𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧...

AlienMi709 द्वारा

2.1K 173 78

ရုန်းထွက်ဖို့ခက်တဲ့ လှည့်စားမှုဝင်္ကပါထဲမှာ အချိန်အတော်ကြာ ပိတ်မိခဲ့တယ်။ TaeKook NamJin Author - AlienMi709... अधिक

Part...1
Part...2
Part...3
Part...4
Part...5
Part..6
Part...7
Part...8

Intro

627 34 11
AlienMi709 द्वारा

For Unicode

"ဂျောင်ကု ပြန်ရအောင်"

"ခဏနေအုံး"

"သူကြောက်လောက်ပါပြီကွာ"

ဂျောင်ကုသည်အဖြူရောင်ကျောင်းဝတ်စုံရင်ဘတ်ဟပြဲကိုကော်လံကနေကိုင်ပြီး လက်နှင့်သပ်ချကာ...

"ဘာကြောက်တာလဲ ဒီကောင်ငါ့ကိုကြည့်နေတဲ့ အကြည့်ကိုမင်းမမြင်ဘူးလား "

ဂျောင်ကုအပြောကို ဂျီမင်က သက်ပြင်းချကာ ခေါင်းရမ်း၏။

ဟိုတစ်ယောက်ကလည်း နံရံမှာဖိကပ်ခံထားရတာတောင် နည်းနည်းလေးမှကြောက်ရွံမှုမရှိ။မျက်ထောင့်နီနှင့်ပင် စိုက်ကြည့်နေသေးသည်။

"မင်းစာတော်တာတစ်ခုလောက်နဲ့ငါ့ကိုပမာမခန့် လုပ်လို့ရမယ်ထင်နေတာလား ကျစ်..."

ဂျောင်ကုသည် သူ့အားမျက်တောင်မခတ်စတမ်းစိုက်ကြည့်နေသူ၏ မျက်ရိုးထင်းထင်းကို လက်ညှိုးနှင့်လက်မသုံးကာ အနည်းငယ်ဆွဲရမ်းလိုက်သည်။
ထိုမှချက်ချင်းရုန်းကာ မျက်နှာအားတစ်ဖက်ကိုလွှဲသွားသူက ဆွဲရမ်းကိုင်ပေါက်ပစ်ချင်စရာ။

"ဘာလုပ်နေကြတာလဲ ထယ်ယောင်းလား"

အနောက်ဘက်မှ ထွက်လာသောအသံကြောင့် ထယ်ယောင်းအပြင် ဂျောင်ကုရော ဂျီမင်ပါလှည့်ကြည့်လိုက်မိသည်။

ထိုလူသုံးယောက်ထဲမှအရပ်ရှည်ရှည်နှင့်ယောကျာ်းတစ်ယောက်ဆီကို ချက်ခြင်းဆိုသလို ပြေးကပ်သွားသော ထယ်ယောင်းအား ဂျောင်ကုနှင့်ဂျီမင်က လိုက်ကြည့်နေ၏။

"အနိုင်ကျင့်တာမဟုတ်ပါဘူး ကျွန်တော်တို့ကသူငယ်ချင်းတွေပါ...အခုက ရန်ဖြစ်ထားလို့"

ထယ်ယောင်းအဖြေကြောင့် ဂျောင်ကုရောဂျီမင်ကပါ အလိုမကျသလိုကြည့်လာသည်။ဘယ်သူကမှ မေးမြန်းနေခြင်းမရှိဘဲ သူကဘာတွေဖြေရှင်းချက်ပေးနေရတာလဲ။

အရပ်ရှည်ရှည်အမျိုးသားဘေးတွင်ပါလာသော နှစ်ယောက်ကတော့ ထယ်ယောင်းအပြောကို အာရုံစိုက်နေသယောင်။

"ဘယ်မှာသူငယ်ချင်းလည်း ငါမင်းကိုတမင်ကြည့်မရလို့လုပ်တာ ... အာ့ နာတယ်ကွ"

ဂျောင်ကုလက်မောင်းကို ဂျီမင်ကဆွဲဆိတ်ကာ အံကြိတ်ပြ၏။ ဒါက၄ယောက်၂ယောက်မို့ မပြောနဲ့ဆိုသောပုံစံ။
သို့သော် ဂျွန်ဂျောင်ကုသည် ယောကျာ်းစစ်စစ်တစ်ယောက်မို့ လုပ်ရဲလျှင်ခံရဲသည်။

ဂျောင်ကုအပြောကြောင့် ထိုသုံးယောက်လုံးမှာတော့ မျက်မှောင်ကြုတ်သွားကြပြီ။

"ငါ့ညီက မင်းကိုဘာလုပ်နေလို့လဲ"

အရပ်ရှည်ရှည်နှင့်တစ်ယောက်ကပြောလည်းပြော ဂျောင်ကုနားကိုပါတိုးကပ်လာ၏။

"ခင်ဗျားညီက ပေကပ်ကပ်နဲ့ မေးရင်မဖြေပဲလူကိုမတူသလိုမတန်သလိုလုပ်လို့ ကြည့်မရတာ... ရှင်းလား"

နမ်ဂျွန်းက နဖူးပေါ်တွင်ကျနေသော ဆံပင်ကိုခပ်ကြမ်းကြမ်းသပ်တင်ပစ်သည်။တင်းမာနေတဲ့မျက်နှာက ဒေါသတွေကို ဖော်ပြနေသလို။ထိစပ်လုမတတ်ဖြစ်နေသော မျက်ခုံးတန်းတို့မှာ အနည်းငယ် ထိတ်လန့်စရာ။

"What?...ခင်ဗျားတဲ့ ကိုယ်တို့က မင်းတို့စီနီယာနော်"

နမ်ဂျွန်းဘေးမှာရပ်နေတဲ့ ဟိုဆော့ကပါ မနေသာသလို ဝင်ပြောလာသည်။ဒါကိုလည်း မထိတထိလုပ်နေသော ဂျောင်ကုပုံမှ တကယ်ကို လေးစားမှုမရှိသည့်ဟန်။

ငယ်ငယ်လေးကတည်းက နမ်ဂျွန်းနဲ့ထယ်ယောင်းကအိမ်နီးချင်းတွေမို့ ဒီကောင်လေးအကြောင်းကိုသိသင့်သလောက်သိသည်။
သူနဲ့မသိလျှင်စကားမပြော၊ မေးရင်တောင်သူစိတ်ရမှဖြေတာဖြစ်လို့ ဒါကိုလည်းအပြစ်ပြောလို့မရ။ နားလည်နေတဲ့လူကပြဿနာမဟုတ်ပေမယ့် ဒီလိုခပ်ဆိုးဆိုးကျောင်းသားတွေမျက်လုံးထဲတော့ ဘုကလန့်ဖြစ်နေလောက်မည်။

"ထားလိုက်တော့အစ်ကို သူတို့နှစ်ယောက်ကျွန်တော့်ကိုဘာမှနာကျင်အောင်မလုပ်ပါဘူး"

ထယ်ယောင်းဝင်ပြောမှ အနည်းငယ်စိတ်လျှော့လိုက်ပုံရတဲ့ နမ်ဂျွန်းက စကားစကိုဖြတ်ပေးရှာသည်။မဟုတ်ရင် ဒီမှာတင် ပြဿနာကထပ်တက်ရဦးမှာ။

"ဒါနဲ့မင်းတို့ဒီထဲကို ဘယ်လိုဝင်လာတာလဲ"

"လမ်းလျှောက်ဝင်လာတာလေ"

ဂျောင်ကု၏ဘုကလန့်အဖြေကြောင့် နမ်ဂျွန်းက မျက်မှောင်ကြုတ်ကာ...

"ခြံစည်းရိုးကို သုံးယောက်လုံးခွတက်လာတာလား"

"ခြံစည်းရိုးမရှိပါဘူး"

"ဟိုမှာလေ အုတ်တံတိုင်းနဲ့ခြံစည်းရိုး"

"ဟင်"

ထယ်ယောင်းတို့သုံးယောက်လုံးဆီမှာ အာမေဋိတ်သံတပြိုင်တည်းထွက်လာရ၏။

သူတို့ဝင်လာတုန်းက ဘာခြံစည်းရိုးမှကျော်မတက်ခဲ့ရပါ။
အခုမှဒီခြံစည်းရိုးတွေက ဘယ်ကရောက်လာတယ်မသိ။
သေချာတာက သူတို့သုံးယောက်လုံးပတ်ဝန်းကျင်ကို သတိမထားမိခဲ့တာတော့အမှန်ပင်။သတိထားမိချိန်မှာလည်း အရာရာဟာ နားမလည်နိုင်စရာကောင်းနေခဲ့ပြီ။

"ဒါဆိုဒီကအရင်ထွက်ရအောင်"

"မင်းတို့လာတုန်းက ဝင်ပေါက်ကိုမှတ်မိတယ်မလား"

ယွန်းဂီနှင့်ဟိုဆော့၏အပြောကို နမ်ဂျွန်းကပါထောက်ခံကာ...

"မနက်ဖြန်မှ ပြန်လာရှာရအောင်"

ရာသီဥတုဟာ မသာယာလေတာကြောင့် ဒီနေရာကိုလာရတဲ့ အဓိကအကြောင်းရင်းကို ခဏတာလျစ်လျှူရှုထားကာ ပြန်ဖို့တွေးရသည်။

မနက်ပိုင်းအချိန်ဟာ လင်းလင်းထင်းထင်းရှိမနေဘဲ အပင်တွေချုံတွေနှင့်မှောင်မိုက်နေ၏။
သူတို့ခြံစည်းရိုးကိုကျော်ဝင်လာတုန်းက နေတောင်အနည်းငယ်ပူနေသေးတယ်မဟုတ်လား။

အရှေ့က သွားနေသောကျောင်းသားသုံးယောက်မှာလည်း ဝေဝေဝါးဝါးနှင့်ပင်။

"ခဏ မင်းတို့လမ်းမှတ်မိတာသေချာလို့လား"

နေရာတူတစ်ခုထဲကိုပဲ ထပ်ကာထပ်ကာပြန်လာနေရသော ခံစားချက်ကြောင့် မင်ယွန်းဂီ လှမ်းမေးလိုက်သည်။

"မသိတော့ဘူး ကျွန်တော်တို့လည်းဒီထဲကို တစ်ခါမှမရောက်ဖူးဘူး"

ဂျောင်ကုက ဘောင်းဘီတွင်ငြိလာသော ဆူးပန်းတွေကို လက်ဖြင့်အကြမ်းပတမ်းခါချရင်း ဆောင့်အင့်အင့်ဖြေသည်။

ဒီနေရာက အရင်ကတည်းက ရှိနေခဲ့လားဆိုတာတောင်မသေချာပေ။နေ့တိုင်းကျောင်းလာရင်မြင်နေကျ ချောင်ကျတဲ့နေရာတစ်ခုဆိုပေမယ့် အထဲမှာဒီလိုချုံတွေအပင်တွေရှိနေမယ်လို့တော့ မထင်ထားမိခဲ့။ဖြတ်ခနဲ ဆတ်ခနဲသာ ကြည့်မိခဲ့ခြင်းကြောင့်ဖြစ်မည်။

ရုတ်တရက် လေတွေက ခပ်ပြင်းပြင်းတိုက်လာသလိုပင်။ခြောက်ယောက်သားရဲ့ ဆံပင်များဟာလည်း လေကြောင့် ရှုပ်ပွနေရပြီ။

မျက်စိထဲဝင်ရောက်လာတဲ့ဖုန်မှုန့်အချို့ကြောင့် ထယ်ယောင်းမျက်စိကိုမှိတ်လိုက်ရင်း လွယ်အိတ်ကြိုးကို ခပ်တင်းတင်းကိုင်ထားမိသည်။

ပြိုကျမတတ်မဲမှောင်လာသော ကောင်းကင်ကိုမော့ကြည့်ကာ တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်မိကြ၏။

အခြေအနေတွေက ထူးဆန်းလာပြီ။

ဒုန်း...

မိုးချိန်းသံကြောင့် သူတို့၆ယောက်လုံး မတိုင်ပင်ထားပါဘဲ တစ်နေရာထဲသို့ မျက်နှာချင်းဆိုင် စုပြုံရပ်လိုက်ကြသည်။

ဟိုဆော့မှာတော့ ထိတ်လန့်ကာ ခေါင်းပေါ်ပင် လက်ကလေးတင်ပြီး အုပ်မိုးကာကွယ်ထားမိလေသည်။

မိုးကမကြာခင်သည်းသည်းမဲမဲရွာချတော့မည့်ပုံ လျှပ်စီးတလက်လက်နှင့် လေပြင်းတွေပါ တိုက်လာ၏။မုန်တိုင်းလာခါနီး ညှို့မှိုင်းနေသည့် ကောင်းကင်ကြီးနှင့်ပင် ခပ်ဆင်ဆင်။ဒါပေမယ့် ဒီကာလကြီးမုန်တိုင်းကရှိနိုင်ပါ့မလား။မုန်တိုင်းကြေငြာချက်တွေကိုလည်း သူတို့ကြားမထားပါဘူး။

"အစ်ကိုတို့ ဒီထဲမှာဘာလာရှာတာလဲ"

ဂျီမင့်အမေးကို မဖြေကြားခင် နမ်ဂျွန်း အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ပြောရမှာတော့ ခက်သား။

"အစ်ကိုတို့စီနီယာတစ်ယောက် ပျောက်သွားလို့"

"ဒီ ဒီနေရာမှာပျောက်သွားတာလား"

တဟူးဟူးတိုက်နေသည့် လေသံတွေကြားက ထယ်ယောင်းအသံကတုန်တုန်လှုပ်လှုပ်ထွက်လာသည်။ဒီနေရာက အနည်းငယ် ရှုပ်ထွေးတာမှန်ပေမယ့် ဘယ်လိုကြောင့် လူတစ်ယောက်ပါပျောက်ရတဲ့ထိဖြစ်ရတာတုန်း။

ထိုစဉ်မှာပင် မိုးတွေကလည်း ဝေါခနဲရွာချလာခဲ့ပြီ။ မနက်ပိုင်း၈နာရီအချိန်လောက်သည် မထင်ရလောက်အောင် မှောင်မိုက်နေကာ သန်းခေါင်ယံညပမာဖြစ်လာ၏။ဒါဘယ်လိုအနေအထားလဲ။

ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေသည် အိပ်မက်လားလက်တွေ့လားပင် ဝေခွဲရခက်နေ၏။
လျှပ်စီးဝင်းဝင်းတွေကြားထဲတွင် မြင်တွေ့နေရသော မျက်နှာဖြူဖြူတွေသည် တကယ့်အစစ်အမှန်တွေရောဟုတ်ရဲ့လား။

မတူညီတဲ့ကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို စိမ်းသက်မှုတွေကြောင့် မျက်စိစုံမှိတ်ရင်းသာ ကြောက်ရွံ့စိတ်ကို ဖြေလျှော့နေရသည်။

အိပ်မက်ဆိုရင်လည်း နိုးထပါရစေတော့။

_______Tripped in a maze________

13.10.2022

HlaingMeMeAung
AlienMi709

First horror
First collab

ဒါက ကိုယ့်မမမီ (Hlaingmemeaung)
နဲ့ အတူတူရေးမယ့် ပထမဆုံး Horrorလေးပါ။
Horror×Romace မျှမျှတတရေးဖြစ်မှာမလို့ အရမ်းတော့ကြောက်စရာကောင်းမယ်မထင်ပါဘူး။

အကယ်၍ဖတ်ရတာ သဘောကျရင် OGလိုက်ပေးကြပါဦးရှင်။
Feedbackလေးလည်း ပြန်ပေးသွားကြပါဦးဗျို့။

Updateကတော့ တစ်ပတ်(၂)ပိုင်းလောက်ပဲဖြစ်မယ်ထင်ပါတယ်။

TaeKook
NamJin

_________________________

For zawgyi

"ေဂ်ာင္ကု ျပန္ရေအာင္"

"ခဏေနအုံး"

"သူေၾကာက္ေလာက္ပါၿပီကြာ"

ေဂ်ာင္ကုသည္အျဖဴေရာင္ေက်ာင္းဝတ္စုံရင္ဘတ္ဟၿပဲကိုေကာ္လံကေနကိုင္ၿပီး လက္ႏွင့္သပ္ခ်ကာ...

"ဘာေၾကာက္တာလဲ ဒီေကာင္ငါ့ကိုၾကည့္ေနတဲ့ အၾကည့္ကိုမင္းမျမင္ဘူးလား "

ေဂ်ာင္ကုအေျပာကို ဂ်ီမင္က သက္ျပင္းခ်ကာ ေခါင္းရမ္း၏။

ဟိုတစ္ေယာက္ကလည္း နံရံမွာဖိကပ္ခံထားရတာေတာင္ နည္းနည္းေလးမွေၾကာက္႐ြံမႈမရွိ။မ်က္ေထာင့္နီႏွင့္ပင္ စိုက္ၾကည့္ေနေသးသည္။

"မင္းစာေတာ္တာတစ္ခုေလာက္နဲ႕ငါ့ကိုပမာမခန့္ လုပ္လို႔ရမယ္ထင္ေနတာလား က်စ္..."

ေဂ်ာင္ကုသည္ သူ႕အားမ်က္ေတာင္မခတ္စတမ္းစိုက္ၾကည့္ေနသူ၏ မ်က္ရိုးထင္းထင္းကို လက္ညွိုးႏွင့္လက္မသုံးကာ အနည္းငယ္ဆြဲရမ္းလိုက္သည္။
ထိုမွခ်က္ခ်င္း႐ုန္းကာ မ်က္ႏွာအားတစ္ဖက္ကိုလႊဲသြားသူက ဆြဲရမ္းကိုင္ေပါက္ပစ္ခ်င္စရာ။

"ဘာလုပ္ေနၾကတာလဲ ထယ္ေယာင္းလား"

အေနာက္ဘက္မွ ထြက္လာေသာအသံေၾကာင့္ ထယ္ေယာင္းအျပင္ ေဂ်ာင္ကုေရာ ဂ်ီမင္ပါလွည့္ၾကည့္လိုက္မိသည္။

ထိုလူသုံးေယာက္ထဲမွအရပ္ရွည္ရွည္ႏွင့္ေယာက်ာ္းတစ္ေယာက္ဆီကို ခ်က္ျခင္းဆိုသလို ေျပးကပ္သြားေသာ ထယ္ေယာင္းအား ေဂ်ာင္ကုႏွင့္ဂ်ီမင္က လိုက္ၾကည့္ေန၏။

"အနိုင္က်င့္တာမဟုတ္ပါဘူး ကြၽန္ေတာ္တို႔ကသူငယ္ခ်င္းေတြပါ...အခုက ရန္ျဖစ္ထားလို႔"

ထယ္ေယာင္းအေျဖေၾကာင့္ ေဂ်ာင္ကုေရာဂ်ီမင္ကပါ အလိုမက်သလိုၾကည့္လာသည္။ဘယ္သူကမွ ေမးျမန္းေနျခင္းမရွိဘဲ သူကဘာေတြေျဖရွင္းခ်က္ေပးေနရတာလဲ။

အရပ္ရွည္ရွည္အမ်ိဳးသားေဘးတြင္ပါလာေသာ ႏွစ္ေယာက္ကေတာ့ ထယ္ေယာင္းအေျပာကို အာ႐ုံစိုက္ေနသေယာင္။

"ဘယ္မွာသူငယ္ခ်င္းလည္း ငါမင္းကိုတမင္ၾကည့္မရလို႔လုပ္တာ ... အာ့ နာတယ္ကြ"

ေဂ်ာင္ကုလက္ေမာင္းကို ဂ်ီမင္ကဆြဲဆိတ္ကာ အံႀကိတ္ျပ၏။ ဒါက၄ေယာက္၂ေယာက္မို႔ မေျပာနဲ႕ဆိုေသာပုံစံ။
သို႔ေသာ္ ဂြၽန္ေဂ်ာင္ကုသည္ ေယာက်ာ္းစစ္စစ္တစ္ေယာက္မို႔ လုပ္ရဲလွ်င္ခံရဲသည္။

ေဂ်ာင္ကုအေျပာေၾကာင့္ ထိုသုံးေယာက္လုံးမွာေတာ့ မ်က္ေမွာင္ၾကဳတ္သြားၾကၿပီ။

"ငါ့ညီက မင္းကိုဘာလုပ္ေနလို႔လဲ"

အရပ္ရွည္ရွည္ႏွင့္တစ္ေယာက္ကေျပာလည္းေျပာ ေဂ်ာင္ကုနားကိုပါတိုးကပ္လာ၏။

"ခင္ဗ်ားညီက ေပကပ္ကပ္နဲ႕ ေမးရင္မေျဖပဲလူကိုမတူသလိုမတန္သလိုလုပ္လို႔ ၾကည့္မရတာ... ရွင္းလား"

နမ္ဂြၽန္းက နဖူးေပၚတြင္က်ေနေသာ ဆံပင္ကိုခပ္ၾကမ္းၾကမ္းသပ္တင္ပစ္သည္။တင္းမာေနတဲ့မ်က္ႏွာက ေဒါသေတြကို ေဖာ္ျပေနသလို။ထိစပ္လုမတတ္ျဖစ္ေနေသာ မ်က္ခုံးတန္းတို႔မွာ အနည္းငယ္ ထိတ္လန႔္စရာ။

"What?...ခင္ဗ်ားတဲ့ ကိုယ္တို႔က မင္းတို႔စီနီယာေနာ္"

နမ္ဂြၽန္းေဘးမွာရပ္ေနတဲ့ ဟိုေဆာ့ကပါ မေနသာသလို ဝင္ေျပာလာသည္။ဒါကိုလည္း မထိတထိလုပ္ေနေသာ ေဂ်ာင္ကုပုံမွ တကယ္ကို ေလးစားမႈမရွိသည့္ဟန္။

ငယ္ငယ္ေလးကတည္းက နမ္ဂြၽန္းနဲ႕ထယ္ေယာင္းကအိမ္နီးခ်င္းေတြမို႔ ဒီေကာင္ေလးအေၾကာင္းကိုသိသင့္သေလာက္သိသည္။
သူနဲ႕မသိလွ်င္စကားမေျပာ၊ ေမးရင္ေတာင္သူစိတ္ရမွေျဖတာျဖစ္လို႔ ဒါကိုလည္းအျပစ္ေျပာလို႔မရ။ နားလည္ေနတဲ့လူကျပႆနာမဟုတ္ေပမယ့္ ဒီလိုခပ္ဆိုးဆိုးေက်ာင္းသားေတြမ်က္လုံးထဲေတာ့ ဘုကလန့္ျဖစ္ေနေလာက္မည္။

"ထားလိုက္ေတာ့အစ္ကို သူတို႔ႏွစ္ေယာက္ကြၽန္ေတာ့္ကိုဘာမွနာက်င္ေအာင္မလုပ္ပါဘူး"

ထယ္ေယာင္းဝင္ေျပာမွ အနည္းငယ္စိတ္ေလွ်ာ့လိုက္ပုံရတဲ့ နမ္ဂြၽန္းက စကားစကိုျဖတ္ေပးရွာသည္။မဟုတ္ရင္ ဒီမွာတင္ ျပႆနာကထပ္တက္ရဦးမွာ။

"ဒါနဲ႕မင္းတို႔ဒီထဲကို ဘယ္လိုဝင္လာတာလဲ"

"လမ္းေလွ်ာက္ဝင္လာတာေလ"

ေဂ်ာင္ကု၏ဘုကလန့္အေျဖေၾကာင့္ နမ္ဂြၽန္းက မ်က္ေမွာင္ၾကဳတ္ကာ...

"ၿခံစည္းရိုးကို သုံးေယာက္လုံးခြတက္လာတာလား"

"ၿခံစည္းရိုးမရွိပါဘူး"

"ဟိုမွာေလ အုတ္တံတိုင္းနဲ႕ၿခံစည္းရိုး"

"ဟင္"

ထယ္ေယာင္းတို႔သုံးေယာက္လုံးဆီမွာ အာေမဋိတ္သံတၿပိဳင္တည္းထြက္လာရ၏။

သူတို႔ဝင္လာတုန္းက ဘာၿခံစည္းရိုးမွေက်ာ္မတက္ခဲ့ရပါ။
အခုမွဒီၿခံစည္းရိုးေတြက ဘယ္ကေရာက္လာတယ္မသိ။
ေသခ်ာတာက သူတို႔သုံးေယာက္လုံးပတ္ဝန္းက်င္ကို သတိမထားမိခဲ့တာေတာ့အမွန္ပင္။သတိထားမိခ်ိန္မွာလည္း အရာရာဟာ နားမလည္နိုင္စရာေကာင္းေနခဲ့ၿပီ။

"ဒါဆိုဒီကအရင္ထြက္ရေအာင္"

"မင္းတို႔လာတုန္းက ဝင္ေပါက္ကိုမွတ္မိတယ္မလား"

ယြန္းဂီႏွင့္ဟိုေဆာ့၏အေျပာကို နမ္ဂြၽန္းကပါေထာက္ခံကာ...

"မနက္ျဖန္မွ ျပန္လာရွာရေအာင္"

ရာသီဥတုဟာ မသာယာေလတာေၾကာင့္ ဒီေနရာကိုလာရတဲ့ အဓိကအေၾကာင္းရင္းကို ခဏတာလ်စ္လ်ႉရႈထားကာ ျပန္ဖို႔ေတြးရသည္။

မနက္ပိုင္းအခ်ိန္ဟာ လင္းလင္းထင္းထင္းရွိမေနဘဲ အပင္ေတြခ်ဳံေတြႏွင့္ေမွာင္မိုက္ေန၏။
သူတို႔ၿခံစည္းရိုးကိုေက်ာ္ဝင္လာတုန္းက ေနေတာင္အနည္းငယ္ပူေနေသးတယ္မဟုတ္လား။

အေရွ႕က သြားေနေသာေက်ာင္းသားသုံးေယာက္မွာလည္း ေဝေဝဝါးဝါးႏွင့္ပင္။

"ခဏ မင္းတို႔လမ္းမွတ္မိတာေသခ်ာလို႔လား"

ေနရာတူတစ္ခုထဲကိုပဲ ထပ္ကာထပ္ကာျပန္လာေနရေသာ ခံစားခ်က္ေၾကာင့္ မင္ယြန္းဂီ လွမ္းေမးလိုက္သည္။

"မသိေတာ့ဘူး ကြၽန္ေတာ္တို႔လည္းဒီထဲကို တစ္ခါမွမေရာက္ဖူးဘူး"

ေဂ်ာင္ကုက ေဘာင္းဘီတြင္ၿငိလာေသာ ဆူးပန္းေတြကို လက္ျဖင့္အၾကမ္းပတမ္းခါခ်ရင္း ေဆာင့္အင့္အင့္ေျဖသည္။

ဒီေနရာက အရင္ကတည္းက ရွိေနခဲ့လားဆိုတာေတာင္မေသခ်ာေပ။ေန႕တိုင္းေက်ာင္းလာရင္ျမင္ေနက် ေခ်ာင္က်တဲ့ေနရာတစ္ခုဆိုေပမယ့္ အထဲမွာဒီလိုခ်ဳံေတြအပင္ေတြရွိေနမယ္လို႔ေတာ့ မထင္ထားမိခဲ့။ျဖတ္ခနဲ ဆတ္ခနဲသာ ၾကည့္မိခဲ့ျခင္းေၾကာင့္ျဖစ္မည္။

႐ုတ္တရက္ ေလေတြက ခပ္ျပင္းျပင္းတိုက္လာသလိုပင္။ေျခာက္ေယာက္သားရဲ႕ ဆံပင္မ်ားဟာလည္း ေလေၾကာင့္ ရႈပ္ပြေနရၿပီ။

မ်က္စိထဲဝင္ေရာက္လာတဲ့ဖုန္မႈန႔္အခ်ိဳ႕ေၾကာင့္ ထယ္ေယာင္းမ်က္စိကိုမွိတ္လိုက္ရင္း လြယ္အိတ္ႀကိဳးကို ခပ္တင္းတင္းကိုင္ထားမိသည္။

ၿပိဳက်မတတ္မဲေမွာင္လာေသာ ေကာင္းကင္ကိုေမာ့ၾကည့္ကာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကည့္မိၾက၏။

အေျခအေနေတြက ထူးဆန္းလာၿပီ။

ဒုန္း...

မိုးခ်ိန္းသံေၾကာင့္ သူတို႔၆ေယာက္လုံး မတိုင္ပင္ထားပါဘဲ တစ္ေနရာထဲသို႔ မ်က္ႏွာခ်င္းဆိုင္ စုၿပဳံရပ္လိုက္ၾကသည္။

ဟိုေဆာ့မွာေတာ့ ထိတ္လန႔္ကာ ေခါင္းေပၚပင္ လက္ကေလးတင္ၿပီး အုပ္မိုးကာကြယ္ထားမိေလသည္။

မိုးကမၾကာခင္သည္းသည္းမဲမဲ႐ြာခ်ေတာ့မည့္ပုံ လွ်ပ္စီးတလက္လက္ႏွင့္ ေလျပင္းေတြပါ တိုက္လာ၏။မုန္တိုင္းလာခါနီး ညွို႔မွိုင္းေနသည့္ ေကာင္းကင္ႀကီးႏွင့္ပင္ ခပ္ဆင္ဆင္။ဒါေပမယ့္ ဒီကာလႀကီးမုန္တိုင္းကရွိနိုင္ပါ့မလား။မုန္တိုင္းေၾကျငာခ်က္ေတြကိုလည္း သူတို႔ၾကားမထားပါဘူး။

"အစ္ကိုတို႔ ဒီထဲမွာဘာလာရွာတာလဲ"

ဂ်ီမင့္အေမးကို မေျဖၾကားခင္ နမ္ဂြၽန္း အသက္ျပင္းျပင္းရႉထုတ္လိုက္သည္။ေျပာရမွာေတာ့ ခက္သား။

"အစ္ကိုတို႔စီနီယာတစ္ေယာက္ ေပ်ာက္သြားလို႔"

"ဒီ ဒီေနရာမွာေပ်ာက္သြားတာလား"

တဟူးဟူးတိုက္ေနသည့္ ေလသံေတြၾကားက ထယ္ေယာင္းအသံကတုန္တုန္လႈပ္လႈပ္ထြက္လာသည္။ဒီေနရာက အနည္းငယ္ ရႈပ္ေထြးတာမွန္ေပမယ့္ ဘယ္လိုေၾကာင့္ လူတစ္ေယာက္ပါေပ်ာက္ရတဲ့ထိျဖစ္ရတာတုန္း။

ထိုစဥ္မွာပင္ မိုးေတြကလည္း ေဝါခနဲ႐ြာခ်လာခဲ့ၿပီ။ မနက္ပိုင္း၈နာရီအခ်ိန္ေလာက္သည္ မထင္ရေလာက္ေအာင္ ေမွာင္မိုက္ေနကာ သန္းေခါင္ယံညပမာျဖစ္လာ၏။ဒါဘယ္လိုအေနအထားလဲ။

႐ုတ္ခ်ည္းေျပာင္းလဲသြားေသာ အေျခအေနသည္ အိပ္မက္လားလက္ေတြ႕လားပင္ ေဝခြဲရခက္ေန၏။
လွ်ပ္စီးဝင္းဝင္းေတြၾကားထဲတြင္ ျမင္ေတြ႕ေနရေသာ မ်က္ႏွာျဖဴျဖဴေတြသည္ တကယ့္အစစ္အမွန္ေတြေရာဟုတ္ရဲ႕လား။

မတူညီတဲ့ကမာၻတစ္ခုကို ေရာက္ရွိသြားသလို စိမ္းသက္မႈေတြေၾကာင့္ မ်က္စိစုံမွိတ္ရင္းသာ ေၾကာက္႐ြံ႕စိတ္ကို ေျဖေလွ်ာ့ေနရသည္။

အိပ္မက္ဆိုရင္လည္း နိုးထပါရေစေတာ့။

_______Tripped in a maze________

13.10.2022

HlaingMeMeAung
AlienMi709

First horror
First collab

ဒါက ကိုယ့္မမမီ (Hlaingmemeaung)
နဲ႕ အတူတူေရးမယ့္ ပထမဆုံး Horrorေလးပါ။
Horror×Romace မွ်မွ်တတေရးျဖစ္မွာမလို႔ အရမ္းေတာ့ေၾကာက္စရာေကာင္းမယ္မထင္ပါဘူး။

အကယ္၍ဖတ္ရတာ သေဘာက်ရင္ OGလိုက္ေပးၾကပါဦးရွင္။
Feedbackေလးလည္း ျပန္ေပးသြားၾကပါဦးဗ်ိဳ႕။

Updateကေတာ့ တစ္ပတ္(၂)ပိုင္းေလာက္ပဲျဖစ္မယ္ထင္ပါတယ္။

_________________________

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

55.2K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
73.9K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
116K 18.2K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
460K 70.7K 182
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...