Note- မင်းတို့ စာရေးသူဂျယ်ရီကြွက်လေးကမရက်စက်ပါဘူး ။ အေးအေးဆေးဆေးကြူးလို့ရအောင် sunooကိုလွှတ်ပေးထားပါတယ်နော်။ ကြူချင်သူများ sunooဘဲကြူကြပါ။ -
--------------------------------------------------------------------------
Guest - Jimin /taehyung/ jungkook
.
.
.
-အချိန်တွေ ကျော်လွန်ခဲ့ပြီ ကလေးတို့။
Sunooက taehyunအိမ်ရှေ့ကိုပြောင်းလာတာတပတ်ကျော်လောက်ပါပြီ။ yeonjunလည်း ထိုအိမ်ကိုလာလွန်းလို့ sunooနဲ့တောင် အကိုကြီး ညီလေးတွေဖြစ်မှပေါ့....-
-taehyun....
သူကတော့ အေးအေးချမ်းချမ်းလေးဘဲ။
သူစားမယ် သောက်မယ် ရည်းစားလေးကိုချစ်မယ်၊ စာလုပ်မယ် ဒီလိုဖြင့်သာ သံသရာလည်နေ၏။ အခုတော့ အပြင်ထွက်ကာ လမ်းထိပ်သို့မုန့်သွားဝယ်နေတုန်း....
"Taehyun na!!!!"
"ဟင်....
ဘယ်သူလည်းမသိဘူး...
ငါဒီအသံကြားဖူးပါတယ်။ "
"Taehyun na!!!
Kang na!!!!"
-ဟိုက်....kangဆိုကတည်းက သူတို့ဘဲ။
ဒီလိုဘောင်းဘီတိုကြီးနဲ့မှ.....-
"ဂန်လေး..."
"Kookie hyung~~
Taehyungie hyung~~
Ji Ji hyung~~"
"မှတ်မိသားဘဲ....သတိရနေတာ။
အဝေးကလှမ်းကြည့်တော့ မင်းမဟုတ်ဘူးထင်တာ။
ဘယ်လိုနေလည်း...နေကောင်းလား၊ အဆင်ပြေရဲ့လား။ အဖွားရော နေကောင်းတယ်ဟုတ်....soobinရော kaiရော....အား စိတ်လှုပ်ရှားလိုက်တာ....မင်းတို့သတိရနေတာ...."
"ဟာ ယောင်းကလည်းဖြေးဖြေးမေးပါ။
ကလေးကဘယ်ကဘယ်လိုစဖြေရမှန်းသိတော့မှာမဟုတ်ဘူး။ "
"ဟုတ်...ဟုတ်ပါရဲ့။ "
"နေကောင်းပါတယ်...
Hyungတို့ရော "
"ငါတို့သုံးယောက်မကောင်းတာမြင်ဖူးလား။ "
"မမြင်ဖူးဘူး"
"ဟာ......ဟို...ဟိုမှာ" (ji)
-jiminလက်ညိုးထိုးပြရာသို့ သူတို့အကုန်အလန့်တကြားကြည့်မိလိုက်သည်။ မြင်လိုက်ရတာကမှန်။ -
"ဟိုးကမှန်ထဲမှာ ငါတော်တော်ချောလာတာမြင်ကြတယ်မလား။ " -ပြောရင်း ဆံပင်သပ်တင်လိုက်သည်။ -
- ထိုစကားကြားမှ သုံးယောက်သားလေသွားသောမျက်နှာပေးနှင့်လှမ်းကြည့်ကြလေသည်။ "😑" -
"ဘာလည်း...ချောလာတယ်လေ...ချော...ဟီး..."
"Ji Ji hyungကလည်း နောက်မယ်ဆိုတာဘဲ။ "
"ဟီးဟီး "
"ဘယ်သွားမလို့လည်း ဂန်လေးက"
"ကျွန်တော် မုန့်သွားဝယ်မလို့ လမ်းထိပ် မုန့်ဆိုင်..."
"ထင်တော့ထင်ပါတယ်...
အချိန်ပိုင်းလာလုပ်တုန်းက စတိုင်မလိုင်အပြည့်နဲ့လူက ဒီလိုt shirtနဲ့ ဘောင်းဘီတိုကိုဝတ်ထားတယ်ဆိုတော့ အနီးနားလို့ထင်လိုက်သား။ "(kook)
"Kookie hyungက တွေ့တိုင်းလူကိုဖဲ့တယ်နော်။
အဲ့ဒါကြောင့် အင်္ကျီကြယ်သီးမဆန့်တာ။ ဘနားနားမစ်တွေဘယ်လောက်တောင်သောက်လို့လည်း။ "
"အော်...ဒါကကိုယ့်ကုသိုလ်နဲ့ကိုယ်ဘဲကွာ....
အင်္ကျီကြယ်သီးက Mommy ဝယ်ပေးတာသေးနေလို့။ "
"ခ်ခ်"
"အိမ်ကိုမလိုက်ဘူးမလား။ "
"လိုက်မှာ...."
"အော်...ဟော..ဟော
မလိုက်များ မလိုက်တော့ဘူးလားလို့ အဟီးဟီးဟီး.."
"လိုက်မှာ...လိုက်မှာ "
"လိုက်...လိုက်ခဲ့လေ။
လာ..."
-သူအားနာနာဖြင့်သာ အိမ်ကိုခေါ်ခဲ့ရသည်။ -
.
.
.
-မင်းအိမ်မပြောင်းသေးဘူးဘဲ။
အဖွားရော မမြင်မိပါလား။ "
"အဖွားက ဆုံးသွားပြီ hyung"
"တကယ်လားဟင်။
Hyungစိတ်မကောင်းပါဘူး။ "
"အဖွားဆန်ကိတ်ကအရမ်းစားလို့ကောင်းတာလေ။ "
"ငါတော့လွမ်းနေရပြီ။
စိတ်မကောင်းပါဘူး ဂန်လေးရာ"
"ရပါတယ် hyungရဲ့...
အဖွားမရှိဘဲကျွန်တော်နေလာခဲ့တာ ငါးနှစ်တောင်ပြည့်တော့မှဘဲကို..."
"အွန်း...
နောက်ဆို မကြာမကြာလာခဲ့နော် hyungတို့ဆီကိုလည်း..."
"ဟုတ် hyung
ထိုင်ကြဦးလေ။ "
-သူတို့ဝိုင်းထိုင်လိုက်ကြပြီး taehyunကကော်ဖီလေးခွက်ဖျော်ကာ သူပါလာထိုင်လိုက်သည်။ -
"Hyungက ဒီကိုပြန်ပြောင်းလာတာလား။ "
"ဟင့်အင်း....
Hyungတို့က busanမှာ....."
-ထိုစကားကိုကြားသောအခါ ပြုံးနေသောtaehyunမျက်နှာက ချက်ချင်းကြီးမဲမှောင်ပြီး စူးစိုက်စွာကြည့်နေသည်။ အဘယ့်ကြောင့်ဆိုသော် ခုနကလေးတင် hyungတို့ဆီ မကြာမကြာလာခဲ့နော် ဟုပြောခဲ့လေသည်မလား။ အခုက busanမှာဆိုတော့.....-
"ဟဲဟဲ...
ငါတို့သုံးယောက်လုံးဆီမှာအငိုက်မိနေတုန်းဘဲ။ "
"hyungတို့ကလည်းနော်...."
"ဒါနဲ့ jin sambaeရော...."
"ယောက်ျားယူသွားပြီလေ"
-ကော်ဖီတစ်ငုံသောက်ပြီး ပြောလိုက်သည်။ -
"ဟင်....တကယ်လား " (ji/koo/tae)
"မဟုတ်ဘူး.... စတာ"
-ဒီတစ်ခါတော့ ဒီသုံးယောက်ခံလိုက်ရသည်။ -
"ဒီလိုမနောက်ရတာကြာပြီနော်။ "
"ဟုတ်ပ...ဆိုင်ဖျက်သွားပြီကတည်းကနော်...။ "
-ဆိုင်?
ဟုတ်တာပေါ့...ဆိုင်။
သူတို့အထက်တန်းတုန်းက အချိန်ပိုင်းလုပ်ခဲ့ရတဲ့ဆိုင်လေး။ ဒီဆိုင်က jiminအဖေရဲ့ cafeတစ်ခုဖြစ်သည်။ အဲ့တုန်းက....
"အကိုယောင်းရေ
စားပွဲ(3)ကမှာထားတဲ့ orderလေး။ "
"ထားခဲ့လိုက် ဂန်လေး။ "(tae)
"ဒါလေးကိုထောင်ဝိုင်းလေးကိုသွားပို့ပေးပါ ဂန်လေး"(ji)
"ဟုတ်ကဲ့ ji ji hyung"
-taehyun ဗန်းလေးကိုကိုင်ပြီး လာတုန်း လူတစ်ယောက်နဲ့ ဝင်တိုက်မိသည်။ -
"အ့...မှောက်...ဟာ...
ခွမ်း....
"ဂန်လေး ဘာဖြစ်သွားသေးလည်း "
"ဘာဖြစ်သွားတာလည်း ထယ်..
အဆင်ပြေရဲ့လား "
"ပြေတယ် koo
ပြေပါတယ် hyung"
-taeနှစ်ယောက်ဖြစ်နေ၍ နှစ်သံထွက်လာခြင်းပင်။ -
"ကွဲ...ကွဲကုန်ပြီ။ "
"ငါ့အင်္ကျီကိုရောဘယ်လိုပြန်လုပ်ပေးမှာလည်း။ "
"တောင်းပန်ပါတယ်
အနူးအညွန့်တောင်းပန်ပါတယ်။ "
"ကျွန်တော်ပြန်လျော်ပေးပါ့မယ်ဗျ။ "
-ဒီလိုနဲ့ taehyunရှေ့နောက်မကြည့်မှုဖြင့် တစ်ယောက်ဝမ်သုံးထောင်စီဖြင့် ဝမ်တစ်သောင်းနှစ်ထောင်ပါသွားလေသည်။ -
"တောင်းပန်ပါတယ်ကျွန်တော့်ကြောင့်နဲ့အကိုတို့ပါလျော်ပေးလိုက်ရတယ်။ ပြန်ဆပ်ပါ့မယ်။ "
"ရပါတယ် ဂန်လေးရဲ့။ "
"အဲ့လူဘက်ကလည်းမှားရဲ့သားနဲ့ကို ပြဿနာမဖြစ်ချင်လို့လျော်ပေးလိုက်ရတယ် တောက်...." (koo)
"မင်းကလေ သူခိုးပြေးမှ ထိုးကွင်းထနေတယ်။
ပြောပါလား ခုနက....
စေစောက လေးယောက်ထဲမှာလေ မင်းတစ်ယောက်တည်း မျက်နှာကဒန့်ဒလွန်ရွက်သာသာဘဲရှိတော့တာ။ " (tae)
"ဟုတ်ပ jungkookရယ်
မင်းကခန္ဓာကိုယ်ကသာ ဗလတွေနဲ့ အားလည်းမကိုးရဘူး။ " (ji)
"မင်းတို့ကလည်းကွာ.... "
"ငါတို့ပြန်ကြရအောင်...
ဆိုင်သိမ်းချိန်ရောက်ပြီမလား။ "
"အချိန်ပိုလည်းသွားတက်ရဦးမှာမလို့ ဂိုးကြမယ်။ "
"ဂန်လေးရော..."
"ကျွန်တော်အဖွားအတွက် မုန့်ဝယ်ပြီးရင် ပြန်တော့မှာ။ စိတ်မပူပါနဲ့ "
"အွန်း ဒါဆို ပြန်တော့လေ။ "
"ဟုတ် hyung"
-အဝတ်လဲခန်းထဲက အပေါ်ထပ်ကုတ်ကိုယူပြီး taehyunထွက်သွားလေသည်။ -
-ဒီကလေးက လူကြည့်တော့သာ သန်မာမဲ့ပုံ။
ငယ်ငယ်ကတည်းက မိဘတွေ ကားမှောက်ပြီးဆုံးသွားခဲ့တာ။ သူ့အဖွားကဘဲသူ့ကိုလာစောင့်ရှောက်ပေးနေခဲ့တာ။ သူ့အချစ်ကတော့ သူ့အဖွားထင်ပါရဲ့။-
.
.
.
"ဖွား သားပြန်လာပြီ"
"စောလှချည်လား ကလေး"
"ဟုတ်
Hyungတို့ အချိန်ပိုသွားကြလို့ စောစောပိတ်လာတာ။ "
"အေး အေး
ခြေလက်ဆေးပြီး ထမင်းစားဖို့လာခဲ့လိုက်။
ဖွားခူးခပ်ပြီးစောင့်နေမယ်။ "
"ဟုတ် ဖွား...
နေရောကောင်းရဲ့လား ဖွားကြည့်ရတာနုန်းသလိုဘဲ။ "
"ကောင်းပါတယ် ငါ့မြေးရယ်။ "
-taehyunသူ့အဖွားနှင့်အတူထမင်းစားပြီး ပန်းကန်တွေကူဆေးပေးခဲ့သည်။ ပြီးတာနဲ့အဖွားကို နှုတ်ဆက်ပြီး အခန်းထဲဝင်ကာ စာလုပ်နေခဲ့သည်။ soobinနဲ့kaiက ကျောင်းမတက်သူများမလား။ ဆိုတော့ သဘောက သူကတော့ မှန်အောင်တက်ပြီး သူတို့ကူးဖို့ရေးပေးရမယ်ပေါ့....
.
.
.
-ဒါက အချိန်ပိုင်းနဲ့ သူအထက်တန်းအတွက်ရုန်းကန်ခဲ့ရတာ။ ထိုအချိန်ဆိုးဝါးလှသည့်ကံကြမ္မာက သူတို့လေးယောက်ထံ ဝုန်းကနဲဝင်လာခဲ့သည်။ အွန်း...ထယ်ဟျွန်းအတွက်ကတော့ နှစ်ခုပေါ့-
"ဗျာ
ဆိုင်ကိုပိတ်ရတော့မယ် ဟုတ်လား။ "
"အေး....ဟုတ်တယ် ။
ငှားထားတဲ့ဆိုင်ခန်းစာချုပ်ကပြည့်ခါနီးနေပြီဆိုတော့ ငါတို့ဖယ်ပေးရတော့မယ်။ ထပ်ငှားနိုင်မဲ့အင်အားလည်းမရှိဘူး။ "
"ဘယ်လိုလုပ်ရမလဲ
ကျွန်တော်တို့က ကြုတ်ကျက်လိလို့ရပေမဲ့ ဂန်လေးက သူက အခုမှပထမနှစ်တက်နေတာလေ။ သူ့အဖွားလည်းရှိသေးတာကို...."
"တစ်ခြားအလုပ်တွေရှိသေးတယ်မလား ထယ်ဟျွန်းလေးက..."
"အဲ့ဒါက သူ့ကျောင်းစရိတ်လေ။
ကျွန်တော်တို့ဆီက ပိုက်ဆံက သူ့အဖွားကိုပေးနေတာ။ အဲ့ဒါသာမရှိရင် ဂန်လေးတို့မြေးအဖွားဒုက္ခရောက်သွားမယ်နော်။ ဆိုင်မပိတ်လို့မရဘူးလား။ "
"ဘာဖြစ်လို့လည်း "
"ဂန်လေး...
Taehyun..."
"အခု အခု...ဆိုင်ပိတ်တော့မယ်လို့ပြောလိုက်တာလား။ "
"ဟုတ်တယ် သား။
အတ်ကယ်တို့ဆိုင်ပိတ်ရတော့မယ်။
ဆိုင်ခန်းငှားထားတာကလည်း လပြည့်ခါနီးပြီဆိုတော့ အန်ကယ်ပိတ်ရလိမ့်မယ်။ "
"အန်...အန်ကယ်
ဘယ်တော့ပိတ်မှာလည်း"
"နောက်လလောက်ထဲမှာဘဲ "
"ရပါသေးတယ် အန်ကယ်
ကျွန်တော်အချိန်ပိုင်းထပ်ရှာထားလိုက်ပါ့မယ်။ "
"အွန်း...သားအတွက် အန်ကယ်စိတ်မကောင်းပါဘူး။ "
"အဆင်ပြေပါတယ် အန်ကယ်။
Hyungတို့အတွက်ပါ ရှာထားပေးလိုက်မယ်။"
"အွန်း"
-သူအလုပ်လုပ်ခဲ့တဲ့ ခြောက်လအတွင်း ဒီဆိုင်လေးက သူ့အတွက်သံယောဇဥ်တောင်ဖြစ်လို့နေသည်။ hyungတို့ကလည်းသူ့အပေါ်ကောင်းခဲ့ပါတယ်။ အွန်း...ဒီလိုနှုတ်ဆက်စရာအချိန်တောင်ရောက်လာမှပေါ့...-
"Hyung....Ji hyung
Kook hyung... tae tae hyung"
-သူဝမ်းသာအားရဆိုင်ကိုပြေးလာခဲ့ပေမဲ့ closeဆိုသောစာသားနှငိ့အတူ မည်သူ့ကိုမှ မတွေ့လိုက်ရချေ။ -
"ဆိုင်ပိတ်သွားပြီလား။ "
-ဖုန်းဆက်တော့လဲ မကိုင်ကြပေ။ -
-သူပြန်လှည့်ရန်ကြံနေတုန်း နှင်းဆီပန်းအိုးထဲက စာအိတ်လေးကိုတွေ့လိုက်သည်။ ယူပြီးဖွင့်ဖတ်လိုက်သည်။ -
-ဂန်လေးရေ...
Hyungတို့ပါ....အစောကြီးနှုတ်ဆက်လိုက်ရလို့စိတ်မကောင်းဖြစ်မိပါတယ်။ အခု hyungတို့ရေးခဲ့စာကိုဖတ်နေချိန် busanမှာရောက်နေတဲ့ hyungတို့ကိုတော့ သတိရနေပေးနော်။ မင်းကိုလည်း သတိရပါတယ်။ သံယောဇဉ်လည်းဖြစ်နေပြီကွယ်....ပြန်တွေ့ကြရအောင် hyungတို့ ပြန်လာခဲ့ပါ့မယ်။
ချစ်ရတဲ့ ဂန်လေးရေ
Kookie hyungပါ....ဝမ်သုံးထောင်ကိုနောက်မှပြန်ဆပ်ပါတော့ကွာ။ အဟင့်....
Sarahae Kang na!!
အချိန်ပိုင်းအလုပ်က အချောဆုံးအကိုကြီးများမှ။ -
-သူစာဖတ်ပြီးချိန်မှာတော့ မျက်ရည်စတွေကိုသုတ်ပြီး တိုင်ကိုတစ်ချက်ကြည့်ပြီးခေါင်းညိမ့်လိုက်သည်။ ခွဲခွာချိန်တောင်ရောက်ပြီ အခန်းငယ်...-
"ဖွားရေ...ကျွန်တော်ပြန်လာပြီ။ "
ဖွား....ကျွန်တော်ပြန်လာပြီ။ အိပ်နေတာလား "
"ဖွား....ထမင်းစားကြရအောင်...သားပြန်လာပြီ။ "
"ဖွား...ထဦးလေ...."
-သူဘယ်လောက်ခေါ်ခေါ်ပြန်မထူးသောအဖွားကို စိတ်ပူလာသည်နှင့် သော့အပိုယူကာ ဖွင့်လိုက်သည်။ -
"ဖွား!!!!!"
-ကြမ်းပြင်မှာ လဲကျနေသော ဖွားကိုတွေ့ပြီး ပွေ့ချီလိုက်သည်။ ပြီးတာနဲ့ အသားကုန်အော်ခေါ်ခဲ့သည်။ -
"ဖွား....ထဦးလေ။
ထပါဦးဗျာ....ထမင်းစားကြရအောင်လို့..ဖွား...."
-သူ119ကိုဖုန်းခေါ်ပြီးတာနဲ့ soobinနှင့် kaiဆီပါဖုန်းဆက်လိုက်သည်။ -
"Taehyun na!!
သား...ထယ်ဟျွန်း..."
"အန်တီ...ဖွား...ဖွားက..."
"သားရယ်...အန်တီတို့ရှိတယ်လေ။ "
(အန်တီဆိုတာ ဆူဘင်းနဲ့အတူနေတဲ့ အဒေါ်အီပါ။ )
"ငါတို့ရှိတယ်နော်...ငါတို့"
-ထယ်ဟျွန်းကိုနှစ်သိမ့်ပေးရင်း သူတို့ပါငိုခဲ့ကြသည်။-
-အဖွားရဲ့ဇာပန အတွက် ရပ်ကွက်ထဲကလူတွေက အားလုံးစုလုပ်ပေးပြီး အမျိုးတွေကဘဲ ဦးဆောင်ခဲ့သည်။ တစ်ချို့သူတွေကလည်း taehyunကြောင့်ဆိုပြီးအပြစ်တင်ခဲ့သည်။ အသိစိတ်တောင်ကပ်ပုံမရတဲ့taehyunကတော့ ထိုစကားတွေကြောင့် ပိုဆိုးနေခဲ့သည်။ ဘာပြောပြော သူရှေ့က ကာကွယ်ပေးခဲ့တာကတော့ jin hyungတို့ရဲ့မိသားစုပင်။ တစ်ခြားအမျိုးတွေက အပြစ်တင်နေချိန် jin hyungကတော့ သူ့ကိုအားပေးခဲ့သည်။ -
.
.
.
-ထိုအကြောင်းတွေကို သူတို့လေးယောက်ပြန်ပြောကြရင်း စကားဖောင်ဖွဲ့နေကြသည်။ -
"Hyungတို့စိတ်မကောင်းပါဘူးကွာ။
အခုတော့အဆင်ပြေနေတယ်မလား။ "
"ဟုတ်...jin hyungရဲ့cafeမှာ အလုပ်လုပ်နေတယ်။ "
"ကောင်းတယ်....hyungတို့လည်း နောက်မှလာလည်ခဲ့မယ်။ "
"ပြန်ကြရအောင်...taehyunကိုနှောက်ယှက်တာများပြီ။ "
*ဟော...ဒီလိုအလိုက်သိတတ်တဲ့hyungတွေပါလေ။ *
-jungkook Taehyung နဲ့ jiminပြန်သွားချိန်မှာတော့ သူအိမ်ထဲပြန်ဝင်ရန်လုပ်နေချိန် အိမ်ရှေ့အိမ်က ပါမောက္ခကြီးထွက်လာခဲ့သည်။ -
"ဧည့်သည်တွေထင်တယ်။"
"ဟုတ်ကဲ့ ပါမောက္ခကြီး"
"အေး...အထဲဝင်တော့လေ သား။
ညမှောင်လာတော့မှာဆိုတော့အေးတယ်...."
"ဟုတ်ကဲ့ "
-သူပါမောက္ခကြီးကိုရင်းနှီးသလိုရှိနေတယ်၊ ယောန်ဂျွန်းရဲ့အမေဆိုတော့ သူလန့်သွားတာထင်ပါ၏။ သူ့လိုလူမျိုးနဲ့ငါကဘယ်မှာတွေ့ဖူးရမှာလည်း။ -
-ထို့နောက်သူတို့ရှေ့သို့ကားတစ်စီးတိုက်ဝင်လာခဲ့သည်။ ပါမောက္ခကြီးက ထိုကားပေါ်သို့တက်ရန်ပြင်နေသည်။ ထယ်ဟျွန်းလည်းနှုတ်ဆက်ပြီး အထဲပြန်ဝင်ရန် နောက်လှည့်သွားခဲ့သည်။-
"ငါလာမယ် ဟျိုအင်း"
"ရပါတယ် အကိုဂန်ရယ်။ "
-ထယ်ဟျွန်းက အိမ်ထဲအဝင် ဂန်ဆောင်းဂျယ်က ကားထဲအထွက်ဖြစ်သည်။ ထို့နောက် ဟျိုအင်းကို တခါးဖွင့်ပေးပြီး သူကားထဲပြန်ဝင်ကာ မောင်းထွက်သွားခဲ့သည်။ -
-တစ်ချို့ကံကြမ္မာတွေက နီးလျက်နဲ့ဝေးသွားတတ်တယ်။ အချိန်မတန်သေးရင် ရှိနေတာတောင် ပွတ်ကာသီကာလွဲနေရတဲ့အဖြစ်မျိုး။ တစ်ချို့ကြလည်း ချစ်နေမှန်းတောင်မသိကြတာမျိုးလည်းရှိသည်။ -
.
.
.
*FOREVER*
Typeတစ်ထောင်ကျော်ပျက်သွားလို့အစကပြန်ရိုက်ရတဲ့အဖြစ်ပါ ချစ်သူတို့။
#jerry