မောင့်ရဲ့မဟေသီ

By Louvis-74

147K 5.7K 71

ကျွန်တော့်အချစ်တွေအကုန် 'မ' တစ်ယောက်တည်းကိုပဲပေးချင်မိတယ် ခွန... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15 🌚
Part 16
Part 17
Part 18
Part 20
End

Part 19

5.1K 224 5
By Louvis-74

သူကုမ္ပဏီရှယ်ယာတွေဘယ်က ရတာလဲလို့မေးလိုက်တော့..ပါပါးက

"ကိုယ့်ရှယ်ယာနည်းနည်းသူ့ကိုလွှဲပေးမိတာ..သူ့မှာအဲ့လိုလောဘရှိမှန်းကိုယ်မသိလို့ပါ"

"တော်ပြီ...ရှင်နဲ့ဘာမှမပြောချင်ဘူး...သားသားငယ်ငယ်ကတည်းက..ရှင့်ညီနဲ့ညီမက..သားသားနဲ့ကျွန်မ အမျိုးတွေကို..စိတ်ဝမ်းကွဲအောင်သွေးခွဲတယ်...ကျွန်မဘာမှမပြောခဲ့ဘူး..အခုဟာက..ရှင့်ညီက တော်တော်တရားလွန်နေပြီ"

ခွန်..ပါပါးကိုကြည့်လိုက်တော့..မျက်နှာငယ်လေးနဲ့မာမားပြောသမျှခံနေရှာတယ်

မမက "မောင်..မာမားတို့ဘာဖြစ်နေတာလဲ..မောင့်မျက်နှာလည်းမကောင်းဘူး...ကုမ္ပဏီမှာဘာတွေဖြစ်လာကြတာလဲ" ဆိုပြီး..ခွန့်လက်ကို..ကိုင်ပြီးမေးတော့...

ခွန်လည်း..အကြောင်းစုံပြောပြလိုက်တော့

"မောင့်ဦးလေးက.အဲ့လိုအကြံရှိလိမ့်မယ်လို့.မထင်ရဘူးနော်... မောင့်ဘဘက ကုမ္ပဏီကိုလိုချင်လိမ့်မယ်လို့..မ တို့က ထင်ခဲ့မိတာ"
.............,.......

ဒီနေ့ကုမ္ပဏီပိတ်ရက်နဲ့ မမ ဆေးရုံduty offတဲ့ရက်မို့..ခွန်နဲ့မမ မနက်စောစော..မမရဲ့ဆရာမ နေတဲ့.တိုက်ကြီးမြို့ဘက်ကို..သွားတော့..မှော်ဘီနဲ့တိုက်ကြီးမြို့ကြားမှာ

"မောင်..မ တို့ နောက်ကိုကားတစ်စီးလိုက်နေတယ်... မ ပါပါးတို့ကိုဖုန်းလှမ်းဆက်အုံးမယ်"
စုလဲ့လည်းမောင့်ပါပါးတို့ကိုဖုန်းလှမ်းဆက်တော့

"Hello ပါပါး"

"သမီးလေး..ပြောလေ"

"သမီးတို့ကားနောက်ကို...ကားတစ်စီးလိုက်နေတယ်"

"ဟင်...သမီးတို့အခုဘယ်မှာလဲ"

"မှော်ဘီနဲ့တိုက်ကြီးမြို့ကြားမှာ..ပါပါး..မောင်ကတော့..ကားကိုပဲအာရုံစိုက်မောင်းနေတယ်"

"သားသားဖုန်းကိုGPSဖွင့်လိုက်...သားသားဖုန်းနဲ့ပါပါးဖုန်း.GPSချိတ်ထားတယ်"

"မောင်...မောင့်ဖုန်းကိုGPSဖွင့်လိုက်တဲ့"

"သမီး...သမီးတို့နောက်ကိုလိုက်လာတဲ့ကားနံပါတ်နဲ့အမျိုးအစားပြော...သမီးတို့နောက်ကိုသူတို့လိုက်လာတာ..သမီးတို့ရိပ်မိတယ်ဆိုတဲ့အရိပ်အယောင်မပြနဲ့"

"ဟုတ်ပါပါး...ကားအမျိုးအစားက..Toyota Town Ace.ကားနံပါတ်က 9I( ) ပါပါး "

"ပါပါးတို့..သက်ဆိုင်ရာကိုအကြောင်းကြားလိုက်မယ်...ဒါပဲနော်သမီး..ပါပါးပြန်ဆက်မယ်"

"ဟုတ်ပါပါး" ခဏနေတော့..ပါပါးဆီကဖုန်းပြန်လာပြီး

"ပါပါးတို့သက်ဆိုင်ရာကိုအကြောင်းကြားထားတယ်...သမီးတို့..ကားထဲမှာဆီရှိနေသေးရင်...တိုက်ကြီးမြို့ကိုကျော်ပြီးသာ..မျှားခေါ်ပြီးမောင်းလိုက်..သက်ဆိုင်ရာနယ်မြေရဲကင်းစခန်းတစ်ခုကနေ..သမီးတို့နောက်ကိုလိုက်လာပြီးညှပ်ဖမ်းလိမ့်မယ်"

"ဟုတ်ပါပါး"

စုလဲ့လည်း "မောင်..ကားဆီရှိသေးတယ်..မဟုတ်လား..ပုံမှန်ပဲမောင်း"

"အင်းပါ..မောင်တို့တိုက်ကြီးတိုးဂိတ်နေပြီ"
🎼🎼🎼📱

"Hello ပါပါး"

"သမီးတို့ဘယ်ရောက်ပြီလဲ..."

"တိုက်ကြီးတိုးဂိတ်ရောက်နေပြီ"

"အဲဒါဆို..ရှေ့ကိုနည်းနည်းဆက်မောင်းလိုက်..ရှေ့မှာ..သမီးတို့ကားကိုစောင့်နေတဲ့ကားတစ်စီးရှိတယ်..သမီးတို့ကားနောက်ကနေလိုက်လာလိမ့်မယ်..လူနည်းနည်းရှင်းတဲ့နေရာကျ..ရပ်လိုက်..သမီးတို့နောက်က..လိုက်လာတဲ့ကားပါ..လိုက်ရပ်ရင်..သူတို့ဝင်ဖမ်းလိမ့်မယ်"

"ဟုတ်ပါပါး"
"မောင်..ရှေ့ကိုဆက်မောင်းလိုက်...တိုက်ကြီးကျော်သွားလို့..လူရှင်းတဲ့နေရာကျရင်..ကားကိုရပ်လိုက်တဲ့"

"မ..သတိနဲ့နေနော်...တကယ်လို့ကားရပ်ပြီးမောင်ဆင်းသွားရင်..ကားကို မ မောင်းသွားနော်"

"မောင့်ကိုတစ်ယောက်တည်းမထားခဲ့နိုင်ဘူး..အဲဒါကြောင့်ဘာစကားမှမပြောနဲ့..ရဲတွေရောက်လာမှာ"

ခွန်လည်း..မမ ကို ဘာမှဆက်မပြောတော့ပဲ..ကားကိုဆက်မောင်းလာပြီး..နောက်ကိုကြည့်လိုက်တော့..ထိုကားကဆက်လိုက်လာသေးတယ်..လူရှင်းတဲ့နေရာမှာကားကိုရပ်လိုက်တော့..ထိုကားလည်းလိုက်ရပ်ပြီး..ကားပေါ်က လူလေးယောက်ဆင်းလာပြီး..ခွန်တို့ကားဆီကိုလာတော့...ခွန်မြင်တွေ့လိုက်ရတာက...ခွန့်လေးလေး

"ဆင်းစမ်း.အခု..နှစ်ယောက်လုံး ကားပေါ်ကဆင်းကြ...သူတို့ကို...ဟိုဘက်ကားကို​ပြောင်းခေါ်သွားကြ"

ခွန်တို့ကို...အနောက်ကကားကိုပြောင်းနေရင်း...ကားတစ်စီးရောက်လာပြီး..

"ကဲ..အားလုံးမပြေးကြနဲ့..မင်းတို့ပြေးဖို့လမ်းမရှိတော့ဘူး..လမ်းတွေအားလုံးကိုငါတို့ပိတ်ဆို့လိုက်ပြီ...ကြည်ကြည်ဖြူဖြူအဖမ်းခံပါ.."လို့ ရဲအရာရှိတစ်ဦးက.ဆိုလိုက်တော့

လေးလေးက "ဒီမလောက်လေး..မလောက်စားကောင်ရဲ့လှည့်ကွက်ကိုခံလိုက်ရတယ်ကွာ"

ခွန်လည်းမဲ့ပြုံး..ပြုံးလိုက်ပြီး "ဘယ်လိုလဲ..ဦးထွဋ်ခေါင်...ကျွန်တော့်ကိုလျော့တွက်ထားတာကိုး..ဘာအရည်အချင်းမှမရှိပဲကုမ္ပဏီကိုလိုချင်နေသေးတယ်" လို့ပြောလိုက်တော့

"မင်းက..လွန်ခဲ့တဲ့တစ်လလောက်ကတည်းက..သန်လျင်ဆိုဒ်ကအပြန်မှာ..accident ဖြစ်ပြီးသေရမှာကွ...မင်းသေသွားရင်လည်း..ဘယ်သူမှငါ့ကိုသံသယမဝင်ဘူး..မင်းရဲ့ဘကြီးကိုပဲ..သံသယဝင်မှာ..ပြီးတော့လည်း..ရဲစခန်းက..မူးယစ်ဆေးအလွန်အကျွံအသုံးပြုလို့..accident ဖြစ်ပြီးသေတာလို့ပဲကောက်ချက်ချမှာ..ဟားဟား "

"ဒီမှာ..ဦးထွဋ်ခေါင် ရှင် ဘာလို့..ခွန့်ကို..သတ်ချင်နေရတာလဲ"

"ဒီမှာ..ကလေးမ..မင်းရဲ့ယောက္ခထီးငါ့အကိုက..သူ့ရဲ့ညီဖြစ်တဲ့ငါ့ကို..ရှယ်ယာနည်းနည်းပဲပေးပြီး...သူ့ရှယ်ယာတွေအားလုံးက..သူ့သားအတွက်ပဲလို့..ငါ့ကိုပြောဆိုခဲ့တာ"

"အဲဒါဆို ရှင်က ရှယ်ယာနည်းနည်းပဲရလို့ ခွန့်ကိုသတ်ချင်တာပေါ့"

"ဟုတ်တယ်..မင်းရဲ့ယောက္ခထီးရဲ့ရှယ်ယာတွေက သူ့သားသေသွားရင်..သူ့ရဲ့သွေးသားအရင်းဖြစ်တဲ့ငါပဲ.ရမှာ. အဲဒါကြောင့်သေအောင်သတ်ချင်တာ..ဟားဟား"
ခွန်ကတော့..လမ်းပေါ်မှာ..ခြေမကိုင်မိလက်မကိုင်မိနဲ့ထိုင်ချပြီး...ကြက်သေသေနေတယ်

ရဲအရာရှိကြီးက

"တရားခံတွေ..အားလုံးကို..ကားပေါ်တင်..သူတို့ရဲ့ကားကိုလည်း..သက်သေအဖြစ်သိမ်းသွားမယ်"

စုလဲ့လည်း "ကျေးဇူးတင်ပါတယ်..ရဲအရာရှိကြီးတို့သာ...အချိန်မီရောက်မလာရင်...ကျွန်မတို့ဒုက္ခရောက်နိုင်ပါတယ်"

"ရပါတယ်ဗျာ..ကျွန်တော်တို့ကိုသွားခွင့်ပြုပါအုံး"
ရဲအရာရှိကြီးတွေ..ထွက်သွားတော့

"မောင်..ဘာမှတွေးမနေနဲ့နော်..မောင့်လေးလေးက..သူ့လောဘနဲ့ထိုက်တန်တဲ့အပြစ်ကိုသူရတာ. မောင့်ကြောင့်မဟုတ်ဘူး"
ကိုယ့်မှာသူ့ကိုရင်ခွင်ထဲ...ထည့်ပြီးနှစ်သိမ့်ပေးတော့မှ...ကိုယ့်ရင်ခွင်ထဲတိုးဝင်ပြီးကလေးတစ်ယောက်လိုငိုနေတယ်

Continue Reading

You'll Also Like

1.7M 93.2K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
23.8K 1.5K 41
Twice For Once Forever
30.6K 927 14
IN WHICH - Sabine Cullen knows that Jasper Hale is her soulmate, but flat out refuses to tell him. @-toodeviant / 2023
71.4K 2.6K 44
ငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ ...