"တီချယ်...မောင့်ရဲ့အိပ်ပုတ်ကြီးလေးရေ...
ထတော့လေ...ဒီနေ့ ဖြူစင်က သူပြန်ရောက်တုန်း မနက်စာသွားကျွေးချင်လို့တဲ့....အိမ်ရှေ့မှာ ရောက်နေပြီ တီချယ်ရဲ့....ထတော့နော်...."
ငယ်..ပြောတာကို တီချယ် တုတ်တုတ် မလှုပ်....
"တီချယ်...တီချယ်..."
"ဖြူရေ....ဒီထဲ ဝင်လာပါအုံး...
ဖွားဖွားရေ....လာပါအုံး...."
"ဘာဖြစ်တာလဲ....နင့်ဖွားလေး ဘုန်းကြီးကျောင်း ဆွမ်းချိုင့်သွားပို့တယ်...."
"ဟဲ့...လုပ်..လုပ်ပါအုံး...
တီချယ်...တီချယ် ကိုယ်တွေ အရမ်းပူပြီး...
နှိုးမရတော့ဘူး...."
"သတိမေ့နေတာ ဖြစ်မယ်...
ငါတို့ဆေးရုံ အမြန်သွားရအောင်...."
"ငါ ပွေ့ချီလိုက်မယ်..."
"နင် တစ်ယောက်တည်း နိုင်လို့လား..."
"ရတယ်...ငါ ဒီလောက်တော့ တီချယ့်အတွက်...
လုပ်နိုင်ပါတယ်...နင်သာ တံခါးတွေ သေချာပိတ်ပြီး..
သော့ကို ဟိုဘက်အိမ်အပ်ခဲ့... အကျိုးအကြောင်းလည်း သေချာပြောပြလိုက်...ဖွားလေးကို ပြန်ပြောလို့ရအောင်....ငါ ကားပေါ်ကစောင့်နေမယ်...
မြန်မြန်...."
"အေး...အေး...."
အရင်က တီချယ် အစောဆုံး နိုးနေကြ....
ဒီနေ့တော့ ငယ်နိုးတာတောင် တီချယ်က မနိုးသေးဘူး...
ဒါပေမဲ့ ငယ်လည်း မနှိုးရက်ဘူး...
တီချယ်အိပ်ပါစေ..ဆိုပြီး...ပေးအိပ်ထားတာ...
ခုတော့ အဖျားတက်ပြီး သတိမေ့မြောနေတာတဲ့....
နီးစပ်ရာ...ဆေးရုံကိုပဲ အမြန်မောင်းပြီး...
ပြခဲ့တယ်.....
တီချယ့်ရဲ့ လက်လေးတွေမှာ...အပ်ပေါက်ရာတွေနဲ့...
ဆေးသွင်းထားရတယ်....
"လဝန်း...ဒီမှာ ဆရာဝန်က လူနာရှင် ခေါ်ခိုင်းလိုက်လို့...ဒီစာရွက်ယူပြီး နင်သွားလိုက်...
ငါ နင့် တီချယ်ကို စောင့်ထားပေးမယ်...."
"အင်း...."
ဆရာဝန် ရုံးခန်းဆီ အသွား....
"ငယ်လေး...ဘာလာလုပ်တာလဲ..."
"တီချယ် ဆေးရုံတက်ရလို့ လာပို့ပေးတာ....."
"နင်တော်တော် မွေးရကျိုးနပ်တဲ့ သမီး....နင့်အမေတစ်ယောက်လုံး ဆေးရုံတက်တာကျတော့....တပတ်လုံးနေမှ ၃ရက်ပြည့်အောင်မလာပဲနဲ့များ.."
"ဖေဖေ ထင်ချင်သလိုထင်....
အခုသွားစရာရှိသေးလို့ သွားအုံးမယ်...."
"တောက်!!!"
ဆရာဝန် ရုံးခန်းရောက်တော့....
"ဒေါ်သက်သက်ရီရဲ့ လူနာရှင်ပါ...အခြေအနေ ဘယ်လိုလဲ...ဒေါက်တာ...."
"လူနာက ရိုးရိုး ဖျားပြီး အားနည်းတာပါပဲ စိုးရိမ်စရာတော့ မရှိပါဘူး..ဒါပေမဲ့ ပိုဂရုစိုက်ပေးပါ စိတ်ချမ်းသာအောင် ထားပေးပါ..."
"ဟုတ်ကဲ့...ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်..."
"ရပါပြီ..ဒီမှာ ဆေး စာရွက်တွေထဲက ဆေးကို အောက်က ကောင်တာမှာ သွားရှာခိုင်းလိုက်နော်..."
"ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ..."
~~~~~~~~~
"တီချယ်...သတိရပြီလား...."
"အင်း..."
"နောက်ဆို အစားများများ စားပြီး နေကောင်းအောင်နေရမယ်နော်...အခုတော့ ဒီမှာ မောင် စွပ်ပြုတ်လေးဝယ်လာတယ်...တစ်ချက်ထည့်လိုက်အုံးမယ်...."
"ဒါဆို ဖြူပြန်လိုက်အုံးမယ်နော်...တီချယ်..."
"အင်း ကျေးဇူးပဲ သမီးလေး..."
ဖြူပြန်သွားပြီးနောက်....
"တီချယ်...ဟ..."
"ရပါတယ်..ကိုယ့် ဘာကိုယ် စားလိုက်မယ်..
ပေး..."
"ဒီက ခွံကျွေးချင်လို့ ဟာကို....နော်...နော်..."
"အဲ့တာဆိုလည်း ခွံ...ခွံ..."
"ဟီးဟီး..."
"ဟ...."
"ကောင်းလား တီချယ်...."
"အင်း...."
"သဘက်ခါလောက်ဆို ဆေးရုံက ဆင်းလို့ရပြီ
သိလား တီချယ်....ကျောင်းမှာလည်း မောင်
တီချယ်လုပ်ရမဲ့ အလုပ်တွေ အကုန်လုပ်ခဲ့တယ်နော်..
အေးဆေး..အနားယူ...."
"မောင်က...တီချယ့် အလုပ်တွေကို ဘယ်လို လုပ်ပေးခဲ့တာလဲ...."
"အော်..ဒါကလား...
တီချယ့် ကျောင်းက ဆရာမ ချောချော တစ်ယောက်ကိုခေါ်ပြီး..မောင့်အနားမှာ ထိုင်ခိုင်းလိုက်တယ်လေ..
ပြီးတော့ တီချယ် ဘာတွေ လုပ်လည်း သူ့ကို မေးပြီး
အတူတူလုပ်လိုက်တာ...."
"ဘာ!!!နှာဘူး....ဒီနားတိုးစမ်း..."
"ဟအင်း...
မတိုးဘူး...မတိုးဘူး...သားသားကြောက်ကြောက်..."
"လဝန်း...ဒီနား မလာရင်...ငါ ဆင်းလာမှာနော်..."
"အယ်...မဆင်းတော့ မဆင်းလာပါနဲ့...
အပ်ကြီးတန်းလန်းနဲ့ကို...မောင်က..စတာ..."
"ခွပ်...."
"အား...တီချယ်နော်...အားမရှိဘူးသာပြောတာ...
ငယ်ထိပ်ပေါက်သွားပြီလား မသိဘူး...."
"နည်းတောင် နည်းသေးတယ်...နေကောင်းမှ...
အရိုးတစ်ခြား အသားတစ်ခြား လုပ်ပစ်မယ်..."
"ဟီးဟီး...အခုမှ ပဲ တီချယ် ပြုံးတာလေးမြင်ရတော့တယ်...အရမ်းချစ်လိုက်တာ...မွ...."
"အဟမ်း...."
"ဟဲ့...ဖြူစင်..နင်ကလည်း ကောင်းခန်းဆို ဝင်နှောင့်တော့တာပဲ..."
"ငါ ဝင်နှောင့်တာ မဟုတ်ဘူး...ဒီမှာ
တီချယ့်ကျောင်းက ဆရာမတွေလာလို့
တီချယ့်ဆီလာပို့ပေးတာ...."
"အော်...တီချယ်လေးတို့ ဝင်ထိုင်ပါ...."
"ကျေးဇူးပဲ လဝန်း...."
မနက်က ငယ့်ကို အလုပ်ဝိုင်းကူပေးတဲ့
တီချယ်သော်တာလင်းနဲ့ တီချယ်ရဲ့ သူငယ်ချင်း
တီချယ်မျိုးတို့ လာကြည့်ကြတာ.....
"တီချယ်...ဒီမှာလေ...
သမီးကို အလုပ်ဝိုင်းကူပြီး ပြပေးတဲ့ တီချယ်
ချောချောလေး...."
"အား...."
"ဘာဖြစ်တာလဲ ညီမလေး...."
"အော်...ဟို..ဗိုက်...ဗိုက်ခေါက်...အဲ...
ဗိုက်နည်းနည်းအောင့်လို့ပါ...."
တီချယ် လက်မြန်တာကတော့....
စောင်အောက်ကနေ...ငယ့် ဗိုက်ခေါက်ကို
လာဆွဲလိမ်သတဲ့.....
"ဆရာဝန်သွားပြလိုက်လေ ညီမလေး...
အမလိုက်ပေးမယ်...."
"ရ..ရပါတယ် တီချယ်လေးရဲ့....
ဒီမှာ စွပ်ပြုတ်လေးပြီးအောင် တိုက်ပြီးမှပဲ သွားပြလိုက်မယ်...."
"အင်း...ဂရုစိုက်..."
"သက်...နင်လည်းနော်...
လူကြီး ဖြစ်နေပြီး...နည်းနည်းပါးပါး ကိုယ့်ဘာကိုယ်
ဂရုစိုက်အုံး...."
"မျိုးရယ်...နင်င့ါကို တရားလာပြတာလား...
လာကြည့်တာလား...."
"နှစ်ခုလုံးပဲ...."
"အပျိုကြီးရယ်...နားငြီးတယ်...
ငါ့ကိုတော့ ဆေးရုံမှာ ကောင်းကောင်းပေးနေ...."
"အေးပါ...ဆေးရုံက ဆင်းလာမှ တရားချမယ်..."
"တီချယ်တို့ ဒါလေး သုံးဆောင်ကြပါအုံး...."
တီချယ့်အတွက် ဝယ်ခဲ့ပေးတဲ့ကြက်ကြော်လေးတွေ ထုတ်ကျွေးလိုက်တယ်.....
တီချယ်က မောင့်ကိုတော့ မျက်စောင်းကြီးပဲ ရွတ်ထိုးနေတာ....
တီချယ် သဝန်တိုပုံလေးက အရမ်းချစ်ဖို့ကောင်းတယ်မလား....
"မစားတော့ပါဘူးကွယ်...
ဒီနားလာချ သမီးလေး..."
"မျိုး...ငါ သိပ်မပြောချင်ဘူး...
ဟွန့်...စား...စား..."
"ဟားဟား စားမှာ...စိတ်ချ..."
တီချယ်မျိုးက တော့ အသေချာ အဝစားတော့တာပဲ...တီချယ်သော်တာလင်းကတော့ အားနာနေဟန်...
သိပ်မစားရှာဘူး...
"အမစားလေ...ညီမ အသားနွှင်ပေးမယ်...."
တီချယ့်ကို စချင်တာလည်း ပါတော့...
အသားနွှင်ပြီး...ခွံကျွေးပြလိုက်တယ်...
တီချယ်ကတော့ မျက်ထောင့် နီနီတွေနဲ့...
ပါးစပ်က ပွစိ ပွစိ ရွတ်နေတော့တယ်....
ဒီအကြောင်းကို တီချယ်မျိုးကသိတော့....
"သက်...နင်နေမကောင်းဖြစ်ပြီး...
အာရုံကြောမကောင်းတော့ဘူးဖြစ်မယ်...."
"ငါဘာဖြစ်နေလို့လဲ...."
"နင့်ပါးစပ်က လှုပ် နေလို့လေ...အာရုံကြော ပျက်တာဖြစ်မယ်...ဟားဟား...ကြည့်ပါအုံး...မျက်ထောင့်တွေလည်း နီလို့...."
"ပြန်တော့...ပြန်တော့...တော်ပြီ..မစားကြနဲ့တော့..."
"အေးပါ...ပြန်မယ် ပြန်မယ်...ဒီကြက်ပေါင်တော့..
သယ်သွားမယ်နော်..."
"သယ်သွား..ကြွကြွ....ဟိုတယောက်လည်း အဲ့လောက်ခွံကျွေးချင်နေရင်...အိမ်လိုက်သွားလိုက်...
ပြန်မလာခဲ့နဲ့...သွားတော့...."
တီချယ်ကအတင်းနှင်ထုတ်နေတော့တာပါပဲ....
နှုတ်ခမ်း ဆူဆူလေးနဲ့....နေမကောင်းလို့သာ..
ဖြူဖတ်ဖြူရော်လေးဖြစ်နေတာ...
ရန်တွေ့တာမှ စွာနေရော....
"ဟုတ်ကဲ့...လာလာ...တီချယ်မျိုးနဲ့ မမ ညီမ လိုက်ပို့မယ်...."
အောက်ထပ်အထိ တီချယ်နှစ်ယောက်လုံးကို ပို့ပေးဖြစ်တယ်.....
"လဝန်းရေ...နင့် တီချယ်ကို ချော့လိုက်ပါအုံး...
တီချယ်တို့ စတာ လွန်သွားတယ်...
သတိလည်း ထားအုံး...သူက မထင်ရင် မထင်သလို လုပ်တတ်တယ်နော်...သံချပ်ကာ...ရှာသွား...."
"ဟားဟား....."
ပို့ပြီး ပြန်တက်လာတော့....တီချယ်က စိတ်ကောက်နေရှာတယ်....
"မလာနဲ့...သွား..လိုက်သွား..."
"အယ်...မဟုတ်ဘူးလေ...."
"နင် အရှေ့ တစ်လှမ်းမတိုးလာနဲ့နော်...."
"မောင်က...အား...အယ်...
တီချယ်...မ..မလုပ်နဲ့...အား....."
တီချယ်တစ်ယောက်တော့ ဘေးက တွေ့သမျှ ရေဘူးတွေ....သံပန်းကန်ပြားတွေနဲ့ ကောက်ပေါက်နေတော့တယ်.....
"တီချယ်...ဒေါက်တာ...လာပြီ..."
ဒေါက်တာ လာတော့ မှပဲ ရပ်တော့တယ်....
"အိုး...ဘယ်လိုတွေ ဖြစ်ထားတာတုန်း...."
"ဟို...လူနာက နည်းနည်း စိတ်ကောက်နေလို့ပါ..
ဟဲဟဲ..."
တီချယ့် မျက်စောင်းမိုးတွေကြားမှာ သေရချည်ရဲ့...
"လူနာကို စိတ်ချမ်းသာအောင် ထားရမယ်နော်...
သမီး...."
"ဟုတ်ကဲ့ပါ ဒေါက်တာ..စိတ်ချမ်းသာအောင်ထားပါ့မယ်...."
"အပိုတွေ ဒေါက်တာ...သူ စိတ်ချမ်းသာအောင်
မထားတဲ့ အပြင်...ဒီက သွေးဆောင့်တက်အောင်ပါလုပ်နေတာ....."
"ဟာ...တီချယ် မဟုတ်ပါဘူးဆို...."
"ဟားဟား...တော်ကြပါတော့ဗျာ...ဒါနဲ့ လူနာနဲ့ ဒီညီမနဲ့က ဆရာ တပည့်တွေလား...."
"ဟုတ်ပါတယ် ဒေါက်တာ...ညီမက...
လူနာရဲ့ဆရာမပါ...."
"ဘာ!!!လဝန်း...နင်နော်...နင်...
ဒေါက်တာ...ရှိနေလို့...ဟွန့်...ဟွန့်..."
"ကျွန်မတော့ အားကျတယ်...တစ်ခါမှ ဒီလို ဆရာ တပည့်မျိုး မတွေ့ဖူးဘူး...ဟီးဟီး...."
"ဒေါက်တာ ပျော်ရအောင် နောက်ဆို လာလည်လေ..
ညီမကတော့...တချို့လူတွေ လို မဟုတ်ဘူး ခင်တတ်တယ်...နောက်ပြီး...သဝန်လည်း မတိုတတ်ဘူးရယ်..."
"ဖြောက်..."
"အား...ဒေါက်တာရဲ့လူနာက ဖျားတာကော
ဟုတ်ရဲ့လား...ဒီမှာ လက်မောင်းပါ ထုံသွားပြီး...."
"ပေါက်ပန်းလေးဆယ်တွေ လျှောက်မပြောနဲ့...
ဒေါက်တာရေ...ဒီလိုပဲ...အဲ့ကလေးက
လျှောက်စနေတာ...စိတ်ထဲ မထားနဲ့နော်...."
"ရပါတယ်...ဆရာမရယ်...
ကျွန်မလည်း ခင်တတ်ပါတယ်...
သဝန်လည်း မတိုတတ်ပါဘူး..."
"ဟာ...ဒေါက်တာပါ ဆော်ခံထိတော့မယ်...
ညီမ တာဝန် မယူဘူးနော်...."
"ဟားဟား..ဟား...."
ရယ်သံလေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဆေးရုံအခန်းလေးရဲ့...တစ်ဖက် တစ်ချက်မှာတော့....
ဖေဖေနဲ့ သူနာပြုမလေးတွေ မေမေ့ အသက်ကို သေမင်းဆီက အလုအယက်လုပ်နေရရှာတယ်.....
နောက်ဆုံးတော့....
"လဝန်းရဲ့မေမေ ဆုံးပြီ"တဲ့လေ.....
_________
Zawgyi
"တီခ်ယ္...ေမာင့္ရဲ႕အိပ္ပုတ္ႀကီးေလးေရ...
ထေတာ့ေလ...ဒီေန႔ ျဖဴစင္က သူျပန္ေရာက္တုန္း မနက္စာသြားေကြၽးခ်င္လို႔တဲ့....အိမ္ေ႐ွ႕မွာ ေရာက္ေနၿပီ တီခ်ယ္ရဲ႕....ထေတာ့ေနာ္...."
ငယ္..ေျပာတာကို တီခ်ယ္ တုတ္တုတ္ မလႈပ္....
"တီခ်ယ္...တီခ်ယ္..."
"ျဖဴေရ....ဒီထဲ ဝင္လာပါအုံး...
ဖြားဖြားေရ....လာပါအုံး...."
"ဘာျဖစ္တာလဲ....နင့္ဖြားေလး ဘုန္းႀကီးေက်ာင္း ဆြမ္းခ်ိဳင့္သြားပို႔တယ္...."
"ဟဲ့...လုပ္..လုပ္ပါအုံး...
တီခ်ယ္...တီခ်ယ္ ကိုယ္ေတြ အရမ္းပူၿပီး...
ႏိႈးမရေတာ့ဘူး...."
"သတိေမ့ေနတာ ျဖစ္မယ္...
ငါတို႔ေဆး႐ုံ အျမန္သြားရေအာင္...."
"ငါ ေပြ႕ခ်ီလိုက္မယ္..."
"နင္ တစ္ေယာက္တည္း ႏိုင္လို႔လား..."
"ရတယ္...ငါ ဒီေလာက္ေတာ့ တီခ်ယ့္အတြက္...
လုပ္ႏိုင္ပါတယ္...နင္သာ တံခါးေတြ ေသခ်ာပိတ္ၿပီး..
ေသာ့ကို ဟိုဘက္အိမ္အပ္ခဲ့... အက်ိဳးအေၾကာင္းလည္း ေသခ်ာေျပာျပလိုက္...ဖြားေလးကို ျပန္ေျပာလို႔ရေအာင္....ငါ ကားေပၚကေစာင့္ေနမယ္...
ျမန္ျမန္...."
"ေအး...ေအး...."
အရင္က တီခ်ယ္ အေစာဆုံး ႏိုးေနၾက....
ဒီေန႔ေတာ့ ငယ္ႏိုးတာေတာင္ တီခ်ယ္က မႏိုးေသးဘူး...
ဒါေပမဲ့ ငယ္လည္း မႏိႈးရက္ဘူး...
တီခ်ယ္အိပ္ပါေစ..ဆိုၿပီး...ေပးအိပ္ထားတာ...
ခုေတာ့ အဖ်ားတက္ၿပီး သတိေမ့ေျမာေနတာတဲ့....
နီးစပ္ရာ...ေဆး႐ုံကိုပဲ အျမန္ေမာင္းၿပီး...
ျပခဲ့တယ္.....
တီခ်ယ့္ရဲ႕ လက္ေလးေတြမွာ...အပ္ေပါက္ရာေတြနဲ႔...
ေဆးသြင္းထားရတယ္....
"လဝန္း...ဒီမွာ ဆရာဝန္က လူနာ႐ွင္ ေခၚခိုင္းလိုက္လို႔...ဒီစာ႐ြက္ယူၿပီး နင္သြားလိုက္...
ငါ နင့္ တီခ်ယ္ကို ေစာင့္ထားေပးမယ္...."
"အင္း...."
ဆရာဝန္ ႐ုံးခန္းဆီ အသြား....
"ငယ္ေလး...ဘာလာလုပ္တာလဲ..."
"တီခ်ယ္ ေဆး႐ုံတက္ရလို႔ လာပို႔ေပးတာ....."
"နင္ေတာ္ေတာ္ ေမြးရက်ိဳးနပ္တဲ့ သမီး....နင့္အေမတစ္ေယာက္လုံး ေဆး႐ုံတက္တာက်ေတာ့....တပတ္လုံးေနမွ ၃ရက္ျပည့္ေအာင္မလာပဲနဲ႔မ်ား.."
"ေဖေဖ ထင္ခ်င္သလိုထင္....
အခုသြားစရာ႐ွိေသးလို႔ သြားအုံးမယ္...."
"ေတာက္!!!"
ဆရာဝန္ ႐ုံးခန္းေရာက္ေတာ့....
"ေဒၚသက္သက္ရီရဲ႕ လူနာ႐ွင္ပါ...အေျခအေန ဘယ္လိုလဲ...ေဒါက္တာ...."
"လူနာက ႐ိုး႐ိုး ဖ်ားၿပီး အားနည္းတာပါပဲ စိုးရိမ္စရာေတာ့ မ႐ွိပါဘူး..ဒါေပမဲ့ ပိုဂ႐ုစိုက္ေပးပါ စိတ္ခ်မ္းသာေအာင္ ထားေပးပါ..."
"ဟုတ္ကဲ့...ကြၽန္ေတာ္ ေသခ်ာ ဂ႐ုစိုက္ပါ့မယ္..."
"ရပါၿပီ..ဒီမွာ ေဆး စာ႐ြက္ေတြထဲက ေဆးကို ေအာက္က ေကာင္တာမွာ သြား႐ွာခိုင္းလိုက္ေနာ္..."
"ဟုတ္ကဲ့ ေက်းဇူးပါ ေဒါက္တာ..."
~~~~~~~~~
"တီခ်ယ္...သတိရၿပီလား...."
"အင္း..."
"ေနာက္ဆို အစားမ်ားမ်ား စားၿပီး ေနေကာင္းေအာင္ေနရမယ္ေနာ္...အခုေတာ့ ဒီမွာ ေမာင္ စြပ္ျပဳတ္ေလးဝယ္လာတယ္...တစ္ခ်က္ထည့္လိုက္အုံးမယ္...."
"ဒါဆို ျဖဴျပန္လိုက္အုံးမယ္ေနာ္...တီခ်ယ္..."
"အင္း ေက်းဇူးပဲ သမီးေလး..."
ျဖဴျပန္သြားၿပီးေနာက္....
"တီခ်ယ္...ဟ..."
"ရပါတယ္..ကိုယ့္ ဘာကိုယ္ စားလိုက္မယ္..
ေပး..."
"ဒီက ခြံေကြၽးခ်င္လို႔ ဟာကို....ေနာ္...ေနာ္..."
"အဲ့တာဆိုလည္း ခြံ...ခြံ..."
"ဟီးဟီး..."
"ဟ...."
"ေကာင္းလား တီခ်ယ္...."
"အင္း...."
"သဘက္ခါေလာက္ဆို ေဆး႐ုံက ဆင္းလို႔ရၿပီ
သိလား တီခ်ယ္....ေက်ာင္းမွာလည္း ေမာင္
တီခ်ယ္လုပ္ရမဲ့ အလုပ္ေတြ အကုန္လုပ္ခဲ့တယ္ေနာ္..
ေအးေဆး..အနားယူ...."
"ေမာင္က...တီခ်ယ့္ အလုပ္ေတြကို ဘယ္လို လုပ္ေပးခဲ့တာလဲ...."
"ေအာ္..ဒါကလား...
တီခ်ယ့္ ေက်ာင္းက ဆရာမ ေခ်ာေခ်ာ တစ္ေယာက္ကိုေခၚၿပီး..ေမာင့္အနားမွာ ထိုင္ခိုင္းလိုက္တယ္ေလ..
ၿပီးေတာ့ တီခ်ယ္ ဘာေတြ လုပ္လည္း သူ႕ကို ေမးၿပီး
အတူတူလုပ္လိုက္တာ...."
"ဘာ!!!ႏွာဘူး....ဒီနားတိုးစမ္း..."
"ဟအင္း...
မတိုးဘူး...မတိုးဘူး...သားသားေၾကာက္ေၾကာက္..."
"လဝန္း...ဒီနား မလာရင္...ငါ ဆင္းလာမွာေနာ္..."
"အယ္...မဆင္းေတာ့ မဆင္းလာပါနဲ႔...
အပ္ႀကီးတန္းလန္းနဲ႔ကို...ေမာင္က..စတာ..."
"ခြပ္...."
"အား...တီခ်ယ္ေနာ္...အားမ႐ွိဘူးသာေျပာတာ...
ငယ္ထိပ္ေပါက္သြားၿပီလား မသိဘူး...."
"နည္းေတာင္ နည္းေသးတယ္...ေနေကာင္းမွ...
အ႐ိုးတစ္ျခား အသားတစ္ျခား လုပ္ပစ္မယ္..."
"ဟီးဟီး...အခုမွ ပဲ တီခ်ယ္ ျပဳံးတာေလးျမင္ရေတာ့တယ္...အရမ္းခ်စ္လိုက္တာ...မြ...."
"အဟမ္း...."
"ဟဲ့...ျဖဴစင္..နင္ကလည္း ေကာင္းခန္းဆို ဝင္ေႏွာင့္ေတာ့တာပဲ..."
"ငါ ဝင္ေႏွာင့္တာ မဟုတ္ဘူး...ဒီမွာ
တီခ်ယ့္ေက်ာင္းက ဆရာမေတြလာလို႔
တီခ်ယ့္ဆီလာပို႔ေပးတာ...."
"ေအာ္...တီခ်ယ္ေလးတို႔ ဝင္ထိုင္ပါ...."
"ေက်းဇူးပဲ လဝန္း...."
မနက္က ငယ့္ကို အလုပ္ဝိုင္းကူေပးတဲ့
တီခ်ယ္ေသာ္တာလင္းနဲ႔ တီခ်ယ္ရဲ႕ သူငယ္ခ်င္း
တီခ်ယ္မ်ိဳးတို႔ လာၾကည့္ၾကတာ.....
"တီခ်ယ္...ဒီမွာေလ...
သမီးကို အလုပ္ဝိုင္းကူၿပီး ျပေပးတဲ့ တီခ်ယ္
ေခ်ာေခ်ာေလး...."
"အား...."
"ဘာျဖစ္တာလဲ ညီမေလး...."
"ေအာ္...ဟို..ဗိုက္...ဗိုက္ေခါက္...အဲ...
ဗိုက္နည္းနည္းေအာင့္လို႔ပါ...."
တီခ်ယ္ လက္ျမန္တာကေတာ့....
ေစာင္ေအာက္ကေန...ငယ့္ ဗိုက္ေခါက္ကို
လာဆြဲလိမ္သတဲ့.....
"ဆရာဝန္သြားျပလိုက္ေလ ညီမေလး...
အမလိုက္ေပးမယ္...."
"ရ..ရပါတယ္ တီခ်ယ္ေလးရဲ႕....
ဒီမွာ စြပ္ျပဳတ္ေလးၿပီးေအာင္ တိုက္ၿပီးမွပဲ သြားျပလိုက္မယ္...."
"အင္း...ဂ႐ုစိုက္..."
"သက္...နင္လည္းေနာ္...
လူႀကီး ျဖစ္ေနၿပီး...နည္းနည္းပါးပါး ကိုယ့္ဘာကိုယ္
ဂ႐ုစိုက္အုံး...."
"မ်ိဳးရယ္...နင္င့ါကို တရားလာျပတာလား...
လာၾကည့္တာလား...."
"ႏွစ္ခုလုံးပဲ...."
"အပ်ိဳႀကီးရယ္...နားၿငီးတယ္...
ငါ့ကိုေတာ့ ေဆး႐ုံမွာ ေကာင္းေကာင္းေပးေန...."
"ေအးပါ...ေဆး႐ုံက ဆင္းလာမွ တရားခ်မယ္..."
"တီခ်ယ္တို႔ ဒါေလး သုံးေဆာင္ၾကပါအုံး...."
တီခ်ယ့္အတြက္ ဝယ္ခဲ့ေပးတဲ့ၾကက္ေၾကာ္ေလးေတြ ထုတ္ေကြၽးလိုက္တယ္.....
တီခ်ယ္က ေမာင့္ကိုေတာ့ မ်က္ေစာင္းႀကီးပဲ ႐ြတ္ထိုးေနတာ....
တီခ်ယ္ သဝန္တိုပုံေလးက အရမ္းခ်စ္ဖို႔ေကာင္းတယ္မလား....
"မစားေတာ့ပါဘူးကြယ္...
ဒီနားလာခ် သမီးေလး..."
"မ်ိဳး...ငါ သိပ္မေျပာခ်င္ဘူး...
ဟြန္႔...စား...စား..."
"ဟားဟား စားမွာ...စိတ္ခ်..."
တီခ်ယ္မ်ိဳးက ေတာ့ အေသခ်ာ အဝစားေတာ့တာပဲ...တီခ်ယ္ေသာ္တာလင္းကေတာ့ အားနာေနဟန္...
သိပ္မစား႐ွာဘူး...
"အမစားေလ...ညီမ အသားႏႊင္ေပးမယ္...."
တီခ်ယ့္ကို စခ်င္တာလည္း ပါေတာ့...
အသားႏႊင္ၿပီး...ခြံေကြၽးျပလိုက္တယ္...
တီခ်ယ္ကေတာ့ မ်က္ေထာင့္ နီနီေတြနဲ႔...
ပါးစပ္က ပြစိ ပြစိ ႐ြတ္ေနေတာ့တယ္....
ဒီအေၾကာင္းကို တီခ်ယ္မ်ိဳးကသိေတာ့....
"သက္...နင္ေနမေကာင္းျဖစ္ၿပီး...
အာ႐ုံေၾကာမေကာင္းေတာ့ဘူးျဖစ္မယ္...."
"ငါဘာျဖစ္ေနလို႔လဲ...."
"နင့္ပါးစပ္က လႈပ္ ေနလို႔ေလ...အာ႐ုံေၾကာ ပ်က္တာျဖစ္မယ္...ဟားဟား...ၾကည့္ပါအုံး...မ်က္ေထာင့္ေတြလည္း နီလို႔...."
"ျပန္ေတာ့...ျပန္ေတာ့...ေတာ္ၿပီ..မစားၾကနဲ႔ေတာ့..."
"ေအးပါ...ျပန္မယ္ ျပန္မယ္...ဒီၾကက္ေပါင္ေတာ့..
သယ္သြားမယ္ေနာ္..."
"သယ္သြား..ႂကြႂကြ....ဟိုတေယာက္လည္း အဲ့ေလာက္ခြံေကြၽးခ်င္ေနရင္...အိမ္လိုက္သြားလိုက္...
ျပန္မလာခဲ့နဲ႔...သြားေတာ့...."
တီခ်ယ္ကအတင္းႏွင္ထုတ္ေနေတာ့တာပါပဲ....
ႏႈတ္ခမ္း ဆူဆူေလးနဲ႔....ေနမေကာင္းလို႔သာ..
ျဖဴဖတ္ျဖဴေရာ္ေလးျဖစ္ေနတာ...
ရန္ေတြ႕တာမွ စြာေနေရာ....
"ဟုတ္ကဲ့...လာလာ...တီခ်ယ္မ်ိဳးနဲ႔ မမ ညီမ လိုက္ပို႔မယ္...."
ေအာက္ထပ္အထိ တီခ်ယ္ႏွစ္ေယာက္လုံးကို ပို႔ေပးျဖစ္တယ္.....
"လဝန္းေရ...နင့္ တီခ်ယ္ကို ေခ်ာ့လိုက္ပါအုံး...
တီခ်ယ္တို႔ စတာ လြန္သြားတယ္...
သတိလည္း ထားအုံး...သူက မထင္ရင္ မထင္သလို လုပ္တတ္တယ္ေနာ္...သံခ်ပ္ကာ...႐ွာသြား...."
"ဟားဟား....."
ပို႔ၿပီး ျပန္တက္လာေတာ့....တီခ်ယ္က စိတ္ေကာက္ေန႐ွာတယ္....
"မလာနဲ႔...သြား..လိုက္သြား..."
"အယ္...မဟုတ္ဘူးေလ...."
"နင္ အေ႐ွ႕ တစ္လွမ္းမတိုးလာနဲ႔ေနာ္...."
"ေမာင္က...အား...အယ္...
တီခ်ယ္...မ..မလုပ္နဲ႔...အား....."
တီခ်ယ္တစ္ေယာက္ေတာ့ ေဘးက ေတြ႕သမွ် ေရဘူးေတြ....သံပန္းကန္ျပားေတြနဲ႔ ေကာက္ေပါက္ေနေတာ့တယ္.....
"တီခ်ယ္...ေဒါက္တာ...လာၿပီ..."
ေဒါက္တာ လာေတာ့ မွပဲ ရပ္ေတာ့တယ္....
"အိုး...ဘယ္လိုေတြ ျဖစ္ထားတာတုန္း...."
"ဟို...လူနာက နည္းနည္း စိတ္ေကာက္ေနလို႔ပါ..
ဟဲဟဲ..."
တီခ်ယ့္ မ်က္ေစာင္းမိုးေတြၾကားမွာ ေသရခ်ည္ရဲ႕...
"လူနာကို စိတ္ခ်မ္းသာေအာင္ ထားရမယ္ေနာ္...
သမီး...."
"ဟုတ္ကဲ့ပါ ေဒါက္တာ..စိတ္ခ်မ္းသာေအာင္ထားပါ့မယ္...."
"အပိုေတြ ေဒါက္တာ...သူ စိတ္ခ်မ္းသာေအာင္
မထားတဲ့ အျပင္...ဒီက ေသြးေဆာင့္တက္ေအာင္ပါလုပ္ေနတာ....."
"ဟာ...တီခ်ယ္ မဟုတ္ပါဘူးဆို...."
"ဟားဟား...ေတာ္ၾကပါေတာ့ဗ်ာ...ဒါနဲ႔ လူနာနဲ႔ ဒီညီမနဲ႔က ဆရာ တပည့္ေတြလား...."
"ဟုတ္ပါတယ္ ေဒါက္တာ...ညီမက...
လူနာရဲ႕ဆရာမပါ...."
"ဘာ!!!လဝန္း...နင္ေနာ္...နင္...
ေဒါက္တာ...႐ွိေနလို႔...ဟြန္႔...ဟြန္႔..."
"ကြၽန္မေတာ့ အားက်တယ္...တစ္ခါမွ ဒီလို ဆရာ တပည့္မ်ိဳး မေတြ႕ဖူးဘူး...ဟီးဟီး...."
"ေဒါက္တာ ေပ်ာ္ရေအာင္ ေနာက္ဆို လာလည္ေလ..
ညီမကေတာ့...တခ်ိဳ႕လူေတြ လို မဟုတ္ဘူး ခင္တတ္တယ္...ေနာက္ၿပီး...သဝန္လည္း မတိုတတ္ဘူးရယ္..."
"ေျဖာက္..."
"အား...ေဒါက္တာရဲ႕လူနာက ဖ်ားတာေကာ
ဟုတ္ရဲ႕လား...ဒီမွာ လက္ေမာင္းပါ ထုံသြားၿပီး...."
"ေပါက္ပန္းေလးဆယ္ေတြ ေလွ်ာက္မေျပာနဲ႔...
ေဒါက္တာေရ...ဒီလိုပဲ...အဲ့ကေလးက
ေလွ်ာက္စေနတာ...စိတ္ထဲ မထားနဲ႔ေနာ္...."
"ရပါတယ္...ဆရာမရယ္...
ကြၽန္မလည္း ခင္တတ္ပါတယ္...
သဝန္လည္း မတိုတတ္ပါဘူး..."
"ဟာ...ေဒါက္တာပါ ေဆာ္ခံထိေတာ့မယ္...
ညီမ တာဝန္ မယူဘူးေနာ္...."
"ဟားဟား..ဟား...."
ရယ္သံေလးေတြနဲ႔ ဖုံးလႊမ္းေနတဲ့ ေဆး႐ုံအခန္းေလးရဲ႕...တစ္ဖက္ တစ္ခ်က္မွာေတာ့....
ေဖေဖနဲ႔ သူနာျပဳမေလးေတြ ေမေမ့ အသက္ကို ေသမင္းဆီက အလုအယက္လုပ္ေနရ႐ွာတယ္.....
ေနာက္ဆုံးေတာ့....
"လဝန္းရဲ႕ေမေမ ဆုံးၿပီ"တဲ့ေလ.....
________