြင်ပေါ်သို့ တစ်စက်ချင်းစီ ဖြည်းညင်းစွာ ကျဆင်းလာလျက်။

ကီရမ်လည်း မွန်ဒီ​၏ပါးပြင်ထက်က မျက်ရည်စီးကြောင်းကိုမြင်သော် လေသံဆက်မမာနိုင်တော့ပေ။

သူ​၏စိတ်စန်းစန်းတင့်နေမှုကို ဖြေလျော့လိုက်ပြီးနောက် နူးညံ့သောလေသံဖြင့် ပြောခဲ့သည်။

" ငါက နင်တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ပါ။ ပြီးတော့ ငါတို့နှစ်ဖက်အသိုင်းအဝိုင်းက သင့်မြတ်နေကြတာမှ မဟုတ်ဘဲ။ နင့်မှာ ငါ့လိုသူငယ်ချင်းတစ်ယောက်လျော့သွားလည်း နောက်ထပ်သူငယ်ချင်းတွေ အများကြီးရလာမှာ "

ကီရမ်​၏စကားလုံးများက မွန်ဒီ​၏နှလုံးသားကို ပူဆွေးလာစေရုံမက သူမ​၏မျက်ရည်ဖြိုင်မှုအားကောင်းလာအောင် ပံ့ပိုးပေးသလိုဖြစ်နေခဲ့သည်။

မွန်ဒီက ဦးခေါင်းမော့လာပြီး ကီရမ်​၏မျက်လုံးများကို တည့်တည့်ဆိုင်ကြည့်နေခဲ့သည်။

ထို့နောက် သူမ စကားဆက်စကားမပြောနိုင်ခင်မှာ တံတွေးမျိုချခဲ့သည်။

" ကီရမ်...ငါ နင့်ကိုခုထိ ဖွင့်မပြောရသေးတဲ့အမှန်တရားတစ်ခုရှိတယ် "

ကီရမ်​၏မျက်ခုံးတစ်ဖက်က အပေါ်သို့ တွန့်တက်သွားသည်။

မွန်ဒီ​၏စိမ်းဖျော့ဖျော့မျက်ဝန်းလေးများ အရည်ရွှမ်းလဲ့နေသည်မှာ ရှားရတနာတစ်ပါးကဲ့သို့ လှပလွန်းသည်။

သူမက သူ့မျက်လုံးများကို သေချာစိုက်ကြည့်နေခဲ့ပြီးနောက် အသက်ပြင်းပြင်းရှုရှိုက်ခဲ့လျက်။

" ငါက ရေသူမလေးပါ၊ သာမာန်လူသားမိန်းကလေးတစ်ယောက်မဟုတ်နေဘူး၊ ငါက ဂျရယ်မိုင်ရာကို ကယ်ခဲ့ပြီးတဲ့နောက် မွေးစားခံခဲ့ရတာပဲ၊ ပြီးတော့ ငါမရှင်းသေးတဲ့အကြောင်းတစ်ခုရှိတယ် ... အဲဒါ လူတွေရဲ့ဦးနှောက်က ရန်သူနဲ့မိတ်ဆွေကို ဘယ်လိုခွဲကြတာလဲဆိုတာပဲ၊ သူတို့ရဲ့စိတ်ကို မခန့်မှန်းတတ်တော့ဘူး "

ကီရမ်​၏ကြည်လင်နေသော မျက်လုံးအိမ်များထဲတွင် မွန်ဒီ​၏ပုံရိပ်များက ကြေးမုံမှန်ကဲ့သို့ အလင်းပြန်ကာ ထင်ဟပ်နေခဲ့သည်။

" လူတွေရဲ့ဦးနှောက်က အမြဲတမ်း ဒီလိုတွေးနေတတ်တယ်၊ သူတို့နဲ့တည့်ရင် မိတိဆွေ၊ သူတို့နဲ့မတည့်ရင် ရန်သူ၊ သူတို့နဲ့တည့်အောင်နေပေမဲ့ သူတို့သဘောမကျရင် ရန်သူပဲ၊ သူတို့နဲ့တည့်အောင်မနေလည်း သူတို့သဘောကျရင် မိတ်ဆွေပဲ ... လူတွေနဲ့ မိတ်ဆွေဖြစ်မလား၊ ရန်သူဖြစ်မလားဆိုတာ မင်းအပေါ်အများကြီး မူတည်တယ်"

" အဲဒီလိုလား "

" အင်း "

" ဒါဆို နင့်အနေနဲ့ ငါ့ကို ရန်သူလို့သတ်မှတ်လား၊ မိတ်ဆွေလို့သတ်မှတ်လား ... "

နောက်ဆုံးတော့ မွန်ဒီ​ ကီရမ်ကို မေးခွန်းသတ်ခဲ့ပြီ။ ယခုအချိန်၌ ကီရမ့်အနေဖြင့် အနည်းငယ်စိတ်ရှုပ်နေသည်။ သို့သော်လည်း မွန်ဒီကို တိကျသောအဖြေတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်သည်။

" နင်က ငါ့အတွက်တော့ ချစ်စရာကောင်းပြီး ဂြိုဟ်မွှေတတ်တဲ့မိတ်ဆွေလေးပါပဲ "

ကီရမ်က နူးညံ့စွာ ဖြေကြားပြီးသည့်နောက် သူမကို နွေးထွေးစွာ ပြုံးပြခဲ့သည်။

မွန်ဒီလည်း ကီရမ်​၏အဖြေကြောင့် မျက်ရည်စက်လက်လေးနှင့် ပြုံးခဲ့သည်။

" ငါကတော့ နင့်ကို ငါ့ကောင်လေးလို့ပဲမြင်နေမိတယ် ... ငါ့နှလုံးသားလေးက နင့်ကိုချစ်မိလို့ ကွဲအက်ရမယ်ဆိုရင်တောင် ကွဲအက်ခံနိုင်တယ်၊ နင် ငါ့ကိုခဏခဏမောင်းထုတ်နေရင်လည်း ချစ်နေမှာပဲ "

မွန်ဒီက သူမစကားအဆုံးမှာ ကီရမ်​၏ခါးကို သူမလက်နှက်ဖက်ဖြင့် တင်းကျပ်စွာ ဖက်ခဲ့သည်။

ကီရမ်လည်း သူ့ဘဝမှာ ပထမဆုံးအကြိမ် ချစ်ကြိုက်ကြောင်း ဖွင့်ပြောခံရသည့်အတွက် မျက်နှာနီမြန်းနေခဲ့သည်။

မွန်ဒီက သူ့ကိုဖက်ထားနေစဉ် သူ့နှလုံးခုန်သံများက မြန်သထက်မြန်လာလျက်။

" အာ .... နင့် ... နင့်ဖရီးမန်းမိသားစုက ဒီအကြောင်းသိသွားလို့ စိတ်ဆိုးခံရမှာ မကြောက်ဘူးလား၊ သူတို့က နင့်ကိုအပြစ်ပေးကြမယ်ဆိုရင်ရော ..."

ကီရမ်​၏စကားလုံးများက တုန်တုန်ရီရီထွက်လာခဲ့သည်။

မွန်ဒီက ကီရမ်​၏ရင်ဘတ်ကြားမှာ သူမမျက်နှာလေးကို နစ်သထက်နစ်ဝင်စေခဲ့ပြီး ဖက်ထားခဲ့သည်။

" လူကြီးတွေ ငါ့ကိုစိတ်ဆိုးကြတဲ့အခါ၊ ငါ အပြစ်ပေးခံရတဲ့အခါ နင့်မျက်နှာချောချောလေးကို ငါမြင်ယောင်လိုက်မှာပေါ့ ... "

" ဘာမှလည်းမဆိုင်ဘူး "

" ဆိုင်တယ် ... နင့်အကြောင်းတွေးနေရင် ငါက အလိုလိုပျော်နေတတ်လို့၊ ငါ့ကို မိစ္ဆာတွေလိုက်ဖမ်းတုန်းကလည်း နင့်အကြောင်းပဲ တွေးနေခဲ့တာ၊ အနည်းဆုံး ငါ့ကြောက်စိတ်တစ်ဝက်လောက် ပြေလျော့သွားခဲ့တယ် "

ကီရမ်က သူ့သဘာဝအရ ရင်တွင်းခံစားချက်ပြောရာတွင် အင်မတန်ညံ့ဖျင်းသူဖြစ်သောကြောင့် မွန်ဒီဆီက သူနှင့်ပတ်သက်သော ပွင့်လင်းရိုးသားသည့်ခံစားချက်များအကြောင်းကြားရသည့်အခါ ရှက်ကိုးရှက်ကန်းဖြစ်မိသော်လည်း သူ့နှလုံးသားတွင် နွေးထွေးမှုကိုခံစားနေရပြီး စိတ်ကျေနပ်ပျော်ရွှင်နေမိသည်။

ကီရမ်က အနည်းငယ်တုန်ရီနေသည့်သူ့လက်များဖြင့် မွန်ဒီ​၏ခါးကို ပြန်ဖက်ခဲ့သည်။

---

တစ်ဖက်တွင် ကိုတ​၏ teleport က သဲကန္တာရထဲသို့ မှားယွင်းစွာ ခေါ်ဆောင်လာမိခဲ့သည်။

" ခင်ဗျား ကျုပ်တို့ကို ဘယ်နေရာခေါ်လာတာလဲ ကိုတ "

ဂျရယ်မိုင်ရာက စိတ်ဆိုးဆိုးနှင့် ကိုတကို ရန်တွေ့ခဲ့သည်။

" ငါလည်းမသိဘူး ... တစ်ခါတစ်လေ ငါ့teleport က နည်းနည်းကြောင်တတ်တယ် "

" အား... ချီးပဲ၊ နေကလည်း ပူကျစ်တောက်နေရော "

သူတို့တိုက်ခိုက်ခဲ့စဉ်က ညအချိန်ဖြစ်ခဲ့သော်လည်း ယခုတွင်မူ နေ့ခင်းဘက်ဖြစ်နေခဲ့ပြီး သဲကန္တာရဖြစ်၍ ရာသီဥတုသည် နဖူးကနေ ခြေမတိုင်အောင် ချွေးတတောက်တောက်ကျသည်အထိ အလွန်ပူပြင်း​၏။

" ကိုကြီး ဂျရယ် ... ခဏသည်းခံလိုက်ပါ၊ ကိုတက နေရာမှန်ကို ပြန်ပို့ပေးလိမ့်မယ်၊ အခုလို ဒေါသထွက်နေရင် ကိုကြီး ဂျရယ် အရမ်းပူနေလိမ့်မယ် "

ခရစ်စတိုဖာက သူ​၏အင်္ကျီစဖြင့် ဂျရယ်မိုင်ရာ​၏နဖူးက ချွေးများကို သုတ်ပေးနေခဲ့ပြီး သူ့လက်များဖြင့် ဂျရယ်မိုင်ရာကို ယပ်ခတ်ပေးနေခဲ့သည်။

" ကိုယ့်ခရစ်လေးရဲ့လက်တွေ နာနေမှာပေါ့ "

ဂျရယ်မိုင်ရာက သူ့အား ကြိုးစားပမ်းစားယပ်ခတ်ပေးနေသည့် ခရစ်စတိုဖာ​၏လက်များကို ဖမ်းဆုတ်ခဲ့ပြီး တယုတယဖြင့် အကြင်နာပေးနေခဲ့သည်။

ဤသည်ကို ကိုတမြင်သော် မျက်နှာမှုန်ကုတ်နေခဲ့​၏။

" ဟက် ... အကဲပိုနေလိုက်တာ "

ကိုတက တီတိုးပြောခဲ့သည်။

" ကလေးရော မအိုက်ဘူးလား၊ အား ... ရေတောင်ငတ်လာပြီ၊ ဟိုဘိုးတော် ကျုပ်တို့ကို မြန်မြန်အေးတဲ့နေရာ ပို့ပေးတော့ "

ကိုတလည်း ဂျရယ်မိုင်ရာကို ဆက်သည်းမခံနိုင်တော့ပေ။

" ရေတော့မရှိဘူး။ ငါ့သေးတော့ရှိတယ်။ သောက်မလား "

ကိုတက ဂျရယ်မိုင်ရာဘက်ကို မျက်နှာမူလိုက်ပြီး သူ့ကီမိုနိုဝတ်စုံအနက်​၏အောက်စကို လက်နှစ်ဖက်ဖြင့် ဆွဲယူကာ ဂျရယ်မိုင်ရာဘက်ကို ခါးကော့ပြီး လှန်ပြခဲ့သည်။

ဂျရယ်မိုင်ရာ​၏ဒေါသများ ထောင်းခနဲထသွားခဲ့သော်လည်း ခရစ်စတိုဖာက ဂျရယ်မိုင်ရာကို ပြန်ထိန်းနိုင်ခဲ့သည်။

" ကိုကြီး ... စိတ်လျော့၊ ကိုတ ... ကျွန်တော်တို့ ဒီမှာကြာကြာဆက်နေလို့မဖြစ်ဘူးလေ၊ တော်ကြာ သဲမုန်တိုင်းတွေ ဘာတွေလာနေရင် ... "

" ငါသိပါတယ်၊ ငါ့ကိုဆရာလာမလုပ်နဲ့ ချာတတ်တွေ၊ ငါ အဲဒီလောက်ထိ မနုံနေဘူး "

ကိုတ ခရစ်စတိုဖာကို စိတ်မရှည်စွာ ပြန်ဖြေခဲ့သည်။

ထို့နောက် ကိုတက သူတို့ ၃ ယောက် ပတ်ပတ်လည်တွင် ယင်ယမ် teleport စက်ဝိုင်းတစ်ခုကို စွမ်းအားဖြင့် ဆင့်ခေါ်ခဲ့ပြီး ဤတစ်ကြိမ်၌ အမှားအယွင်းမရှိစေရန် သူနေထိုင်ရာ ဂျပန်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း​၏ပရဝဏ်အတွင်းသို့ ရောက်ရှိစေရန် အာရုံပြုခဲ့သည်။

စက္ကန့်ပိုင်းအတွင်း teleport ဖြင့် နေရာပြောင်းရွှေ့မှု အောင်မြင်သွားခဲ့​၏။

" ဒါ ငါနေနေတဲ့ ဂျပန်ဘုန်းကြီးကျောင်းပဲ၊ တစ်နည်းအားဖြင့် ငါ့အိမ်ပါပဲ၊ လတ်တလောတော့ မင်းတို့နှစ်ယောက် ကိုယ့်အိမ်လိုသဘောထားပြီး ဒီမှာပဲနေကြပေါ့ "

ကိုတက သူတို့နှစ်ယောက်ကို အပြုံးဖြင့် ကြိုဆိုခဲ့သည်

" ဂျပန်တဲ့လား .... "

ခရစ်စတိုဖာက သူ​၏အမိနိုင်ငံဂျပန်ပြည်သို့ မရောက်ခဲ့သည်မှာ နှစ်ပေါင်းမနည်းခဲ့ပြီဖြစ်၍ ဂျပန်ဟူသည့်အသံကြားလျှင်ကြားချင်း စိတ်တက်ကြွလာခဲ့သည်။

" မင်းတို့နေရမဲ့ အခန်းတွေ လိုက်ပြပေးမယ်"

ခရစ်စတိုဖာတို့လည်း ကိုတနောက် လိုက်ခဲ့သည်။

ကိုတက သူ့အခန်းရှေ့ရောက်သည့်အခါ ရပ်တန့်သွားခဲ့ပြီး ခရစ်စတိုဖာဘက်ကို မျက်နှာလှည့်ခဲ့သည်။

" အခန်းက များများစားစားမရှိတဲ့အတွက် အီတိုက ငါနဲ့အိပ်ရမယ်၊ မင်းကတော့ ဟိုဘက်အခန်းမှာ တစ်ယောက်တည်းအိပ်ပေါ့"

" ဘာ ... မဟုတ်သေးဘူးလေ၊ ကျစ်... "

ဂျရယ်မိုင်ရာက သူ့ခရစ်လေးနှင့် အတူတူအိပ်ချင်ခဲ့သောကြောင့် မကျေမနပ်ခဲ့ပေ။

မျက်စိပျက်မျက်နှာပျက်နေသော ဂျရယ်မိုင်ရာ​၏ပုံစံကို ကိုတမြင်လျှင် လှောင်ပြုံးပြုံးခဲ့သည်။

" အီတို ... ငါ တရားထိုင်လိုက်အုံးမယ်၊ ညကျမှ တွေ့မယ် "

" ဟုတ်ကဲ့ "

ခရစ်စတိုဖာက တရိုတသေပြန်ဖြေသည်။

ဂျရယ်မိုင်ရာက လက်ပိုက်ပြီး ကိုတကို သုန်မှုန်နသောအကြည့်ဖြင့် ပမာမခန့်ကြည့်နေခဲ့သည်။

ကိုတကပြုံးပြီး သူတရားထိုင်နေကျကျောင်းဆောင်ဘက်သို့ လမ်းလျှောက်သွားခဲ့သည်။

-----

ဂါဗင်က ဂျက်ကွာလင်ကို ဒန်မော်ရာအား ပြုစုစောင့်ရှောက်ရန် သူ့စံအိမ်တော်ကို ခေါ်လာခဲ့သည်။

ဒန်မော်ရာက ဂျက်ကွာလင်​၏ကြိုးစားပမ်းစား ကုသမှုကြောင့် အနည်းငယ်သက်သာလာခဲ့​၏။

" သူ့အခြေအနေက စိုးရိမ်ရသေးလား "

" နှစ်ပတ်လောက်ဆို သူလုံးဝသက်သာပါပြီ အရှင်မင်းသား "

ဂျက်ကွာလင်က ဂါဗင်ကို အရိုအသေးပေးလျက် ဦးညွှတ်ကာ ဖြေကြားခဲ့သည်။

" အင်း ... မင်း သွားနားလို့ရပြီ၊ ငါသူနဲ့နေပေးလိုက်မယ် "

" ကောင်းပါပြီ အရှင်မင်းသား "

ဂျက်ကွာလင်လည်း ဆေးလင်ဗန်းကို သယ်ယူပြီး အိပ်ခန်းထဲကနေ ထွက်သွားခဲ့သည်။

ဒန်မော်ရာက ဂါဗင်ကို အားနည်းစွာ ပြုံးပြရှာသည်။

" မင်း ခြေဖျားတွေအေးနေသေးလား "

ဂါဗင်က ဒန်မော်ရာ​၏ခြေဖျားများကို သူ့လက်ဖြင့် နွေးထွေးမှုရှိမရှိ သေချာစစ်ဆေးခဲ့ပြီး စောင်ကို လုံခြုံစွာခြုံပေးခဲ့​၏။

ထို့နောက် ကုတင်ပေါ်တက်ခဲ့ပြီး ဒန်မော်ရာ​၏ကိုယ်ဘေးမှာ လဲလျောင်းခဲ့သည်။

" အချစ်ရဲ့ပခုံးက ဒဏ်ရာရော ... "

" ဂျက်ကွာလင် ကုပေးလို့ သက်သာသွားပါပြီ "

ဒန်မော်ရာက ဂါဗင့်မျက်နှာကို သေချာငေးမောကြည့်နေခဲ့ပြီး ဂါဗင်ကလည်း ဒန်မော်ရာ​၏နဖူးကို ပွတ်သပ်ပေးလျက် ၇ မိနစ်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေခဲ့သည်။

" မင်း ငါ့ဘဝထဲ ဝင်လာတာ ကံဆိုးတယ်လို့မထင်မိဘူးလား "

ဂါဗင်က ဩဇာညောင်းသည့်အသံနေအသံထားဖြင့် ဒန်မော်ရာကို နူးညံ့စွာ မေးခဲ့သည့်အခါ ...

" မထင်ပါဘူး "

ဒန်မော်ရာကလည်း သူ​၏အသံလုံးသေးသေးလေးဖြင့် နူးညံ့စွာ ဖြေခဲ့သည်။

" ဘာလို့လဲ "

ဂါဗင်​၏မီးခိုးရောင်မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် တောက်ပနေခဲ့သည်။

ဒန်မော်ရာ​၏ဖြူရော်နေသောမျက်နှာ၌ နူးညံ့သောအပြုံးပန်းတစ်ခု ပွင့်လန်းလာခဲ့သည်။

ထို့နောက် ဂါဗင်​၏ပါးပြင်အား သူ​၏လက်တစ်ဖက်ဖြင့် သိမ်မွေ့စွာ ပွတ်သပ်နေခဲ့လျက်။

"ဘဝတစ်ခုရလာရင် ကံဆိုးတာနဲ့ ကံကောင်းတာကို ကြုံကြရမယ်လို့ အဖေကသင်ပေးဖူးတယ်၊ ကျွန်တော်က ယောကျာ်းနဲ့မိန်းမနှစ်ကိုယ့်တစ်စိတ်နေတတ်လို့ မိစ္ဆာတွေကြားထဲ အနိုင်ကျင့်ခံခဲ့ရပေမဲ့ ဒီလူဆိုးကြီးနဲ့တွေ့ပြီးနောက်ပိုင်း ကျွန်တော့်ဘဝက အများကြီးပြောင်းလဲသွားခဲ့တယ်၊ ဒီလူဆိုးကြီးရဲ့ဘဝထဲကို ဝင်လာပြီးကတည်းက ကျွန်တော့်မှာ ကံဆိုးတာတွေထက် ကံကောင်းတာပိုများပါတယ် ... အခုလို အခြေအနေတွေဖြစ်လာလို့ အချစ်ရဲ့နားမှာရှိနေရတာကို ကံဆိုးတယ်လို့မသတ်မှတ်ထားပါဘူး "

နှစ်ဦးသား အတော်တန်ကြာ နူတ်ဆိတ်သွားခဲ့ပြီး နက်ရှိုင်းသောအဓိပ္ပာယ်များပါသည့်မျက်ဝန်းများဖြင့်သာ အကြည့်ချင်းဆိုင်ကာ စကားပြောနေခဲ့ကြသယောင်။

" ဝန်ခံရရင် မင်းကိုဒီတိုင်း အပျော်တွဲဖို့ပဲ ဆုံးဖြတ်ထားခဲ့တာ၊ ငါ အခုလိုမျိုး မင်းကိုတကယ်မချစ်ချင်ခဲ့ဘူး၊ တကယ်ချစ်မိသွားရင် ငဲ့ညှာထောက်ထားရတာတွေ အရမ်းများတယ်၊ နောက်ပြီး ငါ့ဘဝရဲ့အချစ်ဆုံးတွေက ငါ့ကိုအရင်ထားသွားကြတာများလို့ ... ငါ့မယ်တော် ... ငါ့ညီတော် ...

မိနစ်ပိုင်းအတွင်း ဒန်မော်ရာ နားလည်သဘောပေါက်သွားခဲ့သည့်အရာမှာ ဂါဗင်က သူ့ကိုဆုံးရှုံးရမည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့ပြီး စိတ်ပူနေခဲ့သည့်အကြောင်းတရားပင်။

ထိုအရာက သူ​၏နှလုံးသားကို နွေးထွေးစေခဲ့ပြီး စိတ်ဘဝင်ကို ကြည်နူးစေခဲ့သည်။

" ဒီလူဆိုးကြီးရဲ့ဘဝထဲ ဝင်လာပြီးကတည်းက ကျွန်တော့်မှာ ကံဆိုးတာတွေထက် ကံကောင်းတာပိုများပါတယ်၊ ခုလိုသေလုဆဲဆဲအခြေအနေကို ကံဆိုးတယ်လို့မသတ်မှတ်ထားပါဘူး ..."

ဒန်မော်ရာ​၏စကားက အေးစက်စက်နှလုံးသားပိုင်ရှင် ဂါဗင်ကို ပါးချိုင့်လေးလေးပေါ်သည်အထိ ပြုံးစေခဲ့သည်။

ထို့နောက် ဂါဗင်က ဒန်မော်ရာ​၏အပေါ်နူတ်ခမ်းများကို ညင်သာစွာ နမ်းရှိုက်ခဲ့သည်။

ဒန်မော်ရာလည်း သူ​၏နမ်းရှိုက်မှုများအောက်မှာ နစ်ဝင်သာယာခဲ့လျက်။

---

အိုဝမ်က ဂျက်ဖရီ​၏ခြေထောက်ရှေ့ ဒူးထောက်ခယလျက် ခေါင်းငုံ့ထားသည်။

" ငါမင်းကို သူ့ကိုရှာဖို့ အချိန်အတိအကျမပေးဘူး။ တွေ့အောင်သာရှာလာခဲ့၊ ပြီးရင် ငါ့ရှေ့မှာ သူ့ကို မင်းလက်နဲ့သတ်ပေးရုံပဲ ... "

ဂျက်ဖရီက ဆေးလိပ်ငွေ့များ မှုတ်ထုတ်ကာ အိုဝမ်ကို စိုက်ကြည့်နေခဲ့သည်။

အိုဝမ်က ခရစ်စတိုဖာကို သတ်ရတော့မည်ဖြစ်၍ အမိန့်နာခံရန် တုန်လှုပ်နေခဲ့​၏။

" မင်းရဲ့သားက သစ္စာဖောက်တစ်ကောင်ဖြစ်နေပြီ ... မင်းကပါ သစ္စာဖောက်ဖို့ ကြံနေတာလား "

" မလုပ်ဝံ့ကြောင်းပါ မင်းကြီး "

အိုဝမ်က အသံတုန်ယင်စွာ ဖြေခဲ့သည်။

" မင်း မသတ်ချင်လည်း ရပါတယ်၊ ဂါဗင် သူ့ကိုသတ်လိမ့်မယ် ... မဟုတ်လည်း သူ အသုံးချစရာရှိရင် အသုံးချမှာပေါ့ ... မင်းသာ မင်းရဲ့သားကို သေချာရှာလာ "

ဂျက်ဖရီက အေးစက်စွာ အိုဝမ့်ကို စေ့စေ့ကြည့်လျက် သူ့မျက်နှာတွင် ကြောက်စရာကောင်းသည့် လှောင်ပြုံးတစ်ခုထွက်ပေါ်လာသည်။

◎ ══════ ❈ ══════ ◎

Continue Reading

You'll Also Like

12.8K 130 4
Just some Taekook smut • • • • • Boy×Boy Fem boy Top Kook Top Tae Bottom kook Bottom Tae
96.9K 2.8K 27
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
189K 4.5K 15
"how can someone be too young to be in love when we were crafted from ocean waves ...
837K 26.7K 188
-----MTL -----FOR ONLINE PURPOSE ONLY Chapters:146 Main + 41 Extras (Completed)=187 Chapters Description: Rong Rong was dead. In order to make mone...