Min Kha Sar Mae Nya - မင်းခစာ...

By Sellelthan94

407 24 1

ဇာတ်လမ်းတော့ကြိုမပြောတော့ဘူး ဖတ်ကြည့်ပါ ​​😬 More

Part-1

Part-2

136 9 1
By Sellelthan94

မင်းခစားမယ့်ည
Part-2

ကျွန်တော့နာမည်က မိုးညငယ်လို့ခေါ်ပါတယ်ခင်ဗျ။ နာမည်ကတော့ နည်းနည်းပုစိလေး မိန်းမဆန်တယ်ဗျ။ ကျွန်တော်က ပြောရမယ်ဆိုရင်တော့ဗျာ...ဟို ဘယ်က စပြောရမလဲ အသက်ကနေ စပြောမယ်ဗျာ အိုကေလား။ ကျွန်တော့ အသက်က အခု ၁၆နှစ်ထဲမှာပါခင်ဗျ။ ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့အောင်ပြီး အခု TU တတ်နေပါတယ်။ အခုမှ တက္ကသိုလ် lifeကို ပထမဆုံး ကြုံဖူးတာမို့ အရာရာက အသစ်အဆန်းကြည့်ပဲခင်ဗျ။ stateကျောင်းတွေထက် လွတ်လပ်သလို ပျော်ဖို့လည်းကောင်းပါတယ်။ အတန်းကြီးက အမတွေကတော့ အတန်းလစ်လို့ရတယ် ပြောပေမဲ့ ကျွန်တော် အခုထိတော့ မလစ်ဖူးသေးဘူးခင်ဗျ။ ကျောင်းဖွင့်တာလည်း တစ်ပါတ်ပဲရှိသေးတော့လေ မလစ်သေးဘူးခင်ဗျ ဆရာမတွေအားနာလို့လေ။ အဲ့တော့ နောက်မှ လစ်မယ်ပေါ့ဗျာ အခုတော့ သူငယ်ချင်းတွေနဲ့ ကန်တင်းမှာ ပျော်ပျော်ပါးပါးပေါ့ အခုမှ ကျွန်တော်တို့က တက္ကသိုလ်စတတ်ဖူးတာမဟုတ်လား။

ကျွန်တော်မှာ stateကျောင်းကတည်းက အရမ်းခင်ရတဲ့ သူငယ်ချင်းလေးယောက်ရှိတယ် ပြောရမယ်ဆိုရင် ကျွန်တော်အပါအဝင် ငါးယောက်ပေါ့ဗျာ။ ရှင်းသန့်ဖြူလို့ခေါ်တဲ့ အရမ်းအလှကြိုက်တဲ့ မမပဲရယ်။ ချမ်းမြေ့သူလို့ခေါ်တဲ့ ဒဿနတွေပွားတတ်တဲ့ အမြဲတမ်း တားရော့ကဒ်အထုပ်ကြီးနဲ့ ဗေဒင်ဆရာမယောင်ယောင်မမရယ်။ ကျွန်တော့ အနွံတာ အမြဲသည်းခံတဲ့ အုပ်စိုးလို့ခေါ်တဲ့ ဂျစ်ကန်ကန် fighterကြီးရယ်။ မင်းစစ်လို့ ခေါ်တဲ့ အမြဲတမ်းစနောက်တတ်တဲ့ ငပြောင်ကောင်ရယ်။ အမြဲတမ်း တကျက်ကျက်ရန်ဖြစ်နေကြပေမဲ့ ကျွန်တော်တို့ ငါးယောက်က သိပ်ချစ်ကြတာဗျ။

"မိုးည နင်ဘာမှာမလဲ "

"ငါ ထမင်းဆီဆမ်းရယ် ကြက်သားကြော် လက်ဖက်သုပ် အအေး ပြီးတော့ .."

"တော်ပါတော့ မိုးညရယ် နင့်မလဲ လူကောင်သေးသလောက် အရမ်းစားနိုင်တာပဲ လွယ်အိတ်ထဲလည်း မုန့်တွေကြည့်ပဲ ဆရာမ စာသင်တော့လည်း အနောက်ကနေ မုန့်ခိုးစားတယ် အခုလည်း ကန်တင်းမှာ ထမင်းချိုင့်ကပါသေး မုန့်ကတစ်ဖက်နဲ့"ဟု ရှင်းသန့်ဖြူက ပြောလျှင်

ချမ်းမြေ့သူက "ဟုတ်သားပဲ နင်ကလည်း ဟိုကလေးမ ပြော ပြောချင်စရာ ငါတို့ အုပ်စုထဲ နင်အစားဆုံး ပြီးရင် နင်လူကောင်အသေးဆုံးပဲ"ဟု ပြောရင်း ထောက်ခံလေသည်။

"ဟာ ငါ့ထမင်းချိုင့်က break timeမှာ စားလို့ ကုန်သွားပြီ အိမ်က မနက်စာ စားမလာခဲ့ရဘူးဟ နင်တို့ကလည်း ပြောဖို့ကြည့်ပဲ"ဟု ပြန်ဖြေရှင်းရင်း စားပွဲထိုးကို ဟမ်ဘာဂါ တစ်လုံး မြန်မြန်လာချပေးဖို့ ပြောလိုက်တော့ ရှင်းသန့်နှင့် ချမ်းမြေ့မတို့ မျက်စောင်းက နဂါးဆို ဒီနေရာမှာတင် ပြာကျသွားလောက်သည်။

"နင်တို့ကလည်းဟာ သူစားချင်တာစားပါစေဟ အမြဲသူများစားမဲ့ဟာက်ို လိုက်ပိတ်ပင်နေတာ ငရဲအိုးထဲရောက်မဲ့ ကလေးမတွေ"ဆိုပြီး အုပ်စိုးက ပြောလျှင် မင်းစစ်က ခေါင်းညိတ်ပြီး ထောက်ခံလေသည်။

"အေးအေး မပြောတော့ဘူးဟေ့ နင်တို့ပဲ ချစ်ကြ ချစ်ကြ သိလား "ဟု ချမ်းမြေ့သူ မျက်စောင်းထိုးပြီးပြောပြနလျှင် တစ်ဖွဲ့လုံးတဝါးဝါး တဟားဟားဖြင့်ရယ်ကြလေသည်။

စားသောက်ပြီးသောအခါ ချမ်းမြေ့သူတို့ ရောဂါစလာပါပြီ အခုပဲကြည့်လေ ပန်းကန်တွေကို သိမ်းခိုင်းပြီး စားပွဲပေါ်မှာပုဝါ အကြီးကြီးတစ်ခုကို ချခင်းပြီး သူ့တားရော့ကဒ်အထုပ်ကြီးကို တင်ပါပြီ။ ပြီးတော့ သူတို့အားလုံးကို တစ်ယောက်ချင်း အတင်းဟောပါလိမ့်မည်ကြည့်နေ။ ရှင်းသန့်မကတော့ ဗေဒင်တွေ လက္ခဏာတွေ အရမ်းယုံသူမို့ အတင်းဟောစရာမလို သူ့အလိုလိုကို မေးနေပါပြီ။

"ဟဲ့ မိုးည နင်မေးဦးမလား ငါဟောပေးမယ်"ဆိုပြီး ရှင်းသန့်ဖြူကိုဟောပေးပြီး မိချမ်းမြေ့တစ်ယောက် ကိုယ့်ဘက်လှည့်လာပါပြီ။

"မမေးတော့ပါဘူးဟာ နင့်ဟာက မှန်လည်းမမှန်ဘူး နေ့တိုင်းမေးနေတာ " ဆိုပြီး ပြန်ပြောမိလျှင်

"ဟဲ့ အခုမှန်လာပြီဟဲ့ တားရော့ကို မစော်ကားနဲ့ အကိုင်ခံရမယ်"

"နင့်ဟာကလည်း နတ်ကိုင်တာပဲ ကြားဖူးပါတယ်ဟာ တားရော့က ဘယ်လိုကိုင်တာလဲ သူကလက်မှမပါတာ" ဆ်ိုပြီး သူပြန်ပြောလျှင်တစ်ဝိုင်းလုံး တဟားဟားဖြင့်ထရယ်ကြလေသည်။

"ကဲပါ မိုးညရာ သူစိတ်ချမ်းသာအောင် မေးလိုက်စမ်းပါကွာ စမနေပါနဲ့ ငါတို့ကိုမှ မဟောရရင် သင်း ဒီည အိပ်ပျော်မှာ မဟုတ်ဘူး"ဆိုပြီး မင်းစစ်က ဝင်ပြောလေသည်။

"ကဲကဲ အဲ့တာဆိုလည်းပြီးရော မေးမယ် မေးမယ် သခင်မကြီး သဘောကျ ကျွန်တော်မျိုး မေးပါ့မယ် "ဆိုပြီး ပြောတော့မှ ချမ်းမြေ့သူမျက်နှာ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာပြီး "အဲ့လိုလုပ်စမ်းပါ နင်က ဘာအကြောင်းမေးမလဲ ပြော"ဆ်ိုပြီးပြောလေသည်။

"အချစ်ရေး"

အုပ်စိုး၏ ဘာဆိုသော အသံနှင့်အတူ တစ်ဝိုင်းလုံး အထူးအဆန်းသဖွယ်ကြည့်လာလေသည်။

"ဟဲ့ နင့်အသက်အငယ်ဆုံးနော် ဒီအဖွဲ့မှာ ဘာအချစ်ရေးလဲ အလုပ်ခံချင်လို့လား"ဆိုပြီး ရှင်းသန့်ဖြူက ကြိမ်းမောင်းသည်။ အုပ်စိုးကလည်း ဒီမှာ လက်သီးတွေ့လား ဆိုသည့် သဘောဖြင့် လက်သီးဆုပ်ပြလေသည်။ မင်းစစ်ကတော့ သဘောတကျဖြင့်ရယ်နေသေးသည်။

"မသိဘူးလေ ဘာမေးရမလဲမသိလို့ အချစ်ရေးမေးတာလေ နေနေ မမေးတော့ဘူး မမေးတော့လည်းပြဿနာရှာတယ် မေးတော့လည်း စိတ်ဆိုးကြတယ်" ဟု သူပြောလျှင်

ချမ်းမြေ့သူက ပြာပြာသလဲလဲဖြင့် "မလုပ်ပါနဲ့ဟယ် မေးပါ ငါဟောပေးပါ့မယ်"ဆိုပြီးဝင်တားလေသည်။

"ရော့ ဒီကဒ်တွေကို နင့်ဘယ်လက်နဲ့ ချိုးလိုက်ပြီးရင် ထိပ်ဆုံးက ကဒ်ကို လှန်လိုက်" ဆိုပြီး ချမ်းမြေ့သူက တာ့ရော့ကဒ်တွေကို ထိုးပေးရင်းပြောလာတော့လည်း တစ်ကဒ်ပဲ ချန်ပြီး အကုန်လုံးကို ချိုးလိုက်တော့ ချမ်းမြေ့သူက

"ဟဲ့ နင်အဲ့လိုမချိုးရဘူးလေ တားရော့က နင့်ကို သုံးကဒ်ကြည့်ပေးမှ နင့်အချစ်ရေးအကြောင်းကို ပြည့်ပြည့်စုံစုံသိရမှာလေ နင်တစ်ကဒ်ပဲချန်ခဲ့တော့ ကျန်ခဲ့တဲ့ ကွင်းဆက်တွေ နင်ဘယ်လိုလုပ်သိတော့မလဲ"ဆိုပြီးပြောလေသည်။

"ရတယ် တစ်ကဒ်လည်း ကိစ္စမရှိဘူး ဟောမှာသာ ဟော" ဆိုပြီးပြန်ပြောမိသည်။

ကဒ်ကိုလှန်လိုက်တော့ ချမ်းမြေ့သူတစ်ယောက် မျက်လုံးပြူးသွားသည်မို့ ကဒ်ကို ကြည့်လိုက်တော့ "THE LOVER" ဆိုတဲ့ကဒ်ဖြစ်နေလေသည်။ သူတို့အားလုံး အဓိပ္ပါယ်တွေ မသိတာမို့ ချမ်းမြေ့သူကိုသာ ဘာပြောမလဲဆိုပြီး အကုန်ဝိုင်းကြည့်နေမိကြလေသည်။

"ဒီကဒ်က နင်မကြာခင်မှာ အချစ်တစ်ခုကိုတွေ့မဲ့ သဘောပဲ မိုးည ပြောရမယ်ဆိုရင် နင့်ကိုကြိုက်တဲ့ လူတစ်ယောက်ရှိနေပြီမိုးည" ဟု ချမ်းမြေ့သူပြောလျှင်

"အဲ့ဒါ နင်မဟုတ်လား ချမ်းမြေ့မ နင်ငါ့ကို ကြိတ်crush နေတာ မဟုတ်လား မှန်မှန်ညာစမ်း" ဆိုပြီး သူစလျှင် ချမ်းမြေ့သူက

"ငါနောက်နေတာမဟုတ်ဘူး မိုးည ငါတားရော့ဟောတာ ပထမဆုံး ဒီကဒ်ကျဖူးတာပဲ နင်မကြာခင် ချစ်သူရတာ့မယ်" ဆိုပြီး အလေးအနက်ထားသည့် ပုံစံဖြင့်ပြောလေသည်။

"ကဲပါ ရတာမရတာ နောက်မှထား အခုခဏနေ အတန်းတတ်တော့မယ် လာသွားကရအောင် စားပွဲထိုးကိုရှင်းမယ်လို့ ခေါ်လိုက်တော့"ဟု သူပြောလျှင် အုပ်စိုးက စားပွဲထိုးကို ခေါ်လေသည်။

စားပွဲထိုးရောက်လာလျှင် " ထမင်း ကြက်သားကြော် လက်ဖက်သုပ် အအေး ဟမ်ဘာဂါ အားလုံးဘယ်လောက်ကျလဲဆိုပြီး"မေးလျှင်

"ဒီက ညီလေးအတွက် ဟိုးဘက်ဝိုင်းမှာ ထိုင်နေတဲ့ သုံးယောက်ထဲက အသားဖြူဖြူချောချော ညီလေးက ရှင်းထားတယ်" ဆိုပြီး ပြောလာတော့ သူတို့ အားလုံး လှမ်းကြည့်လိုက်ကြလျှင် ဟိုးဘက်ထောင့်ဆုံးမှာ ထိုင်နေသည့် အသားဖြူဖြူ ချောချောလူတစ်ယောက်နှင့် မျက်လုံးချင်းခဏ ဆုံမိကြလေသည်။

ရှင်းသန့်မက "ဟဲ့ ချောလိုက်တာ ကြည့်ဦး ခပ်တည်တည်ကြည့်တဲ့ အကြည့်ကိုက ကန်တင်းတစ်ခုလုံးကို handsome ဖြစ်သွားစေတာနော် ဘာလို့ဝင်လာတုန်းက သတိမထားမိလဲမသိဘူး နစ်နာချက်ပဲ"ဟု ပြောလေသည်။

"အေးသူရှင်းတယ်ဆိုလည်း ပြီးတာပဲငါတို့သွားကြမယ်"ဟု သူပြောလျှင် ချမ်းမြေ့သူက

"ကျေးဇူးတင်စကားလေးတောင် မပြောတော့ဘူးလားနင်က ဟိုက နင်စားထားတာတွေရှင်းထားတာကို"ဟုပြောလျှင် ရှင်းသန့်ဖြူက အေးလေဆိုပြီး ထောက်ခံလေသည်။

"ဟာ အားအားယားယား သူမရှင်းလဲ ငါ့ဘာငါစားနိုင်တယ်ရယ် သူ့ဘာသူပိုက်ဆံပေါလို့ရှင်းတာ ငါရှင်းခိုင်းတာမှမဟုတ်တာ လာသွားမယ်ဆိုပြီး" သူလွယ်အိတ်လွယ်ပြီး ထွက်လာခဲ့သည်။ ကန်တင်းထိပ်သို့ ရောက်လျှင် အရှေ့ကနေ ပိတ်ရပ်လိုက်တဲ့ လူရ်ိပ်တစ်ခု ကြည့်လိုက်မိတော့ ပိုက်ဆံရှင်းပေးထားတဲ့ ဟိုလူ...

သူ့ဆီမလာပဲ ကန်တင်းထဲမှ ထွက်သွားသော ငတိလေးအားတွေ့လိုက်ရတော့ "ဟိုမှာ ထွက်သွားပြီ ခစား မင်းလိုက်လေ"ဆိုပြီး လင်းထက်ပြောမှ သူအပြေးအလွှားထထွက်လာပြီး ထိုကလေးရှေ့မှ ပိတ်ရပ်လိုက်ရင်း ဆံပင်ကို ဟန်ပါပါသပ်ကာ

"ဟိတ် ချာတိတ် မင်းကိုယ့်ကို ကျေးဇူးတင်စကားလေးတောင် မပြောတော့ဘူးလား ကိုယ့်နာမည်က......." သူ့စကားပင်မဆုံးသေးခင်

"ကျေးဇူးတော့ မတင်နိုင်ဘူး ရော့ဒီမှာ တစ်သောင်း ပိုတာ မုန့်ဝယ်စားလိုက်"ဆ်ိုပြီး သူ့အိတ်ထောင်ထဲကို တစ်သောင်းတန်တစ်ရွက် ထည့်ပြီး ထွက်သွားသော ငတိကိုကြည့်ရင်း သူဆွံ့အပြီး ကျန်နေခဲ့မိသည်။

မင်းငါ့အပေါ် လုပ်ထားလိုက်စမ်းငတိရေ ...ဆိုပြီး သူစိတ်ထဲမှ ရေရွတ်မိသည်။

--------------------------------------------------------------

Part-2








































Continue Reading

You'll Also Like

188K 18.9K 73
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
287K 7.1K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
351K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."