"ဖြူ ကားကို ဟိုအနားထိ မောင်းပြီး...
ကားပေါ်တက်ခိုင်းလိုက် အဲ့ကလေးမကို..."
"ရှင်...ဟုတ်..ဟုတ်..."
ပလက်ဖောင်းပေါ် ယိုင်နဲ့နဲ့လမ်းလျှောက်နေတဲ့ လဝန်းအနားထိ မောင်းလာရင်း...
"လဝန်းမ...ကားပေါ်တက်..."
ဖြူ့အခေါ်ကြောင့် လဝန်း တီချယ်သက်ကို တစ်ခဏကြည့်လိုက်တယ်....
"ဟအင်း..ငါ မလိုက်တော့ဘူး..."
"ကျစ်!!!ဟိုကလေးမ...ရှည်ကိုရှည်တယ်...
တက်ဆို တက်ပေါ့..."
"ဗျာ..ဟုတ်..ဟုတ်ကဲ့..."
လဝန်းလည်း ခပ်ပြာပြာနဲ့ ကားနောက်ခုံထဲ ဝင်ထိုင်လိုက်တယ်....တီချယ်သက်ရဲ့ မျက်စောင်းဆို
ခုအချိန်ထိကြောက်နေရတယ် ဟုတ်လား....
ကားထဲမှာတော့... သီချင်း အသံကလွဲရင်..
အရာရာ တိတ်ဆိတ်လျက်..
ဖြူ့မှာတော့..နှစ်ယောက်သားကို ကြည့်ရင်း...
စပ်ဖြီးဖြီးလေးဖြစ်နေရှာတယ်....
"အပြုံးပန်းမလှတဲ့ကိုယ်လိုလူရဲ့ အပြုအစု
အယုအယဟာ..မင်းဘဝတွက်တော့ မဖူလုံနိုင်သေးတယ်...
အပြုံးနဲ့နှုတ်ဆက်နေစဉ်...ကိုယ်အတွေးများက
တဝဲဝဲလည်....
မင်းနဲ့ အရင်လို ဘဝမျိုးရောက်ချင်တယ်
အရင်တစ်ခါနေလာခဲ့တဲ့ ဘဝကို...
ပြန်နေချင်သေးတယ်
အတူနေချင်ပေမဲ့လည်း အသက်ရယ်..
စိမ်းကားသွားခဲ့တယ်....."
"ဖြူ သီချင်းလေး ပိတ်ပေးနိုင်မလား.."
သီချင်းသံတောင် လွှမ်းအောင် မပြောနိုင်တဲ့
စကားသံ ရှရှလေးကြောင့် အသက် စိမ်းကားတာ...
သိပ်မှား သွားသလား....ပြန်တွေးရင်းနဲ့
ဝမ်းနည်းစိတ်တို့ တိုးဝေ့ လာခဲ့တယ်....
"အော်..အေးကွာ..ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်...
ငါ ပိတ်လိုက်မယ် လဝန်း..."
တီချယ်သက်ကော အဆင်ပြေရဲ့လား....
ကားရှေ့က နောက်ကြည့်မှန်မှာကြည့်တော့...
မျက်ရည်အဝဲသား....
ငယ် တီချယ့်ကို သနားပါတယ်....
တီချယ်မျက်ရည်ကျရင်..
ငယ် ရင်နှင့်အမျှ နာကျင်ရပါတယ်....
"ဖြူ ငါ့ကို..ဦးမောင်တို့ဆိုင်ပဲပို့ပေးပါ..
လမ်းကြုံတယ်မလား...."
"အင်း...လမ်းကတော့ကြုံပေမဲ့...
သိပ်မသောက်ပါနဲ့လားကွာ..."
"နည်းနည်းပါပဲ.....
ငါ..ငါ လူတစ်ယောက်ကို မေ့ချင်တယ်...
မေ့ချင်တယ်လို့...မေ့ချင်လို့သောက်တာ...
ငါမမှားဘူး...ငါပြောသလိုသာ ပို့ပေးပါ...."
"အေးပါဟာ...ပို့ပေးမယ်..."
"ဖြူစင်...ကမ်းနား ဘက်မှာ တစ်ချက်ရပ်ပေးမယ်..."
"ဟုတ်ကဲ့...."
ကမ်းနားဘက်မှာ ကားရပ်ပြီး...
တီချယ်နဲ့ လဝန်းက စကားပြောကြတယ်...
ဖြူတော့..ဝင်မပါခဲ့ပါဘူး....
"မင်းဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ...
မနက်ဖြန် ရန်ကုန်သွားမှာကကော..မင်း မလိုက်သွားဘူးလား...."
"ဟိုရောက်ရင်လည်း စာမေးပွဲကျမဲ့အတူတူ ဒီမှာပဲနေတာ ကောင်းမယ်ထင်လို့ပါ..."
"ငါအခုမင်းကိုပြောနေတာ...ငါ့ တပည့် တစ်ယောက်အနေနဲ့ မဖြစ်သင့်တာ မဖြစ်ရလေအောင်
ဆုံးမနေတာ...ငါ့မှာ ဘာသဘောမှ မပါဘူးနော်..."
ပြောသာ ပြောတာပါ...သက် တကယ်ပဲ ကလေးငယ်ကိုအချစ်ပိုနေတုန်းပဲ...ကလေးငယ်မရှိတဲ့နေ့တွေမှာ
စားမဝင် အိပ်မပျော်ဖြစ်နေခဲ့တာပဲမလား....
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် တီချယ်...
ဒါပေမဲ့..သမီးကိုယ်တိုင်ကိုက ဒီဘဝမှာ
ဆက်ပြီး အောင်မြင်မှုကို မလိုချင်တော့လို့ပါ...
အခုလိုမျိုး ဂရုတစိုက်လေး အသိပေးတဲ့ အတွက်
ကျေးဇူးတင်မိပါတယ်..."
တီချယ့်ရဲ့လက်သွယ်သွယ်လေးတွေက...
လှည့်ထွက်တော့မဲ့ လဝန်းရဲ့ခြေလှမ်းတွေကို ရပ်တန့်စေခဲ့တယ်....
"မင်းအားရင် အိမ်လာလည်ပါအုံး....
ငါ့အမေက မင်းကို သတိရနေတာ..."
တီချယ့်ရဲ့လေသံအေးအေးလေးက ငယ့်စိတ်ကို
လဲကျမတတ် ယိုင်စေတယ်...
ခြေလှမ်းတွေပျော့ခွေသွားရင်း...တီချယ့်ရင်ခွင်ထဲ ပြေးဝင်မိတယ်....
တီချယ့်ကို တင်းကြပ်စွာ မဖက်ရတဲ့ အချိန်တွေက
တော်တော်ကြာခဲ့ပြီလေ....
ဒီတစ်ခါလည်း လွတ်ထွက်သွားမှာကြောက်လို့...
အတင်းဖက်ထားရင်း ငိုကြွေးမိတယ်....
တီချယ့်လက်တွေကတော့ ငယ့်ဆီ ပြန်ဖက်ထားဖို့..
အစီအစဉ်မရှိသေးပါ.....
"တီချယ်...သမီးလေ...ဒီရင်ခွင်လေးကို ဘယ်လောက်တောင်လွမ်းနေမိလဲ သိလား....
တစ်ခါလောက်ဖြစ်ဖြစ် ခွင့်လွှတ်ပေးပါ...
သမီး အကောင်းဆုံး ပြန်လည် ကြိုးစားချင်လို့ပါ..."
"မဖြစ်နိုင်တော့တာတွေကို မေ့ထားလိုက်ပါတော့ကွယ်...ငါ့အမေက မင်းကို သတိရနေလို့..အိမ်လာလည်ဖို့ခေါ်ခိုင်းလိုက်တယ်...အားရင်သာ လာလည်ပါ..အခုတော့...လူကြားထဲမှာ ဖက်ထားတာကြီး လွှတ်အုံး....ငါ မင်းအရက်နံ့တွေ မခံနိုင်ဘူး..."
"ဟို...တောင်း... တောင်းပန်ပါတယ်..
သမီး သတိလက်လွတ်ဖြစ်သွားလို့ပါ..."
"ရပါတယ်...ကိစ္စမရှိပါဘူး...သွားရအောင်...
မင်းတစ်ခါတည်း အိမ်လိုက်ခဲ့ပါလား...
ဒီနေ့ အိမ်မှာ မင်းကြိုက်တဲ့..ရခိုင်မုန့်တီ လုပ်စားကြလို့...."
"တီချယ်သာ ကြည်ဖြူရင်တော့ လိုက်ချင်ပါတယ်.."
"လာ..သွားမယ်..."
သက် အခုချိန်ထိရင်ခုန်နေတုန်းပဲ....
သက် ကလေးငယ်ကို ချစ်နေမိပြီ...
တစ်သက်လုံး မမုန်းနိုင်တဲ့ ချစ်ခြင်းမျိုးနဲ့ကို ချစ်နေမိတာ...
"ဟယ်!!!"
"ဖွားငယ်..."
အိမ်ပေါ်တက်လာတဲ့လဝန်းကိုမြင်တော့...
ဖွားငယ်က အံ့ဩနေရှာတယ်....
လဝန်းအတွက်တော့ ဒီအိမ်လေးက အနွေးထွေးဆုံး
မိသားစုဝင်ပါ....
"ငါ့မြေးရယ်...ကြည့်ပါအုံး...
ပိန်သွားလိုက်တာ...နေရောကောင်းရဲ့လား...
ဖြူဖတ်ဖြူရော်နဲ့ကွယ်..မြင်ရတာ စိတ်မချမ်းသာလိုက်တာ...."
"ကောင်းပါတယ် ဖွားဖွားရဲ့...."
"မေမေ...သက်..ဟင်းချိုအိုးသွားနွှေးလိုက်အုံးမယ်နော်...ခဏနေကျရင် အတူတူ စားရအောင်..."
"အေး...သမီး..."
"တီချယ် ဖြူတော့ ချိန်းထားတာရှိလို့ ပြန်အုံးမယ်နော်..."
"ဟုတ်ပြီ...ဖြူ"
"လဝန်းမ...နင်လည်း ကျန်းမာရေးကောင်းအောင်နေနော်..အဆင်ပြေအောင်နေ...သတ်သေဖို့လည်း
ထပ်မကြိုစား...."
"ဟဲ့...တော်ပြီ..အေးပါ..သွား သွား..."
"အတင်းပဲ မောင်းထုတ်နေတော့တာပဲ..."
ဖြူစင်လည်းပြန်သွားပြီး...
တီချယ်လည်း မီးဖိုခန်းဝင်တော့...ဖွားငယ်နဲ့ စကားပြောဖြစ်ကြတယ်.....
"ဖွားငယ်သမီးက မြေးကို နေ့တိုင်းသတိရနေတာ...
ဒီနေ့မှ သူ့အပြုံးတွေကို ပြန်မြင်ရတော့တယ်...."
"ဟုတ်လား...ငယ်လည်း သတိရနေတာပါ
ဖွားဖွားရယ်...."
"မနက်ဖြန် ရန်ကုန် သွားရမှာ မလား..."
"ဟအင်း ဖွားဖွား..မြေး..
ကျောင်းဆက်မတက်ဖြစ်တော့ဘူး...."
"ဝေ့...ဘာဖြစ်လို့လဲ.."
"ဒီလိုပါပဲ ဖွားဖွားရယ်...
အခက်အခဲလေးတွေရှိလို့ပါ...."
"အမေရေ...စားလို့ရပြီနော်..."
အနောက်က တီချယ့် ခေါ်သံကြောင့် စကားဝိုင်းလေး
တိတ်သွားခဲ့တယ်...လဝန်းကို တီချယ်က သတိရနေသည်တဲ့လား....အပြောလေးနဲ့တင် ပျော်ရပါတယ်....
"ထည့်စားနော် ကလေးမ..."
"ဟုတ်ကဲ့ တီချယ်...အဟွတ်...အဟွတ်...."
ရခိုင်မုန့်တီဆို စားရင် အမြဲ သီးတတ်တာ...
လဝန်း အကျင့်ပါပဲ....
တီချယ်ကတော့...ဒါကိုသိလို့...မျက်စောင်းလေး
ပစ်ထိုးရင်း....တစ်ရှူးလေး ထုတ်ပေးရှာတယ်...
အရင်ကဆို ချောင်းနှစ်ခွရွာမှာ ဒီလို အဖြစ်မျိုး
ခဏ ခဏ ဖြစ်ဖူးနေကြပါ....
မမေ့နိုင်တဲ့ အမှတ်တရလေးတွေပေါ့....
သို့ပေမဲ့....ဂရုစိုက်က အရင်နဲ့ မတူတော့ပေ....
"မောင်ရယ်...ပေါ့စလှ ချည်လား...ဖြည်းဖြည်းစားလေ...."ဆိုပြီး ပွားတတ်တဲ့ တီချယ်....
အခုတော့ ဒေါသသံလေးတွေနဲ့တောင်
မဆူတော့ရှာဘူး....
ဒီတစ်ရက်ပါပဲ တီချယ်ရယ်...
သည်းခံလိုက်ပါ....မောင် ဘယ်တော့မှ တီချယ့်ဆီ
ပြန် မလာတော့ဘူး....
မောင်က အခုချိန်မှာ တီချယ့်အတွက်
အရာရာ ပြီးပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်တော့တဲ့ လူတစ်ယောက်မို့....
တီချယ် မောင့် ထက်သာတဲ့ လူကို ရှာနိုင်မှာပါ....
"ဟယ်...မြေးငယ်...သွေးတွေပါလား...."
ကလေးငယ်..အရင်ကနဲ့မတူ ဘူး....
ဒီတစ်ခါသီးတာ...တစ်ရှူးမှာပါ သွေးစတွေ ကပ်လို့...
သက်ကို စိတ်ပူအောင် လုပ်ပြန်ပြီ ကလေးငယ်ရယ်...
"လည်ချောင်းမှာ အနာဖြစ်နေလို့ပါဖွားငယ်...
ဘာမှ မဖြစ်ဘူး...."
"အင်းကွယ်...ဂရုစိုက်မှပေါ့ မြေးငယ်ရယ်....."
အဖြစ်သည်းနေတဲ့ မြေးဖွား နှစ်ယောက်ကိုကြည့်ရင်း
သက်ပဲ သက်ပြင်းချမိတော့တယ်...
_______________
Zawgyi
"ဖြူ ကားကို လဝန်းအနားထိ မောင်းပြီး...
"ရှင်...ဟုတ်..ဟုတ်..."
"လဝန်းမ...ကားပေါ်တက်..."
တက်ဆို တက်ပေါ့..."
"ဗျာ..ဟုတ်..ဟုတ်..."
လဝန်းလည်း ခပ်ပြာပြာနဲ့ ကားနောက်ခုံထဲ ဝင်ထိုင်လိုက်တယ်....တီချယ်သက်ရဲ့ မျက်စောင်းဆို ခုချိန်ထိကြောက်နေရတယ် ဟုတ်လား....
ကားထဲမှာတော့... musicအသံကလွဲရင်..
အရာရာ တိတ်ဆိတ်လျက်..
တဝဲဝဲလည်....🎶💔
ပြန်နေချင်သေးတယ်🎶
စိမ်းကားသွားခဲ့တယ်.....🎶"
"ဖြူ..ငါ့ကို သီချင်းလေးပိတ်ပေးပါလား..."
ငါ ပိတ်လိုက်မယ် လဝန်း..."
မျက်ရည်အဝဲသား....
လမ်းကြုံတယ်မလား...."
"ဟင့် အင့်...ငါ..ငါ လူတစ်ယောက်ကို မေ့ချင်တယ်...
ငါမမှားဘူး...ငင့်..ငါပြောသလိုသာ ပို့ပေးပါ...."
"အေးပါဟာ...ပို့ပေးမယ်..."
"ဟုတ်ကဲ့...."
မနက်ဖြန် ဂျပန်သွားမှာကကော..မင်း မလိုက်သွားဘူးလား...."
ဒါပေမဲ့..သမီးကိုယ်တိုင်ကိုက လောကကြီးမှာ
ကျေးဇူးတင်မိပါတယ်..."
လဲကျမတတ် ယိုင်စေတယ်...
တော်တော်ကြာခဲ့ပြီလေ....
အစီအစဉ်မရှိသေးပါ.....
ကျွန်တော် သတိလက်လွတ်ဖြစ်သွားလို့ပါ..."
"လာ..သွားမယ်..."
"ဟယ်!!!"
"ဖွားငယ်..."
မိသားစုဝင်ပါ....
"အေး...သမီး..."
"ဟုတ်ပြီ...ဖြူ"
ထပ်မကြိုစား...."
ဖွားဖွားရယ်...."
"မနက်ဖြန် ဂျပန် သွားရမှာ မလား..."
"ဟအင်း ဖွားဖွား..မြေး..
"ဝေ့...ဘာဖြစ်လို့လဲ.."
"ထည့်စားနော် ကလေးမ..."
လဝန်း အကျင့်ပါပဲ....
ခဏ ခဏ ဖြစ်ဖူးနေကြပါ....
ဘာမှ မဖြစ်ဘူး...."
_______________