ထိမ်း​​မြားပဏ္ဏာအင်ပါယာ

By zuriiiiii8

11.8K 1.4K 99

လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိ... More

အခန်း ၁ /ဓားစာခံမင်းသား(ဓားစာခံမင္းသား)
အခန်း၂/ပထမဆုံးတွေ့ဆုံခြင်း(ပထမဆုံးေတြ႕ဆုံျခင္း)
အခန်း ၃ /ဒူးထောက်အပြစ်ပေးခြင်း(ဒူးေထာက္အျပစ္ေပးျခင္း)
You must read this ><
အခန်း ၄/ဆေးသောက်ချိန်(ေဆးေသာက္ခ်ိန္)
အခန်း၅/နိုင်လိုမင်းထက်ဧကရာဇ်(နိုင္လိုမင္းထက္ဧကရာဇ္)
အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး
အခန်း၇/သက်မဲ့နှလုံးသား
အခန်း၈/အမြော်အမြင်ရှိသောအမေးအဖြေ
အခန်း ၁၀/အဆိပ်ကိုမြည်းစမ်းခြင်း
အခန်း ၁၁/ ရေချိုးချိန်
အခန်း ၁၂/ ထုံရှစ်
အခန်း ၁၃/ဝတ်ရုံလက်ဖြတ်
အခန်း ၁၄/ပန်းချီဆွဲချိန်
အခန်း ၁၅ /တေးကဗျာ
အခန်း ၁၆ /ရင်ဖိုဖွယ်အိပ်မက်
အခန်း ၁၇/ သက်တော်စောင့်ခွေး
အခန်း ၁၈/အားမုံ့
好消息
အခန်း ၁၉ /တန်ပြန်တိုက်ခိုက်မှု
အခန်း ၂၀/ အရူး
启事

အခန်း ၉/အဆောင်တော်အပြောင်းအလဲ

388 71 2
By zuriiiiii8

-ဝေ့လန်ကစိတ်ဝင်စားဖို့ကောင်းတဲ့ယော
ကျာ်းပဲ-

ဝေ့လျန်က ပြန်လျှောက်တင်၏။

"တော်ဝင်ရုံးတော် အရေးကို အတင့်ရဲစွာ ခန့်မှန်းမိတဲ့ အပြစ်အတွက်  ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးဖို့ အရှင်ဧကရာဇ်ကို တောင်းဆိုပါရစေ"

ကျီယွယ့် : "ကောင်းပြီ"

သို့နှင့် ဝေ့လျန်လည်း ပွင့်ပွင့်လင်းလင်း ရှင်းပြတော့သည်။

"ဒီနေ့ တော်ဝင်ရုံးတော်က ပြန်ရောက်လာတဲ့အချိန် အရှင်ဧကရာဇ်ရဲ့ မျက်နှာပေါ်မှာ အတို
င်းသား မြင်နေရတာက အမတ်မင်းတွေ တင်
ပြခဲ့တဲ့ အစီရင်ခံစာကြောင့်ပဲ ဖြစ်ပါလိမ့်မ
ယ်။ကျွန်တော်မျိုးရဲ့ နားလည်မှုအရ ချင်အင်ပါယာဟာ တစ်ချိန်တုန်းက ယိုယွင်းပျက်စီးခဲ့ပြီး အရပ်သားတွေမှာ စိတ်ဆင်းရဲကြီးစွာ ဒု
က္ခတွေ ခံခဲ့ရပေမယ့် သြဇာအာဏာရှိတဲ့ ရာ
ထူးမြင့် ပုဂ္ဂိုလ်တွေကတော့ ကြွယ်ဝချမ်းသာခဲ့ကြတယ်။ဒါပေမယ့် အရှင်ဧကရာဇ် ထီးနန်းတက်ပြီးထဲက သစ္စာဖောက်တွေကို အပြစ်
ပေးပြီး မကောင်းမှုမှန်သမျှကို နှိမ်နင်းခဲ့တ
ယ်။တေမူဝါဒအသစ်တွေ ထုတ်ပြန်ပြီး ဒေသတွင်း အကျင့်ပျက်ခြစားမှုတွေကို ချေမှုန်းရ
င်း မျက်နှာသာပေးတာတွေ၊ ဘက်လိုက်တာတွေကိုလည်း တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့လို့ လက်ရှိ ချင်အင်ပါယာအတွင်း တည်ငြိမ်အေးချမ်းမှုကို ပုံဖော်နိုင်ခဲ့တယ်"

ကျီယွယ့်သည် စိတ်လည်း ကြည်မနေသလို ဒေါသလည်း ထွက်မနေချေ။

"ဝေ့ရှစ်ကျွင့်က ချူအင်ပါယာမှာ ကြီးပြင်းခဲ့ပေမယ့် ကိုယ်တော့် ချင်အင်ပါယာ အကြော
င်းကို လက်ဖဝါးပေါ်က လက္ခဏာကြောတွေလို စေ့စေ့စပ်စပ် နားလည်ထားတာပဲနော်"

ဝေ့လျန် အရိုအသေပြုလိုက်၏။

"အရှင်ဧကရာဇ်ရဲ့ ဂုဏ်အသရေက အင်ပါယာ ခြောက်ခွင်လုံးမှာ ကျော်ကြားလွန်းလို့ မကြားဖူးသူ မရှိသလောက်ပါပဲ"

"ကျော်ကြားတယ်ပေါ့?"

ကျီယွယ့်က ပြုံးနေပုံရသော်လည်း ပြုံးနေခြ
င်းမမည်သော အပြုံးမျိုးဖြင့်

"နာမည်ဆိုးနဲ့ ကျော်ကြားတာ မဟုတ်လား?ချူအင်ပါယာမှာ သုံးနှစ်အရွယ် ကလေးတွေတောင် လက်ချင်းတွဲပြီး *ချူက မြင့်မြတ်တ
ယ်၊ချင်က ယုတ်ညံ့တယ်၊အဆုံးသတ် မဝေးတော့ပြီ ဆိုတဲ့ ကလေးကဗျာကို လမ်းဘေးမှာ ဝိုင်းဖွဲ့ပြီး ဆိုရဲကြတယ်ဆိုပဲ။ဝေ့ရှစ်ကျွင့်က ကိုယ်တော့်ကို လှောင်ပြောင်နေတာလား?"

(T/N *ချင်အင်ပါယာအဆုံးသတ်မယ့်တစ်နေ့ကိုရောက်လာတဲ့အချိန်ကျချူအင်ပါယာကသာချင်အင်ပါယာကိုဖျက်ဆီးအနိုင်ယူပစ်မယ်ဆိုတဲ့အဓိပ္ပါယ်မျိုးပါ)

ဝေ့လျန်က ချက်ချင်း ဒူးထောက်ချလိုက်သ
ည်။

"ကျွန်တော်မျိုး မလုပ်ဝံ့ပါဘူး။အရှင်ဧကရာဇ်က အမြဲတမ်း အရည်အချင်း ထက်မြက်ပြီး အင်ပါယာနဲ့ ပတ်သတ်တဲ့ အရေးကိစ္စတွေမှာ ဘယ်တုန်းကမှ အမှားအယွင်း မလုပ်ခဲ့ဖူးဘူး။ဒါကြောင့် ဒီနေ့ ဖြစ်ခဲ့တဲ့ ပြသနာဟာ ကို
ယ်ရေးကိုယ်တာ ကိစ္စပဲ ဖြစ်မယ်လို့ ခန့်မှန်းခဲ့မိကြောင်းပါ"

ထို့နောက် တည်ငြိမ်စွာ ဆက်ပြောလေ၏။

"တော်ဝင်မိသားစုရဲ့ အရေးကိစ္စက ချင်အင်ပါယာရဲ့ အရေးပါတဲ့ ကဏ္ဍဆိုလည်း မမှားပါဘူး။အရှင်ဧကရာဇ်က သက်တော်ပြည့် မွေး
နေ့မဂ်လာကိုလည်း ကျင်းပပြီးပြီဆိုပေမယ့် မောင်းမဆောင် အတည်တကျ မရှိတဲ့အပြင် တစ်ချိန်မှာ ထီးနန်းဆက်ခံမယ့် သွေးသားရင်းချာလည်း မရှိသေးပါဘူး။ဒီကိစ္စကို အတို
င်ပင်ခံ အမတ်မင်းတွေက အရှင့်ဧကရာဇ်ဆီ အစီရင်ခံစာ ပေးပို့ပြီး လျှောက်တင်ကြခဲ့ပေမယ့် အရှင်ဧကရာဇ်က အကြိမ်ကြိမ် ပယ်ချခဲ့တယ်။မနေ့ညတုန်းက ကျွန်တော်မျိုးကို အိပ်
ဆောင်ဆီ အရှင်ဧကရာဇ်ကိုယ်တိုင် ပွေ့ခေါ်လာခဲ့လို့ အမတ်မင်းတွေကို အထင်အမြင် လွဲ
စေပြီး ကိစ္စဟောင်းကို အသစ်တူးဆွလိုက်သ
လို ဖြစ်သွားခဲ့တယ်။အဲ့တာကြောင့် အမတ်မ
င်းတွေ ဒီနေ့ တင်ပြခဲ့တဲ့ အစီရင်ခံစာက မော
င်းမဆောင်ကို တိုးချဲ့ပြီး မိသားစုဘဝ ဖန်တီးဖို့ အကြောင်းပဲ ဖြစ်ပါလိမ့်မယ်"

ကျီယွယ့်က မျက်လုံး ပင့်ကြည့်လိုက်သည်။လူငယ်လေး၏ စကားအခွန်းစီတိုင်းသည် အ
ဓိက ဗဟိုချက်ကို တစ်ချက်ချင်း ထိမှန်သွားခဲ့သည်။

များသောအားဖြင့် အသက်နှစ်ဆယ် ပြည့်ပြီးသား ယောကျာ်းတိုင်းတွင် ဇနီးမယား၊ကိုယ်
လုပ်တော်များနှင့် သားငယ်၊သမီးငယ်များပါ ခြံရံလျက် ရှိနေတတ်ကြသော်လည်း ချင်ဧက
ရာဇ်မင်း ကျီယွယ့်၏ မောင်းမဆောင်တွင်တော့ တစ်ဦး၊တစ်ယောက်မျှ မရှိ။ငယ်ရွယ်စဥ်ကတည်းက မယ်တော်ကြီး၏ ခြိမ်းခြောက်အကျပ်ကိုင်မှုကြောင့် မည်သူ့အပေါ်မှ အယုံအကြည် မရှိချေ။မယ်တော်ကြီးက သူ့ကို စောင့်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် နန်းတွင်းအစေခံများကိုပင် သူ့အနားသို့ ဟန်ဆောင် ခ
စားစေခဲ့ဖူးသည်။

ဤအမူအကျင့်သည် နောက်ပိုင်းတွင် လက်မခံနိုင်စရာ ဖြစ်လာခဲ့သည်။ယခင်နှစ်များအတွ
င်း၌ အင်ပါယာ လေးခုကို စစ်ချီတိုက်ခဲ့သ
ည်။ယခုတွင်မူ အင်ပါယာ ခြောက်ခုစလုံးက ချင်အင်ပါယာ၏ လက်အောက်သို့ အညံ့ခံခဲ့ပြီးဖြစ်ရာ ဤပြသနာကို ဘေးချိတ်ထား၍ မရနိုင်တော့ချေ။

ချူအင်ပါယာမှ သခင်လေးလျန်သည် ချင်ဧ
ကရာဇ်၏ မောင်းမဆောင်ထဲတွင် ပထမဆုံး ဖြစ်သည်။ယမန်နေ့ည မတိုင်ခင်အထိ လူတို
င်းက သူ့ကို လှောင်ပြောင်စရာ တစ်ခုအဖြစ်သာ သတ််မှတ်ခဲ့ကြသော်လည်း ကျီယွယ့်ကို
ယ်တိုင် ယန်ရှင်းအဆောင်တော်သို့ ပြန်ပွေ့ချီလာပြီး တစ်ညလုံး အချိန်ဖြုန်းခဲ့သည်။

သို့နှင့် နန်းတွင်းမှ ပညာသား ကြွယ်၍ ဥာဏ်များသော ပုဂ္ဂိုလ်အပေါင်းတို့လည်း ချက်ချ
င်းပင် တက်ကြွလာကြပြီး အရှင်ဧကရာဇ်ဟာ တားမြစ်ထားသော ပန်းသီးလေးကို မြည်းစ
မ်းကြည့်ပြီးဖြစ်ရာ မကြာမီတွင် အနောက်ဆောင်လည်း သက်ဝင်လှုပ်ရှားလာတော့မည်အထင်နှင့် သမီးပျိုများနှင့် မြေးဖြစ်သူများကို စေလွှတ်ရန် အလျင်စလို တွေးတောကြလေသည်။

ယနေ့ တော်ဝင်ရုံးတော်တွင် ဖြစ်ပျက်ခဲ့သမျှသည် ၎င်းတို့၏ အရည်အချင်းရှိသော သက်
ဆိုင်ရာ အကျွမ်းအဆွေတို့ကို အပြိုင်အဆိုင် လျှောက်တင်ကြသော ပြပွဲတစ်ခုသာ ဖြစ်ခဲ့သည်။

ကျီယွယ့်က ၎င်းတို့ကို စိတ်မဝင်စားချေ။သူသည် ဓားဦးချွန်တွင် လျှောက်လှမ်းရင်း ကြီး
ပြင်းလာခဲ့ပြီး ကိစ္စတိုင်းကို သတိကြီးစွာ ကိုင်
တွယ်လေ့ရှိသည်။သူ့အနားသို့ ချဥ်းကပ်လာသော သူစိမ်းတိုင်းကို မုန်းတီးပြီး ချစ်တတ်သည့် နှလုံးသားလည်း မရှိ။အင်မတန် စကားများပြီး သူ့ကို အာရုံနောက်စေမည့် မိန်းမများကို အနောက်ဆောင်တွင် ထည့်မထားချင်ပေ။

ချင်ဧကရာဇ်သည် နိုင်ထက်စီးနင်းဆန်သော ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း စည်းကမ်းမရှိသော ဧကရာဇ်တော့ မဟုတ်ပေ။သူ့ကို မြှောက်ပင့်ချီးကျူး၍ အနိုင်ယူရန် ကြိုးစားသူတိုင်းကို ရက်ရက်စက်စက် သုတ်သင်ခဲ့ပြီး ယနေ့ တော်ဝင်ရုံးတော်တွင် ကျန်ရစ်ခဲ့သမျှသည် တော်ဝင်စစ်တပ်၏ အဓိက မဏ္ဍိုင်များ ဖြစ်ကြသည်။သူ့အပေါ် သစ္စာစောင့်သိ၍ ရဲရင့်သူများဖြစ်ရာ ဤအစီရင်ခံစာအတွက်နှင့်တော့ အပြစ်ပေး၍ မရချေ။

ထို့ကြောင့် အမူအရာမဲ့နေသော မျက်နှာထားဖြင့် ရုံးတော်မှ ပြန်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဝေ့လျန်က ဖြစ်ပျက်ခဲ့သမျှ ကိစ္စတိုင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

******

ဝေ့လျန်၏ လျှောက်တင်ချက် အဆုံးတွင် အ
ဆောင်တော်ထဲ၌ ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

ကျီယွယ့်သည် ဒူးထောက်နေသော လူငယ်လေးကို ပေါ့ပေါ့ပါးပါး ကြည့်ပြီး အနားသို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။

"ဝေ့လျန်၊ ကိုယ်တော်က ထက်မြတ်ပြီး ပါးနပ်တဲ့ လူတွေကို သဘောကျတယ်"

"ဒါပေမယ့် ပါးနပ်လွန်းတော့လည်း မကြိုက်ဘူး။အမြဲတမ်း သတိထားရလွန်းလို့ အဲ့ဒီလို လူတွေနဲ့ ဆက်ဆံရတာ အရမ်းပင်ပန်းတယ်။ဆန့်ကျင်အနေနဲ့ ကိုယ်တော်က ရဲရင့်တဲ့ အလှလေးတွေထက် နှုတ်ဆိတ်နေတတ်တဲ့ အလှလေးတွေကို ပိုသဘောကျတတ်တာပဲ"

ဝေ့လျန်က ဘာတစ်ခွန်းမှ ပြန်မပြောချေ။

ချင်ဧကရာဇ်က ငါ့လျှာကို ဖြတ်တော့မယ်လို့ အရိပ်အမြွက်ပြနေတာလား?

ဖြတ်ရဲ ဖြတ်ကြည့်လေ၊ငါသခင်လေးကလ
ည်း မင်းရဲ့ ကိုယ်ပေါ်က ခေါင်းကို ပြန်ဖြတ်ပစ်မှာပေါ့!

ချင်ဧကရာဇ်ဟာ ဝေ့လျန်၏ အသည်းခံနိုင်ဆုံးသော မျဥ်းကြောင်းမျှင်မျှင်လေးကို အမြဲ
တမ်း မထိတထိ လာစိန်ခေါ်လေ့ရှိသည်။

သတ်ဖြတ်လိုစိတ်ကိုလည်း ဝေ့လျန်မှာ ထပ်ခါတလဲလဲ ထိန်းချုပ်နေရသည်။

ဤအခြေအနေမှ ရုန်းထွက်နိုင်မည့် နည်းလ
မ်းတစ်ခုတော့ ရှိပေအုံးလိမ့်မည်။

သေးငယ်လှသော ယိုစိမ့်မှုသည်ပင် သဘော်တစ်စင်းလုံးကို နစ်မြုပ်စေနိုင်သည်။

သို့နှင့် ဝေ့လျန်လည်း မနှေးမမြန် စကားဆိုလိုက်၏။

"နှုတ်ဆိတ်နေတတ်တဲ့ လူတွေက အရှင်ဧက
ရာဇ်အတွက် အကာအကွယ်အဖြစ် ဘယ်
တော့မှ အသုံးချလို့ မရနိုင်ပါဘူး"

အမတ်မင်းများသည် ချင်ဧကရာဇ်ကို မောင်း
မဆောင်ထဲသို့ အပျိုတော်များ ခေါ်ဆောင်ရန် ဖိအားပေး လျှောက်တင်ခဲ့ကြသော်လည်း ဧကရာဇ်၏ စိတ်မပါလက်မပါ တုပ်တုပ်မျှ မလှုပ်သော အနေအထားကြောင့် နှစ်ဖက်စလုံး မတိုးသာ၊မဆုတ်သာဖြင့် အခြေအနေ တင်း
မာနေကြခြင်းဖြစ်သည်။

ချင်အင်ပါယာနှင့် စပ်လျဥ်းနေခြင်းကို ထည့်မတွက်လျှင်တောင် လောကတွင် ညံ့ဖျင်းခြင်း သုံးမျိုးရှိပြီး ဆက်ခံသူ သားသမီး မရှိခြင်းက အဆိုးဆုံးဖြစ်သည်။သို့ဖြစ်ရာ တစ်ချက်မျှ လှမ်းကြည့်ယုံဖြင့် ကျော်သွား၍ ရသော ပြသနာမျိုး မဟုတ်တော့ပေ။

ချင်ဧကရာဇ်သည် ဤပြသနာကို ခေါင်းထဲ ထည့်၍ တစ်ချိန်လုံး အာရုံမနောက်ချင်ပေ။သူ၏ စိတ်ရှည်သည်းခံမှုတွင်လည်း အကန့်အသတ်တော့ ရှိချေသည်။တစ်နေ့တွင် သူသာ သည်းမခံနိုင်တော့ဘဲ အမတ်မင်း တစ်ဦးဦးနှင့် အချေအတင် ဖြစ်လာပါက ဧကရာဇ်နှင့် လက်အောက်ငယ်သားများအကြား သ
ဘောထားကွဲလွဲမှုများပါ ဆက်တိုက်ဖြစ်ပေါ်
လာလိမ့်မည်။ဤသည်မှာ ချင်ဧကရာဇ်မင်း
မြင်လိုသည့် အခြေအနေမျိုး မဟုတ်ပေ။

ဤကိစ္စတွင် ဝေ့လျန်ကို မျက်နှာသာပေး၍ ပ
စ်မှတ်ဖြစ်အောင် ဟန်ဆောင်နေလိုက်ခြင်းက ပိုကောင်းပေမည်။သို့ဆိုလျှင် ချင်ဧကရာဇ်မ
င်းကို အခြားသော အလှလေးများအပေါ် စိတ်မဝင်စားနိုင်အောင် ဝေ့လျန်ဟာ ခန္ဓာကိုယ်ကို ရင်း၍ မြူစွယ်ခဲ့သည်ဟု အမတ်မင်းများ အ
ထင်လွဲကာ ဒေါသူပုန်ထကြလိမ့်မည်။မနာလိုခြင်းသည် အင်ပါယာအတွက် ပျက်သုဥ်းခြင်းကို ယူဆောင်ပေမည်။

ဤအရာသည် ဝေ့လျန်ကို ဒုက္ခကြီးစွာ ကြုံ
တွေ့စေမည် ဖြစ်သော်လည်း စည်းစိမ်ဥစ္စာနှင့် ဂုဏ်အသရေသည် အမြဲတမ်း အန္တရာယ်ကြီးလှသည်။သူသည် ချူလူမျိုး တစ်ယောက်ဖြ
စ်ပြီး ချင်လူမျိုးတိုင်းက သူ့ကို မုန်းတီးနေကြသည်။သို့ဖြစ်ရာ ထိုအမုန်းတရားကို မီးစာမြှင့်ပေးရန် ကြိုးစားလိုက်ခြင်းက သူ့အတွက် အဘယ်မှာ ပိုဆိုးနိုင်တော့မည်နည်း?

သူသာ ချင်ဧကရာဇ်အတွက် အဖိုးတန်နေသ
ရွေ့ ချင်အင်ပါယာတွင် ကောင်းမွန်စွာ နေထို
င်နိုင်ပေအုံးမည်။

******

ကျီယွယ့်က ဝေ့လျန်ကို မြဲမြံစွာ စိုက်ကြည့်၏
။သူ့မျက်ဝန်းထဲမှ လှောင်ပြောင်ကဲ့ရဲ့လိုသော အငွေ့အသက်များလည်း မှိန်ဖျော့သွားပြီး အ
သိအမှတ်ပြုလိုသော အရိပ်အယောင်များပေါ်ထွက်လာခဲ့သည်။

"ဝေ့ပန်းက မင်းကို ဘာလို့ ဒီနေရာကို ပို့လိုက်ရတာလဲ?"

ကျီယွယ့်သည် တအံ့တသြ မှင်သက်လျက်။

"မင်းရဲ့ ဥာဏ်ရည်ဥာဏ်သွေးက တခြား မင်း
သားပေါင်း တစ်ရာကျော်ထက်တောင် သာ
လွန်သေးတယ်။မင်းသာ တစ်ချိန်မှာ ထီးနန်းရသွားခဲ့ရင် ကိုယ်တော်တို့ အင်ပါယာက
တော့ ချူအင်ပါယာကို ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ အမြင်ပြောင်းကြည့်ရတော့မှာပဲ"

အမျိုးသမီးလီ၏ သားတော်(၃)ဖြစ်သော ဝေ့ကျောင်းသည် ဝေ့လျန်၏အထက် တတိယ အစ်ကိုတော် ဖြစ်ပြီး ချူဘုရင်၏ ထီးနန်းကို ဆက်ခံမည့် အိမ်ရှေ့စံမင်းသားဖြစ်သည်။

ဝေ့လျန်က သိပ်မတွေးဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

"သူ့စိတ်က အတွင်းရော အပြင်ရော ကွယ်နေတာလေ။ပုလဲလုံးကို ထိုးထွင်းမြင်နိုင်တဲ့ အရ
ည်အချင်းမျိုးတောင် ရှိမယ်မထင်ပါဘူး"

ဤစကားသည် သူ အမြဲတမ်း ထုတ်ပြခဲ့သော နူးညံ့သိမ်မွေ့သည့် အသွင်နှင့် စိုးစဥ်းမျှ မဆို
င်ပါဘဲ မောက်မာပြတ်သားလွန်းသော အသွ
င်မျိုး ဆောင်ပေ၏။

ကျီယွယ့်သည် ၎င်းကို ရယ်မောရင်း လက်နှစ်ဖက်ဖြင့် ဝေ့လျန်ကို မြေပြင်ပေါ်မှ ဆွဲထူလေသည်။

"ဝေ့လန်က စိတ်ဝင်စားဖို့ ကောင်းတဲ့ ယော
ကျာ်းပဲ။ကိုယ်တော် မင်းကို သဘောကျတ
ယ်"

"မင်း အရင်တုန်းက ဘယ်အဆောင်တော်မှာ နေ......? ထားလိုက်တော့၊ ကိစ္စမရှိဘူး။အခုကစပြီး ယန်ရှင်းအဆောင်တော်မှာ နေရမယ်"

ကျီယွယ့်က အမိန့်ပေး၏။

"မင်းရဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြီး ယူလာခဲ့"

ဝေ့လျန်သည် ထိုချီးမြှောက်မှုကို အံ့သြတုန်
လှုပ်သွားခြင်းမရှိဘဲ ဦးညွှတ်ချလျက် တည်
ငြိမ်စွာ ပြန်လျှောက်တင်ခဲ့သည်။

"ကျေးဇူးတော် ကြီးမားလှကြောင်းပါ အရှင်ဧကရာဇ်"

******

အပြင်ဘက်တွင် ဆီးနှင်းများ ကျဆင်းနေဆဲ ဖြစ်သည်။ထို့ကြောင့် အပြင်ဘက်သို့ ခြေလှ
မ်းလိုက်သည်နှင့် အဆောင်တော်ထဲတွင် မည်မျှ နွေးထွေးနေကြောင်း သဘောပေါက်သွားရသည်။

ဝေ့လျန်သည် ကိုယ်ပေါ်တွင် သားမွေးဝတ်ရုံကို ခြုံလျက် နန်းတွင်းအမှုထမ်းများနောက်မှ
လိုက်၍ ချင်ကျူးအဆောင်တော်ရှိရာသို့ ပြ
န်လာခဲ့သည်။

နန်းတွင်းအမှုထမ်းများသည် ယခင်တုန်းကနှင့် ကမ္ဘာတစ်ခု ခြားသွားသည့်အလား သူ့ကို တလေးတစား ဆက်ဆံကြလေသည်။

သို့နှယ် ရာထူးအဆင့်ကို လိုက်၍ ဆက်ဆံတ
တ်ကြသည်မှာ ချင်အင်ပါယာတွင်သာမက ချူအင်ပါယာတွင်လည်း တစ်ပုံစံတည်း ဖြစ်ကြသည်။

ချင်ကျုးအဆောင်တော် ရှေ့သို့ ရောက်လာစဥ်မူ ဝေ့လျန်က အမိန့်ပေးလိုက်သည်။

"ဒီမှာ ခဏစောင့်နေခဲ့ကြ"

နန်းတွင်းအမှုထမ်းများက သံပြိုင် ပြန်ဖြေ
၏။

"နားလည်ပါပြီ"

အဆောင်တော်ထဲသို့ ဝေ့လျန် တစ်ဦးတည်း ဝင်လိုက်သည်နှင့် အတော်လေး ပြောင်းလဲသွားသောအခြေအနေကို သတိထားမိလိုက်သည်။အတွင်းခန်းရှိ နေရာတိုင်းတွင် ခမ်းနားပြီး တန်ဖိုးကြီးသောဘပရိဘောဂများနှင့် နေ
ရာယူထားလျက်ရှိသည်။ခြယ်မှုန်းထားသော သေတ္တာတိုင်းကို စားပွဲပေါ်တွင် တန်းစီပြီး ဖွင့်လှစ်ထားကာ အတွင်းဘက် အနီရောင် ပိုးထ
ည်အခံတွင် တစ်ခုက ရွှေ၊တစ်ခုက ငွေ၊တစ်ခုက အဖိုးတန် ကျောက်မျက်များ အစရှိသဖြင့် ကောင်းမွန်သော ပစ္စည်းတို့ဖြင့် ဖြည့်သွင်းထားသည်။

ထို့အပြင် နန်းတော်မှ သူနှင့် ကျွမ်းဝင်ခြင်း မရှိလေသော မျက်နှာစိမ်းများစွာလည်း ရှိနေသေး၏။ထိုအစေခံများသည် သူ့ကို မြင်သ
ည်နှင့် တစ်ပြိုင်တည်း အရိုအသေပေးကြလေသည်။

"ဝေ့ရှစ်ကျွင့်ကို ဂါရဝပြုပါတယ်"

ဝေ့လျန်က အေးဆေးတည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

"မင်းတို့အားလုံး အရင် ထွက်သွားနှင့်ကြ။ချိန်ရှန်းနဲ့ ချိန်ရှို့ပဲ နေခဲ့"

နန်းတွင်းအစေခံများသည် သူတို့၏ လက်ကို ဘယ်ဘက်ခါးပေါ်သို့ ယှက်၍ အရိုအသေပေးပြီး တစ်ညီတစ်ညာတည်း ထွက်သွားကြတော့သည်။

ဝေ့လျန်သည် အပြောင်းအလဲကို သတိထားမိသော်ငြား တစ်ခွန်းတော့ ထုတ်မေးလိုက်သ
ည်။

"ဘာတွေဖြစ်သွားတာလဲ?"

ချိန်ရှို့က ချက်ချင်း အရှေ့သို့ တိုးလာပြီး ကြို
ဆို၏။

"သခင်လေးလျန် ပြန်လာပြီ!မနေ့ညတုန်းက ဘယ်ကို သွားနေလို့ အဆောင်တော်မှာ ပြန်
လာမအိပ်တာလဲ?အတွင်းဆောင်စီမံရေး အဖွဲ့က အလုပ်သမားတွေ ရောက်လာတဲ့အပြင် သူတို့အဖွဲ့က ကြီးကြပ်ရေးမှုးတောင် ပါလာသေးတယ်!သူတို့က မီးသွေးတွေလည်း ပို့ပေးတယ်။ချင်ကျူးအဆောင်တော် တစ်ခုလုံးကိုလည်း ပြန်ပြင်ဆင်ပြီး ပစ္စည်းတွေ အများကြီး ထားပေးသွားသေးတယ်။တခြား အကူအလုပ်သမားတွေတောင် ခေါ်လာသေးတာ။ကျွန်တော်မျိုးဖြင့် အဲ့ဒီ ကြီးကြပ်ရေးမှုးကြီး ဒီလောက် တအား ပြုံးရွှင်နေတာကို တစ်ခါမှ
မမြင်ဖူးဘူး......"

တစ်ဖက်တွင်မူ၊ ချိန်ရှန်းက နှုတ်ဆိတ်နေ၏။

ဝေ့လျန်က ခပ်ဖော့ဖော့ ရယ်လျက်။

"ငါက ချင်ဧကရာဇ်ရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့မှန်း သတင်း ကြားသွားတော့ ချင်ဧကရာဇ်သာ ချင်ကျုးအဆောင်တော်ဘက် လှည့်လာခဲ့ရင် ငါ့အပေါ် သူတို့ ဘယ်လို ဆက်ဆံလဲဆိုတာကို ဧကရာဇ် သိသွားမှာ ကြောက်လို့ ည
တွင်းချင်း လာပြင်ဆင်ပေးသွားတာပဲ ဖြစ်မယ်"

ချိန်ရှို့မှာ ထိုစကားကို ကြားကြားချင်း ကြက်
သေသေသွားရတော့သည်။

"သခင်လေးလျန် ဘာပြောလိုက်တာလဲ?ချ
င်...ချင်ဧကရာဇ်?"

ချိန်ရှန်းက လေသံတိုးတိုးဖြင့် ဝင်ဆူ၏။

"သခင်လေးက မင်းကို အမြဲတမ်း 'အရူးလေး'
လို့ ခေါ်တိုင်း မင်းက ဘယ်တော့မှ လက်မခံချင်ဘူး။ချင်ဧကရာဇ်ကလွဲရင် ဘယ်သူကများ ဒီလောက်မိုက်ရိုင်းတဲ့ အတွင်းဆောင်စီမံရေး အဖွဲ့က ကြီးကြပ်ရေးမှုးကို ညတွင်းချင်း အပိုးကျိုးသွားအောင် လုပ်နိုင်မှာလဲ?! သခင်လေး......"

ချိန်ရှန်း၏ အသံသည် ဝမ်းနည်းနေသည့်အ
ပြင် လေးနက်သွားချေတော့သည်။

"သခင်လေး ချင်ဧကရာဇ်ဆီမှာ မျက်နှာသာ ယူဖို့ တကယ်ပဲ စဥ်းစားထားတာလား?"

"နည်းနည်းလေးမှ မဟုတ်ဘူး။အနာဂတ်မှာ ချင်ဧကရာဇ်နဲ့ ဒီဇာတ်ကို အတူတူ ကကြည့်ချင်ယုံပဲ"

ဝေ့လျန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"လိုအပ်သမျှကို အကုန် ထုပ်ပိုးလိုက်တော့။ပျော်စရာ နေ့ရက်လေးတွေ ရောက်လာပြီ"

................................................................

                       အခန္ (၉)

         အေဆာင္ေတာ္အေျပာင္းအလဲ

-ေဝ့လန္ကစိတ္ဝင္စားဖို႔ေကာင္းတဲ့ေယာ
က်ာ္းပဲ-

ေဝ့လ်န္က ျပန္ေလွ်ာက္တင္၏။

"ေတာ္ဝင္႐ုံးေတာ္ အေရးကို အတင့္ရဲစြာ ခန့္မွန္းမိတဲ့ အျပစ္အတြက္ ကြၽန္ေတာ္မ်ိဳးကို ခြင့္လႊတ္ေပးဖို႔ အရွင္ဧကရာဇ္ကို ေတာင္းဆိုပါရေစ"

က်ီယြယ့္ : "ေကာင္းၿပီ"

သို႔ႏွင့္ ေဝ့လ်န္လည္း ပြင့္ပြင့္လင္းလင္း ရွင္းျပေတာ့သည္။

"ဒီေန႕ ေတာ္ဝင္႐ုံးေတာ္က ျပန္ေရာက္လာတဲ့အခ်ိန္ အရွင္ဧကရာဇ္ရဲ႕ မ်က္ႏွာေပၚမွာ အတို
င္းသား ျမင္ေနရတာက အမတ္မင္းေတြ တင္
ျပခဲ့တဲ့ အစီရင္ခံစာေၾကာင့္ပဲ ျဖစ္ပါလိမ့္မ
ယ္။ကြၽန္ေတာ္မ်ိဳးရဲ႕ နားလည္မႈအရ ခ်င္အင္ပါယာဟာ တစ္ခ်ိန္တုန္းက ယိုယြင္းပ်က္စီးခဲ့ၿပီး အရပ္သားေတြမွာ စိတ္ဆင္းရဲႀကီးစြာ ဒု
ကၡေတြ ခံခဲ့ရေပမယ့္ ၾသဇာအာဏာရွိတဲ့ ရာ
ထူးျမင့္ ပုဂၢိုလ္ေတြကေတာ့ ႂကြယ္ဝခ်မ္းသာခဲ့ၾကတယ္။ဒါေပမယ့္ အရွင္ဧကရာဇ္ ထီးနန္းတက္ၿပီးထဲက သစၥာေဖာက္ေတြကို အျပစ္
ေပးၿပီး မေကာင္းမႈမွန္သမွ်ကို ႏွိမ္နင္းခဲ့တ
ယ္။ေတမူဝါဒအသစ္ေတြ ထုတ္ျပန္ၿပီး ေဒသတြင္း အက်င့္ပ်က္ျခစားမႈေတြကို ေခ်မႈန္းရ
င္း မ်က္ႏွာသာေပးတာေတြ၊ ဘက္လိုက္တာေတြကိုလည္း တင္းတင္းက်ပ္က်ပ္ တားျမစ္ခဲ့လို႔ လက္ရွိ ခ်င္အင္ပါယာအတြင္း တည္ၿငိမ္ေအးခ်မ္းမႈကို ပုံေဖာ္နိုင္ခဲ့တယ္"

က်ီယြယ့္သည္ စိတ္လည္း ၾကည္မေနသလို ေဒါသလည္း ထြက္မေနေခ်။

"ေဝ့ရွစ္ကြၽင့္က ခ်ဴအင္ပါယာမွာ ႀကီးျပင္းခဲ့ေပမယ့္ ကိုယ္ေတာ့္ ခ်င္အင္ပါယာ အေၾကာ
င္းကို လက္ဖဝါးေပၚက လကၡဏာေၾကာေတြလို ေစ့ေစ့စပ္စပ္ နားလည္ထားတာပဲေနာ္"

ေဝ့လ်န္ အရိုအေသျပဳလိုက္၏။

"အရွင္ဧကရာဇ္ရဲ႕ ဂုဏ္အသေရက အင္ပါယာ ေျခာက္ခြင္လုံးမွာ ေက်ာ္ၾကားလြန္းလို႔ မၾကားဖူးသူ မရွိသေလာက္ပါပဲ"

"ေက်ာ္ၾကားတယ္ေပါ့?"

က်ီယြယ့္က ၿပဳံးေနပုံရေသာ္လည္း ၿပဳံးေနျခ
င္းမမည္ေသာ အၿပဳံးမ်ိဳးျဖင့္

"နာမည္ဆိုးနဲ႕ ေက်ာ္ၾကားတာ မဟုတ္လား?ခ်ဴအင္ပါယာမွာ သုံးႏွစ္အ႐ြယ္ ကေလးေတြေတာင္ လက္ခ်င္းတြဲၿပီး *ခ်ဴက ျမင့္ျမတ္တ
ယ္၊ခ်င္က ယုတ္ညံ့တယ္၊အဆုံးသတ္ မေဝးေတာ့ၿပီ ဆိုတဲ့ ကေလးကဗ်ာကို လမ္းေဘးမွာ ဝိုင္းဖြဲ႕ၿပီး ဆိုရဲၾကတယ္ဆိုပဲ။ေဝ့ရွစ္ကြၽင့္က ကိုယ္ေတာ့္ကို ေလွာင္ေျပာင္ေနတာလား?"

(T/N *ခ်င္အင္ပါယာအဆုံးသတ္မယ့္တစ္ေန႕
ကိုေရာက္လာတဲ့အချိန်ကျချူအင်ပါယာကသာချင်အင်ပါယာကိုဖျက်ဆီးအနိုင်ယူပစ်မယ်ဆိုတဲ့အဓိပ္ပါယ်မ်ိဳးပါ)

ေဝ့လ်န္က ခ်က္ခ်င္း ဒူးေထာက္ခ်လိဳက္သည္။

"ကြၽန္ေတာ္မ်ိဳး မလုပ္ဝံ့ပါဘူး။အရွင္ဧကရာဇ္က အၿမဲတမ္း အရည္အခ်င္း ထက္ျမက္ၿပီး အင္ပါယာနဲ႕ ပတ္သတ္တဲ့ အေရးကိစၥေတြမွာ ဘယ္တုန္းကမွ အမွားအယြင္း မလုပ္ခဲ့ဖူးဘူး။ဒါေၾကာင့္ ဒီေန႕ ျဖစ္ခဲ့တဲ့ ျပသနာဟာ ကို
ယ္ေရးကိုယ္တာ ကိစၥပဲ ျဖစ္မယ္လို႔ ခန့္မွန္းခဲ့မိေၾကာင္းပါ"

ထို႔ေနာက္ တည္ၿငိမ္စြာ ဆက္ေျပာေလ၏။

"ေတာ္ဝင္မိသားစုရဲ႕ အေရးကိစၥက ခ်င္အင္ပါယာရဲ႕ အေရးပါတဲ့ က႑ဆိုလည္း မမွားပါဘူး။အရွင္ဧကရာဇ္က သက္ေတာ္ျပည့္ ေမြး
ေန႕မဂ္လာကိုလည္း က်င္းပၿပီးၿပီဆိုေပမယ့္ ေမာင္းမေဆာင္ အတည္တက် မရွိတဲ့အျပင္ တစ္ခ်ိန္မွာ ထီးနန္းဆက္ခံမယ့္ ေသြးသားရင္းခ်ာလည္း မရွိေသးပါဘူး။ဒီကိစၥကို အတို
င္ပင္ခံ အမတ္မင္းေတြက အရွင့္ဧကရာဇ္ဆီ အစီရင္ခံစာ ေပးပို႔ၿပီး ေလွ်ာက္တင္ၾကခဲ့ေပမယ့္ အရွင္ဧကရာဇ္က အႀကိမ္ႀကိမ္ ပယ္ခ်ခဲ့တယ္။မေန႕ညတုန္းက ကြၽန္ေတာ္မ်ိဳးကို အိပ္
ေဆာင္ဆီ အရွင္ဧကရာဇ္ကိုယ္တိုင္ ေပြ႕ေခၚလာခဲ့လို႔ အမတ္မင္းေတြကို အထင္အျမင္ လြဲ
ေစၿပီး ကိစၥေဟာင္းကို အသစ္တူးဆြလိုက္သ
လို ျဖစ္သြားခဲ့တယ္။အဲ့တာေၾကာင့္ အမတ္မ
င္းေတြ ဒီေန႕ တင္ျပခဲ့တဲ့ အစီရင္ခံစာက ေမာ
င္းမေဆာင္ကို တိုးခ်ဲ့ၿပီး မိသားစုဘဝ ဖန္တီးဖို႔ အေၾကာင္းပဲ ျဖစ္ပါလိမ့္မယ္"

က်ီယြယ့္က မ်က္လုံး ပင့္ၾကည့္လိုက္သည္။လူငယ္ေလး၏ စကားအခြန္းစီတိုင္းသည္ အ
ဓိက ဗဟိုခ်က္ကို တစ္ခ်က္ခ်င္း ထိမွန္သြားခဲ့သည္။

မ်ားေသာအားျဖင့္ အသက္ႏွစ္ဆယ္ ျပည့္ၿပီးသား ေယာက်ာ္းတိုင္းတြင္ ဇနီးမယား၊ကိုယ္
လုပ္ေတာ္မ်ားႏွင့္ သားငယ္၊သမီးငယ္မ်ားပါ ၿခံရံလ်က္ ရွိေနတတ္ၾကေသာ္လည္း ခ်င္ဧက
ရာဇ္မင္း က်ီယြယ့္၏ ေမာင္းမေဆာင္တြင္ေတာ့ တစ္ဦး၊တစ္ေယာက္မွ် မရွိ။ငယ္႐ြယ္စဥ္ကတည္းက မယ္ေတာ္ႀကီး၏ ၿခိမ္းေျခာက္အက်ပ္ကိုင္မႈေၾကာင့္ မည္သူ႕အေပၚမွ အယုံအၾကည္ မရွိေခ်။မယ္ေတာ္ႀကီးက သူ႕ကို ေစာင့္ၾကည့္ရန္ ရည္႐ြယ္ခ်က္ျဖင့္ နန္းတြင္းအေစခံမ်ားကိုပင္ သူ႕အနားသို႔ ဟန္ေဆာင္ ခ
စားေစခဲ့ဖူးသည္။

ဤအမူအက်င့္သည္ ေနာက္ပိုင္းတြင္ လက္မခံနိုင္စရာ ျဖစ္လာခဲ့သည္။ယခင္ႏွစ္မ်ားအတြ
င္း၌ အင္ပါယာ ေလးခုကို စစ္ခ်ီတိုက္ခဲ့သ
ည္။ယခုတြင္မူ အင္ပါယာ ေျခာက္ခုစလုံးက ခ်င္အင္ပါယာ၏ လက္ေအာက္သို႔ အညံ့ခံခဲ့ၿပီးျဖစ္ရာ ဤျပသနာကို ေဘးခ်ိတ္ထား၍ မရနိုင္ေတာ့ေခ်။

ခ်ဴအင္ပါယာမွ သခင္ေလးလ်န္သည္ ခ်င္ဧ
ကရာဇ္၏ ေမာင္းမေဆာင္ထဲတြင္ ပထမဆုံး ျဖစ္သည္။ယမန္ေန႕ည မတိုင္ခင္အထိ လူတို
င္းက သူ႕ကို ေလွာင္ေျပာင္စရာ တစ္ခုအျဖစ္သာ သတ္္မွတ္ခဲ့ၾကေသာ္လည္း က်ီယြယ့္ကို
ယ္တိုင္ ယန္ရွင္းအေဆာင္ေတာ္သို႔ ျပန္ေပြ႕ခ်ီလာၿပီး တစ္ညလုံး အခ်ိန္ျဖဳန္းခဲ့သည္။

သို႔ႏွင့္ နန္းတြင္းမွ ပညာသား ႂကြယ္၍ ဥာဏ္မ်ားေသာ ပုဂၢိုလ္အေပါင္းတို႔လည္း ခ်က္ခ်
င္းပင္ တက္ႂကြလာၾကၿပီး အရွင္ဧကရာဇ္ဟာ တားျမစ္ထားေသာ ပန္းသီးေလးကို ျမည္းစ
မ္းၾကည့္ၿပီးျဖစ္ရာ မၾကာမီတြင္ အေနာက္ေဆာင္လည္း သက္ဝင္လႈပ္ရွားလာေတာ့မည္အထင္ႏွင့္ သမီးပ်ိဳမ်ားႏွင့္ ေျမးျဖစ္သူမ်ားကို ေစလႊတ္ရန္ အလ်င္စလို ေတြးေတာၾကေလသည္။

ယေန႕ ေတာ္ဝင္႐ုံးေတာ္တြင္ ျဖစ္ပ်က္ခဲ့သမွ်သည္ ၎တို႔၏ အရည္အခ်င္းရွိေသာ သက္
ဆိုင္ရာ အကြၽမ္းအေဆြတို႔ကို အၿပိဳင္အဆိုင္ ေလွ်ာက္တင္ၾကေသာ ျပပြဲတစ္ခုသာ ျဖစ္ခဲ့သည္။

က်ီယြယ့္က ၎တို႔ကို စိတ္မဝင္စားေခ်။သူသည္ ဓားဦးခြၽန္တြင္ ေလွ်ာက္လွမ္းရင္း ႀကီး
ျပင္းလာခဲ့ၿပီး ကိစၥတိုင္းကို သတိႀကီးစြာ ကိုင္
တြယ္ေလ့ရွိသည္။သူ႕အနားသို႔ ခ်ဥ္းကပ္လာေသာ သူစိမ္းတိုင္းကို မုန္းတီးၿပီး ခ်စ္တတ္သည့္ ႏွလုံးသားလည္း မရွိ။အင္မတန္ စကားမ်ားၿပီး သူ႕ကို အာ႐ုံေနာက္ေစမည့္ မိန္းမမ်ားကို အေနာက္ေဆာင္တြင္ ထည့္မထားခ်င္ေပ။

ခ်င္ဧကရာဇ္သည္ နိုင္ထက္စီးနင္းဆန္ေသာ ဧကရာဇ္တစ္ပါး ျဖစ္ေသာ္လည္း စည္းကမ္းမရွိေသာ ဧကရာဇ္ေတာ့ မဟုတ္ေပ။သူ႕ကို ျမႇောက္ပင့္ခ်ီးက်ဴး၍ အနိုင္ယူရန္ ႀကိဳးစားသူတိုင္းကို ရက္ရက္စက္စက္ သုတ္သင္ခဲ့ၿပီး ယေန႕ ေတာ္ဝင္႐ုံးေတာ္တြင္ က်န္ရစ္ခဲ့သမွ်သည္ ေတာ္ဝင္စစ္တပ္၏ အဓိက မ႑ိုင္မ်ား ျဖစ္ၾကသည္။သူ႕အေပၚ သစၥာေစာင့္သိ၍ ရဲရင့္သူမ်ားျဖစ္ရာ ဤအစီရင္ခံစာအတြက္ႏွင့္ေတာ့ အျပစ္ေပး၍ မရေခ်။

ထို႔ေၾကာင့္ အမူအရာမဲ့ေနေသာ မ်က္ႏွာထားျဖင့္ ႐ုံးေတာ္မွ ျပန္လာခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ေဝ့လ်န္က ျဖစ္ပ်က္ခဲ့သမွ် ကိစၥတိုင္းကို မွန္ကန္စြာ ခန့္မွန္းနိုင္ခဲ့သည္။

******

ေဝ့လ်န္၏ ေလွ်ာက္တင္ခ်က္ အဆုံးတြင္ အ
ေဆာင္ေတာ္ထဲ၌ ခဏတာ တိတ္ဆိတ္သြားခဲ့သည္။

က်ီယြယ့္သည္ ဒူးေထာက္ေနေသာ လူငယ္ေလးကို ေပါ့ေပါ့ပါးပါး ၾကည့္ၿပီး အနားသို႔ ေျခလွမ္းအနည္းငယ္ တိုးလိုက္သည္။

"ေဝ့လ်န္၊ ကိုယ္ေတာ္က ထက္ျမတ္ၿပီး ပါးနပ္တဲ့ လူေတြကို သေဘာက်တယ္"

"ဒါေပမယ့္ ပါးနပ္လြန္းေတာ့လည္း မႀကိဳက္ဘူး။အၿမဲတမ္း သတိထားရလြန္းလို႔ အဲ့ဒီလို လူေတြနဲ႕ ဆက္ဆံရတာ အရမ္းပင္ပန္းတယ္။ဆန့္က်င္အေနနဲ႕ ကိုယ္ေတာ္က ရဲရင့္တဲ့ အလွေလးေတြထက္ ႏႈတ္ဆိတ္ေနတတ္တဲ့ အလွေလးေတြကို ပိုသေဘာက်တတ္တာပဲ"

ေဝ့လ်န္က ဘာတစ္ခြန္းမွ ျပန္မေျပာေခ်။

ခ်င္ဧကရာဇ္က ငါ့လွ်ာကို ျဖတ္ေတာ့မယ္လို႔ အရိပ္အႁမြက္ျပေနတာလား?

ျဖတ္ရဲ ျဖတ္ၾကည့္ေလ၊ငါသခင္ေလးကလ
ည္း မင္းရဲ႕ ကိုယ္ေပၚက ေခါင္းကို ျပန္ျဖတ္ပစ္မွာေပါ့!

ခ်င္ဧကရာဇ္ဟာ ေဝ့လ်န္၏ အသည္းခံနိုင္ဆုံးေသာ မ်ဥ္းေၾကာင္းမွ်င္မွ်င္ေလးကို အၿမဲ
တမ္း မထိတထိ လာစိန္ေခၚေလ့ရွိသည္။

သတ္ျဖတ္လိုစိတ္ကိုလည္း ေဝ့လ်န္မွာ ထပ္ခါတလဲလဲ ထိန္းခ်ဳပ္ေနရသည္။

ဤအေျခအေနမွ ႐ုန္းထြက္နိုင္မည့္ နည္းလ
မ္းတစ္ခုေတာ့ ရွိေပအုံးလိမ့္မည္။

ေသးငယ္လွေသာ ယိုစိမ့္မႈသည္ပင္ သေဘာ္တစ္စင္းလုံးကို နစ္ျမဳပ္ေစနိုင္သည္။

သို႔ႏွင့္ ေဝ့လ်န္လည္း မႏွေးမျမန္ စကားဆိုလိုက္၏။

"ႏႈတ္ဆိတ္ေနတတ္တဲ့ လူေတြက အရွင္ဧက
ရာဇ္အတြက္ အကာအကြယ္အျဖစ္ ဘယ္
ေတာ့မွ အသုံးခ်လိဳ႕ မရနိုင္ပါဘူး"

အမတ္မင္းမ်ားသည္ ခ်င္ဧကရာဇ္ကို ေမာင္း
မေဆာင္ထဲသို႔ အပ်ိဳေတာ္မ်ား ေခၚေဆာင္ရန္ ဖိအားေပး ေလွ်ာက္တင္ခဲ့ၾကေသာ္လည္း ဧကရာဇ္၏ စိတ္မပါလက္မပါ တုပ္တုပ္မွ် မလႈပ္ေသာ အေနအထားေၾကာင့္ ႏွစ္ဖက္စလုံး မတိုးသာ၊မဆုတ္သာျဖင့္ အေျခအေန တင္း
မာေနၾကျခင္းျဖစ္သည္။

ခ်င္အင္ပါယာႏွင့္ စပ္လ်ဥ္းေနျခင္းကို ထည့္မတြက္လွ်င္ေတာင္ ေလာကတြင္ ညံ့ဖ်င္းျခင္း သုံးမ်ိဳးရွိၿပီး ဆက္ခံသူ သားသမီး မရွိျခင္းက အဆိုးဆုံးျဖစ္သည္။သို႔ျဖစ္ရာ တစ္ခ်က္မွ် လွမ္းၾကည့္ယုံျဖင့္ ေက်ာ္သြား၍ ရေသာ ျပသနာမ်ိဳး မဟုတ္ေတာ့ေပ။

ခ်င္ဧကရာဇ္သည္ ဤျပသနာကို ေခါင္းထဲ ထည့္၍ တစ္ခ်ိန္လုံး အာ႐ုံမေနာက္ခ်င္ေပ။သူ၏ စိတ္ရွည္သည္းခံမႈတြင္လည္း အကန့္အသတ္ေတာ့ ရွိေခ်သည္။တစ္ေန႕တြင္ သူသာ သည္းမခံနိုင္ေတာ့ဘဲ အမတ္မင္း တစ္ဦးဦးႏွင့္ အေခ်အတင္ ျဖစ္လာပါက ဧကရာဇ္ႏွင့္ လက္ေအာက္ငယ္သားမ်ားအၾကား သ
ေဘာထားကြဲလြဲမႈမ်ားပါ ဆက္တိုက္ျဖစ္ေပၚ
လာလိမ့္မည္။ဤသည္မွာ ခ်င္ဧကရာဇ္မင္း
ျမင္လိုသည့္ အေျခအေနမ်ိဳး မဟုတ္ေပ။

ဤကိစၥတြင္ ေဝ့လ်န္ကို မ်က္ႏွာသာေပး၍ ပ
စ္မွတ္ျဖစ္ေအာင္ ဟန္ေဆာင္ေနလိုက္ျခင္းက ပိုေကာင္းေပမည္။သို႔ဆိုလွ်င္ ခ်င္ဧကရာဇ္မ
င္းကို အျခားေသာ အလွေလးမ်ားအေပၚ စိတ္မဝင္စားနိုင္ေအာင္ ေဝ့လ်န္ဟာ ခႏၶာကိုယ္ကို ရင္း၍ ျမဴစြယ္ခဲ့သည္ဟု အမတ္မင္းမ်ား အ
ထင္လြဲကာ ေဒါသူပုန္ထၾကလိမ့္မည္။မနာလိုျခင္းသည္ အင္ပါယာအတြက္ ပ်က္သုဥ္းျခင္းကို ယူေဆာင္ေပမည္။

ဤအရာသည္ ေဝ့လ်န္ကို ဒုကၡႀကီးစြာ ႀကဳံ
ေတြ႕ေစမည္ ျဖစ္ေသာ္လည္း စည္းစိမ္ဥစၥာႏွင့္ ဂုဏ္အသေရသည္ အၿမဲတမ္း အႏၱရာယ္ႀကီးလွသည္။သူသည္ ခ်ဴလူမ်ိဳး တစ္ေယာက္ျဖ
စ္ၿပီး ခ်င္လူမ်ိဳးတိုင္းက သူ႕ကို မုန္းတီးေနၾကသည္။သို႔ျဖစ္ရာ ထိုအမုန္းတရားကို မီးစာျမႇင့္ေပးရန္ ႀကိဳးစားလိုက္ျခင္းက သူ႕အတြက္ အဘယ္မွာ ပိုဆိုးနိုင္ေတာ့မည္နည္း?

သူသာ ခ်င္ဧကရာဇ္အတြက္ အဖိုးတန္ေနသ
ေ႐ြ႕ ခ်င္အင္ပါယာတြင္ ေကာင္းမြန္စြာ ေနထို
င္နိုင္ေပအုံးမည္။

******

က်ီယြယ့္က ေဝ့လ်န္ကို ၿမဲၿမံစြာ စိုက္ၾကည့္၏
။သူ႕မ်က္ဝန္းထဲမွ ေလွာင္ေျပာင္ကဲ့ရဲ႕လိုေသာ အေငြ႕အသက္မ်ားလည္း မွိန္ေဖ်ာ့သြားၿပီး အ
သိအမွတ္ျပဳလိုေသာ အရိပ္အေယာင္မ်ားေပၚထြက္လာခဲ့သည္။

"ေဝ့ပန္းက မင္းကို ဘာလို႔ ဒီေနရာကို ပို႔လိုက္ရတာလဲ?"

က်ီယြယ့္သည္ တအံ့တၾသ မွင္သက္လ်က္။

"မင္းရဲ႕ ဥာဏ္ရည္ဥာဏ္ေသြးက တျခား မင္း
သားေပါင္း တစ္ရာေက်ာ္ထက္ေတာင္ သာ
လြန္ေသးတယ္။မင္းသာ တစ္ခ်ိန္မွာ ထီးနန္းရသြားခဲ့ရင္ ကိုယ္ေတာ္တို႔ အင္ပါယာက
ေတာ့ ခ်ဴအင္ပါယာကို ၿခိမ္းေျခာက္မႈတစ္ခုအေနနဲ႕ အျမင္ေျပာင္းၾကည့္ရေတာ့မွာပဲ"

အမ်ိဳးသမီးလီ၏ သားေတာ္(၃)ျဖစ္ေသာ ေဝ့ေက်ာင္းသည္ ေဝ့လ်န္၏အထက္ တတိယ အစ္ကိုေတာ္ ျဖစ္ၿပီး ခ်ဴဘုရင္၏ ထီးနန္းကို ဆက္ခံမည့္ အိမ္ေရွ႕စံမင္းသားျဖစ္သည္။

ေဝ့လ်န္က သိပ္မေတြးဘဲ ေပါ့ေပါ့ပါးပါး ျပန္ေျဖ၏။

"သူ႕စိတ္က အတြင္းေရာ အျပင္ေရာ ကြယ္ေနတာေလ။ပုလဲလုံးကို ထိုးထြင္းျမင္နိုင္တဲ့ အရ
ည္အခ်င္းမ်ိဳးေတာင္ ရွိမယ္မထင္ပါဘူး"

ဤစကားသည္ သူ အၿမဲတမ္း ထုတ္ျပခဲ့ေသာ ႏူးညံ့သိမ္ေမြ႕သည့္ အသြင္ႏွင့္ စိုးစဥ္းမွ် မဆို
င္ပါဘဲ ေမာက္မာျပတ္သားလြန္းေသာ အသြ
င္မ်ိဳး ေဆာင္ေပ၏။

က်ီယြယ့္သည္ ၎ကို ရယ္ေမာရင္း လက္ႏွစ္ဖက္ျဖင့္ ေဝ့လ်န္ကို ေျမျပင္ေပၚမွ ဆြဲထူေလသည္။

"ေဝ့လန္က စိတ္ဝင္စားဖို႔ ေကာင္းတဲ့ ေယာ
က်ာ္းပဲ။ကိုယ္ေတာ္ မင္းကို သေဘာက်တ
ယ္"

"မင္း အရင္တုန္းက ဘယ္အေဆာင္ေတာ္မွာ ေန......? ထားလိုက္ေတာ့၊ ကိစၥမရွိဘူး။အခုကစၿပီး ယန္ရွင္းအေဆာင္ေတာ္မွာ ေနရမယ္"

က်ီယြယ့္က အမိန့္ေပး၏။

"မင္းရဲ႕ ပစၥည္းေတြကို ထုပ္ပိုးၿပီး ယူလာခဲ့"

ေဝ့လ်န္သည္ ထိုခ်ီးျမႇောက္မႈကို အံ့ၾသတုန္
လႈပ္သြားျခင္းမရွိဘဲ ဦးၫႊတ္ခ်လ်က္ တည္
ၿငိမ္စြာ ျပန္ေလွ်ာက္တင္ခဲ့သည္။

"ေက်းဇူးေတာ္ ႀကီးမားလွေၾကာင္းပါ အရွင္ဧကရာဇ္"

******

အျပင္ဘက္တြင္ ဆီးႏွင္းမ်ား က်ဆင္းေနဆဲ ျဖစ္သည္။ထို႔ေၾကာင့္ အျပင္ဘက္သို႔ ေျခလွ
မ္းလိုက္သည္ႏွင့္ အေဆာင္ေတာ္ထဲတြင္ မည္မွ် ႏြေးေထြးေနေၾကာင္း သေဘာေပါက္သြားရသည္။

ေဝ့လ်န္သည္ ကိုယ္ေပၚတြင္ သားေမြးဝတ္႐ုံကို ၿခဳံလ်က္ နန္းတြင္းအမႈထမ္းမ်ားေနာက္မွ
လိုက္၍ ခ်င္က်ဴးအေဆာင္ေတာ္ရွိရာသို႔ ျပ
န္လာခဲ့သည္။

နန္းတြင္းအမႈထမ္းမ်ားသည္ ယခင္တုန္းကႏွင့္ ကမၻာတစ္ခု ျခားသြားသည့္အလား သူ႕ကို တေလးတစား ဆက္ဆံၾကေလသည္။

သို႔ႏွယ္ ရာထူးအဆင့္ကို လိုက္၍ ဆက္ဆံတ
တ္ၾကသည္မွာ ခ်င္အင္ပါယာတြင္သာမက ခ်ဴအင္ပါယာတြင္လည္း တစ္ပုံစံတည္း ျဖစ္ၾကသည္။

ခ်င္က်ဳးအေဆာင္ေတာ္ ေရွ႕သို႔ ေရာက္လာစဥ္မူ ေဝ့လ်န္က အမိန့္ေပးလိုက္သည္။

"ဒီမွာ ခဏေစာင့္ေနခဲ့ၾက"

နန္းတြင္းအမႈထမ္းမ်ားက သံၿပိဳင္ ျပန္ေျဖ
၏။

"နားလည္ပါၿပီ"

အေဆာင္ေတာ္ထဲသို႔ ေဝ့လ်န္ တစ္ဦးတည္း ဝင္လိုက္သည္ႏွင့္ အေတာ္ေလး ေျပာင္းလဲသြားေသာအေျခအေနကို သတိထားမိလိုက္သည္။အတြင္းခန္းရွိ ေနရာတိုင္းတြင္ ခမ္းနားၿပီး တန္ဖိုးႀကီးေသာဘပရိေဘာဂမ်ားႏွင့္ ေန
ရာယူထားလ်က္ရွိသည္။ျခယ္မႈန္းထားေသာ ေသတၱာတိုင္းကို စားပြဲေပၚတြင္ တန္းစီၿပီး ဖြင့္လွစ္ထားကာ အတြင္းဘက္ အနီေရာင္ ပိုးထ
ည္အခံတြင္ တစ္ခုက ေ႐ႊ၊တစ္ခုက ေငြ၊တစ္ခုက အဖိုးတန္ ေက်ာက္မ်က္မ်ား အစရွိသျဖင့္ ေကာင္းမြန္ေသာ ပစၥည္းတို႔ျဖင့္ ျဖည့္သြင္းထားသည္။

ထို႔အျပင္ နန္းေတာ္မွ သူႏွင့္ ကြၽမ္းဝင္ျခင္း မရွိေလေသာ မ်က္ႏွာစိမ္းမ်ားစြာလည္း ရွိေနေသး၏။ထိုအေစခံမ်ားသည္ သူ႕ကို ျမင္သ
ည္ႏွင့္ တစ္ၿပိဳင္တည္း အရိုအေသေပးၾကေလသည္။

"ေဝ့ရွစ္ကြၽင့္ကို ဂါရဝျပဳပါတယ္"

ေဝ့လ်န္က ေအးေဆးတည္ၿငိမ္စြာ အမိန့္ေပးလိုက္သည္။

"မင္းတို႔အားလုံး အရင္ ထြက္သြားႏွင့္ၾက။ခ်ိန္ရွန္းနဲ႕ ခ်ိန္ရွို႔ပဲ ေနခဲ့"

နန္းတြင္းအေစခံမ်ားသည္ သူတို႔၏ လက္ကို ဘယ္ဘက္ခါးေပၚသို႔ ယွက္၍ အရိုအေသေပးၿပီး တစ္ညီတစ္ညာတည္း ထြက္သြားၾကေတာ့သည္။

ေဝ့လ်န္သည္ အေျပာင္းအလဲကို သတိထားမိေသာ္ျငား တစ္ခြန္းေတာ့ ထုတ္ေမးလိုက္သ
ည္။

"ဘာေတြျဖစ္သြားတာလဲ?"

ခ်ိန္ရွို႔က ခ်က္ခ်င္း အေရွ႕သို႔ တိုးလာၿပီး ႀကိဳ
ဆို၏။

"သခင္ေလးလ်န္ ျပန္လာၿပီ!မေန႕ညတုန္းက ဘယ္ကို သြားေနလို႔ အေဆာင္ေတာ္မွာ ျပန္
လာမအိပ္တာလဲ?အတြင္းေဆာင္စီမံေရး အဖြဲ႕က အလုပ္သမားေတြ ေရာက္လာတဲ့အျပင္ သူတို႔အဖြဲ႕က ႀကီးၾကပ္ေရးမႈးေတာင္ ပါလာေသးတယ္!သူတို႔က မီးေသြးေတြလည္း ပို႔ေပးတယ္။ခ်င္က်ဴးအေဆာင္ေတာ္ တစ္ခုလုံးကိုလည္း ျပန္ျပင္ဆင္ၿပီး ပစၥည္းေတြ အမ်ားႀကီး ထားေပးသြားေသးတယ္။တျခား အကူအလုပ္သမားေတြေတာင္ ေခၚလာေသးတာ။ကြၽန္ေတာ္မ်ိဳးျဖင့္ အဲ့ဒီ ႀကီးၾကပ္ေရးမႈးႀကီး ဒီေလာက္ တအား ၿပဳံး႐ႊင္ေနတာကို တစ္ခါမွ
မျမင္ဖူးဘူး......"

တစ္ဖက္တြင္မူ၊ ခ်ိန္ရွန္းက ႏႈတ္ဆိတ္ေန၏။

ေဝ့လ်န္က ခပ္ေဖာ့ေဖာ့ ရယ္လ်က္။

"ငါက ခ်င္ဧကရာဇ္ရဲ႕ အာ႐ုံကို ဆြဲေဆာင္နိုင္ခဲ့မွန္း သတင္း ၾကားသြားေတာ့ ခ်င္ဧကရာဇ္သာ ခ်င္က်ဳးအေဆာင္ေတာ္ဘက္ လွည့္လာခဲ့ရင္ ငါ့အေပၚ သူတို႔ ဘယ္လို ဆက္ဆံလဲဆိုတာကို ဧကရာဇ္ သိသြားမွာ ေၾကာက္လို႔ ည
တြင္းခ်င္း လာျပင္ဆင္ေပးသြားတာပဲ ျဖစ္မယ္"

ခ်ိန္ရွို႔မွာ ထိုစကားကို ၾကားၾကားခ်င္း ၾကက္
ေသေသသြားရေတာ့သည္။

"သခင္ေလးလ်န္ ဘာေျပာလိုက္တာလဲ?ခ်
င္...ခ်င္ဧကရာဇ္?"

ခ်ိန္ရွန္းက ေလသံတိုးတိုးျဖင့္ ဝင္ဆူ၏။

"သခင္ေလးက မင္းကို အၿမဲတမ္း 'အ႐ူးေလး'
လို႔ ေခၚတိုင္း မင္းက ဘယ္ေတာ့မွ လက္မခံခ်င္ဘူး။ခ်င္ဧကရာဇ္ကလြဲရင္ ဘယ္သူကမ်ား ဒီေလာက္မိုက္ရိုင္းတဲ့ အတြင္းေဆာင္စီမံေရး အဖြဲ႕က ႀကီးၾကပ္ေရးမႈးကို ညတြင္းခ်င္း အပိုးက်ိဳးသြားေအာင္ လုပ္နိုင္မွာလဲ?! သခင္ေလး......"

ခ်ိန္ရွန္း၏ အသံသည္ ဝမ္းနည္းေနသည့္အ
ျပင္ ေလးနက္သြားေခ်ေတာ့သည္။

"သခင္ေလး ခ်င္ဧကရာဇ္ဆီမွာ မ်က္ႏွာသာ ယူဖို႔ တကယ္ပဲ စဥ္းစားထားတာလား?"

"နည္းနည္းေလးမွ မဟုတ္ဘူး။အနာဂတ္မွာ ခ်င္ဧကရာဇ္နဲ႕ ဒီဇာတ္ကို အတူတူ ကၾကည့္ခ်င္ယုံပဲ"

ေဝ့လ်န္က ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္သည္။

"လိုအပ္သမွ်ကို အကုန္ ထုပ္ပိုးလိုက္ေတာ့။ေပ်ာ္စရာ ေန႕ရက္ေလးေတြ ေရာက္လာၿပီ"

................................................................





Continue Reading

You'll Also Like

242K 23.6K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
53.5K 7.8K 22
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...
39.8K 5.6K 21
Type : Web Novel (CN) Language : Chinese Associated Names : 魔尊每天都在逃婚 Author(s) : Nine Treasures 玖宝 Year : 2020 Status in COO : 60 Chapters + 1 Extra...
12.6K 1.6K 7
Title: It's Okay, I'll Take Care of You (没关系,我养你) Author: 半纸清骨 CP: Weed x Little Corn Translator: Polarbearadise Editor: Mosstree Disclaimer : I don'...