[Unicode]
TMAWNB [ABO] 2 - သံဝါသပြုခြင်း
ချူလင်းအား အမှတ်အသားပြုခဲ့သော အယ်ဖာမှာ ဟန်ကုဆိုသောသူ ဖြစ်သည်။ ဟန်ကုသည် ယခုနှစ်တွင် အသက် 27 နှစ်ရှိပြီဖြစ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် နာမည်ကြီး ကုမ္ပဏီတစ်ခု၏သူဌေးဖြစ်နေပြီဖြစ်သည်။ စီးပွားရေးနယ်ပယ်တွင် သူသည် ခိုင်မာအားကောင်းသော ပုံစံရှိပြီး ပြတ်သားသောသူတစ်ယောက်ပင်။ သူ့ကိုယ်ပိုင်လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ခဲ့ပြီး လူတော်တော်များများ၏မနာလိုခြင်းကိုလည်း ခံခဲ့ရသည်။
ချူလင်းနှင့်တွေ့တဲ့နေ့မှာပင် သူ့ကံကြမ္မာဆိုးကြောင့် ဆေးမိသွားခဲ့ခြင်း ဖြစ်သည်။ ဟန်ကု၏တန်ဖိုးကြောင့် သူကိုလိုချင်တဲ့ အိုမီဂါများစွာရှိနေသည်မှာ တွေးကြည့်ရန်ပင်မလိုပေ။သို့ပေမယ့် အဲဒီနေ့၌ သူ သန့်စင်ခန်းထဲမှာရှိနေစဥ် ချူလင်းနဲ့ တွေ့ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ သူ့ကို heat ဖြစ်သွားအောင် လှုံ့ဆော်ပေးသလို ဖြစ်သွားခဲ့သည်။ချူလင်းသာမက ဟန်ကု၏ဘဝအစီအစဉ်သည်လည်း အနှီမတော်တဆမှုကြောင့် ပျက်စီးသွားခဲ့ရသည်။
မူလကတည်းက ညအိပ်ဖော်တစ်ယောက်နှင့် အိပ်မိလိုက်ပါက သူ့အတွက် ဘာမှမဖြစ်လာနိုင်ပေမယ့် heatဖြစ်သွားတဲ့ အိုမီဂါတစ်ယောက်နဲ့ တွေ့တဲ့အခါမှာတော့ သူ့ကံကြမ္မာကို လက်ခံရပေမည်။
ဟန်ကုသည် ချူလင်း၏ heat ကာလကုန်ဆုံးပြီးနောက် ရက်အနည်းငယ်အတွင်း အရာအားလုံးအတွက် စီစဉ်ပေးခဲ့သည်။ နှစ်ယောက်သား ပေါင်းသင်းဆက်ဆံရေးပိုင်းတွင် အစပျိုးခဲ့ခြင်းမရှိခဲ့ပေမယ့်လို့ အိမ်ထောင်ပြုရမည့်ကိစ္စက မြန်လွန်းတာကြောင့် လောလောဆယ်မှာ အတူနေဖို့ စီစဉ်ခဲ့၏။ မည်သို့ပင်ဖြစ်စေ ဒီဘဝမှာတော့ တစ်ယောက်နဲ့တစ်ယောက် bond လုပ်ထားသည်ကိုတော့ ဘယ်တော့မှ ဖြတ်တောက်ပစ်လို့ရနိုင်မည် မဟုတ်။
ချူလင်းသည်လည်း ဒီကိစ္စကို ကန့်ကွက်ခြင်းမရှိပေ။ အိုမီဂါများသည် သူ့တို့ကို အမှတ်အသားပြုထားခဲ့သောအယ်ဖာများအပေါ် မှီခိုရမည်ဖြစ်ပြီး ဤသဘောသဘာဝက သူ့ကို လက်နက်ချစေခဲ့သည်။ သူ့စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေချိန်အတွင်း ဟန်ကုကို မတွေ့ဖြစ်သည်မှာ တစ်ပတ်လောက်ရှိပြီဖြစ်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားလာရ၏။
သူ heat ဖြစ်နေခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဟန်ကုရဲ့ပုံပန်းသဏ္ဍာန်ကို ဂရုမစိုက်နိုင်ခဲ့ပေ။ ယခုအချိန်အထိ သူနိုးလာသည့်အချိန်တုန်းက ချောမောပြီး အေးစက်စက်နိုင်သည့် ယောက်ျားပုံကိုသာ မြင်ဖူးခဲ့သည်။ သူ နေထိုင်သည့်ပုံစံနှင့် ဝတ်စားဆင်ယင်ပုံတို့ကို အကဲဖြတ်ကြည့်ပါက တစ်ဖက်လူသည် အလွန်ချမ်းသာပုံရသည်ကို သိမြင်နိုင်ရန် မခက်ခဲပေ။ တစ်ဖက်လူ၏အမည်မှာ ဟန်ကူဖြစ်သည်ကို သူသိသောအခါ အံ့အားသင့်သွားသည်ကို မထိန်းနိုင်ခဲ့ပေ။
အလုပ်နယ်ပယ် မတူရင်တောင် ချူလင်းသည် ဟန်ကုကို သိ၏။သူသည်ကား ခေတ်ပြိုင်စီးပွားရေးလောကတွင် ထူးချွန်သူတစ်ယောက်ပင်။သို့ပေမယ့် သန်မာတဲ့ပုံစံရှိတဲ့ ဒီလူဟာ ဆေးမိသွားတဲ့နေ့ ရှိလာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။သို့သော် တခြားကိစ္စတွေကို မလိုလားတာကြောင့် ယင်းအကြောင်းကို တစ်ဖက်လူအား မမေးလို။
အတူတူနေထိုင်သည့် ပထမပတ်တွင် နှစ်ယောက်သားရှိနေခဲ့သော်ငြား အိမ်တွင် အတော်လေး တိတ်ဆိတ်နေခဲ့သည်။
ဟန်ကုသည် အလုပ် လုပ်လွန်းသူတစ်ယောက် ဖြစ်ပြီး တစ်နေ့ တနေ့ အလုပ်သွားလိုက် အိမ်ပြန်အိပ်လိုက်ဖြင့်သာ ကုန်ဆုံးလေသည်။ နှစ်ယောက်သား တစ်အိမ်တည်း အတူနေထိုင်ကြသော်လည်း အခန်းသီးခြားနေထိုင်နေကြဆဲဖြစ်သည်။ သူတို့အလုပ်ရဲ့ သဘောသဘာဝက ကွာခြားလွန်းတာကြောင့် တစ်ပတ်အတွင်းမှာတောင် တွေ့နိုင်ရန် ခက်ခဲ၏။
ချူလင်းသည် လုပ်ငန်းခွင်ရှိ ဝန်ထမ်းငယ်တစ်ဦးမျှသာဖြစ်ပြီး ပုံမှန် ကိုးနာရီမှ ငါးနာရီအထိဖြစ်ကာ ပိတ်ရက်များတွင်တော့ အားလပ်ချိန်ပိုရလေသည်။ အရင်တုန်းကတော့ သူနဲ့ လင်းရွှမ်က ညစာအတူတူစားဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ စကားစမြည်ပြောလေ့ရှိကြပြီး၊ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းတွေ ပြောကြသလို အားလပ်ရက်တွေမှာ ဘယ်ကိုသွားလည်ကြမလဲဆိုတာကိုလည်း စီစဉ်ကြသေးသည်။ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေက ပျင်းစရာကောင်းခဲ့သလို ပျော်ရွှင်စရာလည်း ကောင်းနေခဲ့သည်။
ယခုမူ လင်းရွှမ်နှင့် တွေ့ဆုံရန်မှာ မဖြစ်သင့်တော့ပေ။ အိမ်အလွတ်ကြီးဆီသို့ ပြန်လာကာ စိတ်ဓါတ်ကျမှုများစွာဖြင့် ထိုင်နေခဲ့သည်။ ဟန်ကု၏အယ်ဖာ ဟော်မုန်းများဖြင့် အဆက်မပြတ်နှစ်သိမ့်မှုကို လိုအပ်သည်ကြောင့်လည်း ဖြစ်နိုင်သည်။ ချူလင်းသည် ညသန်းခေါင်တွင် ဟန်ကု ပြန်ရောက်လာသည်ကို သူခံစားမိမှသာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ခဲ့သည်။
ဟန်ကုသည်လည်း ချူလင်း၏ပြောင်းလဲမှုကို သတိမထားမိသည်မှာ မဟုတ်။ အိုမီဂါ၏ အသက်ရှုသံပြင်းပြင်းသည် သူ့ကိုယ်ပိုင် ဟော်မုန်းများဖြင့် ထိတွေ့လိုက်ရသောအခါတွင် အနည်းငယ် ပြေလျော့သွားပုံရသည်။
အမှတ်အသားပြုပြီးသွားရင်တော့ နှစ်ဖက်စလုံးသည် တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အလွယ်တကူ ခံစားသိရှိနိုင်သွားမည် ဖြစ်သည်။ စိတ်ဆိုးနေတဲ့ အိုမီဂါကို သူ့အယ်လ်ဖာကသာ နှစ်သိမ့်ပေးနိုင်ပြီး ဘယ်သူမှ ယင်းကဲ့သို့ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
အတူတူမနေခင်မှာ ဟန်ကုသည် ချူလင်း အကြောင်းကို မေးမြန်းခဲ့ပြီး သူ့တွင် အယ်ဖာချစ်သူရှိကြောင်း သိခဲ့ရသည်။ သူ့ရဲ့ မတော်တဆကြောင့်သာ မဟုတ်ခဲ့ပါက ယခု မင်္ဂလာပွဲကို ပျော်ရွှင်စွာ ပြင်ဆင်နေမည်မှာ ဧကန်ပင်။
ဟန်ကု ချူလင်းအပေါ် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသော်လည်း သူကတော့ အမှားများတွင် ပိတ်မိနေမည့်သူ မဟုတ်ပေ။ ဖြစ်ပျက်ခဲ့တာတွေကို အနာဂတ်မှာ ပြုပြင်နိုင်ဖို့ နည်းလမ်းရှာရလိမ့်မယ်။
သို့သော် ချူလင်းကတော့ ထိုသို့ မဟုတ်တန်ရာ။ ဟန်ကုသည် သူ့အပေါ် ရှိနေသည့် အိုမီဂါ၏နာကြည်းမှုကို သတိပြုမိရုံသာမက ထိုအိုမီဂါသည် အချိန်တိုင်းလည်း နိုးကြားနေခဲ့သည်။ နိုးနိုးကြားကြားနှင့် သူ့ချဉ်းကပ်မှုကို တားမြစ်ထားလေသည်။ သူသည် ဟော်မုန်းနှစ်သိမ့်မှု နည်းပါးမှုကြောင့် စိတ်ဓာတ်တွေ ပျော့ညံ့နေချိန်မှာတောင် သူ့ရဲ့ ဗီဇကို ခေါင်းမာမာဖြင့် ပြင်းပြင်းထန်ထန် တွန်းလှန်ချင်နေသေးသည်။
တကယ်တော့ ဟန်ကုသည်လည်း ချူလင်း၏အလဟသ အားထုတ်မှုကို ရပ်တန့်ရန် အယ်ဖာ၏ဟော်မုန်းများဖြင့် အလွယ်တကူ အကျပ်ကိုင်နိုင်သော်လည်း သူ မလုပ်ခဲ့ပေ။ အနှီအိုမီဂါရဲ့ စိတ်ထွက်ပေါက်အဖြစ် အခွင့်အရေးကောင်းတစ်ခုဟူ၍ သတ်မှတ်ထားသလို တစ်ဖက်သားရဲ့ ကြိုးစားအားထုတ်မှုကိုလည်း သိချင်ရုံပါပဲ။ ဘယ်လိုရလဒ်များ ရလာနိုင်မှာမို့လဲ? သို့သော် မည်သို့ပင်ဆိုစေကာမူ ထိုသို့သော အလိုလိုက်ခံရခြင်းက အချစ်ကြောင့် ဖြစ်လာသည် မဟုတ်သည်မှာ သေချာသည်။
နောက်ဆုံး သေချာစဥ်းစားကြည့်တော့ တစ်ဖက်လူ သူ့ကြောင့် ဖြစ်ပေါ်လာသည့် ထိုသို့သောအကျိုးဆက်များကို မည်သူမျှ အသာတကြည့် လက်ခံချင်မည် မဟုတ်။
ဧည့်ခန်းထဲမှာ ခဏရပ်နေပြီးနောက် ဟန်ကု ပြန်လှည့်ပြီး အခန်းထဲသို့ ဝင်သွား၏။
────
ဟန်ကု အလုပ်သို့ ထွက်သွားပြီးချင်းမှာပဲ ချူလင်း နိုးလာခဲ့သည်။
သူ့ခေါင်းက နည်းနည်းလေးနောက်နေသေးပေမယ့် ဟန်ကု အိမ်ကထွက်သွားတိုင်း ဟော်မုန်းတွေ အချင်းချင်း ဆက်စပ်နေတဲ့ ချူလင်းသည် သူစိတ်မငြိမ်မသက်ဖြစ်လာတာကြောင့် အိပ်ရာက ထရလေသည်။အယ်ဖာနှင့်အိုမီဂါတို့၏ bondနှင့် လွှမ်းမိုးနိုင်သည့်အင်အားတို့မှာ သူထင်ထားသည်ထက် များစွာနက်ရှိုင်းပြီး သူတို့၏ဆက်ဆံရေးကိုလည်း ယခုထက်ပို၍ မုန်းတီးလာခြင်းမရှိခဲ့ပေ။
နောက်ဆုံးတွင် စနေနေ့သို့ ရောက်လာပြီးနောက် ချူလင်းသည် အိပ်ရာမထမီ ခဏလောက် ပြန်အိပ်လိုက်သေးသည်။
သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားနေရပေမယ့်လည်း ပျင်းရိပြီး ရေစုန်မျောမနေပေ။ စားချိန်ရောက်ရင် ကောင်းကောင်းစားတတ်ပြီး လေ့ကျင့်ခန်းလုပ်ဖို့လည်း နေ့တိုင်း အချိန်ရအောင် ရှာတတ်သည်။ နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားတဲ့ အလေ့အကျင့်ကြောင့် သူ့ခန္ဓာကိုယ်မှာ ပျော့ပျောင်းပြီးမာကျောတဲ့ ကြွက်သားတွေ ရှိနေသည်။သူ့ကို ကြည့်ရသည်မှာ ပျော့ညံ့နေပုံမပေါ်ပေ။ လင်းရွှမ်သည် တစ်ချိန်က ဤကဲ့သို့သော ရင်ဖိုစရာအထိအတွေ့တွေကြောင့် ချစ်မိသွားခဲ့ပြီး သူ့ကို ထိမိလိုက်တိုင်းလည်း မကြာခဏ ဖယ်ပစ်တတ်သေးသည်။ နောက်ဆုံးတော့ သူတို့ နှစ်ယောက် ဘာမှမလုပ်ဖြစ်ဘဲ တစ်ရက်လုံး လှိမ့်နေဖြစ်တော့သည်။
ဒါပေမယ့် ဒါက အတိတ်ပင်။
လမ်းခွဲပြီးတာ တစ်လလောက်ရှိပြီဆိုပေမယ့် ချူလင်း အတိတ်ကိုပြန်တွေးတိုင်း ဝမ်းနည်းနေမိသည်မှာ မတတ်နိုင်ပေ။
သူနှင့် လင်းရွှမ်သည် အထက်တန်းကျောင်းကတည်းက အတန်းဖော်များဖြစ်သည်။ သူတို့ရဲ့ရည်းစားဆက်ဆံရေးမှာ ရှစ်နှစ်ကြာရှိနေခဲ့ပြီ။ လူတိုင်း၏ကောင်းချီးများနှင့် မျှော်လင့်ချက်များအောက်တွင် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။ အခက်အခဲမျိုးစုံ၊ ရေမြေခြားအချစ်၊ နှစ်ဦးသဘောတူချစ်ခြင်း၊ လျှို့ဝှက်အချစ် တစ်ယောက်ကိုတစ်ယောက် မယိမ်းယိုင်သောအချစ်များအထိ အမျိုးမျိုးသောအခက်အခဲများကို ဖြတ်သန်းခဲ့ကြရသည်။ သေချာပေါက် အချစ်ခရီး အဆုံးတိုင်မည်လို့ လူတိုင်းက ယုံကြည်လာတဲ့အချိန်မှာပင် မယုံနိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ရသည်။ ရယ်စရာကောင်းလိုက်တာ။
ချူလင်း ဒါကိုတွေးမိတော့ ခေါင်းခါပြီး ခါးသက်စွာ ပြုံးလိုက်မိသည်။ သူ စိတ်ဓာတ်ကျနေတာ အတော်ကြာနေပြီ၊ စိတ်ပြောင်းလဲဖို့ အချိန်တန်ပြီလေ။
ချူလင်း ပေါ့ပါးသောအဝတ်အစားတွေကို လဲလိုက်ကာလမ်းလျှောက်ရန် စီစဉ်ခဲ့သည်။ ဟန်ကုကတော့ တန်ဖိုးကြီး ဇိမ်ခံရပ်ကွက်၌ ရှိနေသော်လည်း ခရီးသွားချိန်မှလွဲ၍ အပြင်သို့ ဘယ်သောအခါမှ သွားလာခြင်း မရှိပေ။ ဒီအသိုင်းအဝိုင်းရဲ့ လုံခြုံရေးက အရမ်းတင်းကျပ်၏။ အပြင်ဘက်တွင် ဈေးဝယ်လမ်းတစ်ခုရှိပြီး နေထိုင်မှုအတွက် အဆင်ပြေသည်။ ချူလင်းသည် ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားကာ ထောင့်တစ်ဝိုက်တွင် စူပါမားကတ်တစ်ခုကို တွေ့လိုက်ရသည်။ အချိန်အတော်ကြာ လှည့်ပတ် စားသောက်ပြီးနောက်တွင် အလွန်ပင်ပန်းနွမ်းနယ်လာသည်။ ဒီနေ့အားလပ်နေချိန်မှာ ဘယ်ပစ္စည်းတွေဝယ်ရမလဲ စဉ်းစားနေတဲ့ချိန်မှာပင် စူပါမားကတ်ရှေ့၌ မနီးမဝေးအကွာအဝေးတွင် လမ်းလျှောက်နေတဲ့ ရင်းနှီးတဲ့ပုံစံကို သူတွေ့လိုက်ရသည်။
ချူလင်း၏ခေါင်းမှာ ဗလာကျင်းသွားကာ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့နောက်သို့ ပြေးလိုက်သွားခဲ့သည်။
ကောလိပ်တက်တုန်းက သူနဲ့ လင်းရွှမ် ကွဲကွာသွားခဲ့တာကို ရုတ်တရက် သတိရသွားသည်။ ထိုအချိန်တွင် သူတို့သည် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ရတော့မည်ဖြစ်ကာ သူတို့အားလုံးသည် ကိုယ်ပိုင်အတွေးအမြင်များ ရှိကြပြီး လွတ်လပ်မှုကို နှစ်သက်သောကြောင့် ပဋိပက္ခများစွာ ရှိခဲ့ဖူးသည်။ မကြာခဏ စကားများ ရန်ဖြစ်တတ်ကြပြီး ဖုန်းနဲ့လည်း စကားများ ရန်ဖြစ်ကြသလို တွေ့ဆုံရင်လည်း ရန်ဖြစ်တတ်ကြသည်။ ရန်ဖြစ်သည့်ကိစ္စကတော့ အသေးအဖွဲကိစ္စများသာ။ကောလိပ်တက်ကြတော့ နှစ်ဖက်စလုံးက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံပြီး ရန်တွေ့ဖို့ အချိန်ရှားပါးလာခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် ကလည်း ရင်းနှီးလွန်းကြပြီး စကားပြောတဲ့အခါ ပိုတောင် ရိုင်းစိုင်းစွာ ပြောဆိုတတ်ကြသေးသည်။ လင်းရွှမ်က နူးညံ့သိမ်မွေ့ပြီး သည်းမခံနိုင်သည့်ဒေါသမျိုး အမြဲရှိရာ မကြာခဏ ရန်ဖြစ်ကြပြီး မတတ်နိုင်စွာ နောက်ဆုံးတွင် ပြတ်ဆဲသွားခဲ့သည်။
လူတိုင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လွန်ခဲ့ဖူးတဲ့ အချိန်တွေ ရှိကြမြဲပင်။ ထိုအချိန်တွင် ချူလင်းသည် သူတို့ တကယ်ပြီးဆုံးသွားသည်ဟု ခံစားမိသည်။ သူ တစ်ဖက်သားအပေါ်မှာ ရှင်းရှင်းလင်းလင်း ဂရုစိုက်သော်လည်း နာကျင်စေသော စကားလုံးများကို အသုံးပြုခဲ့သည်။
ဒီရန်ပွဲကြီးပြီးကတည်းက သူတို့ စစ်အေးတိုက်ပွဲထဲ ရောက်နေတာ တစ်လနီးပါးရှိနေနှင့်ပြီ။ နောက်ဆုံးတွင် လင်းရွှမ်သည် ခေါင်းကိုငုံ့ကာ ချူလင်းကိုရှာရန် ပြေးသွားခဲ့သည်။ချူလင်းလည်း လင်းရွှမ်ကိုမြင်တော့ ဆန့်ကျင်ဘက်အရာအားလုံးကို သူ့နောက်တွင်ထားခဲ့ကာ ဝမ်းသာအားရ ပြေးဖက်ကာ ရယ်မောလိုက်ကြသည်။
အနှီအခိုက်အတန့်က ထိုအချိန်ကနှင့် အလွန်တူသည်။
ချူလင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်းပုံသဏ္ဍာန်လေးကို လွတ်သွားမည်အလား စိုးရွံ့သလိုမျိုး စိုးရိမ်စိတ်ဖြင့် လမ်းပေါ်တွင် ပြေးလွှားနေသည်။ မတွေ့တာ တစ်လကျော်ရှိပြီ။ လမ်းခွဲဖို့ သဘောတူထားပြီးသားဖြစ်ပေမယ့် မတော်တဆဆုံတွေ့ချိန်မှာတော့ ထိန်းမနိုင်သိမ်းမရဖြစ်နေတုန်းပါပဲ။ စိတ်လိုက်မာန်ပါလုပ်သည်ပဲဆိုဆို အမျှင်တွဲသည်ပဲဆိုဆို သူ ဤအချိန်မှာတော့ ဘာမဆို လုပ်နိုင်သည်။ သူ ဂရုမစိုက်တော့ဘူး။
သူ့စိုးရိမ်မှုနှင့် ထိတ်လန့်မှုတို့က လမ်းသွားလမ်းလာများကို ထိတ်လန့်စေကာ လူတိုင်းက သူ့အတွက် လမ်းဖယ်ပေးခဲ့ကြသည်။
ချူလင်း နောက်ဆုံးတွင် ထိုလူ၏နောက်သို့ မှီလာပြီး သူ့အဝတ်ထောင့်ကို ဆွဲကိုင်ကာ "လင်း....လင်းရွှမ်..."
────
ဟန်ကု အိမ်ပြန်ရောက်တော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ အခြား အယ်ဖာ၏ဟော်မုန်းများကို လေထဲတွင် ခပ်ဖျဖျရနေ၏။သူ မျက်မှောင်ကြုတ်ကာ ခါတိုင်းကဲ့သို့ အခန်းထဲသို့ ပြန်ဝင်မည်လုပ်သော်လည်း ချူလင်း၏အခန်းတံခါးကို ခေါက်ရန် ချက်ချင်းသွားလိုက်သည်။
ချူလင်းသည် ဟန်ကု၏မနှစ်မြို့ဖွယ် အသက်ရှုသံကို အကြာကြီးထိ ခံစားလိုက်ရသည်။ ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတော့ တံခါးကို ဖွင့်လိုက်၏။
ဟန်ကု တံခါးရှေမှာမှီပြီး ခန့်ညားတဲ့မျက်ခုံးတွေနဲ့ သူ့ကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက် အတူတူနေထိုင်ပြီးကတည်းက တစ်ယောက်ကိုတစ်ယောက် တိုက်ရိုက်ကြည့်ဖြစ်တာ ဒါ ပထမဆုံးအကြိမ်ပင်။ အများအားဖြင့် ရေခဲကဲ့သို့ အေးစက်စက်ဖြင့်သာ ရှိနေကြသည်။
ချူလင်းသည် တစ်ဖက်သား၏ဖိနှိပ်မှုကို အကြာကြီး မခံနိုင်သဖြင့် အမြန်အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်။ "...ဘာကိစ္စရှိလို့လဲ?"
ဟန်ကုက "အယ်ဖာတွေရဲ့ မွေးရာပါ ပိုင်ဆိုင်လိုစိတ်က အရမ်းပြင်းထန်တယ်ဆိုတာ မင်းသိပါတယ်။အဲဒါက သဘာဝအလျောက်ဖြစ်လာတဲ့ ခံစားချက်တစ်ခုဖြစ်ရင်တောင် မင်းကို တခြားယောက်ျားတွေနဲ့ အရမ်းမရင်းနှီးစေချင်ဘူး။"
ချူလင်း ဒီစကားတွေကိုကြားတော့ မပျော်တော့ပေ။ "ကျွန်တော် လမ်းလျှောက်ထွက်ရုံပါ"
"လမ်းလျှောက်ထွက်ရုံနဲ့တင် အနံ့စွဲလာလို့လား?" ဟန်ကု ခဏလောက်စဉ်းစားပြီး ရုတ်တရက်မေးလိုက်သည်။ "ဒီနေ့ဘယ်သူနဲ့ တွေ့ခဲ့တာလဲ?"
ချူလင်း သူ့အမေးကို အားတင်းပြီး ပြန်ဖြေလိုက်သည်။ "...လင်း, လင်းရွှမ်....."
ဟန်ကု သက်ပြင်းချသော်လည်း ချူလင်းသည် လေထုထဲတွင် ဖိအားများ ပိုမိုလေးလာသလို ခံစားလိုက်ရသည်။ သူ့နောက်ကျောမှာ ချွေးအေးတွေဖြင့် အေးစက်လာပြီး သူ ရုန်းမထွက်နိုင်ပေ။ " ခင်ဗျား ဒါကို မလုပ်နိုင်ဘူး ...ခင်ဗျား ကျွန်တော်တို့ကို ဖျက်ဆီးခဲ့တာ ...မလုပ်နိုင်ဘူး...ခင်ဗျား သူနဲ့ တွေ့ခွင့်ကိုတောင်ပိတ်ချင်နေတာလား....."
"ကိုယ် ဒီလိုဆိုလိုတာမဟုတ်ဘူး။"
"ဒါပေမယ့် ခင်ဗျား ဖြစ်ချင်နေတာမဟုတ်ဘူးလား?"
ဟန်ကု ပြန်မဖြေပေ။ တိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းပင်။
ချူလင်းက "ခင်ဗျား မလုပ်နိုင်ဘူး... ခင်ဗျားမှာ ကျွန်တော်တို့တွေ့ဆုံတာကို တားပိုင်ခွင့်မရှိဘူး..."
"ဒါဆို မင်း ကိုယ့်ကို ဘာလုပ်စေချင်လဲ?" ဟန်ကုသည် သူ့ဗီဇကြောင့် ဖြစ်ပေါ်လာသော ဒေါသကို ကောင်းစွာ ထိန်းထားပြီး ကူကယ်ရာမဲ့ လေသံဖြင့် "ကိုယ့်အိုမီဂါကို တခြားယောက်ျားနဲ့ အချစ်ဟောင်းကို ပြန်လည် ရှင်သန်ခွင့်ပေးစေချင်တာလား?"
ဤစကားသည် ချူလင်းကို တိတ်ဆိတ်သွားစေခဲ့သည်။
"ကိုယ် မင်းကို အတင်းအကြပ်ဖြစ်စေခဲ့ပေမဲ့ အဖြစ်မှန်က မင်းရှေ့မှာရှိနေပြီလေ။မင်းကို စဥ်းစားဖို့ အချိန်ပေးနေပြီပဲ၊ မင်း တွေးကြည့်လို့ မရဘူးလား?"
ချူလင်း ဝမ်းနည်းစွာ ခေါင်းခါလိုက်ပြီး "ခင်ဗျား နားမလည်ဘူး...လုံးဝ နားမလည်ဘူး..."
ဟန်ကုက "ကိုယ့်မှာ ဒီဆက်ဆံရေးမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ဒါကြောင့် တကယ် နားမလည်ဘူး။ဒါပေမယ့် တာဝန်ယူမယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် မင်းအမှားလုပ်မှာကို စောင့်ကြည့်နေမှာ မဟုတ်ဘူး။"
ချူလင်း ပြန်မဖြေဖြစ်ပေ။
"ငါ့ရဲ့ ဗီဇတွေကို ကောင်းကောင်း ထိန်းထားနိုင်ရင်တောင် မင်းကကော ဘယ်လိုလဲ။ လင်းရွှမ်နဲ့ ဆက်တွဲပြီးရင် မင်းဘာဆက်လုပ်မှာလဲ? သူနဲ့ အိပ်မယ်၊ s*x လုပ်ကြပြီး မင်းကို အမှတ်အသားထပ်ပေးခိုင်းမှာလား။ မင်းက အိုမီဂါ တစ်ယောက်မို့ မင်းက ငါ့ထက် အမှတ်အသားထပ်တလဲလဲပေးရင် ရလာမယ့်အကျိုးဆက်အကြောင်းကို ပိုသိထားသင့်တယ်မလား။ မင်းကို ဘယ်လို အန္တရာယ်ဖြစ်လာစေမလဲ?မင်းဆန္ဒရှိရင်တောင် လင်းရွှမ်ကရော မင်းကို စွန့်စားခွင့်ပြုမှာလား။မင်း လိင်ဆက်ဆံရင်တောင် သာယာမှုရမှာမဟုတ်ဘူး။"
"တော်ပြီ!" ချူလင်း ဒေါသတကြီးပြောပြီး အားကုန်သွားသလို အနည်းငယ် ယိမ်းယိုင်သွား၏။ "မပြောနဲ့တော့..."
ဟန်ကု သူ့ကို ခဏလောက် စိုက်ကြည့်ရင်း လောလောဆယ် သူ့အခြေအနေက သိပ်မကောင်းဘူးဆိုတာကို ရုတ်တရက် သိလိုက်ရတော့ သူ မျက်မှောင်ကြုတ်ပြီး "မင်း ကိုယ်အလေးချိန် အများကြီးကျသွားပြီ"
"တစ်ယောက်တည်းနေပါရစေ။" အသံက မကြားရသလောက်ပါပဲ။
"မင်းကို ဘယ်လို လျစ်လျူရှုနိုင်မလဲ?ဒီကို ပြောင်းလာကတည်းက မင်းကို သတိထားနေခဲ့တာ" ဟန်ကု ရုတ်တရက် ရပ်လိုက်ပြီး "ဒါ ကိုယ့်အမှားပါ..."
ချူလင်း ဤစကားကိုကြားလိုက်သောအခါ သူ့တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားသလို ခံစားလိုက်ရကာ ကြက်သီးများ ထလာတော့သည်။သူ ထိတ်လန့်တကြားမေးလိုက်သည်။ "...ခင်ဗျား ဘာလုပ်တာလဲ?"
ရေရှည် စိတ်ဓါတ်ကျတာက ကျန်းမာရေးအတွက် မကောင်းပေ။သူ ပေါ့ပေါ့ဆဆ နေခဲ့မိခြင်းပင်။ ဟန်ကု သူ့စကားကို ပြန်မဖြေဘဲ ချူလင်း၏မေးစေ့ကို ညှစ်ဖို့ လက်ဆန့်တန်းလိုက်ပြီး သူ့ကို မော့ကြည့်စေလိုက်သည်။ "တောင်းပန်ပါတယ် ဒီနေ့ ပိုပြင်းတဲ့ နည်းလမ်းကို သုံးမိသွားမှာ စိုးရိမ်မိတယ်"
"မင်း..." ချူလင်း စကားပြန်မပြောနိုင်မီတွင် ထိုလူက သူ့နှုတ်ခမ်းကို ပိတ်ထားလိုက်သည်။
____________________________________
[Zawgyi]
TMAWNB [ABO] 2 - သံဝါသျပဳျခင္း
ခ်ဴလင္းအား အမွတ္အသားျပဳခဲ့ေသာ အယ္ဖာမွာ ဟန္ကုဆိုေသာသူ ျဖစ္သည္။ ဟန္ကုသည္ ယခုႏွစ္တြင္ အသက္ 27 ႏွစ္႐ွိၿပီျဖစ္ကာ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ပင္ နာမည္ႀကီး ကုမၸဏီတစ္ခု၏သူေဌးျဖစ္ေနၿပီျဖစ္သည္။ စီးပြားေရးနယ္ပယ္တြင္ သူသည္ ခိုင္မာအားေကာင္းေသာ ပုံစံ႐ွိၿပီး ျပတ္သားေသာသူတစ္ေယာက္ပင္။ သူ႕ကိုယ္ပိုင္လမ္းေၾကာင္းကို ကိုယ္တိုင္ေဖာက္ခဲ့ၿပီး လူေတာ္ေတာ္မ်ားမ်ား၏မနာလိုျခင္းကိုလည္း ခံခဲ့ရသည္။
ခ်ဴလင္းႏွင့္ေတြ႕တဲ့ေန႔မွာပင္ သူ႕ကံၾကမၼာဆိုးေၾကာင့္ ေဆးမိသြားခဲ့ျခင္း ျဖစ္သည္။ ဟန္ကု၏တန္ဖိုးေၾကာင့္ သူကိုလိုခ်င္တဲ့ အိုမီဂါမ်ားစြာ႐ွိေနသည္မွာ ေတြးၾကည့္ရန္ပင္မလိုေပ။သို႔ေပမယ့္ အဲဒီေန႔၌ သူ သန္႔စင္ခန္းထဲမွာ႐ွိေနစဥ္ ခ်ဴလင္းနဲ႔ ေတြ႕ခဲ့ၿပီး ကံမေကာင္းစြာနဲ႔ပဲ သူ႕ကို heat ျဖစ္သြားေအာင္ လႈံ႕ေဆာ္ေပးသလို ျဖစ္သြားခဲ့သည္။ခ်ဴလင္းသာမက ဟန္ကု၏ဘဝအစီအစဥ္သည္လည္း အႏွီမေတာ္တဆမႈေၾကာင့္ ပ်က္စီးသြားခဲ့ရသည္။
မူလကတည္းက ညအိပ္ေဖာ္တစ္ေယာက္ႏွင့္ အိပ္မိလိုက္ပါက သူ႕အတြက္ ဘာမွမျဖစ္လာႏိုင္ေပမယ့္ heatျဖစ္သြားတဲ့ အိုမီဂါတစ္ေယာက္နဲ႔ ေတြ႕တဲ့အခါမွာေတာ့ သူ႕ကံၾကမၼာကို လက္ခံရေပမည္။
ဟန္ကုသည္ ခ်ဴလင္း၏ heat ကာလကုန္ဆုံးၿပီးေနာက္ ရက္အနည္းငယ္အတြင္း အရာအားလုံးအတြက္ စီစဥ္ေပးခဲ့သည္။ ႏွစ္ေယာက္သား ေပါင္းသင္းဆက္ဆံေရးပိုင္းတြင္ အစပ်ိဳးခဲ့ျခင္းမ႐ွိခဲ့ေပမယ့္လို႔ အိမ္ေထာင္ျပဳရမည့္ကိစၥက ျမန္လြန္းတာေၾကာင့္ ေလာေလာဆယ္မွာ အတူေနဖို႔ စီစဥ္ခဲ့၏။ မည္သို႔ပင္ျဖစ္ေစ ဒီဘဝမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ bond လုပ္ထားသည္ကိုေတာ့ ဘယ္ေတာ့မွ ျဖတ္ေတာက္ပစ္လို႔ရႏိုင္မည္ မဟုတ္။
ခ်ဴလင္းသည္လည္း ဒီကိစၥကို ကန္႔ကြက္ျခင္းမ႐ွိေပ။ အိုမီဂါမ်ားသည္ သူ႕တို႔ကို အမွတ္အသားျပဳထားခဲ့ေသာအယ္ဖာမ်ားအေပၚ မွီခိုရမည္ျဖစ္ၿပီး ဤသေဘာသဘာဝက သူ႕ကို လက္နက္ခ်ေစခဲ့သည္။ သူ႕စိတ္ခံစားမႈနဲ႔ စိတ္ပိုင္းဆိုင္ရာျပႆနာေတြကို ကိုင္တြယ္ေျဖ႐ွင္းေနခ်ိန္အတြင္း ဟန္ကုကို မေတြ႕ျဖစ္သည္မွာ တစ္ပတ္ေလာက္႐ွိၿပီျဖစ္ၿပီး တစ္ခုခုမွားေနၿပီလို႔ ခံစားလာရ၏။
သူ heat ျဖစ္ေနခဲ့တဲ့ ရက္အနည္းငယ္အတြင္း ဟန္ကုရဲ႕ပုံပန္းသ႑ာန္ကို ဂ႐ုမစိုက္ႏိုင္ခဲ့ေပ။ ယခုအခ်ိန္အထိ သူႏိုးလာသည့္အခ်ိန္တုန္းက ေခ်ာေမာၿပီး ေအးစက္စက္ႏိုင္သည့္ ေယာက်္ားပုံကိုသာ ျမင္ဖူးခဲ့သည္။ သူ ေနထိုင္သည့္ပုံစံႏွင့္ ဝတ္စားဆင္ယင္ပုံတို႔ကို အကဲျဖတ္ၾကည့္ပါက တစ္ဖက္လူသည္ အလြန္ခ်မ္းသာပုံရသည္ကို သိျမင္ႏိုင္ရန္ မခက္ခဲေပ။ တစ္ဖက္လူ၏အမည္မွာ ဟန္ကူျဖစ္သည္ကို သူသိေသာအခါ အံ့အားသင့္သြားသည္ကို မထိန္းႏိုင္ခဲ့ေပ။
အလုပ္နယ္ပယ္ မတူရင္ေတာင္ ခ်ဴလင္းသည္ ဟန္ကုကို သိ၏။သူသည္ကား ေခတ္ၿပိဳင္စီးပြားေရးေလာကတြင္ ထူးခြၽန္သူတစ္ေယာက္ပင္။သို႔ေပမယ့္ သန္မာတဲ့ပုံစံ႐ွိတဲ့ ဒီလူဟာ ေဆးမိသြားတဲ့ေန႔ ႐ွိလာလိမ့္မယ္လို႔ သူ မထင္ထားခဲ့ေပ။သို႔ေသာ္ တျခားကိစၥေတြကို မလိုလားတာေၾကာင့္ ယင္းအေၾကာင္းကို တစ္ဖက္လူအား မေမးလို။
အတူတူေနထိုင္သည့္ ပထမပတ္တြင္ ႏွစ္ေယာက္သား႐ွိေနခဲ့ေသာ္ျငား အိမ္တြင္ အေတာ္ေလး တိတ္ဆိတ္ေနခဲ့သည္။
ဟန္ကုသည္ အလုပ္ လုပ္လြန္းသူတစ္ေယာက္ ျဖစ္ၿပီး တစ္ေန႔ တေန႔ အလုပ္သြားလိုက္ အိမ္ျပန္အိပ္လိုက္ျဖင့္သာ ကုန္ဆုံးေလသည္။ ႏွစ္ေယာက္သား တစ္အိမ္တည္း အတူေနထိုင္ၾကေသာ္လည္း အခန္းသီးျခားေနထိုင္ေနၾကဆဲျဖစ္သည္။ သူတို႔အလုပ္ရဲ႕ သေဘာသဘာဝက ကြာျခားလြန္းတာေၾကာင့္ တစ္ပတ္အတြင္းမွာေတာင္ ေတြ႕ႏိုင္ရန္ ခက္ခဲ၏။
ခ်ဴလင္းသည္ လုပ္ငန္းခြင္႐ွိ ဝန္ထမ္းငယ္တစ္ဦးမွ်သာျဖစ္ၿပီး ပုံမွန္ ကိုးနာရီမွ ငါးနာရီအထိျဖစ္ကာ ပိတ္ရက္မ်ားတြင္ေတာ့ အားလပ္ခ်ိန္ပိုရေလသည္။ အရင္တုန္းကေတာ့ သူနဲ႔ လင္း႐ႊမ္က ညစာအတူတူစားဖို႔၊ ႐ုပ္႐ွင္ၾကည့္ဖို႔၊ စကားစျမည္ေျပာေလ့႐ွိၾကၿပီး၊ အလုပ္နဲ႔ပတ္သက္တဲ့ စိတ္ဝင္စားစရာအေၾကာင္းေတြ ေျပာၾကသလို အားလပ္ရက္ေတြမွာ ဘယ္ကိုသြားလည္ၾကမလဲဆိုတာကိုလည္း စီစဥ္ၾကေသးသည္။ ျဖတ္သန္းခဲ့ရတဲ့ ေန႔ရက္ေတြက ပ်င္းစရာေကာင္းခဲ့သလို ေပ်ာ္႐ႊင္စရာလည္း ေကာင္းေနခဲ့သည္။
ယခုမူ လင္း႐ႊမ္ႏွင့္ ေတြ႕ဆုံရန္မွာ မျဖစ္သင့္ေတာ့ေပ။ အိမ္အလြတ္ႀကီးဆီသို႔ ျပန္လာကာ စိတ္ဓါတ္က်မႈမ်ားစြာျဖင့္ ထိုင္ေနခဲ့သည္။ ဟန္ကု၏အယ္ဖာ ေဟာ္မုန္းမ်ားျဖင့္ အဆက္မျပတ္ႏွစ္သိမ့္မႈကို လိုအပ္သည္ေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ခ်ဴလင္းသည္ ညသန္းေခါင္တြင္ ဟန္ကု ျပန္ေရာက္လာသည္ကို သူခံစားမိမွသာ ၿငိမ္းခ်မ္းစြာ အိပ္စက္ႏိုင္ခဲ့သည္။
ဟန္ကုသည္လည္း ခ်ဴလင္း၏ေျပာင္းလဲမႈကို သတိမထားမိသည္မွာ မဟုတ္။ အိုမီဂါ၏ အသက္႐ႈသံျပင္းျပင္းသည္ သူ႕ကိုယ္ပိုင္ ေဟာ္မုန္းမ်ားျဖင့္ ထိေတြ႕လိုက္ရေသာအခါတြင္ အနည္းငယ္ ေျပေလ်ာ့သြားပုံရသည္။
အမွတ္အသားျပဳၿပီးသြားရင္ေတာ့ ႏွစ္ဖက္စလုံးသည္ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ပိုင္းဆိုင္ရာ အေျခအေနကို အလြယ္တကူ ခံစားသိ႐ွိႏိုင္သြားမည္ ျဖစ္သည္။ စိတ္ဆိုးေနတဲ့ အိုမီဂါကို သူ႕အယ္လ္ဖာကသာ ႏွစ္သိမ့္ေပးႏိုင္ၿပီး ဘယ္သူမွ ယင္းကဲ့သို႔ စြမ္းေဆာင္ႏိုင္မည္ မဟုတ္ေပ။
အတူတူမေနခင္မွာ ဟန္ကုသည္ ခ်ဴလင္း အေၾကာင္းကို ေမးျမန္းခဲ့ၿပီး သူ႕တြင္ အယ္ဖာခ်စ္သူ႐ွိေၾကာင္း သိခဲ့ရသည္။ သူ႕ရဲ႕ မေတာ္တဆေၾကာင့္သာ မဟုတ္ခဲ့ပါက ယခု မဂၤလာပြဲကို ေပ်ာ္႐ႊင္စြာ ျပင္ဆင္ေနမည္မွာ ဧကန္ပင္။
ဟန္ကု ခ်ဴလင္းအေပၚ အနည္းငယ္ အျပစ္႐ွိသလို ခံစားခဲ့ရေသာ္လည္း သူကေတာ့ အမွားမ်ားတြင္ ပိတ္မိေနမည့္သူ မဟုတ္ေပ။ ျဖစ္ပ်က္ခဲ့တာေတြကို အနာဂတ္မွာ ျပဳျပင္ႏိုင္ဖို႔ နည္းလမ္း႐ွာရလိမ့္မယ္။
သို႔ေသာ္ ခ်ဴလင္းကေတာ့ ထိုသို႔ မဟုတ္တန္ရာ။ ဟန္ကုသည္ သူ႕အေပၚ ႐ွိေနသည့္ အိုမီဂါ၏နာၾကည္းမႈကို သတိျပဳမိ႐ုံသာမက ထိုအိုမီဂါသည္ အခ်ိန္တိုင္းလည္း ႏိုးၾကားေနခဲ့သည္။ ႏိုးႏိုးၾကားၾကားႏွင့္ သူ႕ခ်ဥ္းကပ္မႈကို တားျမစ္ထားေလသည္။ သူသည္ ေဟာ္မုန္းႏွစ္သိမ့္မႈ နည္းပါးမႈေၾကာင့္ စိတ္ဓာတ္ေတြ ေပ်ာ့ညံ့ေနခ်ိန္မွာေတာင္ သူ႕ရဲ႕ ဗီဇကို ေခါင္းမာမာျဖင့္ ျပင္းျပင္းထန္ထန္ တြန္းလွန္ခ်င္ေနေသးသည္။
တကယ္ေတာ့ ဟန္ကုသည္လည္း ခ်ဴလင္း၏အလဟသ အားထုတ္မႈကို ရပ္တန္႔ရန္ အယ္ဖာ၏ေဟာ္မုန္းမ်ားျဖင့္ အလြယ္တကူ အက်ပ္ကိုင္ႏိုင္ေသာ္လည္း သူ မလုပ္ခဲ့ေပ။ အႏွီအိုမီဂါရဲ႕ စိတ္ထြက္ေပါက္အျဖစ္ အခြင့္အေရးေကာင္းတစ္ခုဟူ၍ သတ္မွတ္ထားသလို တစ္ဖက္သားရဲ႕ ႀကိဳးစားအားထုတ္မႈကိုလည္း သိခ်င္႐ုံပါပဲ။ ဘယ္လိုရလဒ္မ်ား ရလာႏိုင္မွာမို႔လဲ? သို႔ေသာ္ မည္သို႔ပင္ဆိုေစကာမူ ထိုသို႔ေသာ အလိုလိုက္ခံရျခင္းက အခ်စ္ေၾကာင့္ ျဖစ္လာသည္ မဟုတ္သည္မွာ ေသခ်ာသည္။
ေနာက္ဆုံး ေသခ်ာစဥ္းစားၾကည့္ေတာ့ တစ္ဖက္လူ သူ႕ေၾကာင့္ ျဖစ္ေပၚလာသည့္ ထိုသို႔ေသာအက်ိဳးဆက္မ်ားကို မည္သူမွ် အသာတၾကည့္ လက္ခံခ်င္မည္ မဟုတ္။
ဧည့္ခန္းထဲမွာ ခဏရပ္ေနၿပီးေနာက္ ဟန္ကု ျပန္လွည့္ၿပီး အခန္းထဲသို႔ ဝင္သြား၏။
────
ဟန္ကု အလုပ္သို႔ ထြက္သြားၿပီးခ်င္းမွာပဲ ခ်ဴလင္း ႏိုးလာခဲ့သည္။
သူ႕ေခါင္းက နည္းနည္းေလးေနာက္ေနေသးေပမယ့္ ဟန္ကု အိမ္ကထြက္သြားတိုင္း ေဟာ္မုန္းေတြ အခ်င္းခ်င္း ဆက္စပ္ေနတဲ့ ခ်ဴလင္းသည္ သူစိတ္မၿငိမ္မသက္ျဖစ္လာတာေၾကာင့္ အိပ္ရာက ထရေလသည္။အယ္ဖာႏွင့္အိုမီဂါတို႔၏ bondႏွင့္ လႊမ္းမိုးႏိုင္သည့္အင္အားတို႔မွာ သူထင္ထားသည္ထက္ မ်ားစြာနက္႐ိႈင္းၿပီး သူတို႔၏ဆက္ဆံေရးကိုလည္း ယခုထက္ပို၍ မုန္းတီးလာျခင္းမ႐ွိခဲ့ေပ။
ေနာက္ဆုံးတြင္ စေနေန႔သို႔ ေရာက္လာၿပီးေနာက္ ခ်ဴလင္းသည္ အိပ္ရာမထမီ ခဏေလာက္ ျပန္အိပ္လိုက္ေသးသည္။
သူ႕ကိုယ္သူ စိတ္ပိုင္းဆိုင္ရာအရ ထိခိုက္ခံစားေနရေပမယ့္လည္း ပ်င္းရိၿပီး ေရစုန္ေမ်ာမေနေပ။ စားခ်ိန္ေရာက္ရင္ ေကာင္းေကာင္းစားတတ္ၿပီး ေလ့က်င့္ခန္းလုပ္ဖို႔လည္း ေန႔တိုင္း အခ်ိန္ရေအာင္ ႐ွာတတ္သည္။ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စုေဆာင္းထားတဲ့ အေလ့အက်င့္ေၾကာင့္ သူ႕ခႏၶာကိုယ္မွာ ေပ်ာ့ေပ်ာင္းၿပီးမာေက်ာတဲ့ ႂကြက္သားေတြ ႐ွိေနသည္။သူ႕ကို ၾကည့္ရသည္မွာ ေပ်ာ့ညံ့ေနပုံမေပၚေပ။ လင္း႐ႊမ္သည္ တစ္ခ်ိန္က ဤကဲ့သို႔ေသာ ရင္ဖိုစရာအထိအေတြ႕ေတြေၾကာင့္ ခ်စ္မိသြားခဲ့ၿပီး သူ႕ကို ထိမိလိုက္တိုင္းလည္း မၾကာခဏ ဖယ္ပစ္တတ္ေသးသည္။ ေနာက္ဆုံးေတာ့ သူတို႔ ႏွစ္ေယာက္ ဘာမွမလုပ္ျဖစ္ဘဲ တစ္ရက္လုံး လွိမ့္ေနျဖစ္ေတာ့သည္။
ဒါေပမယ့္ ဒါက အတိတ္ပင္။
လမ္းခြဲၿပီးတာ တစ္လေလာက္႐ွိၿပီဆိုေပမယ့္ ခ်ဴလင္း အတိတ္ကိုျပန္ေတြးတိုင္း ဝမ္းနည္းေနမိသည္မွာ မတတ္ႏိုင္ေပ။
သူႏွင့္ လင္း႐ႊမ္သည္ အထက္တန္းေက်ာင္းကတည္းက အတန္းေဖာ္မ်ားျဖစ္သည္။ သူတို႔ရဲ႕ရည္းစားဆက္ဆံေရးမွာ ႐ွစ္ႏွစ္ၾကာ႐ွိေနခဲ့ၿပီ။ လူတိုင္း၏ေကာင္းခ်ီးမ်ားႏွင့္ ေမွ်ာ္လင့္ခ်က္မ်ားေအာက္တြင္ ျဖစ္တည္လာခဲ့ျခင္းျဖစ္သည္။ အခက္အခဲမ်ိဳးစုံ၊ ေရေျမျခားအခ်စ္၊ ႏွစ္ဦးသေဘာတူခ်စ္ျခင္း၊ လွ်ိဳ႕ဝွက္အခ်စ္ တစ္ေယာက္ကိုတစ္ေယာက္ မယိမ္းယိုင္ေသာအခ်စ္မ်ားအထိ အမ်ိဳးမ်ိဳးေသာအခက္အခဲမ်ားကို ျဖတ္သန္းခဲ့ၾကရသည္။ ေသခ်ာေပါက္ အခ်စ္ခရီး အဆုံးတိုင္မည္လို႔ လူတိုင္းက ယုံၾကည္လာတဲ့အခ်ိန္မွာပင္ မယုံႏိုင္စရာ အျဖစ္အပ်က္တစ္ခု ျဖစ္သြားခဲ့ရသည္။ ရယ္စရာေကာင္းလိုက္တာ။
ခ်ဴလင္း ဒါကိုေတြးမိေတာ့ ေခါင္းခါၿပီး ခါးသက္စြာ ျပဳံးလိုက္မိသည္။ သူ စိတ္ဓာတ္က်ေနတာ အေတာ္ၾကာေနၿပီ၊ စိတ္ေျပာင္းလဲဖို႔ အခ်ိန္တန္ၿပီေလ။
ခ်ဴလင္း ေပါ့ပါးေသာအဝတ္အစားေတြကို လဲလိုက္ကာလမ္းေလွ်ာက္ရန္ စီစဥ္ခဲ့သည္။ ဟန္ကုကေတာ့ တန္ဖိုးႀကီး ဇိမ္ခံရပ္ကြက္၌ ႐ွိေနေသာ္လည္း ခရီးသြားခ်ိန္မွလြဲ၍ အျပင္သို႔ ဘယ္ေသာအခါမွ သြားလာျခင္း မ႐ွိေပ။ ဒီအသိုင္းအဝိုင္းရဲ႕ လုံျခဳံေရးက အရမ္းတင္းက်ပ္၏။ အျပင္ဘက္တြင္ ေဈးဝယ္လမ္းတစ္ခု႐ွိၿပီး ေနထိုင္မႈအတြက္ အဆင္ေျပသည္။ ခ်ဴလင္းသည္ ေပါ့ေပါ့ပါးပါး လမ္းေလွ်ာက္သြားကာ ေထာင့္တစ္ဝိုက္တြင္ စူပါမားကတ္တစ္ခုကို ေတြ႕လိုက္ရသည္။ အခ်ိန္အေတာ္ၾကာ လွည့္ပတ္ စားေသာက္ၿပီးေနာက္တြင္ အလြန္ပင္ပန္းႏြမ္းနယ္လာသည္။ ဒီေန႔အားလပ္ေနခ်ိန္မွာ ဘယ္ပစၥည္းေတြဝယ္ရမလဲ စဥ္းစားေနတဲ့ခ်ိန္မွာပင္ စူပါမားကတ္ေ႐ွ႕၌ မနီးမေဝးအကြာအေဝးတြင္ လမ္းေလွ်ာက္ေနတဲ့ ရင္းႏွီးတဲ့ပုံစံကို သူေတြ႕လိုက္ရသည္။
ခ်ဴလင္း၏ေခါင္းမွာ ဗလာက်င္းသြားကာ ဘာကိုမွ ဂ႐ုမစိုက္ဘဲ သူ႕ေနာက္သို႔ ေျပးလိုက္သြားခဲ့သည္။
ေကာလိပ္တက္တုန္းက သူနဲ႔ လင္း႐ႊမ္ ကြဲကြာသြားခဲ့တာကို ႐ုတ္တရက္ သတိရသြားသည္။ ထိုအခ်ိန္တြင္ သူတို႔သည္ လူ႕အဖြဲ႕အစည္း အသိုင္းအဝိုင္းထဲသို႔ ဝင္ေရာက္ရေတာ့မည္ျဖစ္ကာ သူတို႔အားလုံးသည္ ကိုယ္ပိုင္အေတြးအျမင္မ်ား ႐ွိၾကၿပီး လြတ္လပ္မႈကို ႏွစ္သက္ေသာေၾကာင့္ ပဋိပကၡမ်ားစြာ ႐ွိခဲ့ဖူးသည္။ မၾကာခဏ စကားမ်ား ရန္ျဖစ္တတ္ၾကၿပီး ဖုန္းနဲ႔လည္း စကားမ်ား ရန္ျဖစ္ၾကသလို ေတြ႕ဆုံရင္လည္း ရန္ျဖစ္တတ္ၾကသည္။ ရန္ျဖစ္သည့္ကိစၥကေတာ့ အေသးအဖြဲကိစၥမ်ားသာ။ေကာလိပ္တက္ၾကေတာ့ ႏွစ္ဖက္စလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ဆုံၿပီး ရန္ေတြ႕ဖို႔ အခ်ိန္႐ွားပါးလာခဲ့သည္။ တစ္ေယာက္နဲ႔တစ္ေယာက္ ကလည္း ရင္းႏွီးလြန္းၾကၿပီး စကားေျပာတဲ့အခါ ပိုေတာင္ ႐ိုင္းစိုင္းစြာ ေျပာဆိုတတ္ၾကေသးသည္။ လင္း႐ႊမ္က ႏူးညံ့သိမ္ေမြ႕ၿပီး သည္းမခံႏိုင္သည့္ေဒါသမ်ိဳး အၿမဲ႐ွိရာ မၾကာခဏ ရန္ျဖစ္ၾကၿပီး မတတ္ႏိုင္စြာ ေနာက္ဆုံးတြင္ ျပတ္ဆဲသြားခဲ့သည္။
လူတိုင္းမွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လြန္ခဲ့ဖူးတဲ့ အခ်ိန္ေတြ ႐ွိၾကၿမဲပင္။ ထိုအခ်ိန္တြင္ ခ်ဴလင္းသည္ သူတို႔ တကယ္ၿပီးဆုံးသြားသည္ဟု ခံစားမိသည္။ သူ တစ္ဖက္သားအေပၚမွာ ႐ွင္း႐ွင္းလင္းလင္း ဂ႐ုစိုက္ေသာ္လည္း နာက်င္ေစေသာ စကားလုံးမ်ားကို အသုံးျပဳခဲ့သည္။
ဒီရန္ပြဲႀကီးၿပီးကတည္းက သူတို႔ စစ္ေအးတိုက္ပြဲထဲ ေရာက္ေနတာ တစ္လနီးပါး႐ွိေနႏွင့္ၿပီ။ ေနာက္ဆုံးတြင္ လင္း႐ႊမ္သည္ ေခါင္းကိုငုံ႔ကာ ခ်ဴလင္းကို႐ွာရန္ ေျပးသြားခဲ့သည္။ခ်ဴလင္းလည္း လင္း႐ႊမ္ကိုျမင္ေတာ့ ဆန္႔က်င္ဘက္အရာအားလုံးကို သူ႕ေနာက္တြင္ထားခဲ့ကာ ဝမ္းသာအားရ ေျပးဖက္ကာ ရယ္ေမာလိုက္ၾကသည္။
အႏွီအခိုက္အတန္႔က ထိုအခ်ိန္ကႏွင့္ အလြန္တူသည္။
ခ်ဴလင္းသည္ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ယင္းပုံသ႑ာန္ေလးကို လြတ္သြားမည္အလား စိုး႐ြံ႕သလိုမ်ိဳး စိုးရိမ္စိတ္ျဖင့္ လမ္းေပၚတြင္ ေျပးလႊားေနသည္။ မေတြ႕တာ တစ္လေက်ာ္႐ွိၿပီ။ လမ္းခြဲဖို႔ သေဘာတူထားၿပီးသားျဖစ္ေပမယ့္ မေတာ္တဆဆုံေတြ႕ခ်ိန္မွာေတာ့ ထိန္းမႏိုင္သိမ္းမရျဖစ္ေနတုန္းပါပဲ။ စိတ္လိုက္မာန္ပါလုပ္သည္ပဲဆိုဆို အမွ်င္တြဲသည္ပဲဆိုဆို သူ ဤအခ်ိန္မွာေတာ့ ဘာမဆို လုပ္ႏိုင္သည္။ သူ ဂ႐ုမစိုက္ေတာ့ဘူး။
သူ႕စိုးရိမ္မႈႏွင့္ ထိတ္လန္႔မႈတို႔က လမ္းသြားလမ္းလာမ်ားကို ထိတ္လန္႔ေစကာ လူတိုင္းက သူ႕အတြက္ လမ္းဖယ္ေပးခဲ့ၾကသည္။
ခ်ဴလင္း ေနာက္ဆုံးတြင္ ထိုလူ၏ေနာက္သို႔ မွီလာၿပီး သူ႕အဝတ္ေထာင့္ကို ဆြဲကိုင္ကာ "လင္း....လင္း႐ႊမ္..."
────
ဟန္ကု အိမ္ျပန္ေရာက္ေတာ့ တစ္ခုခုမွားေနၿပီဆိုတာ သိလိုက္ရသည္။ အျခား အယ္ဖာ၏ေဟာ္မုန္းမ်ားကို ေလထဲတြင္ ခပ္ဖ်ဖ်ရေန၏။သူ မ်က္ေမွာင္ၾကဳတ္ကာ ခါတိုင္းကဲ့သို႔ အခန္းထဲသို႔ ျပန္ဝင္မည္လုပ္ေသာ္လည္း ခ်ဴလင္း၏အခန္းတံခါးကို ေခါက္ရန္ ခ်က္ခ်င္းသြားလိုက္သည္။
ခ်ဴလင္းသည္ ဟန္ကု၏မႏွစ္ၿမိဳ႕ဖြယ္ အသက္႐ႈသံကို အၾကာႀကီးထိ ခံစားလိုက္ရသည္။ ခဏေလာက္ တုံ႔ဆိုင္းသြားၿပီး ေနာက္ဆုံးေတာ့ တံခါးကို ဖြင့္လိုက္၏။
ဟန္ကု တံခါးေ႐ွမွာမွီၿပီး ခန္႔ညားတဲ့မ်က္ခုံးေတြနဲ႔ သူ႕ကို စိုက္ၾကည့္လိုက္သည္။ သူတို႔ႏွစ္ေယာက္ အတူတူေနထိုင္ၿပီးကတည္းက တစ္ေယာက္ကိုတစ္ေယာက္ တိုက္႐ိုက္ၾကည့္ျဖစ္တာ ဒါ ပထမဆုံးအႀကိမ္ပင္။ အမ်ားအားျဖင့္ ေရခဲကဲ့သို႔ ေအးစက္စက္ျဖင့္သာ ႐ွိေနၾကသည္။
ခ်ဴလင္းသည္ တစ္ဖက္သား၏ဖိႏွိပ္မႈကို အၾကာႀကီး မခံႏိုင္သျဖင့္ အျမန္အၾကည့္လႊဲလိုက္ၿပီး ေျပာလိုက္သည္။ "...ဘာကိစၥ႐ွိလို႔လဲ?"
ဟန္ကုက "အယ္ဖာေတြရဲ႕ ေမြးရာပါ ပိုင္ဆိုင္လိုစိတ္က အရမ္းျပင္းထန္တယ္ဆိုတာ မင္းသိပါတယ္။အဲဒါက သဘာဝအေလ်ာက္ျဖစ္လာတဲ့ ခံစားခ်က္တစ္ခုျဖစ္ရင္ေတာင္ မင္းကို တျခားေယာက်္ားေတြနဲ႔ အရမ္းမရင္းႏွီးေစခ်င္ဘူး။"
ခ်ဴလင္း ဒီစကားေတြကိုၾကားေတာ့ မေပ်ာ္ေတာ့ေပ။ "ကြၽန္ေတာ္ လမ္းေလွ်ာက္ထြက္႐ုံပါ"
"လမ္းေလွ်ာက္ထြက္႐ုံနဲ႔တင္ အနံ႔စြဲလာလို႔လား?" ဟန္ကု ခဏေလာက္စဥ္းစားၿပီး ႐ုတ္တရက္ေမးလိုက္သည္။ "ဒီေန႔ဘယ္သူနဲ႔ ေတြ႕ခဲ့တာလဲ?"
ခ်ဴလင္း သူ႕အေမးကို အားတင္းၿပီး ျပန္ေျဖလိုက္သည္။ "...လင္း, လင္း႐ႊမ္....."
ဟန္ကု သက္ျပင္းခ်ေသာ္လည္း ခ်ဴလင္းသည္ ေလထုထဲတြင္ ဖိအားမ်ား ပိုမိုေလးလာသလို ခံစားလိုက္ရသည္။ သူ႕ေနာက္ေက်ာမွာ ေခြၽးေအးေတြျဖင့္ ေအးစက္လာၿပီး သူ ႐ုန္းမထြက္ႏိုင္ေပ။ " ခင္ဗ်ား ဒါကို မလုပ္ႏိုင္ဘူး ...ခင္ဗ်ား ကြၽန္ေတာ္တို႔ကို ဖ်က္ဆီးခဲ့တာ ...မလုပ္ႏိုင္ဘူး...ခင္ဗ်ား သူနဲ႔ ေတြ႕ခြင့္ကိုေတာင္ပိတ္ခ်င္ေနတာလား....."
"ကိုယ္ ဒီလိုဆိုလိုတာမဟုတ္ဘူး။"
"ဒါေပမယ့္ ခင္ဗ်ား ျဖစ္ခ်င္ေနတာမဟုတ္ဘူးလား?"
ဟန္ကု ျပန္မေျဖေပ။ တိတ္ဆိတ္ေနျခင္းသည္ ဝန္ခံျခင္းပင္။
ခ်ဴလင္းက "ခင္ဗ်ား မလုပ္ႏိုင္ဘူး... ခင္ဗ်ားမွာ ကြၽန္ေတာ္တို႔ေတြ႕ဆုံတာကို တားပိုင္ခြင့္မ႐ွိဘူး..."
"ဒါဆို မင္း ကိုယ့္ကို ဘာလုပ္ေစခ်င္လဲ?" ဟန္ကုသည္ သူ႕ဗီဇေၾကာင့္ ျဖစ္ေပၚလာေသာ ေဒါသကို ေကာင္းစြာ ထိန္းထားၿပီး ကူကယ္ရာမဲ့ ေလသံျဖင့္ "ကိုယ့္အိုမီဂါကို တျခားေယာက်္ားနဲ႔ အခ်စ္ေဟာင္းကို ျပန္လည္ ႐ွင္သန္ခြင့္ေပးေစခ်င္တာလား?"
ဤစကားသည္ ခ်ဴလင္းကို တိတ္ဆိတ္သြားေစခဲ့သည္။
"ကိုယ္ မင္းကို အတင္းအၾကပ္ျဖစ္ေစခဲ့ေပမဲ့ အျဖစ္မွန္က မင္းေ႐ွ႕မွာ႐ွိေနၿပီေလ။မင္းကို စဥ္းစားဖို႔ အခ်ိန္ေပးေနၿပီပဲ၊ မင္း ေတြးၾကည့္လို႔ မရဘူးလား?"
ခ်ဴလင္း ဝမ္းနည္းစြာ ေခါင္းခါလိုက္ၿပီး "ခင္ဗ်ား နားမလည္ဘူး...လုံးဝ နားမလည္ဘူး..."
ဟန္ကုက "ကိုယ့္မွာ ဒီဆက္ဆံေရးမ်ိဳး တစ္ခါမွ မ႐ွိခဲ့ဖူးဘူး။ဒါေၾကာင့္ တကယ္ နားမလည္ဘူး။ဒါေပမယ့္ တာဝန္ယူမယ္လို႔ ေျပာခဲ့တယ္။ ဒါေၾကာင့္ မင္းအမွားလုပ္မွာကို ေစာင့္ၾကည့္ေနမွာ မဟုတ္ဘူး။"
ခ်ဴလင္း ျပန္မေျဖျဖစ္ေပ။
"ငါ့ရဲ႕ ဗီဇေတြကို ေကာင္းေကာင္း ထိန္းထားႏိုင္ရင္ေတာင္ မင္းကေကာ ဘယ္လိုလဲ။ လင္း႐ႊမ္နဲ႔ ဆက္တြဲၿပီးရင္ မင္းဘာဆက္လုပ္မွာလဲ? သူနဲ႔ အိပ္မယ္၊ s*x လုပ္ၾကၿပီး မင္းကို အမွတ္အသားထပ္ေပးခိုင္းမွာလား။ မင္းက အိုမီဂါ တစ္ေယာက္မို႔ မင္းက ငါ့ထက္ အမွတ္အသားထပ္တလဲလဲေပးရင္ ရလာမယ့္အက်ိဳးဆက္အေၾကာင္းကို ပိုသိထားသင့္တယ္မလား။ မင္းကို ဘယ္လို အႏၲရာယ္ျဖစ္လာေစမလဲ?မင္းဆႏၵ႐ွိရင္ေတာင္ လင္း႐ႊမ္ကေရာ မင္းကို စြန္႔စားခြင့္ျပဳမွာလား။မင္း လိင္ဆက္ဆံရင္ေတာင္ သာယာမႈရမွာမဟုတ္ဘူး။"
"ေတာ္ၿပီ!" ခ်ဴလင္း ေဒါသတႀကီးေျပာၿပီး အားကုန္သြားသလို အနည္းငယ္ ယိမ္းယိုင္သြား၏။ "မေျပာနဲ႔ေတာ့..."
ဟန္ကု သူ႕ကို ခဏေလာက္ စိုက္ၾကည့္ရင္း ေလာေလာဆယ္ သူ႕အေျခအေနက သိပ္မေကာင္းဘူးဆိုတာကို ႐ုတ္တရက္ သိလိုက္ရေတာ့ သူ မ်က္ေမွာင္ၾကဳတ္ၿပီး "မင္း ကိုယ္အေလးခ်ိန္ အမ်ားႀကီးက်သြားၿပီ"
"တစ္ေယာက္တည္းေနပါရေစ။" အသံက မၾကားရသေလာက္ပါပဲ။
"မင္းကို ဘယ္လို လ်စ္လ်ဴ႐ႈႏိုင္မလဲ?ဒီကို ေျပာင္းလာကတည္းက မင္းကို သတိထားေနခဲ့တာ" ဟန္ကု ႐ုတ္တရက္ ရပ္လိုက္ၿပီး "ဒါ ကိုယ့္အမွားပါ..."
ခ်ဴလင္း ဤစကားကိုၾကားလိုက္ေသာအခါ သူ႕တစ္ကိုယ္လုံး တုန္လႈပ္ေျခာက္ျခားသြားသလို ခံစားလိုက္ရကာ ၾကက္သီးမ်ား ထလာေတာ့သည္။သူ ထိတ္လန္႔တၾကားေမးလိုက္သည္။ "...ခင္ဗ်ား ဘာလုပ္တာလဲ?"
ေရ႐ွည္ စိတ္ဓါတ္က်တာက က်န္းမာေရးအတြက္ မေကာင္းေပ။သူ ေပါ့ေပါ့ဆဆ ေနခဲ့မိျခင္းပင္။ ဟန္ကု သူ႕စကားကို ျပန္မေျဖဘဲ ခ်ဴလင္း၏ေမးေစ့ကို ညႇစ္ဖို႔ လက္ဆန္႔တန္းလိုက္ၿပီး သူ႕ကို ေမာ့ၾကည့္ေစလိုက္သည္။ "ေတာင္းပန္ပါတယ္ ဒီေန႔ ပိုျပင္းတဲ့ နည္းလမ္းကို သုံးမိသြားမွာ စိုးရိမ္မိတယ္"
"မင္း..." ခ်ဴလင္း စကားျပန္မေျပာႏိုင္မီတြင္ ထိုလူက သူ႕ႏႈတ္ခမ္းကို ပိတ္ထားလိုက္သည္။