ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒ...

By Alice_Yizhan_7012

18.3K 1.3K 29

Paid Gp ရှိပါသည်။ Female strong lead ကို ဖတ်ချင်ပါက ဤ novelကိုဖတ်လိုက်ပါ။ တို့mc မမရဲ့ face slapping စကေးတွေန... More

စာစဥ် (၁) အခန်း - ၁
စာစဥ် (၁) အခန်း - ၂
စာစဥ် (၁) အခန်း - ၃
စာစဥ် (၁) အခန်း ။ ၄ မှ ၁၀ ထိ
စာစဥ် ၁ ၊ အခန်း ၁၁ မှ ၁၅ ထိ။
စာစဥ် ၂ ။ အခန်း ၁ မှ ၅ ထိ ။
စာစဥ် ၂ ။ အခန်း ၆ မှ ၁၀ ထိ။
စာစဥ် ၂ ၊ အခန်း ၁၁ မှ ၁၅ ထိ။
စာစဥ် ၃
စာစဥ် ၄ ။ အခန်း ၁ မှ ၅ ။
စာစဥ် ၄ ၊ အခန်း ။ ၆ မှ ၁၅ ထိ။
စာစဥ် ၅ ။ အခန်း ၁ မှ ၇ ထိ
Announcement!!!!!
စာစဥ် ၅ ။ ၈ မှ ၁၅ ။
စာစဥ် ၆ ။
စာစဥ် ၇ ။
Birthday promotion
စာစဥ် ၈

ဇာတ်လမ်း အကျဥ်းချုပ်

3.9K 132 1
By Alice_Yizhan_7012

ကျွန်တော့်ချစ်ဇနီး ပါရမီရှင်ဒေါက်တာမလေးက မိုက်ကယ်လေးပဲ!

ဇာတ်လမ်း အကျဥ်းချုပ်

အဖေ: "ချန်ချန်.....သူက အကြောသေနေတဲ့သူတစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ်။ဒါပေမယ့် သမီး သူ့ကို လက်ထပ်ဖို့ သဘောတူတာနဲ့ ပါးတို့ကုမ္ပဏီလည်း မပြိုကွဲရတော့ဘူးပေါ့။"

အမေ: " ပြီးတော့ သမီးညီမလေးလည်း သူ့ရဲ့နှလုံးရောဂါအတွက် အကောင်းဆုံးကုထုံးနဲ့ ကုနိုင်သွားမှာလေ။"

စေ့စပ်ကြောင်းလမ်းထားသူ : "မင်း လက်ထပ်ခဲ့မယ်ဆိုရင်လဲ ကိုယ့်ကိုကိုယ် စင်ကြယ်သန့်ရှင်းအောင် ထိန်းသိမ်းနိုင်သရွေ့ ငါ့ကိုလည်း အထောက်အပံ့တွေရအောင်လို့ မင်း ကူညီပေးနိုင်လိမ့်မယ်လေ"

အနားမှာရှိတဲ့ လူတိုင်းကတော့ ကျင်းချန်ရဲ့ဒုက္ခတွေကို စာနာကြပါသည်။

သူမဟာ မိန်းမပျိုလေးတစ်ယောက်ဖြစ်လေသော်လည်း အခုတွင်တော့ သူမ၏ အနာဂတ်ဟာ အကြောတွေသေနေတဲ့လူတစ်ယောက်နှင့် လက်ထပ်လိုက်ရပြီးနောက် ပျက်စီးကြေကွဲသွားပြီဖြစ်သည်။

သူမသည် သူမ ညီမလေး ဂီတပါရမီရှင်တစ်ယောက်အနေဖြင့် ပုံသွင်းပေးဖို့အတွက် သီချင်းတွေကို ရေးပေးရရုံသာမကပဲ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သူမနှင့်စေ့စပ်ထားသူ အတွက်ပါ အခွင့်အလမ်းတွေရအောင်လုပ်ပေးဖို့ကိုလည်း ဖိအားပေးခံရခဲ့လေသည်။ သူတို့နှစ်​ယောက်အတွက် ဒါတွေအားလုံးကို သူမလုပ်ပေးခဲ့တာတောင်မှ အဲ့နှစ်ယောက်ကပေါင်းပြီး သူမကို အစိမ်းရောင်တောက်တောက် ဦးထုပ်ဆောင်းပေးခဲ့ကြသေးသည်လေ။

အိုး! ..ကျင်းချန် ပြန်လည်မွေးဖွားလာပြီးနောက် သူမမျက်လုံးတွေကို ဖွင့်ကြည့်လိုက်ချိန်တွင် သူမက သနားစရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကို သူမ သဘောပေါက်လိုက်ရသည်။

သူမ၏အရင်ဘဝ၌ သူမဟာ ကြောက်စရာကောင်းတဲ့ ဗီလိန်မတစ်ယောက် ဖြစ်ခဲ့တာကြောင့် အခုဘဝမှာတော့ သူမအတွက် ပျော်စရာကောင်းတာလေးတွေကို လုပ်တော့မည် သူမ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

သူမဟာ celebrityတစ်ယောက် ဖြစ်သည့်အပြင်
ပါရမီရှင် ဒေါက်တာ တစ်ယောက်၊ ပြီးတော့
ဝိုင်ထုတ်လုပ်ရေး စီပွားရေးလုပ်ငန်းရှင်တစ်ယောက်လဲ ဖြစ်ပြီး အလှအပကုမ္ပဏီပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့တာကြောင့် သူမဟာ သိပ်ကို ပျော်ရွှင်နေရတော့သည်။

သူမရဲ့ဘဝဟာ အရမ်းကိုတောက်ပြောင်လာနေတာကို သူမအား သစ္စာဖောက်တဲ့ ခွေးစုံတွဲတစ်တွဲကတော့ မမြင်နိုင်ဘဲ မျက်ကန်းဖြစ်နေကြလေသည်။

သို့ရာတွင် သူမနှင့် စေ့စပ်ထားသော လက်ဖက်စိမ်းကောင်ကို သူမ ရှင်းထုတ်ပြီးတဲ့အခါမှာတော့ ယခု၌ သူမဟာ သူမဘေးမှာ အမြဲတဝဲလည်လည်ရှိနေတတ်သော နေမကောင်းချင်ယောင်ဆောင်ထားတဲ့ သူမ၏ယောကျာ်း ကြာပန်းဖြူလေး နှင့် အခက်တွေ့နေရပြန်လေသည်။

" ကျွန်မရှင့်ကို ကုပြီးပြီလေ ဒီက ကျွန်မရဲ့ တာဝန်လဲ ပြီးသွားပြီကို ရှင် တခြားဘာကို ထပ်လိုချင်သေးတာလဲ ကျွန်မကို သွားခွင့်ပေးပါတော့ ကျွန်မ ကွာရှင်းချင်တယ်လို့! "

"လောင်ဖော..ဒီနားလေးက မသက်မသာဖြစ်နေတုန်းပဲ။"

အစစ်အမှန်မဟုတ်ဘဲ နေမကောင်းချင်ယောင်ဆောင်ပြီး သူမကို လော့ကတ်သီးခပ်ကြီးကြီးတစ်ခုလို မှီတွယ်နေတဲ့ အမျိုးသားကို သူမကြည့်လိုက်ပြီးနောက် ကျင်းချန်တစ်ယောက် ဒေါသတွေ အလိပ်လိပ်ပေါက်ကွဲထွက်လာတော့သည်။

"ကျန့်လီချွမ်!.. ရှင့်ရဲ့ အထက်စီးဆန်ပြီး အေးစက်နေတဲ့ imageကြီးကို လွှင့်ပစ်လိုက်တာလား "

...................................................................

ကြၽန္ေတာ့္ခ်စ္ဇနီး ပါရမီရွင္ေဒါက္တာမေလးက မိုက္ကယ္ေလးပဲ!

ဇာတ္လမ္း အက်ဥ္းခ်ဳပ္

အေဖ: "ခ်န္ခ်န္.....သူက အေၾကာေသေနတဲ့သူတစ္ေယာက္ ျဖစ္ခ်င္ျဖစ္လိမ့္မယ္။ဒါေပမယ့္ သမီး သူ႕ကို လက္ထပ္ဖို႔ သေဘာတူတာနဲ႕ ပါးတို႔ကုမၸဏီလည္း မၿပိဳကြဲရေတာ့ဘူးေပါ့။

အေမ: " ၿပီးေတာ့ သမီးညီမေလးလည္း သူ႕ရဲ႕ႏွလုံးေရာဂါအတြက္ အေကာင္းဆုံးကုထုံးနဲ႕ ကုနိုင္သြားမွာေလ။

ေစ့စပ္ေၾကာင္းလမ္းထားသူ : မင္း လက္ထပ္ခဲ့မယ္ဆိုရင္လဲ ကိုယ့္ကိုကိုယ္ စင္ၾကယ္သန႔္ရွင္းေအာင္ ထိန္းသိမ္းနိုင္သေ႐ြ႕ ငါ့ကိုလည္း အေထာက္အပံ့ေတြရေအာင္လို႔ မင္း ကူညီေပးနိုင္လိမ့္မယ္ေလ

အနားမွာရွိတဲ့ လူတိုင္းကေတာ့ က်င္းခ်န္ရဲ႕ဒုကၡေတြကို စာနာၾကပါသည္။

သူမဟာ မိန္းမပ်ိဳေလးတစ္ေယာက္ျဖစ္ေလေသာ္လည္း အခုတြင္ေတာ့ သူမ၏ အနာဂတ္ဟာ အေၾကာေတြေသေနတဲ့လူတစ္ေယာက္ႏွင့္ လက္ထပ္လိုက္ရၿပီးေနာက္ ပ်က္စီးေၾကကြဲသြားၿပီျဖစ္သည္။

သူမသည္ သူမ ညီမေလး ဂီတပါရမီရွင္တစ္ေယာက္အေနျဖင့္ ပုံသြင္းေပးဖို႔အတြက္ သီခ်င္းေတြကို ေရးေပးရ႐ုံသာမကပဲ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ သူမႏွင့္ေစ့စပ္ထားသူ အတြက္ပါ အခြင့္အလမ္းေတြရေအာင္လုပ္ေပးဖို႔ကိုလည္း ဖိအားေပးခံရခဲ့ေလသည္။ သူတို႔ႏွစ္ေယာက္အတြက္ ဒါေတြအားလုံးကို သူမလုပ္ေပးခဲ့တာေတာင္မွ အဲ့ႏွစ္ေယာက္ကေပါင္းၿပီး သူမကို အစိမ္းေရာင္ေတာက္ေတာက္ ဦးထုပ္ေဆာင္းေပးခဲ့ၾကေသးသည္ေလ။

အိုး! ..က်င္းခ်န္ ျပန္လည္ေမြးဖြားလာၿပီးေနာက္ သူမမ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္ခ်ိန္တြင္ သူမက သနားစရာေကာင္းတဲ့ ေကာင္မေလးတစ္ေယာက္ ျဖစ္ခဲ့တယ္ဆိုတာကို သူမ သေဘာေပါက္လိုက္ရသည္။

သူမ၏အရင္ဘဝ၌ သူမဟာ ေၾကာက္စရာေကာင္းတဲ့ ဗီလိန္မတစ္ေယာက္ ျဖစ္ခဲ့တာေၾကာင့္ အခုဘဝမွာေတာ့ သူမအတြက္ ေပ်ာ္စရာေကာင္းတာေလးေတြကို လုပ္ေတာ့မည္ သူမ ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္။

သူမဟာ celebrityတစ္ေယာက္ ျဖစ္သည့္အျပင္
ပါရမီရွင္ ေဒါက္တာ တစ္ေယာက္၊ ၿပီးေတာ့
ဝိုင္ထုတ္လုပ္ေရး စီပြားေရးလုပ္ငန္းရွင္တစ္ေယာက္လဲ ျဖစ္ၿပီး အလွအပကုမၸဏီပိုင္ရွင္တစ္ေယာက္ ျဖစ္လာခဲ့တာေၾကာင့္ သူမဟာ သိပ္ကို ေပ်ာ္႐ႊင္ေနရေတာ့သည္။

သူမရဲ႕ဘဝဟာ အရမ္းကိုေတာက္ေျပာင္လာေနတာကို သူမအား သစၥာေဖာက္တဲ့ ေခြးစုံတြဲတစ္တြဲကေတာ့ မျမင္နိုင္ဘဲ မ်က္ကန္းျဖစ္ေနၾကေလသည္။

သို႔ရာတြင္ သူမႏွင့္ ေစ့စပ္ထားေသာ လက္ဖက္စိမ္းေကာင္ကို သူမ ရွင္းထုတ္ၿပီးတဲ့အခါမွာေတာ့ ယခု၌ သူမဟာ သူမေဘးမွာ အၿမဲတဝဲလည္လည္ရွိေနတတ္ေသာ ေနမေကာင္းခ်င္ေယာင္ေဆာင္ထားတဲ့ သူမ၏ေယာက်ာ္း ၾကာပန္းျဖဴေလး ႏွင့္ အခက္ေတြ႕ေနရျပန္ေလသည္။

" ကြၽန္မရွင့္ကို ကုၿပီးၿပီေလ ဒီက ကြၽန္မရဲ႕ တာဝန္လဲ ၿပီးသြားၿပီကို ရွင္ တျခားဘာကို ထပ္လိုခ်င္ေသးတာလဲ ကြၽန္မကို သြားခြင့္ေပးပါေတာ့ ကြၽန္မ ကြာရွင္းခ်င္တယ္လို႔! "

ေလာင္ေဖာ..ဒီနားေလးက မသက္မသာျဖစ္ေနတုန္းပဲ။

အစစ္အမွန္မဟုတ္ဘဲ ေနမေကာင္းခ်င္ေယာင္ေဆာင္ၿပီး သူမကို ေလာ့ကတ္သီးခပ္ႀကီးႀကီးတစ္ခုလို မွီတြယ္ေနတဲ့ အမ်ိဳးသားကို သူမၾကည့္လိုက္ၿပီးေနာက္ က်င္းခ်န္တစ္ေယာက္ ေဒါသေတြ အလိပ္လိပ္ေပါက္ကြဲထြက္လာေတာ့သည္။

က်န့္လီခြၽမ္!.. ရွင့္ရဲ႕ အထက္စီးဆန္ၿပီး ေအးစက္ေနတဲ့ imageႀကီးကို လႊင့္ပစ္လိုက္တာလား "

...................................................................

Continue Reading

You'll Also Like

1.2M 62.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
418K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
3.6M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...