ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒ...
By Alice_Yizhan_7012
18.4K 1.3K 29
Paid Gp ရှိပါသည်။ Female strong lead ကို ဖတ်ချင်ပါက ဤ novelကိုဖတ်လိုက်ပါ။ တို့mc မမရဲ့ face slapping စကေးတွေန... More
ဇာတ်လမ်း အကျဥ်းချုပ်
စာစဥ် (၁) အခန်း - ၁
စာစဥ် (၁) အခန်း - ၂
စာစဥ် (၁) အခန်း - ၃
စာစဥ် (၁) အခန်း ။ ၄ မှ ၁၀ ထိ
စာစဥ် ၁ ၊ အခန်း ၁၁ မှ ၁၅ ထိ။
စာစဥ် ၂ ။ အခန်း ၆ မှ ၁၀ ထိ။
စာစဥ် ၂ ၊ အခန်း ၁၁ မှ ၁၅ ထိ။
စာစဥ် ၃
စာစဥ် ၄ ။ အခန်း ၁ မှ ၅ ။
စာစဥ် ၄ ၊ အခန်း ။ ၆ မှ ၁၅ ထိ။
စာစဥ် ၅ ။ အခန်း ၁ မှ ၇ ထိ
Announcement!!!!!
စာစဥ် ၅ ။ ၈ မှ ၁၅ ။
စာစဥ် ၆ ။
စာစဥ် ၇ ။
Birthday promotion
စာစဥ် ၈
စာစဥ် ၂ ။ အခန်း ၁ မှ ၅ ထိ ။
881 68 0
By Alice_Yizhan_7012
စာစဥ် ၂ ၊ အခန်း ၁။ သူမ ထပ်ပြီး ဒေါသထွက်နေပြန်ပြီ
ကျန့်ယွီဟုန်က လှေကားပေါ်ကို တက်လာလေသည်။တစ်ချိန်တည်းမှာပဲ အောက်ထပ်ကို  ဆင်းလာတဲ့ ကျင်းချန်ဆီကို သူမ ပြေးသွားလိုက်သည်။
သူမက အရင်လို ခန္ဓာကိုယ်ကို ကပ်ရပ်ပြီး တလက်လက်တောက်ပနေတဲ့ ဂါဝန်သေးသေးလေးတွေကို မဝတ်တော့ပေ။အဲ့ဒီအစား ပေါ့ပေါ့ပါးပါး၊အဖြူရောင်၊ဆိတ်မွှေးဖြင့်လုပ်ထားသည့် လည်ဝိုင်းဆွယ်တာကို ဂျင်းအချိုနှင့်တွဲဖက်ပြီး  အဖြူရောင် ဟာမီးကတ္တီပါ စလစ်ပါတစ်ရန်နှင့် တွဲဝတ်ထားလေသည်။
သူမရဲ့နီညိုရောင် ဆံပင်ရှည်ကြီးက အနည်းငယ်ကောက်လိမ်နေပြီး ဘေးတစ်ဖက်တစ်ချက်စီကို လေးတွဲ့စွာ ဖြန့်ကျနေလေသည်။သူမ အောက်ထပ်ကို ဆင်းလာတာကြောင့် ဆံနွယ်တွေက ညင်သာစွာ သူမ၏ပခုံးနှင့် ဘဲငန်းလေးလို ဖြူဖွေးလှသည့် သူမ၏လည်တိုင်ထက်တွင် ရွှေ့လျားနေကြသည်။
သူမလမ်းလျှောက်နေစဉ်တွင် တစ်စိတ်တစ်ဒေသအားဖြင့် ကွယ်ဝှက်ထားသည့် သူမ၏သေးသွယ်သော ခါးလေးက အခုဆိုအရင်ကထက် ပိုပြီးကျက်သရေရှိလာသလိုပင်။အကျိုးဆက်အနေနဲ့ အရင်ကလို ကိုယ်ကျပ်ဝတ်စုံဝတ်ထာထက်ကိုပင် ပိုပြီးနှစ်လိုဖွယ်ကောင်းနေကာ သူမသည် ဆွဲဆောင်မှုရှိနေတော့လေသည်။
သူမက မိတ်ကပ်ပါးပါးလေးသာ လိမ်းထားပေမယ့်လည်း ချောမွေ့နုနယ်ပြီး သူမနှင့်လိုက်ဖက်နေလေသည်။ သူမ၏မျက်ခုံးများကလည်း သူမကို ကျက်သရေရှိသွားစေပြီး သူမ၏တောက်ပပြီး စွဲမက်စရာမျက်ဝန်းများနှင့် တွဲဖက်လိုက်ပါက အံ့ဩစရာကောင်းလောက်အောင် သဘာဝကျလှပနေလေသည်။
ကျန့်ယွီဟုန် သူ့ရှေ့မှာရှိတဲ့ ဒီအမျိုးသမီးဟာ လူသားတွေရဲ့ဝိညာဉ်ကို လိုက်လံစုပ်ယူတတ်တဲ့ အိမ်အိုကြီးထဲက မကောင်းဆိုးဝါးမတစ်ယောက်နှင့် တူလှသည်ဟု သူမ ခံစားမိလိုက်သည်။
သူမ၏လှုပ်ရှားမှု တစ်ခုချင်းစီက ရက်စက်တတ်သော ညှို့ဓာတ်တစ်ခုနှင့် ပြည့်နေလေသည်။
“ဘယ်ကို သွားမလို့လဲ ခယ်မလေး။”
“ဒီအတိုင်း လမ်းလျှောက်သွားမလို့ပါ။”
ကျင်းချန်က ပုံမှန်အတိုင်း ပျင်းရိပျင်းတွဲ့ဖြင့်  လမ်းလျှောက်သွားလေသည်။စကားပြောတာကလည်း လေးတွဲ့တွဲ့ဖြင့် ဖြစ်သည်။သူမ၏အသံမှာ သူ့နှလုံးသားကို ငှက်မွှေးလေးတစ်ခုဖြင့် ကလိကလိလုပ်နေသလိုပင်။ ယားကျိကျိနှင့် ကျန်နေခဲ့ရသည်။
“အခု အပြင်ကို လမ်းထွက်လျှောက်မလို့လား။အပြင်မှာ အရမ်းအေးနေတဲ့အချိန်မလား။”
“အပြင်မှာ အေးတယ်?။ကျွန်မတော့ မခံစားမိပါဘူး။”
ကျင်းချန်က နတ်သူငယ်တစ်ယောက်လို သူ့ဘေးကို မြန်မြန်ဆန်ဆန်ပဲ ဖြတ်လျှောက်သွားလေသည်။
ထွက်ခွာသွားတဲ့ သူမရဲ့ပုံရိပ်လေးကို ကြည့်လိုက်မိတာကြောင့် ကျန့်ယွီဟုန်မှာ ဆွဲဆောင်ညှို့ယူခံလိုက်ရတော့သည်။
ကျင်းချန်က ကျန့်မိသားစုထဲကို လက်ထပ်ထိမ်းမြားပြီး ဝင်ရောက်လာခဲ့တာ သုံးပတ်ရှိပြီဖြစ်သည်။ဒီမတိုင်ခင်မှာ သူမက ကြည့်ကောင်းပေမယ့် သူ့အတွက်တော့ ဆွဲဆောင်မှုမရှိဘူးဟု သူထင်နေခဲ့တာဖြစ်သည်။
တကယ်တော့ လက်တလော Hမြို့က အချမ်းသာဆုံးမိသားစုရဲ့ သခင်လေးဖြစ်တာကြောင့် သူအလိုရှိတာနှင့် celebritiesတွေအားလုံးက ပျားတွေက ပျားရည်ရဲ့ဆွဲဆောင်ခံရသလို သူ့ကို တွယ်ကပ်ကြလိမ့်မည် ဖြစ်သည်။ဒါကြောင့် သူ့အဘိုးက သူ့ညီလေးအတွက် မင်းသမီးတစ်ယောက် တွေ့ထားတယ်ဆိုတဲ့အကြောင်းကို ပြောပြတော့ ရှက်ကိုးရှက်ကန်းနဲ့ပြောပြနေတဲ့ ဆုံးဖြတ်ချက်ကို သူက လှောင်ရယ် ရယ်လိုက်သေးသည်။
ဒါပေမယ့် ဒီနေ့တော့ အဝေးကိုသွားဖို့ ငြင်းဆန်းရင်း ကျင်းချန်ရဲ့အပြုံးတိုင်း မျက်မှောင်ကြုတ်တာကအစ သူ့ခေါင်းထဲမှာ ပြန်ပေါ်လာတော့သည်။
လှေကားဆီမှ ခြေသံကို ကြားတော့မှ ကျန့်ယွီဟုန်မှာ အသိပြန်ဝင်လာတော့သည်။သူက မော့ကြည့်လိုက်တော့ မျက်နှာထက်တွင် ကြေကွဲဝမ်းနည်းနေပုံရသည့် ကျန်းယွီရှီကို မြင်လိုက်ရလေသည်။
သူက မျက်ခုံးပင့်ပြလိုက်ပြီး အပေါ်ကို တက်သွားတော့သည်။သူက သူမကို ကျော်သွားပြီးမှ ရပ်လိုက်လေသည်။
“ယွီရှီး ဘာဖြစ်နေတာလဲ။”
ကျန့်ယွီဟုန်က သူမကိုမေးရင်း ပြုံးပြလိုက်သည်။
“အစ်ကိုကြီး ဒီနေ့ ကျွန်မပြောခဲ့သမျှက အမှန်တွေပါ။ကျွန်မရဲ့မှတ်တမ်းတွေ ဘယ်လိုပျောက်သွားသလဲဆိုတာ ကျွန်မလည်း မစဉ်းစားတတ်ပေမယ့် ကျင်းချန်က တကယ်ကို အပြင်မှာ ချစ်သူရှိနေတာပါ။အစ်ကိုကြီး ကျွန်မကို ယုံရမယ်နော်။”
“ယွီရှီး ငါက မင်းကို ယုံတယ်မယုံဘူးဆိုတာ အရေးမကြီးပါဘူး။ဒီနေရာမှာ အရေးကြီးတဲ့အရာက မင်းမှာ သက်သေမရှိတာပဲ။ပြီးတော့ ကျင်းချန်က ကျန့်မိသားစုရဲ့ မြေးချွေးမတစ်ယောက်လေ။မင်းသူ့ကို အသရေဖျက်လို့ မရဘူးလေ။ ကောင်းသောညလေးဖြစ်ပါစေ။”
ထို့နောက် ကျန့်ယွီဟုန်က အပေါ်ကို တက်သွားတော့သည်။
ကျန်းယွီရှီးက အစကတည်းက ကျန့်ယွီဟုန်ကို သူမကိုယ်တိုင် မဟာမိတ်ဖွဲ့ဖို့ ကြံစည်နေတာဖြစ်သည်။ဒါပေမယ့် သူက ကျင်းချန်ကို ငေးနေတာ မြင်လိုက်ပြီး သူမပြောတာကိုတော့ နားထောင်ဖို့တောင် ငြီးငွေ့ပုံရတော့ သူမတစ်ဖန်ပြန်ပြီး ဒေါသထွက်လာရပြန်သည်။
                                                           *********************
ကျန့်မိသားစု၏အိမ်တော်ကြီးမှာ တကယ်တော့  အိမ်ထဲမှနေရာတိုင်း၌ အကြီးကျယ်အမြင့်မြတ်ဆုံး ဂုဏ်သရေနှင့် မွမ်းမံမှုတို့ ပြည့်နှက်နေသလို ကမ္ဘာပေါ်မှာ အတော်လေး ကျော်ကြားသည်။
သင့်အနေနဲ့ ထိုအိမ်၏ဘယ်နေရာကိုပဲ ရပ်နေပါစေ၊ရှုခင်းတွေပဲ ဖြစ်နေလိမ့်မည်။
သူ့ရဲ့ပင်ကိုယ်ဒီဇိုင်းကိုက ရင်သပ်ရှုမောဖွယ်ဖြစ်နေတာပင်။ထပ်လောင်းပြောရရင် Zတိုင်းပြည်၏ ဂန္တဝင်ပစ္စည်းတွေနဲ့အတူ အနုပညာဉယျာဉ်ကို ပြီးပြည့်စုံစွာ ပေါင်းစည်းထားတာဖြစ်သည်။ထိပ်တန်းဉယျာဉ်ဒီဇိုင်းနာများက ဒီအိမ်တော်ကြီး၏ ပုံကြမ်းများကို လိုချင်နေကြသည်။အိမ်ကြီး၏ဒီဇိုင်းများအကြောင်းကို သူတို့ သင်ယူလေ့လာနိုင်အောင် ဖြစ်သည်။
ဒါပေမယ့် ဒီဇိုင်းအားလုံးက ဉယျာဉ်ဒီဇိုင်းဆွဲတာနှင့် ဆက်စပ်မှုမရှိဘဲနှင့် စီးပွားရေးဘွဲ့ယူခဲ့တဲ့ ကျန့်လီချွမ် ကိုယ်တိုင် တစ်ယောက်တည်း လက်နှင့်ဆွဲခဲ့တာဖြစ်သည်။
အပြင်လူအများစုက ကျန့်မိသားစုကို ဥက္ကဌဟောင်း ကျန့်ရန်ဟောက်တည်တောင်ခဲ့တာလို့ပဲ ယူဆကြသည်။ဒါပေမယ့် လုပ်ငန်းထဲမှ စီနီယာအလုပ်အမှုဆောင် အဖွဲ့တွေကသာလျှင် ကျန့်ရန်ဟောက်က စီးပွားရေးလုပ်ငန်း ခိုင်မာတောင့်တင်းလာအောင် လုပ်ဖို့အတွက်ပဲ တာဝန်ရှိတာကို သိကြလေသည်။အခု အိပ်ရာထဲမှာလှဲနေတဲ့ အကြောသေနေသည့် ကျန့်လီချွမ်ကသာ Hမြို့မှာ အချမ်းသာဆုံးမိသားစုဖြစ်အောင် လုပ်ခဲ့တာဖြစ်သည်။
ဒါဟာ ကျန့်လီချွမ်ဟာ ဘယ်လောက်တောင် ထူးချွန်ထက်မြက်သလဲဆိုတာကို ပြည့်ပြည့်စုံစုံ ဖော်ပြနေတာဖြစ်သည်။
စာစဥ် ၂ ၊ အခန်း ၂ ။   စကားပြောဖို့ အချိန်ရလား
ကျန့်လီချွမ်ဟာ ဟားဗတ်တက္ကသိုလ်မှ စီးပွားစီမံခန့်ခွဲရေးအတွက် ပါရဂူဘွဲ့ရရှိခဲ့ပြီး အသက်နှစ်ဆယ်မှာပဲ Opစီးပွားရေးလုပ်ငန်း၏ စီမံခန့်ခွဲမှုအာဏာရှိသော ဥက္ကဌအဖြစ် တိုက်ရိုက်ဝင်ရောက်ခဲ့တာဖြစ်သည်။
ငါးနှစ်အတွင်း Opစီးပွားရေးလုပ်ငန်းကို တိုင်းပြည်ရှိ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းအဖြစ်ရောက်အောင် သူဟာ စီမံနိုင်ခဲ့သည်။နည်းပညာလုပ်ငန်းမှလွဲ၍ သူတို့ဟာ အိမ်ရာအဆောက်အအုံ၊ဖျော်ဖြေရေးလုပ်ငန်း၊ဆေးရုံများ၊ကုန်ပဒေသာဆိုင်များ၊ဟိုတယ်များ အစရှိသဖြင့် အခြားလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားကြသည်။သူဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ဖြစ်တည်လာဖို့ ရောက်ရှိလာတဲ့အခါမှာတော့ ပြီးပြည့်စုံတဲ့ အထုတ်ကလေးဖြစ်နေလေတော့သည်။
ဒါပေမယ့် သူ့ဘဝတစ်ခုလုံးကို မတော်တဆမှုတစ်ခုက ပြောင်းလဲပစ်ခဲ့သည်။ကျောရိုးကို ထိခိုက်သွားတဲ့ ဒဏ်ရာက သူ့ကို အကြောသေစေပြီး အသုံးမဝင်တဲ့လူတစ်ယောက်အဖြစ် သူ့အား ပြောင်းလဲသွားစေခဲ့သည်။
ဒါကို ကျန့်လီချွမ်ကိုယ်တိုင်မပြောနှင့်၊ဘယ်သူမှ လက်မခံနိုင်ကြပေ။
ကျင်းချန်တောင် ဒီအပြောင်းအလဲက အကျပ်တွေ့တာကို တွေ့ရှိခဲ့ရသည်။သူမ ကျန့်လီချွမ်၏လက်ရှိအခြေအနေကို မြင်လိုက်ရတာနှင့် သူအနေ့နဲ့ စီမံခွင့်ရဉက္ကဌဖြစ်လာတဲ့အချိန်တွင် ညစာစားပွဲမှာ သူမ သူ့ကို ပထမဆုံးမြင်ခဲ့တုန်းက ဆွဲဆောင်မှုရှိတဲ့ပုံရိပ်နှင့် နှိုင်းယှဉ်ကြည့်ပြီး သူမ သက်ပြင်းမချပဲ မနေနိုင်ခဲ့ပေ။
သူက အတောင်ကျိုးနေတဲ့ ဖီးနစ်ငှက်တစ်ကောင် ဖြစ်နေခဲ့လေသည်။
ဒါပေမယ့် အသက်ရှင်နေရတာက အရေးအကြီးဆုံးပင်ဖြစ်သည်။အသက်မရှင်ဘဲ ဘာမှမရှိနိုင်ပေ။
အခုတော့ ကျင်းချန်က ကျန့်မိသားစု လွန်းပြန်ဘတ်စ်ကားလေးကို အိမ်တော်တစ်ဝိုက် ပတ်မောင်းနေလေသည်။သူမကို ရှေးခေတ်ကနေ့ရက်များကို ခေါ်ဆောင်သွားသလို လရောင်အောက်က လှပပြီး ရှေးဆန်တဲ့ ရှုခင်းလေးကို သူမနှစ်သက်မိသည်။သူမထက်တွင် တောက်ပနေသော လရောင်နှင့်အတူ လွတ်လပ်မှုနှင့် တက်ကြွမှုများ ပြည့်နှက်နေသည့် လေလေးကို သူမ ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။သူမ ပြန်လည်မွေးဖွားလာတာ မကြာသေးပေမယ့် အရင်ဘဝမှာ သူမကိုယ်သူမ ဘာကြောင့် သတ်သေခဲ့သလဲဆိုတာကို သူမ စတင်မေးခွန်းထုတ်နေခဲ့ပြီးပြီဖြစ်သည်။
*ဘာလို့ သူမက ခုန်ချနိုင်ခဲ့ရတာလဲ။ပိုက်ဆံတွေအများကြီးရှိတာ မကောင်းလို့လား။သူ့မှာ ကံကောင်းမှု၊ကျော်ကြားမှု၊အာဏာ ပြီးတော့ ချောမောလှပတာတွေ ရှိနေရက်နဲ့ ဘာလို့များ အရမ်းတွေ စိတ်ဓာတ်ကျနေခဲ့ရတာလဲ။*
ဒီလိုအရည်အချင်းတွေ ရှိနေခဲ့ချိန်မှာ ဘယ်လိုများ စိတ်ဓာတ်ကျခဲ့ရသလဲဆိုတာ သူမလည်း မစဉ်းစားတတ်ပေ။ဒါပေမယ့် သူမ တစ်ခုခုမှားနေတာကို သဘောပေါက်လိုက်တဲ့အချိန်မှာပဲ သူမရဲ့စိတ်ခံစားချက်တွေက ထိန်းချုပ်လို့ မရတော့ဘူးဖြစ်သည်။
အဲ့ဒီအကြောင်းအရာကြောင့်ပဲ သူမ အမြဲတမ်း သေဖို့လမ်းရှာနေခဲ့တာဖြစ်သည်။သူမက အခြားသူတွေကို အမြဲ ဒေါသထွက်အောင် လုပ်ခဲ့တာကြောင့် သူတို့တွေက သူမကို သတ်ဖို့ ကြိုးစားကြတာဖြစ်လိမ့်မည်။
ကံကောင်းစွာပဲ ဘုရားက သူမကို ဒုတိယအခွင့်အရေး ပေးခဲ့သည်။အခုတော့ စိတ်ဝိညာဉ် ပြောင်းလဲ့ခဲ့ပြီဖြစ်ပြီး စိတ်ဓာတ်ကျတာတွေ မရှိတော့ဘဲ ဘဝက ချက်ချင်း အံ့အားသင့်ဖွယ် ဖြစ်လာခဲ့သည်။
အရောင်နုပြီး ရွှန်းစိုဝင်းလက်နေတဲ့ လရောင်ဟာ မြေပြင်ပေါ်သို့ တောက်ပဖြာကျနေလေသည်။မာကျူရီမီးက မြေပြင်ပေါ် အပြည့်အဝ ထွန်းလင်းနေသလို အရမ်းကို တောက်ပနေ၏။ကျင်းချန်၏အရိပ်က ဉယျာဉ်ထဲမှ သူမကောက်ခဲ့သည့် ပန်းပွင့်တွေလို ဆန့်ပြန့်ရှည်လျားပြီး ပိန်ပါးနေလေသည်။
ကျန့်အိမ်တော်ထဲတွင် အပင်ပေါင်းများစွာ ရှိကြသည်။အဲ့ဒီထဲက သူမလိုအပ်တဲ့အပင်တွေကို ကောက်ယူပြီး လွန်းပြန်ဘတ်စ်ထဲကို ထည့်လိုက်သည်။ပြီးတော့ နောက်တစ်နေရာကို ထွက်သွားလေသည်။
သူမလိုအပ်တာတွေ အကုန်ရရှိတဲ့အခါ သူမဖုန်းက မြည်လာလေသည်။
သူမ လုံးဝ အံ့အားသင့်ခဲ့ရတဲ့ ဖုန်းကို ကြည့်လိုက်သည်။အမည်မသိနံပါတ်ဖြစ်နေတာကို မြင်လိုက်ရ၏။
သူမ ဖုန်းကို ကိုင်ပြီး ဖြေလိုက်တော့ တစ်ဖက်မှ ယောက်ကျားတစ်ယောက်၏ အသံထွက်လာလေသည်။
“ကျင်းချန်..မင်းအခု စကားပြောဖို့ အချိန်ရလား။”
အမည်မသိနံပါတ်ဖြစ်ပေမယ့် တစ်ဖက်လူက သူမကို ရင်းရင်းနှီးနှီး ပြောနေလေသည်။ဘယ်သူလဲဆိုတာ မပြောနိုင်ပေမယ့် ကျင်းချန် ထိုလူကို တိုတိုပဲ ပြန်ဖြေလိုက်သည်။
“အန်….။’
“နေ့လယ်တုန်းက ဘာဖြစ်သွားတာလဲ။အပြင်မှာ တစ်ယောက်ယောက် ရှိနေလို့လား။သူတို့ ကိုယ်တို့အကြောင်းကို တွေ့သွားကြပြီလား။”
တစ်ဖက်လူ၏အသံမှာ စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့နေပုံရသည်။
ပထမတော့ ကျင်းချန်၏ဦးနှောက်မှာ ရှုပ်ထွေးသွားပေမယ့် ဒီလူဘယ်သူလဲဆိုတာကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဒီလူက ဒီခန္ဓာကိုယ်ရဲ့ အရင်ပိုင်ရှင်နှင့် ဆက်ဆံရေးတစ်ခု ရှိမည်ဟုထင်ရသည့် ချင်းရီပဲဖြစ်သည်။ချင်းရီက သင်တန်းကာလတွင်  ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု၏ လူသစ်စုဆောင်းခြင်းကို ခံရပြီး Funikဟုခေါ်သည့် အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။
အစကတော့ Funikဆိုတာ မအောင်ခဲ့ပေ။ပြီးခဲ့တဲ့နှစ်မတိုင်ခင်အထိ သူတို့မှာ သိပ်မပေါက်ခဲ့ပေ။ဒါရိုက်တာတစ်ယောက်က အရင်ပိုင်ရှင်ရဲ့အလှကို စိတ်ကူးယဉ်ပြီး သူမကို သူ့ရဲ့ဇာတ်လမ်းတွဲထဲမှာ ဒုတိယဇာတ်ဆောင်အဖြစ် ကမ်းလှမ်းရန် ဆုံးဖြတ်ခဲ့သည်။အရင်ပိုင်ရှင်က ချင်းရီကို ဒါရိုက်တာနှင့်တောင် မိတ်ဆက်ပေးခဲ့သည်။
ဒီဇာတ်လမ်းတွဲက ဂန္တဝင်ဝတ္ထုကို အခြေခံထားပေမယ့် အချို့အကြောင်းပြချက်တွေကြောင့် ထုတ်လွှင့်ပြသခွင့် မရခဲ့ပေ။ပြီးတော့ အွန်လိုင်းပေါ်မှာပဲ web seriesတစ်ခုအဖြစ် ပြသနိုင်ခဲ့သည်။ပရိသတ်တွေကြားမှာ မကျေနပ်တာလေးတွေ ဖြစ်ပွားခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူများလည်း မရှိခဲ့ပေ။ပရိသတ်တွေဟာ ဒီဇာတ်လမ်းအတွက် အမျိုးသားဇာတ်ဆောင်ဖြစ်လောက်အောင် တော်တဲ့ celebritiesဆိုတာ မရှိဘူးဟု ခံစားခဲ့ကြရသည်။ရှူတင်မစခင်ကတည်းက အမျိုးသားဇာတ်ဆောင်roleကို ယူမယ့်သူကို ခေါ်လာတဲ့မည်သူမဆို မုန်းခံရသင့်သည်ဟု ခံစားကြရသည်။
ဥ် အခန်း သစ္စာဖောက်ခံခြင်း
ရွေးချယ်ခံထားရဲ့ မူလအမျိုးသားဇာတ်ဆောင်မှာ အရူးအမူးပရိသတ်များကြောင့် ကြောက်လန့်လာလေသည်။ဒါရိုက်တာက ချင်းရီဟာ ဇာတ်ရုပ်နှင့်လိုက်ဖက်ကာ ငွေယိုပေါက်ကို ဖြတ်ချနိုင်မည်ကို  မြင်ပြီး သူ့ကို အမျိုးသားဇာတ်ဆောင်အဖြစ် ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
ကံကောင်းစွာပဲ web seriesက ပေါက်သွားခဲ့လေသည်။အဲ့ဒီနောက် ချင်းရီက အခြား variety showနှစ်ခုမှာပါ ဆက်တိုက် ပေါ်လာခဲ့သည်။အခုတော့ သူက နိုင်ငံတွင်း ဖျော်ဖြေရေးလုပ်ငန်းတွေထဲမှာ တစ်နှစ်အတွင်း fanပေါင်း (၁၁)မီလီယံရရှိတဲ့ လျှမ်းလျှမ်းအတောက်ဆုံး ဖြစ်လာခဲ့သည်။
ကျန့်မိသားစုက ကျင်းချန်ကို ရှာတွေ့ပြီး အကြောသေနေတဲ့ သူ့မြေးရဲ့ကံမကောင်းမှုကို ချေဖျက်ရာတွင် ကူညီပေးဖို့ သူ့မြေးနှင့် လက်ထပ်ပေးရန် တောင်းဆိုတဲ့အခါ မူလပိုင်ရှင်က အစကတော့ ငြင်းပယ်လိုက်သည်။ဒါပေမယ့် အဆုံးမှာတော့ အဓိကအကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ ချင်းရီကို ကူညီပေးချင်ခဲ့တဲ့အကြောင်းကြောင့် လက်ထပ်ပွဲကို သဘောတူပြီး အဆုံးသတ်သွားခဲ့သည်။
ချောမောပြီး ကြည်ရွှင်တဲ့ လူငယ်လေချင်းရီက အဲ့ဒီရက်တွေမှာ ငယ်ရွယ်သောမိန်းကလေးများကြား လူကြိုက်အများဆုံး ကောင်လေးပုံစံဖြစ်ခဲ့သည်။သူက အစကတည်းက အချို့သော ကျော်ကြားမှုနှင့် ပရိသတ်ရှိနေခဲ့ပေမယ့် သူ့မှာမရှိတဲ့ တစ်ခုတည်းသော အရာက အရင်းအမြစ်ပင်။အနည်းငယ်ပိုပြီးပေါက်တဲ့ ဇာတ်လမ်းတွဲတွေကို သူ သရုပ်ဆောင်နိုင်မှသာ idolကနေ actorကို အောင်အောင်မြင်မြင် ကူးပြောင်းနိုင်မှာဖြစ်သည်။ထို့နောက် ရုပ်ရှင်ရင်းနှီးမြှုပ်နှံသူများထဲက တစ်ယောက်ယောက်ကသာ သူ့ကို သတိထားမိသွားရင် သူ့ဘဝက ရှေ့လျှောက် ချောချောမွေ့မွေ့ ရွက်လွှင့်နိုင်တော့မှာ ဖြစ်သည်။
Zနိုင်ငံရှိ ထိပ်တန်း entertainment groupတွေထဲက တစ်ခုဖြစ်တဲ့ ကျုံးပေါ် entertainmentကို ကျန့်မိသားစုရဲ့ Opစီးပွားရေးလုပ်ငန်းက ပိုင်ဆိုင်တာကြောင့် သူတို့က အရင်းအမြစ်အများဆုံး ရှိကြသည်။
ကျန့်မိသားစုက မြင့်မားတဲ့အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားတာကို ချင်းရီက မျက်စိကျနေလေသည်။အရင်ပိုင်ရှင်က ချင်းရီ၏လှည့်စားခြင်းခံရပြီး သူမရည်းစား၏အလုပ်အကိုင်အတွက် ကျန့်မိသားစုထဲကို လက်ထပ်ဝင်ရောက်ရခြင်းနှင့် အဆုံးသတ်ခဲ့သည်။
*တစ်နည်းအားဖြင့် သူက အရင်ပိုင်ရှင်မှ မဟုတ်တာ။သူတို့နှစ်ယောက်ကြားမှ အမှတ်တရများများစားစားမှ မရှိတာ။အဲ့ဒီတော့ သူလည်း ဒီခွေးကောင်က အရင်ပိုင်ရှင် သူမကိုယ်တိုင် ကျန့်မိသားစုနဲ့လက်ထပ်အောင် ဘယ်လိုများ သိမ်းသွင်းခဲ့သလဲဆိုတာ သူလည်း မမှတ်မိပါဘူး။*
သူမအခု မှတ်မိတာဆိုလို့ အရင်ပိုင်ရှင်က သူ့အတွက် ဘယ်လောက်တောင် လုပ်ပေးခဲ့သလဲဆိုတာပါပဲ။သူ အရင်းအမြစ်တွေပိုရအောင် လက်ထပ်ဖို့ကို သဘောတူခဲ့ရုံမက သူ့အတွက် ငွေတော်တော်များများလည်း သုံးပေးခဲ့လေသည်။
ဒါပေမယ့် အခုတော့ ဒီခန္ဓာကိုယ်ကို သူမယူထားလိုက်ပြီမို့ အရင်ပိုင်ရှင်၏ပိုက်ဆံဟာ သူမပိုက်ဆံသာဖြစ်သည်။
သူမလို သူမဘဝကို ဂရုစိုက်နေကျမဟုတ်သည့် လူတစ်ယောက်အတွက် ပိုက်ဆံဆိုတာ လောလောဆယ်တော့ သူမ၏ထိပ်တန်းဦးစားပေးပင်ဖြစ်သည်။
“အရင်က ကျွန်မဆီကနေ ယွမ်သန်းငါးဆယ် ချေးခဲ့တယ်မလား။”
ဖုန်းထဲမှလူက စိတ်ရှုပ်နေပုံရပေမယ့် အမှန်တော့သူက အိပ်ရာထက်မှာ ဝတ်လစ်စားလစ်နှင့် လှဲနေတာဖြစ်သည်။အိပ်ရာ၏ဘေးမှာ ခေါင်းကို လှဲနေရင်း အိပ်ရာခင်းတစ်ခုက သူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင်နေရာများကို ဖုံးပေးထားသည်။ပြီးတော့ သူ့မျက်နှာထက်တွင် စိတ်ကျေနပ်နေပုံနှင့် လေထဲမှာ စိမ့်ဝင်ပျံ့နှံ့နေသည့် ရမ္မက်နံ့ထုံနေသော အနံ့များက လိုက်ဖက်နေကြသည်။
သူက ပိန်ပါးပြီး အသားဖြူသော ၊အားနည်းဟန်ရသော အမျိုးသမီးတစ်ယောက်ကို လက်တစ်ဖက်က ပွေ့ဖက်ထားပြီး တစ်ဖက်ကတော့ မီးညှိထားသော စီးကရက်နှင့် ဖုန်းကို လက်ထဲကိုင်ထား၏။ဒီလိုအနေအထားနှင့် အတော်လေး သက်သောင့်သက်သာဖြစ်နေပုံပင်။
စီးကရက်အစီခံကို ပြာခွက်ထဲကို ထည့်တော့မလို့လုပ်နေတုန်း  ကမ္ဘာကြီးကို အစိတ်စိတ်အမွှာမွှာဖြစ်မည့် မေးခွန်းကို သူကြားလိုက်ရသည်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သေ သေသွားပြီး သူ့လက်များမှာ တုန်ယင်လာလေသည်။စီးကရက်အစီခံမှ ပူနေသေးတဲ့ပြာမှုန့်တွေက သူ့လက်ထဲမှ ပြုတ်ကျသွားပြီး လည်ပင်းပေါ်ကို ကျသွားတော့သည်။သူသည်မီးပူလောင်သွားတော့ ချက်ချင်းကို အမောတကောအော်ပြီးတော့ ထခုန်လေတော့သည်။
သူ့လက်မောင်းထဲမှ အမျိုးသမီးကလည်း ရုတ်တရက်လှုပ်ရှားမှုကြောင့် သူမ၏အသက်ရှူတာက လေးလံလာပြီး ကြောက်ရွံ့သွားရသည်။
ဘာဖြစ်သွားသလဲဆိုတာ သူမ မြင်သွားတော့ ချက်ချင်းပဲ သူ့လည်ပင်းပေါ်က မီးစွဲနေသေးတဲ့ ပြာတွေကို ဖယ်ရှားပေးလိုက်လေသည်။
ဒီလို လှုပ်ရှားမှုသေးသေးလေးကအစ လုပ်နေတာတွေအားလုံးကို ဖုန်းထဲမှ ရှင်းရှင်းလင်းလင်း ကြားနေရသည်။
*ချီးလိုပဲ??*
အရင်ပိုင်ရှင်က သစ္စာဖောက်ခံရပြီး သူတို့အတွက် ငွေကြေးမြောက်များစွာ ရှာပေးဖို့အတွက် အလုပ်များနေချိန်မှာပဲ သူမသည် ရောင်းစားခံလိုက်ရသည်။
သူ့နားတွေကို မယုံနိုင်ဘဲ ထပ်ပြီး မေးလိုက်လေသည်။
“ချန်ချန်…မင်း ဘာတွေ မေးနေတာလဲ။”
ကျင်းချန်က ကြင်နာတတ်ဟန်နှင့် ထပ်ပြောလိုက်သည်။
“ကျွန်မဆီကနေ ယွမ်သန်းငါးဆယ် ချေးခဲ့တယ်မလား။”
“မင်းဆီကနေ ဘယ်တုန်းက ပိုက်ဆံချေးဖူးလို့လဲ။ချန်ချန် ဘာတွေ ပြောနေတာလဲ။မင်းအခု စကားပြောဖို့ အချိန်ရတာ သေချာရဲ့လား။”
“အင်း…ရတာပေါ့။ကျွန်မ ကျန့်မိသားစုထဲကို ပထမဆုံး ရောက်သွားတဲ့အချိန်ကို မှတ်မိလား။ရှင့်အမေ ဒါမှမဟုတ် ရှင့်အမျိုးထဲက တစ်ယောက်က ပိုက်ဆံလိုလို့ပြောပြီး ကျွန်မဆီကနေ သန်းငါးဆယ် ချေးသွားခဲ့တာလေ။”
ချင်းရီ တိတ်ကျသွားလေတော့သည်။
သူ သူမဆီကနေ ပိုက်ဆံချေးခဲ့ပေမယ့် သန်းငါးဆယ်တော့ မဟုတ်ပါ။သန်းနှစ်ဆယ်တည်းဖြစ်ပြီး ဘယ်တော့မှ သူမကို ပြန်မပေးတော့ရန် သူသည် ကြံစည်ထားခဲ့တာဖြစ်သည်။
နှစ်ပေါင်းများစွာ အလေ့အထက သူတို့နှစ်ယောက်ကြားမှ စိတ်သဘောထားညီညွှတ်ခြင်းကို တိုးတက်လာစေပြီး သူ့ကို လမ်းဖွင့်ပေးလာခဲ့သည်။ကျင်းချန်ပိုင်ဆိုင်သည့် အရာမှန်သမျှ သူလည်းပိုင်ဆိုင်သည် ဟူ၍ပင်။
 .....
 စာဥ် အခန်း ၄။   လက်ဖက်ရည်ကြမ်း ချေမှုန်းရေးစက်
ကျင်းချန်က ရုတ်တရက်ကြီး ပိုက်ဆံတွေအကြောင်း ပြောလာတာကြောင့် သူမ ဘာတွေဖြစ်ပြီး စိတ်ရှုပ်နေသလဲဆိုတာ ချင်းရီလည်း မစဉ်းစားတော့ပေ။နေ့လည်တုန်းက ဖြစ်ခဲ့တာတွေနဲ့ ဆက်စပ်ကြည့်ပြီး သူ့နှလုံးသားလေးတိမ်မြုပ်သွားတော့သည်။
ကျင်းချန်က စိတ်ရှုပ်သွားတာ ဖြစ်ချင်ဖြစ်မည်။ပြီးတော့ သခင်ကြီးကျန့်က သူတို့ဆက်ဆံရေးကို တွေ့ပြီး အကျိုးဆက်အနေနဲ့ သူမက သူ့ကိုပေးခဲ့တဲ့ ပိုက်ဆံတွေအားလုံးကို တောင်းနေတာဖြစ်နိုင်သည်။သူ့ဦးနှောက်က ပေါက်ကွဲတော့မည်။သူချက်ချင်း ငြင်းလိုက်သည်။
“ချန်ချန် မင်းအထင်လွဲနေတာထင်တယ်။ငါ မင်းဆီကနေ ပိုက်ဆံချေးဖူးလို့လား။”
သူ့ပခုံးနားတစ်ဝိုက်က အပူလောင်သွားသည့် နေရာက နီရဲပြီး နာကျင်မှုကို ခံစားလိုက်ရတာကြောင့် ချင်းရီ၏စိတ်ခံစားချက်မှာ ဆိုးရွားလာတော့သည်။သူ့အသံကလည်း ခက်ထန်လာတော့သည်။
“မင်း ဘာလို့ ငါ့မေးခွန်းကို ကွေ့ပတ်ပြောနေတာလဲ။တစ်ခုခုများ ဖြစ်ခဲ့လို့လား။”
“ဘာမှမဖြစ်ခဲ့ပါဘူး။”
ကျင်းချန်က သူမဘေးနားရှိကွေ့ဟွားပန်းတစ်ခတ်ကို ချိုးယူလိုက်ပြီး အေးအေးဆေးဆေးပဲ ဖုန်းထဲမှာ စကားပြောနေခဲ့သည်။
“ဘာမှဖြစ်ဘူးဆိုရင် ငါ့ကို ဘာလို့ ဒီလိုတွေ လာတောင်းနေရတာလဲ။ကျင်းချန်…ဒါ နောက်စရာမဟုတ်ဘူးနော်။”
ချင်းရီ၏အသံမှာ အေးစက်လာခဲ့သည်။
များသောအားဖြင့် ကျင်းချန်းက သူ့ဒေါသကိုဖိနှိပ်ဖို့ကြိုးစားနေသည့် ချင်းရီ၏အသံကို ကြားလိုက်တာနှင့် သူမက သူ့ကို ချက်ချင်း အလျှော့ပေးလိမ့်မည်ဖြစ်သည်။နှစ်တွေကြာတော့ သူတို့ဆက်ဆံရေးမှာ သူ့အပေါ်ထားတဲ့ သူမရဲ့အကြွင်းမဲ့အချစ်တွေကို အသုံးချရာမှ သူသည် အမိန့်ပေးတတ်သည့် အနေအထားကို ခြေလှမ်းလာလေသည်။
ဒါပေမယ့် သူစကားပြောနေတဲ့ ကျင်းချန်က အရင်ကတစ်ယောက် မဟုတ်တော့ပါချေ။
ဒီအမျိုးသားက သူမဆီကနေ ဘယ်လောက်ချေးယူခဲ့သလဲဆိုတာတော့ သူမမှတ်ဉာဏ်ထဲတွင် အတိအကျ မရှိပေ။အရင်ပိုင်ရှင်က ဂရုမစိုက်တဲ့အရာတစ်ခုဖြစ်နေခဲ့လျှင်တောင် သူမမှတ်ဉာဏ်ထဲမှာ များများစားစားရှိမနေလောက်ဘူးဆိုတာ ကျင်းချန်နားလည်လိုက်လေသည်။
သူမသည် သူ့အားငွေကြေးများစွာချေးပေးခဲ့ပြီးနောက် အမှတ်မထားခဲ့တာ ချင်းရီကို အရင်ပိုင်ရှင်က အပြင်လူတစ်ယောက်အဖြစ်မသတ်မှတ်တာကို ပြသနေသည်။သူမ သူ့အကြောင်း မှတ်မိတာဆိုလို့  သူမကို သူပြောပြခဲ့သည့် အတုအယောင် ချိုမြိန်စကားတွေသာဖြစ်သည်။
အဲ့ဒါတောင်မှ ဒီလူက သူမဆီပိုက်ဆံတောင်းခဲ့တဲ့ ဝိုးတိုးဝါးတားမှတ်ဉာဏ်ကတော့ သူမမှာရှိနေပါသေးသည်။ထို့ကြောင့် တွေ့ကရာ ပမာဏများများကို ကောက်ပြောဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူမဆီကနေ သူသည် အကျိုးအမြတ်ရမှာ မဟုတ်တော့ပေ။
*ဒီသောက်လက်ဖက်ရည်ကြမ်းက သူ့ကို အော်ရဲလိမ့်မယ်လို့ ဘယ်သူကသိမလဲ။ဒီခွေးကောင်က သူ့ရဲ့သကြားမေမေကိုတောင် မပြုစုဘူး။သူ လူမှဟုတ်သေးရဲ့လား။*
သူမနောက်ကွယ်မှာ အချစ်ဇာတ်ခင်းနေရင်တောင် အနည်းဆုံးတော့ သူ သတိရှိပြီး ကျွမ်းကျင်နေသင့်ပြီဖြစ်သည်။
*ဒီအယုတ်တမာကောင်က လက်ဖက်ရည်ကြမ်းတွေကြားမှာ ချေမှုန်းရေးစက်တစ်ခုပဲ။*
ကျင်းချန်က ဒီလိုလူတွေကို အရမ်းအထင်သေးတာကြောင့် တရားနည်းလမ်းကျတဲ့လက်တုံ့ပြန်ခြင်းကို တောင်းဆိုခဲ့တာဖြစ်သည်။
“ဟာသတဲ့လား။ဘယ်သူက ရှင့်ကို နောက်နေလို့လဲ။ကျွန်မက ပိုက်ဆံအကြောင်းကို ဟာသလုပ်တတ်တဲ့သူမို့လား။”
သူမ၏တုံ့ပြန်မှုကြောင့် ချင်းရီမှာ စိတ်ရှုပ်ကျန်နေခဲ့ရသည်။
သူမက အချစ်ကို အရာအားလုံးထက် ပိုပြီး ဂရုစိုက်တတ်တဲ့သူဖြစ်သည်။သူမက ပိုက်ဆံကို အမှိုက်လို သဘောမထားပေမယ့် ပိုက်ဆံအကြောင်းကို သူမသည် စကားထည့်ပြောတတ်တဲ့သူတော့ မဟုတ်ခဲ့ချေ။
*တစ်ခုခုမှားနေတယ်လို့  ဘာလို့ခံစားနေရပါလိမ့်။*
“ကျွန်မဆီက ပိုက်ဆံချေးခဲ့လား မချေးခဲ့ဘူးလားဆိုတာ တခြားသူတွေထက် ရှင်က ပိုသိသင့်တာပေါ့။ဘာဖြစ်လို့လဲ။ရှင်က ကျွန်မကို ကျန့်မိသားစုထဲကို လက်ထပ်သွားစေချင်တဲ့အခါ၊ပြီးတော့ ကျွန်မဆီက ပိုက်ဆံလာချေးတဲ့အချိန်တုန်းကတော့ ရှင်က ချိုသာချင်ယောင် ကြင်နာချင်ယောင်ဆောင်နေခဲ့တာပဲ။ အခုတော့ ကျွန်မ ပိုက်ဆံအကြောင်းမေးတော့ ရှင်က ဗွေဖောက်လာပြီပေါ့။”
ချင်းရီရှော့ခ်ရသွားရုံမက သူမက ထပ်ပြီး စကားစမပြောခင် သူသည် သူမစကားလုံးတွေကို တုံ့ပြန်ချိန်တောင် မရလိုက်ပေ။
“သောက်ကောင် ကျွန်မရှင့်ကို ပြောပြနေရတာ စိတ်ရှည်နေတာမဟုတ်ဘူး။ကျွန်မ သုံးထိရေတဲ့အခါ ရှင်ဘယ်လောက်ချေးယူခဲ့သလဲဆိုတာ ကျွန်မကို ပြောလိုက်။မဟုတ်ရင် အရင်အချိန်ဟောင်းလေးတွေအတွက် ရှင့်ကို အခွင့်အရေးတစ်ခုတောင် မပေးဘူးလို့ ကျွန်မကို အပြစ်မတင်နဲ့နော်။”
ခုနလေးကတင် ဒေါသထွက်နေဆဲဖြစ်သည့် ချင်းရီက ကျင်းချန် သူ့ကိုအော်လိုက်တာနဲ့ သူ့ရဲ့ဝိညာဉ်လေးက သူ့ခန္ဓာကိုယ်ကို ထားသွားမှာ အရမ်းတွေကြောက်လာတော့သည်။
သူက သူမကို မှန်မှန်ကန်ကန် မဆက်ဆံဘဲ သူမကို အမြဲတမ်း အော်ဟစ်နေခဲ့ပေမယ့် သူ့ရဲ့အနာဂတ်တိုးတက်ဖွံ့ဖြိုးရေးအားလုံးက ဒီအမျိုးသမီးအပေါ် အရမ်းကို မှီတည်နေကြောင်း သူသိပါသည်။
စောကစောက သူအရမ်းဒေါသထွက်နေတာက အရေးမကြီးပေ။သူမက အကြွင်းမဲ့ အမြဲတမ်း သူ့ကို ယုံကြည်ခဲ့သည်။ပြီးတော့ သူ့ကို သည်းညည်းလည်းခံခဲ့သည်။
*သူမက ဘာလို့ ရုတ်တရက်ကြီး ဒီနေ့မှာ သူ့ကို ကုတ်ကတ်နေရတာလဲ။သူလုပ်ခဲ့မိတဲ့ အဓိကပြဿနာက ဘာလဲ။ဘာလို့ အရင်အချိန်တွေကြောင့်ဆိုပြီး ပြောနေရတာလဲ။*
“ချန်ချန်..မင်း ဘာဖြစ်နေတာလဲ။ဘာတွေဖြစ်ခဲ့လို့လဲ။ဘာဖြစ်တာလဲဆိုတာ ကိုယ့်ကိုယ်သိခွင့်ပေးမှ ကိုယ်တို့အတူတူ ရင်ဆိုင်လို့ရမှာပေါ့။မင်းက ဒီလိုလုပ်နေတော့ ကိုယ်က ဘာဆက်လုပ်မရမလဲတောင် မသိတော့ဘူး။”
“တော်လိုက်တော့…သောက်သုံးကိုမကျတဲ့ကောင်။တစ်…..နှစ်….”
......................................................................
စာစဥ် ၂ ၊ အခန်း ၅ ။ လက်အိတ်များထဲမှ လက်များ
ဖုန်းထဲမှ အရမ်းကို အေးခဲနေပုံ​ပေါက်ပြီး သူ့ကို ဆဲရေးတိုင်းထွာနေတဲ့  အေးစက်စက်အသံကို သူ ကြားလိုက်ရတော့ ချင်းရီ၏နှလုံးသားလေးမှာ တုန်ယင်သွားရသည်။ သူက ချက်ချင်း ရှေ့နောက်မစဉ်းစားတော့ဘဲ ပြောထွက်လာတော့သည်။
“နှစ်ဘီလီယံပါ။ကိုယ်ချေးခဲ့တာ ယွမ်နှစ်ဘီလီယံတည်းပါ။လုံးဝ ငါးမီလီယံမဟုတ်ပါဘူး။ချန်ချန် လွန်ခဲ့တဲ့နှစ်လကမှ ချေးခဲ့တာလေ။မင်း ဘယ်လိုများ မေ့သွားနိုင်ရတာလဲ။မင်း တစ်ခုခုများ ဖြစ်နေတာလား။”
သူမဘာတွေဖြစ်နေတယ်ဆိုတာ သူလည်းမတွေးတတ်တော့ပါ။ပြီးတော့ သူမက ဖုန်းကောကို အသံဖမ်းထားမှာကို သူကြောက်ရွံနေမိသည်။ဒါကြောင့် ငွေပမာဏကို လိမ်ပြောဖို့ ဆုံးဖြတ်လိုက်သည်။
“ကျွန်မ ဒီနေ့ လှေကားပေါ်ကပြုတ်ကျခဲ့ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးခဲ့ရပေမယ့် ရှင်ချေးသွားတာက နှစ်မီလီယံထက်ပိုတာကိုတော့ ကျွန်မ သေချာသိနေပါတယ်။ဘယ်လောက်ချေးခဲ့တာလဲ။ကျွန်မရှင့်ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးနေတာနော်။”
*အဲ့ဒီတော့ သူမက မှတ်ဉာဏ်တွေ ဆုံးသွားတာပေါ့…*
ချင်းရီနှင့် သူ့ဘေးကအမျိုးသမီးက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။သူတို့နှစ်ယောက်စလုံး ချက်ချင်းပဲ သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။
ချင်းရီက သူမကို ချက်ချင်းနှစ်သိမ့်ပေးလိုက်သည်။
“အဆင်ပြေရဲ့လား။ဘာလို့ လှေကားပေါ်ကနေ ပြုတ်ကျသွားရတာလဲ။ထိခိုက်သွားသေးလား။တော်တော်ဆိုးသွားသေးလား။မှတ်ဉာဏ်တွေ ဘယ်လောက်တောင် ဆုံးရှုံးသွားတာလဲ။အခုရော သက်သာသွားပြီလား။ဘယ်မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတာလဲ။ပြန်မှတ်မိလာပြီလား။”
“ခေါင်းစဉ်ပြောင်းနေတာ ရပ်လိုက်တော့။ကျွန်မရှင့်ကို နောက်တစ်ကြိမ်ထပ်မေးမယ်။ကျွန်မဆီကနေ ပိုက်ဆံဘယ်လောက် ချေးသွားခဲ့တာလဲ။”
“အမှန်ပါ။ကိုယ် ယွမ်နှစ်မီလီယံပဲချေးခဲ့တာပါ။မင်း ကိုယ့်ကို မယုံရင် ရှောင်လုကို မေးကြည့်လို့ရပါတယ်။မင်းကိုယ့်ကို ပိုက်ဆံပေးတုန်းက ရှောင်လုလည်း ရှိနေခဲ့ပါတယ်။မင်း သူ့ကို မေးကြည့်လိုက်ပါလား။တကယ်လို့….တကယ်လို့ ကိုယ့်ကို မှတ်မိတယ်ဆိုရင် ရှောင်လုကိုလည်း မှတ်မိမှာပေါ့။ဟုတ်တယ်မလား။”
“မှတ်မိတာပေါ့။”
*သူရဲ့ကြာပန်းဖြူအယောင်ဆောင် ညီမ မလား။*
အရင်ပိုင်ရှင်က သူမငယ်ငယ်ကတည်းက သူမ၏ညီမကို လိုချင်တာမှန်သမျှ သူမ ပေးခဲ့သည်။ထို့ကြောင့် သူမညီမက သူ့အစ်မပိုင်ဆိုင်သမျှအရာအားလုံးကို သူမလည်းပိုင်ဆိုင်သည်ဟု မှတ်ယူထားခဲ့သည်။
အခုကစပြီးတော့ သူမက ချင်းရီကိုကြိုက်တဲ့ အရင်ပိုင်ရှင်၏ညီမဆိုတာကို လက်ခံနိုင်လေသည်။သူမ လက်မခံခဲ့ရင်တောင် သူမပိုင်တဲ့ချင်းရီကိုသူ့ညီမက ရယူသွားတာဖြစ်သည်။
ချင်းရီ၏နောက်မှာရှိခဲ့တဲ့ အမျိုးသမီးဟာ တကယ်ပဲ ရှောင်လုဖြစ်နေခဲ့သည်။
သူမ ဒီအကြောင်းကို တွေးမိတော့ ကျင်းချန်က စိတ်ဝင်တစား မျက်ခုံးပင့်ပြီး ဒီညမှာပဲ အဲ့ဒါကို ဆုံးဖြတ်လိုက်သည်။*အဲ့တော့….ဘာဖြစ်လဲ။*
မနက်ဖြန်ကျရင် အရင်ပိုင်ရှင်ကို ကူညီပြီး သူမ၏ယူဆချက်များကို အတည်ပြုပေးရဦးမည်ဖြစ်သည်။
ဆုံးဖြတ်ချက်ချပြီးတော့ သူမခေါင်းတွေက စတင်နာကျင်လာခဲ့သည်။နားလည်ရခက်တဲ့အသိတစ်ခုက ရုတ်တရက်ကြီး ဆုံးဖြတ်ချက်ကို သဘောမကျဖြစ်လာခဲ့သည်။
သူမရဲ့နားထင်တွေကို အားသွန်ခွန်စိုက် နှိပ်နယ်လိုက်တော့မှ  မနက်ဖြန် သူမလုပ်စရာရှိတာတွေမှာ သူမ ပိုပြီးယုံကြည်ချက် ခိုင်မြဲလာခဲ့သည်။
 သူမရဲ့အတွေးလွန်နေမှုကြောင့် သူမခံစားနေရတဲ့ ထိုးနှက်နေတဲ့နာကျင်မှုတွေက စီးမျောပျောက်ကွယ်သွားတော့သည်။
အစောက နာကျင်မှုကြောင့် နည်းနည်းလေး မပျော်မရွှင်ဖြစ်နေခဲ့တဲ့ ကျင်းချန်က အေးအေးသက်သာနှင့် သူမ၏တုနှိုင်းမဲ့သော စွဲမက်ဖွယ်ရာလေးတွဲ့တွဲပြောဟန်နှင့်အတူ ဆက်ပြောနေခဲ့သည်။
“ဒါပေမယ့် သူပြောတာကို ထည့်မတွက်ဘူး။”
“ဘာလို့ မတွက်တာလဲ။”
ချင်းရီက သတိမမူဘဲ မေးလိုက်လေသည်။
“ရှင်တို့နှစ်ယောက်စလုံးက လက်အိတ်တွေထဲက လက်တစ်ဖက်ပဲလေ။သူကသာ ရှင့်ရဲ့မျက်မြင်သေဆိုရင် ရှင့်ရဲ့မျက်မြင်သေက ခွေးတစ်ကောင်ဖြစ်နေတာနဲ့ ဘာထူးတော့မှာလဲ။”
ချင်းရီက အံ့အားသင့်နေပေမယ့် သူ့နောက်နားက အမျိုးသမီးက ပိုလို့တောင် အံ့ဩနေပုံရသည်။
သူ့ရှေ့က အမျိုးသမီးရဲ့မျက်နှာက ကြောက်လန့်တုန်လှုပ်ပြီး ခိုကိုးရာမဲ့ကာ လွန်စွာဝမ်းနည်း ဒေါသဖြစ်နေတာကို မြင်လိုက်ရသည်။လိုရင်းကိုပြောရရင် အမောတကောအသက်ရှူရင်း သူမရဲ့ရင်ဘတ်ကို သူမလက်တွေနဲ့ဖုံးအုပ်ထားလေသည်။သူမ၏နှုတ်ခမ်းတွေက ဖျော့တော့လာပြီး မယုံကြည်နိုင်လောက်အောင် သနားစရာကောင်းပုံပေါ်နေ၏။ချင်းရီက မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
“ချန်ချန်…မင်း ဘာဖြစ်လို့လဲ။မင်း ဒီနေ့ည တကယ်ကို ထူးဆန်းနေတယ်။ကားအက်စီးဒင့်ဖြစ်တုန်းက မှတ်ဉာဏ်ပျောက်သွားတာလား။ဒါမှမဟုတ် ကိုယ်နဲ့ရှောင်လုကြားမှာ မင်း အထင်လွဲနေတာ တစ်ခုခုများ ရှိနေတာလား။”
တစ်ဖက်လူက သူမအား ကြင်နာပျော့ပျောင်းတဲ့လေသံနှင့် ပြန်ပြောလာခဲ့သည်။
“ဘာလို့လဲ။ရှင်တို့နှစ်ယောက်ကြားမှာ မဟုတ်မှလွဲရော မလိုအပ်တဲ့ အထင်လွဲမှုတွေကို ဖြစ်စေမယ့်အရာများ ရှိနေတာလား။”
ချင်းရီနှင့် ထိုအမျိုးသမီးတို့၏ဦးရေပြားများက ထုံကျင်လာတော့သည်။ချင်းရီက သူမစကားများကို စိတ်ဆိုးမာန်ဆိုးနှင့် ငြင်းပယ်လာလေသည်။
“သေချာပေါက် ရှိမနေပါဘူး။ငါဆိုတဲ့ ချင်းရီမှာ ကျင်းချန်ဆိုတဲ့ ချစ်သူလေးတစ်ယောက်တည်းပဲ ရှိတာပါ။မင်းကအခုဆို ကျန့်မိသားစုရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်နေခဲ့ပြီဆိုပေမယ့် ကိုယ်ကတော့ ကိုယ်တို့ကြားက ကတိကို ဆက်ထိန်းထားတုန်းပါပဲ။”
“ဘာကတိလဲ။ဘယ်စကားကိုလဲ။”
...
ဒေါက်တာမလေး paid gp ဝင်လိုပါက အပိုင်းကိုးဆယ် လုံးကိုမှ 2500 ကျပ်တည်းနဲ့ ဝယ်ဖတ်လိုက်တော့နော်။ တလလုံးစာအတွက် ဆယ်ပိုင်းတင်ထားတာမလို့ နောက်တလမှ ဆုံကြမယ်နော်။ ဒါဒါတို့ရေ ။ love u all.....
...
ယွီရှီး ဘာဖြစ်နေတာလဲ။
*********************
အန်.။
စာစဉ် ၂ ၊ အခန်း ၃ ။ သစ္စာဖောက်ခံရခြင်း
*ချီးလိုပဲ??*
.....
ဘာမှမဖြစ်ခဲ့ပါဘူး။
......................................................................
မှတ်မိတာပေါ့။
ဘာလို့ မတွက်တာလဲ။
"ဘာကတိလဲ။ဘယ်စကားကိုလဲ။"
...
...
Continue Reading
You'll Also Like
5.6K 542 16
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story an...
87K 8.8K 84
I just translate this novel.I don't own this novel.All credits go to the original author and English translator team. Profile picture goes credit to...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
283K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...