(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်...

Od Hsu_Madi

134K 10.1K 563

ပင်လယ်ပြာရဲ့ လှိုင်းခတ်သံတွေထဲ ကျွန်တော် အချစ်ကို ရှာတွေ့ခဲ့တယ်။ Starting Date - 15.11.2022 Ending Date - 12... Více

Part - 1 (Unicode)
Part - 2 (Zawgyi)
Part - 2 (Unicode)
Part - 3 (Zawgyi)
Part - 3 (Unicode)
Part - 4 (Zawgyi)
Part - 4 (Unicode)
Part - 5 (Zawgyi)
Part - 5 (Unicode)
Part - 6 (Zawgyi)
Part - 6 (Unicode)
Part - 7 (Zawgyi)
Part - 7 (Unicode)
Part - 8 (Zawgyi)
Part - 8 (Unicode)
Part - 9 (Zawgyi)
Part - 9 (Unicode)
Part - 10 (Zawgyi)
Part - 10 (Unicode)
Part - 11 (Zawgyi)
Part - 11 (Unicode)
Part - 12 (Zawgyi)
Part - 12 (Unicode)
Part - 13 (Zawgyi)
Part - 13 (Unicode)
Part - 14 (Zawgyi)
Part - 14 (Unicode)
Part - 15 (Zawgyi)
Part - 15 (Unicode)
Part - 16 (Zawgyi)
Part - 16 (Unicode)
Part - 17 (Zawgyi)
Part - 17 (Unicode)
Part - 18 (Zawgyi)
Part - 18 (Unicode)
Part - 19 (Zawgyi)
Part - 19 (Unicode)
Part - 20 (Zawgyi)
Part - 20 (Unicode)
Part - 21 (Zawgyi)
Part - 21 (Unicode)
Part - 22 (Zawgyi)
Part - 22 (Unicode)
Part - 23 (Zawgyi)
Part - 23 (Unicode)
Part - 24 (Zawgyi)
Part - 24 (Unicode)
Part - 25 (Zawgyi)
Part - 25 (Unicode)
Part - 26 (Zawgyi)
Part - 26 (Unicode)
Part - 27 (Zawgyi)
Part - 27 (Unicode)
Part - 28 (Zawgyi)
Part - 28 (Unicode)
Part - 29 (Zawgyi)
Part - 29 (Unicode)
Final Episode (Zawgyi)
Final Episode (Unicode)
ကျေးဇူးတင်လွှာ (Z+U)
Physical Book Announcement
Can order now

Part - 1 (Zawgyi)

18.8K 240 1
Od Hsu_Madi

"အိမ်ပြေး"

အိမ်ပြေးတစ်ယောက်ဟာ
တစ်နာရီကို ဘယ်နှမိုင်နှုန်းဖြင့်
ခပ်ဝေးဝေးသို့ ပြေးနိုင်ပါသလဲ။

ကျွန်တော်ကတော့ အိမ်ရဲ့အဝေးကို
တတ်နိုင်သမျှထက်ပို၍
ခပ်ဝေးဝေးပြေးဖြစ်ပါတယ်။

>>>>>>>>>

အဝေးပြေးကားကွင်းထဲတွင် အထုပ်ကိုယ်စီဆွဲလို့
လိုရာခရီးသို့ ရွက်လွှင့်ရန် လှုပ်ရှားသွားလာနေကြပုံကို
မနက်ခင်းရောင်ခြည်အောက်တွင် သက်ဝင်ပန်းချီကားသဖွယ် မြင်တွေ့ရသည်။

ကားထွက်မဲ့အချိန် ကျရောက်လာပြီမို့
ကျွန်တော့် ဘေးခုံကလွဲ၍ ကားပေါ်မှာ လူစုံနေပြီဖြစ်သည်။

ကားမောင်းသူအမျိုးသားက ကျွန်တော်ထိုင်နေတဲ့ နောက်ဆုံးတန်းသို့ လှည့်ကြည့်လာသည်။ ပြီးတော့
လက်တွင်ပတ်ထားတဲ့ နာရီကို တစ်ချက်ကြည့်သည်။

အချိန်နဲ့အချိန် လုပ်ငန်းဆောင်ရွက်ကြသည့် နိုင်ငံတွေမို့
ကားထွက်ဖို့ရန် ပြင်တော့သည်။ ကားထွက်တော့မည်မို့
ကျွန်တော့်ရဲ့ အကြည့်တို့ကို မှန်တံခါးမှတဆင့်
မြင်တွေ့ရသည့် ပြင်ပမြင်ကွင်းတို့ဆီ ပို့လိုက်သည်။
ဂီယာတစ်ချက်ထိုးလိုက်တာကြောင့် ကားက ငြိမ့်ခနဲဖြစ်သွား၏။

ကားဟာ တရွေ့ရွေ့ဖြင့် စထွက်သည်။ လူမျိုးမတူ၊ ဘာသာမတူ၊ အသားအရောင်မတူ၊ ဘာသာစကားမတူ၊
မတူညီသည့် လူမျိုးစုတွေကြားထဲ ဒဏ်ရာတွေကို
အထုပ်အထည်နဲ့ သိမ်းဆည်းလို့ အိမ်ရဲ့အဝေးကို ထွက်ပြေးခဲ့တာ ငါးနှစ်တာ။

အိမ်ပြန်အလာကို စောင့်မျှော်နေမဲ့ အမေမရှိ၊
ဂရုစိုက်ဖို့ မှာကြားမဲ့ အဖေမရှိ၊ အဆင်ပြေရဲ့လား သတင်းလှမ်းမေးမဲ့ မောင်နှမ မရှိ။ အထီးကျန်မှု့တွေပါ
အပိုဆောင်း ထုပ်ပိုးလို့ ခြေဦးတည့်ရာကို ခရီးဆက်ရပြန်သည်။

Shit!

What happen?

ကားဘရိတ် စောင့်အုပ်လိုက်ခြင်းကြောင့် ကားပေါ်တွင်
ဘာသာစကားမျိုးစုံဖြင့် မေးခွန်းတွေ ထွက်ပေါ်လာ၏။
အများစုဟာ နိုင်ငံရဲ့ ဘာသာစကားဖြစ်သည့် အာဖရိကန် (Afrikaans) ဘာသာစကားသံများကို ပို၍ကြားရသည်။

ကားပေါ်ကို တစ်စုံတစ်ယောက် တက်လာသည်။ တောင်ပန်တိုးလျိုးသံကိုလည်း ကြားရ၏။ အပြင်ဘက်ကို
မျက်နှာမူထားရာက လှည့်မကြည့်ဖြစ်ပေမဲ့ ခြေသံက
ကျွန်တော့်ခုံဘေးမှာ ရပ်တန့်သွားသည်။

အထုပ်အပိုးတစ်ချို့ကို အပေါ်ထပ်အံထဲသို့ ထည့်သည်။
အထိအတွေ့ အကိုင်အတွယ်ဟာ ညှင်သာသည်။ အသံဟူ၍
မကြားရ။ တွယ်ဆက်ထားသည့်ခုံမှ ငြိမ့်ခနဲ့ ခံစားလိုက်ရခြင်းကြောင့် ကျွန်တော့်ဘေးမှလူ ရောက်လာခြင်းဖြစ်ကြောင်း သိလိုက်ရ၏။

"လေယာဉ်ချိန် အရွှေ့အပြောင်းကြောင့် အနည်းငယ် နောက်ကျသွားတယ်"

လှည့်ကြည့်ခြင်းပင်မရှိတဲ့ ကျွန်တော့်ကို ဖြေရှင်းချက်ပေးလာသည်။ ကျွန်တော့်ကိုကြည့်ပြီး အာဖရိကလူမျိုးမဟုတ်လောက်ဘူးဟု အပိုင်တွက်လိုက်ပုံ။
အင်္ဂလိပ်လိုသာ သုံးနှုန်းပြောဆိုလာ၏။ ဒါမှမဟုတ် သူကပဲ အာဖရိကနိုင်ငံသားမဟုတ်တဲ့ ခရီးသွားဖြစ်နိုင်သည်။

အသံနေအထားဟာ ခရီးသွားဖော်တစ်ယောက်ကို သူနောက်ကျခြင်းနှင့် ပက်သက်၍ စိတ်အနှောက်အယှက်ဖြစ်မှာဆိုးတာကြောင့်
ဖြေရှင်းချက်ပေးပုံမျိုး။ အသံကိုနားစွင့်ပြီး ကျွန်တော့်တစ်ကိုယ်တည်း တွေးလိုက်မိတဲ့ သူတစ်ပါးအကြောင်းတွေ။

တုံ့ပြန်ချက်မရှိတဲ့ ကျွန်တော့်ကို
လူမှု့ရေးမကောင်းသူဟုများ မှတ်ချက်ပြုလေမလား။
မတတ်နိုင် ။ ကျွန်တော်ကိုက တစ်ယောက်တည်း
နေရခြင်းတွေမှာ နေသားကျနေခဲ့ပြီ။

လိုရာသုံးနိုင်ဖို့ ပိုက်ဆံပါသည်။
အိပ်မရတဲ့ရောဂါ စွဲကပ်နေသူမို့ အိပ်ဆေးပါသည်။
မိသားစုမရှိ၊ မိတ်ဆွေ အပေါင်းအသင်းမရှိတဲ့ ကျွန်တော့်ဘဝထဲ စီးကရက် နဲ့ အယ်လ်ကိုဟောပါ
အပိုဆောင်းထည့်လိုက်ရင် အဖော်ဆိုတာ မလိုအပ်သည်အထိ တစ်ယောက်တည်း နေရခြင်းတွေမှာ ပျော်ဝင်နေခဲ့ပြီ။

တရွေ့ရွေ့ဖြင့် စတင် ခရီးနှင်နေပြီဖြစ်တဲ့ ကားက တောင်အာဖရိကနိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်သည့်
Cape Townမြို့ (ကိတ်တောင်းမြို့) နဲ့ တဖြည်းဖြည်း
ဝေးကွာလာပြီဆိုတဲ့ အသိကလေးကိုပေးသည်။

တောင်အာဖရိကနိုင်ငံရဲ့ မိခင်မြို့လို့ လူသိအများဆုံးဖြစ်ပြီး လူစည်ကားတဲ့ ကိတ်တောင်း (Cape Town) မြို့တော်ကနေ ကျွန်တော်ခရီးဆက်ရန် ရွေးချယ်မိတာ မော်ဆယ်ပင်လယ်အော် ဖြစ်သည်။

Cape Town မြို့က​နေ Mossel Bay
(မော်ဆယ် ပင်လယ်အော်)ဆီသို့ ရောက်ရန် ကားနဲ့သွားလျှင် အချိန်အားဖြင့် လေးနာရီကြာမြင့်မည်မို့ ညပေါင်းများစွာ အိပ်ရေးပျက်ခဲ့တဲ့ ကျွန်တော့်မျက်ဝန်းတွေကို
မှေးမှိတ်လိုက်မိသည်။

ပင်လယ်ဆီသို့ မရောက်သေးဘူးဟု အသိရှိသည့်တိုင်
ပင်လယ်ဘက်ကို ခရီးသွားနေသည်ဆိုတဲ့ အသိစိတ်က လတ်ဆတ်တဲ့ လေထုကို ရှူရှိုက်နေရသလို ခံစားရစေ၏။

မနက်ခင်းနေရောင်ခြည်က ကျွန်တော့် မျက်နှာပေါ်သို့ ကျရောက်နေ၏။ အတော်ပင် လေးလံနေတဲ့ မျက်ဝန်းတွေကို
ပြန်မဖွင့်ချင်တော့တာကြောင့် ပေတေ၍သာ မှိတ်ထားမိ၏။

ခဏအကြာတွင် ကားတံခါးဘေးနားမှာ ကပ်ထားသည့်
လိုက်ကာစလေး နေရာရွေ့သွားကြောင်းကို ပါးပေါ်မှာ ထိတွေ့သွားသည့် လိုက်ကာအဖျားစလေးကြောင့် သိရသည်။
တစ်ဆက်တည်းမှာပဲ ကျွန်တော့်မျက်နှာပေါ် ကျရောက်နေတဲ့
နေ အလင်းရောင်က ပျောက်ကွယ်သွားသည်။

အနှောင့်အယှက်မရှိတော့တာကြောင့် စိတ်ရော၊ခန္ဓာပါ အိပ်စက်ခြင်းဆီသို့ ရောက်သွားသည်။ အိပ်မက်ထဲမှာတော့ ကျွန်တော်က နာကျင်စရာ အတိတ်တွေဆီသို့ ရောက်နေပြန်သည်။

>>>>>>

သည်းထန်စွာ ရွာ​နေတဲ့ မိုးက
မနက်ခင်း (၇)နာရီ ရှိနေသည့်တိုင် ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေသေး၏။

ရထားသံလမ်းဘေးတွင် လူနာတင်ယာဉ်ကားသံများ၊ ရဲကားများသံများဖြင့် ဆူညံနေ၏။ ကျွန်တော် ရှိုက်ကြီးတငင်
ငိုကြွေးနေမိသည်။ ဘေးနားက ဆူညံသံတွေကို ဖုံးလွှမ်းသည်ထိ ကျွန်တော် အော်ဟစ် ငိုကြွေးနေမိ၏။

လူတစ်ချို့ဆီက ဂရုဏာသက်သော အကြည့်များကို လက်ခံရရှိသည်။ အထုပ်တစ်ထုပ်ကို ဆေးရုံကားပေါ် တင်ကြသည်။ ဖေဖေရဲ့ ရုပ်ခန္ဓာက ထွက်ခွာသွားတဲ့ ဆေးရုံကားပေါ်ပါသွားပေမဲ့ ဝိညာဉ်ကတော့ ဘယ်အရပ်၊ ဘယ်ဋ္ဌာနမှာ တည်ရှိနေမည်ဆိုတာ ကျွန်တော် မသိ။

အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် အပြင်လူမဝင်ရ စာတန်းနှင့် ကြိုးဝါများ တားထား၏။ ညှစ်ထုတ်နေမိတဲ့ မျက်ရည်တွေက ထွက်မလာတော့ ငိုရလွန်းလို့ ခမ်းသွားပုံရ၏။

ကျွန်တော် ငိုချင်တယ်။ မွန်းကြပ်နေတဲ့ စိတ်အစုံကို ပေါ့ပါးသွားအောင် ငိုချင်သည်။ စိတ်ကို ထိန်းချုပ်ထားမိသလို
မျက်ရည်တို့ဟာ ထွက်မလာ။

"Hey...Hey...Are you Ok?"

တစ်စုံတစ်ယောက်က ပုခုံးကို လှုပ်နှိုးတာကြောင့် အိပ်မက်ကမ္ဘာကနေ လက်တွေ့ကမ္ဘာဆီသို့ ပြန်ရောက်လာရသည်။ ချွေးသီး၊ချွေးပေါက်တို့က ရေချိုးထားသလို ကိုယ်ခန္ဓာမှာ ကပ်တွယ်နေသည်။

ခဏတာလေးဆိုပေမဲ့ အိပ်ပျော်သွားတဲ့ ခဏတာလေးတောင်
ကျွန်တော့်မှာ ငြိမ်းချမ်းမှု့မရှိ။ အတိတ်ဆိုးတွေက အိပ်မက်ဆိုးတွေအဖြစ် လာရောနှောက်ယှက်သည်။

အသိစိတ်ပြန်ဝင်လာတဲ့ ကျွန်တော်က ယခုမှ ဘေးကို လှည့်ကြည့်မိ၏။ စိုးရိမ်နေတဲ့ မျက်ဝန်းညိုတွေနဲ့ ဆုံသည်။

"အဆင်ပြေပါတယ်"

မပြောဖြစ်တာကြာပြီဖြစ်တဲ့ မိခင်ဘာသာစကားကို လွှတ်ခနဲဆိုသလို ပြောမိသွားခိုက် မျက်ဝန်းညိုတွေ အရောင်လက်သွားတာ မြင်လိုက်ရသည်။

"မင်း က မြန် မာ လား.... "

ပြောလေ့ပြောထ မရှိတာကြောင့် စကားတစ်လုံးချင်းကို အားယူပြောနေပေမဲ့ မြန်မာလူမျိုးတစ်ယောက်ဖြစ်သည့် ကျွန်တော်က သေချာနားလည်လိုက်ပါ၏။

ဖြူဖွေးနေတဲ့ အသားအရည် မရှိ။ အညိုဆင်ဘက်သို့ သန်းနေတဲ့ အသားအရည်သာ ရှိ၏။ မျက်ဝန်းတို့က အနောက်တိုင်းသားတွေလို အစိမ်းရောင်မရှိ။ မျက်ဝန်းညိုတွေသာ ရှိ၏။ အနောက်တိုင်းသားရုပ်ဖြစ်နေတဲ့ မျက်နှာပေါက်ကြောင့်သာ ထိုလူက ကျွန်တော်နဲ့ လူမျိုးမတူဘူးဟု မှတ်ယူရသည်။ ပြီးတော့ သူ့မှာ ဆံနွယ်ရှည်တွေ ရှိနေသေး၏။

"အင်း.... "

ကျွန်တော့်အဖြေစကားကို ငံ့လင့်နေသူအား အပိုအလိုမရှိ "အင်း" တစ်လုံးသာ ဖြေလိုက်မိ၏။ ထပ်စကားပြောဖို့ အားယူနေသူအား ကျွန်တော့်ရဲ့ စိတ်အခြေအနေက
လက်ခံဖို့ရန် မစွမ်းနိုင်ပါ။ လူတွေနဲ့ ပက်သက်ဆက်နွယ်ခြင်း
ဝေးကွာခဲ့တာကြာပြီမို့ လူတွေနဲ့လည်း ဘယ်လို ပေါင်းသင်းရမလဲ ကျွန်တော်မသိ။ သိလျှင်လည်း ပေါင်းသင်းဖြစ်မှာ မဟုတ်ပေ။

ကျွန်တော် လူတွေကို မယုံဘူး။ ကမ္ဘာပေါ်မှာ အလှည့်စားနိုင်ဆုံး သတ္တဝါက လူပဲ။ သစ္စာဖောက်ခြင်းကို ကြူးလွန်နိုင်ဆုံးကလည်း လူပဲဖြစ်သည်။

Mossel Bay (မော်ဆယ် ပင်လယ်အော်)သို့ ရောက်ရန်
သုံးနာရီလောက် ကြာမြင့်ဦးမည်။ ကျွန်တော် မအိပ်ခင်က သာယာနေတဲ့ ရာသီဥတုက ကျွန်တော် ပြန်နိုးလာချိန်မှာ
ကောင်းကင်တစ်ခုလုံး မဲမှောင်နေ၏။

အပြာရောင်ကောင်းကင်ကြီး၌ ရွေ့လျားနေတဲ့ တိမ်စိုင်တွေက ကောင်းကင်တစ်ခုလုံး မဲမှောင်သွားအောင် ဆေးရောင်ခြယ်နေသည်။ ခပ်ဝေးဝေးမှ မြင်ကွင်းတွေက တိမ်တွေပြိုသည်လို့ ခံစားရစေသည်ထိ တိမ်တွေက နိမ်သည်ထင်ရ၏။

"မုန် တိုင်း ရှိ တယ် ထင် တယ်"

ကျွန်တော့်ဘေးလူဆီက အသံထွက်လာသည်။
အင်္ဂလိပ်လို ပြောလို့ရပါရဲ့နဲ့ ဗမာစကားကိုသာ တစ်လုံးချင်း အားယူပြောသည်။ ကျွန်တော့်နည်းတူ
ရာသီဥတုအခြေအနေကို ကြည့်နေပုံရ၏။
တဖြည်းဖြည်း မိုးရေစက်တို့က မြေပြင်ပေါ်သို့ ပြိုဆင်းလာသည်။

ကားတံခါးမှန်ပေါ်က မိုးရေစက်တွေကို ထိတွေ့၍ မရသည့်တိုင် တံခါးမှန်ကို ထိကိုင်နေမိ၏။ ကျွန်တော် မိုးရေစက်တွေကို သဘောကျပေမဲ့ မိုးရွာသည့်အချိန်နဲ့ မိုးရာသီကိုတော့ မုန်းသည်။ မိုးရေတွေကြားမှာ ငိုနေတဲ့ ဆယ့်ရှစ်နှစ်သား ကျွန်တော့်ပုံရိပ်က မိုးရာသီကို မုန်းရတဲ့ အကြောင်းပြချက် တစ်ခုဖြစ်လာစေ၏။

မိုးရေတွေကြားမှာပဲ တဖြည်းဖြည်း ခရီးဆက်ခဲ့တဲ့ကားက အချိန်အနည်းငယ်နောက်ကျပြီးမှ ဂိတ်သို့ ဆိုက်ရောက်သည်။
မိုးခေါင်၊ ရေရှား အရပ်ဒေသလို့ နာမည်ကြီးသည်နဲ့ ဆန့်ကျင်စွာပဲ မိုးဟာ သည်းကြီး၊မည်းကြီး ရွာနေသည်။

အိမ်သူ၊အိမ်သားတွေ လာကြိုသူများက အေးအေးလူလူ ပြန်သွားကြသည်။ ပင်လယ်သို့လာသည့် ခရီးသွားအချို့ကတော့ တစ်ခုခုဖြင့် ခေါင်းလုံအောင်ခြုံ၍
အနီးဆုံးတည်းခိုးခန်းတွေဆီ ပြေးကြသည်။ တစ်ချို့ကတော့
ကားဂိတ်ရှိ မိုးလုံ၊လေလုံနေရာမှာ ဝင်ခိုကြသည်။

မိုးရေထဲသို့ ထွက်ရန် တွန့်ဆုတ်နေမိသည့် ကျွန်တော့်ခေါင်းပေါ်သို့ ကားပေါ်တွင် ကျွန်​တော့်ဘေးခုံမှာ ထိုင်ခဲ့သည့်လူက မိုးကာလည်းမဟုတ်၊ ထီးလည်းမဟုတ်တဲ့ တီရှပ်လက်ရှည်လေး ခြုံပေးလာ၏။

ဘေးချင်ယှဉ်ရပ်တဲ့အခါမှ သေချာမြင်ရတဲ့ သူ၏ ဆံပင်ရှည်တွေက ကျောလယ်ထိရောက်ပြီး တစ်ဝက်ကို စည်းနှောင်ထားသည်။ အရပ် ငါးပေ ဆယ့်တစ်လက်မရှိတဲ့
ကျွန်တော့်ထက် လေးလက်မလောက်မြင့်တဲ့ အရပ်နဲ့ အားကစားသမားနည်းတူ ကြံ့ခိုင်နေတဲ့ ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ရင် သူ၏ ဆံနွယ်ရှည်တွေကို မြင်ပြီး မိန်းကလေးဟု ထင်မှတ်ကြလိမ့်မည်။

ကားတံခါးပေါက်ဝမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အကြည့်ချင်းဆုံနေတဲ့ ကျွန်တော်တို့က ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မြင်တွေ့ရတဲ့ မိုးရွာချိန်မှာ မင်းသားနဲ့ မင်းသမီရဲ့ Romantic ဆန်ဆန် ဇာတ်ကွက်တစ်ခုနဲ့ ခပ်ဆင်ဆင် ဖြစ်နေလိမ့်မည်။

"ဟို တယ် သွား မှာ မ လား...."

တစ်လုံးနဲ့ တစ်လုံးကြား စက္ကန့်ဝက်လောက်ပင် ကြာသည်ဟု ထင်ရ၏။ ဗမာစကားကိုသာ အားယူကာ သူပြောသည်။
ကျွန်တော် ခြေတစ်လှမ်း စလှမ်းတဲ့အခါ ခြုံပေးတဲ့ အဝတ်စကို သူ့အပေါ်ရော၊ ကျွန်တော့်အပေါ်ပါ လုံအောင်ခြုံ၍ ဘေးမှ ထပ်ကြပ်မခွာ လိုက်ပါသည်။

The point Hotel ထဲသို့ ဝင်ရန် တိုင်ပင်ခြင်းမရှိ။ ညှိနှိုင်းခြင်းမရှိတဲ့ ကျွန်တော်သွားရာနောက်
ငြီးငြူခြင်းမရှိပဲ ထိုသူက လိုက်ပါလာ၏။ ခေါင်းကိုသာခြုံ၍
ပြေးလာကြတာကြောင့် ကျွန်တော်တို့ နှစ်ယောက်လုံး မိုးရေတွေရွှဲနေပြီ။

Hotelက ကြယ်လေးလုံးအဆင့်ရှိပြီး ပင်လယ်ဘက်ကို မျက်နှာမူကာ အခန်းဖွဲ့ပေးထားတာကြောင့် ကျွန်တော့်အတွက် အဆင်ပြေတာထက် ပိုသည်။

"နှစ်ယောက်ခန်း တစ်ခန်းပဲ ရှိတော့တယ်"

Receptionမှ အမျိုးသမီးလေးက ဖြေကြားလာသည်။
လက်တွေ့ဘဝက ရုပ်ရှင်မဆန်ပေမဲ့ ယခုလက်ရှိအချိန်မှာ ကျွန်တော်ကတော့ ရုပ်ရှင်ဆန်ဆန် ဖြစ်ရပ်မျိုးတွေပဲ ကြုံတွေ့နေရသည်။

လူမျိုးခြားတွေကြားထဲ တစ်ကိုယ်တည်း ခရီးသွားနေရင်း မထင်မှတ်ပဲ မြန်မာစကားတတ်တဲ့ တိုင်းတစ်ပါးသားနဲ့ ဆုံသည်။ ရုတ်တရက် ပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့် ယခုမှတွေ့ဖူးတဲ့ လူဆီက အကူအညီကို လက်ခံရ၏။ အခုလည်း Hotel လူပြည့်တာနဲ့ ကြုံရပြန်သည်။

အပြင်ဘက်ကို တစ်ချက်လှည့်ကြည့်တော့ မိုးက ခုနကထက်ပင် ပို၍ သည်းလာသည်။ ဒီလိုနဲ့ပဲ ရုပ်ရှင်တွေထဲကလို နှစ်ယောက်တစ်ခန်း နေရတော့မည်လား။

"မင်း အဆင်မပြေရင် မိုးစဲတာနဲ့ ကိုယ် တခြားဟိုတယ်ကို ပြောင်းပေးပါ့မယ်"

ကျွန်တော့်မျက်ဝန်းတွေထဲ လက်ခံကြည်ဖြူခြင်း အရိပ်အယောင်ကို ထိုလူက အကဲခတ်နေသည်။ ကျွန်တော် ခေါင်းညိတ်ပြမှ စိတ်ဖြောင့်ဖြောင့်နဲ့ Check in ဝင်၏။

"Anyeco Arkhi"

Check inဝင်နေချိန် တစ်စွန်းတစ်စ ကြားလိုက်ရတဲ့ ထိုလူ့နာမည်က Anyeco Arkhi (အန်ရီကိုအာခီ)တဲ့။
ကျွန်တော့်ရဲ့ID၊ နိုင်ငံကူးလက်မှတ်တွေ ပြရမဲ့ အချိန်ထိ ထိုလူဟာ ကောင်တာနားမှာ ရပ်နေ၏။ ကျွန်တော့်ရဲ့ သဘောမကျကြောင်း အကြည့်စူးစူးတို့ကြောင့် အလိုက်တသိ
ရှောင်သွားပေးသည်။

ကိုယ်တိုင်ရဲ့ဖြစ်တည်မှု့ကို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ချိန်လောက်သာ ပြန်နွှေးတတ်တဲ့ ကျွန်တော်က
တခြားသူများကိုလည်း ယုံကြည်ချက်ရှိရှိ ချပြရဲလောက်တဲ့ သတ္တိတွေကင်းမဲ့နေပါ၏။

ချပြနိုင်လောက်တဲ့ ဂုဏ်ယူစရာလည်း ရှိမှမရှိပဲလေ။

မိုးက တစ်နေကုန်မတိတ်ခဲ့သလို၊ ထိုလူလည်း ဟိုတယ်ပြောင်းလို့မရခဲ့။ ငါးနှစ်အကြာမှ မိတ်ဆွေ၊ သူငယ်ချင်း ၊ ဆွေမျိုးသားချင်းမဟုတ်တဲ့ သူစိမ်းတစ်ယောက်က ကျွန်တော့်ရဲ့ အိပ်မက်ဆိုးတွေနဲ့ အတူ ဘဝထဲ ဝင်ရောက်လာသည်။

ဒီလူရော ကျွန်တော့်အနားကနေ ဘယ်လိုပုံစံနဲ့ ပြန်ထွက်သွားမလဲဆိုတာ ကျွန်တော် သိချင်ပါသေးရဲ့။

-------------------------------------------------------------
ဗဟုသုတစာစု-

တောင်အာဖရိကနိုင်ငံက မြန်မာနိုင်ငံလိုပဲ ငြိမ်းချမ်းမှု့မရှိပါဘူး။ အကြမ်းဖက်ခြင်း၊ အာဏာသိမ်းခြင်းတွေ ရှိနေတဲ့နိုင်ငံပါ။ နိုင်ငံရေးတွေထိ ထည့်သွင်းရေးသားစရာ မလိုတဲ့ Fictionတစ်ခုမို့ ဝတ္ထုတစ်ပုဒ်လိုသာ ဖတ်ပါနော်။

တောင်အာဖရိကမှာ မြို့တော်သုံးခုရှိပါတယ်။
ကိတ်တောင်းမြို့၊ ပရီတိုရီးယားမြို့၊ ဘလွန်းဖောင်တိန်ဆိုပြီး သုံးခုရှိတာပါ။ စီးပွားရေးမြို့တော်၊ ဆိပ်ကမ်းမြို့တော် အစရှိသဖြင့်ပေါ့ မြို့တော်သုံးခုရှိတာပါ။

ကိတ်တောင်းမြို့ရဲ့ အင်္ဂလိပ်လို စာလုံးပေါင်းက
Cape Townပါ။ Soure from googleပါရှင့်။ ဒါကိုဘာသာပြန်ဖို့ ကျောင်းတုန်းက စီနီယာတစ်ယောက်ကို အကူအညီတောင်ခဲ့ပါတယ်။ အဲ့တုန်းက ကိုယ်နဲ့သူ ငြင်းပွဲဖြစ်ခဲ့တယ်။ Cape Townဆိုတော့ ကိုယ်က ကိတ်မြို့လို့ ဘာသာပြန်တာပေါ့နော်။ တကယ်က တောင်းကို Townလို့ ပေါင်းတာပါရှင့်။

(ယုံကြတယ်မလား ယုံရင် ongoingလိုက်ပါ။ သူများလည်း ညွှန်းပေးပါ ဟဲဟဲ)

(15.11.2022) (6:10PM)

The point Hotel

Pokračovat ve čtení

Mohlo by se ti líbit

19.9K 714 9
"You know, you remind me of someone Hayley Marshall." "You do too, and old friend. The resemblance is uncanny." "Yes, it is." Rebekah Mikaelson went...
1.5M 89.7K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
113K 9.4K 53
Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။
3.4M 141K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...