[Unicode]
TMAWNB [ABO] 4 - ခေါင်းမာလွန်းတယ်
သူတို့နှစ်ဦးသားကြား စကားပြောဆိုပြီးနောက် တနေ့တာလည်ပတ်မှုကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ဟန်ကုက စောစောထွက်ပြီး နောက်ကျမှပြန်လာတတ်တဲ့ စက်ဝန်းမျိုးမှာရှိနေဆဲဖြစ်ပြီး တစ်ပတ်မှာ အကြိမ်အနည်းငယ်ပင် မတွေ့ဖြစ်ကြချေ။ ချူလင်းသည်လည်း ဟန်ကု၏စကားများကို သေသေချာချာ စဉ်းစားပြီးနောက် သူ လုံးဝ ငြိမ်သက်သွားသည်။
ထိုအချိန်တွင် သူ့ကိုယ်သူ စိတ်လိုက်မာန်ပါလုပ်မိသွားမှန်းလည်း သူသိသည်။မျှော်လင့်ချက်တွေနဲ့ လင်ရွှမ်ထံ သွားခဲ့၏။အစကတည်းက သူ ဘာမျှမမျှော်လင့်ထားသင့်ပေ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲလွမ်းဆွတ်နေပါစေ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်နေပါစေ ဒီလို တွယ်တာမှုမျိုးက ရလဒ်ကောင်းတွေ ထွက်မလာနိုင်ချေ။ဒီကိစ္စကို တည်ငြိမ်စွာ တွေးကြည့်ပြီးသည့်နောက်မှာတော့ သူ လင်းရွှမ်နှင့် ထပ်မတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။
သူ့ကိုယ်သူ အတွေးမများစေရန်အတွက် ချူလင်းသည် လုပ်စရာများကို စတင်ရှာဖွေခဲ့သည်။ မနေ့က စူပါမားကတ်သို့ ကုန်ခြောက်ဈေးသွားဝယ်ခဲ့သော်လည်း လင်းရွှမ်နှင့်တွေ့ခဲ့ရသည့်အတွက် မဝယ်ဖြစ်ခဲ့ချေ။ထို့ကြောင့် သူ အလုပ်ဆင်းချိန်တွင် ပါဝင်ပစ္စည်းတွေနှင့် နေ့စဥ်သုံးပစ္စည်းတွေကို ဝယ်ယူခဲ့၏။ ဟန်ကုက ချမ်းသာပေမယ့် အိမ်အကူတစ်ယောက်မှ မငှားထားပေ။ သန့်ရှင်းရေးနှင့် ဈေးဝယ်ထွက်ပေးရန် တစ်ပတ်လျှင် တစ်ကြိမ်သာ လာလုပ်ပေးမည့်ပုံမှန်အလုပ်သမားများကိုသာ သူခန့်ထားသည်။ ချူလင်းကတော့ ဒါ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ဘဝနေထိုင်မှုနှင့် အနားယူဖို့အတွက် သက်ဆိုင်မည်ဟု မှန်းဆခဲ့သည်။ သူ့အကြောင်းတွေးနေပြီး သူမသိခင်မှာပင် ပစ္စည်းတွေအများကြီး ဝယ်ခဲ့မိသည်။ အိမ်ကို သယ်လာတဲ့အခါ အိတ်ကြီးကြီး တစ်လုံးဖြစ်သွားခဲ့ပြီး ပင်ပန်းလွန်းလို့ တံခါးရှေ့မှာ ရပ်ပြီး ခဏလောက် အမောဖြေနေရသည်။
သူဝယ်တဲ့ပစ္စည်းတွေကို အမျိုးအစားခွဲထားချင်ပေမယ့် တစ်လကြာသွားတဲ့အထိ ဒီနေရာနဲ့ သိပ်မရင်းနှီးသေးကြောင်း သူ သိလိုက်ရသည်။သူ ကူကယ်ရာမဲ့ ပြုံးမိပြီး အခန်းထောင့်တိုင်းကို ရှာဖွေကြည့်ဖို့ အချိန်ယူလိုက်ကာ ပစ္စည်းတွေကို ထားလိုက်သည်။သူ ညစာစားဖို့ လုပ်သည့်အချိန်မှာပင် ကိုးနာရီထိုးနေပြီ ဖြစ်သည်။
YOU ARE READING
TMAWNB ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's not boyfriend Original Author - Luo Yue Qian Eng Translator - Leo's Kitty Total - 35 +11 Extras(Comp...