Unicode
အမေ့ဆုံးဖြတ်ချက်အရ ဆော့ဂျင် ဂွာချွန်းအိမ်တွင်နေဖို့ဖြစ်လာခဲ့သည်။ ယောကျာ်းကိုဆုံးရှုံးလိုက်ရသော အဒေါ်ဖြစ်သူသည်လည်း အိပ်ယာထဲလဲမတက်ဖြစ်နေရှာသည်။ ထို့အပြင် သားအကြီးနှစ်ယောက်မှာလည်း အိမ်ထောင်ကိုယ်စီရှိသည်ကြောင့် ဂျောင်ကုတစ်ယောက်သာ သူ့အမေနားရှိနေပေးနိုင်သည်။ ဒါကြောင့် အမေက ဆော့ဂျင်ကို ဂျောင်ကုတို့သားမိကို အဖော်လုပ်ပေးဖို့ စီစဥ်ခဲ့ခြင်းဖြစ်သည်။
ဆော့ဂျင် ဤအိမ်တွင်နေနေသည်မှ နှစ်ပတ်ခန့်ပင်ရှိတော့မည်။ အိမ်မှာလို ထွေထွေထူးထူးလုပ်စရာမရှိ၍ ဆော့ဂျင် ပျင်းနေမိတာတော့အမှန်ပင်။ နေသားမကျသေးတာလည်း ပါလိမ့်မည်။ ဂျောင်ကုနဲ့ကတော့ အရင်ကလောက်မဟုတ်တော့ပဲ ဟိုနေ့တည်းကစလို့ တဖြေးဖြေးရင်းနှီးလာသည်။
ဆော့ဂျင် ဒီတစ်လောအတွင်း ထိုကောင်လေး၏ မတူညီတဲ့ ပုံစံနှစ်မျိုးကိုတွေ့ရတက်သည်။ ထိုကောင်လေးက သူ့အမေနဲ့ဆို ကလေးတစ်ယောက်လိုပင် သူ၏ယုန်သွားလေးတွေပေါ်သည်အထိပြုံးရယ်ကာ ကပ်ချွဲနေလေ့ရှိသည်။ ဆော့ဂျင်ကိုတွေ့လျင်တော့ လူကြီးလူကောင်းတစ်ယောက်စတိုင်ဖမ်းကာ ဆော့ဂျင်ကို သူ့ထက်အငယ်လေးလို ဆက်ဆံလေ့ရှိသည်။
"Hyung~"
"သြော် ဂျောင်ကု"
"ပျင်းနေပြီလား Hyung~"
ဂျောင်ကု ဆော့ဂျင်ထိုင်နေသည့် ဒန်းထက်ဝင်ထိုင်ကာ မေးလာသည်။
"အင်း နည်းနည်းပါ"
"အိမ်ပြန်ချင်လား Hyung~"
"ဟမ် မဟုတ်တာ Hyungက ပျင်းနေပေမဲ့ ဒီမှာ နေရတာ အဆင်ပြေပါတယ်"
"အင်း~"
"Hyung တစ်ခုလောက်မေးချင်တယ် ဂျောင်ကု"
"မေးပါ~"
"အရင်တုန်းက ဂျောင်ကုက Hyungကိုတွေ့ရင် ဘာလို့ အမြဲစိုက်ကြည့်နေတာလဲ"
"အဟင်း~"
"ဂျောင်ကုမဖြေချင်လည်းမဖြေပါနဲ့။ Hyungက ဘာရယ်မဟုတ်ဘူး ဒီတိုင်းမေးကြည့်တာပါ။"
ဆော့ဂျင်အသံနည်းနည်းမာသွားလောက်သည်။ ဂျောင်ကုရဲ့ အဲ့အကျင့်ကို ဆော့ဂျင်မကြိုက်ဆုံးပင်။ တစ်ခုခုမသိလို့မေးတိုင်း လူကို လှောင်သလိုလိုရယ်တာ အမြဲ။
"နေပါအုန်း Hyungရဲ့~"
ဆော့ဂျင်စိတ်တိုတိုနဲ့ ဂျောင်ကုနားကထွက်ရန် ထရပ်လိုက်တော့ ဆော့ဂျင် လက်ကောက်ဝတ်တစ်ဖက်ကို ဆုပ်ကိုင်လျက် သူပါထရပ်လာသည်။
"Hyungမေးခွန်းရဲ့ အဖြေကို ယူသွားအုန်းလေ~"
ဆော့ဂျင်ရဲ့ ကျန်လက်တစ်ဖက်က လက်ကောက်ဝတ်ကိုပါ ခပ်ဖွဖွဆုပ်ကိုင်လာပြီး သူနဲ့မျက်နှာချင်းဆိုင်စေသည်။ ဆော့ဂျင်ခန္ဓာကိုယ်ကို သူ့ခန္ဓာကိုယ်နဲ့ထိကပ်လုမတက် ဆွဲယူပြီး ခပ်သြသြအသံနှင့် နားတွင်ကပ်ပြောလာသည်။ ဆုပ်ကိုင်ခံထားရသည့် လက်ကောက်ဝတ်တွေသာ ခန္ဓာကိုယ်နှစ်ခု၏ ကြားခံနယ်အဖြစ်ရှိလို့နေသည်။
ဆော့ဂျင် အခုဖြစ်နေသည့် ခံစားချက်များသည် ဂျောင်ကုအဖေဆုံးတဲ့နေ့က ခံစားချက်နှင့်တစ်ထပ်တည်းပင်။ ဆော့ဂျင် ရင်ဘတ်တွင်းရှိတစ်စုံတစ်ခုက အပြင်ကိုခုန်ထွက်တော့မယောင် တဒုတ်ဒုတ်မြည်လို့နေသည်။ ဂျောင်ကုနဲ့ နီးနီးကပ်ကပ်နေမိတိုင်း ဆော့ဂျင် ရှိုးတိုးရှန့်တန့်ခံစားချက်မျိုးဖြစ်နေမိတာကိုတော့ သတိထားမိသည်။
"Hyung~"
"ဟ..ဟင်"
"ဘာတွေ တွေးနေတာလဲ~"
"ဟို..ဟို ငါ..ငါ
မင်း! ဖယ်ပေးအုန်း ဘာလို့ အဲ့လောက်ထိ ကပ်ပြီးပြောနေတာလဲ"
"သဘောကျလို့လေ~"
"ဘာ!"
"Hyungနဲ့ ဒီလို နီးနီးကပ်ကပ်နေရတာကို သဘောကျလို့ လို့~"
"ဖယ်..ဖယ်ပေး ငါအိမ်ထဲဝင်တော့မယ်"
ဆော့ဂျင် ဂျောင်ကုလက်ဖဝါးကြီးကြီးတွေကြားက အတင်းအကန်ရုန်းထွက်ကာ အိမ်ထဲကိုမပြေးရုံတမယ် လျှောက်ဝင်ခဲ့လိုက်သည်။ ဒီကောင်လေး လူကို'မရိုးမရွ'ဖြစ်စေတဲ့စကားတွေ ဘယ်ကတက်လာပါလိမ့်။
>>>>
ဆော့ဂျင် ဒီတိုင်းနေရမှာပျင်းသည်ဟုဆိုကာ အလုပ်လုပ်ဖို့ အမေမှတစ်ဆင့်အဒေါ့်ထံတောင်းဆိုစေတော့ ဂျောင်ကုတို့မိသားစုလုပ်ငန်းဖြစ်တဲ့ အိုးပြုလုပ်တဲ့လုပ်ငန်းတွင် အဒေါ်ကအလုပ်ပေးလာသည်။ ဆော့ဂျင် ဒီနေ့စလုပ်မည်ဖြစ်ပြီး အိုးလုပ်တဲ့လက်မှုပညာကို အရင်ထဲက စိတ်ဝင်စားသည်ကြောင့် စိတ်လှုပ်ရှားနေမိသည်။
ဆော့ဂျင် အိုးပြုလုပ်မည့်နေရာတွင်ထိုင်လိုက်ပြီး ရွံစေးအနည်းငယ်ယူကာ စတင်လိုက်သည်။ ပထဆုံးအကြိမ်ဖြစ်တာကြောင့် ဆော့ဂျင်လုပ်နေသည်မှာ အိုးပုံထွက်မလာပဲ ရှည်လမျောအချောင်းလိုက်ကြီးများသာဖြစ်ဖြစ်သွားသည်။ ဆော့ဂျင် ကိုယ်လုပ်ထားသည်ကိုကြည့်၍ ကိုယ်ကိုယ်တိုင်ပင် ရယ်မိနေသည်အထိ ကြည့်ရဆိုးနေသည်။
ရုတ်တရက်ဆော့ဂျင်လက်တွေထက် ထိန်းကိုင်လာသောလက်တစ်စုံနှင့် ကျောပြင်ထက်ခံစားလိုက်ရသောအထိအတွေ့ကြောင့် ဆော့ဂျင်ကိုယ်လေး မတ်ကနဲဖြစ်သွားရသည်။ လက်ဖျံထက်က သွေးကြောစိမ်းစိမ်းတွေနဲ့ တက်တူးတစ်ချို့ကိုမြင်တော့ ဂျောင်ကုမှန်းသိလိုက်တာကြောင့် သက်ပြင်းသေးသေးလေးကို မသိမသာချလိုက်မိသည်။ ဘာကြောင့်မှန်းမသိပေမဲ့ ဆော့ဂျင် ဂျောင်ကုနဲ့ အခုလိုနီးနီးကပ်ကပ်နေရတာမျိုးတွေကို စိမ်းသက်မနေဘဲ သက်တောင့်သက်သာဖြစ်နေမိသည်။
"ကျွန်တော် ကူညီပေးမယ် Hyung~"
"အင်း"
ဆော့ဂျင် ခေါင်းအနည်းငယ်စောင်းကြည့်မိတော့ ဂျောင်ကုမျက်နှာချောချောကို ဆော့ဂျင်အနီးကပ်မြင်တွေ့လိုက်ရသည်။ အနည်းငယ်ရှည်နေသော ဆံပင်ကို တစ်ဝက်ခန့်ခွဲစည်းထားပြီး ရှေ့တွင်ဆံပင်နှစ်ချောင်းသုံးချောင်းလောက်က ချထားသေးသည်။ အိမ်ထဲနေလည်း ရှိုးစမိုးအပြည့်ထုတ်ကာ ပဲများတက်သည့် ကောင်လေးပင်။
"ငေးလို့ဝပြီလား~"
"ဟင်"
"အိုး ပြီးသွားပြီ~"
"ဟင်"
"ကျစ်!"
"ပြွတ်စ်~"
ဂျောင်ကုက ဆော့ဂျင်နှုတ်ခမ်းတွေထက် စက္ကန့်ပိုင်းမျှသာဖိကပ်နမ်းလိုက်ရာမှ ထွက်ပေါ်လာသော အသံဖြစ်သည်။
"တဟင်ဟင်နဲ့ အသဲယားစရာလေး~"
"........"
ဆော့ဂျင် စိတ်နဲ့လူမကပ်နိုင်သေးပဲ ကြောင်တောင်တောင်ဖြစ်နေချိန်မှာပင် ဆော့ဂျင်နှုတ်ခမ်းတွေထက် ပြန်လည်သက်ဆင်းလာသော နှုတ်ခမ်းပါးတစ်စုံ။ ထပ်ကိုင်ထားသောလက်တွေကို လက်ချောင်းတွေကြားတိုးဝင်စေကာ အချင်းချင်းယှက်နွယ်စေသည်။ ဆော့ဂျင်နှုတ်ခမ်းတွေကို ညှင်သာစွာနမ်းရှိုက်နေသော ဂျောင်ကုအနမ်းများသည် နူးညံ့လွန်းလှသည်။
"ဟင်း~~"
ဆော့ဂျင်၏ အသက်လုရှူသံပြင်းပြင်းကိုကြားမှသာ ခံတွင်းထဲမွှေနှောက်ကာ နယ်ကျွံနေသော အရာမှာ ဖယ်ခွာတော့သည်။ ဂျောင်ကုက နဖူးချင်းတေ့ထားလျက်ပင် အနည်းငယ်ခြောက်ချင်နေပြီဖြစ်သော ရွှံ့စေးပေနေသောလက်ဖြင့် ဆော့ဂျင်ပါးကို ခပ်ဖွဖွ ပွတ်သပ်လာသည်။
"ချစ်တယ် Hyung~"
"......"
"Hyungကိုတွေ့တိုင်း ဘာလို့အမြဲစိုက်ကြည့်နေတာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေပဲ~"
"ဘယ်တုန်းထဲကလဲ~"
"ကလေးအရွယ် စတွေ့ထဲက Hyungကို သဘောကျခဲ့ပေမဲ့ အရွယ်ရောက်လာမှ Hyungအပေါ် မရိုးမသားခံစားချက်တွေရှိနေမိတာကို ရိပ်မိလာတယ်။ လုံးဝသေချာသွားတဲ့အချိန်က Hyungတူဝကစ်လေးကို မြှူနေတာကိုတွေ့လိုက်ရတဲ့အချိန်ပဲ။ အဲ့အချိန်မှာ Hyungအပြုံးတွေက အရမ်းကိုတောက်ပလွန်းနေတာ။"
"အွန်း ငါက ကလေးတွေ့ရင်မနေနိုင်ဘူး။ သူတို့လေးတွေက အသဲယားစရာလေးတွေလေ"
"Hyungသိလား ကျွန်တော်အဲ့ကလေးတွေကို အရမ်းမနာလိုဖြစ်ခဲ့တာ~"
"သြော်...."
"ဒါဘယ်လဲ"
ဆော့ဂျင် မသိချင်ယောင်ဆောင်ကာ ရှောင်ထွက်ဖို့လုပ်တော့ ဂျောင်ကုကပါထရပ်လာသည်။
"အိုးလည်းလုပ်လို့ပြီးပြီဆိုတော့ သွားတော့- အ"
"ကျွန်တော့်ကိုအဖြေမပေးပဲနဲ့ ဒီလိုရှောင်ထွက်လို့ရကြေးလား ဟမ်~"
ဂျောင်ကုက လျင်မြန်စွာပင် ဆော့ဂျင်ရဲ့ခါးတွေကို ရွှံစေးပေးနေသော လက်တွေဖြင့် ကြက်ခြေခတ်သဏ္ဍာန်ထားကာ တင်းကျပ်စွာ ပွေ့ဖက်လာသည်။ ခါးမှတင်းကျပ်စွာဆွဲပွေ့ထားမှုကြောင့် ဆော့ဂျင်ခြေဖျားပင်ထောက်လိုက်ရသည်။ သူ့လက်တွေကတော့ ဂျောင်ကုရင်အုံမှာ အဖြန့်သား။
"လွှတ်ပေး လွှတ်ပေးရင်ပြောမယ်"
"သေချာလား~"
"သေချာတယ် ယောကျာ်းကတိ"
မျက်ခုံးတစ်ဖက်မြှင့်ကာ မယုံသင်္ကါမေးနေသူကို ဆော့ဂျင် ယုံကြည်ချက်ရှိရှိပြန်ဖြေလိုက်သည်။
ခါးထက်က တင်းကျပ်မှု ပြေလျော့သွားသည်နှင့် ဆော့ဂျင်တံခါးရှိရာကို နောက်ပြန်လှမ်းကာ ဂျောင်ကုမျက်နှာကိုလည်းအကြည့်မပြတ် လျှောက်နေလိုက်သည်။ဆော့ဂျင်နောက်တစ်လှမ်းလှမ်းတိုင်း ဂျောင်ကုကပါရှေ့ကိုတိုး,တိုးလာသည်။
"မင်းတိုးမလာနဲ့ ငါပြောမယ်"
"ကောင်းပြီ"
"အဟမ်း ချစ်..ချစ်တယ်"
"အဟင်း~"
ဒီတစ်ကြိမ်တော့ လှောင်ရယ်,ရယ်သလိုမဟုတ်တော့ပဲ ယုန်သွားလေးနှစ်ချောင်းပေါ်သည်အထိ ဂျောင်ကုက ကျေကျေနပ်နပ်ပြုံးနေတာဖြစ်သည်။ သို့သော် ထိုအပြုံးသည် ဆော့ဂျင်ပြောလိုက်သော စကားတစ်ခွန်းကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
"ညီလေးတစ်ယောက်လို~"
ဆော့ဂျင်ပြောပြီးသည်နှင် ထိုအခန်းငယ်ထဲက အလျင်အမြန်ပြေးထွက်လိုက်တော့ နောက်ပါးကနေ ဂျောင်ကု၏ ကြိမ်းဝါးသံခပ်ကြိတ်ကြိတ်ကိုကြားလိုက်ရသည်။
"Hyung မိလို့ကတော့ မလွယ်ဘူးမှတ်!"
"ခိခိ~"
သူတစ်ပါးကို စရတာ အလွန်ပျော်စရာကောင်းမှန် ဆော့ဂျင်အခုမှ ကောင်းကောင်းသိတော့သည်။
ဒါမှမဟုတ် ဂျောင်ကုဖြစ်နေလို့များလား~~
သေချာတော့မသိပေမဲ့ ကျွန်တော်လည်း ဂျောင်ကုလို မရိုးမသားခံစားချက်တွေရှိနေမိပြီထင်တယ်။ ကျွန်တော်တို့က ညီအစ်ကိုတွေဆိုပေမဲ့ ဂျောင်ကုက ဒီမိသားစုရဲ့သားအရင်းမှမဟုတ်ပဲကို ကျွန်တော်တို့ ရူးမိုက်ကြည့်လို့ရပါတယ်ဗျ~~~
~~~~~~~~~~~~~THE END~~~~~~~~~~~~~
14.10.22
May
Thanks my all readers💕
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi
အေမ့ဆုံးျဖတ္ခ်က္အရ ေဆာ့ဂ်င္ ဂြာခြၽန္းအိမ္တြင္ေနဖို႔ျဖစ္လာခဲ့သည္။ ေယာက်ာ္းကိုဆုံးရႈံးလိုက္ရေသာ အေဒၚျဖစ္သူသည္လည္း အိပ္ယာထဲလဲမတက္ျဖစ္ေနရွာသည္။ ထို႔အျပင္ သားအႀကီးႏွစ္ေယာက္မွာလည္း အိမ္ေထာင္ကိုယ္စီရွိသည္ေၾကာင့္ ေဂ်ာင္ကုတစ္ေယာက္သာ သူ႕အေမနားရွိေနေပးနိုင္သည္။ ဒါေၾကာင့္ အေမက ေဆာ့ဂ်င္ကို ေဂ်ာင္ကုတို႔သားမိကို အေဖာ္လုပ္ေပးဖို႔ စီစဥ္ခဲ့ျခင္းျဖစ္သည္။
ေဆာ့ဂ်င္ ဤအိမ္တြင္ေနေနသည္မွ ႏွစ္ပတ္ခန့္ပင္ရွိေတာ့မည္။ အိမ္မွာလို ေထြေထြထူးထူးလုပ္စရာမရွိ၍ ေဆာ့ဂ်င္ ပ်င္းေနမိတာေတာ့အမွန္ပင္။ ေနသားမက်ေသးတာလည္း ပါလိမ့္မည္။ ေဂ်ာင္ကုနဲ႕ကေတာ့ အရင္ကေလာက္မဟုတ္ေတာ့ပဲ ဟိုေန႕တည္းကစလို႔ တေျဖးေျဖးရင္းႏွီးလာသည္။
ေဆာ့ဂ်င္ ဒီတစ္ေလာအတြင္း ထိုေကာင္ေလး၏ မတူညီတဲ့ ပုံစံႏွစ္မ်ိဳးကိုေတြ႕ရတက္သည္။ ထိုေကာင္ေလးက သူ႕အေမနဲ႕ဆို ကေလးတစ္ေယာက္လိုပင္ သူ၏ယုန္သြားေလးေတြေပၚသည္အထိၿပဳံးရယ္ကာ ကပ္ခြၽဲေနေလ့ရွိသည္။ ေဆာ့ဂ်င္ကိုေတြ႕လ်င္ေတာ့ လူႀကီးလူေကာင္းတစ္ေယာက္စတိုင္ဖမ္းကာ ေဆာ့ဂ်င္ကို သူ႕ထက္အငယ္ေလးလို ဆက္ဆံေလ့ရွိသည္။
"Hyung~"
"ေၾသာ္ ေဂ်ာင္ကု"
"ပ်င္းေနၿပီလား Hyung~"
ေဂ်ာင္ကု ေဆာ့ဂ်င္ထိုင္ေနသည့္ ဒန္းထက္ဝင္ထိုင္ကာ ေမးလာသည္။
"အင္း နည္းနည္းပါ"
"အိမ္ျပန္ခ်င္လား Hyung~"
"ဟမ္ မဟုတ္တာ Hyungက ပ်င္းေနေပမဲ့ ဒီမွာ ေနရတာ အဆင္ေျပပါတယ္"
"အင္း~"
"Hyung တစ္ခုေလာက္ေမးခ်င္တယ္ ေဂ်ာင္ကု"
"ေမးပါ~"
"အရင္တုန္းက ေဂ်ာင္ကုက Hyungကိုေတြ႕ရင္ ဘာလို႔ အၿမဲစိုက္ၾကည့္ေနတာလဲ"
"အဟင္း~"
"ေဂ်ာင္ကုမေျဖခ်င္လည္းမေျဖပါနဲ႕။ Hyungက ဘာရယ္မဟုတ္ဘူး ဒီတိုင္းေမးၾကည့္တာပါ။"
ေဆာ့ဂ်င္အသံနည္းနည္းမာသြားေလာက္သည္။ ေဂ်ာင္ကုရဲ႕ အဲ့အက်င့္ကို ေဆာ့ဂ်င္မႀကိဳက္ဆုံးပင္။ တစ္ခုခုမသိလို႔ေမးတိုင္း လူကို ေလွာင္သလိုလိုရယ္တာ အၿမဲ။
"ေနပါအုန္း Hyungရဲ႕~"
ေဆာ့ဂ်င္စိတ္တိုတိုနဲ႕ ေဂ်ာင္ကုနားကထြက္ရန္ ထရပ္လိုက္ေတာ့ ေဆာ့ဂ်င္ လက္ေကာက္ဝတ္တစ္ဖက္ကို ဆုပ္ကိုင္လ်က္ သူပါထရပ္လာသည္။
"Hyungေမးခြန္းရဲ႕ အေျဖကို ယူသြားအုန္းေလ~"
ေဆာ့ဂ်င္ရဲ႕ က်န္လက္တစ္ဖက္က လက္ေကာက္ဝတ္ကိုပါ ခပ္ဖြဖြဆုပ္ကိုင္လာၿပီး သူနဲ႕မ်က္ႏွာခ်င္းဆိုင္ေစသည္။ ေဆာ့ဂ်င္ခႏၶာကိုယ္ကို သူ႕ခႏၶာကိုယ္နဲ႕ထိကပ္လုမတက္ ဆြဲယူၿပီး ခပ္ၾသၾသအသံႏွင့္ နားတြင္ကပ္ေျပာလာသည္။ ဆုပ္ကိုင္ခံထားရသည့္ လက္ေကာက္ဝတ္ေတြသာ ခႏၶာကိုယ္ႏွစ္ခု၏ ၾကားခံနယ္အျဖစ္ရွိလို႔ေနသည္။
ေဆာ့ဂ်င္ အခုျဖစ္ေနသည့္ ခံစားခ်က္မ်ားသည္ ေဂ်ာင္ကုအေဖဆုံးတဲ့ေန႕က ခံစားခ်က္ႏွင့္တစ္ထပ္တည္းပင္။ ေဆာ့ဂ်င္ ရင္ဘတ္တြင္းရွိတစ္စုံတစ္ခုက အျပင္ကိုခုန္ထြက္ေတာ့မေယာင္ တဒုတ္ဒုတ္ျမည္လို႔ေနသည္။ ေဂ်ာင္ကုနဲ႕ နီးနီးကပ္ကပ္ေနမိတိုင္း ေဆာ့ဂ်င္ ရွိုးတိုးရွန့္တန့္ခံစားခ်က္မ်ိဳးျဖစ္ေနမိတာကိုေတာ့ သတိထားမိသည္။
"Hyung~"
"ဟ..ဟင္"
"ဘာေတြ ေတြးေနတာလဲ~"
"ဟို..ဟို ငါ..ငါ
မင္း! ဖယ္ေပးအုန္း ဘာလို႔ အဲ့ေလာက္ထိ ကပ္ၿပီးေျပာေနတာလဲ"
"သေဘာက်လိဳ႕ေလ~"
"ဘာ!"
"Hyungနဲ႕ ဒီလို နီးနီးကပ္ကပ္ေနရတာကို သေဘာက်လိဳ႕ လို႔~"
"ဖယ္..ဖယ္ေပး ငါအိမ္ထဲဝင္ေတာ့မယ္"
ေဆာ့ဂ်င္ ေဂ်ာင္ကုလက္ဖဝါးႀကီးႀကီးေတြၾကားက အတင္းအကန္႐ုန္းထြက္ကာ အိမ္ထဲကိုမေျပး႐ုံတမယ္ ေလွ်ာက္ဝင္ခဲ့လိုက္သည္။ ဒီေကာင္ေလး လူကို'မရိုးမ႐ြ'ျဖစ္ေစတဲ့စကားေတြ ဘယ္ကတက္လာပါလိမ့္။
>>>>
ေဆာ့ဂ်င္ ဒီတိုင္းေနရမွာပ်င္းသည္ဟုဆိုကာ အလုပ္လုပ္ဖို႔ အေမမွတစ္ဆင့္အေဒၚ့ထံေတာင္းဆိုေစေတာ့ ေဂ်ာင္ကုတို႔မိသားစုလုပ္ငန္းျဖစ္တဲ့ အိုးျပဳလုပ္တဲ့လုပ္ငန္းတြင္ အေဒၚကအလုပ္ေပးလာသည္။ ေဆာ့ဂ်င္ ဒီေန႕စလုပ္မည္ျဖစ္ၿပီး အိုးလုပ္တဲ့လက္မႈပညာကို အရင္ထဲက စိတ္ဝင္စားသည္ေၾကာင့္ စိတ္လႈပ္ရွားေနမိသည္။
ေဆာ့ဂ်င္ အိုးျပဳလုပ္မည့္ေနရာတြင္ထိုင္လိုက္ၿပီး ႐ြံေစးအနည္းငယ္ယူကာ စတင္လိုက္သည္။ ပထဆုံးအႀကိမ္ျဖစ္တာေၾကာင့္ ေဆာ့ဂ်င္လုပ္ေနသည္မွာ အိုးပုံထြက္မလာပဲ ရွည္လေမ်ာအေခ်ာင္းလိုက္ႀကီးမ်ားသာျဖစ္ျဖစ္သြားသည္။ ေဆာ့ဂ်င္ ကိုယ္လုပ္ထားသည္ကိုၾကည့္၍ ကိုယ္ကိုယ္တိုင္ပင္ ရယ္မိေနသည္အထိ ၾကည့္ရဆိုးေနသည္။
႐ုတ္တရက္ေဆာ့ဂ်င္လက္ေတြထက္ ထိန္းကိုင္လာေသာလက္တစ္စုံႏွင့္ ေက်ာျပင္ထက္ခံစားလိုက္ရေသာအထိအေတြ႕ေၾကာင့္ ေဆာ့ဂ်င္ကိုယ္ေလး မတ္ကနဲျဖစ္သြားရသည္။ လက္ဖ်ံထက္က ေသြးေၾကာစိမ္းစိမ္းေတြနဲ႕ တက္တူးတစ္ခ်ိဳ႕ကိုျမင္ေတာ့ ေဂ်ာင္ကုမွန္းသိလိုက္တာေၾကာင့္ သက္ျပင္းေသးေသးေလးကို မသိမသာခ်လိဳက္မိသည္။ ဘာေၾကာင့္မွန္းမသိေပမဲ့ ေဆာ့ဂ်င္ ေဂ်ာင္ကုနဲ႕ အခုလိုနီးနီးကပ္ကပ္ေနရတာမ်ိဳးေတြကို စိမ္းသက္မေနဘဲ သက္ေတာင့္သက္သာျဖစ္ေနမိသည္။
"ကြၽန္ေတာ္ ကူညီေပးမယ္ Hyung~"
"အင္း"
ေဆာ့ဂ်င္ ေခါင္းအနည္းငယ္ေစာင္းၾကည့္မိေတာ့ ေဂ်ာင္ကုမ်က္ႏွာေခ်ာေခ်ာကို ေဆာ့ဂ်င္အနီးကပ္ျမင္ေတြ႕လိုက္ရသည္။ အနည္းငယ္ရွည္ေနေသာ ဆံပင္ကို တစ္ဝက္ခန့္ခြဲစည္းထားၿပီး ေရွ႕တြင္ဆံပင္ႏွစ္ေခ်ာင္းသုံးေခ်ာင္းေလာက္က ခ်ထားေသးသည္။ အိမ္ထဲေနလည္း ရွိုးစမိုးအျပည့္ထုတ္ကာ ပဲမ်ားတက္သည့္ ေကာင္ေလးပင္။
"ေငးလို႔ဝၿပီလား~"
"ဟင္"
"အိုး ၿပီးသြားၿပီ~"
"ဟင္"
"က်စ္!"
"ႁပြတ္စ္~"
ေဂ်ာင္ကုက ေဆာ့ဂ်င္ႏႈတ္ခမ္းေတြထက္ စကၠန့္ပိုင္းမွ်သာဖိကပ္နမ္းလိုက္ရာမွ ထြက္ေပၚလာေသာ အသံျဖစ္သည္။
"တဟင္ဟင္နဲ႕ အသဲယားစရာေလး~"
"........"
ေဆာ့ဂ်င္ စိတ္နဲ႕လူမကပ္နိုင္ေသးပဲ ေၾကာင္ေတာင္ေတာင္ျဖစ္ေနခ်ိန္မွာပင္ ေဆာ့ဂ်င္ႏႈတ္ခမ္းေတြထက္ ျပန္လည္သက္ဆင္းလာေသာ ႏႈတ္ခမ္းပါးတစ္စုံ။ ထပ္ကိုင္ထားေသာလက္ေတြကို လက္ေခ်ာင္းေတြၾကားတိုးဝင္ေစကာ အခ်င္းခ်င္းယွက္ႏြယ္ေစသည္။ ေဆာ့ဂ်င္ႏႈတ္ခမ္းေတြကို ညွင္သာစြာနမ္းရွိုက္ေနေသာ ေဂ်ာင္ကုအနမ္းမ်ားသည္ ႏူးညံ့လြန္းလွသည္။
"ဟင္း~~"
ေဆာ့ဂ်င္၏ အသက္လုရႉသံျပင္းျပင္းကိုၾကားမွသာ ခံတြင္းထဲေမႊႏွောက္ကာ နယ္ကြၽံေနေသာ အရာမွာ ဖယ္ခြာေတာ့သည္။ ေဂ်ာင္ကုက နဖူးခ်င္းေတ့ထားလ်က္ပင္ အနည္းငယ္ေျခာက္ခ်င္ေနၿပီျဖစ္ေသာ ႐ႊံ႕ေစးေပေနေသာလက္ျဖင့္ ေဆာ့ဂ်င္ပါးကို ခပ္ဖြဖြ ပြတ္သပ္လာသည္။
"ခ်စ္တယ္ Hyung~"
"......"
"Hyungကိုေတြ႕တိုင္း ဘာလို႔အၿမဲစိုက္ၾကည့္ေနတာလဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖပဲ~"
"ဘယ္တုန္းထဲကလဲ~"
"ကေလးအ႐ြယ္ စေတြ႕ထဲက Hyungကို သေဘာက်ခဲ့ေပမဲ့ အ႐ြယ္ေရာက္လာမွ Hyungအေပၚ မရိုးမသားခံစားခ်က္ေတြရွိေနမိတာကို ရိပ္မိလာတယ္။ လုံးဝေသခ်ာသြားတဲ့အခ်ိန္က Hyungတူဝကစ္ေလးကို ျမႇူေနတာကိုေတြ႕လိုက္ရတဲ့အခ်ိန္ပဲ။ အဲ့အခ်ိန္မွာ Hyungအၿပဳံးေတြက အရမ္းကိုေတာက္ပလြန္းေနတာ။"
"အြန္း ငါက ကေလးေတြ႕ရင္မေနနိုင္ဘူး။ သူတို႔ေလးေတြက အသဲယားစရာေလးေတြေလ"
"Hyungသိလား ကြၽန္ေတာ္အဲ့ကေလးေတြကို အရမ္းမနာလိုျဖစ္ခဲ့တာ~"
"ေၾသာ္...."
"ဒါဘယ္လဲ"
ေဆာ့ဂ်င္ မသိခ်င္ေယာင္ေဆာင္ကာ ေရွာင္ထြက္ဖို႔လုပ္ေတာ့ ေဂ်ာင္ကုကပါထရပ္လာသည္။
"အိုးလည္းလုပ္လို႔ၿပီးၿပီဆိုေတာ့ သြားေတာ့- အ"
"ကြၽန္ေတာ့္ကိုအေျဖမေပးပဲနဲ႕ ဒီလိုေရွာင္ထြက္လို႔ရေၾကးလား ဟမ္~"
ေဂ်ာင္ကုက လ်င္ျမန္စြာပင္ ေဆာ့ဂ်င္ရဲ႕ခါးေတြကို ႐ႊံေစးေပးေနေသာ လက္ေတြျဖင့္ ၾကက္ေျခခတ္သ႑ာန္ထားကာ တင္းက်ပ္စြာ ေပြ႕ဖက္လာသည္။ ခါးမွတင္းက်ပ္စြာဆြဲေပြ႕ထားမႈေၾကာင့္ ေဆာ့ဂ်င္ေျခဖ်ားပင္ေထာက္လိုက္ရသည္။ သူ႕လက္ေတြကေတာ့ ေဂ်ာင္ကုရင္အုံမွာ အျဖန့္သား။
"လႊတ္ေပး လႊတ္ေပးရင္ေျပာမယ္"
"ေသခ်ာလား~"
"ေသခ်ာတယ္ ေယာက်ာ္းကတိ"
မ်က္ခုံးတစ္ဖက္ျမႇင့္ကာ မယုံသကၤါေမးေနသူကို ေဆာ့ဂ်င္ ယုံၾကည္ခ်က္ရွိရွိျပန္ေျဖလိုက္သည္။
ခါးထက္က တင္းက်ပ္မႈ ေျပေလ်ာ့သြားသည္ႏွင့္ ေဆာ့ဂ်င္တံခါးရွိရာကို ေနာက္ျပန္လွမ္းကာ ေဂ်ာင္ကုမ်က္ႏွာကိုလည္းအၾကည့္မျပတ္ ေလွ်ာက္ေနလိုက္သည္။ေဆာ့ဂ်င္ေနာက္တစ္လွမ္းလွမ္းတိုင္း ေဂ်ာင္ကုကပါေရွ႕ကိုတိုး,တိုးလာသည္။
"မင္းတိုးမလာနဲ႕ ငါေျပာမယ္"
"ေကာင္းၿပီ"
"အဟမ္း ခ်စ္..ခ်စ္တယ္"
"အဟင္း~"
ဒီတစ္ႀကိမ္ေတာ့ ေလွာင္ရယ္,ရယ္သလိုမဟုတ္ေတာ့ပဲ ယုန္သြားေလးႏွစ္ေခ်ာင္းေပၚသည္အထိ ေဂ်ာင္ကုက ေက်ေက်နပ္နပ္ၿပဳံးေနတာျဖစ္သည္။ သို႔ေသာ္ ထိုအၿပဳံးသည္ ေဆာ့ဂ်င္ေျပာလိုက္ေသာ စကားတစ္ခြန္းေၾကာင့္ ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားေတာ့သည္။
"ညီေလးတစ္ေယာက္လို~"
ေဆာ့ဂ်င္ေျပာၿပီးသည္ႏွင္ ထိုအခန္းငယ္ထဲက အလ်င္အျမန္ေျပးထြက္လိုက္ေတာ့ ေနာက္ပါးကေန ေဂ်ာင္ကု၏ ႀကိမ္းဝါးသံခပ္ႀကိတ္ႀကိတ္ကိုၾကားလိုက္ရသည္။
"Hyung မိလို႔ကေတာ့ မလြယ္ဘူးမွတ္!"
"ခိခိ~"
သူတစ္ပါးကို စရတာ အလြန္ေပ်ာ္စရာေကာင္းမွန္ ေဆာ့ဂ်င္အခုမွ ေကာင္းေကာင္းသိေတာ့သည္။
ဒါမွမဟုတ္ ေဂ်ာင္ကုျဖစ္ေနလို႔မ်ားလား~~
ေသခ်ာေတာ့မသိေပမဲ့ ကြၽန္ေတာ္လည္း ေဂ်ာင္ကုလို မရိုးမသားခံစားခ်က္ေတြရွိေနမိၿပီထင္တယ္။ ကြၽန္ေတာ္တို႔က ညီအစ္ကိုေတြဆိုေပမဲ့ ေဂ်ာင္ကုက ဒီမိသားစုရဲ႕သားအရင္းမွမဟုတ္ပဲကို ကြၽန္ေတာ္တို႔ ႐ူးမိုက္ၾကည့္လို႔ရပါတယ္ဗ်~~~
~~~~~~~~~~~~~THE END~~~~~~~~~~~~~
14.10.22
May
Thanks my all readers💕
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~