'LOTUS KILLER' {Ongoing}

By Mary_koe552005

146K 11.3K 1.2K

အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... More

1
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
16
17
18
19
20
21
22
23
24
Coe Naung Art
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
Just Memories

2

5.2K 376 6
By Mary_koe552005

Rose but snake

စိုင်းဆိုင်ခမ်းနော့ဝ်နှင့် ဉာဏ်ကိုးနောင်တို့ အကြောင်း ကို တစ်က စ ကာ နိဒါန်းချီ ပြောကြမည် ဆိုပါစို့။

လွန်ခဲ့သော 16နှစ် ခန့်က စတင် ရပေမည်။

ခမ်းနော့ဝ် ဖေဖေက ရှမ်းပြည်နယ်တွင် အောင်မြင်ချမ်းသာနေသော စီးပွားရေး လုပ်ငန်း ရှင်ကြီး ဖြစ်ပြီး မေမေက စော်ဘွား မျိုးနွယ်။

ခမ်းနော့ဝ်မှာ အစ်မကြီး တစ်ယောက် အစ်ကို နှစ်ယောက်ရှိပြီး သူက အိမ်မှာ အထွေးဆုံးပင်။

ခမ်းနော့ဝ် အစ်မနှင့် အစ်ကိုတွေက အလွန်ထက်မြက်ကြပြီး ဖေနှင့် မေ သည် အမြဲ သူတို့ကို ဂုဏ်ယူ ဝံ့ကြွားလေ့ ရှိသည်။ခမ်းနော့ဝ်မှာမူ တောက်ပ နေသော သူတို့ နှင့် ယှဉ် ကာ ကို့ယ်ကိုကို အမြဲ သိမ်ငယ်ခဲ့ရသည်။

မိသားစု ထမင်းဝိုင်းတွင် အစ်ကို အစ်မ တွေ လို သား လည်း ကျောင်းမှာ အဆင့်တစ် ဟု ဝံ့ဝံ့ကြွားကြွား ပြောချင်သည်။

ငယ်ရွယ်လွတ်လပ်သော ကလေးများ အရွယ်တွင် ခမ်းနော့ဝ်တွက် ကစားချိန် ဆိုတာ မရှိ။စာ စာ စာနှင့် သာ လုံးပန်းခဲ့ရသည်။

ပါဝါ မျက်မှန် ထူကြီးနှင့် ဆံပင် လိမ်ပွပွ များက မျက်နှာသေးသေးလေးပေါ် ပွရှုပ်လျက် စာအုပ် ထူကြီးနှင့်သာ အမြဲ အလုပ်ရှုပ်နေသော ကောင်လေးတစ်ယောက်၊အများကတော့ စာဂျပိုးဟု သမုတ်ကြသည်။

ဘယ်လိုပြောပြော အစ်ကို အစ်မတွေ ထက် တော် ကို တော်နေရမည်။ဖေနှင့် မေသည် သူ့အတွက်လည်း ဂုဏ်ယူဝံ့ ကြွားနေစေရမည်။

ငါးတန်းကတည်းက အိမ်နှင့် ခွဲကာ မန္တလေး ကိုယ်ပိုင်ကျောင်းတွင် အဆောင်နေခဲ့ပြီး စာကြိုးစားခဲ့သည်။

'တကယ်ဖြစ်ချင် အမှန်လုပ် အဟုတ် ဖြစ်ရမည်' ဆိုသော စာသားကို ကွန်ဗားဘူးတွင်ကပ် ပြီး အမြဲ ကိုယ့် ကို ကို motivation ပေးသည်။

ဇွဲ လုံ့လ ဝီရိယ ဉာဏ်ပညာ သာ ရှိလျှင် လောက တွင် မဖြစ်နိုင်တာ ဘာမှ မရှိ။

ခမ်းနော့ဝ် ကြိုးစားမှုသည် အရာ ထင်ခဲ့ပါ၏။

နှစ်တိုင်း ထူးချွန်ဆုတံဆိပ် တို့သည် သူ့ လက်ထဲ ရောက်လာခဲ့သည်။

ငါးတန်း မှ ကိုးတန်းထိတိုင် ဒီ ကျောင်းမှာပဲ ဆက်တိုက် အဆောင်ကျောင်းသားအဖြစ် နေထိုင် တက်လာပြီးနောက် ကျောင်းအုပ် ဆရာမကြီး ၏ သား အရင်းလိုတောင် ဖြစ်လာသည်။ဆရာ ဆရာမ များ၏ ပင်တိုင် အချစ်တော် ဖြစ်လာခဲ့သည်။

မျက်လုံးမှေးမှေး မျက်မှန်ထူထူ ဆံပင်က လိမ်ကောက်နေကာ မျက်နှာတစ်ဝက်လောက် ဖုံးနေတတ်သော သူ့ ပုံစံ သည် ရုပ်ဆိုးသော်လည်း အတန်းထဲမှာတော့ အကုန် ဖူးဖူး မှုတ်ထားခြင်း ခံရ၏။

ကျောင်းသားတွေ ဆရာ ဆရာမတွေ။

ကျောင်းသား တွေက စာကူးချလို၍ ခမ်းနော့ဝ်ကို မျက်နှာချိုသွေးကြပြီး ဆရာ ဆရာမတွေကတော့ သူတို့ အချိန် တစ်တန်းလုံး အိပ်နေသည့် တိုင်အောင် ပင်တိုင် စာအော်ပေးသူမှာ ခမ်းနော့ဝ် ဖြစ်သောကြောင့် တစ်ခန်းလုံး ခမ်းနော့ဝ်ကို ပူဇော်ပသ ထားကြသည်။

ပြီး တစ်တန်းလုံး တစ်ညီညာတည်း ခမ်းနော့ဝ်ကို သူတို့ သောက်ပြဿနာ ရှာတိုင်း ရှင်းပေးရသည့် ECအဖြစ် ခန့်လိုက်ကြသည်။

ခွေးမသားတွေ သူတို့ မလုပ်ချင်တိုင်း။

ရတနာပုံ ကိုယ်ပိုင်ကျောင်းသည် မန္တလေးမြို့တော်ကြီးတွင် စည်းကမ်း တင်းကြပ်သော ကျောင်းဟု နာမည်ကြီးသည်။စည်းကမ်းတင်းချက်ကတော့ မိန်းကလေးနှင့် ယောက်ျားလေး စကားပြောခွင့် လုံးဝမရှိ။ပတ်ပတ်လည် ဂိုက်တွေ ဝိုင်းနေသည်မှာ အကျဉ်းထောင်ထဲ ရောက်သွားသလိုပင်။

သို့သော် ခမ်းနော့ဝ် လို ပညာလိုချင်သူတွေအတွက်ကတော့ ရတနာပုံဟာ ရွှေပင် ဖြစ်သည်။

ကိုးတန်းနှစ်၊ပထမနှစ်ဝက်။

နှစ်ဝက်စာမေးပွဲ ဖြေရန် လေးပတ်သာ လိုတော့သည့် ချိန်။

နေ့လည် ထမင်းစားကျောင်း ဆင်းပြီး ပြန်တက်ချိန်။

မြန်မာစာ ဆရာ မင်းရှင်မော်ရဲ့ အသံ က နားထဲ ကြားတစ်ချက် မကြားတစ်ချက်။
ခမ်းနော့ဝ် ည က တစ်ခွဲ ထိတိုင် definition တွေကို အခေါက်ခေါက် အခါခါ ကျက်နေခဲ့မိ၍ ခု ငိုက်မြည်းနေသည်။

ထိုစဉ် တံခါးဝ ဆွဲဖွင့်သံ ကြားလိုက်ရပြီး အုပ်ကြီး ၏ ဝေဝါးဝါး အသံ။

"ကျောင်းသားသစ်" ဆိုလား ဘာလား အသံ နားထဲ ဝင်လာသည်။

ခမ်းနော့ဝ် မျက်လုံးအပေါက်သေးသေးလေး လှန်တင် ဖွင့်ကြည့်လိုက်သောအခါ ဘုရားရေ . . .အိပ်ချင်စိတ် ပင် ပျောက်သွားသည်။

"ချောလှချည်လားဟ. . ."

သူ တင်မက တစ်တန်းလုံး တိတ်ဆိတ်နေကြသည်။

ကိုးနောင်. . .ဉာဏ်ကိုးနောင်။

နှင်းဆီတွေ ထက် လှပေမယ့် မြွေထက် အဆိပ်ပြင်းတဲ့ ယောက်ျားကို သူ တွေ့ခဲ့ပါသည်။

ကိုးနောင်က အဖြူ အစိမ်း ‌ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပေသည့်တိုင် အင်္ကျီတွေ က တွန့်ကြေနေသည်။

သို့သော် ရှင်းသန့် နုနယ်သော မျက်နှာဖူးဖူး လေးက အလှ ပျက်မသွားပေ။

ဆံပင်များကို အသေအချာ နောက်လှန်သိမ်းထားတော့ လူကြီး ပေါက်စ လေးလိုပင်။

ရှည်လျားသော အရပ်အမောင်းက အုပ်ကြီးထက်ပင် ခေါင်းတစ်လုံး မြင့်သေးသည်။

"သား. . .က အရပ် နည်းနည်း မြင့်တော့ အနောက်မှာ ထိုင်လိုက် သား ရှေ့ မှာ ထိုင်ရင် နောက်က လူတွေ ကျောက်သင်ပုန်း မမြင်ရဘဲ နေလိမ့်မယ်. . "

"ဟုတ်ကဲ့"

သူ့ အသံ က ညင်ညင်သာသာပဲ ဖြစ်သည်။နား ထဲ ကို အေးအေးချမ်းချမ်းလေး စီးဝင်သွားသည်။

ခမ်းနော့ဝ် ပထမဆုံး ကိုးနောင်နှင့် ပတ်သက်၍ စောက်ချောကြီး ဟုသာ မှတ်ချက်ချခဲ့ပြီး ဒီထက်ပိုပြီး ခံစားချက် တစ်စုံတစ်ရာ မရှိခဲ့ပါလေ။

သို့သော် ပထမနှစ်ဝက်အပြီး အမှတ်စာရင်း ထွက်သောအခါ ခမ်းနော့ဝ် မျက်လုံးတွေ ပြူးထွက်ကုန်သည်။ပထမနှစ်ဝက်မှ ကျောင်းပြောင်းလာတဲ့ ကောင်က အဆင့်တစ်။

သူလို မအိပ်မနေ အသေအကြေ ကြိုးစားခဲ့တဲ့ သူ။
သင်ခန်းစာ တွေ အကုန်လုံးကို ထုံးလိုမွှေ ရေလိုနှောက် ဖွတ်ဖွတ်ကြေအောင် ကျက်မှတ် ထားသူက နှစ်။

ခမ်းနော့ဝ် ဒုတိယ အကြိမ် ကိုးနောင်နှင့် ပတ်သက်၍ ဟိုက်ပါကြီး ဟု မှတ်ချက်ချခဲ့သည်။

F* ပဲ။

ခမ်းနော့ဝ် တဖြည်းဖြည်း ဉာဏ်ကိုးနောင်ကို မနာလိုလာသည်။

အတန်း ထဲ က အလှဆုံး ကောင်မလေးက ကိုးနောင်ကို စာပေးသတဲ့။အုပ်ကြီး ဆီမှာ အရိုက်ခံပြီးတော့တောင်လေ။

အတန်းထဲမှာ တပ်ထားတဲ့ CCTV တွေ ဖျက်ဆီး ခံထားရပြီး နောက်နေ့တွင် ကိုးနောင် စားပွဲ ပေါ်မှာ တင်ထားတဲ့ ရည်းစားစာတွေ ပန်းတွေ မုန့်တွေ ရှုပ်ပွနေလေ့ရှိသည်။

ကိုးနောင် ကို အစ က မိန်းကလေးတွေ သဲသဲလှုပ် ကြသည်။နောက်ပိုင်းတွင် ယောက်ျားလေးတွေ ထဲက ဘယ်ကောင် မှန်းမသိ၊ကိုးနောင်ကို ရည်းစားစာ စ ၍ ခိုးပေးသည်။

အဲ့ က စ၍ ‌နဂို ကတည်းက ကိုးနောင်တွက်ဆို ကွေးချင်နေသော အတန်းထဲ က အမျိုးသား ထုကြီးမှာ တစ်ယောက်ပြီး တစ်ယောက် အပြိုင်အဆိုင် ကိုးနောင်ကို လိုက် ပိုးကြသည်။

ကိုးနောင် နာမည်ကြီးချက်က ဆယ်တန်း ခန်းက အကိုကြီး တွေကပင် မသိမသာ လာချောင်းကြသည်။

ခမ်းနော့ဝ်ကတော့ လူတစ်မျိုးပင်။သူတို့ အဲ့လို သဲသဲ လှုပ်လေ ခမ်းနော့ဝ်က အမြင်ကပ်လေ။

"မင်းတို့ ဘာသာ ကြိုက်ချင်လို့ ကြိုက်နေတာဉာဏ်ကိုးနောင်က အဲ့လောက်ကြီး ချောနေတာလည်း မဟုတ်ပါဘူး. . ."

"EC. . . စာကြည့် တာများလို့ မျက်လုံး ပျက်သွားပြီ ထင်တယ်. . . မျက်မှန်လေး ဘာလေး ပြန်ချိန်. . ."

"အေး ငါ့ကို မထောက်ခံရင် မနက်ဖြန် သင်္ချာအဖြေ ငါ မပြဘူးနော်. . ."

ခမ်းနော့ဝ် သည် သူ အနည်းဆုံးတော့ ကျောင်းတွင် စာ အတော်ဆုံး ထူးချွန် ကျောင်းသား ဖြစ်နေသေးသည် ဟု ဖြေသိမ့်ခဲ့သော်လည်း မျက်စိ တစ်မှိတ် တွင်း ထိုနေရာကို ဉာဏ်ကိုးနောင် လုသွားပြန်၏။

ဆရာ ဆရာမ အချစ်တော်၊ကျောင်းသူ ကျောင်းသား တိုင်းရဲ့ အချစ်ဆုံး။

သူ ကိုးနောင်ကို မုန်းခဲ့သည်။
ဆိုးဆိုးရွားရွား မုန်းတီးနေတာမျိုး မဟုတ် သော်လည်း ရင်ထဲတွင် ကိုးနောင် က ဆူးတစ်ချောင်းလို ခုလု ခုလု။

လူတို့ တစိမ့်စိမ့် စောင့်ကြည့်မိသူ နှစ်မျိုးရှိသည်။ချစ်သူ နှင့် မုန်းသူ။

ကိုးနောင် က အင်္ကျီ နှစ်ထည်ပဲ ပတ် ဝတ်လေ့ရှိသည်။တစ်ထည်က တံဆိပ်ပါပြီး နောက်တစ်ထည်က အစွန်းကွက်သေးသေး လေး ပါသည်။

ကိုးနောင် ပြုံးတာ မတွေ့ဖူးပေ။ပန်းရောင် ရင့်ရင့် နှုတ်ခမ်းစွန်းတို့က အမြဲ တည်ငြိမ်နေသည်။

စကား လည်း မပြောပေ။ဟို တစ်ခါ "ဟုတ်ကဲ့"ဟု ပြောခဲ့ဖူး၍ သာ ဆွံ့အ နားမကြား မဟုတ်မှန်း သိတော့သည်။

သူ့ကို ချစ်ရေးဆိုထားသည့် ရည်းစား စာတွေကို  အမှိုက် တောင်းထဲ လွှတ်ပစ်လေ့ရှိသည်။ ဘယ်တော့မှ ဖွင့်မဖတ်တတ်။သူများ
ပင်ပင်ပန်းပန်း ရေးထားတာကို နည်းနည်းလေးမှ ဂရုမစိုက်။

ပေးလိုက်သည့် မုန့်တွေကိုတော့ သယ်တော့ သယ်သွားသည်။

ကိုးနောင်က အမြဲ တစ်ယောက်တည်းပဲ ဖြစ်သည်။ထမင်းစားလည်း သူ့နေရာမှာ သူငြိမ်ငြိမ်လေးပဲ ထိုင်စားသည်။

ဉာဏ်ကိုးနောင်တွင် အထူးခြားဆုံးက မျက်လုံးများပင်။စိမ်းစိမ်းတောက်တောက် မျက်ဆံများက မြွေတစ်ကောင် လို ညှို့အားပြင်းပြီး စူးရှသည်။

သို့သော် ဉာဏ်ကိုးနောင်သည် တစ်နေရာထဲကိုပဲ မျက်တောင်မခတ် စိုက်ကြည့်တတ်သည်။အသက်မရှိသလိုမျိုး။

ကိုးနောင်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်ရင် သိပ်လှသည် ဟု ကောက်ချက် ချ ကြပေသည်။

နည်းနည်းကြာကြာ ကြည့်မိလျှင် သူကို လိုချင် တက်မက် မိပေလိမ့်မည်။

အကြာကြီး စိုက်ကြည့်မိသည့် ခမ်းနော့ဝ် တွက်မူ ကိုးနောင်ကို ကြည့်ရင်း ကြေကွဲ ဝမ်းနည်းလာသလိုပင်။

ဒါသည် ခမ်းနော့ဝ် ပထမဆုံး စတွေ့ ခဲ့စဉ်က အဖြစ်အပျက်တွေပင်။

+++

တဖြည်းဖြည်း အချိန်တွေ ကုန်ဆုံးလာသည်။

ပျင်းရိ လေးတွဲ့ ဖွယ် နွေ အားလပ်ရက်တွေ ကုန်လွန်ပြီးနောက် ရတနာပုံ ကို နောက်တစ်ခေါက် ရောက်ခဲ့ပြန်သည်။

ဆယ်တန်း။

အခက်ခဲဆုံး၊ အပင်ပန်းခံရဆုံး၊ သေကုန်သေခန်း ကြိုးစားရတဲ့ ဒီအတန်း။

ခမ်းနော့ဝ် ဖင်ခေါင်းကျယ်တာတော့ မဟုတ်ပေမယ့် သူ့အတွက် ဒီ ဆယ်တန်းလေး ရိုရိုး အောင်ဖို့က အသာလေးပင်။

သို့သော် သူလိုချင်တာ ဂုဏ်ထူးနှင့် အမှတ်ကောင်းကောင်း။

သူ ဆရာဝန် ဖြစ်ကို ဖြစ်ရမည်။သို့မှသာ သူ့မိသားစု တွင် သူ ခေါင်းမော့ နေနိုင်မည်။

မြန်မာနိုင်ငံ မှာ ဆရာဝန် ဂုဏ်က ဘုရား လိုပင် မဟုတ်ပါလော။

ခမ်းနော့ဝ် မှာ chemistry ကို ရည်းစားလုပ် physicကို မအေတော် bioကို ဖအေ အရာ ထားနေ၍ ကိုးတန်းတုံးကလို ကိုးနောင် ကို အားအားယားယား လိုက်ကြည့်မနေနိုင်တော့ပေ။

ဇွန် လရဲ့ မိုးသည်းတဲ့ နေ့ တစ်နေ့၊ထမင်းစားကျောင်း ဆင်းချိန်။

ခမ်းနော့ဝ် တို့လို အဆောင်သားတွေ က ထမင်းစားကျောင်းဆင်းလျှင် သတ်မှတ်နေရာသို့ အမြန် သွားပြီး အဆောင်က ကျွေးသမျှ အားရပါရ အမုန်းတီးသည်။

အားလုံး ထဲမှာ ခမ်းနော့ဝ် ထမင်းစားတာ အမြန်ဆုံးပင်။ထမင်း မြန်မြန်စားပြီး စာ မြန်မြန်ကျက်ရမည်။အလုတ်ကြီး‌တွေ ခပ်သုတ်သုတ် ပလုတ်ပလောင်း သွပ်ကာ ဆယ်တန်းဆောင်ဆီ အမြန် ပြေးတော့သည်။

ရတနာပုံ ကိုယ်ပိုင် ကျောင်းက လေးထပ်တိုက်ဖြစ်ပြီး ငါးတန်းမှ ဆယ်တန်း ထိသာ လက်ခံသည်။အငယ်တန်းပေါက်စတွေ မရှိတော့ နားအေးသည်။

ဆယ်တန်းဆောင်က သုံးထပ်မြောက်တွင် ဖြစ်သည်။

ခမ်းနော့ဝ် အပြေးနှင်လာရင်း လှေကား ရင်းတွင် ဝုန်း ဆိုသော အသံကြားလိုက်ရသည်။

ပြီး အဆက်မပြတ် သဲကြီးမဲကြီး ထိုးကြိတ်သံတွေ။

ခမ်းနော့ဝ် လန့်ဖြတ်သွားသည်။အသည်းနုတာတော့ မဟုတ်ပေမယ့် ရုတ်တရက်ကြီး သူ ရှေ့မှ ရန်ဖြစ်တာ မတွေ့ဖူးတော့ လန့်သွားသည်။

ဘယ်သူတွေ များ ရန်ဖြစ်နေပါလိမ့်။

ရှေ့ နည်းနည်း တိုးကြည့်တော့ ဘုရားရေ . . .ဉာဏ်ကိုးနောင်ကြီးဟ!!

ကိုးနောင်က အထက်စီးကနေ တစ်ဖက်သူကို အသေအကြေ ထိုးနေတာ ဖြစ်သည်။

မျက်နှာကမူ ဒေါသ ထွက်နေတာလည်း မရှိ၊ပုံမှန်တိုင်း ပင်။သို့သော် အေးစက်နေပြီး နှုတ်ခမ်းများကမူ ပြုံးနေသည်။

ဒီပုံ တိုင်းဆို သေကုန်တော့မည်။

ခမ်းနော့ဝ် ဝင်ဆွဲလို့လည်း မရ။သူက သေးသေးကွေးကွေး ဝင်ဆွဲရင် သူပါ ရော၍ မာလကီးယားသွားမည်။

မဖြစ်။

"ဆရာ ဆရာ ဆရာ !!! သတ်နေလို့ ကယ်ကြပါဦး ဆရာ ဆရာ. . ."

ခမ်းနော့ဝ် ရဲ့ ဗလုံးဗထွေး ပြဲကွဲ လှတဲ့ အသံအိုးကြောင့် ဆရာ မင်းရှင်မော်က ထမင်းစားနေရာမှ လောလောထွက်လာကာ

"ခမ်းနော့ဝ် ဘာဖြစ် . . . ဟ့ ဉာဏ်ကိုးနောင် ရပ်စမ်း!!. . .ငါ ခု ရပ်လို့ ပြောနေတယ်. . ."

ခမ်းနော့ဝ် ခု မှ သေချာကြည့်မိတော့ ကိုးနောင်နဲ့ ရန်ဖြစ်‌နေသူမှာ Day 2 အကိုကြီး တစ်ယောက် ဖြစ်သည်။

ရုတ်ရုတ် သဲသဲ ဖြစ်သွားပြီးနောက် ကိုးနောင်နှင့် Day 2 အကိုကြီးတို့ ရုံးခန်း ကို ဆိုက်မြိုက်စွာ ရောက်သွားသည်။မဆီမဆိုင် သူကပါ ရောယောင် ကြွမြန်းရလေသည်။

ထူးဆန်းသည်မှာ အသေ အထိုးခံရတာ Day 2 အကိုကြီး ဖြစ်သော်လည်း ရုံးခန်း ရောက်သောအခါ သူက ကိုးနောင်ကိုရော အုပ်ကြီးကိုပါ ဒူးထောက် တောင်းပန်နေသည်။

"မှားပါတယ် ကျွန်တော် နောက်ခါ အဲ့လို ထပ်မလုပ်တော့ပါဘူး တောင်းပန်ပါတယ် တောင်းပန်ပါတယ်. . ."

တောင်းပန်စကားကိုသာ အရူးတစ်ယောက် လို အထပ်ထပ်ရေရွတ်နေခဲ့ပြီး ကိုးနောင်မှာ အပြစ်မရှိဘဲ သူသာလျှင် ပြဿနာ စဆုံး တာဝန် ရှိပါသည် ဟု ဝန်ခံနေလေသည်။

ကိုးနောင်က မူ ထုံးစံ တိုင်း တည်တည်လေး ထိုင်နေသည်။သုံးဆယ့်တစ်ဘုံလုံးဝယ် အပြစ် ကင်းစင်ဆုံး သူတော်စင်လေးလို။ရှည်လျား ကော့ဖြူးသော မျက်တောင်တို့ကို အသာလေး ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး မျက်လွှာလေး ချနေသည်။

"အဲ့တော့ . . . မင်းတို့ နှစ်ယောက် က ဘာကိစ္စ ရန်ဖြစ်ကြတာလဲ. . ."

အုပ်ကြီးရဲ့ မေးသံ အဆုံး Day 2အကိုကြီးက တုန်ရီစွာ

"ကျွန် . . .ကျွန် . . .ကျွန်တော် . . .ဉာဏ်ကိုးနောင် ကို ချစ်တယ် လို့ ပြောမိလို့ပါ. . ."

အုပ်ကြီးက မျက်လုံးပြူးသွားပြီး ဆရာ မင်းရှင်မော်က မျက်မှောင်ကုတ်သည်။ခမ်းနော့ဝ်က တော့ ပါးစပ် အဟောင်းသား။

Speechless ပါပဲ ဘရို။

ကိုးနောင်က စော်ကြည် ဘဲကြည် ပေမယ့် ဒီလိုမျိုးကြီး ပေါ်တင်ဝန်ခံ တာက လုံးဝ မရှိခဲ့ပါပေ။ အံ့အား သင့်စရာကြီးပင်။

ထိုနေ့ကိစ္စက တစ်ကျောင်းလုံး ဟိုးလေး တစ်ကျော်ကျော်၊ဉာဏ်ကိုးနောင် ကို ဖွင့်ပြောမိ၍ အသေ အထိုး ခံရ ဟူ၍။

နောက်နေ့ တွင် Day 2အကိုကြီး ကျောင်း ထုတ်ခံလိုက်ရသည်။

ထိုနေ့ ကိစ္စ ဖြစ်ပြီးချိန်မှ စ ဉာဏ်ကိုးနောင်ကို  မိန်းကလေးတွေ စာပေး နည်းလာသည်။‌ယောက်ျားလေးတွေ ဘက်ကလည်း နည်းနည်း ရှိန်သွားကြ၏။

အတော်လေး နားအေး ပါးအေး ရှိသွားပါသည်။

သို့သော် ကြာကြာ မအေးချမ်းရပါ။သောက်ပြဿနာမီးက သူ့ဆီ တည့်တည့် လာတော့သည်။

"ဘယ်နှယ့် တစ် ဉာဏ် တည်း ဉာဏ်နေတဲ့ဟာတွေ . . နင်တို့ကို နင်တို့ ဆယ်တန်းဆိုတာ မှတ်ထားကြဦး အချစ်ရောဂါ ထမနေကြနဲ့. . .စာမေးပွဲဖြေ ရင် ဉာဏ်ကိုးနောင်က လာဖြေမပေးဘူး. . . ကိုယ့် ဘာသာပဲ ဖြေရမှာ စာသာ သေချာကျက်ကြစမ်း. . .ကောင်တွေ ကောင်မတွေရဲ့ ငါ အဲ့လို ရိုင်းရိုင်းပဲ ပြောတော့မယ်. . . "

အုပ်ကြီးက ဒေါနဲ့မောနဲ့ ဆုံးမသံကြားဝယ် တစ်တန်းလုံး တုတ်တုတ်မှ မလှုပ်ရဲကြ။

"နေရာ ခွဲမယ် ဉာဏ်ကိုးနောင် . . . သွား စိုင်းဆိုင်ခမ်းနော့ဝ် ဘေး လာထိုင်ချည်"

အုပ်ကြီး စကားသံ အဆုံး ခမ်းနော့ဝ် မျက်နှာရှုံမဲ့သွား၏။

ခမ်းနော့ဝ်က တတိယ တန်းမှာ ထိုင်တာ ဖြစ်ပြီး စုစု ပေါင်း သုံးယောက်ထိုင်ကြသည်။

သုံးယောက်တည်း ဆိုတော့ ကျယ်ကျယ်ဝန်းဝန်း ရှိသော်လည်း ကိုးနောင် လာသောအခါမူ လေးယောက်ဖြစ်ကာ ကြပ်ညပ် သွားသည်။

ကိုးနောင်က ဘေးဆုံးမှာ ထိုင်သည်။
ခမ်းနော့ဝ်က အလိုလိုနေရင်း ကြားရောက်သွားသည်။ကြားတွေ ကို ခမ်းနော့ဝ် မကြိုက်ပါ၊ဘေးဆုံးပဲ ကြိုက်သည်။

ဆူအောင့်အောင့် ပြောရန် ကိုးနောင် ဘက် လှည့်လိုက်တော့ မျက်နှာချာချောလေးက ငုံ့ကာ စာရေးနေသည်။ ကြည်လင်သော ပါးပြင်ဖြူဖြူပေါ်က သွေးကြောစိမ်းစိမ်းပြာပြာ လေးများကို ရေးတေးတေး မြင်နေရသည်။

မျက်လုံးစိမ်းစိမ်းလေးများက တစ်နေရာထဲ အာရုံ စူးစိုက်နေသည်။

သူ ကြည့်နေတာ သတိထားမိသောအခါ မျက်လုံးလေးက ညင်သာစွာ လှုပ်ခတ်သွားပြီး ခမ်းနော့ဝ် မျက်ဝန်း တည့်တည့် ပြန် စိုက်ကြည့်လေသည်။

ခမ်းနော့ဝ် ရင်ထဲ ‌ဟီရိုရှီးမား ဗုံး ကြဲ သလို ပရမ်းပတာ ဖြစ်သွား၏။

"ဟင်. . ."
ဉာဏ်ကိုးနောင် ပြောသော ပထမဆုံး စကားက 'ဟင်' တဲ့။

"ဘာ. . . ဘာမှ မဟုတ်ဘူး ဆက်ရေး ဆက်ရေး"

ခမ်းနော့ဝ် ‌ဘေးနား ကိုးနောင် ရောက်လာတာ ကံဆိုးတာလား ကံကောင်းတာလား မပြောတတ်ပေ။

ကံကောင်းတာက ရူပအဆင်းပပဝင်း ကို နေ့တိုင်း စတုဒိသာ စားသလို တစ်ဝကြီး ကြည့်ရ ရှူရ ခံစားရပေ၏။

အရင်က ကိုးနောင်ကို "မချောဘူး" ပြောခဲ့တာ သက်သက် အာချောင်တာပင်။ချောတာမှ အနီးကပ် ကြည့်လေ ပို ပို ချောလေ။

ကံဆိုးတာက

"EC ဒီစာလေး ကိုးနောင် ပေး ပေးပါလားကွာ. . . လုပ်ပါ . . .,ကူညီ ပါ"

"နိုး ရှုပ်ရှုပ်ရှက်ရှက်တွေ"

"လုပ်ပါ ခမ်းနော့ဝ်ရာ သူငယ်ချင်း ချင်း ပဲဟာ. . .သ‌င်္ဘောသီးထောင်း ဝယ်ကျွေးမယ်. . ."

"ငါက အဲ့ သင်္ဘောသီး ထောင်းလေးအတွက်နဲ့ လုပ်မယ်များ ထင်. . ."

"သင်္ဘောသီးထောင်းနဲ့ ပိုက်ဆံ ငါးထောင်"

"ဟုတ်တာပေါ့ သူငယ်ချင်းတွေပဲဟာ ကူညီရမှာပေါ့ ဟဲ. .  ဟဲ. . ."

ခမ်းနော့ဝ်လက်ထဲ ရေမွှေးနံ့ ပျံ့ပျံ့လေး သင်းသော အဖြူရောင် စာအိတ်လေး ရောက်ချလာသည်။

ကဗျာ တယ်ဆန်ပါလား. . . ။

Physicချိန် စာမေးနေသည်ကို အခွင့်ကောင်းယူကာ ခမ်းနော့ဝ် စာကျက်ရင်း တန်းလန်း စာအုပ်နဲ့ မျက်နှာ မခွာဘဲ စာအိတ်ကို ကိုးနောင် ဆီ တိုးပေးလိုက်သည်။

ခါတိုင်းလို လွှတ်ပစ်မယ် ထင်ထားသော်လည်း ကိုးနောင်က ချက်ချင်း ဖွင့် ဖောက်လိုက်သည်။

ဟို ငနဲ ကတော့ ကံကောင်း လှချည်လား။

ခဏအကြာ physicဆရာ concept တွေ ခမ်းနော့ဝ်ကို လာမေးနေ၍ အာရုံမှာ ကိုးနောင် ဆီမှ လွင့် ပြယ်သွားသည်။

ခမ်းနော့ဝ် မတ်တပ်ရပ် စာဆိုပြီး၍ ထိုင်မည် ကြံစဉ် ဘေးသို့ အမှတ်မထင် လှည့်ကြည့်မိသောအခါ ကိုးနောင် အိတ်ကပ်ထဲဝယ် အဖြူရောင် စာအိတ်လေး က ဝံ့ထည်စွာ။

ဝိုး. . . သူ ပဲ စိတ်ထင် လား မသိ။ကိုးနောင် နှုတ်ခမ်းက ပြုံးချင်ချင်ပင်။

Day 2 အကိုကြီးကိုကျ ပိုးစိုးပက်စက် ထိုးပြီး ဒီစာအိတ်ကျ ကြည်ဖြူစွာ။ဪ. . .ဘက်လိုက်လှပါတကား။

ဪ. . .ရည်းစား ဆိုတာ ဘာပါလိမ့် အချစ်ဆိုတာ ဘာပါလိမ့်. . .။

ခမ်းနော့ဝ် ကိုယ့် ကို ကို ထိန့်လန့်သွားမိ၏။

ဆယ်တန်း က အရေးကြီးသည်။စိတ်တွေ
ကယောင်ခြောင်ခြား လေလွင့် လို့ မဖြစ်။

Physic ချိန် ပြီးတော့မည်။နောက်ချိန် English. . . ။

အချစ်ထက် ဂျူတီကုတ်ဖြူ ဝတ်ဖို့က ပို အရေးကြီးသည်။

သို့သော်. . .။

ခမ်းနော့ဝ်လည်း ရည်းစားချောချောလေး တစ်ယောက်တော့ လိုချင်မိသည်။ဉာဏ်ကိုးနောင်လို
မှုန်ထွဍ် နေအောင် မချောတောင် လှလှလေးပေါ့။

ဆယ်တန်းက ပင်ပန်းလှ၏။ဘေးနား အဖော်လေး ရှိမှ အမောပြေမှာပေါ့။မဟုတ်ဘူးလား။

______________________________________

1.09 a.m
14.10.2022(Thursday)
Mary_Koe
3029

Please give me feedback😉😚

Zawgyi

Rose but snake

စိုင္းဆိုင္ခမ္းေနာ့ဝ္ႏွင့္ ဉာဏ္ကိုးေနာင္တို႔ အေၾကာင္း ကို တစ္က စ ကာ နိဒါန္းခ်ီ ေျပာၾကမည္ ဆိုပါစို႔။

လြန္ခဲ့ေသာ 16ႏွစ္ ခန႔္က စတင္ ရေပမည္။

ခမ္းေနာ့ဝ္ ေဖေဖက ရွမ္းျပည္နယ္တြင္ ေအာင္ျမင္ခ်မ္းသာေနေသာ စီးပြားေရး လုပ္ငန္း ရွင္ႀကီး ျဖစ္ၿပီး ေမေမက ေစာ္ဘြား မ်ိဳးႏြယ္။

ခမ္းေနာ့ဝ္မွာ အစ္မႀကီး တစ္ေယာက္ အစ္ကို ႏွစ္ေယာက္ရွိၿပီး သူက အိမ္မွာ အေထြးဆုံးပင္။

ခမ္းေနာ့ဝ္ အစ္မႏွင့္ အစ္ကိုေတြက အလြန္ထက္ျမက္ၾကၿပီး ေဖႏွင့္ ေမ သည္ အၿမဲ သူတို႔ကို ဂုဏ္ယူ ဝံ့ႂကြားေလ့ ရွိသည္။ခမ္းေနာ့ဝ္မွာမူ ေတာက္ပ ေနေသာ သူတို႔ ႏွင့္ ယွဥ္ ကာ ကို႔ယ္ကိုကို အၿမဲ သိမ္ငယ္ခဲ့ရသည္။

မိသားစု ထမင္းဝိုင္းတြင္ အစ္ကို အစ္မ ေတြ လို သား လည္း ေက်ာင္းမွာ အဆင့္တစ္ ဟု ဝံ့ဝံ့ႂကြားႂကြား ေျပာခ်င္သည္။

ငယ္႐ြယ္လြတ္လပ္ေသာ ကေလးမ်ား အ႐ြယ္တြင္ ခမ္းေနာ့ဝ္တြက္ ကစားခ်ိန္ ဆိုတာ မရွိ။စာ စာ စာႏွင့္ သာ လုံးပန္းခဲ့ရသည္။

ပါဝါ မ်က္မွန္ ထူႀကီးႏွင့္ ဆံပင္ လိမ္ပြပြ မ်ားက မ်က္ႏွာေသးေသးေလးေပၚ ပြရႈပ္လ်က္ စာအုပ္ ထူႀကီးႏွင့္သာ အၿမဲ အလုပ္ရႈပ္ေနေသာ ေကာင္ေလးတစ္ေယာက္၊အမ်ားကေတာ့ စာဂ်ပိဳးဟု သမုတ္ၾကသည္။

ဘယ္လိုေျပာေျပာ အစ္ကို အစ္မေတြ ထက္ ေတာ္ ကို ေတာ္ေနရမည္။ေဖႏွင့္ ေမသည္ သူ႕အတြက္လည္း ဂုဏ္ယူဝံ့ ႂကြားေနေစရမည္။

ငါးတန္းကတည္းက အိမ္ႏွင့္ ခြဲကာ မႏၱေလး ကိုယ္ပိုင္ေက်ာင္းတြင္ အေဆာင္ေနခဲ့ၿပီး စာႀကိဳးစားခဲ့သည္။

'တကယ္ျဖစ္ခ်င္ အမွန္လုပ္ အဟုတ္ ျဖစ္ရမည္' ဆိုေသာ စာသားကို ကြန္ဗားဘူးတြင္ကပ္ ၿပီး အၿမဲ ကိုယ့္ ကို ကို motivation ေပးသည္။

ဇြဲ လုံ႕လ ဝီရိယ ဉာဏ္ပညာ သာ ရွိလွ်င္ ေလာက တြင္ မျဖစ္နိုင္တာ ဘာမွ မရွိ။

ခမ္းေနာ့ဝ္ ႀကိဳးစားမႈသည္ အရာ ထင္ခဲ့ပါ၏။

ႏွစ္တိုင္း ထူးခြၽန္ဆုတံဆိပ္ တို႔သည္ သူ႕ လက္ထဲ ေရာက္လာခဲ့သည္။

ငါးတန္း မွ ကိုးတန္းထိတိုင္ ဒီ ေက်ာင္းမွာပဲ ဆက္တိုက္ အေဆာင္ေက်ာင္းသားအျဖစ္ ေနထိုင္ တက္လာၿပီးေနာက္ ေက်ာင္းအုပ္ ဆရာမႀကီး ၏ သား အရင္းလိုေတာင္ ျဖစ္လာသည္။ဆရာ ဆရာမ မ်ား၏ ပင္တိုင္ အခ်စ္ေတာ္ ျဖစ္လာခဲ့သည္။

မ်က္လုံးေမွးေမွး မ်က္မွန္ထူထူ ဆံပင္က လိမ္ေကာက္ေနကာ မ်က္ႏွာတစ္ဝက္ေလာက္ ဖုံးေနတတ္ေသာ သူ႕ ပုံစံ သည္ ႐ုပ္ဆိုးေသာ္လည္း အတန္းထဲမွာေတာ့ အကုန္ ဖူးဖူး မႈတ္ထားျခင္း ခံရ၏။

ေက်ာင္းသားေတြ ဆရာ ဆရာမေတြ။

ေက်ာင္းသား ေတြက စာကူးခ်လိဳ၍ ခမ္းေနာ့ဝ္ကို မ်က္ႏွာခ်ိဳေသြးၾကၿပီး ဆရာ ဆရာမေတြကေတာ့ သူတို႔ အခ်ိန္ တစ္တန္းလုံး အိပ္ေနသည့္ တိုင္ေအာင္ ပင္တိုင္ စာေအာ္ေပးသူမွာ ခမ္းေနာ့ဝ္ ျဖစ္ေသာေၾကာင့္ တစ္ခန္းလုံး ခမ္းေနာ့ဝ္ကို ပူေဇာ္ပသ ထားၾကသည္။

ၿပီး တစ္တန္းလုံး တစ္ညီညာတည္း ခမ္းေနာ့ဝ္ကို သူတို႔ ေသာက္ျပႆနာ ရွာတိုင္း ရွင္းေပးရသည့္ ECအျဖစ္ ခန႔္လိုက္ၾကသည္။

ေခြးမသားေတြ သူတို႔ မလုပ္ခ်င္တိုင္း။

ရတနာပုံ ကိုယ္ပိုင္ေက်ာင္းသည္ မႏၱေလးၿမိဳ႕ေတာ္ႀကီးတြင္ စည္းကမ္း တင္းၾကပ္ေသာ ေက်ာင္းဟု နာမည္ႀကီးသည္။စည္းကမ္းတင္းခ်က္ကေတာ့ မိန္းကေလးႏွင့္ ေယာက္်ားေလး စကားေျပာခြင့္ လုံးဝမရွိ။ပတ္ပတ္လည္ ဂိုက္ေတြ ဝိုင္းေနသည္မွာ အက်ဥ္းေထာင္ထဲ ေရာက္သြားသလိုပင္။

သို႔ေသာ္ ခမ္းေနာ့ဝ္ လို ပညာလိုခ်င္သူေတြအတြက္ကေတာ့ ရတနာပုံဟာ ေ႐ႊပင္ ျဖစ္သည္။

ကိုးတန္းႏွစ္၊ပထမႏွစ္ဝက္။

ႏွစ္ဝက္စာေမးပြဲ ေျဖရန္ ေလးပတ္သာ လိုေတာ့သည့္ ခ်ိန္။

ေန႕လည္ ထမင္းစားေက်ာင္း ဆင္းၿပီး ျပန္တက္ခ်ိန္။

ျမန္မာစာ ဆရာ မင္းရွင္ေမာ္ရဲ႕ အသံ က နားထဲ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္။
ခမ္းေနာ့ဝ္ ည က တစ္ခြဲ ထိတိုင္ definition ေတြကို အေခါက္ေခါက္ အခါခါ က်က္ေနခဲ့မိ၍ ခု ငိုက္ျမည္းေနသည္။

ထိုစဥ္ တံခါးဝ ဆြဲဖြင့္သံ ၾကားလိုက္ရၿပီး အုပ္ႀကီး ၏ ေဝဝါးဝါး အသံ။

"ေက်ာင္းသားသစ္" ဆိုလား ဘာလား အသံ နားထဲ ဝင္လာသည္။

ခမ္းေနာ့ဝ္ မ်က္လုံးအေပါက္ေသးေသးေလး လွန္တင္ ဖြင့္ၾကည့္လိုက္ေသာအခါ ဘုရားေရ . . .အိပ္ခ်င္စိတ္ ပင္ ေပ်ာက္သြားသည္။

"ေခ်ာလွခ်ည္လားဟ. . ."

သူ တင္မက တစ္တန္းလုံး တိတ္ဆိတ္ေနၾကသည္။

ကိုးေနာင္. . .ဉာဏ္ကိုးေနာင္။

ႏွင္းဆီေတြ ထက္ လွေပမယ့္ ေႁမြထက္ အဆိပ္ျပင္းတဲ့ ေယာက္်ားကို သူ ေတြ႕ခဲ့ပါသည္။

ကိုးေနာင္က အျဖဴ အစိမ္း ကို သပ္သပ္ရပ္ရပ္ ဝတ္ဆင္ထားေပသည့္တိုင္ အကၤ်ီေတြ က တြန႔္ေၾကေနသည္။

သို႔ေသာ္ ရွင္းသန႔္ ႏုနယ္ေသာ မ်က္ႏွာဖူးဖူး ေလးက အလွ ပ်က္မသြားေပ။

ဆံပင္မ်ားကို အေသအခ်ာ ေနာက္လွန္သိမ္းထားေတာ့ လူႀကီး ေပါက္စ ေလးလိုပင္။

ရွည္လ်ားေသာ အရပ္အေမာင္းက အုပ္ႀကီးထက္ပင္ ေခါင္းတစ္လုံး ျမင့္ေသးသည္။

"သား. . .က အရပ္ နည္းနည္း ျမင့္ေတာ့ အေနာက္မွာ ထိုင္လိုက္ သား ေရွ႕ မွာ ထိုင္ရင္ ေနာက္က လူေတြ ေက်ာက္သင္ပုန္း မျမင္ရဘဲ ေနလိမ့္မယ္. . "

"ဟုတ္ကဲ့"

သူ႕ အသံ က ညင္ညင္သာသာပဲ ျဖစ္သည္။နား ထဲ ကို ေအးေအးခ်မ္းခ်မ္းေလး စီးဝင္သြားသည္။

ခမ္းေနာ့ဝ္ ပထမဆုံး ကိုးေနာင္ႏွင့္ ပတ္သက္၍ ေစာက္ေခ်ာႀကီး ဟုသာ မွတ္ခ်က္ခ်ခဲ့ၿပီး ဒီထက္ပိုၿပီး ခံစားခ်က္ တစ္စုံတစ္ရာ မရွိခဲ့ပါေလ။

သို႔ေသာ္ ပထမႏွစ္ဝက္အၿပီး အမွတ္စာရင္း ထြက္ေသာအခါ ခမ္းေနာ့ဝ္ မ်က္လုံးေတြ ျပဴးထြက္ကုန္သည္။ပထမႏွစ္ဝက္မွ ေက်ာင္းေျပာင္းလာတဲ့ ေကာင္က အဆင့္တစ္။

သူလို မအိပ္မေန အေသအေၾက ႀကိဳးစားခဲ့တဲ့ သူ။
သင္ခန္းစာ ေတြ အကုန္လုံးကို ထုံးလိုေမႊ ေရလိုႏွောက္ ဖြတ္ဖြတ္ေၾကေအာင္ က်က္မွတ္ ထားသူက ႏွစ္။

ခမ္းေနာ့ဝ္ ဒုတိယ အႀကိမ္ ကိုးေနာင္ႏွင့္ ပတ္သက္၍ ဟိုက္ပါႀကီး ဟု မွတ္ခ်က္ခ်ခဲ့သည္။

F* ပဲ။

ခမ္းေနာ့ဝ္ တျဖည္းျဖည္း ဉာဏ္ကိုးေနာင္ကို မနာလိုလာသည္။

အတန္း ထဲ က အလွဆုံး ေကာင္မေလးက ကိုးေနာင္ကို စာေပးသတဲ့။အုပ္ႀကီး ဆီမွာ အရိုက္ခံၿပီးေတာ့ေတာင္ေလ။

အတန္းထဲမွာ တပ္ထားတဲ့ CCTV ေတြ ဖ်က္ဆီး ခံထားရၿပီး ေနာက္ေန႕တြင္ ကိုးေနာင္ စားပြဲ ေပၚမွာ တင္ထားတဲ့ ရည္းစားစာေတြ ပန္းေတြ မုန႔္ေတြ ရႈပ္ပြေနေလ့ရွိသည္။

ကိုးေနာင္ ကို အစ က မိန္းကေလးေတြ သဲသဲလႈပ္ ၾကသည္။ေနာက္ပိုင္းတြင္ ေယာက္်ားေလးေတြ ထဲက ဘယ္ေကာင္ မွန္းမသိ၊ကိုးေနာင္ကို ရည္းစားစာ စ ၍ ခိုးေပးသည္။

အဲ့ က စ၍ နဂို ကတည္းက ကိုးေနာင္တြက္ဆို ေကြးခ်င္ေနေသာ အတန္းထဲ က အမ်ိဳးသား ထုႀကီးမွာ တစ္ေယာက္ၿပီး တစ္ေယာက္ အၿပိဳင္အဆိုင္ ကိုးေနာင္ကို လိုက္ ပိုးၾကသည္။

ကိုးေနာင္ နာမည္ႀကီးခ်က္က ဆယ္တန္း ခန္းက အကိုႀကီး ေတြကပင္ မသိမသာ လာေခ်ာင္းၾကသည္။

ခမ္းေနာ့ဝ္ကေတာ့ လူတစ္မ်ိဳးပင္။သူတို႔ အဲ့လို သဲသဲ လႈပ္ေလ ခမ္းေနာ့ဝ္က အျမင္ကပ္ေလ။

"မင္းတို႔ ဘာသာ ႀကိဳက္ခ်င္လို႔ ႀကိဳက္ေနတာဉာဏ္ကိုးေနာင္က အဲ့ေလာက္ႀကီး ေခ်ာေနတာလည္း မဟုတ္ပါဘူး. . ."

"EC. . . စာၾကည့္ တာမ်ားလို႔ မ်က္လုံး ပ်က္သြားၿပီ ထင္တယ္. . . မ်က္မွန္ေလး ဘာေလး ျပန္ခ်ိန္. . ."

"ေအး ငါ့ကို မေထာက္ခံရင္ မနက္ျဖန္ သခၤ်ာအေျဖ ငါ မျပဘူးေနာ္. . ."

ခမ္းေနာ့ဝ္ သည္ သူ အနည္းဆုံးေတာ့ ေက်ာင္းတြင္ စာ အေတာ္ဆုံး ထူးခြၽန္ ေက်ာင္းသား ျဖစ္ေနေသးသည္ ဟု ေျဖသိမ့္ခဲ့ေသာ္လည္း မ်က္စိ တစ္မွိတ္ တြင္း ထိုေနရာကို ဉာဏ္ကိုးေနာင္ လုသြားျပန္၏။

ဆရာ ဆရာမ အခ်စ္ေတာ္၊ေက်ာင္းသူ ေက်ာင္းသား တိုင္းရဲ႕ အခ်စ္ဆုံး။

သူ ကိုးေနာင္ကို မုန္းခဲ့သည္။
ဆိုးဆိုး႐ြား႐ြား မုန္းတီးေနတာမ်ိဳး မဟုတ္ ေသာ္လည္း ရင္ထဲတြင္ ကိုးေနာင္ က ဆူးတစ္ေခ်ာင္းလို ခုလု ခုလု။

လူတို႔ တစိမ့္စိမ့္ ေစာင့္ၾကည့္မိသူ ႏွစ္မ်ိဳးရွိသည္။ခ်စ္သူ ႏွင့္ မုန္းသူ။

ကိုးေနာင္ က အကၤ်ီ ႏွစ္ထည္ပဲ ပတ္ ဝတ္ေလ့ရွိသည္။တစ္ထည္က တံဆိပ္ပါၿပီး ေနာက္တစ္ထည္က အစြန္းကြက္ေသးေသး ေလး ပါသည္။

ကိုးေနာင္ ၿပဳံးတာ မေတြ႕ဖူးေပ။ပန္းေရာင္ ရင့္ရင့္ ႏႈတ္ခမ္းစြန္းတို႔က အၿမဲ တည္ၿငိမ္ေနသည္။

စကား လည္း မေျပာေပ။ဟို တစ္ခါ "ဟုတ္ကဲ့"ဟု ေျပာခဲ့ဖူး၍ သာ ဆြံ႕အ နားမၾကား မဟုတ္မွန္း သိေတာ့သည္။

သူ႕ကို ခ်စ္ေရးဆိုထားသည့္ ရည္းစား စာေတြကို အမွိုက္ ေတာင္းထဲ လႊတ္ပစ္ေလ့ရွိသည္။ ဘယ္ေတာ့မွ ဖြင့္မဖတ္တတ္။သူမ်ား
ပင္ပင္ပန္းပန္း ေရးထားတာကို နည္းနည္းေလးမွ ဂ႐ုမစိုက္။

ေပးလိုက္သည့္ မုန႔္ေတြကိုေတာ့ သယ္ေတာ့ သယ္သြားသည္။

ကိုးေနာင္က အၿမဲ တစ္ေယာက္တည္းပဲ ျဖစ္သည္။ထမင္းစားလည္း သူ႕ေနရာမွာ သူၿငိမ္ၿငိမ္ေလးပဲ ထိုင္စားသည္။

ဉာဏ္ကိုးေနာင္တြင္ အထူးျခားဆုံးက မ်က္လုံးမ်ားပင္။စိမ္းစိမ္းေတာက္ေတာက္ မ်က္ဆံမ်ားက ေႁမြတစ္ေကာင္ လို ညွို႔အားျပင္းၿပီး စူးရွသည္။

သို႔ေသာ္ ဉာဏ္ကိုးေနာင္သည္ တစ္ေနရာထဲကိုပဲ မ်က္ေတာင္မခတ္ စိုက္ၾကည့္တတ္သည္။အသက္မရွိသလိုမ်ိဳး။

ကိုးေနာင္ကို ျဖတ္ခနဲ လွည့္ၾကည့္လိုက္ရင္ သိပ္လွသည္ ဟု ေကာက္ခ်က္ ခ် ၾကေပသည္။

နည္းနည္းၾကာၾကာ ၾကည့္မိလွ်င္ သူကို လိုခ်င္ တက္မက္ မိေပလိမ့္မည္။

အၾကာႀကီး စိုက္ၾကည့္မိသည့္ ခမ္းေနာ့ဝ္ တြက္မူ ကိုးေနာင္ကို ၾကည့္ရင္း ေၾကကြဲ ဝမ္းနည္းလာသလိုပင္။

ဒါသည္ ခမ္းေနာ့ဝ္ ပထမဆုံး စေတြ႕ ခဲ့စဥ္က အျဖစ္အပ်က္ေတြပင္။

+++

တျဖည္းျဖည္း အခ်ိန္ေတြ ကုန္ဆုံးလာသည္။

ပ်င္းရိ ေလးတြဲ႕ ဖြယ္ ႏြေ အားလပ္ရက္ေတြ ကုန္လြန္ၿပီးေနာက္ ရတနာပုံ ကို ေနာက္တစ္ေခါက္ ေရာက္ခဲ့ျပန္သည္။

ဆယ္တန္း။

အခက္ခဲဆုံး၊ အပင္ပန္းခံရဆုံး၊ ေသကုန္ေသခန္း ႀကိဳးစားရတဲ့ ဒီအတန္း။

ခမ္းေနာ့ဝ္ ဖင္ေခါင္းက်ယ္တာေတာ့ မဟုတ္ေပမယ့္ သူ႕အတြက္ ဒီ ဆယ္တန္းေလး ရိုရိုး ေအာင္ဖို႔က အသာေလးပင္။

သို႔ေသာ္ သူလိုခ်င္တာ ဂုဏ္ထူးႏွင့္ အမွတ္ေကာင္းေကာင္း။

သူ ဆရာဝန္ ျဖစ္ကို ျဖစ္ရမည္။သို႔မွသာ သူ႕မိသားစု တြင္ သူ ေခါင္းေမာ့ ေနနိုင္မည္။

ျမန္မာနိုင္ငံ မွာ ဆရာဝန္ ဂုဏ္က ဘုရား လိုပင္ မဟုတ္ပါေလာ။

ခမ္းေနာ့ဝ္ မွာ chemistry ကို ရည္းစားလုပ္ physicကို မေအေတာ္ bioကို ဖေအ အရာ ထားေန၍ ကိုးတန္းတုံးကလို ကိုးေနာင္ ကို အားအားယားယား လိုက္ၾကည့္မေနနိုင္ေတာ့ေပ။

ဇြန္ လရဲ႕ မိုးသည္းတဲ့ ေန႕ တစ္ေန႕၊ထမင္းစားေက်ာင္း ဆင္းခ်ိန္။

ခမ္းေနာ့ဝ္ တို႔လို အေဆာင္သားေတြ က ထမင္းစားေက်ာင္းဆင္းလွ်င္ သတ္မွတ္ေနရာသို႔ အျမန္ သြားၿပီး အေဆာင္က ေကြၽးသမွ် အားရပါရ အမုန္းတီးသည္။

အားလုံး ထဲမွာ ခမ္းေနာ့ဝ္ ထမင္းစားတာ အျမန္ဆုံးပင္။ထမင္း ျမန္ျမန္စားၿပီး စာ ျမန္ျမန္က်က္ရမည္။အလုတ္ႀကီးေတြ ခပ္သုတ္သုတ္ ပလုတ္ပေလာင္း သြပ္ကာ ဆယ္တန္းေဆာင္ဆီ အျမန္ ေျပးေတာ့သည္။

ရတနာပုံ ကိုယ္ပိုင္ ေက်ာင္းက ေလးထပ္တိုက္ျဖစ္ၿပီး ငါးတန္းမွ ဆယ္တန္း ထိသာ လက္ခံသည္။အငယ္တန္းေပါက္စေတြ မရွိေတာ့ နားေအးသည္။

ဆယ္တန္းေဆာင္က သုံးထပ္ေျမာက္တြင္ ျဖစ္သည္။

ခမ္းေနာ့ဝ္ အေျပးႏွင္လာရင္း ေလွကား ရင္းတြင္ ဝုန္း ဆိုေသာ အသံၾကားလိုက္ရသည္။

ၿပီး အဆက္မျပတ္ သဲႀကီးမဲႀကီး ထိုးႀကိတ္သံေတြ။

ခမ္းေနာ့ဝ္ လန႔္ျဖတ္သြားသည္။အသည္းႏုတာေတာ့ မဟုတ္ေပမယ့္ ႐ုတ္တရက္ႀကီး သူ ေရွ႕မွ ရန္ျဖစ္တာ မေတြ႕ဖူးေတာ့ လန႔္သြားသည္။

ဘယ္သူေတြ မ်ား ရန္ျဖစ္ေနပါလိမ့္။

ေရွ႕ နည္းနည္း တိုးၾကည့္ေတာ့ ဘုရားေရ . . .ဉာဏ္ကိုးေနာင္ႀကီးဟ!!

ကိုးေနာင္က အထက္စီးကေန တစ္ဖက္သူကို အေသအေၾက ထိုးေနတာ ျဖစ္သည္။

မ်က္ႏွာကမူ ေဒါသ ထြက္ေနတာလည္း မရွိ၊ပုံမွန္တိုင္း ပင္။သို႔ေသာ္ ေအးစက္ေနၿပီး ႏႈတ္ခမ္းမ်ားကမူ ၿပဳံးေနသည္။

ဒီပုံ တိုင္းဆို ေသကုန္ေတာ့မည္။

ခမ္းေနာ့ဝ္ ဝင္ဆြဲလို႔လည္း မရ။သူက ေသးေသးေကြးေကြး ဝင္ဆြဲရင္ သူပါ ေရာ၍ မာလကီးယားသြားမည္။

မျဖစ္။

"ဆရာ ဆရာ ဆရာ !!! သတ္ေနလို႔ ကယ္ၾကပါဦး ဆရာ ဆရာ. . ."

ခမ္းေနာ့ဝ္ ရဲ႕ ဗလုံးဗေထြး ၿပဲကြဲ လွတဲ့ အသံအိုးေၾကာင့္ ဆရာ မင္းရွင္ေမာ္က ထမင္းစားေနရာမွ ေလာေလာထြက္လာကာ

"ခမ္းေနာ့ဝ္ ဘာျဖစ္ . . . ဟ့ ဉာဏ္ကိုးေနာင္ ရပ္စမ္း!!. . .ငါ ခု ရပ္လို႔ ေျပာေနတယ္. . ."

ခမ္းေနာ့ဝ္ ခု မွ ေသခ်ာၾကည့္မိေတာ့ ကိုးေနာင္နဲ႕ ရန္ျဖစ္ေနသူမွာ Day 2 အကိုႀကီး တစ္ေယာက္ ျဖစ္သည္။

႐ုတ္႐ုတ္ သဲသဲ ျဖစ္သြားၿပီးေနာက္ ကိုးေနာင္ႏွင့္ Day 2 အကိုႀကီးတို႔ ႐ုံးခန္း ကို ဆိုက္ၿမိဳက္စြာ ေရာက္သြားသည္။မဆီမဆိုင္ သူကပါ ေရာေယာင္ ႂကြျမန္းရေလသည္။

ထူးဆန္းသည္မွာ အေသ အထိုးခံရတာ Day 2 အကိုႀကီး ျဖစ္ေသာ္လည္း ႐ုံးခန္း ေရာက္ေသာအခါ သူက ကိုးေနာင္ကိုေရာ အုပ္ႀကီးကိုပါ ဒူးေထာက္ ေတာင္းပန္ေနသည္။

"မွားပါတယ္ ကြၽန္ေတာ္ ေနာက္ခါ အဲ့လို ထပ္မလုပ္ေတာ့ပါဘူး ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္. . ."

ေတာင္းပန္စကားကိုသာ အ႐ူးတစ္ေယာက္ လို အထပ္ထပ္ေရ႐ြတ္ေနခဲ့ၿပီး ကိုးေနာင္မွာ အျပစ္မရွိဘဲ သူသာလွ်င္ ျပႆနာ စဆုံး တာဝန္ ရွိပါသည္ ဟု ဝန္ခံေနေလသည္။

ကိုးေနာင္က မူ ထုံးစံ တိုင္း တည္တည္ေလး ထိုင္ေနသည္။သုံးဆယ့္တစ္ဘုံလုံးဝယ္ အျပစ္ ကင္းစင္ဆုံး သူေတာ္စင္ေလးလို။ရွည္လ်ား ေကာ့ျဖဴးေသာ မ်က္ေတာင္တို႔ကို အသာေလး ပုတ္ခတ္ ပုတ္ခတ္လုပ္ၿပီး မ်က္လႊာေလး ခ်ေနသည္။

"အဲ့ေတာ့ . . . မင္းတို႔ ႏွစ္ေယာက္ က ဘာကိစၥ ရန္ျဖစ္ၾကတာလဲ. . ."

အုပ္ႀကီးရဲ႕ ေမးသံ အဆုံး Day 2အကိုႀကီးက တုန္ရီစြာ

"ကြၽန္ . . .ကြၽန္ . . .ကြၽန္ေတာ္ . . .ဉာဏ္ကိုးေနာင္ ကို ခ်စ္တယ္ လို႔ ေျပာမိလို႔ပါ. . ."

အုပ္ႀကီးက မ်က္လုံးျပဴးသြားၿပီး ဆရာ မင္းရွင္ေမာ္က မ်က္ေမွာင္ကုတ္သည္။ခမ္းေနာ့ဝ္က ေတာ့ ပါးစပ္ အေဟာင္းသား။

Speechless ပါပဲ ဘရို။

ကိုးေနာင္က ေစာ္ၾကည္ ဘဲၾကည္ ေပမယ့္ ဒီလိုမ်ိဳးႀကီး ေပၚတင္ဝန္ခံ တာက လုံးဝ မရွိခဲ့ပါေပ။ အံ့အား သင့္စရာႀကီးပင္။

ထိုေန႕ကိစၥက တစ္ေက်ာင္းလုံး ဟိုးေလး တစ္ေက်ာ္ေက်ာ္၊ဉာဏ္ကိုးေနာင္ ကို ဖြင့္ေျပာမိ၍ အေသ အထိုး ခံရ ဟူ၍။

ေနာက္ေန႕ တြင္ Day 2အကိုႀကီး ေက်ာင္း ထုတ္ခံလိုက္ရသည္။

ထိုေန႕ ကိစၥ ျဖစ္ၿပီးခ်ိန္မွ စ ဉာဏ္ကိုးေနာင္ကို မိန္းကေလးေတြ စာေပး နည္းလာသည္။ေယာက္်ားေလးေတြ ဘက္ကလည္း နည္းနည္း ရွိန္သြားၾက၏။

အေတာ္ေလး နားေအး ပါးေအး ရွိသြားပါသည္။

သို႔ေသာ္ ၾကာၾကာ မေအးခ်မ္းရပါ။ေသာက္ျပႆနာမီးက သူ႕ဆီ တည့္တည့္ လာေတာ့သည္။

"ဘယ္ႏွယ့္ တစ္ ဉာဏ္ တည္း ဉာဏ္ေနတဲ့ဟာေတြ . . နင္တို႔ကို နင္တို႔ ဆယ္တန္းဆိုတာ မွတ္ထားၾကဦး အခ်စ္ေရာဂါ ထမေနၾကနဲ႕. . .စာေမးပြဲေျဖ ရင္ ဉာဏ္ကိုးေနာင္က လာေျဖမေပးဘူး. . . ကိုယ့္ ဘာသာပဲ ေျဖရမွာ စာသာ ေသခ်ာက်က္ၾကစမ္း. . .ေကာင္ေတြ ေကာင္မေတြရဲ႕ ငါ အဲ့လို ရိုင္းရိုင္းပဲ ေျပာေတာ့မယ္. . . "

အုပ္ႀကီးက ေဒါနဲ႕ေမာနဲ႕ ဆုံးမသံၾကားဝယ္ တစ္တန္းလုံး တုတ္တုတ္မွ မလႈပ္ရဲၾက။

"ေနရာ ခြဲမယ္ ဉာဏ္ကိုးေနာင္ . . . သြား စိုင္းဆိုင္ခမ္းေနာ့ဝ္ ေဘး လာထိုင္ခ်ည္"

အုပ္ႀကီး စကားသံ အဆုံး ခမ္းေနာ့ဝ္ မ်က္ႏွာရႈံမဲ့သြား၏။

ခမ္းေနာ့ဝ္က တတိယ တန္းမွာ ထိုင္တာ ျဖစ္ၿပီး စုစု ေပါင္း သုံးေယာက္ထိုင္ၾကသည္။

သုံးေယာက္တည္း ဆိုေတာ့ က်ယ္က်ယ္ဝန္းဝန္း ရွိေသာ္လည္း ကိုးေနာင္ လာေသာအခါမူ ေလးေယာက္ျဖစ္ကာ ၾကပ္ညပ္ သြားသည္။

ကိုးေနာင္က ေဘးဆုံးမွာ ထိုင္သည္။
ခမ္းေနာ့ဝ္က အလိုလိုေနရင္း ၾကားေရာက္သြားသည္။ၾကားေတြ ကို ခမ္းေနာ့ဝ္ မႀကိဳက္ပါ၊ေဘးဆုံးပဲ ႀကိဳက္သည္။

ဆူေအာင့္ေအာင့္ ေျပာရန္ ကိုးေနာင္ ဘက္ လွည့္လိုက္ေတာ့ မ်က္ႏွာခ်ာေခ်ာေလးက ငုံ႕ကာ စာေရးေနသည္။ ၾကည္လင္ေသာ ပါးျပင္ျဖဴျဖဴေပၚက ေသြးေၾကာစိမ္းစိမ္းျပာျပာ ေလးမ်ားကို ေရးေတးေတး ျမင္ေနရသည္။

မ်က္လုံးစိမ္းစိမ္းေလးမ်ားက တစ္ေနရာထဲ အာ႐ုံ စူးစိုက္ေနသည္။

သူ ၾကည့္ေနတာ သတိထားမိေသာအခါ မ်က္လုံးေလးက ညင္သာစြာ လႈပ္ခတ္သြားၿပီး ခမ္းေနာ့ဝ္ မ်က္ဝန္း တည့္တည့္ ျပန္ စိုက္ၾကည့္ေလသည္။

ခမ္းေနာ့ဝ္ ရင္ထဲ ဟီရိုရွီးမား ဗုံး ႀကဲ သလို ပရမ္းပတာ ျဖစ္သြား၏။

"ဟင္. . ."
ဉာဏ္ကိုးေနာင္ ေျပာေသာ ပထမဆုံး စကားက 'ဟင္' တဲ့။

"ဘာ. . . ဘာမွ မဟုတ္ဘူး ဆက္ေရး ဆက္ေရး"

ခမ္းေနာ့ဝ္ ေဘးနား ကိုးေနာင္ ေရာက္လာတာ ကံဆိုးတာလား ကံေကာင္းတာလား မေျပာတတ္ေပ။

ကံေကာင္းတာက ႐ူပအဆင္းပပဝင္း ကို ေန႕တိုင္း စတုဒိသာ စားသလို တစ္ဝႀကီး ၾကည့္ရ ရႉရ ခံစားရေပ၏။

အရင္က ကိုးေနာင္ကို "မေခ်ာဘူး" ေျပာခဲ့တာ သက္သက္ အာေခ်ာင္တာပင္။ေခ်ာတာမွ အနီးကပ္ ၾကည့္ေလ ပို ပို ေခ်ာေလ။

ကံဆိုးတာက

"EC ဒီစာေလး ကိုးေနာင္ ေပး ေပးပါလားကြာ. . . လုပ္ပါ . . .,ကူညီ ပါ"

"နိုး ရႈပ္ရႈပ္ရွက္ရွက္ေတြ"

"လုပ္ပါ ခမ္းေနာ့ဝ္ရာ သူငယ္ခ်င္း ခ်င္း ပဲဟာ. . .သေဘၤာသီးေထာင္း ဝယ္ေကြၽးမယ္. . ."

"ငါက အဲ့ သေဘၤာသီး ေထာင္းေလးအတြက္နဲ႕ လုပ္မယ္မ်ား ထင္. . ."

"သေဘၤာသီးေထာင္းနဲ႕ ပိုက္ဆံ ငါးေထာင္"

"ဟုတ္တာေပါ့ သူငယ္ခ်င္းေတြပဲဟာ ကူညီရမွာေပါ့ ဟဲ. . ဟဲ. . ."

ခမ္းေနာ့ဝ္လက္ထဲ ေရေမႊးနံ႕ ပ်ံ့ပ်ံ့ေလး သင္းေသာ အျဖဴေရာင္ စာအိတ္ေလး ေရာက္ခ်လာသည္။

ကဗ်ာ တယ္ဆန္ပါလား. . . ။

Physicခ်ိန္ စာေမးေနသည္ကို အခြင့္ေကာင္းယူကာ ခမ္းေနာ့ဝ္ စာက်က္ရင္း တန္းလန္း စာအုပ္နဲ႕ မ်က္ႏွာ မခြာဘဲ စာအိတ္ကို ကိုးေနာင္ ဆီ တိုးေပးလိုက္သည္။

ခါတိုင္းလို လႊတ္ပစ္မယ္ ထင္ထားေသာ္လည္း ကိုးေနာင္က ခ်က္ခ်င္း ဖြင့္ ေဖာက္လိုက္သည္။

ဟို ငနဲ ကေတာ့ ကံေကာင္း လွခ်ည္လား။

ခဏအၾကာ physicဆရာ concept ေတြ ခမ္းေနာ့ဝ္ကို လာေမးေန၍ အာ႐ုံမွာ ကိုးေနာင္ ဆီမွ လြင့္ ျပယ္သြားသည္။

ခမ္းေနာ့ဝ္ မတ္တပ္ရပ္ စာဆိုၿပီး၍ ထိုင္မည္ ႀကံစဥ္ ေဘးသို႔ အမွတ္မထင္ လွည့္ၾကည့္မိေသာအခါကိုးေနာင္ အိတ္ကပ္ထဲဝယ္ အျဖဴေရာင္ စာအိတ္ေလး က ဝံ့ထည္စြာ။

ဝိုး. . . သူ ပဲ စိတ္ထင္ လား မသိ။ကိုးေနာင္ ႏႈတ္ခမ္းက ၿပဳံးခ်င္ခ်င္ပင္။

Day 2 အကိုႀကီးကိုက် ပိုးစိုးပက္စက္ ထိုးၿပီး ဒီစာအိတ္က် ၾကည္ျဖဴစြာ။ဪ. . .ဘက္လိုက္လွပါတကား။

ဪ. . .ရည္းစား ဆိုတာ ဘာပါလိမ့္ အခ်စ္ဆိုတာ ဘာပါလိမ့္. . .။

ခမ္းေနာ့ဝ္ ကိုယ့္ ကို ကို ထိန႔္လန႔္သြားမိ၏။

ဆယ္တန္း က အေရးႀကီးသည္။စိတ္ေတြ
ကေယာင္ေျခာင္ျခား ေလလြင့္ လို႔ မျဖစ္။

Physic ခ်ိန္ ၿပီးေတာ့မည္။ေနာက္ခ်ိန္ English. . . ။

အခ်စ္ထက္ ဂ်ဴတီကုတ္ျဖဴ ဝတ္ဖို႔က ပို အေရးႀကီးသည္။

သို႔ေသာ္. . .။

ခမ္းေနာ့ဝ္လည္း ရည္းစားေခ်ာေခ်ာေလး တစ္ေယာက္ေတာ့ လိုခ်င္မိသည္။ဉာဏ္ကိုးေနာင္လို
မႈန္ထြဍ္ ေနေအာင္ မေခ်ာေတာင္ လွလွေလးေပါ့။

ဆယ္တန္းက ပင္ပန္းလွ၏။ေဘးနား အေဖာ္ေလး ရွိမွ အေမာေျပမွာေပါ့။မဟုတ္ဘူးလား။

______________________________________

1.09 a.m
14.10.2022(Thursday)
Mary_Koe
3029

Please give me feedback😉😚

Continue Reading

You'll Also Like

68.6K 8.7K 44
Fiction ဆိုတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အပြင်မှာ တကယ်မရှိပါဘူး။
51.6K 3.5K 24
မင်းကကျိန်စာကိုဖန်တီးသူဆိုရင် ကိုယ် ခွင့်မလွှတ်နိုင်ဘူး ဆန္ဒဉာဏ်ပြည့် ဘ၀သစ်မှာ အချစ်သစ်ရှာကြစို့ယောက်ျား..ဒီဘ၀မှာပိုချစ်ကြစို့ အကြင်နာပြည့်စုံ
48.7K 3.8K 42
Accident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြ...
395K 27.7K 33
ခန္​႔ခန္​႔ဆိုတဲ့​ေၾကာင္​​ေတာင္​​ေတာင္​ ma ma boy​ေလးရယ္​ ႐ွိန္​းဆက္​ဆိုတဲ့ ခပ္​​ေခ်​ေခ်​ေကာင္​​ေလးရယ္​... မ​ေတာ္​တဆမႈကတစ္​ဆင္​့ ခန္​႔ခန္​႔နဲ႔႐ွိန္​း ...