19

952 73 2
                                    

(U)

ခရီးကပြန်ရောက်ပြီး ရက်အနည်းငယ်ကြာတဲ့အခါ လင်းစေတို့ကျောင်းကနေ ကျောင်းသားဟောင်းတွေအကုန်လုံးကို အာစရိယပူဇော်ပွဲဆိုပြီး လာရောက်ဖိတ်ကြားသည်။ ကျောင်းကို စတင်တည်ထောင်စဉ်တည်းက ယနေ့ထက်ထိတိုင် ခေတ်အဆက်ဆက်ရှိခဲ့ကြသော ဆရာ၊ဆရာမတွေပါ တက်ရောက်မှာ ဖြစ်တဲ့အတွက် ကျောင်းသားဟောင်းတွေကလည်း ရပ်နီးဖြစ်စေ ရပ်ဝေးဖြစ်စေ မဖြစ်မနေတက်ရောက်ကြမှာဖြစ်သည်။ သူငယ်ချင်းတွေနဲ့က စကားသိပ်မပြောဖြစ်ပေမဲ့ ရှင်းနဲ့ပိုင်ကြီးနဲ့ကတော့ မကြာခဏ စကားပြောဖြစ်ကြသည်။ ပိုင်ကြီးက နီးစပ်ရာတွေကို ဆက်သွယ်ဖိတ်ကြားရတဲ့အတွက် သူတို့အဖွဲ့ထဲက ဘယ်သူတွေလာမယ် မလာဘူးဆိုတာကို သိနေသည်။ ပွဲနေ့မှာတော့ လင်းစေကအနီရောင်ယောပုဆိုးကို ဝတ်လာပြီး ရှင်းကတော့အပြာရောင်ယောပုဆိုးကိုဝတ်သည်။ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် မှတ်မိကြတဲ့ မည်သူမဆို သူတို့နှစ်ယောက် တိုက်ဝတ်လာတယ်တာ သေချာပြောရဲကြသည်။
ပိုင်ကြီးက ပွဲစီစဉ်သူဆရာတွေထဲက တစ်ယောက်ဖြစ်တာကြောင့် ကြွရောက်သူတွေကို နေရာထိုင်ခင်းပြပြီး နှုတ်ဆက်စကားပြောရသည်။ လင်းစေတို့နှစ်ယောက်သား ခုံချင်းကပ်လျက်ထိုင်နေတုန်း ပိုင်ကြီးက သူတို့နှစ်ယောက်အနား လျှောက်လာရင်း မေးသည်။
“ဒီးဒီးနဲ့သခင်က ရန်ဖြစ်ထားကြတာလား”

“ဘာဖြစ်လို့လဲ”

“ငါ သခင့်ဆီဖုန်းဆက်တုန်းက သခင်ကပြောတယ် ဒီးဒီးလာရင် သူလည်းမလာဘူးတဲ့”

“အယ် ဒါဆိုမင်းဘယ်လိုပြန်ပြောလိုက်လဲ”

“ဒီးဒီးလာမလား မလာဘူးလားဆိုတာ ငါမသိဘူးလို့ပြောလိုက်တယ်”

“ကောင်းတယ် အဲ့ကောင်မလေးတွေက အခုထိ ကလေးစိတ်မပျောက်ကြသေးဘူး”

လင်းစေ ရှင်းနဲ့ပိုင်ကြီးပြောသမျှကို ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ငြိမ်ငြိမ်လေးသာ နားထောင်နေလိုက်သည်။
ဟောထဲမှာ လူတွေကလည်း ပြည့်နေပြီး လင်းစေတို့ မျက်မှန်းတန်းမိတဲ့လူက အနည်းအကျဉ်းသာရှိသည်။
တစ်ချို့က ရုပ်သိရင်တောင် နာမည်ကို အစရှာမရတော့ချေ။
ဒီလို ဆင်တူရိုးမှား လူတွေအများကြီးထဲမှာမှ သူ့ဘေးက ကောင်လေးတစ်ယောက်ကသာ သူ့နှသားထဲ မှတ်မှတ်ရရ။

စိတ်ရှည် သည်းခံ ချစ်သူ့ထံ / စိတ်ရှည် သည်းခံ ချစ်သူ့ထံ[Com]حيث تعيش القصص. اكتشف الآن