ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့

Av whatismyname_2482

145K 11K 272

"ဒေါ်နွယ်" "ဗုဒ္ဓေါ ဘယ်လို ဘယ်လိုခေါ်လိုက်တယ်" "ကြားတဲ့အတိုင်းပဲ အဒေါ်ကြီးရယ်" "ဒေါ်နွယ်" "ဗုဒ္ဓေါ ဘယ်လို ဘယ်လိ... Mer

အပိုင်း - ၀
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
၁၀
အပိုင်း - ၁၁
၁၁
အပိုင်း - ၁၂
၁၂
အပိုင်း - ၁၃
၁၃
အပိုင်း - ၁၄
၁၄
အပိုင်း - ၁၅
၁၅
အပိုင်း - ၁၆
၁၆
အပိုင်း - ၁၇
၁၇
အပိုင်း - ၁၈
၁၈
အပိုင်း - ၁၉
၁၉
အပိုင်း - ၂၀
၂၀
အပိုင်း - ၂၀.၁
၂၀.၁
အပိုင်း - ၂၁
၂၁
အပိုင်း - ၂၂
၂၂
အပိုင်း - ၂၃
၂၃
၂၄
အပိုင်း - ၂၅
၂၅
အပိုင်း - ၂၆
၂၆
အပိုင်း - ၂၇
၂၇
အပိုင်း - ၂၈
၂၈
အပိုင်း - ၂၉
၂၉
အပိုင်း - ၃၀
၃၀
အပိုင်း - ၃၁
၃၁
အပိုင်း - ၃၂
၃‌၂
အပိုင်း - ၃၃
၃၃
အပိုင်း - ၃၄
၃၄
အပိုင်း - ၃၅
၃၅
အပိုင်း - ၃၆
၃၆
အပိုင်း - ၃၇
၃၇
အပိုင်း - ၃၈
၃၈
အပိုင်း - ၃၉
၃၉
အပိုင်း - ၄၀
၄၀
-
အခန်းငယ် - ၁
အခန်းငယ် - ၁
အခန်းငယ် - ၂
အခန်းငယ် - ၂
အခန်းငယ် - ၃
အခန်းငယ် - ၃
အခန်းငယ် - ၄
အခန်းငယ် - ၎
အခန်းငယ် - ၅
အခန်းငယ် - ၅

အပိုင်း - ၂၄

1.7K 173 1
Av whatismyname_2482

လွယ်အိတ်ကိုစလွယ်သိုင်းလို့တောနက်ကြီးထဲသို့တစ်စုံတစ်ယောက်ဝင်လာသည်။ ဓားပြများနှင့် သစ်ပင်တွင် ကြိုးတုပ်ခံထားရသည့်သူကြီးက‌တော်ရီဝေနှင့် မြို့အုပ်မင်း မင်းမောင်တို့၏အာရုံများသည် ထိုသူထံရောက်ရှိသည်။

"ဟေ့ ဓားပြ ခင်များလက်ထဲက ကျုပ်အ… အယ်
ကျုပ်မိန်းမကိုလွှတ်လိုက်စမ်း"

"အို ဒီကလေးနှယ် ဘာတွေပြောနေသလဲ"

‌အွန်း မောင်ခင်တော့မောင်ပါပဲ မမှားပါဘူး ဤမောင်ခင်၏ စကားကြောင့် မမဝေတစ်ယောက်မျက်နှာများရဲလာသည်။

"ခင်များဘာပြောလိုက်တယ်"

"ရှင်… ဘာ … ဘာမှမပြောပါဘူးကွယ်"

"ရုတ်ရုတ်ရုတ်ရုတ်လုပ်မယ်မကြံနဲ့နော် အသက်ပျောက်သွားမယ်"

ဓားပြထဲမှ‌ခေါင်းဆောင်ဖြစ်ဟန်တူသည့်သူသည်
မမဝေအား ထိုသို့ကြိမ်းလိုက်ပြီး သူကြီးဆိုသူအားမလှမ်းမကမ်းမှ စူးစမ်းကြည့်လေသည်။

"ဒီရွာသူကြီးက သိပ်ငယ်နေသလိုပဲ"

"ဟေ့ ခင်များက ရွာသူကြီးအစစ်လား ခင်များမိန်းမထက်
သိပ်ငယ်နေတာပဲ"

ဓားပြသည်သူကြီးအားကြည့်ရင်းထိုသို့အော်ကာပြောလေတော့

"ခင်များဘာစကားပြောတာလဲ ကျုပ်မမဝေကိုကြည့်စမ်း
ဒီအရွယ်အထိဒီလောက်လှနေတာ ခင်များမိန်းမထက် အဆတစ်ရာသာတယ်"

"ခင်များတော့ ပစ္စည်းတွေမလိုချင်တော့ဘူးထင်တယ်"

စကားအကြောမခံလှသည် ဓားပြသည် ဘေးမှသူ့အပေါင်းအပါများကိုပါ စစ်ကူခေါ်လေသည်။

"ဘယ်သူမဆိုတွေးကြမှာပဲ ငါပဲမဟုတ်ဘူးကွ အကုန်လုံးတွေးတယ် ဟုတ်တယ်မဟုတ်လား ဟိတ်ကောင်တွေ"

"ဟုတ် !!!!!!"

ထိုသို့ကျယ်လောင်လှသည့်ထောက်ခံသံများကြောင့် သူကြီးဆိုသူသည် ဤသို့ပြန်ဆိုသည်။

"ဒါကတော့ ကျုပ်က တယ်လည်း ကျန်းမာရေးလိုက်စားသကိုး"

မောင်ခင့်စကားကြောင့် မင်းမောင်တစ်ယောက်‌ စိတ်ဓာတ်များကျလို့ ခေါင်းငိုက်ကျကာ အရာရာအရှုံးပေးပြီး
ထိုနေရာမှာတွင်သစ်ပင်နှင့်ခေါင်းဆောင့်ပြီးသာသေပစ်လိုက်ချင်သည်ဟုတွေးမိလေသည်။

"ဒီစကားကိုဘယ်ခွေးမှမဟုတ်ဘူး မောင်ခင်ရ
ငါတော့သေသာသေလိုက်ချင်ပါတော့တယ်"

‌မင်းမောင်တစ်ယောက် မျှော်လင့်ချက်မဲ့စွာညည်းညူမိလေသည်။

မယုံချင်စရာကောင်းလှသည့်ဤစကားကို မင်းမောင်အား
စတွေ့တုန်းကလည်းဆိုဖူးသည်။

မင်းမောင်သည်သူ့ဇာတ်လမ်းနောက်အသာလေးမျှောပါ
ပေးခဲ့ပေမယ့် ဒါကိုအဟုတ်မှတ်ပြီး ဒီလိုအချိန် ဒီလိုနေရာမှာ ဒီလိုစကားကိုအပီအပြင်လာရောက်အသုံးချလိမ့်မည်ဟု မထင်ခဲ့ရိုးအမှန်။

"အကိုကြီးရယ် ကျုပ်မိန်းမကအားနွဲ့တဲ့မိန်းမသားလေးပါ ဒီလိုကြိုးချည်ထားတော့ ကျုပ်မိန်းမရဲ့အသားလေးသွေးခြည်ဥသွားရင် ကျုပ်ရင်ကျိုးရချည်ရဲ့"

"ကျုပ်တို့ကြားထားတဲ့ သတင်းကတော့ သိပ်ကိုမှန်သကိုးးး"

"ဘာသတင်းများလဲ"

"ဒီရွာရဲ့သူကြီးက သူ့မိန်းမကိုသိပ်ချစ်တယ်တဲ့ဗျာ မျက်စိရှေ့မှာမြင်ရတော့ ကျုပ် ယုံပါပြီ အို ယုံပါ့‌ဗျာ"

"ကဲ ငါ့တပည့်တွေ မိန်းမသားတစ်ယောက်ကဒီတောနက်ထဲမှာ မပြေးနိုင်ပါဘူး ကြိုးဖြည်ပေးလိုက်ချေ"

"ကဲ သူကြီးကတော် ပြေးဖို့မကြံချေနဲ့ ခင်များရဲ့ယောက်ျားအသက်က ကျုပ်လက်ထဲမှာနော်"

ဓားပြသည် ခင်များယောက်ျားလို့ဆိုလိုက်သည့်အတွက်
မမဝေသည် မနီးမဝေးမှရှိနေတဲ့ လင်အတုကိုကြည့်ပြီး
မျက်နှာပင်ဘယ်နားထားရမည်မသိမျက်နှာပူလှလေသည်။

"ဒါဖြင့် ကျုပ်တို့ ခဏလောက်ဆွေးနွေးရအောင် လာပါ
ကျုပ်မကိုက်စားပါဘူး"

"ဒီလိုဗျ ခင်များတို့ရဲ့ ရော့ သောက်ပါအုံး အမောပြေပေါ့"

အမောပြေဟုဆိုကာ လွယ်အိတ်ထဲမှ ဝီစကီပုလင်းကြီးထုတ်လာသည့် မောင်ခင်ကြောင့် အနားရှိသူများက ကြောင်ကြည့်လေသည်။

"ဘာလဲ စိတ်ပူနေသလား ဘာတွေစိတ်ပူနေတာလဲ အဆိပ်ခတ်ထားမှာစိုးတာလား"

"စိတ်ချ စိတ်ချ ဒါရိုးရိုးအရက်ပါ ကျုပ် မြို့ကနေခိုးဝယ်လာတာ ကျုပ်အိမ်သားတွေမသိဘူး အ့ကြောင့် ခိုးကြောင်ခိုးဝှက်လုပ်နေတာ ခင်များတို့က တစ်မျိုးထင်သွားပုံရတယ်"

"ကဲ ကျုပ် သောက်ပြမယ်"

မောင်ခင်သည် မမရေချယ်ရဲ့အဖေဆီမှလက်ဆောင်ရထားသည့်အသစ်စက်စက်ဝီစကီပုလင်းကိုဖောက်ကာ ဦးဆုံးမော့သောက်လေသည်။

"အားးးးးးးကောင်းလိုက်တာဗျာ"

"ယုံပြီလား သောက်သောက် ဒီလိုအရက်မျိုးကရှားတယ်နော် ကျုပ်မိတ်ဆွေက ကံအထူးကောင်းတာပဲ"

မောင်ခင်နှင့်မနီးမဝေးရှိနေသည့်မမဝေ၏အကြားတွင်
လူအုပ်များကကာစီးကာရှိနေလေတော့ မောင်ခင်
တစ်ယောက်ဘာများလုပ်နေလို့လူအများဝိုင်းအုံနေရသလဲ မမဝေမသိနိုင်ချေ။

"မောင်ခင် ဘာလုပ်နေသလဲ"

"ကျုပ် ဆွေးနွေးနေတာပါ မမဝေ"

မမဝေတော့မောင်ခင်စကားယုံမည်ဆိုပေမယ့် မောင်ခင်
ပြုသမျှကိုတစ်ထောင့်တစ်နေရာမှမြင်နေရသည့် မင်းမောင်မှာတော့ မောင်ခင်အားသတိပေးစကားဆိုလေသည်။

"မောင်ခင် အရမ်းမသောက်နဲ့နော် အဲ့တာပြင်းတယ်"

မင်းမောင်စကားကြောင့် မမဝေသည်မယုံချင်လှသော်လည်း ဖြစ်နိုင်သည်ဟူသည့်သံသယစိတ်များကြောင့် ‌မင်းမောင်အနားသွားကာ စုံစမ်းလေသည်။

"မင်းမောင် ပြောစမ်း မောင်ခင် ဘာသောက်နေသလဲ"

မင်းမောင်သည် မောင်ခင်ကိုကြည့်လိုက် ဒေါ်လေးကို
ကြည့်လိုက်လုပ်ရင်း သက်ပြင်းကိုချကာ

"နိုင်ငံခြားကလာတဲ့ရမ်ပါ ဒေါ်လေးဝေ"

မမဝေတစ်ယောက် ဒေါသထောင်းခနဲထကာ မောင်ခင်ထံသုတ်ခြေတင်သွားသော်လည်း လမ်းတစ်ဝက်မှာပင်
တားဆီးပိတ်ပင်ခံလိုက်ရလေတော့ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ မျှော်လင့်ချက်ကလေးဖြင့်မောင်ခင်ရှိရာသို့မရမကကို‌ကြည့်မိ‌ပေမယ့် တကယ့်ကိုသောက်စားနေသည့်ပုံကိုမြင်သည့်အခါ ဒေါသကြောင့် မလှမ်းမကမ်းကမောင်ခင်ကြားနိုင်မည့်အသံအနေအထားကိုမြင့်လို့တားမြစ်လေသည်။

"မောင်ခင် ! ရပ်စမ်း ဘာလို့ အရက်တွေသောက်နေရသလဲ"

မမဝေ၏အသံကြောင့် မောင်ခင်သည်လည်း သောက်လက်စကိုရပ်ကာ ကြောင်ကြည့်လေသည်။

"သူကြီးမိန်းမက သိပ်ဒေါသထွက်နေတာပဲ"

ဓားပြခေါင်းဆောင်ရဲ့အလိုမကျသည့်ပုံကိုကြောင့်
မောင်ခင်သည် ခွက်အလွတ်ထဲဝီစကီအားထည့်ပေးရင်း မျက်နှာချိုသွေးရပြန်လေသည်။

"ကျုပ်မျက်နှာထောက်ပြီးတော့ပဲဖြစ်ဖြစ်နားလည်ပေးလိုက်ပါ ကျုပ်မိန်းမက ကျုပ်ကိုသိပ်ချစ်တာလေ
အ့ကြောင့် အ့ကြောင့်"

မောင်ခင့်စကားကို ဓားပြခေါင်းဆောင်မှာ သဘောတွေ့ကာရယ်သည်။

"ဘယ်ဆိုးလို့လဲ သူကြီးကလည်း နားလည်ပေးတတ်တာပဲ ကျုပ်တို့ဆို ဒါကို နားပူနားဆာလုပ်တယ်ပဲတွေးကြတာ"

"ဒါကတော့ ချစ်တာကိုးဗျ"

မိန်းမဖြစ်သူနှင့်ပက်သက်ပြီးပိုကာသဲပြနေသည့်
မောင်ခင်ကိုကြည့်ရင်း ဓားပြခေါင်းဆောင်သည်ဟက်ဟက်ပက်ပက်ကို ရယ်လေသည်။

ဤသို့လိုက်ဖက်ညီစွာချစ်ခင်နေသည့်မောင်ခင်နှင့်
ဓားပြခေါင်းဆောင်အကြားမည်သူမျှဝင်စွက်ဖက်ဖို့စိတ်ကူးမရှိကြချေ။

"မင်းမောင် ဒီအရက်တွေ မင်းပေးထားတာလား"

မောင်ခင်နှင့်စာရင်းရှင်းချင်သော်လည်းအခြေအနေမပေးသည့်အခါ မမဝေ၏ဒေါသသည် ကြိုးတုပ်ခံထားကာငြိမ်နေရမြဲရှိနေသည့် မင်းမောင်အပေါ်ကျရောက်လေသည်။

မင်းမောင်မှာတော့ အပြင်းအထန်ကိုငြင်းဆန်လေသည်။

"ပေါက်ပေါက်ရှာရှာ ဒေါ်လေးဝေရယ်"

"ဒါဖြင့် နွယ်လား"

"မောင်ခင်ဒီလိုလုပ်နေတာမြင်ရင် ဒေါ်လေးဝေထက်
မမနွယ်ကတောင်ပိုပြီးဆူလိမ့်မယ်"

‌မင်းမောင်သည်ဖြစ်နိုင်ချေရှိမည့်သူများကိုစဉ်းစားလေသည်။

"ကျွန်တော့်အထင်တော့ ရေချယ့်ဆီကဖြစ်မယ်"

ဝီစကီခွက်ကိုလက်ကမချသည့် ရေချယ်ပုံကို
မြင်ယောင်သည်။

"ဒါမှမဟုတ်လည်း အကိုဘုန်းနေရောင်ဆီကဖြစ်နိုင်တာပဲ"

မင်းမောင်သိသလောက် ဘုန်းနေရောင်သည် အသောက်အစားကင်းရှင်းသူဖြစ်သည်။
ထိုအခါ ခေါင်းကိုခါရမ်းရင်း

"မဟုတ်ဘူး မဟုတ်ဘူး အကိုဟန်သာဆီကလည်းဖြစ်နိုင်တယ်"

"အကိုဟန်သာကဘိလပ်မှာ‌ဆိုတော့ ဒါမှမဟုတ် ရေချယ့်အဖေ ဦး…"

မင်းမောင်၏အတွေးကမ္ဘာမှ ခင်ခင်ပျိုလေးအားဝီစကီပုလင်းလက်ဆောင်ပေးနိုင်ချေရှိသည့် လူသားပေါင်းစုံကို
ဖော်ထုတ်နေတုန်းမှာပင် စကားဖြတ်ခံရလေသည်။

"တော်တော် တော်တော့ မြို့ပေါ်တက်စာသင်ခိုင်းတာ
ဘယ်ကလေကချေတွေနဲ့ မင်းညီမကပေါင်းလာသလဲ"

ဒေါလေးဝေ၏စကားကြောင့် မင်းမောင်သည်တိတ်ဆိတ်သည်။

"အာ ဒေါ်လေးဝေ သူတို့အကုန်လုံးက လူကြီးလူကောင်းတွေပါ"

ဟုတ်သည် မျိုးရိုးဖြင့်ကြည့်မလား အဆင့်အတန်း၊ ဂုဏ်ရှိန်ဂုဏ်ဝါဖြင့်ကြည့်မလား ငွေကြေးဥစ္စာဖြင့်ကြည့်မည်လား မည်သည့်ဘက်ကကြည့်ကြည့် အရာရာပြည့်စုံလှသလို ထိုသူများသည် တကယ့်ကိုလူကြီးလူကောင်းများဖြစ်ကြပေသည်။

"အို ငါ့ကလေးကိုအရက်လက်ဆောင်ပေးကတည်းက
နန်းရင်းဝန်ဆိုရင်တောင်မှကလေကချေလို့ပဲ ငါသတ်မှတ်တယ်"

ထိုအချိန်တွင် မောင်ခင်အားဝီစကီလက်ဆောင်ပေးသည့် ‌ကလေကချေဟုမမဝေဆိုသည့် ရေချယ့်အဖေ
နန်းရင်းဝန် (ဝန်ကြီးချုပ်) ဦးစေနိုင်သည် အိမ်ကြီးထဲတွင် စာရွက်စာတမ်းများဖတ်နေရင်းဟတ်ချိုးချေလေသည်။

"သက်တမ်းတစ်လျှောက်မှာ ဒီလောက်ထိသာယာတဲ့ရွာကို
မမြင်ဖူးဘူး အကိုကြီးဖြင့် ဖျက်စီးရမှာကိုသိပ်နှမြောပါတယ် ခေါင်းဆောင်ကလည်း ဒါကိုသိလို့ ဒီရွာကိုမထိဖို့ပြောတာဖြစ်မယ်"

အရက်ကလေးနည်းနည်းဝင်လာတော့ ဓားပြခေါင်းဆောင်သည် စကားစများလာပြီဖြစ်သည်။

"အကိုကြီးလည်း ရွေးစရာလမ်းမရှိတော့လို့ပေါ့ ရွာတိုင်းကိုလိုက်စုံစမ်းပြီးသွားပြီ ခေါင်းဆောင်ရဲ့စည်းစိမ်တွေကိုခိုးတာ သူတို့မဟုတ်ဘူး"

တကယ်ကိုပဲ ပြဿနာကငတက်ပြားခင်ခင်ပျိုကြောင့်
ဖြစ်တည်လာတာပဲ။

"အကိုလည်း စစချင်းတွေဝေပါသေးတယ် ဒါပေမယ့်
မပြောတတ်ဘူးလေ ဒီသူခိုးက ဘယ်သူမှ မထင်ထားတဲ့သူဖြစ်နိုင်တာပဲ"

ထိုစကားကြောင့် မောင်ခင်သည် တောင်ရောက်မြောက်ရောက်လျှောက်ကြည့်လေသည်။

"ပြီးတော့ ဓားပြတိုက်တာမဟုတ်ပါဘူး ပြန်ပေးဆွဲတာ ဒီရွာက သူကြီးကသူ့မိန်းမကိုသိပ်ချစ်တယ်ကြားတယ်လေ
ရွာကိုမဖျက်စီးချင်တော့ ဓားပြမတိုက်ပဲပြန်ပေးဆွဲတာပေါ့"

"မင်းအရက်က သိပ်ကောင်းတာပဲ မမူးတတ်တဲ့ငါတောင်
အတော့်ကိုမူးနေပြီ"

ဒီဓားပြများသည် မနေ့ညက တွေ့ခဲ့သည့်ဓားပြများနှင့်မတူ မညှာမတာစတမ်းပြောရလျှင် အတော့်ကိုတုံးအလှသည်။

"ဒါကြောင့် ကျုပ်ပြောပါတယ် အကိုကြီးက ကံသိပ်ထူးပါတယ်လို့ ဒါအကောင်းစား အကောင်းစား"

"အေ့ကွာ ငါ့ညီရာ ကျေးဇူးပဲ ဒါဖြင့် ပစ္စည်းကိစ္စဆက်ပြောကြတာပေါ့ မင်းရပ်ထဲရွာထဲမှာ တစ်ရက်ထဲချမ်းသာလာတဲ့သူမျိုး ဒါမှမဟုတ် ရုတ်တရက်ကြီး သုံးဖြုန်းနေတဲ့သူမျိုးရှိသလား"

မောင်ခင်တစ်ယောက် မျက်စိကစားနေရင်း သူ့အားစိုက်ကြည့်နေသည့် မင်းမောင်အားတွေ့လေတော့ ဉာဏ်အလင်းပွင့်လာကာ

"ရုတ်တရက်ကြီး သုံးဖြုန်းတဲ့သူ အင်း ကျုပ်တွေ့တယ်"

"ဘယ်သူလဲ ပြောစမ်းကွာ ငါသိတာနဲ့ မင်းတို့ကိုရော မင်းတို့ရွာကိုပါလွှတ်ပေးမယ်"

"တကယ်ပြောတာနော်"

"ဒါယောက်ျားကတိပါကွာ"

မောင်ခင်သည် ဝမ်းသာအားရဖြင့် ဓားပြခေါင်းဆောင်၏နားထဲသို့ တစ်စုံတစ်ယောက်နာမည်ကိုတိုးတိုးလေးထည့်သွင်းလေသည်။

"ရာရာစစ ဓားပြဗိုလ်ရဲ့ပစ္စည်းတွေကိုခိုးတဲ့သူက ကျုပ်ထင်တဲ့အတိုင်းပဲ ဘယ်သူမှမထင်ထားတဲ့သူဖြစ်နေတာကိုးးး"

"ကဲ မြို့အုပ်မင်း ခင်များပြော ကျုပ်တို့ရဲ့ရတနာတွေ
ဘယ်နားဝှက်ထားသလဲ"

"ဘာ ဘာပြောတယ် ဘယ်လို"

"မင်းမောင် ! "

အစမရှိအဆုံးမရှိစကားကြောင့်ညမင်းမောင်တစ်ယောက်ပျာယာခတ်ကာရှိနေသလို မင်းမောင်ဘေးမှာအချိန်ပြည့်ရှိနေသည့် မမဝေသည်လည်းတူဖြစ်သူ၏အမည်အား လေသံမာမာဖြင့်နှုတ်မှထွက်ကျလေသည်။

"ကျွန်တော်ရှင်းပြပါရစေ ဒေါ်လေးဝေ"

"ရှင်းပြစရာမလိုပါဘူး ငါ့တူရာ ဦးလေးနားလည်ပါတယ်
မင်းလည်း ဟန်ဆောင်ရတာပင်ပန်းရောပေါ့"

မင်းမောင်၏ပခုံးပေါ်သို့လ်တစ်ဖက်ကျရောက်လာကာ ထိုလက်ပိုင်ရှင်သည် ‌မင်းမောင်အားမျက်လုံးတစ်ဖက်မှိတ်ပြလေသည်။

"အကိုကြီးကပြောတယ် အဲ့ရတနာတွေသာပြန်ရရင် ရွာကို
မဲ့တစ်ပေါက်တောင်မစွန်းစေရဘူးတဲ့ အန္တရာယ်များတဲ့အနောက်တောင်အရပ်ဆိုရင်တောင်မှ သူတို့ကရတနာအတွက်သွားရဲပါတယ်တဲ့ အဲ့လို‌ကြောက်ဖို့ကောင်းတဲ့လူတွေမို့"

"ရွာသားတွေရဲ့မျက်နှာကိုထောက်ပြီး ပြောပြလိုက်ပါကွယ် မင်းဦးလေးကပဲ အနူးအညွှတ်တောင်းဆိုပါတယ်"

မောင်ခင်တစ်ယောက်မည်သည့်ရည်ရွယ်ချက်ဖြင့် မင်းမောင်အားဤသို့အခက်တွေ့အောင်ဖန်တီးလေသလဲတော့မသိပေမယ့် ကြင်သူစကားနားထောင်လျှင်မှားသည်မရှိဟု စိတ်လုံးလုံးချကာ မျက်စိမှိတ်ရင်း သက်ပြင်းရှည်ကြီးကိုချလေသည်။

"ဟုတ်ပြီလေ ကျုပ်ပြောပြမယ်"

ဓားပြခေါင်းဆောင်သည် သဘောကျစွာရယ်လေသည်။

"ဒီလိုမှပေါ့ မြို့အုပ်မင်းရဲ့ မြို့အုပ်မင်းက ဉာဏ်သိပ်ကောင်းတာပဲ ကဲပြောချေ"

မင်းမောင်သည် အရင်ဆုံး ဓားပြခေါင်းဆောင်အားမထီမဲ့မြင်စိုက်ကြည့်ကာ ရနိုင်ချေနည်းသည့်တောင်း‌ဆိုမှုကိုတောင်းသည်။

"ကြိုးဖြည်ပေးပါ အရင်ဆုံး"

ဓားပြခေါင်းဆောင်သည်အလိုမကျစွာကြည့်သည်။

"ဘာတွေကြံနေသလဲ မြို့အုပ်မင်း"

"ကျုပ်က ဒီလူအုပ်စုတွေထဲ ဘယ်ကိုများပြေးလွှတ်မယ်
ထင်နေတာလဲ"

"ဒါမှမဟုတ် ခင်များလူတွေရဲ့လုပ်ပုံကိုင်ပုံတွေကို ခင်များ
မယုံတာလား"

"စိတ်ချပါ ခေါင်းဆောင် ကျွန်တော်တို့အကောင်းဆုံးဆောင်ရွက်ပါ့မယ်"

ဤသို့ဖြင့် မင်းမောင်သည် ဓားပြအုပ်စုများကို
မောင်ခင့်စကားထဲတွင်ပါဝင်သည့်တည်နေရာဖြစ်သော တောကြီးရဲ့အနောက်တောင်အရပ်သို့ခေါ်ဆောင်သွားလေသည်။

"ဒါဖြင့် လက်ကျန်လေးဖြတ်မလား အကိုကြီး"

"ငါ့ညီကဘယ်ဆိုးလို့လဲ ငါ့အကြိုက်အသိဆုံးညီလေးပဲ"

"အဲ့လောက်လည်းမဟုတ်ပါဘူး အကိုကြီးရာ"

မင်းမောင်က‌တော့သူ့အလုပ်သူလုပ်သလို မောင်ခင်သည်လည်း ဓားပြခေါင်ဆောင်ဖြင့်ကျန်ခဲ့ကာ သူ့အရက်သူသောက်လေသည်။ အနားကမမဝေကတော့ အတော့်ကိုပျော်ပါးနေသည့်မောင်ခင်ကိုကြည့်ရင်းဒေါသထွက်လိုက် လူအုပ်ကြီးနဲ့ပါသွားသည့် တူလေးဖြစ်သူကိုစိတ်ပူရလိုက်နဲ့အရူးတစ်ပိုင်းဖြစ်နေလေသည်။

"သူကြီး အခုမှရောက်လာရသလားဗျာ"

တစ်ရွာလုံးနီးပါး မောင်ခင့်အိမ်ရှေ့တွင်မီးတုတ်များဖြင့်ရှိနေတော့ မောင်ခင်တစ်ယောက် သက်ပြင်းရှည်ကြီးကိုချလေသည်။

"ကဲပြော ခင်ခင်ပျိုဘာမွှေပြန်ပြီလဲ"

"မဟုတ်ပါဘူး သူကြီးရယ် အခုက သူကြီးကတော်နဲ့
မြို့အုပ်မင်း"

ဘယ်လို မောင်ခင်သည် အလန့်တကြားဖြင့် ခြံဝန်းထဲချောင်းကြည့်သော်လည်းအိမ်ထဲတွင် မည်သူတစ်ဦး
တစ်ယောက်မျှကိုမတွေ့ရချေ။

"မမဝေ ဘာဖြစ်သလဲ ပြောစမ်း !"

မောင်ခင်ရဲ့ဒေါသတကြီးနဲ့အော်သံကြောင့် တစ်ရွာလုံးငြိမ်သက်ကုန်သည်။

"ဓား … ဓားပြတွေပြန်ပေးဆွဲသွားလို့ပါ"

"ဘာပြောတယ် ! "

မောင်ခင်သည် အိမ်ထဲပြေးဝင်ကာ နှစ်လုံးပြူးသေနတ်ကို
လွယ်ရင်းအိမ်ပြင်ပြန်ထွက်လာကာ မီးတုတ်ကြီးကို
လက်တစ်ဖက်မှဆုပ်ကိုင်ပြီး မမဝေအားကယ်တင်ရန်
ရွာသားများဖြင့်ချီတက်လေသည်။

"အကိုလေး အခုလုပ်လိုက်တာက သူဌေးကြီးသိရင်
အသေပဲနော်"

"မင်းမပြောရင် ဘယ်သူသိမလဲ ငါမပြောရင် ဘယ်သူသိမလဲ"

"ဒီလောက် ပါးပါးလေးဒုက္ခပေးလိုက်တာ
အရမ်းကြီးနစ်နာသွားမယ့်ပုံနဲ့မပြောနဲ့စမ်း"

အမူးသမားဥက္ကာသည် အနားကသူ့နောက်လိုက်အားဆူပူကြိမ်းမောင်းလေသည်ကို နေလင်းကြားလေတော့ ရွာထဲကရုန်းရင်းဆန်ခတ်ဖြစ်သည့်အခြေအနေ၏နောက်ကွယ်ကကြိုးကိုင်သူမှာ ဥက္ကာဖြစ်ကြောင်းသိလေသည်။

"ဖေဖေ"

"နောက်မှပြောရအောင် ဖေဖေပင်ပန်းလာလို့"

"ဒေါ်လေးဝေအကြောင်းပါ ဖေဖေ"

ညအတော်နက်မှအိမ်ပြန်ရောက်လာသည့်၀ဏ္ဏကို ရွာထဲတွင်ဖြစ်ပျက်နေသည့်ကိစ္စများအား နေလင်းကအိမ်ရှေ့တွင်ဆီးကြိုပြီးအစအဆုံးပြောပြလေသည်။

"ဥက္ကာ ! "

အဖေဖြစ်သူ၏နှုတ်မှခြောက်ခြားဖွယ်ထွက်ကျလာသည့်
အမည်နာမကြောင့်မူးမူးနဲ့ယိုင်နဲ့ကာ ခြေလှမ်းများက
မညီမညာဖြင့် အိမ်ပေါ်ထပ်လှေကားကိုတက်နေသည့် ဥက္ကာသည်အမူးများပင်ပြေတော့မတတ်။

"မင်းကို ဒီရွာကိုမထိနဲ့လို့ ငါမပြောခဲ့ဘူးလား"

"မင်းကိုငါအလိုလိုက်တာ သိပ်များသွားပြီ ဥက္ကာ !"

ဒေါသတကြီးနဲ့အနားကိုရောက်လာသည့်ဖေဖေ့ပုံကြည့်ပြီး ဥက္ကာဟက်ခနဲရယ်မိသည်။

"ဘာလဲ ဒီရွာမှာက ဖေဖေ့ရဲ့မတော်လိုက်ရတဲ့ဇနီးရှိလို့လား"

"အဲ့မိန်းမကြီးက မြွေဟောက်မပဲ ရွာသူကြီးကိုမြှူစွယ်ထားတာအားမရလို့ လင်ကြီးရှိရက်နဲ့ အဖေကိုပါထပ်မြှူစွယ်ထားတာ သူ့ကြောင့် မေမေက သေတဲ့အထိ အဖေရဲ့အချစ်ကိုမခံခဲ့ရဘူးမဟုတ်လား"

ဥက္ကာသိတတ်စအရွယ်မှစ၍ မေမေဆုံးပါးသွားသည့်အချိန်အထိ မေမေ့ကိုဖေဖေကချစ်တယ်လို့ပြောဖူးသည်ကို တစ်ခါမှမြင်ဖူးမကြားဖူးသလို

မေမေ့အပေါ်ဆက်ဆံသည့် ဖေဖေ့ရဲ့အေးတိအေးစက်ပုံစံများကြောင့် မေမေသည်အမြဲမျက်ရည်ကျခဲ့ရသည်ကို
မေမေ့အနားအမြဲရှိနေခဲ့တဲ့ ဥက္ကာကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်အခါ

ဖေဖေမမေ့နိုင်လှသည့်ဖေဖေ့ရဲ့အချစ်ဦးဆိုသူ ရွာသူကြီးရဲ့အချစ်ဆုံးဇနီးဖြစ်သည့် ဒေါ်ရီဝေကို ဥက္ကာအလွန့်အလွန်မုန်းတီးလေသည်။

"အေး ဟုတ်တယ် မင်းအမေကိုငါမချစ်ဘူး မင်းကိုလည်း
ငါလိုချင်လွန်းလို့ရခဲ့တာ မဟုတ်ဘူး မင်းက ငါ့ဘဝမှာငါနောင်တရဆုံး အမှားတစ်ခုပဲ"

မမဝေကိုပြောဆိုနေသည့်သားဖြစ်သူကြောင့် ဝဏ္ဏသည်
ဒေါသကိုမထိန်းနိုင်ပဲ မပြောသင့်သည့်စကားလုံးများကို အထိန်းအကွပ်မရှိပြောထွက်လေသည်။

"တကယ်တမ်းမြှူစွယ်ခဲ့တာ မမဝေမဟုတ်ဘူး မင်းအမေ
ငါ့အချစ်ကိုမခံရဘူး ဟုတ်သလား ဘယ်ချစ်မလဲ မုန်းပါ
မုန်းတယ် ငါ့ဘဝကြီးတစ်ခုလုံးကိုဇောက်ထိုးမိုးမျှော်ဖြစ်တဲ့အထိလုပ်ပစ်ခဲ့တဲ့ မင်းအမေကို အရမ်းမုန်းတယ်ကွ"

ဝဏ္ဏ၏နှစ်ပေါင်းအကြာကြီးမြိုသိပ်ခဲ့ရသည့်ခံစားချက်များသည် ဒေါသများနှင့်တကွမျက်ရည်များပါရောထွေးလို့ထွက်ကျသည်။

ဝဏ္ဏ၏အတိတ်သည်နာကျင်ဖွယ်ကောင်းသည်။

ကုန်သည်မျိုးရိုးဖြစ်တဲ့ဝဏ္ဏတို့မိသားစုသည် တစ်ရက်တော့ လမ်းခရီးမှာ ဓားပြတွေရဲ့သတ်ဖြတ်ခြင်းကိုခံရပြီး
ဝဏ္ဏတစ်ဦးတည်းကသာအသက်ရှင်ကျန်သူဖြစ်ကာ

ဓားပြဗိုလ်၏သမီး၏မေတ္တာသက်ဝင်ခြင်းကိုခံရတာမို့
အသက်ရှင်သန်ဖို့ မချစ်မနှစ်သက်သူနှင့်လက်ဆက်ခဲ့ရလေပြီး

ဓားပြဗိုလ်ကြီးဆုံးပါးလေတော့ ဓားပြတိုက်ခြင်းကိုယောင်လို့ပင်စိတ်မဝင်စားပဲ မိသားစုစီးပွားရေးကိုသာဆက်ခံကာ ကုန်သည်လုပ်နေသည့် ဝဏ္ဏသည် အလိုမကျပါပဲ ဓားပြဗိုလ်နေရာကိုဆက်ခံရလေသည်။

ဤသို့ ဘဝကြီးကမှောင်မိုက်ပြီးအထီးကျန်ကာ‌နေချင်စဖွယ်မရှိသည်အထိဖြစ်အောင်ပြုလုပ်ခဲ့သည့်သူများနှင့်
တစ်မိုးအောက်ထဲအတူနေထိုင်နေရသည့်ဝဏ္ဏ၏
နေ့ရက်တိုင်းသည် ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့်တိုင်း
အတော့်ကိုရွံရှာမုန်းတီးလေသည့်ခံစားချက်သည် သေရာပါလိမ့်မည်။

Fortsätt läs

Du kommer också att gilla

228K 25.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
41.8K 3.5K 52
တက္ကသိုလ်အချစ်ဇာတ်လမ်းလေးပါပဲ Age gap မို့ ဖတ်ရှု့ခံစားပေးပါဦး နူးညံ့ချိုမြိန်သောအချစ်ရဲ့ရသတွေခံစားကြဦးစို့
1.3M 94.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
14.5K 931 93
မင်းကိုလွမ်းရတာလဲ ဒုက္ခတစ်ခုပါဘဲ ဂျူလီ..