"ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ...

By TeeKo0

10.3K 1.2K 83

ယွဲ့ယွဲ့: "ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်" ***************** ယြဲ႕ယြဲ႕: "ေၾကာက... More

Description
(1)
(2)
(3)
(4)
(6)
(7)
(8)

(5)

931 149 9
By TeeKo0

Unicode

ယွဲ့ယွဲ့ကတစ်ဖြည်းဖြည်းနှင့်ယဲ့ချီယောင်၏အကျင့်စရိုက်တွေကူးစပ်လာ၍ထင်သည်။ယခုတစ်ခါနောက်ထပ်သိုင်းဝိဥာဥ်တစ်ခုပေါ်ပေါက်လာသည့်အခါတွင်၎င်းကိုခံစားချက်မဲ့စွာစိုက်ကြည့်နေလိုက်သည်။

သူ့မှာအံ့ဩရပါများလွန်းလို့ထပ်မံအံဩရန်ပျင်းရိလာသလိုတောင်ခံစားရသည်။

"ဒါကရောဘာလဲဆိုတာသခင်သိလား..."

သို့ပေမယ့်အံ့အားသင့်ဖို့ကောင်းစွာပင်'ကိုမျက်နှာသေ'ယဲ့ချီယောင်ကမျက်မှောင်ကြုတ်လျက်အနက်ရောင်တွင်းနက်ကြီးကိုစိုက်ကြည့်နေသည်။ယွဲ့ယွဲ့အတွက်တော့ပထမဆုံးအကြိမ်ယဲ့ချီယောင်၏မျက်နှာပေါ်၌ခံစားချက်တစ်စုံတရာကိုမြင်ဖူးခြင်းဖြစ်သည်။

"ငါမသိဘူး"

"....."

ယွဲ့ယွဲ့မှာအံ့အားသင့်သွားသည့်မျက်လုံးလှလှလေးတွေဖြင့်ယဲ့ချီယောင်ကိုကြည့်လိုက်မိသည်။

"ငါတကယ်ဒီသိုင်းဝိဥာဥ်ကိုမသိဘူး....သူကထောင်ထျဲသားရဲ ရဲ့ဝါးမျိုနိုင်စွမ်းနဲ့ဆင်တူပေမယ့်လုံးဝလည်းကွဲပြားနေတယ်.....ကြည့်ရတာမင်းတဲ့ထူးခြားတဲ့စိတ်ဝိဥာဥ်ကြောင့်ပေါ်ပေါက်လာတဲ့သိုင်းဝိဥာဥ်ဖြစ်နိုင်တယ်"

"ကျွန်တော့်စိတ်ဝိဥာဥ်ကြောင့်လား...."

"အင်း....ဒါကိုလောလောဆည်တော့ဘယ်လိုအသုံးဝင်လည်းမသိသေးဘူး...."

ယွဲ့ယွဲ့ကခေါင်းတစ်ဆတ်ဆတ်ငြှိမ့်ရင်းယဲ့ချီယောင်၏ကျိုးကြောင်းဆီလျော်တဲ့စကားကိုထောက်ခံလိုက်သည်။

"မင်းစကျင့်ကြံလို့ရပြီ....မင်းရဲ့သိုင်းဝိဥာဥ်တွေကိုအပြင်ဘက်ထုတ်ဖော်ပြီးလေထုထဲမှာရှိတဲ့ဝိဥာဥ်စွမ်းအင်အမျိုးမျိုးကိုအာရုံစိုက်...."

ယွဲ့ယွဲ့ကနည်းနည်းလေးတောင်မတုံ့ဆိုင်းရဲပါပဲထိုင်ချလိုက်ပြီးသူ့ရဲ့မျက်လုံးတွေကိုမှေးမှိတ်၍သခင်ဖြစ်သူလမ်းညွှန်သည့်အတိုင်းလိုက်နာလိုက်သည်။

သူစိတ်တိုင်းကျအလိုရှိလိုက်သည်နှင့်နောက်ကျောဘက်တွင်သဘာဝတရားကြီးကိုတောင်ဆန့်ကျင်ဖိနှိပ်နိုင်သည့်သိုင်းဝိဥာဥ်လေးမျိုးပေါ်ပေါက်လာ၏။

ရောင်စုံဖြာထွက်နေသည့်အလုံးလေးရယ်၊မိုးမခသစ်ပင်ကြီးရယ်၊​ငွေဖြူရောင်လမင်းကြီးနှင့်အနက်ရောင်တွင်းနက်ကြီးကယွဲ့ယွဲ့၏ဘေးပတ်လည်၌ဝေ့ဝဲလျက်ရှိနေသည်။

ဘေးပတ်ဝန်းကျင်မှာရှိတဲ့ဝိဥာဥ်စွမ်းအားတွေမှာအရှိန်အဟုတ်ပြင်းထန်စွာဖြင့်သမုဒ္ဒရာတစ်စင်းလိုယွဲ့ယွဲ့၏ခန္ဓာကိုယ်ထဲတိုးဝင်လာသည်။သူတော်စင်အဆင့်သိုင်းဝိဥာဥ်တွေကအလှပြသက်သက်မဟုတ်ပေ။

အကယ်၌သင့်မှာသူတော်စင်အဆင့်သိုင်းဝိဥာဥ်တစ်ခုသာပိုင်ဆိုင်ခဲ့ရင်တောင်ကြီးမားသည့်ပါရမီနှင့်အတူဝိဥာဥ်စွမ်းအင်တွေကိုလျှင်မြန်စွာစုပ်ယူနိုင်ပေလိမ့်မည်။အခုယွဲ့ယွဲ့၏သိုင်းဝိဥာဥ်သုံးခုလုံးမှာသူတော်စင်အဆင့်သိုင်းဝိဥာဥ်တွေကြားထဲမှာတောင်ထိပ်တန်းအဖြစ်သတ်မှတ်နိုင်သည့်အပြင်တွင်းနက်ကြီးကဲ့သို့အမည်မသိသိုင်းဝိဥာဥ်၏သဘာဝစွမ်းအင်တွေကိုစုပ်ယူနိုင်စွမ်းမှာလည်းကျန်သိုင်းဝိဥာဥ်သုံးခုထက်တောင်သာလွန်သေးသည်။

မသိရင်ထိုတွင်းနက်ကြီးမှာမည်သည့်အရာကိုမဆိုအလွယ်တကူဝါးမျိုးစုပ်ယူနိုင်သလိုမျိုးထင်ရသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၁

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၂

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၃

ချီစတင်စုဆောင်းခြင်းအဆင့်

ယွဲ့ယွဲ့၏ကျင့်ကြံဆင့်မှာမထင်မှတ်ထားသည့်အမြန်နှုန်းဖြင့်တစ်ရိပ်ရိပ်တိုးတတ်လျက်ရှိနေသည်။အကယ်၍တစ်ခြားသူတစ်ယောက်ယောက်သာထိုမြင်ကွင်းကိုတွေ့မြင်ခဲ့ရင်လန့်ဖြန့်ပြီးထိုနေရာမှာတင်ငေါက်ကနဲလဲသေသွားမည်ကိုစိုးရိမ်ရသည်။

ယွဲ့မိသားစုမှာရှိတဲ့လူငယ်ပါရမီရှင်လေးတွေတောင်မှယွဲ့ယွဲ့၏အသက်အရွယ်တွင်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၂ဒါမှမဟုတ်အဆင့်၃လောက်သာရှိသေးသည်။တကယ့်ထိပ်တန်းအဆင့်ပါရမီရှင်မှသာချီစတင်စုဆောင်းခြင်းအဆင့်ကိုဝင်ရုံဝင်နိုင်ကြသည်။

ကျင့်ကြံဆင့်တွေကိုခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၃ဆင့်ဖြင့်စတင်သည်။စတင်ကျင့်ကြံတဲ့လူငယ်တွေ၊ဒါမှမဟုတ်ကလေးငယ်တွေအနေနဲ့ထိုအဆင့်သုံးဆင့်ကိုမဖြစ်မနေဖြတ်ကျော်ဖို့ရန်လိုသည်။၎င်းကလူတစ်ယောက်အတွက်ကျင့်ကြံဖို့ရန်အခြေခံအုတ်မြစ်ဖြစ်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နောက်တွင်ချီစတင်စုဆောင်းခြင်းအဆင့်၁၁ဆင့်ရှိ၏။ချီစတင်စုဆောင်းခြင်းတွင့်အဆင့်၁ကနေ၃ကိုအစောပိုင်းအဆင့်အဖြစ်သတ်မှတ်ထားပြီး အဆင့်၄မှ၇ကိုအလယ်ပိုင်းအဆင့် ၊အဆင့်၈နှ၁၀ထိကိုနောက်ပိုင်းအဆင့်နှင့်နောက်ဆုံးအထွတ်အထိပ်အဆင့်ကိုဖြတ်ကျော်ပြီးကာမှတည်ဆောက်ခြင်းအဆင့်ကိုဝင်ရောက်နိုင်သည်။

တည်ဆောက်ခြင်းအဆင့်ကိုလည်းချီစတင်စုဆောင်းခြင်းအဆင့်ကဲ့သို့ ၁၁ဆင့်ခွဲခြားထားသည်။ယွဲ့မိသားစု၏ထိပ်တန်းအကြီးအကဲတွေသာတည်ဆောက်ခြင်းအဆင့်၌ရှိကြသည်။ယွဲ့မိသားစု၏လက်ရှိခေါင်းဆောင်ကြီးတောင်မှတည်ဆောက်ခြင်းအထွတ်အထိပ်ဆင့်၌ရပ်တည်နေသည့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ဖုန်းလင်မြို့အတွင်း၌တည်ဆောက်ခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူမှာ'ဝူ'မိသားစုခေါင်းဆောင်နှင့်ယွဲ့မိသားစုခေါင်းဆောင်နှစ်ဦးသာရှိသည်။

တည်ဆောက်ခြင်းအဆင့်၏အထက်တွင် ဗဟိုဖြစ်တည်ခြင်းအဆင့်ရှိသော်လည်းပဲ၎င်းမှာဖုန်းလင်မြို့အတွက်တော့ဒဏ္ဍာရီလာကျင့်ကြံဆင့်နှင့်တူ၏။

တည်ဆောက်ခြင်းအထွတ်အထိပ်အဆင့်နှင့်ဗဟိုဖြစ်တည်ခြင်းအဆင့်မှာတစ်ဆင့်သာကွာခြားသော်လည်းဖြတ်ကျော်မရသည့်ချောက်နက်ကြီးနှင့်တူသည်။မဟုတ်ရင်ယွဲ့မိသားစုခေါင်းဆောင်နှင့်ဝူမိသားစုခေါင်းဆောင်းနှစ်ဦးလုံးမှာတည်ဆောက်ခြင်းအထွတ်အထိပ်အဆင့်မှာတင်နှစ်ပေါင်းရာချီပိတ်မိနေမည်မဟုတ်ချေ။

ယွဲ့ယွဲ့၏ပတ်ဝန်းကျင်ကဝိဥာဥ်စွမ်းအင်တွေကိုစုပ်ယူမှုမှာပိုမိုပြင်းထန်လာပြီးတစ်တောလုံးကစွမ်းအင်တွေကိုစုပ်ယူချင်နေပုံတောင်ရသည်။

ယွဲ့ယွဲ့၏ခန္ဓာကိုယ်မှာမဆုံးနိုင်တဲ့တွင်းနက်ကြီးလိုမျိုးဝိဥာဥ်စွမ်းအင်တွေကိုဆက်တိုက်စုပ်ယူနေပြီးကျင့်ကြံဆင့်တွေမှာဆက်တိုက်ဆိုသလိုအရှိန်မြင့်မြင့်ဖြင့်တိုးတတ်လာသည်။

ချီစတင်စုဆောင်းခြင်းအဆင့်၂

ချီစတင်စုဆောင်းခြင်းအဆင့်၃

ချီစတင်စုဆောင်းခြင်အဆင့်၄

....................

ချီစတင်စုဆောင်းခြင်းအဆင့်၁၀

ချီစတင်စုဆောင်းခြင်းအထွတ်အထိပ်အဆင့်

တည်ဆောက်ခြင်းအဆင့်၁

သူတော်စင်သိုင်းဝိဥာဥ်တွေ၏သာဝိဥာဥ်စွမ်းအင်တွေကိုစုပ်ယူသိုလှောင်နိုင်စွမ်းမှတကယ့်ကိုပုံမှန်မဟုတ်ပေ။အခုယွဲ့ယွဲ့၏ခန္ဓာကိုယ်တွင်သူတော်စင်အဆင့်ထိပ်တန်းသိုင်းဝိဥာဥ်သုံးခုနှင့်ထိုသုံးခုထက်မလျော့သည့်အနက်ရောင်တွင်းနက်ကြီးလိုသိုင်းဝိဥာဥ်ကိုပါပိုင်ဆိုင်ထားတာကြောင့်သူ့ကျင့်ကြံဆင့်တွေဒီလောက်မြန်မြန်တိုးတတ်လာတာပုံမှန်ပင်ဖြစ်သည်။

ယဲ့ချီယောင်ကပျင်းရိစွာသူ့ရွှေရောင်မျက်ဝန်းတွေကိုမှေးကျဥ်းထားရင်းသူ့အရှေ့ကအားကျိုးမာန်တတ်ကျင့်ကြံအားထုတ်နေသူအစေခံအသစ်စက်စက်လေးကိုစိုက်ကြည့်နေသည်။

ယွဲ့ယွဲ့၏မျက်နှာလှလှလေးမှာလေးလေးနက်နက်မှေးမှိတ်ထားလျက်သူ့မြေခွေးနားရွက်ဖွာဖွာလေးနှစ်ခုနှင့်အမြှီးဆယ်ချောင်းမှာသူ့နောက်ကျောဘက်တွင်ဟိုဘက်ဒီဘက်ယိမ်းနွဲ့နေသည်။

ယွဲ့ယွဲ့၏ကျောက်စိမ်းဖြူရောင်နဖူးအလည်တွင်ငွေဖြူရောင်လခြမ်းလေးတစ်ခုမှာတစ်လဲ့လဲ့တောက်ပနေလျက်ယွဲ့ယွဲ့ကိုယ်အတွင်းမှဝင်လာသမျှစွမ်းအင်တိုင်းကိုသန့်စင်ထိန်းညှိပေးနေ၏။

ကျင့်ကြံခြင်းအဆင့်ကထပ်မံမြင့်တတ်နေသေးသည်။ပုံမှန်ဆိုဝိဥာဥ်စွမ်းအင်တွေဒီလောက်ထိစုပ်ယူခံရရင်စွမ်းအင်ခြောက်သွေ့ပါးလျသွားပြီးအခက်အခဲကြုံရနိုင်သည်။ဒါပေမယ့်ယွဲ့ယွဲ့၏အမျိုးအစားအမည်မသိရတဲ့အနက်ရောင်တွင်းနက်သိုင်းဝိဥာဥ်မှာမိုင်ပေါင်းထောင်ချီအကွာအဝေးအထိဝိဥာဥ်စွမ်းအင်တွေလိုသလောက်ဆွဲယူနိုင်တာကြောင့် စွမ်းအင်ပြတ်တောက်မည့်ကိစ္စကနေကင်းဝေးသွားသည်။

ပို၍ကံကောင်းတာကသူတို့ရောက်နေသည့်နေရာမှာလူမသိသူမသိတောနက်ကြီးထဲဖြစ်နေခဲ့သည်။ဒီနေရာတစ်ဝိုက်မှာစွမ်းအားမြင့်မှော်သားရဲတွေသာရှိ၍သဘာဝစွမ်းအင်လှိုင်းလှုပ်ရှားမှုကိုတစ်ခြားလူတွေတော်ရုံတန်ရုံသတိမထားမိနိုင်တော့ပေ။

စွမ်းအားကြီးမှော်သားရဲတွေကတော့ယဲ့ချီယောင်၏ကြောက်မက်ဖွယ်ရာတည်ရှိမှုကိုအာရုံခံစားမိတာကြောင့်တုတ်တုတ်တောင်လှုပ်ရှားရဲခြင်းမရှိပဲကြောက်လန့်တကြားတုန်ရီနေကြပေသည်။

ထိုသူကအမှန်တကယ်ကိုကြောက်မက်ဖွယ်ရာတည်ရှိမှုတစ်ခုဖြစ်သည်။

ဤသို့ဖြင့်အနှောင့်အယှက်ကင်းကင်းကျင့်ကြံခွင့်ရလိုက်သည့်ယွဲ့ယွဲ့၏ကျင့်ကြံဆင့်မှာတည်ဆောက်ခြင်းအထွတ်အထိပ်ဆင့်သို့နီးကပ်လာသည်။

ယွဲ့ယွဲ့ခန္ဓာကိုယ်အတွင်းသို့ ဝိဥာဥ်စွမ်းအင်စုပ်ယူမှုမှာပိုမိုမြန်ဆန်သထက်မြန်ဆန်လာသည်။အဆုံးမရှိတဲ့တွင်းနက်ကြီးတစ်ခုကိုဖြည့်တင်းနေရသည့်အတိုင်းမိုင်တစ်ရာဘေးပတ်လည်ရှိဝိဥာဥ်စွမ်းအင်လှိုင်းမှာပြင်းပြင်းထန်ထန်လှုပ်ခတ်လာပြီးပတ်ဝန်းကျင်ကမှော်သားရဲအပေါင်းမှာပိုမိုထိတ်လန့်လာသည်။

ကြီးမားသည့်အဆင့်ကြီးတစ်ဆင့်ကိုချိုးဖြတ်ရတော့မည့်အတိုင်းဝိဥာဥ်စွမ်းအင်လှိုင်းကြီးကိုပိုမိုမြန်ဆန်စွာစုပ်ယူလို့နေသည်။

ဒါကတစ်နာရီကျော်ကျော်ကြာမြင့်ခဲ့ပြီးမကြာခင်မှာပင်ယွဲ့ယွဲ့၏ခန္ဓာကိုယ်အတွင်း၌ကြက်ဥအခွံတစ်ခုကွဲအက်သွားသလိုမျိုးအသံတစ်သံထွက်ပေါ်လာသည်။ယွဲ့ယွဲ့ခန္ဓာကိုယ်အတွင်းရှိအဆုံးမရှိများပြားသည့်ဝိဥာဥ်စွမ်းအင်တွေမှာအရည်အဖြစ်သဏ္ဍာန်ပေါ်လာပြီးပင်လယ်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ဗဟိုဖြစ်တည်ခြင်းအဆင့်၁

ဖုန်းလင်မြို့၏ဒဏ္ဍာရီတစ်ခုလို ကျင့်ကြံဆင့်ကိုယွဲ့ယွဲ့ကနာရီပိုင်းမျှကျင့်ကြံရုံဖြင့်အတားအဆီးမရှိအလွယ်တကူရောက်ရှိသွားခဲ့သည်။၎င်းကိုတစ်ခြားသောကျင့်ကြံသူတွေသာသိရင်လန့်ဖြန့်ပြီးထိုနေရာမှာတင်ငေါက်ကနဲလဲသေသွားမည်ကိုစိုးရိမ်ရသည်။

တကယ့်ကိုလူတစ်ယောက်၏ပါရမီကကျင့်ကြံရာတွင်အတော်လေးအရေးပါသည်။ယွဲ့ယွဲ့လိုပါရမီရှင်တစ်ယောက်၏နာရီပိုင်းမျှကျင့်ကြံမှုကနှစ်ပေါင်းထောင်ချီကြိုးကြိုးစားစားကျင့်ကြံအားထုတ်လာသူတွေကိုလွယ်လင့်တကူကျော်ဖြတ်လို့သွား၏။

ဤသည်မှာထိုသို့သောကျင့်ကြံသူတွေအတွက်ရင်နင့်စရာကောင်းလွန်းလှပေသည်။

ယွဲ့ယွဲ့ကသူ့ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုအဆင့်ဆင့်ကိုနားလည်သဘောပေါက်သွားပြီးနောက်မျက်လုံးလှလှလေးတွေမှာအံအားသင့်မှုကြောင့်ပြူးကျယ်သွားသည်။သူချက်ချင်းဝမ်းသာအရဖြင့်ယဲ့ချီယောင်နားခုန်ပေါက်ပြေးသွားလိုက်သည်။

"သခင်...သခင်.....ကျွန်တော်ဗဟိုဖြစ်တည်ခြင်းအဆင့်ကိုတန်းရောက်သွားပြီ...."

ယွဲ့ယွဲ့၏စိတ်လှုပ်ရှားမှုအပေါင်းကိုယဲ့ချီယောင်ကရေအေးကြီးတစ်ခုဖြင့်ပက်၍နှိုးချလိုက်သည်။

"ဒီလောက်ထိအားနည်းတဲ့ကျင့်ကြံဆင့်လေးနဲ့ငါခိုင်းချင်တဲ့အရာကိုမင်းလုပ်နိုင်အုံးမှမဟုတ်ဘူး"

ယွဲ့ယွဲ့ : "....."

အား.နည်း.တယ်။
တကယ်ကြီးလား။ဖုန်းလင်တစ်မြို့လုံးအတွက်တောင်ဗဟိုဖြစ်တည်ခြင်းအဆင့်ကဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလိုဖြစ်နေတာနော်။

"ဒါဆိုကျင့်ကြံဆင့်ဘယ်လောက်ထိမြင့်မှသခင့်အတွက်အလုပ်လုပ်ပေးနိုင်မှာလဲ...."

"အနည်းဆုံးဖြစ်တည်ခံစားမှုအဆင့်လောက်ဆိုရင်ပဲအဆင်ပြေပါပြီ...."

"....."

ယွဲ့ယွဲ့၏နဂိုတတ်ကြွနေသည့်စိတ်ဓာတ်လေးမှာချက်ချင်းဟိုးအောက်ထိုးကျသွားသည်။ဗဟိုဖြစ်တည်ခြင်းအဆင့်၁၁ဆင့်၏အပေါ်တွင်ဝိဥာဥ်ခွဲထွက်ခြင်းအဆင့်၁၁ဆင့်ရှိသေးသည်။ဖြစ်တည်ခံစားမှုအဆင့်ဆိုသည်မှာဝိဥာဥ်ခွဲထွက်ခြင်းအဆင့်၏အထက်ဆင့်တစ်ခုဖြစ်သည်။

ဒါ့ကြောင့်ယဲ့ချီယောင်၏သတ်မှတ်ချက်ကိုပြည့်မှီဖို့ဆိုရင်အဆင့်ကြီးနှစ်ဆင့်ကိုကြိုးကြိုးစားစားဖြတ်ကျော်ရအုံးပေလိမ့်မည်ဖြစ်သည်။သူစိတ်ဓာတ်မကျမှသာထူးဆန်းနေမှာပင်။

"သိပ်ပြီးစိုးရိမ်မနေပါနဲ့....ငါစောင့်နိုင်ပါတယ်....အရင်ဆုံးမင်းဒီမျက်နှာကိုဘယ်လိုပြောင်းလဲသင့်လဲဆိုတာကိုစဥ်းစားထားသင့်တယ်...."

__________________________________________________________

Zawgyi

ယြဲ႕ယြဲ႕ကတစ္ျဖည္းျဖည္းႏွင့္ယဲ့ခ်ီေယာင္၏အက်င့္စရိုက္ေတြကူးစပ္လာ၍ထင္သည္။ယခုတစ္ခါေနာက္ထပ္သိုင္းဝိဥာဥ္တစ္ခုေပၚေပါက္လာသည့္အခါတြင္၎ကိုခံစားခ်က္မဲ့စြာစိုက္ၾကည့္ေနလိုက္သည္။

သူ႕မွာအံ့ဩရပါမ်ားလြန္းလို႔ထပ္မံအံဩရန္ပ်င္းရိလာသလိုေတာင္ခံစားရသည္။

"ဒါကေရာဘာလဲဆိုတာသခင္သိလား..."

သို႔ေပမယ့္အံ့အားသင့္ဖို႔ေကာင္းစြာပင္'ကိုမ်က္ႏွာေသ'ယဲ့ခ်ီေယာင္ကမ်က္ေမွာင္ၾကဳတ္လ်က္အနက္ေရာင္တြင္းနက္ႀကီးကိုစိုက္ၾကည့္ေနသည္။ယြဲ႕ယြဲ႕အတြက္ေတာ့ပထမဆုံးအႀကိမ္ယဲ့ခ်ီေယာင္၏မ်က္ႏွာေပၚ၌ခံစားခ်က္တစ္စုံတရာကိုျမင္ဖူးျခင္းျဖစ္သည္။

"ငါမသိဘူး"

"....."

ယြဲ႕ယြဲ႕မွာအံ့အားသင့္သြားသည့္မ်က္လုံးလွလွေလးေတြျဖင့္ယဲ့ခ်ီေယာင္ကိုၾကည့္လိုက္မိသည္။

"ငါတကယ္ဒီသိုင္းဝိဥာဥ္ကိုမသိဘူး....သူကေထာင္ထ်ဲသားရဲ ရဲ႕ဝါးမ်ိဳနိုင္စြမ္းနဲ႕ဆင္တူေပမယ့္လုံးဝလည္းကြဲျပားေနတယ္.....ၾကည့္ရတာမင္းတဲ့ထူးျခားတဲ့စိတ္ဝိဥာဥ္ေၾကာင့္ေပၚေပါက္လာတဲ့သိုင္းဝိဥာဥ္ျဖစ္နိုင္တယ္"

"ကြၽန္ေတာ့္စိတ္ဝိဥာဥ္ေၾကာင့္လား...."

"အင္း....ဒါကိုေလာေလာဆည္ေတာ့ဘယ္လိုအသုံးဝင္လည္းမသိေသးဘူး...."

ယြဲ႕ယြဲ႕ကေခါင္းတစ္ဆတ္ဆတ္ျငႇိမ့္ရင္းယဲ့ခ်ီေယာင္၏က်ိဳးေၾကာင္းဆီေလ်ာ္တဲ့စကားကိုေထာက္ခံလိုက္သည္။

"မင္းစက်င့္ႀကံလို႔ရၿပီ....မင္းရဲ႕သိုင္းဝိဥာဥ္ေတြကိုအျပင္ဘက္ထုတ္ေဖာ္ၿပီးေလထုထဲမွာရွိတဲ့ဝိဥာဥ္စြမ္းအင္အမ်ိဳးမ်ိဳးကိုအာ႐ုံစိုက္...."

ယြဲ႕ယြဲ႕ကနည္းနည္းေလးေတာင္မတုံ႕ဆိုင္းရဲပါပဲထိုင္ခ်လိဳက္ၿပီးသူ႕ရဲ႕မ်က္လုံးေတြကိုေမွးမွိတ္၍သခင္ျဖစ္သူလမ္းၫႊန္သည့္အတိုင္းလိုက္နာလိုက္သည္။

သူစိတ္တိုင္းက်အလိုရွိလိုက္သည္ႏွင့္ေနာက္ေက်ာဘက္တြင္သဘာဝတရားႀကီးကိုေတာင္ဆန့္က်င္ဖိႏွိပ္နိုင္သည့္သိုင္းဝိဥာဥ္ေလးမ်ိဳးေပၚေပါက္လာ၏။

ေရာင္စုံျဖာထြက္ေနသည့္အလုံးေလးရယ္၊မိုးမခသစ္ပင္ႀကီးရယ္၊ေငြျဖဴေရာင္လမင္းႀကီးႏွင့္အနက္ေရာင္တြင္းနက္ႀကီးကယြဲ႕ယြဲ႕၏ေဘးပတ္လည္၌ေဝ့ဝဲလ်က္ရွိေနသည္။

ေဘးပတ္ဝန္းက်င္မွာရွိတဲ့ဝိဥာဥ္စြမ္းအားေတြမွာအရွိန္အဟုတ္ျပင္းထန္စြာျဖင့္သမုဒၵရာတစ္စင္းလိုယြဲ႕ယြဲ႕၏ခႏၶာကိုယ္ထဲတိုးဝင္လာသည္။သူေတာ္စင္အဆင့္သိုင္းဝိဥာဥ္ေတြကအလွျပသက္သက္မဟုတ္ေပ။

အကယ္၌သင့္မွာသူေတာ္စင္အဆင့္သိုင္းဝိဥာဥ္တစ္ခုသာပိုင္ဆိုင္ခဲ့ရင္ေတာင္ႀကီးမားသည့္ပါရမီႏွင့္အတူဝိဥာဥ္စြမ္းအင္ေတြကိုလွ်င္ျမန္စြာစုပ္ယူနိုင္ေပလိမ့္မည္။အခုယြဲ႕ယြဲ႕၏သိုင္းဝိဥာဥ္သုံးခုလုံးမွာသူေတာ္စင္အဆင့္သိုင္းဝိဥာဥ္ေတြၾကားထဲမွာေတာင္ထိပ္တန္းအျဖစ္သတ္မွတ္နိုင္သည့္အျပင္တြင္းနက္ႀကီးကဲ့သို႔အမည္မသိသိုင္းဝိဥာဥ္၏သဘာဝစြမ္းအင္ေတြကိုစုပ္ယူနိုင္စြမ္းမွာလည္းက်န္သိုင္းဝိဥာဥ္သုံးခုထက္ေတာင္သာလြန္ေသးသည္။

မသိရင္ထိုတြင္းနက္ႀကီးမွာမည္သည့္အရာကိုမဆိုအလြယ္တကူဝါးမ်ိဳးစုပ္ယူနိုင္သလိုမ်ိဳးထင္ရသည္။

ခႏၶာကိုယ္သန့္စင္ျခင္းအဆင့္၁

ခႏၶာကိုယ္သန့္စင္ျခင္းအဆင့္၂

ခႏၶာကိုယ္သန့္စင္ျခင္းအဆင့္၃

ခ်ီစတင္စုေဆာင္းျခင္းအဆင့္

ယြဲ႕ယြဲ႕၏က်င့္ႀကံဆင့္မွာမထင္မွတ္ထားသည့္အျမန္ႏႈန္းျဖင့္တစ္ရိပ္ရိပ္တိုးတတ္လ်က္ရွိေနသည္။အကယ္၍တစ္ျခားသူတစ္ေယာက္ေယာက္သာထိုျမင္ကြင္းကိုေတြ႕ျမင္ခဲ့ရင္လန့္ျဖန့္ၿပီးထိုေနရာမွာတင္ေငါက္ကနဲလဲေသသြားမည္ကိုစိုးရိမ္ရသည္။

ယြဲ႕မိသားစုမွာရွိတဲ့လူငယ္ပါရမီရွင္ေလးေတြေတာင္မွယြဲ႕ယြဲ႕၏အသက္အ႐ြယ္တြင္ခႏၶာကိုယ္သန့္စင္ျခင္းအဆင့္၂ဒါမွမဟုတ္အဆင့္၃ေလာက္သာရွိေသးသည္။တကယ့္ထိပ္တန္းအဆင့္ပါရမီရွင္မွသာခ်ီစတင္စုေဆာင္းျခင္းအဆင့္ကိုဝင္႐ုံဝင္နိုင္ၾကသည္။

က်င့္ႀကံဆင့္ေတြကိုခႏၶာကိုယ္သန့္စင္ျခင္းအဆင့္၃ဆင့္ျဖင့္စတင္သည္။စတင္က်င့္ႀကံတဲ့လူငယ္ေတြ၊ဒါမွမဟုတ္ကေလးငယ္ေတြအေနနဲ႕ထိုအဆင့္သုံးဆင့္ကိုမျဖစ္မေနျဖတ္ေက်ာ္ဖို႔ရန္လိုသည္။၎ကလူတစ္ေယာက္အတြက္က်င့္ႀကံဖို႔ရန္အေျခခံအုတ္ျမစ္ျဖစ္သည္။

ခႏၶာကိုယ္သန့္စင္ျခင္းအဆင့္ေနာက္တြင္ခ်ီစတင္စုေဆာင္းျခင္းအဆင့္၁၁ဆင့္ရွိ၏။ခ်ီစတင္စုေဆာင္းျခင္းတြင့္အဆင့္၁ကေန၃ကိုအေစာပိုင္းအဆင့္အျဖစ္သတ္မွတ္ထားၿပီး အဆင့္၄မွ၇ကိုအလယ္ပိုင္းအဆင့္ ၊အဆင့္၈ႏွ၁၀ထိကိုေနာက္ပိုင္းအဆင့္ႏွင့္ေနာက္ဆုံးအထြတ္အထိပ္အဆင့္ကိုျဖတ္ေက်ာ္ၿပီးကာမွတည္ေဆာက္ျခင္းအဆင့္ကိုဝင္ေရာက္နိုင္သည္။

တည္ေဆာက္ျခင္းအဆင့္ကိုလည္းခ်ီစတင္စုေဆာင္းျခင္းအဆင့္ကဲ့သို႔ ၁၁ဆင့္ခြဲျခားထားသည္။ယြဲ႕မိသားစု၏ထိပ္တန္းအႀကီးအကဲေတြသာတည္ေဆာက္ျခင္းအဆင့္၌ရွိၾကသည္။ယြဲ႕မိသားစု၏လက္ရွိေခါင္းေဆာင္ႀကီးေတာင္မွတည္ေဆာက္ျခင္းအထြတ္အထိပ္ဆင့္၌ရပ္တည္ေနသည့္က်င့္ႀကံသူတစ္ဦးျဖစ္သည္။

ဖုန္းလင္ၿမိဳ႕အတြင္း၌တည္ေဆာက္ျခင္းအထြတ္အထိပ္အဆင့္က်င့္ႀကံသူမွာ'ဝူ'မိသားစုေခါင္းေဆာင္ႏွင့္ယြဲ႕မိသားစုေခါင္းေဆာင္ႏွစ္ဦးသာရွိသည္။

တည္ေဆာက္ျခင္းအဆင့္၏အထက္တြင္ ဗဟိုျဖစ္တည္ျခင္းအဆင့္ရွိေသာ္လည္းပဲ၎မွာဖုန္းလင္ၿမိဳ႕အတြက္ေတာ့ဒ႑ာရီလာက်င့္ႀကံဆင့္ႏွင့္တူ၏။

တည္ေဆာက္ျခင္းအထြတ္အထိပ္အဆင့္ႏွင့္ဗဟိုျဖစ္တည္ျခင္းအဆင့္မွာတစ္ဆင့္သာကြာျခားေသာ္လည္းျဖတ္ေက်ာ္မရသည့္ေခ်ာက္နက္ႀကီးႏွင့္တူသည္။မဟုတ္ရင္ယြဲ႕မိသားစုေခါင္းေဆာင္ႏွင့္ဝူမိသားစုေခါင္းေဆာင္းႏွစ္ဦးလုံးမွာတည္ေဆာက္ျခင္းအထြတ္အထိပ္အဆင့္မွာတင္ႏွစ္ေပါင္းရာခ်ီပိတ္မိေနမည္မဟုတ္ေခ်။

ယြဲ႕ယြဲ႕၏ပတ္ဝန္းက်င္ကဝိဥာဥ္စြမ္းအင္ေတြကိုစုပ္ယူမႈမွာပိုမိုျပင္းထန္လာၿပီးတစ္ေတာလုံးကစြမ္းအင္ေတြကိုစုပ္ယူခ်င္ေနပုံေတာင္ရသည္။

ယြဲ႕ယြဲ႕၏ခႏၶာကိုယ္မွာမဆုံးနိုင္တဲ့တြင္းနက္ႀကီးလိုမ်ိဳးဝိဥာဥ္စြမ္းအင္ေတြကိုဆက္တိုက္စုပ္ယူေနၿပီးက်င့္ႀကံဆင့္ေတြမွာဆက္တိုက္ဆိုသလိုအရွိန္ျမင့္ျမင့္ျဖင့္တိုးတတ္လာသည္။

ခ်ီစတင္စုေဆာင္းျခင္းအဆင့္၂

ခ်ီစတင္စုေဆာင္းျခင္းအဆင့္၃

ခ်ီစတင္စုေဆာင္းျခင္အဆင့္၄

....................

ခ်ီစတင္စုေဆာင္းျခင္းအဆင့္၁၀

ခ်ီစတင္စုေဆာင္းျခင္းအထြတ္အထိပ္အဆင့္

တည္ေဆာက္ျခင္းအဆင့္၁

သူေတာ္စင္သိုင္းဝိဥာဥ္ေတြ၏သာဝိဥာဥ္စြမ္းအင္ေတြကိုစုပ္ယူသိုေလွာင္နိုင္စြမ္းမွတကယ့္ကိုပုံမွန္မဟုတ္ေပ။အခုယြဲ႕ယြဲ႕၏ခႏၶာကိုယ္တြင္သူေတာ္စင္အဆင့္ထိပ္တန္းသိုင္းဝိဥာဥ္သုံးခုႏွင့္ထိုသုံးခုထက္မေလ်ာ့သည့္အနက္ေရာင္တြင္းနက္ႀကီးလိုသိုင္းဝိဥာဥ္ကိုပါပိုင္ဆိုင္ထားတာေၾကာင့္သူ႕က်င့္ႀကံဆင့္ေတြဒီေလာက္ျမန္ျမန္တိုးတတ္လာတာပုံမွန္ပင္ျဖစ္သည္။

ယဲ့ခ်ီေယာင္ကပ်င္းရိစြာသူ႕ေ႐ႊေရာင္မ်က္ဝန္းေတြကိုေမွးက်ဥ္းထားရင္းသူ႕အေရွ႕ကအားက်ိဳးမာန္တတ္က်င့္ႀကံအားထုတ္ေနသူအေစခံအသစ္စက္စက္ေလးကိုစိုက္ၾကည့္ေနသည္။

ယြဲ႕ယြဲ႕၏မ်က္ႏွာလွလွေလးမွာေလးေလးနက္နက္ေမွးမွိတ္ထားလ်က္သူ႕ေျမေခြးနား႐ြက္ဖြာဖြာေလးႏွစ္ခုႏွင့္အျမႇီးဆယ္ေခ်ာင္းမွာသူ႕ေနာက္ေက်ာဘက္တြင္ဟိုဘက္ဒီဘက္ယိမ္းႏြဲ႕ေနသည္။

ယြဲ႕ယြဲ႕၏ေက်ာက္စိမ္းျဖဴေရာင္နဖူးအလည္တြင္ေငြျဖဴေရာင္လျခမ္းေလးတစ္ခုမွာတစ္လဲ့လဲ့ေတာက္ပေနလ်က္ယြဲ႕ယြဲ႕ကိုယ္အတြင္းမွဝင္လာသမွ်စြမ္းအင္တိုင္းကိုသန့္စင္ထိန္းညွိေပးေန၏။

က်င့္ႀကံျခင္းအဆင့္ကထပ္မံျမင့္တတ္ေနေသးသည္။ပုံမွန္ဆိုဝိဥာဥ္စြမ္းအင္ေတြဒီေလာက္ထိစုပ္ယူခံရရင္စြမ္းအင္ေျခာက္ေသြ႕ပါးလ်သြားၿပီးအခက္အခဲႀကဳံရနိုင္သည္။ဒါေပမယ့္ယြဲ႕ယြဲ႕၏အမ်ိဳးအစားအမည္မသိရတဲ့အနက္ေရာင္တြင္းနက္သိုင္းဝိဥာဥ္မွာမိုင္ေပါင္းေထာင္ခ်ီအကြာအေဝးအထိဝိဥာဥ္စြမ္းအင္ေတြလိုသေလာက္ဆြဲယူနိုင္တာေၾကာင့္ စြမ္းအင္ျပတ္ေတာက္မည့္ကိစၥကေနကင္းေဝးသြားသည္။

ပို၍ကံေကာင္းတာကသူတို႔ေရာက္ေနသည့္ေနရာမွာလူမသိသူမသိေတာနက္ႀကီးထဲျဖစ္ေနခဲ့သည္။ဒီေနရာတစ္ဝိုက္မွာစြမ္းအားျမင့္ေမွာ္သားရဲေတြသာရွိ၍သဘာဝစြမ္းအင္လွိုင္းလႈပ္ရွားမႈကိုတစ္ျခားလူေတြေတာ္႐ုံတန္႐ုံသတိမထားမိနိုင္ေတာ့ေပ။

စြမ္းအားႀကီးေမွာ္သားရဲေတြကေတာ့ယဲ့ခ်ီေယာင္၏ေၾကာက္မက္ဖြယ္ရာတည္ရွိမႈကိုအာ႐ုံခံစားမိတာေၾကာင့္တုတ္တုတ္ေတာင္လႈပ္ရွားရဲျခင္းမရွိပဲေၾကာက္လန့္တၾကားတုန္ရီေနၾကေပသည္။

ထိုသူကအမွန္တကယ္ကိုေၾကာက္မက္ဖြယ္ရာတည္ရွိမႈတစ္ခုျဖစ္သည္။

ဤသို႔ျဖင့္အႏွောင့္အယွက္ကင္းကင္းက်င့္ႀကံခြင့္ရလိုက္သည့္ယြဲ႕ယြဲ႕၏က်င့္ႀကံဆင့္မွာတည္ေဆာက္ျခင္းအထြတ္အထိပ္ဆင့္သို႔နီးကပ္လာသည္။

ယြဲ႕ယြဲ႕ခႏၶာကိုယ္အတြင္းသို႔ ဝိဥာဥ္စြမ္းအင္စုပ္ယူမႈမွာပိုမိုျမန္ဆန္သထက္ျမန္ဆန္လာသည္။အဆုံးမရွိတဲ့တြင္းနက္ႀကီးတစ္ခုကိုျဖည့္တင္းေနရသည့္အတိုင္းမိုင္တစ္ရာေဘးပတ္လည္ရွိဝိဥာဥ္စြမ္းအင္လွိုင္းမွာျပင္းျပင္းထန္ထန္လႈပ္ခတ္လာၿပီးပတ္ဝန္းက်င္ကေမွာ္သားရဲအေပါင္းမွာပိုမိုထိတ္လန့္လာသည္။

ႀကီးမားသည့္အဆင့္ႀကီးတစ္ဆင့္ကိုခ်ိဳးျဖတ္ရေတာ့မည့္အတိုင္းဝိဥာဥ္စြမ္းအင္လွိုင္းႀကီးကိုပိုမိုျမန္ဆန္စြာစုပ္ယူလို႔ေနသည္။

ဒါကတစ္နာရီေက်ာ္ေက်ာ္ၾကာျမင့္ခဲ့ၿပီးမၾကာခင္မွာပင္ယြဲ႕ယြဲ႕၏ခႏၶာကိုယ္အတြင္း၌ၾကက္ဥအခြံတစ္ခုကြဲအက္သြားသလိုမ်ိဳးအသံတစ္သံထြက္ေပၚလာသည္။ယြဲ႕ယြဲ႕ခႏၶာကိုယ္အတြင္းရွိအဆုံးမရွိမ်ားျပားသည့္ဝိဥာဥ္စြမ္းအင္ေတြမွာအရည္အျဖစ္သ႑ာန္ေပၚလာၿပီးပင္လယ္ႀကီးတစ္ခုအျဖစ္ေျပာင္းလဲသြားသည္။

ဗဟိုျဖစ္တည္ျခင္းအဆင့္၁

ဖုန္းလင္ၿမိဳ႕၏ဒ႑ာရီတစ္ခုလို က်င့္ႀကံဆင့္ကိုယြဲ႕ယြဲ႕ကနာရီပိုင္းမွ်က်င့္ႀကံ႐ုံျဖင့္အတားအဆီးမရွိအလြယ္တကူေရာက္ရွိသြားခဲ့သည္။၎ကိုတစ္ျခားေသာက်င့္ႀကံသူေတြသာသိရင္လန့္ျဖန့္ၿပီးထိုေနရာမွာတင္ေငါက္ကနဲလဲေသသြားမည္ကိုစိုးရိမ္ရသည္။

တကယ့္ကိုလူတစ္ေယာက္၏ပါရမီကက်င့္ႀကံရာတြင္အေတာ္ေလးအေရးပါသည္။ယြဲ႕ယြဲ႕လိုပါရမီရွင္တစ္ေယာက္၏နာရီပိုင္းမွ်က်င့္ႀကံမႈကႏွစ္ေပါင္းေထာင္ခ်ီႀကိဳးႀကိဳးစားစားက်င့္ႀကံအားထုတ္လာသူေတြကိုလြယ္လင့္တကူေက်ာ္ျဖတ္လို႔သြား၏။

ဤသည္မွာထိုသို႔ေသာက်င့္ႀကံသူေတြအတြက္ရင္နင့္စရာေကာင္းလြန္းလွေပသည္။

ယြဲ႕ယြဲ႕ကသူ႕ခႏၶာကိုယ္အတြင္းေျပာင္းလဲမႈအဆင့္ဆင့္ကိုနားလည္သေဘာေပါက္သြားၿပီးေနာက္မ်က္လုံးလွလွေလးေတြမွာအံအားသင့္မႈေၾကာင့္ျပဴးက်ယ္သြားသည္။သူခ်က္ခ်င္းဝမ္းသာအရျဖင့္ယဲ့ခ်ီေယာင္နားခုန္ေပါက္ေျပးသြားလိုက္သည္။

"သခင္...သခင္.....ကြၽန္ေတာ္ဗဟိုျဖစ္တည္ျခင္းအဆင့္ကိုတန္းေရာက္သြားၿပီ...."

ယြဲ႕ယြဲ႕၏စိတ္လႈပ္ရွားမႈအေပါင္းကိုယဲ့ခ်ီေယာင္ကေရေအးႀကီးတစ္ခုျဖင့္ပက္၍ႏွိုးခ်လိဳက္သည္။

"ဒီေလာက္ထိအားနည္းတဲ့က်င့္ႀကံဆင့္ေလးနဲ႕ငါခိုင္းခ်င္တဲ့အရာကိုမင္းလုပ္နိုင္အုံးမွမဟုတ္ဘူး"

ယြဲ႕ယြဲ႕ : "....."

အား.နည္း.တယ္။
တကယ္ႀကီးလား။ဖုန္းလင္တစ္ၿမိဳ႕လုံးအတြက္ေတာင္ဗဟိုျဖစ္တည္ျခင္းအဆင့္ကဒ႑ာရီလိုလို၊ ပုံျပင္လိုလိုျဖစ္ေနတာေနာ္။

"ဒါဆိုက်င့္ႀကံဆင့္ဘယ္ေလာက္ထိျမင့္မွသခင့္အတြက္အလုပ္လုပ္ေပးနိုင္မွာလဲ...."

"အနည္းဆုံးျဖစ္တည္ခံစားမႈအဆင့္ေလာက္ဆိုရင္ပဲအဆင္ေျပပါၿပီ...."

"....."

ယြဲ႕ယြဲ႕၏နဂိုတတ္ႂကြေနသည့္စိတ္ဓာတ္ေလးမွာခ်က္ခ်င္းဟိုးေအာက္ထိုးက်သြားသည္။ဗဟိုျဖစ္တည္ျခင္းအဆင့္၁၁ဆင့္၏အေပၚတြင္ဝိဥာဥ္ခြဲထြက္ျခင္းအဆင့္၁၁ဆင့္ရွိေသးသည္။ျဖစ္တည္ခံစားမႈအဆင့္ဆိုသည္မွာဝိဥာဥ္ခြဲထြက္ျခင္းအဆင့္၏အထက္ဆင့္တစ္ခုျဖစ္သည္။

ဒါ့ေၾကာင့္ယဲ့ခ်ီေယာင္၏သတ္မွတ္ခ်က္ကိုျပည့္မွီဖို႔ဆိုရင္အဆင့္ႀကီးႏွစ္ဆင့္ကိုႀကိဳးႀကိဳးစားစားျဖတ္ေက်ာ္ရအုံးေပလိမ့္မည္ျဖစ္သည္။သူစိတ္ဓာတ္မက်မွသာထူးဆန္းေနမွာပင္။

"သိပ္ၿပီးစိုးရိမ္မေနပါနဲ႕....ငါေစာင့္နိုင္ပါတယ္....အရင္ဆုံးမင္းဒီမ်က္ႏွာကိုဘယ္လိုေျပာင္းလဲသင့္လဲဆိုတာကိုစဥ္းစားထားသင့္တယ္...."

__________________________________________________________

Continue Reading

You'll Also Like

21.6K 1.9K 20
Cover Photo From Pinterest. Credit to Original Uploader. "စာမရီ ကဘယ်အခြေအနေ ဘယ်ဘဝရောက်ရောက်မောင်မောင့်အပိုင်ပဲ။ ဒါကိုကံကြမ္မာကတားမြစ်ရင်တောင်မရနိုင...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
225K 26K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...