စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စ...

By MayPonePyinHan26

59.7K 3.4K 176

အသွင်မတူကောင်လေးနှစ်ယောက်ရဲ့ ငယ်ဘဝမှ တစ်သက်တာသို့....🍃 အသြင္မတူေကာင္ေလးႏွစ္ေယာက္ရဲ့ ငယ္ဘဝမွ တစ္သက္တာသို႔... More

Author's Note
လင်းစေယံ/လင္းေစယံ
ရှင်းသုမောင်/ရွင္းသုေမာင္
1
2
3
4
5
6
7
8
9
»»Art Gift««
10
11
12
13 (Uni)
13 (Zaw)
14
15
16
17
19
20
21
22
23
24 (Final)
Sweet Family Peace Lily
ကျေးဇူးတင်လွှာနှင့်ဝန်ခံချက်

18

1K 78 2
By MayPonePyinHan26

(Z)

တစ္စံုတစ္ေယာက္ရဲ့ အသက္ရႉထုတ္သံနဲ႔အတူ
လင္းေစရဲ့ မ်က္လံုးေတြ ျဖည္းျဖည္းခ်င္းပြင့္လာသည္။ လိုက္ကာပြင့္ေနတဲ့ အျပင္ဘက္ပတ္ဝန္းက်င္ကို လွမ္းၾကည့္ေတာ့ ေနမထြက္ခင္ အံု႔ေနတဲ့ ေကာင္းကင္ကို ေတြ့လိုက္ရသည္။ ကိုယ့္လက္ေမာင္းေပၚက ကေလးငယ္ကို
ငံု႔ၾကည့္ေတာ့လည္း ႏွစ္ၿခိဳက္စြာ အိပ္ေမာက်လ်က္...။ ဒီလိုေန့ရက္ေတြကို အၿမဲပိုင္ဆိုင္ရေစဖို႔ ဘာေတြမ်ား ရင္းႏွီးရပါ့မလဲ။

တိုင္ကပ္နာရီက တခ်ပ္ခ်ပ္ျမည္သံေၾကာင့္ လွည့္အၾကည့္မွာ ရွင္းက ကိုယ့္ရင္ခြင္ထဲ ပိုတိုးကပ္ရင္း ကိုယ့္ရင္ဘက္ေပၚ လက္လွမ္းတင္သည္။
"ရွင္း ႏိုးေနရင္ ထေတာ့ မနက္ေနထြက္ေတာ့မယ္"

လင္းေစေျပာေတာ့ ရွင္းက
မ်က္လံုးမဖြင့္ဘဲ ေမးခြန္းျပန္ထုတ္သည္။
"ဘယ္အခ်ိန္ရိွၿပီလဲ"

"မနက္ ငါးနာရီထိုးေတာ့မယ္ ထေတာ့ ခဏေန အေမတို႔ အခန္းျပင္ထြက္လာၾကေတာ့မယ္"
"အိုေခ အိုေခ ငါထၿပီ ငါ..."
စကားေျပာရင္းတန္းလန္း ျပန္အိပ္ေပ်ာ္သြားတာေၾကာင့္ လင္းေစ မ်က္လံုးျပဴးမိသြားသည္။ ဒီဘေလာ့ဂါေလးက အရမ္းအအိပ္မက္တာပဲ။
"ရွင္း မင္းထမွာလား ငါကလိထိုးရမွာလား"
"..."
ရွင္းဘက္က ဘာမျွပန္မေျပာတာနဲ႔ လင္းေစလည္း ငုတ္တုတ္ထထိုင္ကာ ရွင္းရဲ့ ဗိုက္နဲ႔ခါးေတြကို ကလိထထိုးေတာ့သည္။
အဲ့အခ်ိန္ 'ဘာလုပ္ေနတာလဲ'ဆိုတဲ့ပံုစံနဲ႔
မ်က္ေမွာင္ၾကဳတ္ၿပီး ထလာတဲ့ရွင္း။
"မင္းဘာလုပ္ေနတာလဲ"
"ကလိထိုးေနတာေလ မင္းမယားဘူးလား"
"ငါဘယ္တုန္းက မင္းကလိထိုးရင္ ယားဖူးလို႔လဲ သူမ်ားအိပ္ေနတာကို လာေနွာင့္ယွက္တဲ့ေကာင္ ငါနဲ႔ေတြ့မယ္"

"ဟင္...ဟင္ မင္းဘာလုပ္မလို႔...။ လႊတ္...
ေတာ္ၿပီ ကလိမထိုးနဲ႔ေတာ့ ရွင္း...။ ငါယားတယ္ ေမာင္ရဲ့ ေတာ္ၿပီ"

ကလိထိုးၿပီး အိပ္ရာကႏိႈးမလို႔ ႀကံစည္ရင္း ကိုယ္တိုင္ ကလိထိုးခံလိုက္ရတဲ့အျဖစ္။
လင္းေစတစ္ကိုယ္လံုး အိပ္ရာေပၚ အလူးလူးအလိွမ့္လိွမ့္နဲ႔
ရွင္းရဲ့ လက္ႏွစ္ဖက္ကေန ေရွာင္တိမ္းေနမိသည္။
မနက္ခင္းေနေရာင္ျခည္ မထြက္ေပၚေသးတဲ့ အခ်ိန္ေလးမွာ
ကိုယ္တို႔ႏွစ္ေယာက္ရဲ့ အၿပံဳးပန္းေတြက ေဝဆာရႊန္းပလို႔...။
ေနခ်င္ခဲ့တဲ့ ဘဝပံုစံက ဒီလို။

ရွင္းကို အခန္းထဲမွာ ထားခဲ့ၿပီး လင္းေစက ေနာက္ေဖးမီးဖိုေခ်ာင္ထဲကို
ေခ်ာင္းၾကည့္လိုက္သည္။
မနက္စာျပင္ဆင္ေနတဲ့ ေဒၚမိကို အကဲခတ္ရင္း ရွင္းကို ျပန္သြားေခၚသည္။ ေဒၚမိ အေနာက္မွာ အာရံုမ်ားေနတုန္း လင္းေစက ရွင္းကို အိမ္ေရ႔ွေပါက္ကေန ျပန္လႊတ္ရသည္။
"ျမန္ျမန္ျပန္ေတာ့ မင္းအိမ္ကလည္း စိတ္ပူေနေတာ့မယ္"
"ဒီညေနလာႀကိဳမယ္ေနာ္"
"ငါဖုန္းဆက္လိုက္မယ္ေလ"
"အင္း သြားၿပီ"
လက္တစ္ခ်က္ျပၿပီး ၿပံဳးျပသြားတဲ့ သူ႔ပါးမွာ ပါးခ်ိဳင့္ခြက္ေလးတစ္ခုက ထင္းခနဲ။
ဆယ္ေက်ာ္သက္ေတြလည္း မဟုတ္ဘဲ အခုမွ ငယ္မူထျပန္ေနသလို ခံစားခ်က္မ်ိဳးက တစ္ခ်ိန္ခ်ိန္ လူႀကီးေတြ သိသြားရင္ဆိုတဲ့
စိုးရိမ္စိတ္ေၾကာင့္ ျဖစ္တည္လာတာ။

ဝန္ခံဖို႔အတြက္ ႀကိဳးစားတိုင္း အေမ့ပါးေပၚက်ဆင္းလာမယ့္
မ်က္ရည္ေတြကို ေတြးပူၿပီးအားနာရျပန္တယ္။
ကိုယ္ႀကိဳးစားခဲ့သမ်ွက အေမ့အတြက္ပဲမို႔လို႔
ကိုယ့္ဆႏၵကို လိုက္ေလ်ာဖို႔ ေတာင္းဆိုရေအာင္လည္း
အေမ့ကို အႏိုင္က်င့္ရာ က်မေနခ်င္ဘူး။
ကိုယ္တိုင္က အေတြးမ်ားၿပီး ရင္ဆိုင္ဖို႔ တြန္႔ဆုတ္ေနသူမို႔
တဇြတ္ထိုးဆန္တဲ့ ရွင္းကေရာ အခုေနဘာေတြေတြးေနမလဲ
သိခ်င္မိသည္။

                  »»————><————««

မနက္အေစာႀကီး ရွင္း အိမ္ထဲ လမ္းေလ်ွာက္ဝင္လာတာ ျမင္ေတာ့
အေပၚထပ္က စာက်က္ေနတဲ့ စင္းတစ္ေယာက္ေၾကာင္သြားသည္။
သူ႔အစ္ကိုလိုလူမ်ိဳးက မနက္အေစာႀကီး လမ္းထေလ်ွာက္မယ့္လူမဟုတ္တာကို သူသိသည္။

မနက္ ေျခာက္နာရီထိုးခါနီးေလာက္မွာ
က်ူရွင္ရိွတဲ့ စင္းက မနက္စာစားရန္
အိမ္ေအာက္သို႔ဆင္းလာလိုက္သည္။ မိသားစံုစံုလင္လင္နဲ႔ မနက္စာစားပြဲဝိုင္းက စင္းကို ေစာင့္ႀကိဳလ်က္။

"ကိုကို စင္းကိုက်ူရွင္လိုက္ပို႔ပါလား"

"အေဖလိုက္ပို႔ေနက်ပဲမလား"

"အရင္တုန္းကက်ေတာ့ ေက်ာင္းကိုလိုက္ပို႔ခ်င္လြန္းလို႔ အတင္းေတြ လာႏိႈးေနက်မဟုတ္ဘူးလား"

"အဲ့ဒါေက်ာင္းေလ က်ူရွင္မွမဟုတ္တာ။ ၿပီးေတာ့ ငါလိုက္မပို႔ခ်င္လို႔ မပို႔တာ ဘာျဖစ္လဲ"

"အဲ့ကိုကို တစ္ခုခုေတာ့ တစ္ခုခုပဲ ရည္းစားရေနတာမလား"

"အဲ့ဒါနင္ေမးစရာလား"
စင္းရဲ့ ရုတ္တရက္ေမးခြန္းေၾကာင္း ရွင္းတံေတြးနင္သြားေပမဲ့ ကိုယ့္ကိုယ္ကိုယ္သတိထားႏိုင္တာေၾကာင့္ စင္းရဲ့ေခါင္းကို ပုတ္ရင္း မာန္မဲလိုက္သည္။
ရွင္းရည္းစားရမယ့္ကိစၥဆိုေတာ့ အေဖနဲ႔အေမကလည္း စိတ္ဝင္စားသြားသည္။

"ဟုတ္လား သားရည္းစားရေနၿပီလား"

"အေမရာ မိစင္းစကားမ်ား အဟုတ္မွတ္လို႔"

"ဟုတ္ေနရင္ေရာ...။ အေမတို႔လည္း သိခ်င္တာေပါ့"

"ေပါက္ကရေတြေလ်ွာက္ေျပာေနတာ သားရည္းစားရရင္ အေမတို႔နဲ႔မိတ္ဆက္ေပးမယ္ စိတ္ခ်"

ရွင္းရဲ့ အာမခံစကားေၾကာင့္ ေဒၚရူပါတို႔ လင္မယား
စိတ္ေက်နပ္သြားၾကသည္။

"ဪ...ဒီတစ္ေခါက္စာေမးပြဲၿပီးရင္ သီတင္းကြၽတ္ေက်ာင္းပိတ္ၿပီသိလား စင္းတို႔မိသားစု ခရီးထြက္ၾကမလား"

"ကိုယ့္စာကိုယ္သာ လုပ္စမ္းပါ ငါဆယ္တန္းတုန္းကဆိုေလ နင့္လိုဆိုင္လည္းေလ်ွာက္မထိုင္ဘူး
ရိွသမ်ွၿပိဳင္ပြဲေတြလည္း လိုက္မၿပိဳင္ဘူး ေက်ာင္းစာပဲ လုပ္တာ။ ခရီးထြက္ဖို႔ဆိုေဝး"

"အဲ့လိုအျပင္ဗဟုသုတမရိွလို႔ အမွတ္မေကာင္းတာ"

"ဘာ...ဘာေျပာတယ္ ႏွစ္ဘာသာဂုဏ္ထူးပါတဲ့ငါက အမွတ္မေကာင္းဘူးတဲ့ဟုတ္လား။ ေအး နင့္စကားနင္မွတ္ထား
ေဆးမွတ္မမီလို႔ကေတာ့ ေက်ာင္းထုတ္ၿပီး ဆိုင္မွာ စားပြဲထိုးလုပ္ခိုင္းလိုက္မယ္"

"စိန္လိုက္ေလ တကယ္လို႔စင္းေဆးမွတ္မီရင္ ကိုကို႔လုပ္အားခနဲ႔ စင္းကို ေက်ာင္းထားေပးရမယ္ အေမတို႔ပိုက္ဆံ မပါေၾကး"

"ရတယ္ နင္သာကိုယ့္စာကိုယ္ေသခ်ာလုပ္"

ကိုယ့္ဘဝကိုယ္စီမံၿပီး ေလာင္းေၾကးထပ္ရဲၾကတဲ့
သားနဲ႔သမီးေၾကာင့္ ေဒၚရူပါတို႔မွာ ခပ္ၿပံဳးၿပံဳး။
ဒီလိုစိတ္ဓာတ္ေတြေလးေတြေၾကာင့္ သူတို႔မွာ စိတ္ခ်လက္ခ် ေနႏိုင္ၾကတာေပါ့။

»»————><————««

ညေနက်ေတာ့ ထံုးစံအတိုင္း လင္းေစကို
သြားႀကိဳျပန္သည္။
အရင္ေန့ေတြကလိုပဲ ေဒါက္တာကဆိုင္ကယ္ေဘးမွာ မတ္တတ္ရပ္ေစာင့္ေနသည္။
ရွင္း သူ႔အနားေရာက္ေတာ့ ဆိုင္ကယ္ေပၚတက္ရင္း
ရွင္းကို အေနာက္ကေန ခြထိုင္ေစသည္။
ဆိုင္ကယ္စထြက္ၿပီဆိုတာနဲ႔ ရွင္းက လင္းေစရဲ့ခါးကို မသိမသာနဲ႔ ဖက္လိုက္သည္။ လင္းေစရဲ့ အနားကို ကပ္ရင္း ရွင္းေမးလိုက္သည္။
"သတင္းကြၽတ္က်ရင္ ငါတို႔ႏွစ္ေယာက္ ခရီးထြက္ၾကမလား"

"ဘယ္ႏွစ္ရက္ရက္ေလာက္ၾကာမွာလဲ"

"ဟာ...ဘယ္ကိုသြားမွာလဲထက္ ဘယ္ေလာက္ၾကာမွာလဲကို
စိတ္ပူေနတာလား ဒီေဒါက္တာက အလုပ္အရမ္းမ်ားတာပဲ ဟူး"

"မဟုတ္ပါဘူး ရက္ရွည္ဆို အိမ္က သံသယဝင္မွာစိုးလို႔"

“အင္း ဒါဆိုလည္း ႏွစ္ရက္သံုးရက္ေလာက္ အင္းေလးသြားၾကမယ္ေလ”

"Travel Bloggerေလးက ေရြးေပးတဲ့ေနရာဆိုေတာ့လည္း
သြားၾကည့္ရတာေပါ့ ဟန္းနီးမြန္းခရီးအျဖစ္နဲ႔ေလ…ေနာ္"

“အင္းဟုတ္တယ္”

ပထမဆံုးအႀကိမ္ ႏွစ္ေယာက္တည္းသြားရမယ့္
ခရီးမို႔ ရွင္းေရာ လင္းေစပါ စိတ္လႈပ္ရွားေနၾကသည္။ ၿပီးေတာ့ ခရီးသြားတာေတြ နားထားတဲ့ ဘေလာ့ဂါတစ္ေယာက္ျဖစ္တာေၾကာင့္ လိုအပ္မယ့္အသံုးအေဆာင္ေတြအတြက္ အရင္လာကမ္းလမ္းထားတဲ့ေၾကာျငာသမားေတြကို လက္ခံၿပီျဖစ္ေၾကာင္း အေၾကာင္းျပန္ရသည္။

ဒီၾကားထဲ စပြန္ဆာေပးထားတဲ့ ခရီးသြားကုမၸဏီက အင္းေလးက Hotelပိုင္ရွင္ကို အသိေပးတာေၾကာင့္ Hotelနာမည္ပါ ေၾကာ္ျငာေပးဖို႔ လက္ခံလိုက္ရသည္။
ဒီအေၾကာင္းေတြကို လင္းေစက သိေတာ့ သက္ျပင္းခ်ရင္း ဒီလိုေျပာသည္။
"ငါက မင္းကို လိုက္ပို႔ေပးခ်င္တာကို"တဲ့...။
ဆိုလိုတာက ခရီးစဉ္တစ္ေလ်ွာက္လံုးအတြက္ သူက အကုန္အက်ခံခ်င္တာပါေပါ့။
ပိုက္ဆံမကုန္ရလို႔ စိတ္ညစ္သြားတဲ့ ေဒါက္တာရယ္ပါ။

“စိတ္ပူမေနနဲ႔ ငါ့အတြက္ ဓာတ္ပံုလွလွေလးေတြသာ ရိုက္ေပး”

“ရိုက္ေပးမွာေပါ့။ ငါဟိုေန့ကေတာင္ မင္းရဲ့Pageထဲဝင္ၾကည့္ေသးတယ္ ခရီးထြက္ခါနီးရိုက္တဲ့ပံုေတြက လြဲရင္ က်န္တဲ့ပံုေတြက ရႈခင္းပံုေတြခ်ည္းပဲ။ Camera manေလးဘာေလး မငွားဘူးလား”

“အစကေတာ့ ေဇာ္နဲ႔သြားဖို႔ စီစဉ္ပါေသးတယ္။ ဒါေပမဲ့သူကမိန္းကေလးဆိုေတာ့ ညအိပ္ခရီးေတြအတြက္က အဆင္မေျပဘူးေလ။ သူကေတာ့ သူ႔အသိေတြနဲ႔ မိတ္ဆက္ေပးပါတယ္ ငါကိုကတစ္ေယာက္တည္း ခရီးသြားခ်င္လို႔ျငင္းလိုက္”

“ဒီလိုဆို ခက္ၿပီေပါ့။ ငါက မင္းရဲ့ကိုယ္ပိုင္Cameramanျဖစ္ခ်င္ေပမဲ့ အလုပ္အကိုင္က ဆရာဝန္ျဖစ္ေနတယ္”

“ကိစၥမရိွပါဘူး မင္းကိုလုပ္ေကြၽးဖို႔အတြက္ဆိုရင္ေတာ့ တစ္ေယာက္တည္းလည္း ခရီးထြက္ႏိုင္ပါတယ္”

“ဟမ့္…စကားက တတ္ျပန္ၿပီ”

ခရီးထြက္မယ့္ေန့မွာ လင္းေစက မနက္ေစာေစာထၿပီး ဘုရားဆြမ္းေတာ္၊ ေသာက္ေတာ္ေရခ်မ္းကပ္သည္။ ေဒၚမိျပင္ေပးတဲ့ မနက္စာကို စားရင္း ရွင္းဆီလည္း အဆင္သင့္ျဖစ္ၿပီျဖစ္ေၾကာင္း လွမ္းေျပာရေသးသည္။
“ငါလည္းထြက္လာေနၿပီ လမ္းထိပ္မွာ ေစာင့္ေနမယ္”
ရွင္းရဲ့ျပန္စာကို ရၿပီးမၾကာခင္မွာ
လင္းေစမနက္စာစားျခင္းကို အဆံုးသတ္ၿပီး အိမ္ကေန စတင္ထြက္ခြာေတာ့သည္။
ဘာတစ္ခုမွ သိပ္ၿပီးမ်ားမ်ားစားစားမပါတဲ့ ေက်ာပိုးအိတ္ထဲမွာ ရွင္းအတြက္ သေရစာေတာ္ေတာ္မ်ားမ်ားေတာ့ ပါလာခဲ့သည္။
လမ္းထိပ္ကိုေရာက္ေတာ့ အဆင္သင့္ရပ္ေစာင့္ေနတဲ့ ကားအျဖဴေလးကို ေတြ့လိုက္သည္။ ရွင္းကလည္း ကားေပၚကေန ေခါင္းထြက္ရင္း လက္လွမ္းျပသည္။ လင္းေစ ကားေပၚကိုတက္ရင္း ရွင္းအနားမွာဝင္ထိုင္လိုက္သည္။
“ေစာင့္ရတာ မၾကာေသးဘူးမလား”
“မၾကာေသးပါဘူး”

တစ္ေယာက္နဲ႔တစ္ေယာက္ ႏႈတ္ဆက္စကားေျပာေနတုန္းမွာပဲ ကားDriverဟာ ကားကိုစတင္ေမာင္းႏွင္ေတာ့သည္။ လင္းေစ Facebookကိုဖြင့္ရင္း အင္းေလးမွာ ဘာပြဲေတြရိွမလဲဆိုတာ ေလ်ွာက္ရွာေနမိသည္။ အဲ့အခ်ိန္ မိမိရဲ့ဘယ္ဘက္နားထဲကို တစ္စံုတစ္ခု လာထည့္တဲ့ ရွင္း။ လင္းေစလွည့္ၾကည့္ေတာ့ ရွင္းရဲ့နားမွာလည္း တစ္ခုရိွေနသည္။
ရွင္းေျပာတာက “နားေထာင္ၾကည့္ ငါခရီးသြားရင္ အဲ့သြားမယ့္ခရီးနဲ႔ ပတ္သတ္တဲ့ သီခ်င္းကို အၿမဲနားေထာင္တယ္ မႀကိဳက္ရင္ေတာ့ ေျပာေနာ္ ငါသီခ်င္းေျပာင္းေပးမယ္”

“မင္းရဲ့အမူအက်င့္ေလးေတြမို႔လို႔ မႀကိဳက္ဘူးဆိုတာ မရိွဘူး”
ရွင္းၿပံဳးမိသြားသည္။ အဲ့ေနာက္မွာ စတင္ထြက္ေပၚလာတဲ့ သီခ်င္းသံနဲ႔အတူ အရင္တစ္ေခါက္ေရာက္ဖူးတဲ့ အင္းေလးကန္ႀကီးကို ပံုေဖာ္ၾကည့္မိသည္။ ပထမတစ္ေခါက္သြားတုန္းက အခုလိုပြဲေတာ္ရက္မဟုတ္တာေၾကာင့္ အင္းေလးေဒသရဲ့ သေဘာသဘာဝကိုသာ Pageမွာ တင္ဖူးခဲ့သည္။ အခုေတာ့ ေနာက္ထပ္အေၾကာင္းအရာတစ္ခုျဖစ္တဲ့ သီတင္းကြၽတ္ပြဲေတာ္အေၾကာင္းေပါ့။
ေလဆိပ္ကို ေရာက္ေတာ့ ႏွစ္ေယာက္သား ေပါ့ေပါ့ပါးပါးကားေပၚကဆင္းၾကရင္း လက္ခ်င္းတြဲကာ ၿပံဳးမိၾကသည္။ တကယ့္လက္ေတြ့ ဟန္းနီးမြန္းက ဒီထက္ေပ်ာ္စရာေကာင္းဖို႔ ေမ်ွာ္လင့္မိပါသည္။
တစ္လမ္းလံုး သီခ်င္းနားေထာင္၊ စကားေျပာၾက၊ တစ္ေယာက္ပခံုးေပၚတစ္ေယာက္ေခါင္းအံုးရင္း အတန္ၾကာတဲ့အထိ ေလယာဉ္ေပၚမွာ အိပ္ေပ်ာ္သြားခဲ့ၾကသည္။

»»————><————««

ဟိုတယ္ထဲကို မဝင္ခင္မွာ လာႀကိဳတဲ့ ကားနဲ႔အတူ ရွင္းကို ဓာတ္ပံုရိုက္ေပးရသည္။ ဟိုတယ္ထဲဝင္ခါနီးက်ေတာ့လည္း ဟိုတယ္ရဲ့အေဆာက္အအံုနဲ႔အတူ အေဝးကေန လွမ္းရိုက္ေပးရျပန္သည္။
“ရွင္း အဲ့တိုင္းေလးေန ငါဟိုဘက္ကေန တစ္ခ်က္ရိုက္ၾကည့္မလို႔”
ေျပာလည္းေျပာ တစ္ဖက္ျခမ္းကိုလည္း အေျပးေရာက္သြားတဲ့ လင္းေစက ရွင္းရဲ့စီးပြားအတြက္ ပံ့ပိုးေပးဖို႔ အဆင္သင့္။
“မိုက္တယ္ ဒီမွာၾကည့္”
သူရိုက္ထားတဲ့ ပံုေတြကို သေဘာတက်လာျပတဲ့ လင္းေစေၾကာင့္ ရွင္း ဖုန္းထဲက ပံုေတြကို မၾကည့္မိဘဲ လင္းေစရဲ့ ျမဴးထူးေနတဲ့မ်က္လံုးေတြကိုသာ စိုက္ၾကည့္မိသည္။
“ငါနမ္းခ်င္တယ္ လင္းေစ”

“ဟမ္”
လင္းေစ ေၾကာင္ေတာင္ေတာင္ေလးနဲ႔ တံခါးနားက လံုၿခံဳေရးေကာင္ေလးေတြကို လွည့္ၾကည့္မိေတာ့ ထိုေကာင္ေလးေတြမွာ ၿပံဳးေစ့ေစ့။
“ဘာေတြေျပာေနတာလဲ လာအထဲဝင္မယ္”
ဆံုးမသလို ေလသံနဲ႔ အေရ႔ွကေန ၪီးေဆာင္ဝင္သြားေသာ လင္းေစေၾကာင့္ ရွင္း သေဘာတက်ၿပံဳးမိျပန္သည္။
မသိရင္သူ႔ကိုယ္သူ လူႀကီးလူေကာင္းပါေပါ့…။

လင္းေစတို႔ေရာက္တဲ့အခ်ိန္က အနည္းငယ္ေမွာင္ေနၿပီျဖစ္တာေၾကာင့္ ေရမိုးခ်ိဳး ညစာစားၾကရင္း ေအာ္ပရာသြားၾကည့္ရန္ ျပင္ဆင္ၾကရသည္။ ဒီကိုစေရာက္တည္းက ျမန္မာ့ယဉ္ေက်းမႈအေမြအႏွစ္မ်ားထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔က စီစဉ္ႀကီးမွဴးတဲ့ ေဖာင္ေတာ္ၪီးဘုရားရာဇဝင္ေအာ္ပရာအေၾကာင္းကို ၾကားလာရတာျဖစ္သည္။
“အဲ့လိုမွန္းသိရင္ မေန့တည္းကလာပါတယ္ အခုေတာ့ခရီးကေရာက္ေရာက္ခ်င္း သြားၾကည့္ေတာ့ ပင္ပန္းတာေပါ့”

“မင္းပင္ပန္းေနရင္ မၾကည့္နဲ႔ေလ ငါသြားၾကည့္ၿပီး မင္းအတြက္ မွတ္စုေရးလာခဲ့မယ္”

“ရူးေနလား ခရီးသြားဘေလာ့ဂါက ငါေလ ငါ့အလုပ္ငါလုပ္ရမွာေပါ့ ကဲကဲသြားမယ္”
ဟိုတယ္ကို ေတာင္းဆိုၿပီး စီစဉ္ခိုင္းထားတဲ့ ရွမ္းဝတ္စံုနဲ႔အတူ ႏွစ္ေယာက္သား ေအာ္ပရာၾကည့္ရန္ထြက္လာလိုက္ၾကသည္။

အေလာင္းစည္သူမင္းလက္ထက္ကစၿပီး ယေန့အထိ ေခတ္အဆက္ဆက္ လက္ဆင့္ကမ္းက်င္းပလာခဲ့တဲ့ ေဖာင္ေတာ္ၪီးဘုရားပြဲေတာ္အေၾကာင္းကို ေဒသခံအင္းသူအင္းသားမ်ားနဲ႔တကြ စိတ္ဝင္စားဖြယ္ တင္ဆက္ကျပသြားတာျဖစ္သည္။ ရွင္းက အေရ႔ွရိွ ကျပသူမ်ားနဲ႔ ပရိတ္သတ္ေတြကို ၿခံဳငံုၿပီး ဗီဒီယိုမွတ္တမ္းယူေနေပမဲ့ လင္းေစရဲ့အလုပ္ကေတာ့ ရွင္းမ်က္ႏွာေလးကို ဓာတ္ဖမ္းအတြက္သာ ျဖစ္သည္။
ပြဲေတာ္ရက္ျဖစ္တာေၾကာင့္ လူေတြကလည္း ႀကိတ္ႀကိတ္တိုးေနၿပီး တစ္ေနရာနဲ႔တစ္ေနရာသြားဖို႔က ခဲရင္းလွသည္။ ညဉ့္ကလည္းနက္ၿပီျဖစ္တာေၾကာင့္ ရွင္းတို႔ႏွစ္ေယာက္သား ဟိုတယ္သို႔သာျပန္လိုက္ၾကသည္။

အိပ္ေတာ့လည္း အလုပ္ေပၚအာရံုစိုက္လြန္းတဲ့ ရွင္းက ေကာင္းေကာင္းမအိပ္ႏိုင္ဘဲ မနက္ေလွၿပိဳင္ပြဲၾကည့္ဖို႔သာ တက္ႂကြေနေတာ့သည္။
“လင္းေစ ငါတို႔မနက္ မထႏိုင္ရင္ ဘယ္လိုလုပ္မလဲ”
“ဘာလို႔မထႏိုင္ရမွာလဲ အဲ့ေလာက္ေပ်ာ့ေနရင္လည္း ခရီးသြားဘေလာ့ဂါလုပ္မေနနဲ႔ေတာ့”
“မင္း မင္း ေသေတာ့မယ္”
ပါးစပ္ကေျပာတာေနာက္ လက္ကေတာ့ လင္းေစရဲ့မ်က္ႏွာကို အရင္ေဆာ္ၿပီးေနၿပီ။ မက္ခဲ့ရတဲ့အိပ္မက္ေတြထဲမွာ ဒီေကာင္ေလးရဲ့အႏိုင္က်င့္ရိုက္ပုတ္မႈကလည္း တစ္ခုအပါအဝင္ျဖစ္တာေၾကာင့္ လင္းေစ သူ႔ကိုရိုက္လိုက္တဲ့ လက္ကေလးကို ကိုင္ရင္း နမ္းလိုက္သည္။ ညေတြကို ဒီလိုမ်ိဳးသာ ခ်ိဳၿမိန္ေစလိုပါသည္။

»»————><————««

ေလွၿပိဳင္ပြဲမွာလည္း ျပဇာတ္ပြဲတုန္းကလို ရွင္းက ၿပိဳင္ပြဲကိုသာ မွတ္တမ္းယူၿပီး လင္းေစက ရွင္းရဲ့ေပ်ာ္ရႊင္မႈကို အမိအရဖမ္းယူသည္။
“ငါ့ကို လွလွေလးရိုက္ေပးေနာ္”ဆိုတဲ့ အမိန္႔ေၾကာင့္ ႏွစ္ေယာက္သားစံုတြဲပံုေတာင္ မရိုက္ျဖစ္လိုက္ပါဘူး။ စက္ေလွစီးရင္း Tourist Guideေလးႏွစ္ေယာက္က ပါလာေလေတာ့ လင္းေစမွာ တစ္ေလ်ွာက္လံုး စိတ္ကူးလာခဲ့တဲ့ စံုတြဲပံုကို ရယူရန္ အကူအညီေတာင္းလိုက္ရသည္။
“ညီေလးေရ အစ္ကိုတို႔ကို ဓာတ္ပံုေလးတစ္ခ်က္ေလာက္”
ဖုန္းကို ကမ္းေပးေတာ့ ေကာင္ေလးက “ဘယ္ႏွစ္ပံုရိုက္ေပးရမွာလဲ”လို႔ ျပန္ေမးသည္။
“ရတယ္ ညီေလး ေတာက္ေလ်ွာက္သာရိုက္ ပံုတစ္ရာေက်ာ္လည္း အဆင္ေျပတယ္”

ဒီလိုနဲ႔ Tourist Guideကေန Cameramanအျဖစ္သို႔ ကူးေျပာင္းသြားတဲ့ ထိုေကာင္ေလးမွာ စက္ေလွမရပ္မခ်င္း လွတာေတြေရာ မလွတာေတြေရာ ထိုင္ရိုက္ေပးေနရေတာ့သည္။

ညဘက္မွာ မီးေမ်ွာပြဲသြားၾကရင္း တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ဓာတ္ပံုေတြ ရိုက္ျဖစ္ၾကသည္။ ေဖာ္ေရြတဲ့ေဒသခံေတြေၾကာင့္ စံုတြဲပံုေတာ္ေတာ္မ်ားမ်ားလည္း ရလာခဲ့သည္။ ေရျပင္တစ္ခုလံုး လင္းထင္းေနၿပီး  ႏွစ္ေယာက္အတူ မီးေမ်ွာတဲ့အခါမွာ ရွင္းစိတ္ထဲ ဘာေတြရိွေနမလဲ မသိေပမဲ့ လင္းေစကေတာ့ ရွင္းမ်က္ႏွာၾကည့္ရံုမွတစ္ပါး ဘာကိုမွ မေတြးမိလိုက္ပါဘူး။ ဆုေတာင္းလား…။ ဟင့္အင္း ဘာဆုမွမေတာင္းမိပါ။ လြန္ခဲ့တဲ့ႏွစ္ေတြမွာ ကိုယ္ရွင္းအေပၚထားတဲ့ စိတ္ကို အေမတို႔ လက္ခံႏိုင္ဖို႔အတြက္ ကေလးဆန္ဆန္ေန့စဉ္ေန့တိုင္း ေတာင္းဆုျပဳခဲ့ဖူးသည္။ အလိုခ်င္ဆံုးနဲ႔ မျပည့္ဝဆံုးေသာဆုေတြထဲမွာ ကိုယ့္ျဖစ္တည္မႈကို မိဘေတြလက္ခံဖို႔က တစ္ခုတည္းေသာ ဆုမို႔ အခုေနာက္ပိုင္း ျပည့္ဝေစရန္ မေတာင္းခဲ့တာ ၾကာေရာ့ၿပီ။
“လင္းေစ ပံုေလးေတြ လွရဲ့လား”
“မင္းပံုေတာ့ မသိဘူး ငါ့ပံုေတြကေတာ့လွတယ္”
“ဒီေခြး…”
ဆဲမလို႔ႀကံရင္းကေန အခါႀကီးရက္ႀကီးေန့ဆိုတာ သတိရရင္း ကိုယ့္ပါးစပ္ကိုယ္ သတိနဲ႔ပိတ္မိသြားသည္။
“ဒီကေလးကေတာ့ ဆဲမယ္ဆိုတာခ်ည္းပဲ”

“ခ်ီးကို ကေလး”

“ဟအား ဆဲျပန္ၿပီ ရိုင္းတဲ့ကေလးကို တုတ္ႀကီးႀကီးနဲ႔ ခ်ၿပီးဆံုးမမွထင္တယ္”

“ဆဲေအာင္ မင္းပဲလုပ္ေနတာေလ”

“ငါက စတာေလ မင္းကိုဆဲပါဆဲပါဆိုၿပီး ေျပာေနလို႔လား။ ေနာက္တစ္ခါ စိတ္ဆိုးတိုင္း မဆဲမိေအာင္ ဒီညဆံုးမၪီးမွနဲ႔တူတယ္”
ရွင္းရဲ့ရင္ဘက္တစ္ေနရာကို မ်က္စပစ္ရင္း အဓိပၸါယ္ပါပါေျပာလိုက္သည္မို႔ ရွင္းမွာ မ်က္ခံုးေတြေတာင္ ပင့္တက္သြားသည္။
“ငါးပါးသီလလံုတဲ့လူႀကီး ဒီေန့အခါႀကီးရက္ႀကီးေနာ္ ေပါက္တတ္ကရ အတင္းအဓမၼလုပ္ဖို႔ စဉ္းစားေနတယ္ဆိုရင္ေတာ့ ေမ့လိုက္ေတာ့ ဒီညငါက တရားနာရင္းအိပ္မွာ”
လင္းေစ အသက္ေအာင့္ကာ ဟန္ေဆာင္ၿပံဳးလိုက္ရင္း ရွင္းကို စိတ္ထဲကေနသာ က်ိန္ဆဲလိုက္သည္။
‘ေအာက္ထပ္ေရာက္မွာကို ေသေအာင္ေၾကာက္တဲ့ ေခြးေလးက အရမ္းလည္တာပဲ’

»»————><————««

ေနာက္တစ္ေန့မနက္မွာ ဟိုတယ္ပိုင္ရွင္ကို ေသခ်ာေလးႏႈတ္ဆက္ၿပီး ဟိုတယ္က စီစဉ္ေပးတဲ့ စက္ေလွကိုစီး၍ အိမ္ျပန္ဖို႔ ထြက္ခြာလာလိုက္ၾကသည္။ ပြဲမွာေရာင္းတဲ့ လက္ေဆာင္ပစၥည္းေတြ အသီးသီးဝယ္လာၾကရင္း ႏွစ္ေယာက္ဆင္တူဝတ္ဖို႔ ရွမ္းဝမ္းဆက္ေလးေတြလည္း ဝယ္ျဖစ္ခဲ့ၾကသည္။
ေနာက္တစ္ေခါက္ျပန္လာရင္ စိတ္ႀကိဳက္အၾကာႀကီးလည္ပတ္ႏိုင္တဲ့ စစ္မွန္တဲ့ဟန္းနီးမြန္းခရီးစဉ္သာျဖစ္ေစလိုပါသည္။

အရွင္ဘုရား…မယံုလိုေတာ့၍ မေတာင္းခဲ့တာၾကာၿပီျဖစ္ေသာဆုေတြထဲကေနမွ အခုကိုယ့္ပုခံုးေပၚမွီအိပ္ေနတဲ့ ဒီကေလးနဲ႔ အျမန္ေပါင္းဖတ္ဖို႔ ဆုကို မ်က္ႏွာပူပူနဲ႔ ျပန္လည္ေတာင္းခံလိုပါ၏။

_ေမပံုျပင္ဟန္_
(12.10.2022)

[အရင္ကလို စိတ္မ်ိဳးနဲ႔သာဆို ဗဟုသုတသိပ္မႂကြယ္တဲ့ ကိုယ္က နန္းရိပ္ေျမဆိုတဲ့ ကိုယ့္စိတ္ကူးထဲက ၿမိဳ႔ကိုသာ ပို႔လိုက္မိမွာပါ
ဒါေပမဲ့ စိတ္ကူးၿမိဳ႔ေတြထဲကေန ရုန္းထြက္ၿပီး
တကယ္ရိွတဲ့ ၿမိဳ႔ေတြထဲမွာသာ ဇာတ္အိမ္တည္ဖို႔ ႀကိဳးစားေနတာမို႔
အင္းေလးေဖာင္ေတာ္ၪီးဘုရားပြဲကို ပို႔ေပးလိုက္ရတာပါ
လိုအပ္ခ်က္ရိွေနရင္ ေထာက္ျပႏိုင္ပါတယ္]

အင္းေလးကိုသြားလို႔ ရွမ္းဝတ္စံုဝတ္ထားတဲ့ ေကာင္ေခ်ာေလးႏွစ္ေယာက္ကိုေတြ့ရင္ 'ရွင္းေစရန္'ဆိုတဲ့ အတြဲေလးကို သတိရေပးပါ😂

//
//
//

(U)

တစ်စုံတစ်ယောက်ရဲ့ အသက်ရှူထုတ်သံနဲ့အတူ
လင်းစေရဲ့ မျက်လုံးတွေ ဖြည်းဖြည်းချင်းပွင့်လာသည်။ လိုက်ကာပွင့်နေတဲ့ အပြင်ဘက်ပတ်ဝန်းကျင်ကို လှမ်းကြည့်တော့ နေမထွက်ခင် အုံ့နေတဲ့ ကောင်းကင်ကို တွေ့လိုက်ရသည်။ ကိုယ့်လက်မောင်းပေါ်က ကလေးငယ်ကို
ငုံ့ကြည့်တော့လည်း နှစ်ခြိုက်စွာ အိပ်မောကျလျက်...။ ဒီလိုနေ့ရက်တွေကို အမြဲပိုင်ဆိုင်ရစေဖို့ ဘာတွေများ ရင်းနှီးရပါ့မလဲ။

တိုင်ကပ်နာရီက တချပ်ချပ်မြည်သံကြောင့် လှည့်အကြည့်မှာ ရှင်းက ကိုယ့်ရင်ခွင်ထဲ ပိုတိုးကပ်ရင်း ကိုယ့်ရင်ဘက်ပေါ် လက်လှမ်းတင်သည်။
"ရှင်း နိုးနေရင် ထတော့ မနက်နေထွက်တော့မယ်"

လင်းစေပြောတော့ ရှင်းက
မျက်လုံးမဖွင့်ဘဲ မေးခွန်းပြန်ထုတ်သည်။
"ဘယ်အချိန်ရှိပြီလဲ"

"မနက် ငါးနာရီထိုးတော့မယ် ထတော့ ခဏနေ အမေတို့ အခန်းပြင်ထွက်လာကြတော့မယ်"
"အိုခေ အိုခေ ငါထပြီ ငါ..."
စကားပြောရင်းတန်းလန်း ပြန်အိပ်ပျော်သွားတာကြောင့် လင်းစေ မျက်လုံးပြူးမိသွားသည်။ ဒီဘလော့ဂါလေးက အရမ်းအအိပ်မက်တာပဲ။
"ရှင်း မင်းထမှာလား ငါကလိထိုးရမှာလား"
"..."
ရှင်းဘက်က ဘာမှပြန်မပြောတာနဲ့ လင်းစေလည်း ငုတ်တုတ်ထထိုင်ကာ ရှင်းရဲ့ ဗိုက်နဲ့ခါးတွေကို ကလိထထိုးတော့သည်။
အဲ့အချိန် 'ဘာလုပ်နေတာလဲ'ဆိုတဲ့ပုံစံနဲ့
မျက်မှောင်ကြုတ်ပြီး ထလာတဲ့ရှင်း။
"မင်းဘာလုပ်နေတာလဲ"
"ကလိထိုးနေတာလေ မင်းမယားဘူးလား"
"ငါဘယ်တုန်းက မင်းကလိထိုးရင် ယားဖူးလို့လဲ သူများအိပ်နေတာကို လာနှောင့်ယှက်တဲ့ကောင် ငါနဲ့တွေ့မယ်"

"ဟင်...ဟင် မင်းဘာလုပ်မလို့...။ လွှတ်...
တော်ပြီ ကလိမထိုးနဲ့တော့ ရှင်း...။ ငါယားတယ် မောင်ရဲ့ တော်ပြီ"

ကလိထိုးပြီး အိပ်ရာကနှိုးမလို့ ကြံစည်ရင်း ကိုယ်တိုင် ကလိထိုးခံလိုက်ရတဲ့အဖြစ်။
လင်းစေတစ်ကိုယ်လုံး အိပ်ရာပေါ် အလူးလူးအလှိမ့်လှိမ့်နဲ့
ရှင်းရဲ့ လက်နှစ်ဖက်ကနေ ရှောင်တိမ်းနေမိသည်။
မနက်ခင်းနေရောင်ခြည် မထွက်ပေါ်သေးတဲ့ အချိန်လေးမှာ
ကိုယ်တို့နှစ်ယောက်ရဲ့ အပြုံးပန်းတွေက ဝေဆာရွှန်းပလို့...။
နေချင်ခဲ့တဲ့ ဘဝပုံစံက ဒီလို။

ရှင်းကို အခန်းထဲမှာ ထားခဲ့ပြီး လင်းစေက နောက်ဖေးမီးဖိုချောင်ထဲကို
ချောင်းကြည့်လိုက်သည်။
မနက်စာပြင်ဆင်နေတဲ့ ဒေါ်မိကို အကဲခတ်ရင်း ရှင်းကို ပြန်သွားခေါ်သည်။ ဒေါ်မိ အနောက်မှာ အာရုံများနေတုန်း လင်းစေက ရှင်းကို အိမ်ရှေ့ပေါက်ကနေ ပြန်လွှတ်ရသည်။
"မြန်မြန်ပြန်တော့ မင်းအိမ်ကလည်း စိတ်ပူနေတော့မယ်"
"ဒီညနေလာကြိုမယ်နော်"
"ငါဖုန်းဆက်လိုက်မယ်လေ"
"အင်း သွားပြီ"
လက်တစ်ချက်ပြပြီး ပြုံးပြသွားတဲ့ သူ့ပါးမှာ ပါးချိုင့်ခွက်လေးတစ်ခုက ထင်းခနဲ။
ဆယ်ကျော်သက်တွေလည်း မဟုတ်ဘဲ အခုမှ ငယ်မူထပြန်နေသလို ခံစားချက်မျိုးက တစ်ချိန်ချိန် လူကြီးတွေ သိသွားရင်ဆိုတဲ့
စိုးရိမ်စိတ်ကြောင့် ဖြစ်တည်လာတာ။

ဝန်ခံဖို့အတွက် ကြိုးစားတိုင်း အမေ့ပါးပေါ်ကျဆင်းလာမယ့်
မျက်ရည်တွေကို တွေးပူပြီးအားနာရပြန်တယ်။
ကိုယ်ကြိုးစားခဲ့သမျှက အမေ့အတွက်ပဲမို့လို့
ကိုယ့်ဆန္ဒကို လိုက်လျောဖို့ တောင်းဆိုရအောင်လည်း
အမေ့ကို အနိုင်ကျင့်ရာ ကျမနေချင်ဘူး။
ကိုယ်တိုင်က အတွေးများပြီး ရင်ဆိုင်ဖို့ တွန့်ဆုတ်နေသူမို့
တဇွတ်ထိုးဆန်တဲ့ ရှင်းကရော အခုနေဘာတွေတွေးနေမလဲ
သိချင်မိသည်။

                  »»————><————««

မနက်အစောကြီး ရှင်း အိမ်ထဲ လမ်းလျှောက်ဝင်လာတာ မြင်တော့
အပေါ်ထပ်က စာကျက်နေတဲ့ စင်းတစ်ယောက်ကြောင်သွားသည်။
သူ့အစ်ကိုလိုလူမျိုးက မနက်အစောကြီး လမ်းထလျှောက်မယ့်လူမဟုတ်တာကို သူသိသည်။

မနက် ခြောက်နာရီထိုးခါနီးလောက်မှာ
ကျူရှင်ရှိတဲ့ စင်းက မနက်စာစားရန်
အိမ်အောက်သို့ဆင်းလာလိုက်သည်။ မိသားစုံစုံလင်လင်နဲ့ မနက်စာစားပွဲဝိုင်းက စင်းကို စောင့်ကြိုလျက်။

"ကိုကို စင်းကိုကျူရှင်လိုက်ပို့ပါလား"

"အဖေလိုက်ပို့နေကျပဲမလား"

"အရင်တုန်းကကျတော့ ကျောင်းကိုလိုက်ပို့ချင်လွန်းလို့ အတင်းတွေ လာနှိုးနေကျမဟုတ်ဘူးလား"

"အဲ့ဒါကျောင်းလေ ကျူရှင်မှမဟုတ်တာ။ ပြီးတော့ ငါလိုက်မပို့ချင်လို့ မပို့တာ ဘာဖြစ်လဲ"

"အဲ့ကိုကို တစ်ခုခုတော့ တစ်ခုခုပဲ ရည်းစားရနေတာမလား"

"အဲ့ဒါနင်မေးစရာလား"
စင်းရဲ့ ရုတ်တရက်မေးခွန်းကြောင်း ရှင်းတံတွေးနင်သွားပေမဲ့ ကိုယ့်ကိုယ်ကိုယ်သတိထားနိုင်တာကြောင့် စင်းရဲ့ခေါင်းကို ပုတ်ရင်း မာန်မဲလိုက်သည်။
ရှင်းရည်းစားရမယ့်ကိစ္စဆိုတော့ အဖေနဲ့အမေကလည်း စိတ်ဝင်စားသွားသည်။

"ဟုတ်လား သားရည်းစားရနေပြီလား"

"အမေရာ မိစင်းစကားများ အဟုတ်မှတ်လို့"

"ဟုတ်နေရင်ရော...။ အမေတို့လည်း သိချင်တာပေါ့"

"ပေါက်ကရတွေလျှောက်ပြောနေတာ သားရည်းစားရရင် အမေတို့နဲ့မိတ်ဆက်ပေးမယ် စိတ်ချ"

ရှင်းရဲ့ အာမခံစကားကြောင့် ဒေါ်ရူပါတို့ လင်မယား
စိတ်ကျေနပ်သွားကြသည်။

"ဪ...ဒီတစ်ခေါက်စာမေးပွဲပြီးရင် သီတင်းကျွတ်ကျောင်းပိတ်ပြီသိလား စင်းတို့မိသားစု ခရီးထွက်ကြမလား"

"ကိုယ့်စာကိုယ်သာ လုပ်စမ်းပါ ငါဆယ်တန်းတုန်းကဆိုလေ နင့်လိုဆိုင်လည်းလျှောက်မထိုင်ဘူး
ရှိသမျှပြိုင်ပွဲတွေလည်း လိုက်မပြိုင်ဘူး ကျောင်းစာပဲ လုပ်တာ။ ခရီးထွက်ဖို့ဆိုဝေး"

"အဲ့လိုအပြင်ဗဟုသုတမရှိလို့ အမှတ်မကောင်းတာ"

"ဘာ...ဘာပြောတယ် နှစ်ဘာသာဂုဏ်ထူးပါတဲ့ငါက အမှတ်မကောင်းဘူးတဲ့ဟုတ်လား။ အေး နင့်စကားနင်မှတ်ထား
ဆေးမှတ်မမီလို့ကတော့ ကျောင်းထုတ်ပြီး ဆိုင်မှာ စားပွဲထိုးလုပ်ခိုင်းလိုက်မယ်"

"စိန်လိုက်လေ တကယ်လို့စင်းဆေးမှတ်မီရင် ကိုကို့လုပ်အားခနဲ့ စင်းကို ကျောင်းထားပေးရမယ် အမေတို့ပိုက်ဆံ မပါကြေး"

"ရတယ် နင်သာကိုယ့်စာကိုယ်သေချာလုပ်"

ကိုယ့်ဘဝကိုယ်စီမံပြီး လောင်းကြေးထပ်ရဲကြတဲ့
သားနဲ့သမီးကြောင့် ဒေါ်ရူပါတို့မှာ ခပ်ပြုံးပြုံး။
ဒီလိုစိတ်ဓာတ်တွေလေးတွေကြောင့် သူတို့မှာ စိတ်ချလက်ချ နေနိုင်ကြတာပေါ့။

»»————><————««

ညနေကျတော့ ထုံးစံအတိုင်း လင်းစေကို
သွားကြိုပြန်သည်။
အရင်နေ့တွေကလိုပဲ ဒေါက်တာကဆိုင်ကယ်ဘေးမှာ မတ်တတ်ရပ်စောင့်နေသည်။
ရှင်း သူ့အနားရောက်တော့ ဆိုင်ကယ်ပေါ်တက်ရင်း
ရှင်းကို အနောက်ကနေ ခွထိုင်စေသည်။
ဆိုင်ကယ်စထွက်ပြီဆိုတာနဲ့ ရှင်းက လင်းစေရဲ့ခါးကို မသိမသာနဲ့ ဖက်လိုက်သည်။ လင်းစေရဲ့ အနားကို ကပ်ရင်း ရှင်းမေးလိုက်သည်။
"သတင်းကျွတ်ကျရင် ငါတို့နှစ်ယောက် ခရီးထွက်ကြမလား"

"ဘယ်နှစ်ရက်ရက်လောက်ကြာမှာလဲ"

"ဟာ...ဘယ်ကိုသွားမှာလဲထက် ဘယ်လောက်ကြာမှာလဲကို
စိတ်ပူနေတာလား ဒီဒေါက်တာက အလုပ်အရမ်းများတာပဲ ဟူး"

"မဟုတ်ပါဘူး ရက်ရှည်ဆို အိမ်က သံသယဝင်မှာစိုးလို့"

“အင်း ဒါဆိုလည်း နှစ်ရက်သုံးရက်လောက် အင်းလေးသွားကြမယ်လေ”

"Travel Bloggerလေးက ရွေးပေးတဲ့နေရာဆိုတော့လည်း
သွားကြည့်ရတာပေါ့ ဟန်းနီးမွန်းခရီးအဖြစ်နဲ့လေ…နော်"

“အင်းဟုတ်တယ်”

ပထမဆုံးအကြိမ် နှစ်ယောက်တည်းသွားရမယ့်
ခရီးမို့ ရှင်းရော လင်းစေပါ စိတ်လှုပ်ရှားနေကြသည်။ ပြီးတော့ ခရီးသွားတာတွေ နားထားတဲ့ ဘလော့ဂါတစ်ယောက်ဖြစ်တာကြောင့် လိုအပ်မယ့်အသုံးအဆောင်တွေအတွက် အရင်လာကမ်းလမ်းထားတဲ့ကြောငြာသမားတွေကို လက်ခံပြီဖြစ်ကြောင်း အကြောင်းပြန်ရသည်။

ဒီကြားထဲ စပွန်ဆာပေးထားတဲ့ ခရီးသွားကုမ္ပဏီက အင်းလေးက Hotelပိုင်ရှင်ကို အသိပေးတာကြောင့် Hotelနာမည်ပါ ကြော်ငြာပေးဖို့ လက်ခံလိုက်ရသည်။
ဒီအကြောင်းတွေကို လင်းစေက သိတော့ သက်ပြင်းချရင်း ဒီလိုပြောသည်။
"ငါက မင်းကို လိုက်ပို့ပေးချင်တာကို"တဲ့...။
ဆိုလိုတာက ခရီးစဉ်တစ်လျှောက်လုံးအတွက် သူက အကုန်အကျခံချင်တာပါပေါ့။
ပိုက်ဆံမကုန်ရလို့ စိတ်ညစ်သွားတဲ့ ဒေါက်တာရယ်ပါ။

“စိတ်ပူမနေနဲ့ ငါ့အတွက် ဓာတ်ပုံလှလှလေးတွေသာ ရိုက်ပေး”

“ရိုက်ပေးမှာပေါ့။ ငါဟိုနေ့ကတောင် မင်းရဲ့Pageထဲဝင်ကြည့်သေးတယ် ခရီးထွက်ခါနီးရိုက်တဲ့ပုံတွေက လွဲရင် ကျန်တဲ့ပုံတွေက ရှုခင်းပုံတွေချည်းပဲ။ Camera manလေးဘာလေး မငှားဘူးလား”

“အစကတော့ ဇော်နဲ့သွားဖို့ စီစဉ်ပါသေးတယ်။ ဒါပေမဲ့သူကမိန်းကလေးဆိုတော့ ညအိပ်ခရီးတွေအတွက်က အဆင်မပြေဘူးလေ။ သူကတော့ သူ့အသိတွေနဲ့ မိတ်ဆက်ပေးပါတယ် ငါကိုကတစ်ယောက်တည်း ခရီးသွားချင်လို့ငြင်းလိုက်”

“ဒီလိုဆို ခက်ပြီပေါ့။ ငါက မင်းရဲ့ကိုယ်ပိုင်Cameramanဖြစ်ချင်ပေမဲ့ အလုပ်အကိုင်က ဆရာဝန်ဖြစ်နေတယ်”

“ကိစ္စမရှိပါဘူး မင်းကိုလုပ်ကျွေးဖို့အတွက်ဆိုရင်တော့ တစ်ယောက်တည်းလည်း ခရီးထွက်နိုင်ပါတယ်”

“ဟမ့်…စကားက တတ်ပြန်ပြီ”

ခရီးထွက်မယ့်နေ့မှာ လင်းစေက မနက်စောစောထပြီး ဘုရားဆွမ်းတော်၊ သောက်တော်ရေချမ်းကပ်သည်။ ဒေါ်မိပြင်ပေးတဲ့ မနက်စာကို စားရင်း ရှင်းဆီလည်း အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း လှမ်းပြောရသေးသည်။
“ငါလည်းထွက်လာနေပြီ လမ်းထိပ်မှာ စောင့်နေမယ်”
ရှင်းရဲ့ပြန်စာကို ရပြီးမကြာခင်မှာ
လင်းစေမနက်စာစားခြင်းကို အဆုံးသတ်ပြီး အိမ်ကနေ စတင်ထွက်ခွာတော့သည်။
ဘာတစ်ခုမှ သိပ်ပြီးများများစားစားမပါတဲ့ ကျောပိုးအိတ်ထဲမှာ ရှင်းအတွက် သရေစာတော်တော်များများတော့ ပါလာခဲ့သည်။
လမ်းထိပ်ကိုရောက်တော့ အဆင်သင့်ရပ်စောင့်နေတဲ့ ကားအဖြူလေးကို တွေ့လိုက်သည်။ ရှင်းကလည်း ကားပေါ်ကနေ ခေါင်းထွက်ရင်း လက်လှမ်းပြသည်။ လင်းစေ ကားပေါ်ကိုတက်ရင်း ရှင်းအနားမှာဝင်ထိုင်လိုက်သည်။
“စောင့်ရတာ မကြာသေးဘူးမလား”
“မကြာသေးပါဘူး”

တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်စကားပြောနေတုန်းမှာပဲ ကားDriverဟာ ကားကိုစတင်မောင်းနှင်တော့သည်။ လင်းစေ Facebookကိုဖွင့်ရင်း အင်းလေးမှာ ဘာပွဲတွေရှိမလဲဆိုတာ လျှောက်ရှာနေမိသည်။ အဲ့အချိန် မိမိရဲ့ဘယ်ဘက်နားထဲကို တစ်စုံတစ်ခု လာထည့်တဲ့ ရှင်း။ လင်းစေလှည့်ကြည့်တော့ ရှင်းရဲ့နားမှာလည်း တစ်ခုရှိနေသည်။
ရှင်းပြောတာက “နားထောင်ကြည့် ငါခရီးသွားရင် အဲ့သွားမယ့်ခရီးနဲ့ ပတ်သတ်တဲ့ သီချင်းကို အမြဲနားထောင်တယ် မကြိုက်ရင်တော့ ပြောနော် ငါသီချင်းပြောင်းပေးမယ်”

“မင်းရဲ့အမူအကျင့်လေးတွေမို့လို့ မကြိုက်ဘူးဆိုတာ မရှိဘူး”
ရှင်းပြုံးမိသွားသည်။ အဲ့နောက်မှာ စတင်ထွက်ပေါ်လာတဲ့ သီချင်းသံနဲ့အတူ အရင်တစ်ခေါက်ရောက်ဖူးတဲ့ အင်းလေးကန်ကြီးကို ပုံဖော်ကြည့်မိသည်။ ပထမတစ်ခေါက်သွားတုန်းက အခုလိုပွဲတော်ရက်မဟုတ်တာကြောင့် အင်းလေးဒေသရဲ့ သဘောသဘာဝကိုသာ Pageမှာ တင်ဖူးခဲ့သည်။ အခုတော့ နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ သီတင်းကျွတ်ပွဲတော်အကြောင်းပေါ့။
လေဆိပ်ကို ရောက်တော့ နှစ်ယောက်သား ပေါ့ပေါ့ပါးပါးကားပေါ်ကဆင်းကြရင်း လက်ချင်းတွဲကာ ပြုံးမိကြသည်။ တကယ့်လက်တွေ့ ဟန်းနီးမွန်းက ဒီထက်ပျော်စရာကောင်းဖို့ မျှော်လင့်မိပါသည်။
တစ်လမ်းလုံး သီချင်းနားထောင်၊ စကားပြောကြ၊ တစ်ယောက်ပခုံးပေါ်တစ်ယောက်ခေါင်းအုံးရင်း အတန်ကြာတဲ့အထိ လေယာဉ်ပေါ်မှာ အိပ်ပျော်သွားခဲ့ကြသည်။

»»————><————««

ဟိုတယ်ထဲကို မဝင်ခင်မှာ လာကြိုတဲ့ ကားနဲ့အတူ ရှင်းကို ဓာတ်ပုံရိုက်ပေးရသည်။ ဟိုတယ်ထဲဝင်ခါနီးကျတော့လည်း ဟိုတယ်ရဲ့အဆောက်အအုံနဲ့အတူ အဝေးကနေ လှမ်းရိုက်ပေးရပြန်သည်။
“ရှင်း အဲ့တိုင်းလေးနေ ငါဟိုဘက်ကနေ တစ်ချက်ရိုက်ကြည့်မလို့”
ပြောလည်းပြော တစ်ဖက်ခြမ်းကိုလည်း အပြေးရောက်သွားတဲ့ လင်းစေက ရှင်းရဲ့စီးပွားအတွက် ပံ့ပိုးပေးဖို့ အဆင်သင့်။
“မိုက်တယ် ဒီမှာကြည့်”
သူရိုက်ထားတဲ့ ပုံတွေကို သဘောတကျလာပြတဲ့ လင်းစေကြောင့် ရှင်း ဖုန်းထဲက ပုံတွေကို မကြည့်မိဘဲ လင်းစေရဲ့ မြူးထူးနေတဲ့မျက်လုံးတွေကိုသာ စိုက်ကြည့်မိသည်။
“ငါနမ်းချင်တယ် လင်းစေ”

“ဟမ်”
လင်းစေ ကြောင်တောင်တောင်လေးနဲ့ တံခါးနားက လုံခြုံရေးကောင်လေးတွေကို လှည့်ကြည့်မိတော့ ထိုကောင်လေးတွေမှာ ပြုံးစေ့စေ့။
“ဘာတွေပြောနေတာလဲ လာအထဲဝင်မယ်”
ဆုံးမသလို လေသံနဲ့ အရှေ့ကနေ ဦးဆောင်ဝင်သွားသော လင်းစေကြောင့် ရှင်း သဘောတကျပြုံးမိပြန်သည်။
မသိရင်သူ့ကိုယ်သူ လူကြီးလူကောင်းပါပေါ့…။

လင်းစေတို့ရောက်တဲ့အချိန်က အနည်းငယ်မှောင်နေပြီဖြစ်တာကြောင့် ရေမိုးချိုး ညစာစားကြရင်း အော်ပရာသွားကြည့်ရန် ပြင်ဆင်ကြရသည်။ ဒီကိုစရောက်တည်းက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က စီစဉ်ကြီးမှူးတဲ့ ဖောင်တော်ဦးဘုရားရာဇဝင်အော်ပရာအကြောင်းကို ကြားလာရတာဖြစ်သည်။
“အဲ့လိုမှန်းသိရင် မနေ့တည်းကလာပါတယ် အခုတော့ခရီးကရောက်ရောက်ချင်း သွားကြည့်တော့ ပင်ပန်းတာပေါ့”

“မင်းပင်ပန်းနေရင် မကြည့်နဲ့လေ ငါသွားကြည့်ပြီး မင်းအတွက် မှတ်စုရေးလာခဲ့မယ်”

“ရူးနေလား ခရီးသွားဘလော့ဂါက ငါလေ ငါ့အလုပ်ငါလုပ်ရမှာပေါ့ ကဲကဲသွားမယ်”
ဟိုတယ်ကို တောင်းဆိုပြီး စီစဉ်ခိုင်းထားတဲ့ ရှမ်းဝတ်စုံနဲ့အတူ နှစ်ယောက်သား အော်ပရာကြည့်ရန်ထွက်လာလိုက်ကြသည်။

အလောင်းစည်သူမင်းလက်ထက်ကစပြီး ယနေ့အထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းကျင်းပလာခဲ့တဲ့ ဖောင်တော်ဦးဘုရားပွဲတော်အကြောင်းကို ဒေသခံအင်းသူအင်းသားများနဲ့တကွ စိတ်ဝင်စားဖွယ် တင်ဆက်ကပြသွားတာဖြစ်သည်။ ရှင်းက အရှေ့ရှိ ကပြသူများနဲ့ ပရိတ်သတ်တွေကို ခြုံငုံပြီး ဗီဒီယိုမှတ်တမ်းယူနေပေမဲ့ လင်းစေရဲ့အလုပ်ကတော့ ရှင်းမျက်နှာလေးကို ဓာတ်ဖမ်းအတွက်သာ ဖြစ်သည်။
ပွဲတော်ရက်ဖြစ်တာကြောင့် လူတွေကလည်း ကြိတ်ကြိတ်တိုးနေပြီး တစ်နေရာနဲ့တစ်နေရာသွားဖို့က ခဲရင်းလှသည်။ ညဉ့်ကလည်းနက်ပြီဖြစ်တာကြောင့် ရှင်းတို့နှစ်ယောက်သား ဟိုတယ်သို့သာပြန်လိုက်ကြသည်။

အိပ်တော့လည်း အလုပ်ပေါ်အာရုံစိုက်လွန်းတဲ့ ရှင်းက ကောင်းကောင်းမအိပ်နိုင်ဘဲ မနက်လှေပြိုင်ပွဲကြည့်ဖို့သာ တက်ကြွနေတော့သည်။
“လင်းစေ ငါတို့မနက် မထနိုင်ရင် ဘယ်လိုလုပ်မလဲ”
“ဘာလို့မထနိုင်ရမှာလဲ အဲ့လောက်ပျော့နေရင်လည်း ခရီးသွားဘလော့ဂါလုပ်မနေနဲ့တော့”
“မင်း မင်း သေတော့မယ်”
ပါးစပ်ကပြောတာနောက် လက်ကတော့ လင်းစေရဲ့မျက်နှာကို အရင်ဆော်ပြီးနေပြီ။ မက်ခဲ့ရတဲ့အိပ်မက်တွေထဲမှာ ဒီကောင်လေးရဲ့အနိုင်ကျင့်ရိုက်ပုတ်မှုကလည်း တစ်ခုအပါအဝင်ဖြစ်တာကြောင့် လင်းစေ သူ့ကိုရိုက်လိုက်တဲ့ လက်ကလေးကို ကိုင်ရင်း နမ်းလိုက်သည်။ ညတွေကို ဒီလိုမျိုးသာ ချိုမြိန်စေလိုပါသည်။

»»————><————««

လှေပြိုင်ပွဲမှာလည်း ပြဇာတ်ပွဲတုန်းကလို ရှင်းက ပြိုင်ပွဲကိုသာ မှတ်တမ်းယူပြီး လင်းစေက ရှင်းရဲ့ပျော်ရွှင်မှုကို အမိအရဖမ်းယူသည်။
“ငါ့ကို လှလှလေးရိုက်ပေးနော်”ဆိုတဲ့ အမိန့်ကြောင့် နှစ်ယောက်သားစုံတွဲပုံတောင် မရိုက်ဖြစ်လိုက်ပါဘူး။ စက်လှေစီးရင်း Tourist Guideလေးနှစ်ယောက်က ပါလာလေတော့ လင်းစေမှာ တစ်လျှောက်လုံး စိတ်ကူးလာခဲ့တဲ့ စုံတွဲပုံကို ရယူရန် အကူအညီတောင်းလိုက်ရသည်။
“ညီလေးရေ အစ်ကိုတို့ကို ဓာတ်ပုံလေးတစ်ချက်လောက်”
ဖုန်းကို ကမ်းပေးတော့ ကောင်လေးက “ဘယ်နှစ်ပုံရိုက်ပေးရမှာလဲ”လို့ ပြန်မေးသည်။
“ရတယ် ညီလေး တောက်လျှောက်သာရိုက် ပုံတစ်ရာကျော်လည်း အဆင်ပြေတယ်”

ဒီလိုနဲ့ Tourist Guideကနေ Cameramanအဖြစ်သို့ ကူးပြောင်းသွားတဲ့ ထိုကောင်လေးမှာ စက်လှေမရပ်မချင်း လှတာတွေရော မလှတာတွေရော ထိုင်ရိုက်ပေးနေရတော့သည်။

ညဘက်မှာ မီးမျှောပွဲသွားကြရင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဓာတ်ပုံတွေ ရိုက်ဖြစ်ကြသည်။ ဖော်ရွေတဲ့ဒေသခံတွေကြောင့် စုံတွဲပုံတော်တော်များများလည်း ရလာခဲ့သည်။ ရေပြင်တစ်ခုလုံး လင်းထင်းနေပြီး  နှစ်ယောက်အတူ မီးမျှောတဲ့အခါမှာ ရှင်းစိတ်ထဲ ဘာတွေရှိနေမလဲ မသိပေမဲ့ လင်းစေကတော့ ရှင်းမျက်နှာကြည့်ရုံမှတစ်ပါး ဘာကိုမှ မတွေးမိလိုက်ပါဘူး။ ဆုတောင်းလား…။ ဟင့်အင်း ဘာဆုမှမတောင်းမိပါ။ လွန်ခဲ့တဲ့နှစ်တွေမှာ ကိုယ်ရှင်းအပေါ်ထားတဲ့ စိတ်ကို အမေတို့ လက်ခံနိုင်ဖို့အတွက် ကလေးဆန်ဆန်နေ့စဉ်နေ့တိုင်း တောင်းဆုပြုခဲ့ဖူးသည်။ အလိုချင်ဆုံးနဲ့ မပြည့်ဝဆုံးသောဆုတွေထဲမှာ ကိုယ့်ဖြစ်တည်မှုကို မိဘတွေလက်ခံဖို့က တစ်ခုတည်းသော ဆုမို့ အခုနောက်ပိုင်း ပြည့်ဝစေရန် မတောင်းခဲ့တာ ကြာရော့ပြီ။
“လင်းစေ ပုံလေးတွေ လှရဲ့လား”
“မင်းပုံတော့ မသိဘူး ငါ့ပုံတွေကတော့လှတယ်”
“ဒီခွေး…”
ဆဲမလို့ကြံရင်းကနေ အခါကြီးရက်ကြီးနေ့ဆိုတာ သတိရရင်း ကိုယ့်ပါးစပ်ကိုယ် သတိနဲ့ပိတ်မိသွားသည်။
“ဒီကလေးကတော့ ဆဲမယ်ဆိုတာချည်းပဲ”

“ချီးကို ကလေး”

“ဟအား ဆဲပြန်ပြီ ရိုင်းတဲ့ကလေးကို တုတ်ကြီးကြီးနဲ့ ချပြီးဆုံးမမှထင်တယ်”

“ဆဲအောင် မင်းပဲလုပ်နေတာလေ”

“ငါက စတာလေ မင်းကိုဆဲပါဆဲပါဆိုပြီး ပြောနေလို့လား။ နောက်တစ်ခါ စိတ်ဆိုးတိုင်း မဆဲမိအောင် ဒီညဆုံးမဦးမှနဲ့တူတယ်”
ရှင်းရဲ့ရင်ဘက်တစ်နေရာကို မျက်စပစ်ရင်း အဓိပ္ပါယ်ပါပါပြောလိုက်သည်မို့ ရှင်းမှာ မျက်ခုံးတွေတောင် ပင့်တက်သွားသည်။
“ငါးပါးသီလလုံတဲ့လူကြီး ဒီနေ့အခါကြီးရက်ကြီးနော် ပေါက်တတ်ကရ အတင်းအဓမ္မလုပ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ မေ့လိုက်တော့ ဒီညငါက တရားနာရင်းအိပ်မှာ”
လင်းစေ အသက်အောင့်ကာ ဟန်ဆောင်ပြုံးလိုက်ရင်း ရှင်းကို စိတ်ထဲကနေသာ ကျိန်ဆဲလိုက်သည်။
‘အောက်ထပ်ရောက်မှာကို သေအောင်ကြောက်တဲ့ ခွေးလေးက အရမ်းလည်တာပဲ’

»»————><————««

နောက်တစ်နေ့မနက်မှာ ဟိုတယ်ပိုင်ရှင်ကို သေချာလေးနှုတ်ဆက်ပြီး ဟိုတယ်က စီစဉ်ပေးတဲ့ စက်လှေကိုစီး၍ အိမ်ပြန်ဖို့ ထွက်ခွာလာလိုက်ကြသည်။ ပွဲမှာရောင်းတဲ့ လက်ဆောင်ပစ္စည်းတွေ အသီးသီးဝယ်လာကြရင်း နှစ်ယောက်ဆင်တူဝတ်ဖို့ ရှမ်းဝမ်းဆက်လေးတွေလည်း ဝယ်ဖြစ်ခဲ့ကြသည်။
နောက်တစ်ခေါက်ပြန်လာရင် စိတ်ကြိုက်အကြာကြီးလည်ပတ်နိုင်တဲ့ စစ်မှန်တဲ့ဟန်းနီးမွန်းခရီးစဉ်သာဖြစ်စေလိုပါသည်။

အရှင်ဘုရား…မယုံလိုတော့၍ မတောင်းခဲ့တာကြာပြီဖြစ်သောဆုတွေထဲကနေမှ အခုကိုယ့်ပုခုံးပေါ်မှီအိပ်နေတဲ့ ဒီကလေးနဲ့ အမြန်ပေါင်းဖတ်ဖို့ ဆုကို မျက်နှာပူပူနဲ့ ပြန်လည်တောင်းခံလိုပါ၏။

_မေပုံပြင်ဟန်_
(12.10.2022)

[အရင်ကလို စိတ်မျိုးနဲ့သာဆို ဗဟုသုတသိပ်မကြွယ်တဲ့ ကိုယ်က နန်းရိပ်မြေဆိုတဲ့ ကိုယ့်စိတ်ကူးထဲက မြို့ကိုသာ ပို့လိုက်မိမှာပါ
ဒါပေမဲ့ စိတ်ကူးမြို့တွေထဲကနေ ရုန်းထွက်ပြီး
တကယ်ရှိတဲ့ မြို့တွေထဲမှာသာ ဇာတ်အိမ်တည်ဖို့ ကြိုးစားနေတာမို့
အင်းလေးဖောင်တော်ဦးဘုရားပွဲကို ပို့ပေးလိုက်ရတာပါ
လိုအပ်ချက်ရှိနေရင် ထောက်ပြနိုင်ပါတယ်]

အင်းလေးကိုသွားလို့ ရှမ်းဝတ်စုံဝတ်ထားတဲ့ ကောင်ချောလေးနှစ်ယောက်ကိုတွေ့ရင် 'ရှင်းစေရန်'ဆိုတဲ့ အတွဲလေးကို သတိရပေးပါ😂

Continue Reading

You'll Also Like

1.7M 70.3K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
168K 12.7K 36
Start date:17Jan,2022 End date :24March,2022
298K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.1K 113 13
An adoration of you.. ' ဗန်းတဲ့ 'ဆိုတဲ့ ရွာလေးမှာနေတဲ့ကောင်လေးနဲ့ နိုင်ငံခြားပြန်ကောင်လေးတို့ရဲ့ နှစ်ဦးကြား အချင်းချင်းဖေးမမှု ၊မြတ်နိုးမှုနဲ့ ဘဝရဲ့...