🌻ဇာမဏီ၏ချစ်ပုံပြင်🌻

By Lynn-95

490K 19.1K 1.3K

တစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲ့မိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ... More

Part 1 (uni)
Part 1 (Zawgyi)
Part _2 (uni/zawgyi)
Part 3 (uni/zawgyi)
Part 4 (uni/zawgyi)
Part 5 (uni/Zawgyi)
Part 6 (uni/Zawgyi)
Part 8 (uni/Zawgyi)
Part 9 (uni/Zawgyi)
Part 10 (uni/zawgyi)
Mg& Nyo
Part 11 (uni/zawgyi)
Part 12
Part _ 13
Part _14
Part _15
Part _16
Part_17
Part _ 18
Part _19
Part_20
Part _21
Part _22
Part _23
Part _24
Part _25
Part _26
Part _27
Part _28
Part _29
Part _30
Part_31
Part_ 32
Part _33
Part_34
Part _35
Part _36
Part _37
Part_38
Part_39
Part_40

Part 7 (uni/zawgyi)

9.5K 388 27
By Lynn-95

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~
Part _7

ညိုကိုယ်လေးဟာတင်းကျပ်စွာပွေ့ဖက်ခံလိုက်ရကာ လေထဲတစ်ချက်ဝေ့ခံလိုက်ရလေကာ ညိုလက်ထဲက သကြားမုန့်လေးဟာလည်း မြေပြင်ပေါ်ပြုတ်ကျသွားလေတော့သည်....

"မောင် ရှာတွေ့ပြီကွ  ရှာတွေ့ပြီ"

"လွှတ်.... ဖယ်....လွှတ်"

"ဟေ့လူ နင်ဘာလုပ်တာလဲ"

တည်ငြိမ်လင်းသန့်လည်း တစ်ဖက်ကရဟတ်တွေချားတွေကိုကြည့်ရင်းစိတ်ဝင်စားနေတုန်းညိုအသံကြားတော့ကြည့်လိုက်ရတော့လူတစ်ယောက်ဟာ ညိုကိုတင်းကျပ်စွာဖက်ထားလေသည်.....

ညိုဖက်ကအတင်းရုန်းကန်တော့ခန္ဓာကိုယ်ကိုခွာလိုက်ပေမယ် သူရဲ့လက်နှစ်ဖက်က ညိုလက်မောင်းတွေကို တင်းကြပ်စွာဆုပ်ကိုင်ထားလေသည်...

"ကျွန်တော်ကိုကြည့် မမ ကျွန်တော်လေ"

ကျွန်တော်ကိုကြည့်ကျွန်တော်လေဆိုသောသူကိုညိုသေချာကြည့်လိုက်ချိန် တစ်ခေါင်းလုံးခရမ်းရောင်ဆိုးထားကာ အရင်ကထက်အသားတွေပိုဖွေးဥလာတဲ့ကောင်လေး..အံ့သြဖို့ကောင်းစွာညိုဟာထိုကောင်လေးကိုမှတ်မိနေပါသည်....ညိုကိုအိမ်ထောင်မရှိဘူးထင်ဟာလိုက်ခဲ့သောကတစ်ခါ ဒေဝီမွေးနေ့ပွဲမှာတစ်ခါအဲ့နေ့မှာဘဲညိုဓါးရှလို့သူ့ရဲ့စိုးရိမ်တကြီးကြည့်နေသောမျက်ဝန်းတွေ သူတို့သူငယ်ချင်းတွေအိမ်လာလည်တုန်းက ညိုကထမင်းမကျန်လို့ သုတမင်းဇော်သောင်းကျန်းလို့ မမေဘယ်အဆူခံရတဲ့နေ့တုန်းက ညို့အစားမကျေမနပ်ဖြစ်နေတဲ့ရုပ်လေးနဲ့ခံပြင်းနေပါသောကောင်လေး မတွေ့ရတာကြာပေမယ့် ညိုဟာသူ့ကိုမှတ်မိနေပါတော့သည်....

"မင်းက ဒေဝီသူငယ်ချင်းဘဲ"

"ဟုတ်တယ် ကျွန်တော်လေ ဘုန်းဇာမဏီသစ်"

"အင်း အင်း လက်ကိုလွှတ်ပါ"

"ညို"

အတည်က ဘယ်သူလဲဘာလဲဟု တံတောင်နဲ့ တွတ်ကာမေးလေသည်....

"သူက ဦးဆန်းထူးတူမဒေဝီမင်းဇော်သူငယ်ချင်း "

"ဘာ သူက အဲ့ဟာတွေနဲ့ပက်သက်တဲ့သူပေါ့လေ"

အတည်ဟာညိုအကြောင်းတွေသိလာလေလေ ဦးဆန်းထူးတို့တစ်အိမ်လုံးကို မုန်းလေလေဖြစ်သည်....

"ဟဲ့ကောင်လေး နောက်နင် ညိုအနားမလာနဲ့တော့"

"ဟာ ဘာဆိုင်လို့လဲဗျ"

"အဲ့လူမဆန်အိမ်နဲ့ပက်သက်သူမှန်သမျှညိုအနားကပ်စရာမလိုဘူး"

"ဟာ ဘာမှမဆိုင်ဘူး ကျွန်တော်မမကိုသိခဲ့တာ သူတို့နဲ့ပက်သက်နေတယ်မသိခင်တည်းက ......မမသူကဘယ်သူလဲ"

"တို့ သူငယ်ချင်းပါ "

"အဲ့ဒါတွေထားပါ မမအခုဘယ်မှာနေလဲ ဘာတွေလုပ်နေလဲ"

"မင်းကဘာလုပ်ဖို့လဲ"

"ကျွန်တော်သိချင်တာပေါ့ ကျွန်တော်မမကိုစမြင်တည်းကချစ်ခဲ့တာပိုင်ရှင်ရှိတဲ့သူမို့ ငြိမ်နေခဲ့ရတာ အခုမမကို ဘယ်သူမှ မပိုင်တော့ဘူး သတင်းကြားကြားချင်း မောင် နိုင်ငံခြားကနေချက်ချင်းပြန်လာခဲ့တာ မမအရင်အလုပ်လုပ်တဲ့နေရာမှာလည်းကျွန်တော်ရှာတယ် ပြောင်းသွားပြီဆိုလို့ ကျွန်တော်ရသမျှသတင်းနဲ့ရှာနေတာ ဒီနေ့တော့ကံတရားကမျက်နှာသာပေးလိုက်ပြီ ကျွန်တော်ချစ်တဲ့မမကို တွေ့လိုက်ရပီ"

"အို"

အတည်ရှေ့မှာအခုလိုချည်းဘွင်းဘွင်းရှင်းရှင်းကြီးဖွင့်ပြောခံလိုက်ရတာမို့ ညိုဟာ မျက်နှာတွေအတော်ပူကာရှက်သွားမိပါတော့သည်....

"ဝိုး ညိုရေ ချာတိတ်လေးက အလာကြီးဟ"

အတည်ဟာ တံတောင်နဲ့ တွတ်ကာ ညိုကိုစနေပြန်ပါတော့သည်......

"ပေးလေ လိပ်စာ"

"မပေးပါဘူး ဘာလို့ပေးရမှာလဲ လာ အတည်ပြန်မယ်"

"ဟာ မမ နေအုံးလေ.... မမ...မမ"

ဇာမဏီဟာညိုတို့အနောက်ကနေ ထပ်ကြပ်မကွာလိုက်လေသည်...

"ဆက်မလိုက်နဲ့နော် ဘုန်းဇာမဏီသစ်"

"အာ့ဆို လိပ်စာပေးလေဗျာ မဟုတ်လည်း ဖုန်းနံပါတ်"

"ဘာတစ်ခုမှ မင်းကိုတို့ပေးစရာအကြောင်းမရှိဘူး"

ညိုဟာ တစ်ခုလပ်မို့ သူများအပျိုတွေထက်တောင် ပတ်ဝန်းကျင်အမြင်မှာဆူးငြောင့်ခလုတ်မဖြစ်အောင်နေရပါသည်..မဟုတ်ရင် လူတွေရဲ့ပါးစပ်က ကိုယ့်သိက္ခာရဲ့တစ်စိတ်ကိုတစ်အိတ်လုပ်ကြပါသည်....

ဇာမဏီဆက်မလိုက်တော့ဘဲ လက်လျော့လိုက်ကာနေခဲ့လိုက်သည်...ဒါပေမယ့် ရိုးရိုးနေခဲ့တာမဟုတ်ပါ သူတို့နှစ်ယောက်တက်သွားတဲ့တက္ကစီနောက်ကနေ ကားနဲ့ထပ်ကြပ်မကွာလိုက်လေတော့သည်...တစ်ယောက်ကတစ်နေရာမှာဆင်းသွားကာ မမက ခြံတစ်ခြံထဲသို့ဝင်သွားလေသည်...ဒီလောက်ဆိုလုံလောက်ပြီ.......
_
_
_
_
_
_
"မသာလေး ဖွန်ကြောင်တာ ကြည့်မကြောင်ဘူး ငါ့ကားကိုယူသွားတာ ပြန်ကိုမလာတော့ဘူး ငါမနေ့က တက္ကစီငှားပြီးပြန်လိုက်ရတယ်ကွ အားသစ်ကစော်နဲ့တွေ့မယ်ဆိုပြီးလစ်သွားတာနစ်ကီကလည်းငါနဲ့ဆန့်ကျင်ဘက်ဆိုတော့မပို့ခိုင်းတော့ဘူး"

"အဟဲ ကားသော့ကကျွန်တော်ဆီမှာဆိုတော့ အဆင်သင့်သွားတာ ကိုလင်းကိုကျွန်တော်ပြောသားဘဲ ကိုယ့်bikeနဲ့ကိုယ်သွားမယ်ပြောတာ ကိုလင်းက ကားမမောင်းချင်ဘူး မင်းdriverလုပ်ဆိုလို့ကျွန်တော်ကပါလာရတယ်လေ"

"ငါက ပုဆိုးနဲ့ရှပ်အင်္ကျီနဲ့ဆိုရင် ကောင်းမောင်းရင်ကြေကုန်မှာဆိုးလို့ မင်းကိုမောင်းခိုင်းတာကွ"

"ပဲကလည်းများတယ်ဗျာ ခင်ဗျားပဲများသလောက် ခင်ဗျားကိုရတဲ့မိန်းမက ဗြုတ်စဗျင်းတောင်းဖြစ်လိမ့်မယ်"

"လင်းခေတ်မင်းက ဒီလိုမိန်းမကို ယူရင်ရာဇဝင်ရိုင်းသွားလိမ့်မယ်ကွ"

ဟုတ်ပါတယ် ကိုလင်းဟာ အမြဲ သူ့စံနမူနာနဲ့ ကိုက်ညီတဲ့ မိန်းကလေးမျိုးကိုသာ တွဲတာမို့ သူ့စကားဟာအပျော်သက်သက်ပြောလိုက်ခြင်းသာဖြစ်သည်.....

"အဲ့တော့ မင်းဘာဆက်လုပ်မှာလဲ"

"မသိဘူး ကိုလင်း ရင်ထဲကလာတဲ့ feelအတိုင်းဆက်လျှောက်မယ် ,,,ကျွန်တော်ဒီညဒီမှာအိပ်မယ်နော်"

"အဝသာအိပ်ထား ငါအိမ်ပြောင်းဖို့ ရှာနေပြီ ဒီလို hotel long stayနေရတာ မကြိုက်တော့ဘူး တစ်မျိုးတစ်မည်နေကြည့်ချင်တယ် "

"ထွင်ပြန်ပြီ"

"မင်းသာ စော်ဆီက အဖြေရအောင်စဥ်းစား ဒီနေ့အငြင်းခံရတာမရှက်ဘူးလား "

"ဘာလို့ရှက်ရမှာလဲ ကျွန်တော်ဖွင့်ပြောရင် မမကငြင်းမှာသိပြီးသား ငြင်းရမှာမမအလုပ်ဆို ဆက်ကြိုးစားပြီး ကျွန်တော်အချစ်တွေမမမြင်အောင်ပြရမှာ ကျွန်တော်အလုပ် ခင်ဗျားက မုဆိုးလုပ်တုန်းကံကောင်းပြီးသားကောင်မိနေပေမယ့် ခင်ဗျားတကယ်လိုချင်တဲ့သားကောင်ကျမှ လွဲချော်ကြည့် ကျွန်တော်နဲ့အဲ့အချိန်စကားဆက်ပြောမယ် သိလား"

"ရောက်လာပါ့မလား အဲ့အချိန်ငှက်ကလေးရာ စိတ်ကူးတွေမင်းလည်းငါ့အစားယဥ်နေတာ "
_
_
_
_
_
_
"ဟဲ့ နင် ဟိုကောင်လေးမဟုတ်လား"

ဇာမဏီ စတိုးဆိုင်အနားမှာရပ်နေတုန်း အနောက်ကနေ ပခုံးအပုတ်ခံလိုက်ရသောကြောင့်လှည့်ကြည့်လိုက်တော့ ဟိုနေ့က မမသူငယ်ချင်းဖြစ်နေလေသည်....

"ဟာ အတည်"

"အံမယ် ငါ့နာမည်ကိုသိတာကြ အတည်လေးဘာလေးနဲ့"

"မမက အဲ့လိုခေါ်တော့ ကျွန်တော်က လိုက်ခေါ်ကြည့်တာပါဗျ"

"ဘာလာလုပ်တာလဲဒီကို"

"မမကိုလာချောင်းတာ"

"ညို အလုပ်ဆင်းချိန် တစ်နာရီလောက်လိုသေးတယ်လေ "

တည်ငြိမ်လင်းသန့်ဟာနာရီလေးကိုကြည့်ကာပြောတော့ ဇာမဏီဟာခေါင်းငြိမ့်ပြလေသည်.....

"ကျွန်တော်သိတယ် တမင်ကြိုလာတာ"

လက်ထဲမှာနေကြာပန်းစည်းကြီးကိုင်ထားကာ ညိုကိုကြိုလာစောင့်နေပုံ ညိုအကြိုက်ကို သိနေပုံထောက်ရင် ထိုကောင်လေးဟာ ညိုအပေါ် အပေါ်ယံတော့မဟုတ်လောက်ပါ....

"ဒီမှာ လင်းတစ်ခါတည်းပြောထားမယ်နော် ညိုအပေါ် မကောင်းတဲ့အကြံနဲ့လိုက်တာတို့ အပျော်သဘောရမလားဆိုပြီးလိုက်တာတို့ဆို ရှင်လေးအခုတည်းကတပ်ခေါက်ပြန်ထား ညိုက ဘယ်လောက်စိတ်ဒုက္ခရောက်ခဲ့ရတဲ့သူလဲ သူ့ဘဝလေးကိုနားလည်ပေးပြီး ပျော်အောင်ထားတဲ့သူမျိုးဘဲအနားမှာရှိစေချင်တယ်"

"စိတ်ချပါဗျာ ကျွန်တော်က မမကိုဒုက္ခရောက်အောင်လုပ်မယ့်ကောင်မဟုတ်ပါဘူး "

"စောင့်ကြည့်နေမှာနော် ညိုကို ရုတ်ရုတ်လုပ်ကြည့် လမ်းဘေးချီးယို ဓါတ်တိုင်သေးပန်း ပလက်ဖောင်းခေါင်းခုအိပ်တဲ့ ခွေးဘဝရောက်အောင် ဟောဒီတည်ငြိမ်လင်းသန့်ကလုပ်မှာ ​အခုနေချစ်ပါတယ်လုပ်ပြီး ညိုကိုမဟုတ်တရုတ်ကြံစည်ကြည့် ပြောင်းဖူးရိုးကိုဒလက်ထည့်ပြီး အဲ့ချစ်စကားပြောခဲ့တဲ့ပါးစပ်ကြီးကို စုတ်ပြတ်သတ်အောင်လုပ်ပစ်မယ်"

"အမယ်လေး အစ်မတည်ငြိမ်လင်းသန့်ရယ် ကြမ်းလှချည်လားဗျာ "

"အေး ညိုဘေးနားမှာအမြဲရှိနေမှာ ညိုကိုတန်ဖိုးမဲ့တဲ့လူလို့ဆက်ဆံရဲဆက်ဆံကြည့်ကြလေ အမျိုးသမီးတွေကဘာလဲဆိုတာဟောဒီအတည်ကပြပေးမှာ"

"ယုံပါတယ်ဗျာ ယုံတာမို့လို့ ကျွန်တော်ကို မမနဲ့အောင်သွယ်ပေးနော် အတည်"

"ဟွန့် စောင့်ကြည့်အုံးမယ်"
_
_
_
_
ညိုအလုပ်ကနေထွက်လာတည်းက ဒီကောင်လေးဟာတောက်လျှောက်လိုက်နေတာဖြစ်သည်..မနက်ကလည်း အိမ်ရှေ့ကနေ ဆိူင်ကယ်ကြီးနဲ့ရပ်စောင့်ကာ ညိုတက်သွားတဲ့YBSနောက်ကနေတောက်လျှောက်လိုက်ခဲ့တာမို့ ညိုအလုပ်ကိုသိသွားပြီဖြစ်သည်...အိမ်ကောအလုပ်ကောသိသွားတာမို့ ညိုမှာစိတ်ညစ်နေရပါတော့သည်....

"မမ"

"မမလို့"

"ညို"

မမလို့ခေါ်နေရင်းကနေ ညိုလို့ခေါ်လိုက်တာမို့ ညိုလည်းအယောင်ယောင်အမှားမှားခြေလှမ်းတွေရပ်မိသွားလေသည်...

"မောင်ခေါ်နေတယ်လေဗျာ ဘာလို့လှည့်မကြည့်တာလဲ"

ညိုအရှေ့ပိတ်ရပ်လိုက်ကာ ရှေ့ကနေဖယ်မပေးဘဲစကားပြောနေလေသည်....

"အို ဘာလို့လှည့်ကြည့်ရမှာလဲ ပြီးတော့ ဘာမောင်လဲ မင်းနာမ်စားသုံးတာ ကြည့်သုံးပါ"

"ဘာလို့လဲ ဘုန်းဇာမဏီသစ်ဆိုတာညိုရဲ့မောင်လေ မမရဲ့မောင် မရဲ့မောင် ကျွန်တော်နေရောင်ခြည်လေးဖြစ်တဲ့ ခွာညိုသင်းရနံ့ရဲ့မောင်"

"မင်းတို့နောက် မလိုက်ပါနဲ့ တို့မကြိုက်ဘူး"

"မောင်ကတော့ကြိုက်ပါတယ်"

"ဘုန်းဇာမဏီသစ်"

"ဗျာ"

"မင်း ရှေ့ကဖယ်တော့ တို့ပြန်တာမှောင်နေလိမ့်မယ်"

"အာ ဘာစိုးရိမ်စရာလဲ မောင်လိုက်ပို့မှာပေါ့"

"ဘုန်းဇာမဏီသစ်"

"ဗျာလို့"

"တို့အရမ်းစိတ်တိုနေပြီနော်  မင်းဖယ်လိုက်တော့"

"စိတ်တော့မတိုပါနဲ့ မမရယ် ဖယ်ဆိုဖယ်ပေးမယ် ဒါပေမယ့် ဒီပန်းစည်းလေးတော့လက်ခံပေးပါ"

"လက်မခံနိုင်ဘူး ဇာမဏီ"

"လက်မခံရင် မောင်မဖယ်ပေးဘူး"

လမ်းပေါ်ကလူတွေကွက်ကြည့်ကွက်ကြည့်နဲ့မို့ ညိုလည်းသူ့ပန်းစည်းကိုယူလာခဲ့လိုက်ရသည်..

လတ်ဆတ်ကာပွင့်အာနေတဲ့နေကြာပန်းတွေကိုသေသပ်လှပစွာထုတ်ပိုးထားကာ Cardလေးမှာရေးထားတဲ့စာသားလေးက

💝ညိုကိုမောင်အရမ်းချစ်တယ်💝

စိတ်ညစ်လိုက်တာကောင်လေးရယ် တို့မှ မင်းကိုပြန်မချစ်နိုင်တာ ဘယ်လိုလုပ်ရမပါ့မလဲဒီတစ်ယောက်ကို...
_
_
_
_
_
ညိုဟာ မျှော်လင့်ချက်ပေးသလိုဖြစ်မိမှာဆိုးလို့ နောက်နေ့ဇာမဏီပန်းပေးတဲ့အချိန် သူ့ရှေ့မှာဘဲလက်ခံပြီး သူ့ရှေ့မှာဘဲ အမှိုက်ပုံးထဲပစ်ထည့်လိုက်တော့သည်....
ထိုနေ့ကစပြီးဇာမဏီဟာ ညိုကိုပန်းအတင်းလိုက်မပေးတော့ဘဲ ညိုတို့နေတဲ့အိမ်ရဲ့ခြံတံခါးဝမှာလာလာချိတ်သွားလေသည်...ကြီးကြီးကလက်ခံပေးထားကာ ညိုအလုပ်ကပြန်လာတိုင်း ပြန်ပြန်ပေးလေသည်...

သူပေးခဲ့တဲ့ပန်းတွေလည်းဘုရာပန်းထိုး ကြီးကြီးကို ဘုရားမှာပြန်လှူခိုင်းနဲ့ တော်တော်ကိုများနေပြီဖြစ်သည်...တစ်ညမှာသူပေးခဲ့တဲ့ပန်းစည်းတွေက cardလေးထဲမှာရေးထားတဲ့စာသားလေးတွေကို ညိုအံဆွဲထဲကထုတ်ကာပြန်ဖတ်မိနေလေသည်...

✨မောင်မင်းကိုချစ်မိနေပြီညို✨

✨မောင့်အသက်လေးရှင်သန်နေတာညိုကြောင့်ပါ✨

✨ညိုကမောင့်ရဲ့ရတနာတစ်ပါး နတ်သမီးလေးတစ်ပါးပါ✨

✨မောင်မင်းကြောင့်ရူးနေပြီညိုရဲ့✨

✨မောင်မင်းကိုဘာနဲ့မှအစားထိုးမလဲနိုင်အောင်ချစ်တယ်ဗျာ✨

✨မောင်ရဲ့အချစ်တွေကချွင်းချက်မရှိဘူးညို✨

✨မောင်မင်းအတွက်အမြဲရှင်သန်နေမှာပါညို✨

✨မောင်မင်းကို အမြဲတမ်းချစ်နေမယ် ညို✨

✨ညိုက မောင်ရဲ့နေရောင်ခြည်လေးပါ✨

✨မောင်ဟာမင်းအတွက်ပါဘဲညို✨

လှပတဲ့Post cardလေးတွေနဲ့ လက်ရေးစောင်းစောင်းလေးတွေနဲ့ရေးထားတဲ့ ကောင်လေးရဲ့စာတွေကိုကြည့်ကာညိုသက်ပြင်းချမိလေသည်...နေ့စဥ်တစ်ရက်မပြတ်ပို့လာတဲ့cardလေးတွေနဲ့ပန်းစည်းတွေဆယ်ကဒ်လောက်ဘဲဖတ်ပြီးကျန်တာဆက်မဖတ်နိုင်တော့တာမို့ညိုကျန်တဲ့cardတွေကို အံဆွဲထဲပြန်ထည့်လိုက်ရတော့သည်..ဆက်ဖတ်နေရင် ညိုကိုယ်ရင်ခုန်သံကိုယ်ထိန်းလို့ရမှာမဟုတ်တာကြောင့်မသိကျိုးကျွံပြုကာ အိပ်စက်ခြင်းဆီကိုတွေးလိုက်ရတော့သည်.....

~~~~~~~~~~~~~~~~~~~~
ဆက်ရန်
Part _8

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~
Part _7



"လွှတ်.... ဖယ်....လွှတ်"

"ဟေ့လူ နင်ဘာလုပ်တာလဲ"








"ညို"






"ဟာ ဘာဆိုင်လို့လဲဗျ"



"တို့ သူငယ်ချင်းပါ "


"မင်းကဘာလုပ်ဖို့လဲ"


"အို"




"ပေးလေ လိပ်စာ"


"ဟာ မမ နေအုံးလေ.... မမ...မမ"






_
_
_
_
_
_









"ထွင်ပြန်ပြီ"



_
_
_
_
_
_


"ဟာ အတည်"



"ဘာလာလုပ်တာလဲဒီကို"

"မမကိုလာချောင်းတာ"











_
_
_
_
ညိုအလုပ်ကနေထွက်လာတည်းက ဒီကောင်လေးဟာတောက်လျှောက်လိုက်နေတာဖြစ်သည်..မနက်ကလည်း အိမ်ရှေ့ကနေ ဆိုင်ကယ်ကြီးနဲ့ရပ်စောင့်ကာ ညိုတက်သွားတဲ့YBSနောက်ကနေတောက်လျှောက်လိုက်ခဲ့တာမို့ ညိုအလုပ်ကိုသိသွားပြီဖြစ်သည်...အိမ်ကောအလုပ်ကောသိသွားတာမို့ ညိုမှာစိတ်ညစ်နေရပါတော့သည်....

"မမ"

"မမလို့"

"ညို"








"ဘုန်းဇာမဏီသစ်"

"ဗျာ"



"ဘုန်းဇာမဏီသစ်"

"ဗျာလို့"



"လက်မခံနိုင်ဘူး ဇာမဏီ"





_
_
_
_
_













~~~~~~~~~~~~~~~~~~~~
ဆက်ရန်
Part _8

Continue Reading

You'll Also Like

366K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
59.7K 1.3K 13
အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာပြီးတဲ့နောက်မှာ အချစ်ဆိုတာကအရာရာမဟုတ်သလို ပျော်ရွှင်မှုတွေနဲ့ ချည်းပဲလဲ အမြဲပြီးပြည့်စုံနေတာမဟုတ်ဘူး...... အချစ်ရိပ် ကျွ...
38.7K 1.3K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)
322K 3.4K 16
" ကိုယ့်ရဲ့ အသက်သွေးကြောက မင်းပဲဆူး ကိုယ့်နှလုံးသားရဲ့ သခင်မကလဲ မင်းပဲ နောက်ဆုံးခွဲခွာရရင်တောင် မင်းကိုလဲ ကိုယ်မထားခဲ့ဘူး ကိုယ့်ကိုလဲ မင်းမထားခဲ့နဲ့ ...