'LOTUS KILLER' {Ongoing}

By Mary_koe552005

145K 11.3K 1.2K

အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... More

2
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
16
17
18
19
20
21
22
23
24
Coe Naung Art
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
Just Memories

1

20.7K 629 23
By Mary_koe552005

My Psychopath

ထို အမျိုးသားကို စိုင်းဆိုင်ခမ်းနောဝ့် သိပ်ချစ်ပါသည်။

အရာအားလုံးကို ကျောခိုင်းကာ စုံလုံးကန်းမိသည်ထိ၊ဘဝ တစ်ခုလုံးကို သူ့ခြေရင်းဝယ် ဝပ်ဆင်းမိသည်ထိ ထိုအမျိုသား၏ အလှတရားအောက် ခမ်းနော့ဝ် စုန်းစုန်းမြုပ်ခဲ့ပါ၏။

ဉာဏ်ကိုးနောင်။

လှသည်။စက်စက်ယို အောင်လှပတင့်တယ်သည်။

မျက်တောင်ရှည်ကြီးတွေကို တစ်ချက်ဝင့်လိုက်တိုင်း ဒီကောင်ကြီးမှာ အရူးတစ်ပိုင်း ဖြစ်ရသည်။နီနီဆွေးဆွေးနှုတ်ခမ်းလွှာတို့ကို အသာအယာ ကော့ညွှတ်လိုက်တိုင်း ဒီကောင့် လက်ဖျားတွေ အေးစက်ကုန်သည်။ရှည်လျားသွယ်ဝင်းသော လက်ချောင်းရှည်ကြီးများက ခမ်းနော့ဝ်ကိုယ်ပေါ် ရစ်ဝဲ လာတိုင်း သူ့မှာ ကျောက်ရုပ် ကြီးသဖွယ် အသက်ရှူရပ်ရ၏။

ဉာဏ်ကိုးနောင်ဆိုသော လူသားသည် စိုင်းဆိုင်ခမ်းနော့ဝ်တွက် အရူးဆေးဖြစ်သည်။

++++

ဉာဏ်ကိုးနောင်သည် ခမ်းနော့ဝ်၏ ချစ်လှစွာသော ခင်ပွန်း ဖြစ်သည်။

ခမ်းနော့ဝ် 15နှစ် သားတည်းက ဉာဏ်ကိုးနောင်က သူ့နှလုံးသားကို အပိုင်းသိမ်းသွားသည်ပင်။

ကိုးနောင်၏ အရပ်က ခြောက်ပေ သုံးလက်မ အတိ ရှိပြီး သူကမူ ငါးပေ ရှစ်အတိ။သို့သော် သူ အမြဲ ဉာဏ်ကိုးနောင်ကို သူ့ ရင်ခွင်သေးသေးလေးထဲ သိမ်းထုပ်ထားချင်သည်။

သူ့ မှာ သူ့ယောက်ျားကို နေ့တိုင်း တစိမ့်စိမ့် ထိုင်ကြည့်၍ မဝနိုင်ပေ။အရယ်အပြုံး မရှိသော နှုတ်ခမ်းသေတို့က ခမ်းနော့ဝ် စိုက်ကြည့်တာ များလာလျှင် ဖွဖွလေး ရယ်တတ်၏။

ပြီး သူ့ နှာခေါင်းကို ချစ်စနိုး ဆွဲကာ

"ကိုယ်မနေတတ်ဘူး" ဟု ခပ် တိုးတိုးဆိုတတ်၏။

သူအကြိုက်ဆုံး အရာ တစ်ခုကတော့ ကိုးနောင် ပေါင်ပေါ် လှဲ အိပ်ရတာပင်။

မနူးညံ့ မတောင်တင်းသော ပေါင်တံ သွယ်သွယ်တို့က အုံး လို့ အကောင်းဆုံး ခေါင်းအုံးတွေပင်။တစ်ခုခု ပြဿနာတက် စိတ်ရှုပ်လာတိုင်း ကိုးနောင်၏ ပေါင်သွယ်သွယ်ပေါ် လဲချလိုက်ရင်း ဗိုက်ကြွက်သားပေါ် မျက်နှာအပ် သဲကြီးမဲကြီး ရှိုက်ကာငင်ကာ ငိုချ ပစ်လိုက်၏။

ကိုးနောင်က သူ့ ကျောပြင်သေးသေးလေးကို လက်နဲ့ ခပ်ဖွဖွသပ်ကာ "ကိုယ် ရှိတယ်" ဆိုသော စကားတစ်ခွန်းကို သာ နူးညံ့စွာ ဆိုတတ်သည်။

စိတ်ညစ်လာတိုင်း သူကတော့ ကိုးနောင် ရင်ခွင်ထဲ ဝင်တိုးတတ်ပေမဲ့ ကိုးနောင် ကမူ ဘယ်သောအခါမှ ခံစားချက်တွေ ထုတ်ပြလေ့မရှိပေ။သို့သော် ‌ခမ်းနော့ဝ်သည်မူ ကိုယ့်ယောက်ျားကြောင်း ကို သိပါသည်။ကိုးနောင် မျက်လုံးကို တစ်ချက်ကြည့်တာနဲ့ ဘာဖြစ်နေမှန်း တန်းသိ၏။

ကိုးနောင်က အိမ်ရှေ့ဝံရံတာမှာပဲ ဖြစ်ဖြစ် ခြံထဲက ပိတောက်ပင်ရိပ်အောက်မှာပဲ ဖြစ်ဖြစ် အမြဲ ထိုင်နေလေ့ရှိသည်။ခမ်းနော့ဝ် နံနက် ဆေးရုံသွား၊ ညနေ ဂျူတီပြီးချိန် အိမ်က အချစ်လေး ရှိရာ ပြန်လာသောအခါ သူ့ အချစ် ဉာဏ်ကိုးနောင်သည် နံနက်က သူထိုင်နေကျနေရာမှာပဲ ထိုင် ကာ ဟိုး အဝေးက ရှမ်းရိုးမ တောင်တန်းကြီးကို မျက်လုံးသေတွေနဲ့ အကြောင်းရင်း မရှိဘဲ ငေးမောနေသည်။

တစ်နေ့ကုန် တစ်နေ့ခန်း အဲ့နေရာမှာပဲ တစ်ယောက်တည်း ငြိမ်ငြိမ်လေး ထိုင်နေသည်မှာ ရေခဲပန်းပုရုပ်လေးကို ချထားသည့်နှယ်။

ခမ်းနော့ဝ်က ခြေဖွဖွလေး နှင့် နောက်ကနေ သိုင်းဖက်လိုက်တော့ ခမ်းနော့ဝ်လက်တို့ကို ကိုးနောင်က ဖြေးညင်းစွာ ဆုပ်ကိုင်လာသည်။

"ပြန်တောင် လာပြီပဲ. . "

ခမ်းနော့ဝ်က ကိုးနောင် ဆံပင်တွေ ကြားထဲ ခေါင်းဝှက်လိုက်သည်။နှာခေါင်းကလည်း အငြိမ်မနေပါ။တစ်ခေါင်းလုံး အနှံ့ ဖြန့်ကြဲ နမ်းရှုံ့ လိုက်သည်။လှန်သိမ်းထားသော ကိုးနောင် ဆံပင်တို့သည် နဖူးပေါ် ခပ်ရိုင်းရိုင်း ဝဲကျ လာသည်။

"ကိုယ် ခေါင်းမလျှော်ရသေးဘူး. . "

"ငါ့ ‌ယောက်ျားက ရေ7ရက် မချိုးလည်း မွှေးတယ်ကွာ "

ခမ်းနော့ဝ် နှာခေါင်းတို့က ကိုးနောင့် လည်တိုင်ဖြူဖြူပေါ် ဆင်းလာပြီး သွားနဲ့ တတိတိ ကိုက်လိုက်သည်။သွေးကြောစိမ်းစိမ်းလေးများကို လျှာနှင့် လိုက်ယက်လိုက်သည်။လောကတွင် သူ့ယောက်ျားကို အူအယားဆုံး ဖြစ်သည်။အူယားလွန်းလို့ လည်တိုင်ကျော့ကျော့ကို စုပ်ပါ စုပ်ပစ်လိုက်သေးသည်။

ပြီး ကော်လံစ ကို နည်းနည်းဟ ကာ ပုခုံးသားများကို ပါ ရန်ရှာသည်။သူ့ ကိုက်ရ အဆင်ပြေအောင် ကိုးနောင်က လည်တိုင် ကို စောင်းလိုက်သည်။

"ကျွန်တော်က ဉာဏ်ရဲ့ ခွေးပေါက်လေးပါဗျ. . ."

သူ တော်တော်ကြာ ဉာဏ်ကိုးနောင်ကို ဟိုကိုက် ဒီကိုက် ဟိုနမ်း ဒီ နမ်း လုပ်ပြီး ထပ်နမ်း ချင်သော်လည်း မိုးချုပ်သွား၍ အဆုံးသတ် အနေနဲ့ ကိုးနောင် ပါးနဲ့ နဖူးကို ရွှတ်ကနဲ နမ်းလိုက်သည်။ကိုးနောင် ခန္ဓာကိုယ်ကို ညှစ်ပစ်လိုက်ဖို့ လည်း သူ မမေ့ပါလေ။

"ဘာတွေ တွေးနေတာလဲ. . ."

ကိုးနောင်က ပြုံးလိုက်သည်။ခေါင်းကို ဖြည်းညင်းစွာ ခါယမ်း၍

"ဘာမှ မဟုတ်ဘူး. . ."

ကိုးနောင် မတ်တပ်ရပ်လိုက်သော်အခါ ခမ်းနော့ဝ် ကို မိုးသွားသည်။

"ကိုးနောင် တစ်ချိန်လုံး ဒီမှာ ထိုင်နေတာလား. . ."

ဉာဏ်ကိုးနောင်က မဖြေပေ။ခမ်းနော့ဝ် သိလိုက်ပါသည်။ဉာဏ်ကိုးနောင်သည် သူ ထွက်သွားကတည်းက တစ်ချိန်လုံး ဒီ ပိတောက်ပင်ခြေက ထိုင်ခုံပေါ်တွင် ထိုင်နေသည်ဆိုတာကို။

တစ်ခါ လည်း မဟုတ် နှစ်ခါ လည်း မဟုတ် အမြဲ လိုလိုပင်။ကိုးနောင့် မျက်လုံးများသည် စကားပြောတတ်သော်လည်း အတွေးများကို မူ မဖော်ပြတတ်ပါလေ။

"ထမင်းစားရအောင် နေ့လည်ကလည်း မစားထားဘူးမလား မင်းဟာလေ စားချိန်တန် စား မှပေါ့ ဗိုက်မဆာဘူးလား "

ခမ်းနော့ဝ်က ဆူပူလိုက်သော်လည်း ဉာဏ်ကိုးနောင်က အေးအေးဆေးဆေးပင်

"ကိုယ် စားဖို့ မေ့နေတာ. . ."

"ဪ . . . မေ့တာကလည်း. . .င့ါ တော့ မှတ်ထားဦးနော် တော်ကြာ မေ့နေမှာစိုးလို့. . ."

ဉာဏ်ကိုးနောင်က ပန်းကန်နှစ်ခုထဲ ထမင်းခူးခပ်လိုက်သည်။လျင်မြန်စွာပင် ကြက်ဉကြော်လိုက်ကာ ရေနွှေးအိုးတည်လိုက်သည်။ဟင်းအချို့ကို နွေးလိုက်သည်။

ခမ်းနော့ဝ်ကတော့ တစ်နေ့ကုန် ဆေးရုံနံ့တွေနဲ့ ညှီစိစိ နိုင်လွန်း၍ အပေါ်တက် ရေချိုးကာ ကိုယ်လက်သန့်စင်သည်။

ခမ်းနော့ဝ်က အိမ်မှာ အငြိမ်းစားပင်။ထမင်းချက် ဟင်းချက် အကုန် ကိုးနောင်ကချည်း လုပ်သွားတာပင်။

အိမ် သက်သက်ချည်းပင် ဧက လောက်ကျယ်သော အိမ်ကြီးထဲတွင် သူရယ် သူ့ယောက်ျားရယ် သားနှင့် သမီးရယ်သာ ရှိသည်။

သား နဲ့ သမီး။

ပြန်လာကတည်းက မတွေ့ပါ။

ခမ်းနော့ဝ်သည် ကိုးနောင် ကို ကလိနေတာနဲ့ သားနဲ့ သမီးကို မေ့နေသည်။

"အချစ်ရေ !! အသည်းရေ!! ကလေးတွေကော"

အိမ်ပေါ်ကနေ ရေချိုးရင်းတန်လန်းနဲ့ ထွက်လာကာ လှေကား ပေါ်က မေးမိတော့ ကိုးနောင်က မီးဖိုထဲမှ ထွက်လာကာ

"သမီးကြီးကို အငယ် ခေါ်သွားတယ် ကိုးနွယ်က သွေးရောင်ဆီမှာ"

သမီးကြီး စောနန်းနွယ်နဲ့ သားငယ် စိုင်းကိုးနွယ်တို့က အိမ်လည်နေကြသည်။သမီးကြီးက ဦးလေး ဖြစ်သူနား အမြဲ ကပ်နေလေ့ရှိပြီး သားငယ်လေးကမူ ဟိုဖက်အိမ်က မာန်သွေးရောင့် သားလေးနား ကပ်နေတတ်သည်။ခွာလို့ကို မရ။အစက သူ့ကို ပလစ်ကြ၍ စိတ်တိုသော်လည်း နောက်ကျ သူတို့ မရှိတော့ အိမ်က ယောက်ျားနား ကပ်ချိန် အလွန်ရသည်။

သားငယ်က ဘာသိဘာသာ နေတတ်သော်လည်း သမီးကြီးကမူ သူ့ဖေကြီးမှ သူ့ဖေကြီး ဖြစ်သည်။တစ်ချိန်လုံး ကတ္တာရာဆေးလို ကပ်တွယ်နေတတ်သည်။ကိုးနောင်ကလည်း ခါတိုင်းဆို တည်တည်တံ့တံ့ ဖြစ်သလောက် သူ့သမီးသံကြားရင် ဖောဖောသီသီ ရယ်မောတတ်သည်။သူ့သမီး အမွှေစိန် မွှေရှုပ်သမျှ စိတ်ရှည်လက်ရှည် သည်းခံသည်။

ကိုးနောင် ကို မကျေနပ်တာက သမီးကြီးပေါ်ဝယ် အကြင်နာတွေ ပုံသလောက် သားငယ်ပေါ်ကျ အေးစက်စက်နိုင်ခြင်းပင်။သားငယ်ကို ချီ ဖို့နေသာ ပြုံး၍ ပင် မပြ။အဲ့ဒီ ကိစ္စ နဲ့ ပတ်သက်၍ နှစ်ယောက်သား စကား ခဏ ခဏ များရသော်လည်း ဉာဏ်ကိုးနောင် က မူ သားငယ်ကို ကျဉ်စမြဲပင်။မသိ ပထွေး ကျ‌နေတာပဲ။

"ရေဆက်ချိုးလေ တုံးလုံးကြီး အအေးပက်မယ်"

ခမ်းနော့ဝ် ခေါင်းဝယ် ဆပ်ပြာမြုပ် ဖြူဖြူတွေ ကပ်ညှိနေပြီး တစ်ကိုယ်လုံး ရေစက်တွေနှင့်။ခါးမှာ တဘက်လေးပင် မပါ။မရှက်ပေါင်။ရှေ့က ကိုးနောင်မှာ သူ့ယောက်ျား ဖြစ်သည်။

ခမ်းနော့ဝ် ကျီစယ်ချင်စိတ် ပေါက်လာ၍ လက်ညှိုးကို ကွေးညွှတ်ကာ

"ဒီကို လာခဲ့ လေ ဘေဘီ. . . ခေါင်းမလျှော်ရ‌သေးဘူးဆို. . . ရေချိုးခန်း တိုက်ပွဲလေး နွှဲလိုက်ရအောင်. . ."

ကိုးနောင် မျက်နှာချောချောမှာ ရယ်မြူးရိပ်သန်းသွားသည်။

"တော်ပါ ဒေါက်တာရယ်. . .ကို့ ဘာသာ ပဲ ချိုးပါ"

"ကိုးနောင် ကလည်း ကွာ "

ညနေ ထမင်းစားပြီးသောအခါ ကလေးတွေ ပြန်ရောက်လာကြသည်။

အကြီးမ က လုံးတုံး လုံးတုံး သူ့ဆီ ပြေးလာကာ သူ့ ဦးလေးဆတ်နွယ် ရဲ့ ဇီဇာကြောင်ပုံတွေကို အတင်းပြောသည်။ကြည့်ရတာ ဒီနေ့ ဆတ်နွယ်နဲ့ ရန်ဖြစ်ထားပုံပင်။

သားငယ်က ပြန်ရောက် ရောက်ချင်း သူ့ အခန်းထဲ သူ တိတ်တဆိတ် ဝင်သွားသည်။တစ်အိမ်လုံး တဆာဆာ နဲ့ ဆူညံနေသူမှာ သမီးကြီး ဖြစ်သည်။

ခမ်းနော့ဝ်က သားငယ်ကို လည်း ပျော်ပျော်ရွှင်ရွှင်နေစေချင်၏။သို့သော် သားငယ်က သူ့ဖေကြီးတိုင်း။ရုပ်ကော စိတ်ကော တစ်ထေရာတည်း။

ညကျ သားငယ်လေး ကို နွေးနွေးထွေးထွေး ဂရုစိုက်ဖို့ ကိုးနောင်ကို ပြောရမည်။

++++

အိပ်ခန်းတစ်ခန်းလုံးက အနက်ရောင်တွေချည်း ကာလာဆင်ထားပြီး အိပ်ရာခင်းအရောင်ကစ အနက်မှောင်မှောင်။

ကိုးနောင်က ကုတင်စောင်းပေါ် မှီနေလျက် စာအုပ် တစ်အုပ်ကို စိတ်ဝင်တစား ဖတ်နေသည်။

ကိုးနောင် တီရှပ်ဖြူလက်တိုနဲ့ ဒူးဝက် ဘောင်းဘီတိုကို ဝတ်ဆင်ထား၍ ရှည်သွယ် ဖြူဥသော ခြေသလုံးတို့က အထင်းသားပင်။

အနက်ရောင် ပေါ် အဖြူရောင် နှင်းဆီ ပန်းချထားသည့်နှယ် ကိုးနောင်က လင်းထင်းနေသည်။

သူ့ ဆံပင်တို့က ‌နဖူးပေါ် ဝဲကျနေပြီး မျက်တောင်ရှည်ကြီးတွေက ငြိမ်သက်သိမ်မွေ့စွာ။

ခမ်းနော့ဝ် မျက်လုံးတို့က အိပ်ရာပေါ်က ကိုးနောင်ခြေထောက်ဖြူဖြူတွေဆီ ရောက်သွားသည်။ထိုင်နေသော ကြောင့် ဒူးဝက် ဘောင်းဘီက ပေါင်ရင်း ထိ လိမ့်တက်နေကာ အမွှေးမျှင်ကင်းသော ခြေထောက်သွယ်သွယ်များက အနက်ရောင် အိပ်ရာခင်းပေါ်ဝယ် ထင်းခနဲ။သွေးကြောစိမ်းမျှင်မျှင်လေး များက ပေါင်တံပေါ်မှ သွယ်ဆင်းလာကာ ခြေဖမိုးတိုင်။

ခမ်းနော့ဝ်မှာ တံတွေး အကြိမ်ကြိမ်မျိုချလိုက်ရသည်။သူ့ယောက်ျားသည် သိပ် ချောလွန်းပါသည်။အိမ်ထောင်သက် ဘယ်လောက်ကြာကြာ ကိုးနောင်ကို နှာဗူးထဆဲပင်။

ဟိုး အရင်တစ်ချိန်က ဤခြေထောက်သွယ် များ ဤသို့ လှစ်ခနဲ လှစ်ခနဲ ပေါ်နေသည်ကို မြင်ခဲ့တိုင်း မဆိုင် မပိုင် သော သူ မို့ ဆန္ဒကို တရားနဲ့ ထိန်းခဲ့ရပါ၏။

ခုတော့ မတူ။ဤ လူသားကို သူပိုင်ချေပြီ။

ဉာဏ်ကိုးနောင်ကို ဟီး. .ဟီး သူ လုပ်ချင်ရာ လုပ်၍ ရလေပြီ. . .။

ထိုအတွေးများက သူ့ စိတ်ရိုင်းတွေကို နိုးကြွ လာစေသည်။မြန်မာကား ထဲ က လူကြမ်းကြီးက မင်းသမီးလေးကို အပိုင်သိမ်းတော့မလို။

ခမ်းနော့ဝ်သည် ကိုးနောင့် ပေါင် ပေါ်တွင် လှဲချလိုက်သည်။ခပ်ရှရှ သံ နှင့်

"အချစ်ရေ. . . ငါ့ကို နည်းနည်း အတန်းရှင်း ပေးပါဦး"

လက်က ကိုးနောင်၏ ပါးနှစ်ဖက်ကို ဖျစ်ညှစ်ပစ်လိုက်သည်။လက်ထဲတွင်ပါးအိအိလေး နှစ်ဖက် ပါလာပုံက ချစ်စရာလေးပင်။

ဉာဏ်ကိုးနောင် က တည်ငြိမ် အေးဆေးစွာ

"ကိုယ် စာဖတ်နေတယ် ငြိမ်ငြိမ်နေ. . ."

"နေဘူးကွာ"

ခမ်းနော့ဝ်က ကိုးနောင် ရှပ်အဖြူ ကို လှန်တင်လိုက်ပြီး ရှပ်ဖြူ ထဲ ခေါင်းထိုးကာ တောင့်တင်းသော ဝမ်းဗိုက် ကြွက်သား အမြှောင်းမြှောင်း တွေကို ကိုက်လိုက်သည်။လက်က လည်း ကမြင်းနေသေးသည်။ကိုးနောင့် ရင်ဘတ်တွေ ကျောတွေထိပါ နယ်ချဲ့ ကာ ပြဿနာ ရှာသည်။ရင်ဘတ်က အဖုထစ်လေး နှစ်ခု ကို သွားနဲ့ ကိုက်ချလိုက်သည်။သူ အချစ်ဆုံးက အဲ့နှစ်ခု လည်း ပါသည်။

ကိုးနောင် ခန္ဓာကိုယ် အနည်းငယ် တုန်သွားသည်။ကိုးနောင် ရင်ဘတ်ထိရင် sensitive ဖြစ်သည်။

ကိုးနောင် အသားရည် ကာ စွတ်စွတ်ဖြူကြီး မဟုတ်ဘဲ နို့နှစ်ရောင်လေး ဖြစ်သည်။ချောမွတ်နေကာ ခမ်းနော့ဝ် သိပ်ညှစ်ပါများရင် လက်ချောင်းရာကြီး ထင်းလာကာ နီရဲလာတတ်သည်။

သူ့ မျက်လုံးထဲတွင် သူ့ယောက်ျားက အချောမောဆုံးပင်။အရင်က ဟို မင်းသား ဒီမင်းသား လျှောက်ပတ် ကြိုက်သော်လညး ခု မူ သူ့ယောက်ျားကို အကြိုက်ဆုံးပင်။မင်းသား တွေက ကိုင်လို့ နမ်းလို့ မရ၊သွားကိုင်ရင် ဂျေးအောင်း သွားရမှာပေါ့။သူ့ယောက်ျားကတော့ ကောပတ်ရုပ်လေးလိုပင်။လုပ်ချင်တာလုပ်။တစ်ကိုယ်လုံး သူ့ စိတ်ကြိုက်။

ဟိုနေရာ က လွဲ၍ ဉာဏ်ကိုးနောင် တစ်ကိုယ်လုံး ပြဿနာ ပတ်ရှာသည်။မနက်ဖြန် ခမ်းနော့ဝ် ဂျူတီတွေ ရှိသေးသည်။ခါးနာ၍ မဖြစ်။

လိမ့်တင်နေသော ပေါင်တံလေးများကိုပင် ပက်ပက်စက်စက် စုပ်နမ်းလိုက်သေးသည်။ဉာဏ်ကိုးနောင်က သူ့ အကြောင်း နောကျေနေသည့် အတိုင်း လျစ်လျူ ရှူထားသည်။

ပြီး ကိုးနောင့် ရှပ်လည်ပင်းပေါက် ကနေ ခေါင်းပြူ ထွက်လိုက်ပြီး ကိုးနောင့် အောက်နှုတ်ခမ်းကို လျှာနဲ့ လျက်ကာ အက်ရှရှသံနှင့်

"ယောက်ျား. . ."

ကိုးနောင် မျက်ဝန်း စိမ်းစိမ်းတို့က သူ့ဆီ ရောက်လာသည်။

"ခမ်းနော့ဝ် မဆိုးနဲ့ တော့. . . ကိုယ် စာဖတ်နေတယ်"

ခမ်းနော့ဝ်က ကိုးနောင့် နားရွက်ဖျားတွေကို ညင်သာစွာ ပွတ်သပ် ကျီစယ်လိုက်ရင်း

"ကျွန်တော့်ကို နည်းနည်း အတန်းရှင်းလေး ပေးပါဦးခင်ဗျ . . .ကိုကိုဉာဏ် ရ. . ."

ခမ်းနော့ဝ်က ကိုးနောင်ဖတ်နေသော စာအုပ်ကို ဆွဲယူလိုက်တော့ . . . ဪ . . . တွတ်ပီ။စူးစူးစိုက်နဲ့ စိတ်ဝင်တစား ဖတ်နေ၍ ဘာများလဲလို့။

"တွက်ပီနဲ့ ငါနဲ့ ဘယ်သူ ပို ချစ်လဲ. . "

"တွတ်ပီ"

ခမ်းနော့ဝ် က နှာခေါင်းရှုံ့ ကာ

"တော်ပြီကွာ. . . မင်း က်ို မချစ်တော့ဘူး"

ခမ်းနော့ဝ်က ကိုးနောင် ရှပ်ထဲ မှ ထွက်ကာ ကုတင်ပေါ် လှဲ ချလိုက်သည်။မျက်လုံးများကို ပင် မှိတ်လိုက်သေးသည်။

အတန်ကြာသည်ထိ သူ မျက်လုံးများကို မှိတ်၊ အိပ်ချင်ယောင်ဆောင်နေတာ ကြာလာသောအခါ တကယ် အိပ်ချင်လာသည်။ကိုးနောင်ကို လှည့်ကြည့်လိုက်သောအခါ ခမ်းနော့ဝ်မှာ လန့်ဖြတ်သွားရသည်။

သူ့ ကို စူးစူးရဲရဲ စိုက်ကြည့်နေသော မျက်ဝန်းစိမ်းစိမ်း တောက်တောက်‌တွေ။စူးရဲကာ အရိုင်းဆန်လွန်းသည်။ခမ်းနော့ဝ် လန့်ပင် သွားရသည်။

"မပြောနဲ့"

"ဟမ် ဘာကို မပြောရမှာတုံး. . ."

"မချစ်ဘူးလို့ မပြောနဲ့ . . ."

ခမ်းနော့ဝ် အံ့ဩ သွားသည်။သူက ကျီစယ်တဲ့ သဘောပဲ ပြောလိုက်တာပါ။ရှေ့က လူကို ချစ်လွန်းလို့ အသည်းထဲ ထည့်ထားလို့ ရရင် ထည့်ထား ချင်တဲ့ အကြောင်း ထိုင်ပြောနေရင် သူ မော သေရုံသာ။

ခမ်းနော့ဝ် ကို စိုက်ကြည့်ရင်း ကိုးနောင် မျက်ခုံးတွေက တဖြည်းဖြည်း ကျုံ့တက်လာသည်။မေးကြောများပင် ထောင်တက်လာသည်။သို့သော် စက္ကန့်ပိုင်းမျှသာ ဖြစ်ပြီး သူ့ စာအုပ်သူ ဆက် ဖတ်နေ၏။

စဉ်းစား ကြည့်သော် ဉာဏ်ကိုးနောင် မကြိုက်သည့် စကားလုံး များစွာ ရှိသည်။

သူ့ကို sexy ကျသည် ဟု ပြောလျှင် မကြိုက်။

ညားခါစ က ဉာဏ်ကိုးနောင် ကို " ကိုးနောင်က အရမ်း sexyကျတာပဲ" လို့ ပြောလိုက်တာ မျက်မှောင်ကြီး ကျုံ့ရင်း တစ်ပတ်လောက်တိတိ စကား မပြောတော့။

ပြီး ထူးထူးဆန်းဆန်း သူ မကြိုက်တာတွေ ရှိသေးသည်။

စကားကို နည်းနည်းလေး မှအမှားမခံ။

ခုလည်း ဒါလေး နည်းနည်း စတာကို စိတ်ကောက်ပြန်ပြီ။

"ဉာဏ်. . .ဟေ့ ဉာဏ် စတာပါကွာ"

"မစနဲ့"

"ဟုတ်ပြီ ဟုတ်ပြီ မစ တော့ပါဘူးကွာ ငါ့ ဘက်လှည့်ပါဦး. . ."

တုတ်တုတ်မလှုပ်။

"အေး မင်း မလှည့်ဘူး ရတယ် . . . မင်း မလှည့် ငါ လှည့်တယ်ကွာ"

ကိုးနောင် မေးဖျား ကို လက်နဲ့ ဆွဲယူလိုက်တော့ လှည့်ကြည့်လာတဲ့ စိမ်းတောက်တောက် မျက်ဝန်းများက လှပသေသပ်စွာ။

"ကိုယ့် ကို ချစ်လား. . "

"ချစ်လို့ ကလေး နှစ်ယောက်တောင် ရပြီပဲလေ"

"ဘယ်လောက်ချစ်လဲ"

"ငါ့ ကို ငါ့ထက် ပို ချစ်တယ်"

"ရိုးရိုးလေး ချစ်တာလား အများကြီး ချစ်တာလား"

"ငါ့ကို ငါထက် ပို ချစ်ပါတယ် ဆိုကွာ အများကြီး အများကြီး ဟော ဒီလောက်ကြီး. . ."

ခမ်းနော့ဝ်က လက်နှစ်ဖက်ကို ဆန်တန်းကာ ပြောလိုက်တော့ ကိုးနောင်က သွားတန်း ဖြူဖြူလေး များ ပေါ်သည်ထိ ပြုံးလိုက်ကာ ခမ်းနော့ဝ် နဖူးကို နမ်းလိုက်သည်။

"Good night"

"မင်းလည်း Good night "

"စာအုပ်ဆက်ဖတ်လိုက်ဦးမယ်. . .သမီးက ကောင်းတယ်ဆိုပြီး recommend အကြီးကြီး ပေးထားတာ"

သမီးကြီးက စာဖတ်ဝါသနာ ပါသည်။ရုပ်ပြကာတွန်းစာအုပ်တွေ ရွှေသွေး မိုးသောက်ပန်း ဂျာနယ် အစုံအလင် သူ့ ဘာသာ သေချာ စုထားသည်။သူ့ ဖတ်ရုံမက သူ့ ဖေကြီး ပါ ဖတ်ခိုင်းတတ်သည်။ပြီး ဇာတ်လမ်း အကြောင်း စမြုံ့ ပြန်ကာ တခစ် ခစ် ရယ်နေတတ်သည်။

"သားငယ်လေးကရော ဘာတွေ ဖတ်ခိုင်းသေးလဲ"

"ကိုးနွယ်က ဒါတွေ စိတ်မဝင်စားဘူး. . ."

ခမ်းနော့ဝ် အလိုမကျ။6 နှစ် အရွယ် ပေါက်စ လေးက ကလေး သဘာဝ ဂျစ်ကျတာ ရယ်တာ မောတာ ဘာမှ မရှိ။ကလေး တိုင်း ကြိုက်တဲ့ ကာတွန်းစာအုပ်ကို သားငယ်က မကြိုက်ပါဘူးတဲ့။ပြောတဲ့ သူက လည်း သူ့ ဖအေ ကိုယ်တိုင်။

သားငယ်က အေးစက်လွန်းသည်။သို့သော် အချို့ ကလေးတွေက ဗီဇ ကိုက အေးအေးဆေးဆေး နေတာမျိုး ဖြစ်သည်။သူ့ သားငယ်ကမူ မျက်လုံးများက ကို သေနေပြီး တစ်နေရာ ထဲ ကိုပဲ စူးစိုက်ကြည့်နေလေ့ရှိသည်။မျက်လုံးထဲ က အခိုးအငွေ့များက နည်းနည်းတော့ အမ်း . . . ဖအေ ဖြစ်သည့် သူကိုယ်တိုင်ပင် ထိန့်လန့်မိသည်။

သမီးကြီး ဆို ပေါက်ပေါက်ဖောက် သလောက် သားငယ်ကမူ စကားတစ်လုံးကို အကြာကြီး စဉ်းစားနေတတ်သည်။သူ့ မှာလည်း တာဝန်ဝတ္တရားတွေနဲ့မို့ ကလေး တွေကို မူကြိုသာ ပို့ထားမိသည်။သားငယ်ကို သူ လုံးဝ ဂရုစိုက်မှ ရတော့မည်။ကလေးက ကလေး နဲ့ တစ်စက်မှ မတူ။

"မဟုတ်သေးပါဘူးကွာ သားငယ်က ကလေးလေးပဲ ရှိသေးတာ. . . ကလေး သဘာဝတွေ လည်း တစ်ခု မှ မတွေ့ဘူး မင်း သားငယ်ကို ဂရုစိုက်ပါဦး. . ."

"ထားလိုက် . . . သူက အဲ့လိုပဲ. . ."

"ဘာက အဲ့လို ရမှာတုံး. . . ဒီချိန် ကလေး လေး တွေက မိဘ ရင်ခွင်ထဲ နွေးနွေးထွေးထွေး နေရမယ့်ချိန်. . ဟိုတစ်နေ့က မိုးတွေ ရွာ၊ မိုးကြိုး တွေ တအုံးအုံး ပစ်တုံးက မင့် သားငယ် ဘာလုပ်နေတယ် မှတ်တုံး. . . "

"အင်း ဘာလုပ်လဲ"

"မိုးကြိုးတွေ ကို ထိုင်ကြည့်ပြီး ရယ်နေတယ် ရယ်နေတာမှ လေ အူလှိုက်သည်းလှိုက်‌ကို ရယ်နေတာ. . သမီးကြီးက ကြောက်လွန်းလို့ ငါ ချီထားရတာ. ."

ဉာဏ်ကိုးနောင်က မျက်ခုံး တစ်ဖက် ပင့်သွားပြီး နားလည်ရ ခက်စွာ ပြုံးလိုက်သည်။ခဏကြာ တိတ်ဆိတ်နေပြီးမှ

"ကိုယ် ငယ်ငယ်က မိုးရေထဲ မှာ ထိုင်ပြီး မိုးကြိုးတွေ ကို ကြည့်ပြီး ရယ်နေခဲ့ဖူးတယ် ဘာလို့လဲ ဆိုတော့ မိုးကြိုး မိုးခက် တွေက ကို့ မျက်လုံးထဲ သိပ်လှတယ် ကောင်းကင် ပေါ်က ဖြုတ်ပြီး ကိုယ့်အိတ်ကပ်လေးထဲ သိမ်းထားချင်တယ်. . .စိတ်မပူပါနဲ့. . . "

"ဒါမဲ့ ငါ သူ့ကို ပျော်စေချင်တယ် ရယ်စေချင်တယ် အခြားကလေး တွေလို ဆော့ကစားနေတာ မြင်ချင်တယ်. . .သားငယ်လေးကို သာမန်ကလေး လေးပဲ ဖြစ်စေချင်တယ် ငါကလည်း ဂျူတီ တွေ နဲ့ အရမ်း အလုပ်များတယ် သားငယ်လေးကို ချစ်ပြပါဦးကွာ မင်း ချစ်တာ ငါသိပါတယ် နည်းနည်းလေး ထုတ်ပြပါဦး. . ."

"မချစ်ဘူး. . ."

"ဉာဏ်ကိုးနောင် အဲ့တာ မင်း သားကွ. . !
မင်း အသွေးသား တွေနဲ့ တည်ဆောက်ထားတဲ့ မင့် သား. . .မင်း အကြီးကျ ကောင်းပြီး အငယ်က ဘာလို့ ခွဲ ဖယ်ထားတာလည်း. . . ."

ဉာဏ်ကိုးနောင်က စာအုပ်ကို ဘုံးခနဲ ပိတ်ချလိုက်ပြီး မီးခလုတ်ကို ဆတ်ကနဲ ပိတ်လိုက်သည်။

"ကိုယ်နဲ့ တူလို့ မချစ်တာ. . . အိပ်တော့ ထပ် စကားမများနဲ့. . "

ခမ်းနော့ဝ် စိတ်တိုစွာ ကုတင်ထောင့်စွန်းဘက် တိုးကပ်သွားပြီး ကိုးနောင်ကို ကျောပေးအိပ်သည်။

ခမ်းနော့ဝ်က တော့ သားငယ် ကိုးနွယ်ကို ဉာဏ်ကိုးနောင်နဲ့ တူလို့ကို ချစ်သည်။

++++

ညသန်းခေါင်ယံ။

ခမ်းနော့ဝ် သမ်းဝေကာ ထလိုက်သည်။နံဘေး ကို လက် စမ်းလိုက်သော တစ်ယောက်သောသူ မရှိ။

စိတ်ထဲ ရေဆာ သလိုလို ရှိလာ၍ ရေသောက်လိုက်ပြီး ဟိုယောက်ျားကို ရှာရန် အပြင်ထွက်လာသည်။ည သန်းခေါင်ကြီး ဘယ်သွားနေမှန်းမသိ။

အိမ်က သုံးထပ်တိုက် ဆောက်ထားသော်လည်း အမှန်ကမူ လေးထပ်။ခို ပြီး ဆောက်ထား၍ သုံးထပ်ဟု သာ ထင်ကြသည်။

အခန်းပြင် တွင် ကိုးနောင် အရိပ်ဟူ၍ အမြှီး ပင် မမြင်။

ခမ်းနော့ဝ် တတိယ ထပ် တက်လာလိုက်သည်။

တတိယထပ်တွင် အမဲရောင်ဆေး သုတ်ထားသော ကျွန်းတံခါးကြီး တပ်ထားသော အခန်းကြီး တစ်ခန်းသာ ရှိသည်။

ထို အခန်းက ကိုးနောင် အလုပ်ခန်း ဖြစ်သည်။

ခမ်းနော့ဝ်သည် ပုံမှန်အားဖြင့် တတိယထပ်သို့ တက်လေ့မရှိ။ကိုးနောင် အလုပ်ခန်းမို့ ကိုးနောင် အခန်း ထဲ ရှိမလားလို့ လာရှာတာပင်။

ကိုးနောင်က အမြဲအစေ ဒီအခန်းထဲ အချိန်ကုန်တတ်သည်။တစ်ခါတစ်လေ ဒီအခန်းထဲ ညလုံးပေါက်နေတတ်သည်။

ခမ်းနော့ဝ်သည် မိသားစုလေး လေးယောက်သာရှိ၍ အိမ်ကို သေးသေးလေးနဲ့ ကျစ်ကျစ်လျစ်လျစ်လေး ဆောက်စေချင်သည်။

သို့သော် အိမ်က ယောက်ျားက မန္တလေး မြို့စွန် မေမြို့တက်လမ်းဘက်တွင် နှစ်ဧက လောက်ကျယ်သော ခြံကြီးကို သူ့လည်း တစ်စက်မှ မပြောဘဲ ဝယ်ချလာသည်။ပြီး သူကိုယ်တိုင် အိမ်ဒီဇိုင်းဆွဲ ပြီး အိမ်ကို တကယ့် ဘုတ်ပြဲ ကြီး ဆောက်ပစ်သည်။တကယ်ပါ။ခမ်းနော့ဝ်မှာ ကိုယ့် အိမ် ကိုပင် နှံ့ စပ်အောင် လျှောက်မကြည့်ဖူးပေ။ပြီး တစ်ယောက်နှင့် တစ်ယောက် ခေါ်မကြား အော်မကြား။

ခမ်းနော့ဝ်နှင့် ကလေးတွေ နေသည်မှာ ပထမထပ်နှင့် ဒုတိယ ထပ် သာ ဖြစ်၏။

အိမ်သန့်ရှင်းရေးကတော့ ဒီလောက် အကျယ်ကြီးကို သူလည်း ‌နေ့တိုင်း ပြောင်အောင် မသုတ်နိုင်။အချို့နေရာတွေ ဆို ဖုန်တွေ အလိပ် လိပ်။စိတ်ပေါက်ရင်တော့ သန့်ရှင်းရေး လုပ်သော်လည်း ပထမနှင့် ဒုတိယ ထပ်သာ လုပ်ဖြစ်သည်။တတိယနှင့် စတုတ္ထက တော့ ကိုးနောင် တာဝန်ယူသည်။

အိမ်ကြီးကတော့ တကယ့် နန်းတော်ကြီး အတိုင်းပင်။သို့သော် လေးယောက်တည်း မို့ သရဲ ခြောက်မှာတောင် ကြောက်ရသည်။မန္တလေး မြို့ထဲလည်း မဟုတ် ၊လူပြတ် သူပြတ် မြို့စွန်တွင် သူ့တို့ အိမ်ကြီးသာ နန်းတော်ကြီးလို ထင်းကျင်းနေ၏။

ဒီလောက် ကျယ်ကြီး ဆောက်စရာလိုလို့လား မေးလျှင်လည်း ကိုးနောင်က ရယ်မောကာ

"သားတွေ သမီးတွေ အိမ်ထောင်ကျလျှင် ချွေးမတွေ သမက်တွေပါ အိမ်ပေါ် ခေါ်ထားချင်လို့" ဆို ခဲ့သည်။ခမ်းနော့ဝ် မှာ အမြော်အမြင်ကြီးလှသော လင်တော်မောင်အား ဦးပင် ချချင်သွား၏။

ခမ်းနော့ဝ် တံခါး ကို ဖွင့် လိုက်သောအခါ ကျွီ ဟူသော မြည်သံကြီးက ဆွဲဆွဲမြေ့မြေ့ကြီး ပေါ်လာသည်။

"ကိုး. .နောင် နောင် နောင့်. . . "

"ဖလပ် ဖလပ် ဖလပ် "

ကိုးနောင် ဟု အသံ ပြုကာရှိသေး . . ဘုရားရေ. . . အိမ်ရှေ့ ကုက္ကိုပင်ကြီး ပေါ်မှ ငှက်တွေ က ထပြန်တော့သည်။

"အာ့ အာ့ အာ့ "

သောက်ကျိုးနည်း ကျီးကန်းတွေ ပါ ပါသေးသည်။

ပိန်းပိန်းထူအောင် မှောင်မည်းနေသော အခန်းကျယ်ကြီး ထဲတွင် မျက်စိ ကျင့်သား ရသောအခါ မီးဖွင့်ရန် ခလုတ် နှိပ်လိုက်သည်။

သို့သော် ခလုတ်က ဘယ်ရောက်။အရေးထဲပျောက်နေသည်။ခါတိုင်း နံရံ ထောင့်မှာပါ။

ကိုးနောင် အခန်းက ကျယ်သော်လည်း ပစ္စည်းတွေ အများအပြား မရှိ။အလုပ်စားပွဲနှင့် office chair တစ်ခုံ။ပြီး စာအုပ်စင်ကြီးတွေ။ဒါပဲ ရှိသည်။

နံရံ ကို နီညိုရောင်ဆေးသုတ်ထားပြီး မီးဆိုင်း မီးပန်းကြီးတွေ ချိတ်ဆွဲထားသည်။ခန်းလုံးပြည့် အညိုရောင် သားမွေး ကော်ဇောကြီးတွေ လည်း ခင်းထားသည်။

ခမ်းနော့ဝ်မှာ မီးခလုတ် ပျောက်နေသည်။ထိုစဉ် စာအုပ်စင် နံဘေးက ခလုတ်နီနီလေးများ သူ့ အာရုံထဲ ဝင်ရောက်လာသည်။

ခလုတ် အရေအတွက်က စုစုပေါင်း နှစ်ဆယ် ရှိသည်။ခလုတ်‌‌လေး‌တွေက နှစ်ဆယ်လုံး တစ်တန်းထဲ ရှိတာ မဟုတ်။ငါးခု တစ်တန်း၊ငါးခု တစ်တန်း ဆီ။

ခမ်းနော့ဝ်သည် ရှေ့ဆုံး ခလုတ်ကို နှိပ်လိုက် သည်။မီး ပွင့်မလာ။ဒုတိယ ခလုတ်ကို ဖွင့်လိုက်သည်။မပွင့်။တတိယ စတုတ္ထ နောက်ဆုံး ထိ အကုန် လိုက်ဖွင့်သည်။တစ်ခု မှ ပွင့်မလာပေ။အကုန် ပြန်ပိတ်ကာ ပြန်ဖွင့်သည်။မရ။

ခမ်းနော့ဝ် စိတ်တိုလာသည်။စိတ်တိုလာ၍ ခလုတ်တွေ ကို လက်နဲ့ ဗုံးခနဲ ရိုက်ပစ်လိုက် သည်။အလယ်တည့်တည့် ဗဟိုခလုတ်ကို ရိုက်မိသွားသည်။ခလုတ်က နံရံထဲ ကျွံထွက်သွားလေသည်။သူ ရိုက်လိုက်တာ အားလည်း အများကြီး မဟုတ်ပါလေ။ခလုတ်က ဘာကြောင့် ကျွံ သွားပါသနည်း။

ထိုစဉ် ခမ်းနော့ဝ် တစ်ခုခု လှုပ်ရှားသွားသလို ခံစားလိုက်ရ၏။ခမ်းနော့ဝ် နောက် လှည့်ကြည့်လိုက်သောအခါ နံရံ ကြီးက ထက်ခြမ်းကွဲ သွားသည်။

ခမ်းနော့ဝ် မျက်လုံးပြူးသွားလေသည်။

သောက်ကျိုးနည်း။

အချစ်ကလေးက လျှို့ဝှက်ခန်း တွေ ပါတွေ နဲ့ပါလား။

ဧကန်န သူ့ ယောင်္ကျားက ဇာတ်ကား တွေ ထဲကလို လူဆိုး ဂိုဏ်းခေါင်းဆောင်ကြီး များလား။အထဲမှာ လက်နက်တွေ ဘိန်းတွေ ‌မှောင်ခိုထားတာလား။

ခမ်းနော့ဝ် ပေါက်တက်ကရ အတွေး တွေ မောင်းထုတ်ပစ်လိုက်သည်။ဇာတ်ကား ကြည့်တာ လျှော့သင့်ပြီ။

ခမ်းနော့ဝ် စပ်စပ်စုစု အထဲ ကို ဝင်လိုက်သည်။

လျှို့ဝှက်ခန်းထဲ တွင်တော့ မီးလေး ဖျဖျ လင်းနေသည်။

အထွေထူးတော့ မရှိ။စင်ကြီးတွေ သာ ရှိပြီး ထိုစင်များပေါ်တွင် ဗူးတွေ တင်ထားသည်။

ဘာရယ်မဟုတ် ဗူးတစ်ဗူးကို ယူကြည့်လိုက်သည်။

ကြည့်လေ ကြည့်လေ. . . နေပါဦး ဒါကြီးက လူ့ နှလုံးနဲ့ မတူဘူးလား။ခွဲစိတ်ဆရာဝန်တစ်ယောက်မို့ လူ့ ကိုယ်တွင်းအင်္ဂါများဆိုလျှင် မြင်ရုံနဲ့ ဘာဆို ဘာ တန်း သိသည်။အခြားဗူးတွေ အကုန် ကြည့်လိုက်တော့ အချို့က လူ့ အသည်းတွေ၊ ကလီစာတွေ။ဗူးကြီး ကြီး နဲ့ ထည့်ထားတာက အူမကြီးတွေ။ဗူးထဲ ဆေးရည်စိမ်ကာ ထည့်ထားသည်။

ဘုရား. . .ဘုရား. . ကိုးနောင် ဒါတွေ နဲ့ ဘာလုပ်နေပါသနည်း။ကိုယ်တွင်း အင်္ဂါ‌တွေများ မှောင်ခို ရောင်းနေလေသလား။ခမ်းနော့ဝ် ‌ချွေးပင်ပြန်လာသည်။တရား မဝင်ဘူးလေ။

အခန်း ထောင့် နားတွင် လူ့ တစ်ကိုယ်စာ အပေါက်တစ်ခု ရှိသေးသည်။

ဝင်သွားတော့ နောက်တစ်ခန်း။ထို အခန်းတွင် မူကား . . .။

ခမ်းနော့ဝ်မှာ ဒူးတွေ ပင် ‌ခွေကျသွားမတတ်။သူ့ ပါး သူ ပြန်ရိုက်ကြည့်သည်။မြတ်စွာဘုရား ရေ. . . ။

အ . .အ . .အ လောင်း. . အလောင်း တွေ ။ကုတင် အလုံးပေါ်ဝယ် အလောင်းတွေ တင်ထားသည်။ခမ်းနော့ဝ် အလောင်း ဟုတ်မဟုတ် သေချာအောင် အနီးကပ် သွားကြည့်သည်။ဒီ တိုင်း. . . ဒီတိုင်း အရုပ်တွေ ဖြစ်မှာပါ။

အေးစက်ထုံထိုင်းနေသော အထိအ‌တွေ့က အလောင်းတွေ ဆိုတာ သေချာသွားသည်။တစ်လောင်းဆို ယခု မှ သေထားပြီးသား ပူပူနွေးနွေးပင်။

ခမ်းနော့ဝ် ခေါင်းထဲ အလွန် ရှုပ်ထွေး ပွေလီ နေပြီး သူ့ အိပ်မက် မှတ်နေတယ် လို့တောင် ထင်မိသည်။

အသက်ကို ပြင်းပြင်း ရှူ သွင်းလိုက်ပြီး ရှေ့ဆက်လျှောက်လိုက်သည်။

လျှောက်လိုက်မှ နောင်တ ရသွားသည်။ခမ်းနော့ဝ်သည် ဒူးပါ ခွေကျသွားသည်။

ကုတင် တစ်လုံး။ကုတင်ပေါ်ဝယ် အလောင်းတစ်လောင်း၊အဲ့ အလောင်း ကို ရင်ခွဲထားကာ အထဲက အူတွေ ကလီစာတွေ အသည်းတွေကို ငယ်ငယ်က ကလေးတွေ ဆော့ကစား ထားသလို အပိုင်းပိုင်း လှီးဖြတ်ထားသည်။အလောင်းကြီး ၏ ဘယ်ဘက် မျက်လုံးကြီးက ကြောက်မက်ဖွယ်ရာ ပြူးထွက်နေကာ ညာဘက် မျက်လုံးကြီးကို ဓားမြှောင်နဲ့ ထိုး စိုက်ထားသည်။

ခမ်းနော့ဝ်က ဆရာဝန်တစ်ယောက် မို့ ဒီလို အလောင်း ကြီး ရင်ခွဲ ပက်လက်ပုံစံက သူ့တွက် မြင်နေကျ။သို့သော် သို့သော် ။ဒါကြီးက စိတ္တဇ လူသတ်သမား တစ်ယောက် ရက်ရက်စက်စက် သတ်ထားသလို ဆိုးရွားလွန်းသည်။ပြီး နှလုံးတွေကို ဈေးထဲက ဆိတ်သားစင်းကော နုတ်နုတ် စင်းသလို အစိတ်စိတ်အမွှာမွှာ ဖိချေထားသေးသည်။သွေးတွေ က လျှံကျနေကာ အချို့က ခဲတတ်နေသည်။အနံ့ မထွက်အောင် သတ် ထားသော်လည်း သွေးညှီ နံ့တွေက အော်ကလီဆန်ကာ အန်ချမိမတတ်။နောက်ပြီး အခန်းထောင့်တိုင်းတွင် အရေပြားတွေကို ဆုတ်ဖြဲကာ လှမ်းထားသေးသည်။နံရံ ပေါ်တွင် လူရုပ်ပင် ‌မပေါ်၊ အသားတုံးကြီး ကို ချိတ်ဆွဲထားသေးသည်။

ကိုးနောင်. . .ကိုးနောင်။

ဟိုး အရင် သူတို့ မယူသေးခင်က ကိုးနောင် ပြောဖူးသော စကား ရှိပါသည်။

"ကိုယ်က မကောင်းဘူး "

"ရတယ် ရတယ် လောကကြီး မှာ ပြီးပြည့်စုံတဲ့လူ ဆို တာ မှ မရှိတာကွာ. . ."

"ကိုယ်ကို နည်းနည်းလေးပဲ ချစ်လို့ မရဘူးနော် အများကြီး ချစ်မှ ရမှာ ကိုယ့် အကြောင်း သိသွားရင် ခမ်းနော့ဝ်က ကိုယ့်ကို ထားခဲ့မှာ. . .ကိုယ် ကြောက်တယ်. . ."

"မထား ခဲ့ပါဘူး ဆိုကွာ ယောင်္ကျားကတိ ယောင်္ကျားကတိ. . ."

16 နှစ်လုံး လုံး သူ ဉာဏ်ကိုးနောင်ကို အဖြူထည် ကြောင်ပေါက်လေး အဖြစ် ထင်မှတ်ခဲ့ပါသည်။

တကယ့် တကယ့် တွင်တော့ ကြောင် ယောင် ဆောင် ထားသော ကျားဖြူ ကြီးသာ လျှင် ဖြစ်သည်။

အခန်း တစ်ခန်းလုံး အပူချိန်က အေးစက်နေကြောင်း ခမ်းနော့ဝ် မေးရိုးတွေ ခိုက်ခိုက်တုန်လာမှ သတိထားမိသည်။

အခန်း၏ ဟိုးနောက်ဆုံး ထောင့် ဖျားတွင် အပေါက်တစ်ပေါက် ထပ်ရှိနေပြန်ပါ၏။

ခမ်းနော့ဝ် အားတင်းကာ ဝင်သွားလိုက်သည်။

ဒီယောက်ျား ဘာတွေ ထပ်မွှေထားသလဲ။

အပေါက်ထဲ ဝင်သွားတော့ ခမ်းနော့ဝ်မှာ ကိုယ့်အိမ်ထဲ ကိုယ် နေရင်းထိုင်းရင်း parallel world ရောက်သွားသလို။

ဆယ်ချီနေတဲ့ အခန်းတွေ။အေးစက်နေတဲ့ကြမ်းပြင်၊အနက်ရောင်‌ဆေး သုတ်ထားတဲ့ မှောင်မိုက်နေတဲ့ နံရံတွေ၊အနီရောင် တောက်နေတဲ့ မီးလုံး မှိတ်တုတ်မှိတ်တုတ်တွေ။

ခမ်းနော့ဝ် ဇာတ်ကားဆိုတောင် စိတ္တဇ လူသတ်ကားနှင့် သရဲကား ဘယ်တော့မှ မကြည့်။

ကိုးနောင်နဲ့ အတူ ရှားရှားပါးပါး ရုပ်ရှင် အတူ ကြည့်ခဲ့ဖူးချိန်ကို သတိရမိသည်။

ထိုစဉ်က ဟော့နေသော ဇာတ်ကားမှာ psychopath ကား ဖြစ်ပြီး တော်တော်လေး သွေးသံရဲရဲ ဇာတ်ဝင်ခန်းတွေ ပါသည်။ထိုစဉ်ကတော့ ကြောက်ရင် ကိုးနောင် ရင်ခွင်ထဲ တိုး၊လက်လေး ကိုင် မည်ဟူသော မဟာ အကြံအစည်ဆိုးနဲ့ ထိုကား ကို မှ ရွေးခဲ့ပါသည်။

စ ပြ ကတည်းက ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေ၍ ဇာတ်ကားတွင် အာရုံ မရှိ။တစ်ခု တော့ သတိထားမိခဲ့ပါသည်။

ကမ္ဘာကြောက်စရာ အကောင်းဆုံး horror ဇာတ်ကား စာရင်းတွင် နံပါတ် 1 ချိတ်ထားသော ဒီကားကို ပင် ကိုးနောင်က ဟာသ ကားကြည့် သလို ကြည့်နေတာပင်။

ထို စဉ်က ကိုးနောင် မကြောက်တတ်ဘူးဟ လို့ သာ တွေးခဲ့မိသည်။ရုံက အထွက် တွင် ဒီလောက် ရယ်ရတဲ့ ဟာသ ကား သူ မကြည့်ဖူးသေးဘူး ဟု ပြော၍ ခမ်းနော့ဝ်မှာ ကြောင်အမ်း သွားခဲ့ရသည်။

ခမ်းနော့ဝ် အသက်ရှူ တွေ ကြပ်လာသည်။

တုန်တုန်ရီရီ နှင့် ပထမဆုံး တံခါးကို ဖွင့်လိုက်သည်။

အား. . . ။လူတစ်ယောက်ကို စက်ဝိုင်းပုံစံ
သတ္ထုပြားပေါ်ဝယ် လက်ကားယား ခြေကားယား ချိတ်ဆွဲ ထားသည်။

ဝမ်းဗိုက်တွင် လှံ တစ်ချောင်း စိုက်နေပြီး အူအခွေလိုက်ကြီးက ထွက်ကျနေသည်။တစ်ကိုယ်လုံးအနှံမှာလည်း ဓားတွေ အများအပြား ထိုးစိုက်ထားသည်။အဲ့လူ ရဲ့ မျက်နှာကိုတော့ ထူးဆန်းစွာ မဖျက်ဆီးထားပေ။တွေ့ခဲ့သမျှ အလောင်းတွေ အကုန် မျက်နှာတွေ ပါ လှီးဖြတ်ထားသော်လည်း ဒီအလောင်းကမူ မျက်နှာ အကောင်းတိုင်းပင်။

ဒေါက်တာ မင်းစည်သူ။
ခမ်းနော့ဝ် ဒီလူကို သိသည်။စိတ်ရောဂါကု ဆရာဝန်ကြီး ဒေါက်တာ မင်းစည်သူဆိုတာ နာမည်ကြီးပင်။လွန်ခဲ့တဲ့ 10နှစ်လောက်က မန္တလေး ရန်ကုန် အမြန်လမ်းမပေါ်တွင် ကားအက်စီးဒန့်နဲ့ ဆုံးသွားခဲ့တာ ဟု သတင်းရသည်။

ဒါဆို ဘာကိစ္စ ဦးမင်းစည်သူက သူ့ အိမ်ထဲ ရောက်နေရပါသနည်း။ခမ်းနော့ဝ် ဘာမှ နားမလည် နိုင်တော့ပေ။ဦးနှောက်ထဲ အလွန် ရှုပ်ထွေး နေပြီး အသိနဲ့ ခန္ဓာ မနည်း ကပ်အောင် သတိထားနေရသည်။

ဒီ တိုင်းဆို ကိုးနောင် ကိုယ်တွင်းအင်္ဂါ တွေ မှောင်ခိုနေတာလည်း မဟုတ်ပေ။

ပျော်လို့ကို လူသတ်နေတဲ့ တိုင်းပင်။

အဲ့အလောင်းကြီး ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ခုံ တစ်ခုံရှိပြီး ထိုင်ခုံအောက်တွင် စီးကရက်အတိုတွေ ပြန့်ကြဲနေသည်။

ထိုင်ခုံ ဘေးတွင် ဆိုဒ်စုံဓားတွေ ကတ်ကြေးတွေ တူတွေ သံတုတ်တွေ ကစ နောက်ဆုံး သေနတ် တွေ ပါ ထား ထားသည်။

ခမ်းနော့ဝ် မျက်လုံးအစုံကို မှိတ်လိုက်ကာ ပြန်ဖွင့်လိုက်သည်။အိပ်မက် သာ ဖြစ်ပါစေ။

သို့သော် ကံဆိုးစွာနှင့်ပင် အိပ်မက် မဟုတ်ကြောင်း နီကျင်ကျင် မီးလုံးလေး မှိတ်တုတ် မှိတ်တုတ်၊ အလောင်းကောင်ကြီး နှင့် ဓားတွေက သက်သေ ပြနေခဲ့သည်။

16နှစ်ကြာ မှ သိလိုက်ရတဲ့ အမှန်တရား တစ်ခုက သူ၏ ချစ်လှစွာသော ယောင်္ကျားမှာ စိတ္တဇ လူသတ်သမား တစ်ယောက် ဖြစ်နေခဲ့သည်။

16 နှစ် လုံး လုံး ဖုံးကွယ်ထားသော ကိုးနောင်က ပဲ တော်လွန်းတာလား 16 လုံး လုံး တစ်စက်မှ မရိပ်မိခဲ့သည့် သူ ကပဲ အ လွန်းတာလား။

ခမ်းနော့ဝ် မ အ ပါ။ကိုးနောင်က ပဲ တော်နေတာ ဖြစ်မည်။

ခမ်းနော့ဝ် ဆက် မကြည့်နိုင်တော့။

အားတင်းကာ နောက် ကို တစ်စက်မှ လှည့် မကြည့်တော့ ဘဲ လာလမ်းအတိုင်း အမြန်ပြေးထွက်ခဲ့သည်။

သူ ထွက်သွားသော အခါ နှစ်ခြမ်းကွဲ တံခါးကြီးက ပြန်စေ့သွားသည်။

ဒုတိယထပ်ကို အမြန်ပြေးဆင်းပြီး အိပ်ခန်း ထဲဝင် ကုတင် ပေါ် အရိုးကြိုးပြတ် ပစ်လှဲကာ စောင်ကို ခေါင်းမြီး ခြုံလိုက်သည်။

ကိုးနောင်က မူ ခု ထိ အိပ်ခန်းထဲကို ပြန်မလာသေးပေ။

ခမ်းနော့ဝ် လက်တွေ တုန်ရီနေပြီး မေးရိုးတွေက တဆတ်ဆတ်လှုပ်ခတ်နေသည်။

ကိုးနောင် ကို ခုမှ ပဲ အတွင်းသိ အဆင်းသိ အကုန်သိသွား၍ အိမ်ထောင်ဘက် တစ်ယောက် အနေနဲ့ပျော်ရမလား၊ မတော်တဆ စိတ်ဖောက်လာလျှင် ကိုယ့် ကိုပါ သတ်ပစ်မှာ ကို ကြောက်ရမည်လား။

မကြာခင် ကိုးနောင် ဝင်လာသံ ကြားရသည်။ကိုးနောင် ခြေလှမ်းက ညင်သာလွန်းသည်။နှစ်ပေါင်းများစွာ ပေါင်းသင်းလာလို့သာ သူ သိ ခြင်း ဖြစ်သည်။

ကိုးနောင်က ရေချိုးခန်းထဲ တွင် လက်ဆေးနေသည် ထင်သည်။နောက် အိပ်ရာ ကြီးက အိကျလာတာ ခံစား မိသည်။ပြီး ခမ်းနော့ဝ် ခါးပေါ် လာရောက် ရစ်ပတ်လာသော လက်ဖမိုး ဖြူဖြူဖွေးဖွေးတွေ။ဖက်ထားသော လက်တွေက သာမန်ထက် ပို တင်းကြပ်နေသယောင်။

မကြာခင် ကိုးနောင် အသက်ရှူသံ မျှင်းမျှင်းလေး ပေါ်လာကာ ကိုးနောင် အိပ်သွားသည်။

ခမ်းနော့ဝ် လက်ဖမိုးဖြူလေးပေါ် ပြန်လည် ဆုပ်ကိုင်လိုက်သည်။

သူ ဘာဆက်လုပ်ရမည်နည်း။

နက်ဖြန် ဘုန်းဆက်နွယ် ကို ဖုန်းဆက်ရမည်။ကိုးနောင့် ဖအေတူ မအေကွဲ ညီ ဘုန်းဆတ်နွယ် ထံတွင်တော့ အဖြေ ရှိကောင်း ရှိလိမ့်မည်။

______________________________

7.9.2022(wad)
Mary_Koe
5709

Please give me feedback😉😚

Zawgyi

My Psychopath

ထို အမ်ိဳးသားကို စိုင္းဆိုင္ခမ္းေနာဝ့္ သိပ္ခ်စ္ပါသည္။

အရာအားလုံးကို ေက်ာခိုင္းကာ စုံလုံးကန္းမိသည္ထိ၊ဘဝ တစ္ခုလုံးကို သူ႕ေျခရင္းဝယ္ ဝပ္ဆင္းမိသည္ထိ ထိုအမ်ိဳသား၏ အလွတရားေအာက္ ခမ္းေနာ့ဝ္ စုန္းစုန္းျမဳပ္ခဲ့ပါ၏။

ဉာဏ္ကိုးေနာင္။

လွသည္။စက္စက္ယို ေအာင္လွပတင့္တယ္သည္။

မ်က္ေတာင္ရွည္ႀကီးေတြကို တစ္ခ်က္ဝင့္လိုက္တိုင္း ဒီေကာင္ႀကီးမွာ အ႐ူးတစ္ပိုင္း ျဖစ္ရသည္။နီနီေဆြးေဆြးႏႈတ္ခမ္းလႊာတို႔ကို အသာအယာ ေကာ့ၫႊတ္လိုက္တိုင္း ဒီေကာင့္ လက္ဖ်ားေတြ ေအးစက္ကုန္သည္။ရွည္လ်ားသြယ္ဝင္းေသာ လက္ေခ်ာင္းရွည္ႀကီးမ်ားက ခမ္းေနာ့ဝ္ကိုယ္ေပၚ ရစ္ဝဲ လာတိုင္း သူ႕မွာ ေက်ာက္႐ုပ္ ႀကီးသဖြယ္ အသက္ရႉရပ္ရ၏။

ဉာဏ္ကိုးေနာင္ဆိုေသာ လူသားသည္ စိုင္းဆိုင္ခမ္းေနာ့ဝ္တြက္ အ႐ူးေဆးျဖစ္သည္။

++++

ဉာဏ္ကိုးေနာင္သည္ ခမ္းေနာ့ဝ္၏ ခ်စ္လွစြာေသာ ခင္ပြန္း ျဖစ္သည္။

ခမ္းေနာ့ဝ္ 15ႏွစ္ သားတည္းက ဉာဏ္ကိုးေနာင္က သူ႕ႏွလုံးသားကို အပိုင္းသိမ္းသြားသည္ပင္။

ကိုးေနာင္၏ အရပ္က ေျခာက္ေပ သုံးလက္မ အတိ ရွိၿပီး သူကမူ ငါးေပ ရွစ္အတိ။သို႔ေသာ္ သူ အၿမဲ ဉာဏ္ကိုးေနာင္ကို သူ႕ ရင္ခြင္ေသးေသးေလးထဲ သိမ္းထုပ္ထားခ်င္သည္။

သူ႕ မွာ သူ႕ေယာက္်ားကို ေန႕တိုင္း တစိမ့္စိမ့္ ထိုင္ၾကည့္၍ မဝနိုင္ေပ။အရယ္အၿပဳံး မရွိေသာ ႏႈတ္ခမ္းေသတို႔က ခမ္းေနာ့ဝ္ စိုက္ၾကည့္တာ မ်ားလာလွ်င္ ဖြဖြေလး ရယ္တတ္၏။

ၿပီး သူ႕ ႏွာေခါင္းကို ခ်စ္စနိုး ဆြဲကာ

"ကိုယ္မေနတတ္ဘူး" ဟု ခပ္ တိုးတိုးဆိုတတ္၏။

သူအႀကိဳက္ဆုံး အရာ တစ္ခုကေတာ့ ကိုးေနာင္ ေပါင္ေပၚ လွဲ အိပ္ရတာပင္။

မႏူးညံ့ မေတာင္တင္းေသာ ေပါင္တံ သြယ္သြယ္တို႔က အုံး လို႔ အေကာင္းဆုံး ေခါင္းအုံးေတြပင္။တစ္ခုခု ျပႆနာတက္ စိတ္ရႈပ္လာတိုင္း ကိုးေနာင္၏ ေပါင္သြယ္သြယ္ေပၚ လဲခ်လိဳက္ရင္း ဗိုက္ႂကြက္သားေပၚ မ်က္ႏွာအပ္ သဲႀကီးမဲႀကီး ရွိုက္ကာငင္ကာ ငိုခ် ပစ္လိုက္၏။

ကိုးေနာင္က သူ႕ ေက်ာျပင္ေသးေသးေလးကို လက္နဲ႕ ခပ္ဖြဖြသပ္ကာ "ကိုယ္ ရွိတယ္" ဆိုေသာ စကားတစ္ခြန္းကို သာ ႏူးညံ့စြာ ဆိုတတ္သည္။

စိတ္ညစ္လာတိုင္း သူကေတာ့ ကိုးေနာင္ ရင္ခြင္ထဲ ဝင္တိုးတတ္ေပမဲ့ ကိုးေနာင္ ကမူ ဘယ္ေသာအခါမွ ခံစားခ်က္ေတြ ထုတ္ျပေလ့မရွိေပ။သို႔ေသာ္ ‌ခမ္းေနာ့ဝ္သည္မူ ကိုယ့္ေယာက္်ားေၾကာင္း ကို သိပါသည္။ကိုးေနာင္ မ်က္လုံးကို တစ္ခ်က္ၾကည့္တာနဲ႕ ဘာျဖစ္ေနမွန္း တန္းသိ၏။

ကိုးေနာင္က အိမ္ေရွ႕ဝံရံတာမွာပဲ ျဖစ္ျဖစ္ ၿခံထဲက ပိေတာက္ပင္ရိပ္ေအာက္မွာပဲ ျဖစ္ျဖစ္ အၿမဲ ထိုင္ေနေလ့ရွိသည္။ခမ္းေနာ့ဝ္ နံနက္ ေဆး႐ုံသြား၊ ညေန ဂ်ဴတီၿပီးခ်ိန္ အိမ္က အခ်စ္ေလး ရွိရာ ျပန္လာေသာအခါ သူ႕ အခ်စ္ ဉာဏ္ကိုးေနာင္သည္ နံနက္က သူထိုင္ေနက်ေနရာမွာပဲ ထိုင္ ကာ ဟိုး အေဝးက ရွမ္းရိုးမ ေတာင္တန္းႀကီးကို မ်က္လုံးေသေတြနဲ႕ အေၾကာင္းရင္း မရွိဘဲ ေငးေမာေနသည္။

တစ္ေန႕ကုန္ တစ္ေန႕ခန္း အဲ့ေနရာမွာပဲ တစ္ေယာက္တည္း ၿငိမ္ၿငိမ္ေလး ထိုင္ေနသည္မွာ ေရခဲပန္းပု႐ုပ္ေလးကို ခ်ထားသည့္ႏွယ္။

ခမ္းေနာ့ဝ္က ေျခဖြဖြေလး ႏွင့္ ေနာက္ကေန သိုင္းဖက္လိုက္ေတာ့ ခမ္းေနာ့ဝ္လက္တို႔ကို ကိုးေနာင္က ေျဖးညင္းစြာ ဆုပ္ကိုင္လာသည္။

"ျပန္ေတာင္ လာၿပီပဲ. . "

ခမ္းေနာ့ဝ္က ကိုးေနာင္ ဆံပင္ေတြ ၾကားထဲ ေခါင္းဝွက္လိုက္သည္။ႏွာေခါင္းကလည္း အၿငိမ္မေနပါ။တစ္ေခါင္းလုံး အႏွံ႕ ျဖန႔္ႀကဲ နမ္းရႈံ႕ လိုက္သည္။လွန္သိမ္းထားေသာ ကိုးေနာင္ ဆံပင္တို႔သည္ နဖူးေပၚ ခပ္ရိုင္းရိုင္း ဝဲက် လာသည္။

"ကိုယ္ ေခါင္းမေလွ်ာ္ရေသးဘူး. . "

"ငါ့ ‌ေယာက္်ားက ေရ7ရက္ မခ်ိဳးလည္း ေမႊးတယ္ကြာ "

ခမ္းေနာ့ဝ္ ႏွာေခါင္းတို႔က ကိုးေနာင့္ လည္တိုင္ျဖဴျဖဴေပၚ ဆင္းလာၿပီး သြားနဲ႕ တတိတိ ကိုက္လိုက္သည္။ေသြးေၾကာစိမ္းစိမ္းေလးမ်ားကို လွ်ာႏွင့္ လိုက္ယက္လိုက္သည္။ေလာကတြင္ သူ႕ေယာက္်ားကို အူအယားဆုံး ျဖစ္သည္။အူယားလြန္းလို႔ လည္တိုင္ေက်ာ့ေက်ာ့ကို စုပ္ပါ စုပ္ပစ္လိုက္ေသးသည္။

ၿပီး ေကာ္လံစ ကို နည္းနည္းဟ ကာ ပုခုံးသားမ်ားကို ပါ ရန္ရွာသည္။သူ႕ ကိုက္ရ အဆင္ေျပေအာင္ ကိုးေနာင္က လည္တိုင္ ကို ေစာင္းလိုက္သည္။

"ကြၽန္ေတာ္က ဉာဏ္ရဲ႕ ေခြးေပါက္ေလးပါဗ်. . ."

သူ ေတာ္ေတာ္ၾကာ ဉာဏ္ကိုးေနာင္ကို ဟိုကိုက္ ဒီကိုက္ ဟိုနမ္း ဒီ နမ္း လုပ္ၿပီး ထပ္နမ္း ခ်င္ေသာ္လည္း မိုးခ်ဳပ္သြား၍ အဆုံးသတ္ အေနနဲ႕ ကိုးေနာင္ ပါးနဲ႕ နဖူးကို ႐ႊတ္ကနဲ နမ္းလိုက္သည္။ကိုးေနာင္ ခႏၶာကိုယ္ကို ညွစ္ပစ္လိုက္ဖို႔ လည္း သူ မေမ့ပါေလ။

"ဘာေတြ ေတြးေနတာလဲ. . ."

ကိုးေနာင္က ၿပဳံးလိုက္သည္။ေခါင္းကို ျဖည္းညင္းစြာ ခါယမ္း၍

"ဘာမွ မဟုတ္ဘူး. . ."

ကိုးေနာင္ မတ္တပ္ရပ္လိုက္ေသာ္အခါ ခမ္းေနာ့ဝ္ ကို မိုးသြားသည္။

"ကိုးေနာင္ တစ္ခ်ိန္လုံး ဒီမွာ ထိုင္ေနတာလား. . ."

ဉာဏ္ကိုးေနာင္က မေျဖေပ။ခမ္းေနာ့ဝ္ သိလိုက္ပါသည္။ဉာဏ္ကိုးေနာင္သည္ သူ ထြက္သြားကတည္းက တစ္ခ်ိန္လုံး ဒီ ပိေတာက္ပင္ေျခက ထိုင္ခုံေပၚတြင္ ထိုင္ေနသည္ဆိုတာကို။

တစ္ခါ လည္း မဟုတ္ ႏွစ္ခါ လည္း မဟုတ္ အၿမဲ လိုလိုပင္။ကိုးေနာင့္ မ်က္လုံးမ်ားသည္ စကားေျပာတတ္ေသာ္လည္း အေတြးမ်ားကို မူ မေဖာ္ျပတတ္ပါေလ။

"ထမင္းစားရေအာင္ ေန႕လည္ကလည္း မစားထားဘူးမလား မင္းဟာေလ စားခ်ိန္တန္ စား မွေပါ့ ဗိုက္မဆာဘူးလား "

ခမ္းေနာ့ဝ္က ဆူပူလိုက္ေသာ္လည္း ဉာဏ္ကိုးေနာင္က ေအးေအးေဆးေဆးပင္

"ကိုယ္ စားဖို႔ ေမ့ေနတာ. . ."

"ဪ . . . ေမ့တာကလည္း. . .င့ါ ေတာ့ မွတ္ထားဦးေနာ္ ေတာ္ၾကာ ေမ့ေနမွာစိုးလို႔. . ."

ဉာဏ္ကိုးေနာင္က ပန္းကန္ႏွစ္ခုထဲ ထမင္းခူးခပ္လိုက္သည္။လ်င္ျမန္စြာပင္ ၾကက္ဉေၾကာ္လိုက္ကာ ေရႏႊေးအိုးတည္လိုက္သည္။ဟင္းအခ်ိဳ႕ကို ႏြေးလိုက္သည္။

ခမ္းေနာ့ဝ္ကေတာ့ တစ္ေန႕ကုန္ ေဆး႐ုံနံ႕ေတြနဲ႕ ညွီစိစိ နိုင္လြန္း၍ အေပၚတက္ ေရခ်ိဳးကာ ကိုယ္လက္သန႔္စင္သည္။

ခမ္းေနာ့ဝ္က အိမ္မွာ အၿငိမ္းစားပင္။ထမင္းခ်က္ ဟင္းခ်က္ အကုန္ ကိုးေနာင္ကခ်ည္း လုပ္သြားတာပင္။

အိမ္ သက္သက္ခ်ည္းပင္ ဧက ေလာက္က်ယ္ေသာ အိမ္ႀကီးထဲတြင္ သူရယ္ သူ႕ေယာက္်ားရယ္ သားႏွင့္ သမီးရယ္သာ ရွိသည္။

သား နဲ႕ သမီး။

ျပန္လာကတည္းက မေတြ႕ပါ။

ခမ္းေနာ့ဝ္သည္ ကိုးေနာင္ ကို ကလိေနတာနဲ႕ သားနဲ႕ သမီးကို ေမ့ေနသည္။

"အခ်စ္ေရ !! အသည္းေရ!! ကေလးေတြေကာ"

အိမ္ေပၚကေန ေရခ်ိဳးရင္းတန္လန္းနဲ႕ ထြက္လာကာ ေလွကား ေပၚက ေမးမိေတာ့ ကိုးေနာင္က မီးဖိုထဲမွ ထြက္လာကာ

"သမီးႀကီးကို အငယ္ ေခၚသြားတယ္ ကိုးႏြယ္က ေသြးေရာင္ဆီမွာ"

သမီးႀကီး ေစာနန္းႏြယ္နဲ႕ သားငယ္ စိုင္းကိုးႏြယ္တို႔က အိမ္လည္ေနၾကသည္။သမီးႀကီးက ဦးေလး ျဖစ္သူနား အၿမဲ ကပ္ေနေလ့ရွိၿပီး သားငယ္ေလးကမူ ဟိုဖက္အိမ္က မာန္ေသြးေရာင့္ သားေလးနား ကပ္ေနတတ္သည္။ခြာလို႔ကို မရ။အစက သူ႕ကို ပလစ္ၾက၍ စိတ္တိုေသာ္လည္း ေနာက္က် သူတို႔ မရွိေတာ့ အိမ္က ေယာက္်ားနား ကပ္ခ်ိန္ အလြန္ရသည္။

သားငယ္က ဘာသိဘာသာ ေနတတ္ေသာ္လည္း သမီးႀကီးကမူ သူ႕ေဖႀကီးမွ သူ႕ေဖႀကီး ျဖစ္သည္။တစ္ခ်ိန္လုံး ကတၱာရာေဆးလို ကပ္တြယ္ေနတတ္သည္။ကိုးေနာင္ကလည္း ခါတိုင္းဆို တည္တည္တံ့တံ့ ျဖစ္သေလာက္ သူ႕သမီးသံၾကားရင္ ေဖာေဖာသီသီ ရယ္ေမာတတ္သည္။သူ႕သမီး အေမႊစိန္ ေမႊရႈပ္သမွ် စိတ္ရွည္လက္ရွည္ သည္းခံသည္။

ကိုးေနာင္ ကို မေက်နပ္တာက သမီးႀကီးေပၚဝယ္ အၾကင္နာေတြ ပုံသေလာက္ သားငယ္ေပၚက် ေအးစက္စက္နိုင္ျခင္းပင္။သားငယ္ကို ခ်ီ ဖို႔ေနသာ ၿပဳံး၍ ပင္ မျပ။အဲ့ဒီ ကိစၥ နဲ႕ ပတ္သက္၍ ႏွစ္ေယာက္သား စကား ခဏ ခဏ မ်ားရေသာ္လည္း ဉာဏ္ကိုးေနာင္ က မူ သားငယ္ကို က်ဥ္စၿမဲပင္။မသိ ပေထြး က်‌ေနတာပဲ။

"ေရဆက္ခ်ိဳးေလ တုံးလုံးႀကီး အေအးပက္မယ္"

ခမ္းေနာ့ဝ္ ေခါင္းဝယ္ ဆပ္ျပာျမဳပ္ ျဖဴျဖဴေတြ ကပ္ညွိေနၿပီး တစ္ကိုယ္လုံး ေရစက္ေတြႏွင့္။ခါးမွာ တဘက္ေလးပင္ မပါ။မရွက္ေပါင္။ေရွ႕က ကိုးေနာင္မွာ သူ႕ေယာက္်ား ျဖစ္သည္။

ခမ္းေနာ့ဝ္ က်ီစယ္ခ်င္စိတ္ ေပါက္လာ၍ လက္ညွိုးကို ေကြးၫႊတ္ကာ

"ဒီကို လာခဲ့ ေလ ေဘဘီ. . . ေခါင္းမေလွ်ာ္ရ‌ေသးဘူးဆို. . . ေရခ်ိဳးခန္း တိုက္ပြဲေလး ႏႊဲလိုက္ရေအာင္. . ."

ကိုးေနာင္ မ်က္ႏွာေခ်ာေခ်ာမွာ ရယ္ျမဴးရိပ္သန္းသြားသည္။

"ေတာ္ပါ ေဒါက္တာရယ္. . .ကို႔ ဘာသာ ပဲ ခ်ိဳးပါ"

"ကိုးေနာင္ ကလည္း ကြာ "

ညေန ထမင္းစားၿပီးေသာအခါ ကေလးေတြ ျပန္ေရာက္လာၾကသည္။

အႀကီးမ က လုံးတုံး လုံးတုံး သူ႕ဆီ ေျပးလာကာ သူ႕ ဦးေလးဆတ္ႏြယ္ ရဲ႕ ဇီဇာေၾကာင္ပုံေတြကို အတင္းေျပာသည္။ၾကည့္ရတာ ဒီေန႕ ဆတ္ႏြယ္နဲ႕ ရန္ျဖစ္ထားပုံပင္။

သားငယ္က ျပန္ေရာက္ ေရာက္ခ်င္း သူ႕ အခန္းထဲ သူ တိတ္တဆိတ္ ဝင္သြားသည္။တစ္အိမ္လုံး တဆာဆာ နဲ႕ ဆူညံေနသူမွာ သမီးႀကီး ျဖစ္သည္။

ခမ္းေနာ့ဝ္က သားငယ္ကို လည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေစခ်င္၏။သို႔ေသာ္ သားငယ္က သူ႕ေဖႀကီးတိုင္း။႐ုပ္ေကာ စိတ္ေကာ တစ္ေထရာတည္း။

ညက် သားငယ္ေလး ကို ႏြေးႏြေးေထြးေထြး ဂ႐ုစိုက္ဖို႔ ကိုးေနာင္ကို ေျပာရမည္။

++++

အိပ္ခန္းတစ္ခန္းလုံးက အနက္ေရာင္ေတြခ်ည္း ကာလာဆင္ထားၿပီး အိပ္ရာခင္းအေရာင္ကစ အနက္ေမွာင္ေမွာင္။

ကိုးေနာင္က ကုတင္ေစာင္းေပၚ မွီေနလ်က္ စာအုပ္ တစ္အုပ္ကို စိတ္ဝင္တစား ဖတ္ေနသည္။

ကိုးေနာင္ တီရွပ္ျဖဴလက္တိုနဲ႕ ဒူးဝက္ ေဘာင္းဘီတိုကို ဝတ္ဆင္ထား၍ ရွည္သြယ္ ျဖဴဥေသာ ေျခသလုံးတို႔က အထင္းသားပင္။

အနက္ေရာင္ ေပၚ အျဖဴေရာင္ ႏွင္းဆီ ပန္းခ်ထားသည့္ႏွယ္ ကိုးေနာင္က လင္းထင္းေနသည္။

သူ႕ ဆံပင္တို႔က ‌နဖူးေပၚ ဝဲက်ေနၿပီး မ်က္ေတာင္ရွည္ႀကီးေတြက ၿငိမ္သက္သိမ္ေမြ႕စြာ။

ခမ္းေနာ့ဝ္ မ်က္လုံးတို႔က အိပ္ရာေပၚက ကိုးေနာင္ေျခေထာက္ျဖဴျဖဴေတြဆီ ေရာက္သြားသည္။ထိုင္ေနေသာ ေၾကာင့္ ဒူးဝက္ ေဘာင္းဘီက ေပါင္ရင္း ထိ လိမ့္တက္ေနကာ အေမႊးမွ်င္ကင္းေသာ ေျခေထာက္သြယ္သြယ္မ်ားက အနက္ေရာင္ အိပ္ရာခင္းေပၚဝယ္ ထင္းခနဲ။ေသြးေၾကာစိမ္းမွ်င္မွ်င္ေလး မ်ားက ေပါင္တံေပၚမွ သြယ္ဆင္းလာကာ ေျခဖမိုးတိုင္။

ခမ္းေနာ့ဝ္မွာ တံေတြး အႀကိမ္ႀကိမ္မ်ိဳခ်လိဳက္ရသည္။သူ႕ေယာက္်ားသည္ သိပ္ ေခ်ာလြန္းပါသည္။အိမ္ေထာင္သက္ ဘယ္ေလာက္ၾကာၾကာ ကိုးေနာင္ကို ႏွာဗူးထဆဲပင္။

ဟိုး အရင္တစ္ခ်ိန္က ဤေျခေထာက္သြယ္ မ်ား ဤသို႔ လွစ္ခနဲ လွစ္ခနဲ ေပၚေနသည္ကို ျမင္ခဲ့တိုင္း မဆိုင္ မပိုင္ ေသာ သူ မို႔ ဆႏၵကို တရားနဲ႕ ထိန္းခဲ့ရပါ၏။

ခုေတာ့ မတူ။ဤ လူသားကို သူပိုင္ေခ်ၿပီ။

ဉာဏ္ကိုးေနာင္ကို ဟီး. .ဟီး သူ လုပ္ခ်င္ရာ လုပ္၍ ရေလၿပီ. . .။

ထိုအေတြးမ်ားက သူ႕ စိတ္ရိုင္းေတြကို နိုးႂကြ လာေစသည္။ျမန္မာကား ထဲ က လူၾကမ္းႀကီးက မင္းသမီးေလးကို အပိုင္သိမ္းေတာ့မလို။

ခမ္းေနာ့ဝ္သည္ ကိုးေနာင့္ ေပါင္ ေပၚတြင္ လွဲခ်လိဳက္သည္။ခပ္ရွရွ သံ ႏွင့္

"အခ်စ္ေရ. . . ငါ့ကို နည္းနည္း အတန္းရွင္း ေပးပါဦး"

လက္က ကိုးေနာင္၏ ပါးႏွစ္ဖက္ကို ဖ်စ္ညွစ္ပစ္လိုက္သည္။လက္ထဲတြင္ပါးအိအိေလး ႏွစ္ဖက္ ပါလာပုံက ခ်စ္စရာေလးပင္။

ဉာဏ္ကိုးေနာင္ က တည္ၿငိမ္ ေအးေဆးစြာ

"ကိုယ္ စာဖတ္ေနတယ္ ၿငိမ္ၿငိမ္ေန. . ."

"ေနဘူးကြာ"

ခမ္းေနာ့ဝ္က ကိုးေနာင္ ရွပ္အျဖဴ ကို လွန္တင္လိုက္ၿပီး ရွပ္ျဖဴ ထဲ ေခါင္းထိုးကာ ေတာင့္တင္းေသာ ဝမ္းဗိုက္ ႂကြက္သား အျမႇောင္းျမႇောင္း ေတြကို ကိုက္လိုက္သည္။လက္က လည္း ကျမင္းေနေသးသည္။ကိုးေနာင့္ ရင္ဘတ္ေတြ ေက်ာေတြထိပါ နယ္ခ်ဲ့ ကာ ျပႆနာ ရွာသည္။ရင္ဘတ္က အဖုထစ္ေလး ႏွစ္ခု ကို သြားနဲ႕ ကိုက္ခ်လိဳက္သည္။သူ အခ်စ္ဆုံးက အဲ့ႏွစ္ခု လည္း ပါသည္။

ကိုးေနာင္ ခႏၶာကိုယ္ အနည္းငယ္ တုန္သြားသည္။ကိုးေနာင္ ရင္ဘတ္ထိရင္ sensitive ျဖစ္သည္။

ကိုးေနာင္ အသားရည္ ကာ စြတ္စြတ္ျဖဴႀကီး မဟုတ္ဘဲ နို႔ႏွစ္ေရာင္ေလး ျဖစ္သည္။ေခ်ာမြတ္ေနကာ ခမ္းေနာ့ဝ္ သိပ္ညွစ္ပါမ်ားရင္ လက္ေခ်ာင္းရာႀကီး ထင္းလာကာ နီရဲလာတတ္သည္။

သူ႕ မ်က္လုံးထဲတြင္ သူ႕ေယာက္်ားက အေခ်ာေမာဆုံးပင္။အရင္က ဟို မင္းသား ဒီမင္းသား ေလွ်ာက္ပတ္ ႀကိဳက္ေသာ္လညး ခု မူ သူ႕ေယာက္်ားကို အႀကိဳက္ဆုံးပင္။မင္းသား ေတြက ကိုင္လို႔ နမ္းလို႔ မရ၊သြားကိုင္ရင္ ေဂ်းေအာင္း သြားရမွာေပါ့။သူ႕ေယာက္်ားကေတာ့ ေကာပတ္႐ုပ္ေလးလိုပင္။လုပ္ခ်င္တာလုပ္။တစ္ကိုယ္လုံး သူ႕ စိတ္ႀကိဳက္။

ဟိုေနရာ က လြဲ၍ ဉာဏ္ကိုးေနာင္ တစ္ကိုယ္လုံး ျပႆနာ ပတ္ရွာသည္။မနက္ျဖန္ ခမ္းေနာ့ဝ္ ဂ်ဴတီေတြ ရွိေသးသည္။ခါးနာ၍ မျဖစ္။

လိမ့္တင္ေနေသာ ေပါင္တံေလးမ်ားကိုပင္ ပက္ပက္စက္စက္ စုပ္နမ္းလိုက္ေသးသည္။ဉာဏ္ကိုးေနာင္က သူ႕ အေၾကာင္း ေနာေက်ေနသည့္ အတိုင္း လ်စ္လ်ဴ ရႉထားသည္။

ၿပီး ကိုးေနာင့္ ရွပ္လည္ပင္းေပါက္ ကေန ေခါင္းျပဴ ထြက္လိုက္ၿပီး ကိုးေနာင့္ ေအာက္ႏႈတ္ခမ္းကို လွ်ာနဲ႕ လ်က္ကာ အက္ရွရွသံႏွင့္

"ေယာက္်ား. . ."

ကိုးေနာင္ မ်က္ဝန္း စိမ္းစိမ္းတို႔က သူ႕ဆီ ေရာက္လာသည္။

"ခမ္းေနာ့ဝ္ မဆိုးနဲ႕ ေတာ့. . . ကိုယ္ စာဖတ္ေနတယ္"

ခမ္းေနာ့ဝ္က ကိုးေနာင့္ နား႐ြက္ဖ်ားေတြကို ညင္သာစြာ ပြတ္သပ္ က်ီစယ္လိုက္ရင္း

"ကြၽန္ေတာ့္ကို နည္းနည္း အတန္းရွင္းေလး ေပးပါဦးခင္ဗ် . . .ကိုကိုဉာဏ္ ရ. . ."

ခမ္းေနာ့ဝ္က ကိုးေနာင္ဖတ္ေနေသာ စာအုပ္ကို ဆြဲယူလိုက္ေတာ့ . . . ဪ . . . တြတ္ပီ။စူးစူးစိုက္နဲ႕ စိတ္ဝင္တစား ဖတ္ေန၍ ဘာမ်ားလဲလို႔။

"တြက္ပီနဲ႕ ငါနဲ႕ ဘယ္သူ ပို ခ်စ္လဲ. . "

"တြတ္ပီ"

ခမ္းေနာ့ဝ္ က ႏွာေခါင္းရႈံ႕ ကာ

"ေတာ္ၿပီကြာ. . . မင္း က္ို မခ်စ္ေတာ့ဘူး"

ခမ္းေနာ့ဝ္က ကိုးေနာင္ ရွပ္ထဲ မွ ထြက္ကာ ကုတင္ေပၚ လွဲ ခ်လိဳက္သည္။မ်က္လုံးမ်ားကို ပင္ မွိတ္လိုက္ေသးသည္။

အတန္ၾကာသည္ထိ သူ မ်က္လုံးမ်ားကို မွိတ္၊ အိပ္ခ်င္ေယာင္ေဆာင္ေနတာ ၾကာလာေသာအခါ တကယ္ အိပ္ခ်င္လာသည္။ကိုးေနာင္ကို လွည့္ၾကည့္လိုက္ေသာအခါ ခမ္းေနာ့ဝ္မွာ လန႔္ျဖတ္သြားရသည္။

သူ႕ ကို စူးစူးရဲရဲ စိုက္ၾကည့္ေနေသာ မ်က္ဝန္းစိမ္းစိမ္း ေတာက္ေတာက္‌ေတြ။စူးရဲကာ အရိုင္းဆန္လြန္းသည္။ခမ္းေနာ့ဝ္ လန႔္ပင္ သြားရသည္။

"မေျပာနဲ႕"

"ဟမ္ ဘာကို မေျပာရမွာတုံး. . ."

"မခ်စ္ဘူးလို႔ မေျပာနဲ႕ . . ."

ခမ္းေနာ့ဝ္ အံ့ဩ သြားသည္။သူက က်ီစယ္တဲ့ သေဘာပဲ ေျပာလိုက္တာပါ။ေရွ႕က လူကို ခ်စ္လြန္းလို႔ အသည္းထဲ ထည့္ထားလို႔ ရရင္ ထည့္ထား ခ်င္တဲ့ အေၾကာင္း ထိုင္ေျပာေနရင္ သူ ေမာ ေသ႐ုံသာ။

ခမ္းေနာ့ဝ္ ကို စိုက္ၾကည့္ရင္း ကိုးေနာင္ မ်က္ခုံးေတြက တျဖည္းျဖည္း က်ဳံ႕တက္လာသည္။ေမးေၾကာမ်ားပင္ ေထာင္တက္လာသည္။သို႔ေသာ္ စကၠန႔္ပိုင္းမွ်သာ ျဖစ္ၿပီး သူ႕ စာအုပ္သူ ဆက္ ဖတ္ေန၏။

စဥ္းစား ၾကည့္ေသာ္ ဉာဏ္ကိုးေနာင္ မႀကိဳက္သည့္ စကားလုံး မ်ားစြာ ရွိသည္။

သူ႕ကို sexy က်သည္ ဟု ေျပာလွ်င္ မႀကိဳက္။

ညားခါစ က ဉာဏ္ကိုးေနာင္ ကို " ကိုးေနာင္က အရမ္း sexyက်တာပဲ" လို႔ ေျပာလိုက္တာ မ်က္ေမွာင္ႀကီး က်ဳံ႕ရင္း တစ္ပတ္ေလာက္တိတိ စကား မေျပာေတာ့။

ၿပီး ထူးထူးဆန္းဆန္း သူ မႀကိဳက္တာေတြ ရွိေသးသည္။

စကားကို နည္းနည္းေလး မွအမွားမခံ။

ခုလည္း ဒါေလး နည္းနည္း စတာကို စိတ္ေကာက္ျပန္ၿပီ။

"ဉာဏ္. . .ေဟ့ ဉာဏ္ စတာပါကြာ"

"မစနဲ႕"

"ဟုတ္ၿပီ ဟုတ္ၿပီ မစ ေတာ့ပါဘူးကြာ ငါ့ ဘက္လွည့္ပါဦး. . ."

တုတ္တုတ္မလႈပ္။

"ေအး မင္း မလွည့္ဘူး ရတယ္ . . . မင္း မလွည့္ ငါ လွည့္တယ္ကြာ"

ကိုးေနာင္ ေမးဖ်ား ကို လက္နဲ႕ ဆြဲယူလိုက္ေတာ့ လွည့္ၾကည့္လာတဲ့ စိမ္းေတာက္ေတာက္ မ်က္ဝန္းမ်ားက လွပေသသပ္စြာ။

"ကိုယ့္ ကို ခ်စ္လား. . "

"ခ်စ္လို႔ ကေလး ႏွစ္ေယာက္ေတာင္ ရၿပီပဲေလ"

"ဘယ္ေလာက္ခ်စ္လဲ"

"ငါ့ ကို ငါ့ထက္ ပို ခ်စ္တယ္"

"ရိုးရိုးေလး ခ်စ္တာလား အမ်ားႀကီး ခ်စ္တာလား"

"ငါ့ကို ငါထက္ ပို ခ်စ္ပါတယ္ ဆိုကြာ အမ်ားႀကီး အမ်ားႀကီး ေဟာ ဒီေလာက္ႀကီး. . ."

ခမ္းေနာ့ဝ္က လက္ႏွစ္ဖက္ကို ဆန္တန္းကာ ေျပာလိုက္ေတာ့ ကိုးေနာင္က သြားတန္း ျဖဴျဖဴေလး မ်ား ေပၚသည္ထိ ၿပဳံးလိုက္ကာ ခမ္းေနာ့ဝ္ နဖူးကို နမ္းလိုက္သည္။

"Good night"

"မင္းလည္း Good night "

"စာအုပ္ဆက္ဖတ္လိုက္ဦးမယ္. . .သမီးက ေကာင္းတယ္ဆိုၿပီး recommend အႀကီးႀကီး ေပးထားတာ"

သမီးႀကီးက စာဖတ္ဝါသနာ ပါသည္။႐ုပ္ျပကာတြန္းစာအုပ္ေတြ ေ႐ႊေသြး မိုးေသာက္ပန္း ဂ်ာနယ္ အစုံအလင္ သူ႕ ဘာသာ ေသခ်ာ စုထားသည္။သူ႕ ဖတ္႐ုံမက သူ႕ ေဖႀကီး ပါ ဖတ္ခိုင္းတတ္သည္။ၿပီး ဇာတ္လမ္း အေၾကာင္း စၿမဳံ႕ ျပန္ကာ တခစ္ ခစ္ ရယ္ေနတတ္သည္။

"သားငယ္ေလးကေရာ ဘာေတြ ဖတ္ခိုင္းေသးလဲ"

"ကိုးႏြယ္က ဒါေတြ စိတ္မဝင္စားဘူး. . ."

ခမ္းေနာ့ဝ္ အလိုမက်။6 ႏွစ္ အ႐ြယ္ ေပါက္စ ေလးက ကေလး သဘာဝ ဂ်စ္က်တာ ရယ္တာ ေမာတာ ဘာမွ မရွိ။ကေလး တိုင္း ႀကိဳက္တဲ့ ကာတြန္းစာအုပ္ကို သားငယ္က မႀကိဳက္ပါဘူးတဲ့။ေျပာတဲ့ သူက လည္း သူ႕ ဖေအ ကိုယ္တိုင္။

သားငယ္က ေအးစက္လြန္းသည္။သို႔ေသာ္ အခ်ိဳ႕ ကေလးေတြက ဗီဇ ကိုက ေအးေအးေဆးေဆး ေနတာမ်ိဳး ျဖစ္သည္။သူ႕ သားငယ္ကမူ မ်က္လုံးမ်ားက ကို ေသေနၿပီး တစ္ေနရာ ထဲ ကိုပဲ စူးစိုက္ၾကည့္ေနေလ့ရွိသည္။မ်က္လုံးထဲ က အခိုးအေငြ႕မ်ားက နည္းနည္းေတာ့ အမ္း . . . ဖေအ ျဖစ္သည့္ သူကိုယ္တိုင္ပင္ ထိန႔္လန႔္မိသည္။

သမီးႀကီး ဆို ေပါက္ေပါက္ေဖာက္ သေလာက္ သားငယ္ကမူ စကားတစ္လုံးကို အၾကာႀကီး စဥ္းစားေနတတ္သည္။သူ႕ မွာလည္း တာဝန္ဝတၱရားေတြနဲ႕မို႔ ကေလး ေတြကို မူႀကိဳသာ ပို႔ထားမိသည္။သားငယ္ကို သူ လုံးဝ ဂ႐ုစိုက္မွ ရေတာ့မည္။ကေလးက ကေလး နဲ႕ တစ္စက္မွ မတူ။

"မဟုတ္ေသးပါဘူးကြာ သားငယ္က ကေလးေလးပဲ ရွိေသးတာ. . . ကေလး သဘာဝေတြ လည္း တစ္ခု မွ မေတြ႕ဘူး မင္း သားငယ္ကို ဂ႐ုစိုက္ပါဦး. . ."

"ထားလိုက္ . . . သူက အဲ့လိုပဲ. . ."

"ဘာက အဲ့လို ရမွာတုံး. . . ဒီခ်ိန္ ကေလး ေလး ေတြက မိဘ ရင္ခြင္ထဲ ႏြေးႏြေးေထြးေထြး ေနရမယ့္ခ်ိန္. . ဟိုတစ္ေန႕က မိုးေတြ ႐ြာ၊ မိုးႀကိဳး ေတြ တအုံးအုံး ပစ္တုံးက မင့္ သားငယ္ ဘာလုပ္ေနတယ္ မွတ္တုံး. . . "

"အင္း ဘာလုပ္လဲ"

"မိုးႀကိဳးေတြ ကို ထိုင္ၾကည့္ၿပီး ရယ္ေနတယ္ ရယ္ေနတာမွ ေလ အူလွိုက္သည္းလွိုက္‌ကို ရယ္ေနတာ. . သမီးႀကီးက ေၾကာက္လြန္းလို႔ ငါ ခ်ီထားရတာ. ."

ဉာဏ္ကိုးေနာင္က မ်က္ခုံး တစ္ဖက္ ပင့္သြားၿပီး နားလည္ရ ခက္စြာ ၿပဳံးလိုက္သည္။ခဏၾကာ တိတ္ဆိတ္ေနၿပီးမွ

"ကိုယ္ ငယ္ငယ္က မိုးေရထဲ မွာ ထိုင္ၿပီး မိုးႀကိဳးေတြ ကို ၾကည့္ၿပီး ရယ္ေနခဲ့ဖူးတယ္ ဘာလို႔လဲ ဆိုေတာ့ မိုးႀကိဳး မိုးခက္ ေတြက ကို႔ မ်က္လုံးထဲ သိပ္လွတယ္ ေကာင္းကင္ ေပၚက ျဖဳတ္ၿပီး ကိုယ့္အိတ္ကပ္ေလးထဲ သိမ္းထားခ်င္တယ္. . .စိတ္မပူပါနဲ႕. . . "

"ဒါမဲ့ ငါ သူ႕ကို ေပ်ာ္ေစခ်င္တယ္ ရယ္ေစခ်င္တယ္ အျခားကေလး ေတြလို ေဆာ့ကစားေနတာ ျမင္ခ်င္တယ္. . .သားငယ္ေလးကို သာမန္ကေလး ေလးပဲ ျဖစ္ေစခ်င္တယ္ ငါကလည္း ဂ်ဴတီ ေတြ နဲ႕ အရမ္း အလုပ္မ်ားတယ္ သားငယ္ေလးကို ခ်စ္ျပပါဦးကြာ မင္း ခ်စ္တာ ငါသိပါတယ္ နည္းနည္းေလး ထုတ္ျပပါဦး. . ."

"မခ်စ္ဘူး. . ."

"ဉာဏ္ကိုးေနာင္ အဲ့တာ မင္း သားကြ. . !
မင္း အေသြးသား ေတြနဲ႕ တည္ေဆာက္ထားတဲ့ မင့္ သား. . .မင္း အႀကီးက် ေကာင္းၿပီး အငယ္က ဘာလို႔ ခြဲ ဖယ္ထားတာလည္း. . . ."

ဉာဏ္ကိုးေနာင္က စာအုပ္ကို ဘုံးခနဲ ပိတ္ခ်လိဳက္ၿပီး မီးခလုတ္ကို ဆတ္ကနဲ ပိတ္လိုက္သည္။

"ကိုယ္နဲ႕ တူလို႔ မခ်စ္တာ. . . အိပ္ေတာ့ ထပ္ စကားမမ်ားနဲ႕. . "

ခမ္းေနာ့ဝ္ စိတ္တိုစြာ ကုတင္ေထာင့္စြန္းဘက္ တိုးကပ္သြားၿပီး ကိုးေနာင္ကို ေက်ာေပးအိပ္သည္။

ခမ္းေနာ့ဝ္က ေတာ့ သားငယ္ ကိုးႏြယ္ကို ဉာဏ္ကိုးေနာင္နဲ႕ တူလို႔ကို ခ်စ္သည္။

++++

ညသန္းေခါင္ယံ။

ခမ္းေနာ့ဝ္ သမ္းေဝကာ ထလိုက္သည္။နံေဘး ကို လက္ စမ္းလိုက္ေသာ တစ္ေယာက္ေသာသူ မရွိ။

စိတ္ထဲ ေရဆာ သလိုလို ရွိလာ၍ ေရေသာက္လိုက္ၿပီး ဟိုေယာက္်ားကို ရွာရန္ အျပင္ထြက္လာသည္။ည သန္းေခါင္ႀကီး ဘယ္သြားေနမွန္းမသိ။

အိမ္က သုံးထပ္တိုက္ ေဆာက္ထားေသာ္လည္း အမွန္ကမူ ေလးထပ္။ခို ၿပီး ေဆာက္ထား၍ သုံးထပ္ဟု သာ ထင္ၾကသည္။

အခန္းျပင္ တြင္ ကိုးေနာင္ အရိပ္ဟူ၍ အျမႇီး ပင္ မျမင္။

ခမ္းေနာ့ဝ္ တတိယ ထပ္ တက္လာလိုက္သည္။

တတိယထပ္တြင္ အမဲေရာင္ေဆး သုတ္ထားေသာ ကြၽန္းတံခါးႀကီး တပ္ထားေသာ အခန္းႀကီး တစ္ခန္းသာ ရွိသည္။

ထို အခန္းက ကိုးေနာင္ အလုပ္ခန္း ျဖစ္သည္။

ခမ္းေနာ့ဝ္သည္ ပုံမွန္အားျဖင့္ တတိယထပ္သို႔ တက္ေလ့မရွိ။ကိုးေနာင္ အလုပ္ခန္းမို႔ ကိုးေနာင္ အခန္း ထဲ ရွိမလားလို႔ လာရွာတာပင္။

ကိုးေနာင္က အၿမဲအေစ ဒီအခန္းထဲ အခ်ိန္ကုန္တတ္သည္။တစ္ခါတစ္ေလ ဒီအခန္းထဲ ညလုံးေပါက္ေနတတ္သည္။

ခမ္းေနာ့ဝ္သည္ မိသားစုေလး ေလးေယာက္သာရွိ၍ အိမ္ကို ေသးေသးေလးနဲ႕ က်စ္က်စ္လ်စ္လ်စ္ေလး ေဆာက္ေစခ်င္သည္။

သို႔ေသာ္ အိမ္က ေယာက္်ားက မႏၱေလး ၿမိဳ႕စြန္ ေမၿမိဳ႕တက္လမ္းဘက္တြင္ ႏွစ္ဧက ေလာက္က်ယ္ေသာ ၿခံႀကီးကို သူ႕လည္း တစ္စက္မွ မေျပာဘဲ ဝယ္ခ်လာသည္။ၿပီး သူကိုယ္တိုင္ အိမ္ဒီဇိုင္းဆြဲ ၿပီး အိမ္ကို တကယ့္ ဘုတ္ၿပဲ ႀကီး ေဆာက္ပစ္သည္။တကယ္ပါ။ခမ္းေနာ့ဝ္မွာ ကိုယ့္ အိမ္ ကိုပင္ ႏွံ႕ စပ္ေအာင္ ေလွ်ာက္မၾကည့္ဖူးေပ။ၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္ ေခၚမၾကား ေအာ္မၾကား။

ခမ္းေနာ့ဝ္ႏွင့္ ကေလးေတြ ေနသည္မွာ ပထမထပ္ႏွင့္ ဒုတိယ ထပ္ သာ ျဖစ္၏။

အိမ္သန႔္ရွင္းေရးကေတာ့ ဒီေလာက္ အက်ယ္ႀကီးကို သူလည္း ‌ေန႕တိုင္း ေျပာင္ေအာင္ မသုတ္နိုင္။အခ်ိဳ႕ေနရာေတြ ဆို ဖုန္ေတြ အလိပ္ လိပ္။စိတ္ေပါက္ရင္ေတာ့ သန႔္ရွင္းေရး လုပ္ေသာ္လည္း ပထမႏွင့္ ဒုတိယ ထပ္သာ လုပ္ျဖစ္သည္။တတိယႏွင့္ စတုတၳက ေတာ့ ကိုးေနာင္ တာဝန္ယူသည္။

အိမ္ႀကီးကေတာ့ တကယ့္ နန္းေတာ္ႀကီး အတိုင္းပင္။သို႔ေသာ္ ေလးေယာက္တည္း မို႔ သရဲ ေျခာက္မွာေတာင္ ေၾကာက္ရသည္။မႏၱေလး ၿမိဳ႕ထဲလည္း မဟုတ္ ၊လူျပတ္ သူျပတ္ ၿမိဳ႕စြန္တြင္ သူ႕တို႔ အိမ္ႀကီးသာ နန္းေတာ္ႀကီးလို ထင္းက်င္းေန၏။

ဒီေလာက္ က်ယ္ႀကီး ေဆာက္စရာလိုလို႔လား ေမးလွ်င္လည္း ကိုးေနာင္က ရယ္ေမာကာ

"သားေတြ သမီးေတြ အိမ္ေထာင္က်လွ်င္ ေခြၽးမေတြ သမက္ေတြပါ အိမ္ေပၚ ေခၚထားခ်င္လို႔" ဆို ခဲ့သည္။ခမ္းေနာ့ဝ္ မွာ အေျမာ္အျမင္ႀကီးလွေသာ လင္ေတာ္ေမာင္အား ဦးပင္ ခ်ခ်င္သြား၏။

ခမ္းေနာ့ဝ္ တံခါး ကို ဖြင့္ လိုက္ေသာအခါ ကြၽီ ဟူေသာ ျမည္သံႀကီးက ဆြဲဆြဲေျမ့ေျမ့ႀကီး ေပၚလာသည္။

"ကိုး. .ေနာင္ ေနာင္ ေနာင့္. . . "

"ဖလပ္ ဖလပ္ ဖလပ္ "

ကိုးေနာင္ ဟု အသံ ျပဳကာရွိေသး . . ဘုရားေရ. . . အိမ္ေရွ႕ ကုကၠိုပင္ႀကီး ေပၚမွ ငွက္ေတြ က ထျပန္ေတာ့သည္။

"အာ့ အာ့ အာ့ "

ေသာက္က်ိဳးနည္း က်ီးကန္းေတြ ပါ ပါေသးသည္။

ပိန္းပိန္းထူေအာင္ ေမွာင္မည္းေနေသာ အခန္းက်ယ္ႀကီး ထဲတြင္ မ်က္စိ က်င့္သား ရေသာအခါ မီးဖြင့္ရန္ ခလုတ္ ႏွိပ္လိုက္သည္။

သို႔ေသာ္ ခလုတ္က ဘယ္ေရာက္။အေရးထဲေပ်ာက္ေနသည္။ခါတိုင္း နံရံ ေထာင့္မွာပါ။

ကိုးေနာင္ အခန္းက က်ယ္ေသာ္လည္း ပစၥည္းေတြ အမ်ားအျပား မရွိ။အလုပ္စားပြဲႏွင့္ office chair တစ္ခုံ။ၿပီး စာအုပ္စင္ႀကီးေတြ။ဒါပဲ ရွိသည္။

နံရံ ကို နီညိုေရာင္ေဆးသုတ္ထားၿပီး မီးဆိုင္း မီးပန္းႀကီးေတြ ခ်ိတ္ဆြဲထားသည္။ခန္းလုံးျပည့္ အညိုေရာင္ သားေမြး ေကာ္ေဇာႀကီးေတြ လည္း ခင္းထားသည္။

ခမ္းေနာ့ဝ္မွာ မီးခလုတ္ ေပ်ာက္ေနသည္။ထိုစဥ္ စာအုပ္စင္ နံေဘးက ခလုတ္နီနီေလးမ်ား သူ႕ အာ႐ုံထဲ ဝင္ေရာက္လာသည္။

ခလုတ္ အေရအတြက္က စုစုေပါင္း ႏွစ္ဆယ္ ရွိသည္။ခလုတ္‌‌ေလး‌ေတြက ႏွစ္ဆယ္လုံး တစ္တန္းထဲ ရွိတာ မဟုတ္။ငါးခု တစ္တန္း၊ငါးခု တစ္တန္း ဆီ။

ခမ္းေနာ့ဝ္သည္ ေရွ႕ဆုံး ခလုတ္ကို ႏွိပ္လိုက္ သည္။မီး ပြင့္မလာ။ဒုတိယ ခလုတ္ကို ဖြင့္လိုက္သည္။မပြင့္။တတိယ စတုတၳ ေနာက္ဆုံး ထိ အကုန္ လိုက္ဖြင့္သည္။တစ္ခု မွ ပြင့္မလာေပ။အကုန္ ျပန္ပိတ္ကာ ျပန္ဖြင့္သည္။မရ။

ခမ္းေနာ့ဝ္ စိတ္တိုလာသည္။စိတ္တိုလာ၍ ခလုတ္ေတြ ကို လက္နဲ႕ ဗုံးခနဲ ရိုက္ပစ္လိုက္ သည္။အလယ္တည့္တည့္ ဗဟိုခလုတ္ကို ရိုက္မိသြားသည္။ခလုတ္က နံရံထဲ ကြၽံထြက္သြားေလသည္။သူ ရိုက္လိုက္တာ အားလည္း အမ်ားႀကီး မဟုတ္ပါေလ။ခလုတ္က ဘာေၾကာင့္ ကြၽံ သြားပါသနည္း။

ထိုစဥ္ ခမ္းေနာ့ဝ္ တစ္ခုခု လႈပ္ရွားသြားသလို ခံစားလိုက္ရ၏။ခမ္းေနာ့ဝ္ ေနာက္ လွည့္ၾကည့္လိုက္ေသာအခါ နံရံ ႀကီးက ထက္ျခမ္းကြဲ သြားသည္။

ခမ္းေနာ့ဝ္ မ်က္လုံးျပဴးသြားေလသည္။

ေသာက္က်ိဳးနည္း။

အခ်စ္ကေလးက လွ်ို႔ဝွက္ခန္း ေတြ ပါေတြ နဲ႕ပါလား။

ဧကန္န သူ႕ ေယာကၤ်ားက ဇာတ္ကား ေတြ ထဲကလို လူဆိုး ဂိုဏ္းေခါင္းေဆာင္ႀကီး မ်ားလား။အထဲမွာ လက္နက္ေတြ ဘိန္းေတြ ‌ေမွာင္ခိုထားတာလား။

ခမ္းေနာ့ဝ္ ေပါက္တက္ကရ အေတြး ေတြ ေမာင္းထုတ္ပစ္လိုက္သည္။ဇာတ္ကား ၾကည့္တာ ေလွ်ာ့သင့္ၿပီ။

ခမ္းေနာ့ဝ္ စပ္စပ္စုစု အထဲ ကို ဝင္လိုက္သည္။

လွ်ို႔ဝွက္ခန္းထဲ တြင္ေတာ့ မီးေလး ဖ်ဖ် လင္းေနသည္။

အေထြထူးေတာ့ မရွိ။စင္ႀကီးေတြ သာ ရွိၿပီး ထိုစင္မ်ားေပၚတြင္ ဗူးေတြ တင္ထားသည္။

ဘာရယ္မဟုတ္ ဗူးတစ္ဗူးကို ယူၾကည့္လိုက္သည္။

ၾကည့္ေလ ၾကည့္ေလ. . . ေနပါဦး ဒါႀကီးက လူ႕ ႏွလုံးနဲ႕ မတူဘူးလား။ခြဲစိတ္ဆရာဝန္တစ္ေယာက္မို႔ လူ႕ ကိုယ္တြင္းအဂၤါမ်ားဆိုလွ်င္ ျမင္႐ုံနဲ႕ ဘာဆို ဘာ တန္း သိသည္။အျခားဗူးေတြ အကုန္ ၾကည့္လိုက္ေတာ့ အခ်ိဳ႕က လူ႕ အသည္းေတြ၊ ကလီစာေတြ။ဗူးႀကီး ႀကီး နဲ႕ ထည့္ထားတာက အူမႀကီးေတြ။ဗူးထဲ ေဆးရည္စိမ္ကာ ထည့္ထားသည္။

ဘုရား. . .ဘုရား. . ကိုးေနာင္ ဒါေတြ နဲ႕ ဘာလုပ္ေနပါသနည္း။ကိုယ္တြင္း အဂၤါ‌ေတြမ်ား ေမွာင္ခို ေရာင္းေနေလသလား။ခမ္းေနာ့ဝ္ ‌ေခြၽးပင္ျပန္လာသည္။တရား မဝင္ဘူးေလ။

အခန္း ေထာင့္ နားတြင္ လူ႕ တစ္ကိုယ္စာ အေပါက္တစ္ခု ရွိေသးသည္။

ဝင္သြားေတာ့ ေနာက္တစ္ခန္း။ထို အခန္းတြင္ မူကား . . .။

ခမ္းေနာ့ဝ္မွာ ဒူးေတြ ပင္ ‌ေခြက်သြားမတတ္။သူ႕ ပါး သူ ျပန္ရိုက္ၾကည့္သည္။ျမတ္စြာဘုရား ေရ. . . ။

အ . .အ . .အ ေလာင္း. . အေလာင္း ေတြ ။ကုတင္ အလုံးေပၚဝယ္ အေလာင္းေတြ တင္ထားသည္။ခမ္းေနာ့ဝ္ အေလာင္း ဟုတ္မဟုတ္ ေသခ်ာေအာင္ အနီးကပ္ သြားၾကည့္သည္။ဒီ တိုင္း. . . ဒီတိုင္း အ႐ုပ္ေတြ ျဖစ္မွာပါ။

ေအးစက္ထုံထိုင္းေနေသာ အထိအ‌ေတြ႕က အေလာင္းေတြ ဆိုတာ ေသခ်ာသြားသည္။တစ္ေလာင္းဆို ယခု မွ ေသထားၿပီးသား ပူပူႏြေးႏြေးပင္။

ခမ္းေနာ့ဝ္ ေခါင္းထဲ အလြန္ ရႈပ္ေထြး ေပြလီ ေနၿပီး သူ႕ အိပ္မက္ မွတ္ေနတယ္ လို႔ေတာင္ ထင္မိသည္။

အသက္ကို ျပင္းျပင္း ရႉ သြင္းလိုက္ၿပီး ေရွ႕ဆက္ေလွ်ာက္လိုက္သည္။

ေလွ်ာက္လိုက္မွ ေနာင္တ ရသြားသည္။ခမ္းေနာ့ဝ္သည္ ဒူးပါ ေခြက်သြားသည္။

ကုတင္ တစ္လုံး။ကုတင္ေပၚဝယ္ အေလာင္းတစ္ေလာင္း၊အဲ့ အေလာင္း ကို ရင္ခြဲထားကာ အထဲက အူေတြ ကလီစာေတြ အသည္းေတြကို ငယ္ငယ္က ကေလးေတြ ေဆာ့ကစား ထားသလို အပိုင္းပိုင္း လွီးျဖတ္ထားသည္။အေလာင္းႀကီး ၏ ဘယ္ဘက္ မ်က္လုံးႀကီးက ေၾကာက္မက္ဖြယ္ရာ ျပဴးထြက္ေနကာ ညာဘက္ မ်က္လုံးႀကီးကို ဓားျမႇောင္နဲ႕ ထိုး စိုက္ထားသည္။

ခမ္းေနာ့ဝ္က ဆရာဝန္တစ္ေယာက္ မို႔ ဒီလို အေလာင္း ႀကီး ရင္ခြဲ ပက္လက္ပုံစံက သူ႕တြက္ ျမင္ေနက်။သို႔ေသာ္ သို႔ေသာ္ ။ဒါႀကီးက စိတၱဇ လူသတ္သမား တစ္ေယာက္ ရက္ရက္စက္စက္ သတ္ထားသလို ဆိုး႐ြားလြန္းသည္။ၿပီး ႏွလုံးေတြကို ေဈးထဲက ဆိတ္သားစင္းေကာ ႏုတ္ႏုတ္ စင္းသလို အစိတ္စိတ္အမႊာမႊာ ဖိေခ်ထားေသးသည္။ေသြးေတြ က လွ်ံက်ေနကာ အခ်ိဳ႕က ခဲတတ္ေနသည္။အနံ႕ မထြက္ေအာင္ သတ္ ထားေသာ္လည္း ေသြးညွီ နံ႕ေတြက ေအာ္ကလီဆန္ကာ အန္ခ်မိမတတ္။ေနာက္ၿပီး အခန္းေထာင့္တိုင္းတြင္ အေရျပားေတြကို ဆုတ္ၿဖဲကာ လွမ္းထားေသးသည္။နံရံ ေပၚတြင္ လူ႐ုပ္ပင္ ‌မေပၚ၊ အသားတုံးႀကီး ကို ခ်ိတ္ဆြဲထားေသးသည္။

ကိုးေနာင္. . .ကိုးေနာင္။

ဟိုး အရင္ သူတို႔ မယူေသးခင္က ကိုးေနာင္ ေျပာဖူးေသာ စကား ရွိပါသည္။

"ကိုယ္က မေကာင္းဘူး "

"ရတယ္ ရတယ္ ေလာကႀကီး မွာ ၿပီးျပည့္စုံတဲ့လူ ဆို တာ မွ မရွိတာကြာ. . ."

"ကိုယ္ကို နည္းနည္းေလးပဲ ခ်စ္လို႔ မရဘူးေနာ္ အမ်ားႀကီး ခ်စ္မွ ရမွာ ကိုယ့္ အေၾကာင္း သိသြားရင္ ခမ္းေနာ့ဝ္က ကိုယ့္ကို ထားခဲ့မွာ. . .ကိုယ္ ေၾကာက္တယ္. . ."

"မထား ခဲ့ပါဘူး ဆိုကြာ ေယာကၤ်ားကတိ ေယာကၤ်ားကတိ. . ."

16 ႏွစ္လုံး လုံး သူ ဉာဏ္ကိုးေနာင္ကို အျဖဴထည္ ေၾကာင္ေပါက္ေလး အျဖစ္ ထင္မွတ္ခဲ့ပါသည္။

တကယ့္ တကယ့္ တြင္ေတာ့ ေၾကာင္ ေယာင္ ေဆာင္ ထားေသာ က်ားျဖဴ ႀကီးသာ လွ်င္ ျဖစ္သည္။

အခန္း တစ္ခန္းလုံး အပူခ်ိန္က ေအးစက္ေနေၾကာင္း ခမ္းေနာ့ဝ္ ေမးရိုးေတြ ခိုက္ခိုက္တုန္လာမွ သတိထားမိသည္။

အခန္း၏ ဟိုးေနာက္ဆုံး ေထာင့္ ဖ်ားတြင္ အေပါက္တစ္ေပါက္ ထပ္ရွိေနျပန္ပါ၏။

ခမ္းေနာ့ဝ္ အားတင္းကာ ဝင္သြားလိုက္သည္။

ဒီေယာက္်ား ဘာေတြ ထပ္ေမႊထားသလဲ။

အေပါက္ထဲ ဝင္သြားေတာ့ ခမ္းေနာ့ဝ္မွာ ကိုယ့္အိမ္ထဲ ကိုယ္ ေနရင္းထိုင္းရင္း parallel world ေရာက္သြားသလို။

ဆယ္ခ်ီေနတဲ့ အခန္းေတြ။ေအးစက္ေနတဲ့ၾကမ္းျပင္၊အနက္ေရာင္‌ေဆး သုတ္ထားတဲ့ ေမွာင္မိုက္ေနတဲ့ နံရံေတြ၊အနီေရာင္ ေတာက္ေနတဲ့ မီးလုံး မွိတ္တုတ္မွိတ္တုတ္ေတြ။

ခမ္းေနာ့ဝ္ ဇာတ္ကားဆိုေတာင္ စိတၱဇ လူသတ္ကားႏွင့္ သရဲကား ဘယ္ေတာ့မွ မၾကည့္။

ကိုးေနာင္နဲ႕ အတူ ရွားရွားပါးပါး ႐ုပ္ရွင္ အတူ ၾကည့္ခဲ့ဖူးခ်ိန္ကို သတိရမိသည္။

ထိုစဥ္က ေဟာ့ေနေသာ ဇာတ္ကားမွာ psychopath ကား ျဖစ္ၿပီး ေတာ္ေတာ္ေလး ေသြးသံရဲရဲ ဇာတ္ဝင္ခန္းေတြ ပါသည္။ထိုစဥ္ကေတာ့ ေၾကာက္ရင္ ကိုးေနာင္ ရင္ခြင္ထဲ တိုး၊လက္ေလး ကိုင္ မည္ဟူေသာ မဟာ အႀကံအစည္ဆိုးနဲ႕ ထိုကား ကို မွ ေ႐ြးခဲ့ပါသည္။

စ ျပ ကတည္းက ရည္႐ြယ္ခ်က္ကို အေကာင္အထည္ ေဖာ္ေန၍ ဇာတ္ကားတြင္ အာ႐ုံ မရွိ။တစ္ခု ေတာ့ သတိထားမိခဲ့ပါသည္။

ကမၻာေၾကာက္စရာ အေကာင္းဆုံး horror ဇာတ္ကား စာရင္းတြင္ နံပါတ္ 1 ခ်ိတ္ထားေသာ ဒီကားကို ပင္ ကိုးေနာင္က ဟာသ ကားၾကည့္ သလို ၾကည့္ေနတာပင္။

ထို စဥ္က ကိုးေနာင္ မေၾကာက္တတ္ဘူးဟ လို႔ သာ ေတြးခဲ့မိသည္။႐ုံက အထြက္ တြင္ ဒီေလာက္ ရယ္ရတဲ့ ဟာသ ကား သူ မၾကည့္ဖူးေသးဘူး ဟု ေျပာ၍ ခမ္းေနာ့ဝ္မွာ ေၾကာင္အမ္း သြားခဲ့ရသည္။

ခမ္းေနာ့ဝ္ အသက္ရႉ ေတြ ၾကပ္လာသည္။

တုန္တုန္ရီရီ ႏွင့္ ပထမဆုံး တံခါးကို ဖြင့္လိုက္သည္။

အား. . . ။လူတစ္ေယာက္ကို စက္ဝိုင္းပုံစံ
သတၳဳျပားေပၚဝယ္ လက္ကားယား ေျခကားယား ခ်ိတ္ဆြဲ ထားသည္။

ဝမ္းဗိုက္တြင္ လွံ တစ္ေခ်ာင္း စိုက္ေနၿပီး အူအေခြလိုက္ႀကီးက ထြက္က်ေနသည္။တစ္ကိုယ္လုံးအႏွံမွာလည္း ဓားေတြ အမ်ားအျပား ထိုးစိုက္ထားသည္။အဲ့လူ ရဲ႕ မ်က္ႏွာကိုေတာ့ ထူးဆန္းစြာ မဖ်က္ဆီးထားေပ။ေတြ႕ခဲ့သမွ် အေလာင္းေတြ အကုန္ မ်က္ႏွာေတြ ပါ လွီးျဖတ္ထားေသာ္လည္း ဒီအေလာင္းကမူ မ်က္ႏွာ အေကာင္းတိုင္းပင္။

ေဒါက္တာ မင္းစည္သူ။
ခမ္းေနာ့ဝ္ ဒီလူကို သိသည္။စိတ္ေရာဂါကု ဆရာဝန္ႀကီး ေဒါက္တာ မင္းစည္သူဆိုတာ နာမည္ႀကီးပင္။လြန္ခဲ့တဲ့ 10ႏွစ္ေလာက္က မႏၱေလး ရန္ကုန္ အျမန္လမ္းမေပၚတြင္ ကားအက္စီးဒန႔္နဲ႕ ဆုံးသြားခဲ့တာ ဟု သတင္းရသည္။

ဒါဆို ဘာကိစၥ ဦးမင္းစည္သူက သူ႕ အိမ္ထဲ ေရာက္ေနရပါသနည္း။ခမ္းေနာ့ဝ္ ဘာမွ နားမလည္ နိုင္ေတာ့ေပ။ဦးႏွောက္ထဲ အလြန္ ရႈပ္ေထြး ေနၿပီး အသိနဲ႕ ခႏၶာ မနည္း ကပ္ေအာင္ သတိထားေနရသည္။

ဒီ တိုင္းဆို ကိုးေနာင္ ကိုယ္တြင္းအဂၤါ ေတြ ေမွာင္ခိုေနတာလည္း မဟုတ္ေပ။

ေပ်ာ္လို႔ကို လူသတ္ေနတဲ့ တိုင္းပင္။

အဲ့အေလာင္းႀကီး ၏ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ခုံ တစ္ခုံရွိၿပီး ထိုင္ခုံေအာက္တြင္ စီးကရက္အတိုေတြ ျပန႔္ႀကဲေနသည္။

ထိုင္ခုံ ေဘးတြင္ ဆိုဒ္စုံဓားေတြ ကတ္ေၾကးေတြ တူေတြ သံတုတ္ေတြ ကစ ေနာက္ဆုံး ေသနတ္ ေတြ ပါ ထား ထားသည္။

ခမ္းေနာ့ဝ္ မ်က္လုံးအစုံကို မွိတ္လိုက္ကာ ျပန္ဖြင့္လိုက္သည္။အိပ္မက္ သာ ျဖစ္ပါေစ။

သို႔ေသာ္ ကံဆိုးစြာႏွင့္ပင္ အိပ္မက္ မဟုတ္ေၾကာင္း နီက်င္က်င္ မီးလုံးေလး မွိတ္တုတ္ မွိတ္တုတ္၊ အေလာင္းေကာင္ႀကီး ႏွင့္ ဓားေတြက သက္ေသ ျပေနခဲ့သည္။

16ႏွစ္ၾကာ မွ သိလိုက္ရတဲ့ အမွန္တရား တစ္ခုက သူ၏ ခ်စ္လွစြာေသာ ေယာကၤ်ားမွာ စိတၱဇ လူသတ္သမား တစ္ေယာက္ ျဖစ္ေနခဲ့သည္။

16 ႏွစ္ လုံး လုံး ဖုံးကြယ္ထားေသာ ကိုးေနာင္က ပဲ ေတာ္လြန္းတာလား 16 လုံး လုံး တစ္စက္မွ မရိပ္မိခဲ့သည့္ သူ ကပဲ အ လြန္းတာလား။

ခမ္းေနာ့ဝ္ မ အ ပါ။ကိုးေနာင္က ပဲ ေတာ္ေနတာ ျဖစ္မည္။

ခမ္းေနာ့ဝ္ ဆက္ မၾကည့္နိုင္ေတာ့။

အားတင္းကာ ေနာက္ ကို တစ္စက္မွ လွည့္ မၾကည့္ေတာ့ ဘဲ လာလမ္းအတိုင္း အျမန္ေျပးထြက္ခဲ့သည္။

သူ ထြက္သြားေသာ အခါ ႏွစ္ျခမ္းကြဲ တံခါးႀကီးက ျပန္ေစ့သြားသည္။

ဒုတိယထပ္ကို အျမန္ေျပးဆင္းၿပီး အိပ္ခန္း ထဲဝင္ ကုတင္ ေပၚ အရိုးႀကိဳးျပတ္ ပစ္လွဲကာ ေစာင္ကို ေခါင္းၿမီး ၿခဳံလိုက္သည္။

ကိုးေနာင္က မူ ခု ထိ အိပ္ခန္းထဲကို ျပန္မလာေသးေပ။

ခမ္းေနာ့ဝ္ လက္ေတြ တုန္ရီေနၿပီး ေမးရိုးေတြက တဆတ္ဆတ္လႈပ္ခတ္ေနသည္။

ကိုးေနာင္ ကို ခုမွ ပဲ အတြင္းသိ အဆင္းသိ အကုန္သိသြား၍ အိမ္ေထာင္ဘက္ တစ္ေယာက္ အေနနဲ႕ေပ်ာ္ရမလား၊ မေတာ္တဆ စိတ္ေဖာက္လာလွ်င္ ကိုယ့္ ကိုပါ သတ္ပစ္မွာ ကို ေၾကာက္ရမည္လား။

မၾကာခင္ ကိုးေနာင္ ဝင္လာသံ ၾကားရသည္။ကိုးေနာင္ ေျခလွမ္းက ညင္သာလြန္းသည္။ႏွစ္ေပါင္းမ်ားစြာ ေပါင္းသင္းလာလို႔သာ သူ သိ ျခင္း ျဖစ္သည္။

ကိုးေနာင္က ေရခ်ိဳးခန္းထဲ တြင္ လက္ေဆးေနသည္ ထင္သည္။ေနာက္ အိပ္ရာ ႀကီးက အိက်လာတာ ခံစား မိသည္။ၿပီး ခမ္းေနာ့ဝ္ ခါးေပၚ လာေရာက္ ရစ္ပတ္လာေသာ လက္ဖမိုး ျဖဴျဖဴေဖြးေဖြးေတြ။ဖက္ထားေသာ လက္ေတြက သာမန္ထက္ ပို တင္းၾကပ္ေနသေယာင္။

မၾကာခင္ ကိုးေနာင္ အသက္ရႉသံ မွ်င္းမွ်င္းေလး ေပၚလာကာ ကိုးေနာင္ အိပ္သြားသည္။

ခမ္းေနာ့ဝ္ လက္ဖမိုးျဖဴေလးေပၚ ျပန္လည္ ဆုပ္ကိုင္လိုက္သည္။

သူ ဘာဆက္လုပ္ရမည္နည္း။

နက္ျဖန္ ဘုန္းဆက္ႏြယ္ ကို ဖုန္းဆက္ရမည္။ကိုးေနာင့္ ဖေအတူ မေအကြဲ ညီ ဘုန္းဆတ္ႏြယ္ ထံတြင္ေတာ့ အေျဖ ရွိေကာင္း ရွိလိမ့္မည္။

______________________________

7.9.2022(wad)
Mary_Koe
5709

Please give me feedback😉😚

Continue Reading

You'll Also Like

16.2K 840 51
Title - Lacuna [ပျောက်ဆုံးနေသော တစ်စိတ်တစ်ပိုင်း] ◾ Lacuna means a missing part ◾ Type - Own Creation, Chinese BL ကြွေကျလာတဲ့ မေပယ်လ်ရွက် တစ်ရွက်ကို...
18.7K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
252K 33.8K 130
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
224K 46.9K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!