𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧...

By AlienMi709

2.2K 175 78

ရုန်းထွက်ဖို့ခက်တဲ့ လှည့်စားမှုဝင်္ကပါထဲမှာ အချိန်အတော်ကြာ ပိတ်မိခဲ့တယ်။ TaeKook NamJin Author - AlienMi709... More

Intro
Part...2
Part...3
Part...4
Part...5
Part..6
Part...7
Part...8

Part...1

288 23 14
By AlienMi709

For Unicode

"အာ့...နာလိုက်တာ...တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ"

အနည်းငယ်လှုပ်ရှားရတာကိုပင် အတော်လေးလံပြီး နာကျင်နေရတာကြောင့် ဂျောင်ကုအိပ်နေရာမှ ဖြေးဖြေးချင်းထလိုက်သည်။ညသန်းခေါင်တစ်ရေးနိုးပြန်ပြီလားလို့တွေးမိလိုက်တော့ ဒေါသကထွက်လာရပြီ။

ရေဆာလာတာကြောင့် ကုတင်ဘေးကို လက်လှမ်းပြီး စမ်းနေသော်လည်း ထိမိလိုက်တာက မပျော့မတင်းခပ်အိအိအရာ။
ဂျောင်ကုရဲ့ ငိုက်မြည်းနေဆဲမျက်လုံးအစုံ ပြူးကျယ်သွားရသည်။

လရောင်သဲ့သဲ့အောက်မှာ မျက်လုံးကိုအားယူပြီး ကြိုးစားကြည့်မိလိုက်စဉ် မြင်တွေ့လိုက်ရသည့် အရာကြောင့် လည်ချောင်းခြစ်အာ အော်ဟစ်လိုက်မိ၏။

"အား..."

တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်နှင့်ကွယ်ပျောက်နေသည့် အလင်းရောင်။ထိုကြားထဲမှ ထွက်ပေါ်လာသည့် ဂျောင်ကုရဲ့စူးစူးရဲရဲအော်ဟစ်သံဟာ လေထုထဲသို့ တမုဟုတ်ချင်းပျံ့နှံ့သွားသည်။

ထိုအသံကြောင့် တအီအီညည်းငြူရင်း နိုးထလာသူများဟာလည်း အများအပြား။ဒီနေရာ ဒီကျောင်းဆောင်မှာ ဒီအချိန်ကြီး သူတို့ဘာကြောင့်ရှိနေရတာလဲ။

"အား...အမေရေ..."

"Oh my god...ဒါဘယ်နေရာလဲ"

"Shit...ငါတို​့ ကြမ်းပြင်ပေါ်မှအိပ်ပျော်နေတာလား"

ကျန်နေသေးသည့်ကောင်လေး(၅)ယောက်ပါ နိုးထလာချိန်တွင် သူတို့ရှိနေခဲ့သည့် ထိုနေရာသာ ကွက်ပြီး ကမ္ဘာပျက်နေခဲ့သည်။

ဂျီမင်မှာ ဘယ်လိုဖြစ်မှန်းပင်မသိလိုက်ရပါပဲ ဖုန်တလုံးလုံးဖြစ်နေသည့် ကြမ်းပြင်ပေါ်တွင် အိပ်စက်နေခဲ့မိတာကြောင့် ကြောက်စိတ်နဲ့အတူ မသတီမှုကိုပါ ခံစားနေရသည်။

ကြားလိုက်ရသည်က ဂျောင်ကုအသံဆိုတာကို သတိရမိလို့ သူငယ်ချင်းဖြစ်သူကို ရှာဖွေကြည့်မိတော့ အစွန်ဆုံးမှာ ကုန်းကုန်းလေးထိုင်ရင်း သူ့လက်တွေသူ ပူးကိုင်ထားလေတဲ့ ဂျောင်ကုကိုမြင်တွေ့လိုက်ရ၏။

ဂျောင်ကုခေါင်းထဲတွင်လည်း မေးခွန်းသင်္ကေများပလူပျံလို့။ထိုမေးခွန်းများထဲမှ တစ်ခုဟာ ခုနက သူကိုင်ခဲ့မိတာကဘာလဲ။

"အား...ကင်မ်ထယ်ယောင်းတင်ပါးကြီး"

မျက်နှာကိုလက်နဲ့ပွတ်ကာ ရှည်စပြုနေသည့် ဆံစတွေကို သပ်တင်ရင်းခေါင်းကိုတဗျင်းဗျင်းကုပ်နေသည့် ဂျောင်ကု။တကယ်ကို စိတ်ရှုပ်နေသည့်ပုံပင်။

သူ့နာမည်ကိုကြားလိုက်ရသည့်အတွက် ထယ်ယောင်းမှာတော့ ကြောင်တောင်တောင်။
အိပ်နေချိန်အနှောင့်အယှက်ပေးတာကြောင့် ဒေါသဖြစ်နေသည့်စိတ်တို့က 'ကင်မ်ထယ်ယောင်းတင်ပါးကြီး' ဆိုတဲ့ အသံကြောင့် လယ်ဗယ်မြင့်တက်လာရသည်။

"ငါ့တင်ပါးကမင်းဘာလုပ်နေလို့လဲ...ပါးစပ်ပိတ်ထားရင် ကောင်းမယ်...ဂျွန်ဂျောင်ကု...ညသန်းခေါင်ထိ ပြဿနာလာမရှာနဲ့"

ဂျောင်ကုမှာတော့ ထယ်ယောင်းအား မတုန့်ပြန်နိုင်။သူ့ဘာသူပင် ခေါင်းရှုပ်နေရှာသည်။

"နေဦး...အခုကဘယ်အချိန်ရှိပြီလဲ။ငါတို့မနက်က မိုးရွာလို့ မိုးခို..."

ပြောရင်းနှင့် စကားစပြတ်ကာ တိတ်ဆိတ်သွားသည့် နမ်ဂျွန်းကြောင့် အားလုံးရဲ့အကြည့်တွေဟာ သူ့ဆီစုပြုံကျလာရသည်။လရောင်အကူအညီနဲ့သာ တစ်ယောက်နဲ့တစ်ယောက် မြင်တွေ့နေရတာကြောင့် သွားဖွေးဖွေးနဲ့ မျက်လုံးတောက်တောက်တွေကိုသာ အဓိကထားကြည့်နေရသည်။မင်ယွန်းဂီကလွဲရင် အခြားလူတွေကို ကြည့်ရတာက မထင်မရှား။

ဟိုဆော့မှာတော့ အချင်းချင်းကို ကြည့်နေရရင်းပင် တဆတ်ဆတ်တုန်ချင်လာသည်။ပြီးတော့ ဒါဘယ်နေရာကြီးလဲ။

"ဘာဖြစ်လို့လဲ နမ်ဂျွန်း ဆက်ပြောလေ"

"ငါ ငါတို့ရောက်နေတာက မနက်က ကျောင်းဆောင်ကြီးထဲမှာတော့ မဟုတ်ဘူးမလား"

"ဘာ..."

တစ်ပြိုင်တည်းထွက်ပေါ်လာသည့် အသံငါးသံ။လက်မခံချင်ပေမယ့် သူတို့တွေ တကယ်ကို ကျောင်းဆောင်ကြီးထဲ ရောက်ရှိနေခဲ့ပြီ။

...

စိတ်ထဲမသိုးမသန့်ဖြစ်နေကြသော်လည်း တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြသေးသည့် အခြေအနေကြောင့် ကြောက်လန့်တကြား တွယ်ကပ်မနေဖြစ်ခဲ့ပါ။

ထယ်ယောင်းနှင့်ယွန်းဂီမှလွဲ၍ အားလုံးတွင် နာရီကိုယ်စီပါကြသော်လည်း အချိန်တွေမှာ မတူညီ။တိုက်တိုက်ဆိုင်ဆိုင်ပင် နာရီအားလုံးဟာ
အချိန်ကွဲပြားနေကြသည်။အလုပ်လုပ်နေဆဲနာရီတွေက ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာကိုတော့ သူတို့မသိ။

ကိုယ့်ဖုန်းကိုယ်ထုတ်ကာ ခြောက်ယောက်သားစီတန်းလျှက်ပင် ထွက်ပေါက်ကိုရှာဖွေနေကြသည်။မြို့လယ်ခေါင်က နာမည်ကြီးကျောင်းကြီးဖြစ်ပြီး အရာရာကောင်းမွန်သည့်နေရာတွင် ဒီအဆောင်ကြီးတစ်ခုတည်းသာ အပျက်အစီးပါသည်ထင်၏။ခက်တာက ဒီနေရာတွင် ဖုန်းလိုင်းလုံးဝမမိပါ။

"နေ...နေဦး ဟား အားကုန်ပြီ"

ထယ်ယောင်း၏ စိတ်ပျက်လက်ပျက်ရေရွတ်သံဟာ ကျယ်ကျယ်လောင်လောင်။

"အစ်ကို့ဘေးကပ်နေ ထယ်ယောင်း"

ထယ်ယောင်းလက်ကိုဆွဲကာ ဘေးနားခေါ်လိုက်သည့် နမ်ဂျွန်းကို ဂျောင်ကုခေါင်းစောင်းပြီးကြည့်လိုက်မိသည်။

နောက်ပြီး ကင်မ်ထယ်ယောင်းကို မကြိုက်တာအဲ့တာတွေ။သူ့ကိုပြောရင် မဖြေချင်သလိုဖြေချင်သလိုလိုနဲ့ ပေကပ်ကပ်လုပ်နေတာချည်း။ဒါကိုတောင် ဘယ်လိုလူတွေက ဘယ်လိုချစ်ပြနေမှန်းမသိ။အင်းပေါ့လေ ညီအစ်ကိုတွေဆိုတော့လည်း ဂရုစိုက်မှာပေါ့။

"ဒီမှာအပေါက်ရှိတယ် ဟိုဆော့..."

ရှေ့ဆုံးကသွားနေသည့် နှစ်ယောက်မှ အသားဖြူဖြူလူရဲ့ အသံကြောင့် ဂျီမင်အားတက်သွားရသည်။

"ဒါပေမယ့် သော့ကြီးနဲ့"

"ဟင်...ဘယ်သူကလာခတ်သွားရတာလဲ။ကျွန်တော်တို့ လာတုန်းကတောင် ကော်ရစ်တာနေရာတွေက ဟောင်းလောင်းကြီးမဟုတ်ဘူးလား"

ဂျီမင်အမေးကို ထယ်ယောင်းစိတ်ထဲတွင် ထောက်ခံရင်း အစ်ကိုနှစ်ယောက်ကိုကျော်ကာ တံခါးပေါက်ကို ကြည့်လိုက်မိသည်။
တကယ်ပင် သော့ကြီးနှင့်။သော့တောင် ရိုးရိုးသော့မဟုတ်ဘဲ သံချေးတက်နေသည့် သော့အဟောင်း ခပ်အကြီးကြီးနှင့် ပိတ်ထားသည့်ပုံ။သော့ဖျက်ထွက်ရင်တောင် တော်တော်နဲ့ရမှာမဟုတ်။

"ဒါဆို ငါတို့ ဒီမှာညအိပ်ရတော့မှာလား ယွန်းဂီ...ငါ ငါတော့ဒီမှာ မအိပ်ချင်ဘူးနော်"

ကလေးတွေလည်းရှိနေတာကြောင့် ဟုဆော့သိက္ခာထိန်းရင်း ယွန်းဂီနားနားကပ်ကာ မေးလိုက်သည်။သို့သော်ငြား လူခြေတိတ်ချိန်ဖြစ်ရုံသာမက လူပါမရှိတာကြောင့် ဆိတ်ငြိမ်သည့်နေရာမှာ ဟိုဆော့အသံဟာ အထင်းသား။

"ငါတို့ ဒီတစ်ညတော့ အိပ်ရတော့မှာပဲ  ဘယ်တတ်နိုင်ပါ့မလဲ...မနက်ကျ ကျောင်းသားတွေလာမှ အကူအညီတောင်းကြတာပေါ့..."

နမ်ဂျွန်းရဲ့ အဆုံးအဖြတ်ကို အားလုံးဟာ သဘောတူညီသလို ခေါင်းညိတ်ပြလာသည်။

"ဒါပေမယ့် ဒီနေရာမှ ခြုံတွေကအများကြီးပဲ အဆောင်ကလည်း အပျက်ကြီး မတော်လို့ မြွေတွေဘာတွေဝင်လာပြီး ငါတို့ကိုချီသွားရင်ရော"

ဟိုဆော့ရဲ့ ပေါက်ပေါက်ရှာရှာစကားကြောင့် စိတ်ညစ်နေရင်းကပင် အားလုံးရယ်မောမိကြသည်။

တကယ့်ကောင် ဘယ်လိုတွေတွေးနေပါလိမ့်။

"အဲ့ဒါဆိုလည်း မင်းအပြင်ထွက်ရတာပေါ့ကွာ...မကောင်းဘူးလား"

ယွန်းဂီရဲ့ စနောက်သံကိုကြားသော်လည်း ဟိုဆော့မှာ မပြုံးနိုင်ပါ။သူအတည်ပြောနေတာ။

"ငါစိတ်ပူတယ်ကွ။မတော်လို့..."

"ဆက်မပြောပါနဲ့တော့ ဟိုဆော့ရယ်...ငါတို့တောင်အပြင်ထွက်လို့မလွယ်တာ ဘယ်မြွေက ငါတို့ကိုမြိုပြီး အပြင်ထွက်နိုင်မှာလဲ...ပြီးတော့ အဲ့လောက်ကြီးတဲ့မြွေလည်းရောက်မလာလောက်ပါဘူး"

"ကဲ ဒါဆိုလည်း ကျွန်တော်တို့ အိပ်ဖို့နေရာရှာရအောင် မစောတော့ဘူး..."

ဂျီမင်းရဲ့ဆော်ဩသံအဆုံး အားလုံးဟာ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။

ဟိုဆော့ပြောသလောက်မဆိုးနိုင်ပေမယ့် သူပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာကြောင့် အပေါ်ထပ်မှာသာ သူတို့ ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြ၏။

အပေါ်ထပ်ကိုတက်တဲ့ လှေကားကိုရှာရင်းနဲ့ပင် အတော်လည်နေခဲ့တာ။ပုံမှန်ကျောင်းဆောင်တွေရဲ့ ဖွဲ့စည်းပုံမျိုးသာဖြစ်ပေမယ့် ဘယ်လိုတွေကြောင့် ရှာရခက်နေလဲဆိုတာ သူတို့လည်းမတွေးတတ်ပါ။

လှေကားကိုတွေ့ချိန် နှစ်ယောက်တစ်တွဲစီအပေါ်တက်ရင်း ဘေးပတ်ဝန်းကျင်ကိုပါ စူးစမ်းနေမိသည်။

အရင်ဆုံးတက်နေသူတွေမှာ ဟိုဆော့နဲ့ယွန်းဂီ။ဟိုဆော့က ကြောက်သည်ဆိုသော်လည်း ယွန်းဂီဘေးကနေ ဖုန်းမီးလေးနဲ့ဟိုထိုးဒီထိုးထိုးကြည့်ရင်း ခပ်ကုပ်ကုပ်လိုက်ကာ ရှေ့ဆုံးကသွားရှာသည်။

အလယ်မှာတော့ ဂျီမင်နဲ့ဂျောင်ကုလိုက်ပြီး နောက်ဆုံးတွင် နမ်ဂျွန်းနဲ့ထယ်ယောင်းရှိသည်။ပါးစပ်ကထုတ်မပြောသော်လည်း ထယ်ယောင်းအနည်းငယ်ကြောက်ရွံ့မိသည်။

တစ်ယောက်တည်း စာလုပ်ရင်းနဲ့ကို မအားလပ်တာကြောင့် မကြည့်ဖြစ်လိုက်တဲ့ Horror movieတွေအတွက် စာကိုတောင်ကျေးဇူးတင်မိသလိုလို။ဒီကြားထဲ ဖုန်းပါအားကုန်နေတော့ခက်တော့တာပေါ့။မနေ့ညက စာလုပ်ပြီး ဖုန်းအားသွင်းဖို့ မေ့နေခဲ့တာလေ။

ဒုတိယထပ်သို့ရောက်ချိန် လှေကားဘေးကပ်ရပ်မှ အခန်းအားရွေးချယ်လိုက်သည်။ကော်ရစ်တာတစ်လျှောက် မီးထိုးကြည့်မိမှ မှားပြီလို့တောင်ခံစားလိုက်ရ၏။

ပြိုကျနေသည့် ဘိလပ်မြေအချို့၊အချို့နေရာတွင် အုတ်များမှာအက်ကွဲနေသေးသည်။မိုးဒဏ်၊လေဒဏ်၊ဖုန်ဒဏ်ကြောင့်ရယ်လားတော့မသိ ညစ်ပေပေဖြစ်နေသည့် နံရံများဟာ ရွံစရာကောင်းစွာ။

တိတ်ဆိတ်နေတယ်ဆိုတာကို သတိထားမိလိုက်ချိန် သူတို့အားလုံးရဲ့ ကျောတွေ မလုံမလဲဖြစ်လာသည်။

ဂျက်ထိုးထားသည့် တံခါးကို ဂျောင်ကုနဲ့ ယွန်းဂီက အတူတူဖွင့်နေသည်။သံချေးတက်ပြီး အနည်းငယ်ကျပ်နေတာကြောင့် အားစိုက်ထည့်နေရ၏။

ကျွီ...

ပွင့်သွားသည့် ထိုတံခါးမှ ထွက်ပေါ်လာသည့် အသံဟာ ကျောချမ်းစရာ။ဒီလောက်ဆူညံနေဖို့လိုလို့လား။

သွက်သွက်လက်လက်ဂျီမင်က ယွန်းဂီနဲ့ကပ်ပြီး အခန်းထဲသို့ ဇိုးဇိုးဇတ်ဇတ်ဝင်သွားနှင့်ပြီ။
ဂျောင်ကု အပေါက်ဝကနေ အထဲသို့ ခြေချလိုက်စဉ် ဖွင့်ထားသည့် တံခါးကို ခပ်ဖြေးဖြေးသာ ကိုင်လိုက်မိသော်လည်း အချပ်လိုက်ကြီး ပြိုကျလာတဲ့ ထိုတံခါးပေါက်။

အနောက်က ထယ်ယောင်းအပေါ်ကို ကျမည့်ပုံဖြစ်နေတာကြောင့် ဂျောင်ကုလှမ်းဆွဲလိုက်သော်လည်း မမီတော့။ထယ်ယောင်းပုခုံးနဲ့ခေါင်းကို ထိခိုက်သွားလေပြီ။

ဝုန်း...

"အား..."

မလှမ်းမကမ်းထွက်ပေါ်လာသည့် အသံနှစ်ခု။ထိုအနက်မှ တစ်ခုဟာ ပြုတ်ထွက်သွားသည့် တံခါးချပ်မှအသံဖြစ်ပြီး ကျန်တစ်ခုဟာတော့ လန့်ဖြန့်သွားကြသည့် ကျောင်းသားလေးများထံမှဖြစ်သည်။

ပုခုံးအောင့်သွားသည့်အပြင် ခေါင်းနဲ့ပါရိုက်မိတာကြောင့် ထယ်ယောင်းခေါင်းတွေပူထူပြီး မူးဝေလာရသည်။

"ဂျွန်ဂျောင်ကု...မင်း ထပ်လုပ်ပြန်ပြီ"

နမ်ဂျွန်းကိုမှီထားရင်း ထယ်ယောင်းက ခေါင်းကိုဖိကာ ဂျောင်ကုကိုရန်ထောင်၏။

"ဟိုကောင်​ေလး အဆင်ပြေရဲ့လား...ဘယ်လိုဖြစ်တာလဲ"

ဟိုဆော့အသံက ထိတ်လန့်မှုကြောင့် ခပ်တုန်တုန်။အလန့်မပြေသေးသည့်ပုံပင်။

"တံခါးနဲ့ရိုက်မိတာဟိုဆော့...အထဲမှာ ခုံတွေရှိတယ်မလား ခုံတွေဖယ်ရင်ဖယ်၊မဖယ်ရင် အားလုံးကို အတူတူစီလိုက်...အဲ့ပေါ်မှာ ငါတို့အိပ်ကြမယ်နော်"

နမ်ဂျွန်းက ပါးစပ်ကပြောရင်း ထယ်ယောင်းကို ဆရာစားပွဲကထိုင်ခုံတွင် နေရာချပေးသည်။
ထို့နောက် သူကိုယ်တိုင်လည်း အခြားလူတွေနဲ့အတူ ခုံစီနေ၏။

ဂျောင်ကုမှာ သူမရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့အရာလေးကို အပြစ်တင်နေသည့် ထယ်ယောင်းအား ပိုပြီးပင်အမြင်မကြည်ဖြစ်လာရသည်။သူ့အစ်ကိုရဲ့ အဖြစ်သည်းနေပုံမှာလည်း မြင်လို့မကောင်း။
​ေယာက်ျားပဲ ဒီလောက်နဲ့တော့ မသေပါဘူး။

ခုံကိုရွေ့တာ ရိုးရိုးမရွေ့ဘဲ တအုန်းအုန်းပစ်ချနေသည့် ဂျောင်ကုကြောင့် ဘေးလူတွေက မေတ္တာပို့နေကြပြီ။ဒီအချိန်ကြီးထပြီးရန်မဖြစ်ချင်လို့သာ ငြိမ်နေကြတာ။ကျေနပ်တာတော့မဟုတ်။ဂျီမင်ကလွဲရင် အကုန်လုံးက မျက်စောင်းထိုးနေကြပြီ။

ထယ်ယောင်းမှာတော့ နာကျင်နေသည့် ပုခုံးကိုလက်တစ်ဖက်နဲ့ကိုင်ရင်း စားပွဲပေါ်တွင် လွယ်အိတ်ခံကာ မှောက်အိပ်နေမိသည်။ပခုံးမှာ ခုနလောက်မနာတော့ပေမယ့် ခေါင်းကတော့ မူးချင်ချင်။

ဒေါက်...

ဒေါက်...

ဒေါက်...

လူကိုလာမှန်သည့် ခဲလုံးလိုလို ဂေါ်လီလိုလို  ခပ်သေးသေးအရာတွေ။တစ်ခါနှစ်ခါမကတော့တာကြောင့် စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းထောင်ကြည့်မိလိုက်တော့ အလုပ်ရှုပ်နေသည့် လူတွေကိုသာ မြင်လိုက်ရသည်။

ထို့ကြောင့် တရားခံကိုစောင့်ဖမ်းဖို့ ခေါင်းပြန်ငုံ့ပြီး အိပ်ချင်ယောင်ဆောင်လိုက်၏။

"ဂျွန်ဂျောင်ကုမှမဟုတ်ဘူးဆိုရင်...ငါ(၃)ရက်လောက် ထမင်းမစားဘဲ အငတ်ခံပေးဦးမယ်"

ခေါင်းငုံ့ရင်း တီးတိုးရေရွတ်လိုက်မိ၏။

ဒေါက်...ဒေါက်

နှစ်ချက်ဆက်တိုက် ခဲသေးလေးတွေနဲ့ ထပ်ပြီးအပြစ်ခံရတာကြောင့် ခုံကိုလက်နဲ့မပြင်းမပျော့ရိုက်ကာ ဒေါနဲ့မာန်နဲ့အော်ချလိုက်သည်။

"ဂျွန်ဂျောင်ကု...မင်း"

ဂျီမင်နဲ့အတူ ခုံရှည်ကိုမပြီး နေရာဖယ်နေတဲ့ ဂျောင်ကုက သူ့ကိုမျက်လုံးပင့်ကာ ကြည့်သည်။ဖုန်းမီးရောင်နဲ့ လရောင်မှိန်မှိန်အောက်မှာ မြင်နေရတဲ့ မြင်ကွင်းတစ်ခု။

ထိုမြင်ကွင်းအတွင်း ခုံရှည် မ-နေသူက နှစ်ယောက်၊ခုံတွေကိုနေရာချနေသူက နှစ်ယောက်၊အပေါ်ထပ်ကိုချွတ်ပြီး အိပ်မည့်ခုံတွေပေါ်ဖုန်သုတ်နေသူက တစ်ယောက်၊အားလုံးပေါင်းငါးယောက်။
နောက်ပြီး သူကလည်းဒီနေရာမှာလေ။

ရှိတာမှခြောက်ယောက်ကို သူတို့မဟုတ်ရင် ဘယ်သူကဒီလိုလုပ်နေတာလဲ။

ဂလု...

ထယ်ယောင်း မတ်တပ်ရပ်​ေနသည့် အနေအထားနဲ့ပင် တိတ်တိတ်ကလေးတံတွေးမြိုချလိုက်မိသည်။

"ဟီးဟီး...ဟီးဟီး"

ဒေါက်...

"အား...ဂျွန်ဂျောင်ကု ကယ်ပါ"

ရုတ်ရုတ်သဲသဲဖြစ်သွားကြသည့် လူငယ်လေးများဟာ မျက်စိစုံမှိတ်ပြီး ကြောက်လန့်တကြားဖြစ်နေသူထံ အပြေးအလွှားရောက်လာကြသည်။

"ကင်မ်ထယ်ယောင်း...ဟေ့ကောင် ဘာဖြစ်တာလဲ"

"ထယ်ယောင်း...ဘာဖြစ်တာလဲ ခေါင်းမော့ဦးလေ ထယ်ယောင်း"

ဂျောင်ကုကတစ်ဖက် ဂျီမင်ကတစ်ဖက်နဲ့ ကြားထဲရောက်နေသည့် ထယ်ယောင်းမှာ
ရင်တွေတဒိတ်ဒိတ်တုန်နေရှာသည်။

သူကြားလိုက်ရတယ်။သူ့နားနားကိုကပ်ပြီး ရယ်နေသလို တဟီးဟီးအသံကို သူကြားကိုကြားလိုက်တယ်။သူ့ကို တစ်ခုခုနဲ့ပစ်ပေါက်နေတာကိုလည်း သူခံစားမိတာသေချာတယ်။သူတို့အပြင် တစ်ယောက်ယောက်ရှိနေတာများ...အား မဟုတ်ဘူး။

"ကင်မ်ထယ်ယောင်း...ရူးသွားတာလား ငါ့နာမည်ကိုအော်ပြီး ဘာတွေဖြစ်နေတာလဲ"

ဂျောင်ကုက ထယ်ယောင်းကို ပုခုံးကမပြီး ပါးနှစ်ဖက်ကို လက်ညှိုးနဲ့လက်မကြား ညှပ်ကိုင်ကာ အော်ချသည်။
ထိုအခါမှ ခေါင်းမော့လာသည့် ထယ်ယောင်းဟာ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် ဝေ့ဝဲကြည့်နေ၏။

"ဟင့်...ဟင့်အင်း ဘာမှမဟုတ်ဘူး"

ထယ်ယောင်း ပြောလို့မဖြစ်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာ မဖြစ်မနေညအိပ်ရဦးမယ့်အခြေအနေမှာ တခြားလူတွေကိုပါ ကြောက်လန့်စေဖို့ မသင့်ဘူးထင်သည်။

"ဘာဖြစ်တာလဲ ပြောပြလေ ထယ်ယောင်း...ဟုိ သ သရဲ"

"အာ...မဟုတ်ပါဘူး အစ်ကိုဟိုဆော့ရယ်။ကျွန်တော် ရုတ်တရက်ငိုက်ပြီး အိပ်မက်ယောင်မိတာပါ"

ထိုမှ သက်ပြင်းရဲရဲချကာ ပုံမှန်ပြန်ဖြစ်သွားသည့် ပတ်ဝန်းကျင်။မဝံ့မရဲဖြစ်နေသည်မှာ ထယ်ယောင်းသာရှိလိမ့်မည်။

"ကဲကဲ...အဲ့တာဆိုလည်း အစ်ကိုတို့ အခုအိပ်ကြရအောင် အားလုံးလည်းတတ်နိုင်သလောက်သန့်ရှင်းပြီးပြီ...နားချင်နားကြတော့ပေါ့...အစ်ကိုတော့ အတော်ပင်ပန်းနေပြီ"

နမ်ဂျွန်းက ထိုင်ခုံတန်းကြီးပေါ်တွင် ပထမဆုံးနေရာယူကာ လှဲချလေသည်။ပြီးနောက် ယွန်းဂီ၊ယွန်းဂီဘေးတွင်တော့ ဂျီမင်နဲ့ ဟိုဆော့။

အသီးသီးနေရာယူပြီးချိန် ဂျောင်ကုကလည်း ထိုနေရာကိုသွားနေတာကြောင်​့ ထယ်ယောင်းမှာ ဂျောင်ကုကို ဂုတ်ကဆွဲပြီး အနောက်ပို့လိုက်မိသည်။
ထို့နောက် ဂျောင်ကုအိပ်မည့်နေရာကို ယူလိုက်၏။သူအစွန်ဆုံးမှာ မအိပ်ရဲပါ။
ဂျောင်ကုကတော့ နှာမှုတ်သံတပေးပေးနဲ့ မကျေမနပ်ဖြစ်နေလေပြီ။

ကျယ်နေပြီဖြစ်တဲ့ မျက်လုံးတွေကြောင့် အိပ်မပျော်သေးသည့် ဂျီမင်က နှဖူးပေါ်လက်တင်ကာ သက်ပြင်းသဲ့သဲ့ချသည်။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်နဲ့ ခေါင်းလေးကြွလာကာ ...

"အစ်ကိုတို့ စီနီယာဆိုတာက တကယ်ကြီး ဒီမှာပျောက်သွားတာလား"

ဂျီမင်အမေးကို ထယ်ယောင်းရော ဂျောင်ကုပါ စိတ်ဝင်တစား နားစွန့်နေကြသည်။

"မသေချာပါဘူး...ဒီလိုပဲ ထင်လို့လာရှာတာ"

ယွန်းဂီရဲ့ စကားက ခပ်ပြတ်ပြတ်ဖြစ်နေပေမယ့် တစ်မျိုးတစ်မည်ခံစားရစေသည်။

"ဘာလို့ ဒီမှာရှိတယ်ထင်တာလဲပါ ပြောပြလေဗျာ"

"ဒီကိုသွားမယ်ပြောခဲ့လို့ပေါ့"

ဖြေကြားသံက စိတ်မရှည်တော့သယောင် တိုတိုတုတ်တုတ်ဖြစ်လာသည်။

"ဒီကို သူကဘာလို့လာမှာလဲ အစ်ကိုယွန်းဂီ"

"ကျစ်...ဒီကောင်လေးတွေကတော့ မအိပ်ကြသေးဘူးလား...မအိပ်တော့ဘူးလား"

တစ်ခါလေးဝင်မေးလိုက်မိတာကို အပြောခံလိုက်တာ ထယ်ယောင်းမှာ အင့်ခနဲ။
သူလည်းဘာမှပြောနေတာမဟုတ်ဘဲနဲ့။

ဂျောင်ကုကတော့ အဆူခံလိုက်ရတဲ့ ထယ်ယောင်းကိုကြည့်ပြီး ကြိတ်ပျော်နေသည်။

"စီနီယာ ကောင်းကောင်းတော့ရှိနေမှာပါနော်...ဒါမှမဟုတ် ငါတို့လို ဒီမှာများရှိနေလောက်မလား"

အိပ်နေရာမှထကာ တစ်စခန်းထနေသည့် ဟိုဆော့က စပ်စုနေတဲ့ဟိုကလေးအဖွဲ့ရဲ့ ခေါင်းဆောင်ကြီးလို။

ဟိုဆော့စကားကြောင့် နမ်ဂျွန်းမှာလည်း အတွေးများသွားရသည်။ယွန်းဂီကတော့ နားပိတ်ပြီး အိပ်နှင့်နေပြီ။

"ခင်ဗျားတို့ စီနီယာက ဘယ်လိုပုံစံမျိုးလဲ...အချိန်ရရင် ကျွန်တော်တို့လဲ လိုက်ရှာပေးမယ်လေ"

"စီနီယာက အရပ်ရှည်ရှည် နှုတ်ခမ်းဖူးဖူး...အသားလည်းဖြူသေးတယ်ကွ"

ဂျောင်ကုအမေးကို စိတ်လိုလိုက်ရဖြေနေသည့် ဟိုဆော့။မျက်လုံးကို ပင့်ပင့်ပြီး သေချာစဉ်းစားကာ ပြောပြပေးနေသည်။

"အိပ်ပါတော့ကွာ...မနက်ဖြန်မှပြောပြလည်းရတာကို..."

နမ်ဂျွန်းမှ စကားဟန့်လိုက်တာကြောင့် ဟိုဆော့လည်း ခုံပေါ်ချက်ချင်းလှဲချကာ အခြားလူတွေနည်းတူ ကျဉ်းကျဉ်းကျပ်ကျပ်အိပ်နေသည်။

ပင်ပန်းနေသည့် ခန္ဓာကြောင့် ဘယ်သူမှ ကြာကြာတောင့်မခံနိုင်ပါ။မကြာမီမှာပင် အိပ်စက်ခြင်းဆီသို့ အလည်တစ်ခေါက်ရောက်ဖြစ်ခဲ့သည်။

ဒေါက်...ဒေါက်...ဒေါက်

ဒေါက်...ဒေါက်...ဒေါက်

တစ်ယောက်ချင်းစီကိုယ်ပေါ် အလှည့်ကျရောက်လာသည့် သေးသေးမွှားမွှား ကျောက်စရစ်ခဲလေးများ။
ဒါတွေ ဘယ်လိုရောက်လာတယ်ဆိုတာကို
ဘယ်သူမှ မတွေးမိကြပါ။တွေးမိဖို့အတွက်လည်း ဘယ်သူမှ အသိစိတ်တို့ နိုးကြားမနေခဲ့ဘူးမဟုတ်ပါလား။

"ဟီးဟီး ဟီးဟီး...ငါ့နေရာကို လာထိုင်ချင်ဦး...ဟီးဟီး ဟီးဟီး"

သူတို့အားလုံးရဲ့ ခေါင်းရင်းထိပ်မှာ ဆောင့်ကြောင့်ထိုင်ကာ သူတို့အား ကုန်းကြည့်နေခဲ့သည် အမျိုးသမီးတစ်ယောက်။ရယ်ရင်းပြုံးနေခဲ့တာကြောင့်လားမသိ နှုတ်ခမ်းတို့ဟာ တစ်ထွာနီးပါး
တွန့်ကွေးနေခဲ့သည်။မညီမညာဖြစ်နေသည့် နှုတ်ခမ်းသားတွေဟာ ပဲ့ကျထားသကဲ့သို့။

မျက်နှာထက်တွင် ပါးစပ်က အတော်အတန်နေရာယူထားပြီး ထိုပါးစပ်ထဲမှ စီးကျနေသည့် သားရေစက်များဟာ စီတန်းထားသည့် ခုံများပေါ်သို့ တစက်စက်ကျလျှက်။

​ပွင့်တယ်ဆိုရုံ မျက်လုံးအိမ်မှ မျက်လုံးများသည် အိပ်စက်နေသူများအား ရွန်းရွန်းလဲ့လဲ့ စူးစိုက်ကြည့်နေခဲ့သည်။

"ဟီးဟီး...လဲမယ် လဲမယ်...နေရာလဲမယ် ဟီးဟီး ဟီးဟီး"

____Trapped in a maze_____

16.10.2022

AlienMi709
HlaingMeMeAung

ဘာတွေရေးမိလိုက်တာလဲ။😷
ကြောက်စရာကကောင်းသလိုလို မကောင်းသလိုလို။

ကိုယ်ကကြောက်တတ်တဲ့လူဆိုပေမယ့် ကိုယ့်ရေးထားတာကိုပြန်ဖတ်ရ
င်တော့ မကြောက်ဘူး။ရေးတုန်းတော့ မျက်လုံးထဲပုံဖော်ပြီး လန့်နေတယ် ဒုက္ခ။

ကိုယ့်ထောင်ခြောက်ထဲ ဘယ်သူမှမမိဘူး ကိုယ်ပဲမိမှာ။

အိပ်ရင်ခေါင်းရင်းကို သတိထားပါ။

ဟီးဟီး ဟီးဟီး🧟‍♀️

ကြောက်စရာမကောင်းရင်စောစော upပေးမယ်(အခုလို)။ကြောက်စရာကောင်းရင် နောက်ကျမှupပေးမယ်နော်။

_____________________________

For zawgyi

"အာ့...နာလိုက္တာ...တစ္ကိုယ္လုံးကိုက္ခဲေနတာပဲ"

အနည္းငယ္လႈပ္ရွားရတာကိုပင္ အေတာ္ေလးလံၿပီး နာက်င္ေနရတာေၾကာင့္ ေဂ်ာင္ကုအိပ္ေနရာမွ ေျဖးေျဖးခ်င္းထလိုက္သည္။ညသန္းေခါင္တစ္ေရးနိုးျပန္ၿပီလားလို႔ေတြးမိလိုက္ေတာ့ ေဒါသကထြက္လာရၿပီ။

ေရဆာလာတာေၾကာင့္ ကုတင္ေဘးကို လက္လွမ္းၿပီး စမ္းေနေသာ္လည္း ထိမိလိုက္တာက မေပ်ာ့မတင္းခပ္အိအိအရာ။
ေဂ်ာင္ကုရဲ႕ ငိုက္ျမည္းေနဆဲမ်က္လုံးအစုံ ျပဴးက်ယ္သြားရသည္။

လေရာင္သဲ့သဲ့ေအာက္မွာ မ်က္လုံးကိုအားယူၿပီး ႀကိဳးစားၾကည့္မိလိုက္စဥ္ ျမင္ေတြ႕လိုက္ရသည့္ အရာေၾကာင့္ လည္ေခ်ာင္းျခစ္အာ ေအာ္ဟစ္လိုက္မိ၏။

"အား..."

တိတ္ဆိတ္ေနသည့္ ပတ္ဝန္းက်င္ႏွင့္ကြယ္ေပ်ာက္ေနသည့္ အလင္းေရာင္။ထိုၾကားထဲမွ ထြက္ေပၚလာသည့္ ေဂ်ာင္ကုရဲ႕စူးစူးရဲရဲေအာ္ဟစ္သံဟာ ေလထုထဲသို႔ တမုဟုတ္ခ်င္းပ်ံ့ႏွံ႕သြားသည္။

ထိုအသံေၾကာင့္ တအီအီညည္းျငဴရင္း နိုးထလာသူမ်ားဟာလည္း အမ်ားအျပား။ဒီေနရာ ဒီေက်ာင္းေဆာင္မွာ ဒီအခ်ိန္ႀကီး သူတို႔ဘာေၾကာင့္ရွိေနရတာလဲ။

"အား...အေမေရ..."

"Oh my god...ဒါဘယ္ေနရာလဲ"

"Shit...ငါတို​့ ၾကမ္းျပင္ေပၚမွအိပ္ေပ်ာ္ေနတာလား"

က်န္ေနေသးသည့္ေကာင္ေလး(၅)ေယာက္ပါ နိုးထလာခ်ိန္တြင္ သူတို႔ရွိေနခဲ့သည့္ ထိုေနရာသာ ကြက္ၿပီး ကမာၻပ်က္ေနခဲ့သည္။

ဂ်ီမင္မွာ ဘယ္လိုျဖစ္မွန္းပင္မသိလိုက္ရပါပဲ ဖုန္တလုံးလုံးျဖစ္ေနသည့္ ၾကမ္းျပင္ေပၚတြင္ အိပ္စက္ေနခဲ့မိတာေၾကာင့္ ေၾကာက္စိတ္နဲ႕အတူ မသတီမႈကိုပါ ခံစားေနရသည္။

ၾကားလိုက္ရသည္က ေဂ်ာင္ကုအသံဆိုတာကို သတိရမိလို႔ သူငယ္ခ်င္းျဖစ္သူကို ရွာေဖြၾကည့္မိေတာ့ အစြန္ဆုံးမွာ ကုန္းကုန္းေလးထိုင္ရင္း သူ႕လက္ေတြသူ ပူးကိုင္ထားေလတဲ့ ေဂ်ာင္ကုကိုျမင္ေတြ႕လိုက္ရ၏။

ေဂ်ာင္ကုေခါင္းထဲတြင္လည္း ေမးခြန္းသေကၤမ်ားပလူပ်ံလို႔။ထိုေမးခြန္းမ်ားထဲမွ တစ္ခုဟာ ခုနက သူကိုင္ခဲ့မိတာကဘာလဲ။

"အား...ကင္မ္ထယ္ေယာင္းတင္ပါးႀကီး"

မ်က္ႏွာကိုလက္နဲ႕ပြတ္ကာ ရွည္စျပဳေနသည့္ ဆံစေတြကို သပ္တင္ရင္းေခါင္းကိုတဗ်င္းဗ်င္းကုပ္ေနသည့္ ေဂ်ာင္ကု။တကယ္ကို စိတ္ရႈပ္ေနသည့္ပုံပင္။

သူ႕နာမည္ကိုၾကားလိုက္ရသည့္အတြက္ ထယ္ေယာင္းမွာေတာ့ ေၾကာင္ေတာင္ေတာင္။
အိပ္ေနခ်ိန္အေႏွာင့္အယွက္ေပးတာေၾကာင့္ ေဒါသျဖစ္ေနသည့္စိတ္တို႔က 'ကင္မ္ထယ္ေယာင္းတင္ပါးႀကီး' ဆိုတဲ့ အသံေၾကာင့္ လယ္ဗယ္ျမင့္တက္လာရသည္။

"ငါ့တင္ပါးကမင္းဘာလုပ္ေနလို႔လဲ...ပါးစပ္ပိတ္ထားရင္ ေကာင္းမယ္...ဂြၽန္ေဂ်ာင္ကု...ညသန္းေခါင္ထိ ျပႆနာလာမရွာနဲ႕"

ေဂ်ာင္ကုမွာေတာ့ ထယ္ေယာင္းအား မတုန႔္ျပန္နိုင္။သူ႕ဘာသူပင္ ေခါင္းရႈပ္ေနရွာသည္။

"ေနဦး...အခုကဘယ္အခ်ိန္ရွိၿပီလဲ။ငါတို႔မနက္က မိုး႐ြာလို႔ မိုးခို..."

ေျပာရင္းႏွင့္ စကားစျပတ္ကာ တိတ္ဆိတ္သြားသည့္ နမ္ဂြၽန္းေၾကာင့္ အားလုံးရဲ႕အၾကည့္ေတြဟာ သူ႕ဆီစုၿပဳံက်လာရသည္။လေရာင္အကူအညီနဲ႕သာ တစ္ေယာက္နဲ႕တစ္ေယာက္ ျမင္ေတြ႕ေနရတာေၾကာင့္ သြားေဖြးေဖြးနဲ႕ မ်က္လုံးေတာက္ေတာက္ေတြကိုသာ အဓိကထားၾကည့္ေနရသည္။မင္ယြန္းဂီကလြဲရင္ အျခားလူေတြကို ၾကည့္ရတာက မထင္မရွား။

ဟိုေဆာ့မွာေတာ့ အခ်င္းခ်င္းကို ၾကည့္ေနရရင္းပင္ တဆတ္ဆတ္တုန္ခ်င္လာသည္။ၿပီးေတာ့ ဒါဘယ္ေနရာႀကီးလဲ။

"ဘာျဖစ္လို႔လဲ နမ္ဂြၽန္း ဆက္ေျပာေလ"

"ငါ ငါတို႔ေရာက္ေနတာက မနက္က ေက်ာင္းေဆာင္ႀကီးထဲမွာေတာ့ မဟုတ္ဘူးမလား"

"ဘာ..."

တစ္ၿပိဳင္တည္းထြက္ေပၚလာသည့္ အသံငါးသံ။လက္မခံခ်င္ေပမယ့္ သူတို႔ေတြ တကယ္ကို ေက်ာင္းေဆာင္ႀကီးထဲ ေရာက္ရွိေနခဲ့ၿပီ။

...

စိတ္ထဲမသိုးမသန႔္ျဖစ္ေနၾကေသာ္လည္း တစ္ေယာက္နဲ႕တစ္ေယာက္ မရင္းႏွီးၾကေသးသည့္ အေျခအေနေၾကာင့္ ေၾကာက္လန႔္တၾကား တြယ္ကပ္မေနျဖစ္ခဲ့ပါ။

ထယ္ေယာင္းႏွင့္ယြန္းဂီမွလြဲ၍ အားလုံးတြင္ နာရီကိုယ္စီပါၾကေသာ္လည္း အခ်ိန္ေတြမွာ မတူညီ။တိုက္တိုက္ဆိုင္ဆိုင္ပင္ နာရီအားလုံးဟာ
အခ်ိန္ကြဲျပားေနၾကသည္။အလုပ္လုပ္ေနဆဲနာရီေတြက ဘာေၾကာင့္ဒီလိုျဖစ္ေနရတာလဲဆိုတာကိုေတာ့ သူတို႔မသိ။

ကိုယ့္ဖုန္းကိုယ္ထုတ္ကာ ေျခာက္ေယာက္သားစီတန္းလွ်က္ပင္ ထြက္ေပါက္ကိုရွာေဖြေနၾကသည္။ၿမိဳ႕လယ္ေခါင္က နာမည္ႀကီးေက်ာင္းႀကီးျဖစ္ၿပီး အရာရာေကာင္းမြန္သည့္ေနရာတြင္ ဒီအေဆာင္ႀကီးတစ္ခုတည္းသာ အပ်က္အစီးပါသည္ထင္၏။ခက္တာက ဒီေနရာတြင္ ဖုန္းလိုင္းလုံးဝမမိပါ။

"ေန...ေနဦး ဟား အားကုန္ၿပီ"

ထယ္ေယာင္း၏ စိတ္ပ်က္လက္ပ်က္ေရ႐ြတ္သံဟာ က်ယ္က်ယ္ေလာင္ေလာင္။

"အစ္ကို႔ေဘးကပ္ေန ထယ္ေယာင္း"

ထယ္ေယာင္းလက္ကိုဆြဲကာ ေဘးနားေခၚလိုက္သည့္ နမ္ဂြၽန္းကို ေဂ်ာင္ကုေခါင္းေစာင္းၿပီးၾကည့္လိုက္မိသည္။

ေနာက္ၿပီး ကင္မ္ထယ္ေယာင္းကို မႀကိဳက္တာအဲ့တာေတြ။သူ႕ကိုေျပာရင္ မေျဖခ်င္သလိုေျဖခ်င္သလိုလိုနဲ႕ ေပကပ္ကပ္လုပ္ေနတာခ်ည္း။ဒါကိုေတာင္ ဘယ္လိုလူေတြက ဘယ္လိုခ်စ္ျပေနမွန္းမသိ။အင္းေပါ့ေလ ညီအစ္ကိုေတြဆိုေတာ့လည္း ဂ႐ုစိုက္မွာေပါ့။

"ဒီမွာအေပါက္ရွိတယ္ ဟိုေဆာ့..."

ေရွ႕ဆုံးကသြားေနသည့္ ႏွစ္ေယာက္မွ အသားျဖဴျဖဴလူရဲ႕ အသံေၾကာင့္ ဂ်ီမင္အားတက္သြားရသည္။

"ဒါေပမယ့္ ေသာ့ႀကီးနဲ႕"

"ဟင္...ဘယ္သူကလာခတ္သြားရတာလဲ။ကြၽန္ေတာ္တို႔ လာတုန္းကေတာင္ ေကာ္ရစ္တာေနရာေတြက ေဟာင္းေလာင္းႀကီးမဟုတ္ဘူးလား"

ဂ်ီမင္အေမးကို ထယ္ေယာင္းစိတ္ထဲတြင္ ေထာက္ခံရင္း အစ္ကိုႏွစ္ေယာက္ကိုေက်ာ္ကာ တံခါးေပါက္ကို ၾကည့္လိုက္မိသည္။
တကယ္ပင္ ေသာ့ႀကီးႏွင့္။ေသာ့ေတာင္ ရိုးရိုးေသာ့မဟုတ္ဘဲ သံေခ်းတက္ေနသည့္ ေသာ့အေဟာင္း ခပ္အႀကီးႀကီးႏွင့္ ပိတ္ထားသည့္ပုံ။ေသာ့ဖ်က္ထြက္ရင္ေတာင္ ေတာ္ေတာ္နဲ႕ရမွာမဟုတ္။

"ဒါဆို ငါတို႔ ဒီမွာညအိပ္ရေတာ့မွာလား ယြန္းဂီ...ငါ ငါေတာ့ဒီမွာ မအိပ္ခ်င္ဘူးေနာ္"

ကေလးေတြလည္းရွိေနတာေၾကာင့္ ဟုေဆာ့သိကၡာထိန္းရင္း ယြန္းဂီနားနားကပ္ကာ ေမးလိုက္သည္။သို႔ေသာ္ျငား လူေျခတိတ္ခ်ိန္ျဖစ္႐ုံသာမက လူပါမရွိတာေၾကာင့္ ဆိတ္ၿငိမ္သည့္ေနရာမွာ ဟိုေဆာ့အသံဟာ အထင္းသား။

"ငါတို႔ ဒီတစ္ညေတာ့ အိပ္ရေတာ့မွာပဲ  ဘယ္တတ္နိုင္ပါ့မလဲ...မနက္က် ေက်ာင္းသားေတြလာမွ အကူအညီေတာင္းၾကတာေပါ့..."

နမ္ဂြၽန္းရဲ႕ အဆုံးအျဖတ္ကို အားလုံးဟာ သေဘာတူညီသလို ေခါင္းညိတ္ျပလာသည္။

"ဒါေပမယ့္ ဒီေနရာမွ ၿခဳံေတြကအမ်ားႀကီးပဲ အေဆာင္ကလည္း အပ်က္ႀကီး မေတာ္လို႔ ေႁမြေတြဘာေတြဝင္လာၿပီး ငါတို႔ကိုခ်ီသြားရင္ေရာ"

ဟိုေဆာ့ရဲ႕ ေပါက္ေပါက္ရွာရွာစကားေၾကာင့္ စိတ္ညစ္ေနရင္းကပင္ အားလုံးရယ္ေမာမိၾကသည္။

တကယ့္ေကာင္ ဘယ္လိုေတြေတြးေနပါလိမ့္။

"အဲ့ဒါဆိုလည္း မင္းအျပင္ထြက္ရတာေပါ့ကြာ...မေကာင္းဘူးလား"

ယြန္းဂီရဲ႕ စေနာက္သံကိုၾကားေသာ္လည္း ဟိုေဆာ့မွာ မၿပဳံးနိုင္ပါ။သူအတည္ေျပာေနတာ။

"ငါစိတ္ပူတယ္ကြ။မေတာ္လို႔..."

"ဆက္မေျပာပါနဲ႕ေတာ့ ဟိုေဆာ့ရယ္...ငါတို႔ေတာင္အျပင္ထြက္လို႔မလြယ္တာ ဘယ္ေႁမြက ငါတို႔ကိုၿမိဳၿပီး အျပင္ထြက္နိုင္မွာလဲ...ၿပီးေတာ့ အဲ့ေလာက္ႀကီးတဲ့ေႁမြလည္းေရာက္မလာေလာက္ပါဘူး"

"ကဲ ဒါဆိုလည္း ကြၽန္ေတာ္တို႔ အိပ္ဖို႔ေနရာရွာရေအာင္ မေစာေတာ့ဘူး..."

ဂ်ီမင္းရဲ႕ေဆာ္ဩသံအဆုံး အားလုံးဟာ လႈပ္လႈပ္ရွားရွားျဖစ္လာခဲ့သည္။

ဟိုေဆာ့ေျပာသေလာက္မဆိုးနိုင္ေပမယ့္ သူေျပာတာလည္း ျဖစ္ေကာင္းျဖစ္နိုင္တာေၾကာင့္ အေပၚထပ္မွာသာ သူတို႔ ညအိပ္ဖို႔ ဆုံးျဖတ္လိုက္ၾက၏။

အေပၚထပ္ကိုတက္တဲ့ ေလွကားကိုရွာရင္းနဲ႕ပင္ အေတာ္လည္ေနခဲ့တာ။ပုံမွန္ေက်ာင္းေဆာင္ေတြရဲ႕ ဖြဲ႕စည္းပုံမ်ိဳးသာျဖစ္ေပမယ့္ ဘယ္လိုေတြေၾကာင့္ ရွာရခက္ေနလဲဆိုတာ သူတို႔လည္းမေတြးတတ္ပါ။

ေလွကားကိုေတြ႕ခ်ိန္ ႏွစ္ေယာက္တစ္တြဲစီအေပၚတက္ရင္း ေဘးပတ္ဝန္းက်င္ကိုပါ စူးစမ္းေနမိသည္။

အရင္ဆုံးတက္ေနသူေတြမွာ ဟိုေဆာ့နဲ႕ယြန္းဂီ။ဟိုေဆာ့က ေၾကာက္သည္ဆိုေသာ္လည္း ယြန္းဂီေဘးကေန ဖုန္းမီးေလးနဲ႕ဟိုထိုးဒီထိုးထိုးၾကည့္ရင္း ခပ္ကုပ္ကုပ္လိုက္ကာ ေရွ႕ဆုံးကသြားရွာသည္။

အလယ္မွာေတာ့ ဂ်ီမင္နဲ႕ေဂ်ာင္ကုလိုက္ၿပီး ေနာက္ဆုံးတြင္ နမ္ဂြၽန္းနဲ႕ထယ္ေယာင္းရွိသည္။ပါးစပ္ကထုတ္မေျပာေသာ္လည္း ထယ္ေယာင္းအနည္းငယ္ေၾကာက္႐ြံ႕မိသည္။

တစ္ေယာက္တည္း စာလုပ္ရင္းနဲ႕ကို မအားလပ္တာေၾကာင့္ မၾကည့္ျဖစ္လိုက္တဲ့ Horror movieေတြအတြက္ စာကိုေတာင္ေက်းဇူးတင္မိသလိုလို။ဒီၾကားထဲ ဖုန္းပါအားကုန္ေနေတာ့ခက္ေတာ့တာေပါ့။မေန႕ညက စာလုပ္ၿပီး ဖုန္းအားသြင္းဖို႔ ေမ့ေနခဲ့တာေလ။

ဒုတိယထပ္သို႔ေရာက္ခ်ိန္ ေလွကားေဘးကပ္ရပ္မွ အခန္းအားေ႐ြးခ်ယ္လိုက္သည္။ေကာ္ရစ္တာတစ္ေလွ်ာက္ မီးထိုးၾကည့္မိမွ မွားၿပီလို႔ေတာင္ခံစားလိုက္ရ၏။

ၿပိဳက်ေနသည့္ ဘိလပ္ေျမအခ်ိဳ႕၊အခ်ိဳ႕ေနရာတြင္ အုတ္မ်ားမွာအက္ကြဲေနေသးသည္။မိုးဒဏ္၊ေလဒဏ္၊ဖုန္ဒဏ္ေၾကာင့္ရယ္လားေတာ့မသိ ညစ္ေပေပျဖစ္ေနသည့္ နံရံမ်ားဟာ ႐ြံစရာေကာင္းစြာ။

တိတ္ဆိတ္ေနတယ္ဆိုတာကို သတိထားမိလိုက္ခ်ိန္ သူတို႔အားလုံးရဲ႕ ေက်ာေတြ မလုံမလဲျဖစ္လာသည္။

ဂ်က္ထိုးထားသည့္ တံခါးကို ေဂ်ာင္ကုနဲ႕ ယြန္းဂီက အတူတူဖြင့္ေနသည္။သံေခ်းတက္ၿပီး အနည္းငယ္က်ပ္ေနတာေၾကာင့္ အားစိုက္ထည့္ေနရ၏။

ကြၽီ...

ပြင့္သြားသည့္ ထိုတံခါးမွ ထြက္ေပၚလာသည့္ အသံဟာ ေက်ာခ်မ္းစရာ။ဒီေလာက္ဆူညံေနဖို႔လိုလို႔လား။

သြက္သြက္လက္လက္ဂ်ီမင္က ယြန္းဂီနဲ႕ကပ္ၿပီး အခန္းထဲသို႔ ဇိုးဇိုးဇတ္ဇတ္ဝင္သြားႏွင့္ၿပီ။
ေဂ်ာင္ကု အေပါက္ဝကေန အထဲသို႔ ေျခခ်လိဳက္စဥ္ ဖြင့္ထားသည့္ တံခါးကို ခပ္ေျဖးေျဖးသာ ကိုင္လိုက္မိေသာ္လည္း အခ်ပ္လိုက္ႀကီး ၿပိဳက်လာတဲ့ ထိုတံခါးေပါက္။

အေနာက္က ထယ္ေယာင္းအေပၚကို က်မည့္ပုံျဖစ္ေနတာေၾကာင့္ ေဂ်ာင္ကုလွမ္းဆြဲလိုက္ေသာ္လည္း မမီေတာ့။ထယ္ေယာင္းပုခုံးနဲ႕ေခါင္းကို ထိခိုက္သြားေလၿပီ။

ဝုန္း...

"အား..."

မလွမ္းမကမ္းထြက္ေပၚလာသည့္ အသံႏွစ္ခု။ထိုအနက္မွ တစ္ခုဟာ ျပဳတ္ထြက္သြားသည့္ တံခါးခ်ပ္မွအသံျဖစ္ၿပီး က်န္တစ္ခုဟာေတာ့ လန႔္ျဖန့္သြားၾကသည့္ ေက်ာင္းသားေလးမ်ားထံမွျဖစ္သည္။

ပုခုံးေအာင့္သြားသည့္အျပင္ ေခါင္းနဲ႕ပါရိုက္မိတာေၾကာင့္ ထယ္ေယာင္းေခါင္းေတြပူထူၿပီး မူးေဝလာရသည္။

"ဂြၽန္ေဂ်ာင္ကု...မင္း ထပ္လုပ္ျပန္ၿပီ"

နမ္ဂြၽန္းကိုမွီထားရင္း ထယ္ေယာင္းက ေခါင္းကိုဖိကာ ေဂ်ာင္ကုကိုရန္ေထာင္၏။

"ဟိုေကာင္​ေလး အဆင္ေျပရဲ႕လား...ဘယ္လိုျဖစ္တာလဲ"

ဟိုေဆာ့အသံက ထိတ္လန႔္မႈေၾကာင့္ ခပ္တုန္တုန္။အလန႔္မေျပေသးသည့္ပုံပင္။

"တံခါးနဲ႕ရိုက္မိတာဟိုေဆာ့...အထဲမွာ ခုံေတြရွိတယ္မလား ခုံေတြဖယ္ရင္ဖယ္၊မဖယ္ရင္ အားလုံးကို အတူတူစီလိုက္...အဲ့ေပၚမွာ ငါတို႔အိပ္ၾကမယ္ေနာ္"

နမ္ဂြၽန္းက ပါးစပ္ကေျပာရင္း ထယ္ေယာင္းကို ဆရာစားပြဲကထိုင္ခုံတြင္ ေနရာခ်ေပးသည္။
ထို႔ေနာက္ သူကိုယ္တိုင္လည္း အျခားလူေတြနဲ႕အတူ ခုံစီေန၏။

ေဂ်ာင္ကုမွာ သူမရည္႐ြယ္ဘဲ လုပ္လိုက္မိတဲ့အရာေလးကို အျပစ္တင္ေနသည့္ ထယ္ေယာင္းအား ပိုၿပီးပင္အျမင္မၾကည္ျဖစ္လာရသည္။သူ႕အစ္ကိုရဲ႕ အျဖစ္သည္းေနပုံမွာလည္း ျမင္လို႔မေကာင္း။
​ေယာက္်ားပဲ ဒီေလာက္နဲ႕ေတာ့ မေသပါဘူး။

ခုံကိုေ႐ြ႕တာ ရိုးရိုးမေ႐ြ႕ဘဲ တအုန္းအုန္းပစ္ခ်ေနသည့္ ေဂ်ာင္ကုေၾကာင့္ ေဘးလူေတြက ေမတၱာပို႔ေနၾကၿပီ။ဒီအခ်ိန္ႀကီးထၿပီးရန္မျဖစ္ခ်င္လို႔သာ ၿငိမ္ေနၾကတာ။ေက်နပ္တာေတာ့မဟုတ္။ဂ်ီမင္ကလြဲရင္ အကုန္လုံးက မ်က္ေစာင္းထိုးေနၾကၿပီ။

ထယ္ေယာင္းမွာေတာ့ နာက်င္ေနသည့္ ပုခုံးကိုလက္တစ္ဖက္နဲ႕ကိုင္ရင္း စားပြဲေပၚတြင္ လြယ္အိတ္ခံကာ ေမွာက္အိပ္ေနမိသည္။ပခုံးမွာ ခုနေလာက္မနာေတာ့ေပမယ့္ ေခါင္းကေတာ့ မူးခ်င္ခ်င္။

ေဒါက္...

ေဒါက္...

ေဒါက္...

လူကိုလာမွန္သည့္ ခဲလုံးလိုလို ေဂၚလီလိုလို  ခပ္ေသးေသးအရာေတြ။တစ္ခါႏွစ္ခါမကေတာ့တာေၾကာင့္ စိတ္ရႈပ္ရႈပ္နဲ႕ ေခါင္းေထာင္ၾကည့္မိလိုက္ေတာ့ အလုပ္ရႈပ္ေနသည့္ လူေတြကိုသာ ျမင္လိုက္ရသည္။

ထို႔ေၾကာင့္ တရားခံကိုေစာင့္ဖမ္းဖို႔ ေခါင္းျပန္ငုံ႕ၿပီး အိပ္ခ်င္ေယာင္ေဆာင္လိုက္၏။

"ဂြၽန္ေဂ်ာင္ကုမွမဟုတ္ဘူးဆိုရင္...ငါ(၃)ရက္ေလာက္ ထမင္းမစားဘဲ အငတ္ခံေပးဦးမယ္"

ေခါင္းငုံ႕ရင္း တီးတိုးေရ႐ြတ္လိုက္မိ၏။

ေဒါက္...ေဒါက္

ႏွစ္ခ်က္ဆက္တိုက္ ခဲေသးေလးေတြနဲ႕ ထပ္ၿပီးအျပစ္ခံရတာေၾကာင့္ ခုံကိုလက္နဲ႕မျပင္းမေပ်ာ့ရိုက္ကာ ေဒါနဲ႕မာန္နဲ႕ေအာ္ခ်လိဳက္သည္။

"ဂြၽန္ေဂ်ာင္ကု...မင္း"

ဂ်ီမင္နဲ႕အတူ ခုံရွည္ကိုမၿပီး ေနရာဖယ္ေနတဲ့ ေဂ်ာင္ကုက သူ႕ကိုမ်က္လုံးပင့္ကာ ၾကည့္သည္။ဖုန္းမီးေရာင္နဲ႕ လေရာင္မွိန္မွိန္ေအာက္မွာ ျမင္ေနရတဲ့ ျမင္ကြင္းတစ္ခု။

ထိုျမင္ကြင္းအတြင္း ခုံရွည္ မ-ေနသူက ႏွစ္ေယာက္၊ခုံေတြကိုေနရာခ်ေနသူက ႏွစ္ေယာက္၊အေပၚထပ္ကိုခြၽတ္ၿပီး အိပ္မည့္ခုံေတြေပၚဖုန္သုတ္ေနသူက တစ္ေယာက္၊အားလုံးေပါင္းငါးေယာက္။
ေနာက္ၿပီး သူကလည္းဒီေနရာမွာေလ။

ရွိတာမွေျခာက္ေယာက္ကို သူတို႔မဟုတ္ရင္ ဘယ္သူကဒီလိုလုပ္ေနတာလဲ။

ဂလု...

ထယ္ေယာင္း မတ္တပ္ရပ္​ေနသည့္ အေနအထားနဲ႕ပင္ တိတ္တိတ္ကေလးတံေတြးၿမိဳခ်လိဳက္မိသည္။

"ဟီးဟီး...ဟီးဟီး"

ေဒါက္...

"အား...ဂြၽန္ေဂ်ာင္ကု ကယ္ပါ"

႐ုတ္႐ုတ္သဲသဲျဖစ္သြားၾကသည့္ လူငယ္ေလးမ်ားဟာ မ်က္စိစုံမွိတ္ၿပီး ေၾကာက္လန႔္တၾကားျဖစ္ေနသူထံ အေျပးအလႊားေရာက္လာၾကသည္။

"ကင္မ္ထယ္ေယာင္း...ေဟ့ေကာင္ ဘာျဖစ္တာလဲ"

"ထယ္ေယာင္း...ဘာျဖစ္တာလဲ ေခါင္းေမာ့ဦးေလ ထယ္ေယာင္း"

ေဂ်ာင္ကုကတစ္ဖက္ ဂ်ီမင္ကတစ္ဖက္နဲ႕ ၾကားထဲေရာက္ေနသည့္ ထယ္ေယာင္းမွာ
ရင္ေတြတဒိတ္ဒိတ္တုန္ေနရွာသည္။

သူၾကားလိုက္ရတယ္။သူ႕နားနားကိုကပ္ၿပီး ရယ္ေနသလို တဟီးဟီးအသံကို သူၾကားကိုၾကားလိုက္တယ္။သူ႕ကို တစ္ခုခုနဲ႕ပစ္ေပါက္ေနတာကိုလည္း သူခံစားမိတာေသခ်ာတယ္။သူတို႔အျပင္ တစ္ေယာက္ေယာက္ရွိေနတာမ်ား...အား မဟုတ္ဘူး။

"ကင္မ္ထယ္ေယာင္း...႐ူးသြားတာလား ငါ့နာမည္ကိုေအာ္ၿပီး ဘာေတြျဖစ္ေနတာလဲ"

ေဂ်ာင္ကုက ထယ္ေယာင္းကို ပုခုံးကမၿပီး ပါးႏွစ္ဖက္ကို လက္ညွိုးနဲ႕လက္မၾကား ညွပ္ကိုင္ကာ ေအာ္ခ်သည္။
ထိုအခါမွ ေခါင္းေမာ့လာသည့္ ထယ္ေယာင္းဟာ ပတ္ဝန္းက်င္ကို က်ီးကန္းေတာင္ေမွာက္ ေဝ့ဝဲၾကည့္ေန၏။

"ဟင့္...ဟင့္အင္း ဘာမွမဟုတ္ဘူး"

ထယ္ေယာင္း ေျပာလို႔မျဖစ္ဘူး။ဘယ္လိုပဲျဖစ္ျဖစ္ ဒီမွာ မျဖစ္မေနညအိပ္ရဦးမယ့္အေျခအေနမွာ တျခားလူေတြကိုပါ ေၾကာက္လန႔္ေစဖို႔ မသင့္ဘူးထင္သည္။

"ဘာျဖစ္တာလဲ ေျပာျပေလ ထယ္ေယာင္း...ဟုိ သ သရဲ"

"အာ...မဟုတ္ပါဘူး အစ္ကိုဟိုေဆာ့ရယ္။ကြၽန္ေတာ္ ႐ုတ္တရက္ငိုက္ၿပီး အိပ္မက္ေယာင္မိတာပါ"

ထိုမွ သက္ျပင္းရဲရဲခ်ကာ ပုံမွန္ျပန္ျဖစ္သြားသည့္ ပတ္ဝန္းက်င္။မဝံ့မရဲျဖစ္ေနသည္မွာ ထယ္ေယာင္းသာရွိလိမ့္မည္။

"ကဲကဲ...အဲ့တာဆိုလည္း အစ္ကိုတို႔ အခုအိပ္ၾကရေအာင္ အားလုံးလည္းတတ္နိုင္သေလာက္သန႔္ရွင္းၿပီးၿပီ...နားခ်င္နားၾကေတာ့ေပါ့...အစ္ကိုေတာ့ အေတာ္ပင္ပန္းေနၿပီ"

နမ္ဂြၽန္းက ထိုင္ခုံတန္းႀကီးေပၚတြင္ ပထမဆုံးေနရာယူကာ လွဲခ်ေလသည္။ၿပီးေနာက္ ယြန္းဂီ၊ယြန္းဂီေဘးတြင္ေတာ့ ဂ်ီမင္နဲ႕ ဟိုေဆာ့။

အသီးသီးေနရာယူၿပီးခ်ိန္ ေဂ်ာင္ကုကလည္း ထိုေနရာကိုသြားေနတာေၾကာင္​့ ထယ္ေယာင္းမွာ ေဂ်ာင္ကုကို ဂုတ္ကဆြဲၿပီး အေနာက္ပို႔လိုက္မိသည္။
ထို႔ေနာက္ ေဂ်ာင္ကုအိပ္မည့္ေနရာကို ယူလိုက္၏။သူအစြန္ဆုံးမွာ မအိပ္ရဲပါ။
ေဂ်ာင္ကုကေတာ့ ႏွာမႈတ္သံတေပးေပးနဲ႕ မေက်မနပ္ျဖစ္ေနေလၿပီ။

က်ယ္ေနၿပီျဖစ္တဲ့ မ်က္လုံးေတြေၾကာင့္ အိပ္မေပ်ာ္ေသးသည့္ ဂ်ီမင္က ႏွဖူးေပၚလက္တင္ကာ သက္ျပင္းသဲ့သဲ့ခ်သည္။
ထို႔ေနာက္ တစ္စုံတစ္ခုကို သတိရသြားသည့္ဟန္နဲ႕ ေခါင္းေလးႂကြလာကာ ...

"အစ္ကိုတို႔ စီနီယာဆိုတာက တကယ္ႀကီး ဒီမွာေပ်ာက္သြားတာလား"

ဂ်ီမင္အေမးကို ထယ္ေယာင္းေရာ ေဂ်ာင္ကုပါ စိတ္ဝင္တစား နားစြန႔္ေနၾကသည္။

"မေသခ်ာပါဘူး...ဒီလိုပဲ ထင္လို႔လာရွာတာ"

ယြန္းဂီရဲ႕ စကားက ခပ္ျပတ္ျပတ္ျဖစ္ေနေပမယ့္ တစ္မ်ိဳးတစ္မည္ခံစားရေစသည္။

"ဘာလို႔ ဒီမွာရွိတယ္ထင္တာလဲပါ ေျပာျပေလဗ်ာ"

"ဒီကိုသြားမယ္ေျပာခဲ့လို႔ေပါ့"

ေျဖၾကားသံက စိတ္မရွည္ေတာ့သေယာင္ တိုတိုတုတ္တုတ္ျဖစ္လာသည္။

"ဒီကို သူကဘာလို႔လာမွာလဲ အစ္ကိုယြန္းဂီ"

"က်စ္...ဒီေကာင္ေလးေတြကေတာ့ မအိပ္ၾကေသးဘူးလား...မအိပ္ေတာ့ဘူးလား"

တစ္ခါေလးဝင္ေမးလိုက္မိတာကို အေျပာခံလိုက္တာ ထယ္ေယာင္းမွာ အင့္ခနဲ။
သူလည္းဘာမွေျပာေနတာမဟုတ္ဘဲနဲ႕။

ေဂ်ာင္ကုကေတာ့ အဆူခံလိုက္ရတဲ့ ထယ္ေယာင္းကိုၾကည့္ၿပီး ႀကိတ္ေပ်ာ္ေနသည္။

"စီနီယာ ေကာင္းေကာင္းေတာ့ရွိေနမွာပါေနာ္...ဒါမွမဟုတ္ ငါတို႔လို ဒီမွာမ်ားရွိေနေလာက္မလား"

အိပ္ေနရာမွထကာ တစ္စခန္းထေနသည့္ ဟိုေဆာ့က စပ္စုေနတဲ့ဟိုကေလးအဖြဲ႕ရဲ႕ ေခါင္းေဆာင္ႀကီးလို။

ဟိုေဆာ့စကားေၾကာင့္ နမ္ဂြၽန္းမွာလည္း အေတြးမ်ားသြားရသည္။ယြန္းဂီကေတာ့ နားပိတ္ၿပီး အိပ္ႏွင့္ေနၿပီ။

"ခင္ဗ်ားတို႔ စီနီယာက ဘယ္လိုပုံစံမ်ိဳးလဲ...အခ်ိန္ရရင္ ကြၽန္ေတာ္တို႔လဲ လိုက္ရွာေပးမယ္ေလ"

"စီနီယာက အရပ္ရွည္ရွည္ ႏႈတ္ခမ္းဖူးဖူး...အသားလည္းျဖဴေသးတယ္ကြ"

ေဂ်ာင္ကုအေမးကို စိတ္လိုလိုက္ရေျဖေနသည့္ ဟိုေဆာ့။မ်က္လုံးကို ပင့္ပင့္ၿပီး ေသခ်ာစဥ္းစားကာ ေျပာျပေပးေနသည္။

"အိပ္ပါေတာ့ကြာ...မနက္ျဖန္မွေျပာျပလည္းရတာကို..."

နမ္ဂြၽန္းမွ စကားဟန႔္လိုက္တာေၾကာင့္ ဟိုေဆာ့လည္း ခုံေပၚခ်က္ခ်င္းလွဲခ်ကာ အျခားလူေတြနည္းတူ က်ဥ္းက်ဥ္းက်ပ္က်ပ္အိပ္ေနသည္။

ပင္ပန္းေနသည့္ ခႏၶာေၾကာင့္ ဘယ္သူမွ ၾကာၾကာေတာင့္မခံနိုင္ပါ။မၾကာမီမွာပင္ အိပ္စက္ျခင္းဆီသို႔ အလည္တစ္ေခါက္ေရာက္ျဖစ္ခဲ့သည္။

ေဒါက္...ေဒါက္...ေဒါက္

ေဒါက္...ေဒါက္...ေဒါက္

တစ္ေယာက္ခ်င္းစီကိုယ္ေပၚ အလွည့္က်ေရာက္လာသည့္ ေသးေသးမႊားမႊား ေက်ာက္စရစ္ခဲေလးမ်ား။
ဒါေတြ ဘယ္လိုေရာက္လာတယ္ဆိုတာကို
ဘယ္သူမွ မေတြးမိၾကပါ။ေတြးမိဖို႔အတြက္လည္း ဘယ္သူမွ အသိစိတ္တို႔ နိုးၾကားမေနခဲ့ဘူးမဟုတ္ပါလား။

"ဟီးဟီး ဟီးဟီး...ငါ့ေနရာကို လာထိုင္ခ်င္ဦး...ဟီးဟီး ဟီးဟီး"

သူတို႔အားလုံးရဲ႕ ေခါင္းရင္းထိပ္မွာ ေဆာင့္ေၾကာင့္ထိုင္ကာ သူတို႔အား ကုန္းၾကည့္ေနခဲ့သည္ အမ်ိဳးသမီးတစ္ေယာက္။ရယ္ရင္းၿပဳံးေနခဲ့တာေၾကာင့္လားမသိ ႏႈတ္ခမ္းတို႔ဟာ တစ္ထြာနီးပါး
တြန႔္ေကြးေနခဲ့သည္။မညီမညာျဖစ္ေနသည့္ ႏႈတ္ခမ္းသားေတြဟာ ပဲ့က်ထားသကဲ့သို႔။

မ်က္ႏွာထက္တြင္ ပါးစပ္က အေတာ္အတန္ေနရာယူထားၿပီး ထိုပါးစပ္ထဲမွ စီးက်ေနသည့္ သားေရစက္မ်ားဟာ စီတန္းထားသည့္ ခုံမ်ားေပၚသို႔ တစက္စက္က်လွ်က္။

​ပြင့္တယ္ဆို႐ုံ မ်က္လုံးအိမ္မွ မ်က္လုံးမ်ားသည္ အိပ္စက္ေနသူမ်ားအား ႐ြန္း႐ြန္းလဲ့လဲ့ စူးစိုက္ၾကည့္ေနခဲ့သည္။

"ဟီးဟီး...လဲမယ္ လဲမယ္...ေနရာလဲမယ္ ဟီးဟီး ဟီးဟီး"

____Trapped in a maze_____

16.10.2022

AlienMi709
HlaingMeMeAung

ဘာေတြေရးမိလိုက္တာလဲ။😷
ေၾကာက္စရာကေကာင္းသလိုလို မေကာင္းသလိုလို။

ကိုယ္ကေၾကာက္တတ္တဲ့လူဆိုေပမယ့္ ကိုယ့္ေရးထားတာကိုျပန္ဖတ္ရ
င္ေတာ့ မေၾကာက္ဘူး။ေရးတုန္းေတာ့ မ်က္လုံးထဲပုံေဖာ္ၿပီး လန႔္ေနတယ္ ဒုကၡ။

ကိုယ့္ေထာင္ေျခာက္ထဲ ဘယ္သူမွမမိဘူး ကိုယ္ပဲမိမွာ။

အိပ္ရင္ေခါင္းရင္းကို သတိထားပါ။

ဟီးဟီး ဟီးဟီး🧟‍♀️

ေၾကာက္စရာမေကာင္းရင္ေစာေစာ upေပးမယ္(အခုလို)။ေၾကာက္စရာေကာင္းရင္ ေနာက္က်မွupေပးမယ္ေနာ္။

_____________________________

Continue Reading

You'll Also Like

98.1K 11.6K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
119K 4.7K 43
🚨 Warning 🚨
85.1K 4.8K 46
ေဆာင္ၾကာၿမိဳင္ကမိန္းကေလးနဲ႔ ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ အခ်စ္ဇာတ္လမ္း... ဒီလိုနဲ႔ဝမ္းနည္းစရာခေရပန္းပံုျပင္တစ္ပုဒ္ျဖစ္လာခဲ့တယ္ ဆောင်ကြာမြိုင်ကမိန်းကလေးနဲ...
514K 75.4K 186
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...