(Unicode)
ညနေပိုင်းနေဝင်ဆည်းဆာအလှက မှင်သက်ရှူ့မောနေစရာပင်။
အပျော်စီး ဇိမ်ခံသင်္ဘောကြီးပေါ်ကနေ ကြည့်နေရတော့ Bosphorus မြစ်အလှနဲ့အတူ လေပြေတွေက တိုက်ခတ်နေတော့ စိတ်အေးချမ်းဖွယ်ရာအတိ။
ကုန်ပတ်ပေါ်ရပ်နေသည့် Taehyung လက်ထဲမှ
ရှန်ပိန်ခွက်လေးကို ကိုင်ထားလျက်ပင်။
ရယ်မောသံတွေကို ကြားမိပြန်တော့ မလှမ်းမကမ်းတွင် Vanတို့နှင့် စကားလက်ဆုံကျနေသည့် Jungkook ထံသို့ အကြည့်တို့ကရောက်မိသွားသည်။
အပူအပင်ကင်းလွန်းတဲ့ အပြုံးလေး။
ရယ်သံလေး။ ကျနော်စွဲလမ်းမိရတဲ့ အမာရွတ်လေးကတော့ ဖုံးထားခြင်းမရှိ။
Jimin နှင့် Van ကလည်း သူ့ကို Zeha အဖြစ်နဲ့လုံးလုံးသိသွားခဲ့လေပြီ။
တစ်ခုပဲထိမ်ချန်ခဲ့သည်။ ထိုအရာကတော့ Jeon
က Blind Case ရဲ့ သခင်ကြီးဖြစ်ကြောင့်ကိုပင်။
သူကိုယ်တိုင်ကလည်း တကယ့် အစစ်အမှန် Blind Case ဆိုတာကိုလည်း ဖုံးကွယ်ထားခဲ့
ပေးသည်။
ကျနော်နဲ့ Jeon နှစ်ယောက်တည်းသိရှိမည့်
အမှန်တရားလေးပေါ့။
ထိုထဲ Jake ကတော့ ချွင်းချက်ပင်။
Jeon တပည့်ဆိုတော့ ကျနော့်ထက် အကြောင်းစုံပိုသိမည်လေ။
Jungkook သူ့ကိုကြည့်နေသည့်မျက်ဝန်းဝါလေး
တွေကို သတိထားမိသွားသည်။
အကြည့်ချင်းစုံတော့ လက်လေးလှမ်းပြကာ ပြုံးလေသည်။
ကျနော့်ထံ ဦးတည်နေတဲ့ခြေလှမ်းတွေ။
Van ကတော့ Jimin နဲ့အတူကျန်ခဲ့သည်။
သူကျနော့်စီကိုလာနေတာပင်။
အနားရောက်တော့ လက်ထဲမှ ရှန်ပိန်ခွက်ကို ဆွဲယူလေသည်။
" ညစာတောင် မစားရသေးဘူး...အရမ်းမသောက်နဲ့..."
" သိပ်မသောက်ပါဘူး...နေဝင်ဆည်းဆာက ရှန်ပိန်တစ်ခွက်နဲ့မှ ပိုပြည့်စုံမယ်ထင်လို့..."
" ကိုယ်နဲ့အတူ ရှိနေတာတောင် မပြည့်စုံသေးပေါ့..."
" မင်းက ငါ့အချစ်လေ Jeon...ပြီးပြည့်စုံတာထက်ပိုနေပါပြီ..."
Jungkook သူ့လက်ထဲမှ Taehyung သောက်လက်စ ရှန်ပိန်လေးကို တစ်ငုံ့သာသောက်လေသည်။
" မနက်ဖြန်ဆို Tae ဂျာမနီကို သွားတော့မှာပဲ...
လွမ်းရဦးမယ် ထင်တယ်..."
" သုံးရက်ပဲကြာမှာလေ...အေးဂျင့်ရုံးချုပ်ကနေ
နှုတ်ထွက်စာတင်ရမှာကို...နောက်ပြီး ကွာရှင်းဖျု့လည်း လိုသေးတယ်လေ..."
" ဟာ...သုံးရက်မပြောနဲ့ သုံးစက္ကန့်လေးတောင် ကိုယ်က Kim နဲ့မခွဲနိုင်ဘူး..."
" ပြန်လာမှာပဲကို...လူကိုစိတ်မကောင်းဖြစ်အောင်လုပ်နေပြန်ပြီ..."
" ကိုယ်လိုက်ခဲ့မယ်..."
" မရပါဘူး... Jeon လိုက်ခဲ့ရင် ဒီမှာ Van တစ်ယောက်တည်းဖြစ်နေလိမ့်မယ်...Jimin ကလည်း Tae နဲ့အတူလိုက်ရမှာဆိုတော့ Van တစ်ယောက်တည်း စိတ်မချဘူး..."
Jeon စီက သက်ပြင်းချသံကြားလိုက်ရသည်။
မြစ်ပြင်ကိုသာ ငေးကြည့်ပြန်နေသည်။
" ကိုယ်လည်း စိတ်မချဘူးလေ..." ဆိုတဲ့ ခပ်တိုးတိုး အသံလေးပါ ကြားလိုက်ရပြန်သည်။
မဟော်ဂနီဆံနွယ်လေးတွေက နေဝင်ဆည်းဆာရဲ့
နေရောင်ဖြန့်ကြဲနေမှုကြောင့် အရမ်းနီနီရဲရဲမဟုတ်တဲ့ ဆံနွယ်နီအရောင်ဖျော့ဖျော့လေးတွေက ပိုလို အရောင်တောက်နေလေသည်။
ဖြူဖွေးတဲ့အသားအရည်။ မဟော်ဂနီဆံနွယ်။
Jeon နဲ့ ပနံသင့်စွာတည်ရှိနေပြန်သည်။
မျက်နှာပေါ်က မီးလောင်ဒဏ်ရာလေးကလည်း ကျနော့်အတွက်တော့ Jeon ရဲ့အလှပဆုံးအရာလေးလို့ ထင်မှတ်မိပြန်ပါရဲ့။
မျက်ဝန်းနက်လို့လည်းဆိုလို့မရ။ အညိုလည်းမကျတဲ့ မျက်ဝန်းတွေက ရီဝေဝေဖြစ်နေသည်။
Formal Suit နီညို့ညို့ ဝတ်ထားသည့် Jungkook က Taehyung ရဲ့ အသည်းကို ထပ်ကာ ထပ်ကာခြွေနေသလိုပင်။
ဘယ်လိုပုံစံနေနေ စတိုင်ကျပြီး စမတ်ဖြစ်တဲ့သူက အခုလို Gentlemen ဆန်ဆန်ဝတ်ဆင်ထားတော့ အပြစ်ဆိုစရာကိုပင်မရှိ။
" ကိုယ်က အချစ်အပိုင်ပါ...ဒီလောက်ပဲကြည့်ပါတော့...နေရခက်အောင်လို့..."
" ငါ့အပိုင်မို့လို့ တစိမ့်စိမ့်ကြည့် နေချင်တာလေ..."
" ထပ်ကြည့်နေမယ်ဆို ကိုယ်နမ်းမိလိမ့်မယ်..."
" နမ်းချင်လည်းနမ်းနိုင်တယ်...ငါ့နှုတ်ခမ်းလွှာက မင်းရဲ့ အနမ်းတွေကြားကနေ ဘယ်တုန်းကများ ရုန်းထွက်နိုင်ခဲ့လို့လဲ..."
" နမ်းခွင့်ပေးမလား..."
" ငြင်းဆန်ဖူးလို့လား..."
Jeon ကျနော့်လက်ကောက်ဝတ်ကိုဆွဲကိုင်ကာ
သူ့ဘက်ဆွဲလှည့်သည်။
ဘယ်ဘက် လက်တစ်ဖက်ဖြင့်ခါးကို ပွေ့ထားရင်း
မျက်နှာကို နူးညံ့စွာဖြင့်ရီဝေဝေဖြစ်နေသည့် မျက်ဝန်းတွေနဲ့ ကြည့်လာသည်။
" အခု တကယ်နမ်းတော့မယ်...ရုန်းမှာလား..."
ခွင့်တောင်းနေတာကြောင့် ကျနော် ပြုံးမိပါရဲ့။
အမြဲတမ်းစည်းစောင့်တတ်တာက Jeon ရဲ့လူကြီးလူကောင်း ဆန်တဲ့ အပြုအမူတစ်ခုလို့ ပြောလို့ရလေမလား။
တစ်ခါတစ်ရံတော့ ကလေးဆန်ဆန် လစ်ရင်လစ်သလို တော့ ခိုးနမ်းတတ်တာလေးလည်း ရှိနေတတ်ပြန်သည်။
"မျိုးစုံကို ပြုစားနေပါလား အချစ်ရယ်..."
" ပြုစားထားမှလေ...ကိုယ့်ကို ထားသွားရင် ဘယ်လိုလုပ်မလဲ...တော်ကြာ အစ်စတန်ဘူလ်က
ကိုရီးယားကောင်လေးရဲ့ အသည်းကွဲဇာတ်လမ်းလေးက ကျန်နေဦးရင် ဒုက္ခ..."
"Jeon Jungkook ဆိုတဲ့ ဖြစ်တည်မှုတိုင်းကို Kim Taehyung ဆိုတဲ့ ငါက အကြိမ်ကြိမ်ကြွေဆင်းနေမိပြန်တာပဲ..."
" ကြွေဆင်းနေအောင် ကိုယ်က အမျိုးမျိုးပြုစားနေမိနေတာ..."
" မဟော်ဂနီလေး...ငါ့ရဲ့ Așkim... ငါ့ရဲ့
ကိုရီးယားကောင်လေး...ငါ့ရဲ့ ရန်သူလေး...အခုတော့အချစ်ဆုံးပေါ့လေ..."
" နမ်းချင်ပါတယ်ဆို စကားတွေပဲပြောပြီး အပြစ်ပေးနေမှာလား Kim..."
" နမ်းခွင့်ပေးနေပြီးသားလေ အချစ်ရယ်..."
Jungkook နှုတ်ခမ်းလေးကို ခြေဖျားထောက်ကာ Taehyung ဘက်မှ စတင်ကာနမ်းလိုက်သည်။
လက်ထဲကိုင်ထားသည့် ရှန်ပိန်ခွက်လေးကိုပင် လွတ်ချမိလိုက်သည်။
ထိုတော့ လန့်သွားသည် ထင်ပါရဲ့။ ကျနော့်နှုတ်ခမ်းစီကနေ အနမ်းတွေကို ရပ်တန့်လေသည်။
ကုန်းပတ်ပေါ်က ဖန်ခွက်အကွဲလေးကိုကြည့်ကာ...
" ဖန်ခွက်ကွဲသွားပြီ..."
" ထားလိုက်...ပြီးမှ ရှင်းခိုင်းလိုက်မယ်..."
Jungkook Taehyung မျက်နှာကို လက်တစ်ဖြင့် ဆွဲယူကာမော့လေသည်။
" ကိုယ်က Kim ကို အသေအလဲနမ်းချင်နေတာ
လေ...ဘာလို့ ဖန်ခွက်အကွဲကို ဂရုစိုက်နေရတာလဲ..."
" Jeon မင်းငါ့ကို ဖန်ခွက်အကွဲနဲ့ပါ သဝန်တိုနေတာလား..."
" ဟုတ်တယ်ဆိုရင်ရော..."
" သက်မဲ့အရာဝတ္ထုလေးပါ...သဝန်တိုဖို့ မလိုပါဘူး..."
" ကိုယ်က Kim ကို အရာအားလုံးနဲ့သဝန်တိုတယ်..."
" ဒါဆိုရင်တော့ Toxic ဆန်နေပြီနော် Jeon..."
ကျနော့်ကို အလိုမကျစွာကြည့်လာရင်း သက်ပြင်းချပြန်လေသည်။
မလိုလား အပ်တဲ့အရာတွေနဲ့ကအစ သဝတ်တိုနေတတ်တာတော့ သိပ်မဟုတ်သေး။
မျက်နှာခက်တင်းတင်းဖြစ်နေရာကနေ ချက်ချင်းပင် ညိုးနွမ်းသွားသည်။
Jungkook သူ့ကို Toxic ဆန်တယ်ပဲပြောပြော
ထိုအရာတွေက သူ့ရွှေအိုရောင်လေးကို ချစ်လွန်းလို့ပင်။
" ကိုယ်က Toxic ဆန်နေတာမဟုတ်ပါဘူး အချစ်ရယ်...ကိုယ်က အချစ်ကြီးမိနေလို့ပါ..."
" သဝန်တိုတာလေး လက်တစ်ဆစ်လောက်ထိပဲလျော့ပေးပါ...ငါကို မင်းပဲပိုင်တာကို..."
" ဟုတ်ပါပြီဗျာ...ကိုယ်က Kim ကိုနှလုံးသားထဲကနေကို နှင့်နေအောင် ချစ်နေမိလို့ပါ..."
စကားလုံးလှလှလေးတွေနဲ့ ချုပ်နေပြန်တဲ့ Jungkook နှုတ်ခမ်းပါးလေးကို Taehyung မက်မောစွာ ထပ်မံနမ်းလိုက်မိသည်။
သဝန်တိုတတ်လွန်းတဲ့ အပြင် နူးနူးညံ့ညံ့လေးတွေလည်း ဆိုတတ်တဲ့ မဲ့နက်လေးပါသည့် ထိုနှုတ်ခမ်းပါးလေးကို သူစွဲလမ်းနေမိပါသည်။
ကျနော့်နှုတ်ခမ်းတွေကို လိုလိုလားလား နမ်းရှိုက်နေတဲ့ ကြားကနေ ဘယ်လိုဖြေဆည်ရပါလိမ့်။
Kim က အခုလိုလည်း လူကို ရူးအောင်လုပ်နေပြန်တာပဲကို။
ကျနော် Tae ရဲ့ခါးကို လက်ဖက်ဖြသ့်ပွေ့ဖက်ကာ
အနမ်းမုဆိုးသဖွယ် နမ်းရှိုက်မိပါသည်။
နေဝင်ချိန်ဆည်းဆာအလှနဲ့အတူ ချိုမြိန်တဲ့အနမ်းတွေကို ပုံဖော်နေလေသည်။
အပျော်စီး သင်္ဘောကြီးကလည်း တရွေ့ရွေ့နှင့်ပင်။ အစ်စတန်ဘူလ်ရဲ့အလှတွေကလည်း ထင်ဟပ်နေလေသည်။
" ဟေ...ညစာစားတော့မယ်...အနမ်းတွေကို ရပ်ပစ်လိုက်တော့...နောက်မှ ထပ်နမ်းကြ..."
Jiminမှ လှမ်းအော်ပြောလိုက်တော့ Taehyung ရှက်သွားကာ Jungkook ရင်ဘတ်ကို လက်ဖြင့်ဖြည်းဖြည်းလေးထုကာ အသိပေးရတော့သည်။
မဟုတ်ရင် ဆက်နမ်းနေဦးမည်လေ။
" ကျစ်!...အချိန်ကောင်းကိုမှကွာ..."
သူကို တွန်းဖယ်လို့ မျက်မှောင်ကုပ်ကာ မကျေမနပ်ဖြစ်နေပြန်သည်။
" သဝန်တိုနေတာလား..."
" မေးနေစရာလိုသေးလို့လား..."
" Jeon သဝန်တိုတာလေးနည်းနည်းလျော့ပါအုံး...
Jimin မှာလည်း Van ရှိနေပြီလေ...သူ Tae ကို
မချစ်တော့ပါဘူး...ချစ်သူရည်းစားအနေနဲ့လည်း မြင်မှာမဟုတ်တော့ဘူးကို..."
" ဘာပဲဖြစ်ဖြစ်ကိုယ်သဝန်တိုတယ်..."
ချက်ချင်းပင် ကလေးဆန်သွားသည့် Jungkook ကြောင့် Taehyung ခိုးရယ်မိပါသည်။
သူ့ရဲ့ အချစ်က အခုလိုလည်း သဝန်တိုတတ်တာကလည်း လွန်ပါလေရော။
" ဟုတ်ပါပြီ...အခုတော့ ညစာသွားစားကြရအောင်နော်...Van နဲ့ Jimin စောင့်နေတာ အားနာစရာကြီး..."
လက်လေးဆွဲကာ ခေါ်တော့ နှုတ်ခမ်းစူကာ ဆောင့်အောင့်ရင်း ပါလာပြန်ပါသည်။
ကျနော် အခုကျမှ ကလေးထိန်းနေရပါလားလို့
တစ်ခါတစ်ခါတွေးမိပြန်သည်။
Jeon က ဆွဲဆောင်မှုရှိတဲ့ ယောက်ျား။
အန္တာရာယ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသူ။
သို့ပေမဲ့လည်း ချစ်ဖို့လည်းကောင်းသည်။
အပျော်စီး သင်္ဘောပေါ်မှ Family Dinner ဆိုသည်က Jungkook စစီစဥ်ခဲ့ခြင်း။
Taehyung Van နဲ့ Jimin တို့အပြင် Jake နှင့် Kan တို့ပါ ထို ညစာစားဝိုင်းလေးထံအတူ ရယ်မောရင်း ညစာစားဖြစ်ကြသည်။
စနောက်နေရင်းနဲ့ပင်။ ဝိုင်ခွင်လေးကိုယ်စီနှင့်
ရှေးဟောင်းနှောင်းဖြစ်လေးတွေနဲ့အတူ စကားလက်ဆုံကြနေသည့် သုံးဦး။
Kanနဲ့ Jake ကတော့ စားသောက်ပြီးတာနှင့်
ကုန်းပတ်ပေါ်ထွက်သွားလေသည်။
ထိုထဲတွင်တော့ Van က Jungkook ကို မျက်စောင်းတခဲခဲဖြစ်နေသေးသည်။
" မျက်စောင်းတွေသိပ်မထိုးနဲ့...မျက်ကြောကပ်ကုန််မယ်..."
" မင်း အပူလား...ငါ့မျက်ကြောကပ်လည်း
ငါ့ JiJi က ပြန်ကောင်းအောင်လုပ်ပေးလိမ့်မယ်..."
" စွာလိုက်တာ...ကပ်ကပ်ကိုလန်နေရော..."
" ငါ့ဘာသာစွာတာဘာဖြစ်လဲ...မင်းကမှ မုန်းစရာကြီး..."
" အပြောမစောနဲ့ပြောထားတယ်လေ...မကြာခင် မင်းနဲ့ငါက အမျိုးတော်ရမှာ..."
" စိတ်ညစ်လိုက်တာ...Taehyung ရယ် မင်းနဲ့လည်း ကြိုက်စရာရှားလို့ သူ့ကိုမှ..."
Van က ကလေးလို သူ့ရဲ့အမြွှာလေး Taehyung ကိုလှမ်းတိုင်လေသည်။
ဘယ်တော့မှ တည့်မည်မဟုတ်တဲ့ သူတို့နှစ်ဦး။
Jungkook ကလည်း အငြိမ်မနေ Van ကိုတွေ့တာနဲ့စတော့တာပင်။
ဒါကို ကြည့်ကာ ရယ်နေသူကတော့ Jimin နှင့် Taehyung...
" ကဲပါ TeTe လေးရယ် စိတ်လျော့ပါဦး..."
" JiJi မင်းလည်း မြင်တယ်မဟုတ်လား...Jungkook ငါ့ကို စနေတာများနေပြီကို..."
" ကိုယ့်အသဲရယ်...လာ...ကိုယ်တို့လည်း တစ်နေရာသွားပြီး စကားပြောကြတာပေါ့..."
" ပြီးရော..."
Jimin Van လက်ကို ဆုပ်ကိုင်ရင်း ညစာစားဝိုင်းကနေထွက်သွားလေသည်။
သင်္ဘောအပေါ်ထပ်ကို တက်သွားလေသည်။
Kan နဲ့ Jake က Jungkook တို့နဲ့အတူ
အောက်ထပ်တွင် ရှိနေတာကြောင့် လူတစ်ယောက်မှမရှိသည့် နေရာကိုသာလာခဲ့ခြင်း။
သင်္ဘောကြီးက တစ်စီးလုံး အပြတ်ငှားထားတာဆိုတော့ ကျနော်တို့သာ။ အပြင်လူတွေမရှိ။
စားဖိုမှုနဲ့ ကပ္ပတိန်ကလွှဲလို့ပေါ့။
Van ကကျနော့်လက်ကို လွတ်ကာ အရင်အရှေ့ကနေခပ်မြန်မြန်လျှောက်လေသည်။
" ဖြည်းဖြည်းသွားလေ TeTe...ချောလဲဦးမယ်..."
ကလေးငယ်တစ်ယောက်လို အရိပ်တကြည့်
ကြည့်ဖြစ်နေသည့် Jimin...
တော်ပါသေးရဲ့။ဒီပေါက်စလေးကို အခုလို လိုက်သတိပေးဖို့အတွက် အချိန်မှီ ကျနော့် မျက်လုံးတွေကောင်းလာကို ကျေးဇူးတင်မဆုံး။
TeTe ရဲ့ခြေထောက်လေးက လမ်းပြန်လျှောက်လို့ရပေမဲ့ ပြေးတာတို့ လမ်းအရမ်းလျှောက်တာတို့ ဆရာဝန်က သိပ်မလုပ်ခိုင်းသေး။
Calcium ဆေးတွေသောက် နေရသည်လေ။
" လေတွေတိုက်နေတာပဲ..."
လေတစ်ဖြူးဖြူးတိုက်ခတ်နေတော့ Van က
သဘောကျစွာပင် သင်္ဘောဦးချွန်နားမတ်တပ်သွား ရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန့်ထားလေသည်။
မျက်လုံးကို မှိတ်ထားရင်း လတ်ဆတ်တဲ့လေတွေကို အပူအပင်ကင်းစွာ ရှူရှိုက်မိပါသည်။
အညိုရောင် ဆံနွယ်ရှည်လေးတွေက စုချည်ထားတာကြောင့် အတိုအရှည်မညီတဲ့ ဆံစလေးတွေကတော့ ဟိုဒီကျနေစဲပင်။
လေတိုက်လိုက်တိုင်း ဆံနွယ်စလေးတွေက
လွင့်နေသည်။
သူ့ခါးပေါ် နေရာယူလာသည့် Jimin လက်တွေကြောင့် သူ မျက်လုံးဖွင့်ကာ အနောက်သို့ လှည့်ကြည့်လေသည်။
" နွေးအောင်လို့ ဖက်ထားပေးမယ်..."
ရင်ခွင်ထဲ ထည့်ကာ အနောက်ကနေသိုင်းဖက်ထားသည်။
" အခွင့်အရေးယူနေတာများ..."
" ကိုယ်ကို အခွင့်အရေးအမြဲပေးနေတာက ဘယ်သူပါလိမ့်?..."
" လူလည်လုပ်နေပြန်တာပဲ Jiji..."
ပြုံးလိုက်ကာ ကျနော့်ပါးပြင်ကို နမ်းရှုံ့လာတယ်။
နွေးထွေးတဲ့ ရင်ခွင်ထဲ အလိုက်သင့်လေးဖြစ်နေပြန်ရသည်။ JiJi ကကျနော့်ရဲ့ နားခိုရာလေးပဲပေါ့။
___________
Nora Rosalia
Vote Plz
6.10.2022
>>>>>>>>
(Zawgyi)
ညေနပိုင္းေနဝင္ဆည္းဆာအလွက မွင္သက္ရႉ႕ေမာေနစရာပင္။
အေပ်ာ္စီး ဇိမ္ခံသေဘၤာႀကီးေပၚကေန ၾကည့္ေနရေတာ့ Bosphorus ျမစ္အလွနဲ႕အတူ ေလေျပေတြက တိုက္ခတ္ေနေတာ့ စိတ္ေအးခ်မ္းဖြယ္ရာအတိ။
ကုန္ပတ္ေပၚရပ္ေနသည့္ Taehyung လက္ထဲမွ
ရွန္ပိန္ခြက္ေလးကို ကိုင္ထားလ်က္ပင္။
ရယ္ေမာသံေတြကို ၾကားမိျပန္ေတာ့ မလွမ္းမကမ္းတြင္ Vanတို႔ႏွင့္ စကားလက္ဆုံက်ေနသည့္ Jungkook ထံသို႔ အၾကည့္တို႔ကေရာက္မိသြားသည္။
အပူအပင္ကင္းလြန္းတဲ့ အၿပဳံးေလး။
ရယ္သံေလး။ က်ေနာ္စြဲလမ္းမိရတဲ့ အမာ႐ြတ္ေလးကေတာ့ ဖုံးထားျခင္းမရွိ။
Jimin ႏွင့္ Van ကလည္း သူ႕ကို Zeha အျဖစ္နဲ႕လုံးလုံးသိသြားခဲ့ေလၿပီ။
တစ္ခုပဲထိမ္ခ်န္ခဲ့သည္။ ထိုအရာကေတာ့ Jeon
က Blind Case ရဲ႕ သခင္ႀကီးျဖစ္ေၾကာင့္ကိုပင္။
သူကိုယ္တိုင္ကလည္း တကယ့္ အစစ္အမွန္ Blind Case ဆိုတာကိုလည္း ဖုံးကြယ္ထားခဲ့
ေပးသည္။
က်ေနာ္နဲ႕ Jeon ႏွစ္ေယာက္တည္းသိရွိမည့္
အမွန္တရားေလးေပါ့။
ထိုထဲ Jake ကေတာ့ ခြၽင္းခ်က္ပင္။
Jeon တပည့္ဆိုေတာ့ က်ေနာ့္ထက္ အေၾကာင္းစုံပိုသိမည္ေလ။
Jungkook သူ႕ကိုၾကည့္ေနသည့္မ်က္ဝန္းဝါေလး
ေတြကို သတိထားမိသြားသည္။
အၾကည့္ခ်င္းစုံေတာ့ လက္ေလးလွမ္းျပကာ ၿပဳံးေလသည္။
က်ေနာ့္ထံ ဦးတည္ေနတဲ့ေျခလွမ္းေတြ။
Van ကေတာ့ Jimin နဲ႕အတူက်န္ခဲ့သည္။
သူက်ေနာ့္စီကိုလာေနတာပင္။
အနားေရာက္ေတာ့ လက္ထဲမွ ရွန္ပိန္ခြက္ကို ဆြဲယူေလသည္။
" ညစာေတာင္ မစားရေသးဘူး...အရမ္းမေသာက္နဲ႕..."
" သိပ္မေသာက္ပါဘူး...ေနဝင္ဆည္းဆာက ရွန္ပိန္တစ္ခြက္နဲ႕မွ ပိုျပည့္စုံမယ္ထင္လို႔..."
" ကိုယ္နဲ႕အတူ ရွိေနတာေတာင္ မျပည့္စုံေသးေပါ့..."
" မင္းက ငါ့အခ်စ္ေလ Jeon...ၿပီးျပည္စုံတာထက္ပိုေနပါၿပီ..."
Jungkook သူ႕လက္ထဲမွ Taehyung ေသာက္လက္စ ရွန္ပိန္ေလးကို တစ္ငုံ႕သာေသာက္ေလသည္။
" မနက္ျဖန္ဆို Tae ဂ်ာမနီကို သြားေတာ့မွာပဲ...
လြမ္းရဦးမယ္ ထင္တယ္..."
" သုံးရက္ပဲၾကာမွာေလ...ေအးဂ်င့္႐ုံးခ်ဳပ္ကေန
ႏႈတ္ထြက္စာတင္ရမွာကို...ေနာက္ၿပီး ကြာရွင္းဖ်ဳ႕လည္း လိုေသးတယ္ေလ..."
" ဟာ...သုံးရက္မေျပာနဲ႕ သုံးစကၠန့္ေလးေတာင္ ကိုယ္က Kim နဲ႕မခြဲနိုင္ဘူး..."
" ျပန္လာမွာပဲကို...လူကိုစိတ္မေကာင္းျဖစ္ေအာင္လုပ္ေနျပန္ၿပီ..."
" ကိုယ္လိုက္ခဲ့မယ္..."
" မရပါဘူး... Jeon လိုက္ခဲ့ရင္ ဒီမွာ Van တစ္ေယာက္တည္းျဖစ္ေနလိမ့္မယ္...Jimin ကလည္း Tae နဲ႕အတူလိုက္ရမွာဆိုေတာ့ Van တစ္ေယာက္တည္း စိတ္မခ်ဘဴး..."
Jeon စီက သက္ျပင္းခ်သံၾကားလိုက္ရသည္။
ျမစ္ျပင္ကိုသာ ေငးၾကည့္ျပန္ေနသည္။
" ကိုယ္လည္း စိတ္မခ်ဘဴးေလ..." ဆိုတဲ့ ခပ္တိုးတိုး အသံေလးပါ ၾကားလိုက္ရျပန္သည္။
မေဟာ္ဂနီဆံႏြယ္ေလးေတြက ေနဝင္ဆည္းဆာရဲ႕
ေနေရာင္ျဖန့္ႀကဲေနမႈေၾကာင့္ အရမ္းနီနီရဲရဲမဟုတ္တဲ့ ဆံႏြယ္နီအေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြက ပိုလို အေရာင္ေတာက္ေနေလသည္။
ျဖဴေဖြးတဲ့အသားအရည္။ မေဟာ္ဂနီဆံႏြယ္။
Jeon နဲ႕ ပနံသင့္စြာတည္ရွိေနျပန္သည္။
မ်က္ႏွာေပၚက မီးေလာင္ဒဏ္ရာေလးကလည္း က်ေနာ့္အတြက္ေတာ့ Jeon ရဲ႕အလွပဆုံးအရာေလးလို႔ ထင္မွတ္မိျပန္ပါရဲ႕။
မ်က္ဝန္းနက္လို႔လည္းဆိုလို႔မရ။ အညိုလည္းမက်တဲ့ မ်က္ဝန္းေတြက ရီေဝေဝျဖစ္ေနသည္။
Formal Suit နီညို႔ညို႔ ဝတ္ထားသည့္ Jungkook က Taehyung ရဲ႕ အသည္းကို ထပ္ကာ ထပ္ကာေႁခြေနသလိုပင္။
ဘယ္လိုပုံစံေနေန စတိုင္က်ၿပီး စမတ္ျဖစ္တဲ့သူက အခုလို Gentlemen ဆန္ဆန္ဝတ္ဆင္ထားေတာ့ အျပစ္ဆိုစရာကိုပင္မရွိ။
" ကိုယ္က အခ်စ္အပိုင္ပါ...ဒီေလာက္ပဲၾကည့္ပါေတာ့...ေနရခက္ေအာင္လို႔..."
" ငါ့အပိုင္မို႔လို႔ တစိမ့္စိမ့္ၾကည့္ ေနခ်င္တာေလ..."
" ထပ္ၾကည့္ေနမယ္ဆို ကိုယ္နမ္းမိလိမ့္မယ္..."
" နမ္းခ်င္လည္းနမ္းနိုင္တယ္...ငါ့ႏႈတ္ခမ္းလႊာက မင္းရဲ႕ အနမ္းေတြၾကားကေန ဘယ္တုန္းကမ်ား ႐ုန္းထြက္နိုင္ခဲ့လို႔လဲ..."
" နမ္းခြင့္ေပးမလား..."
" ျငင္းဆန္ဖူးလို႔လား..."
Jeon က်ေနာ့္လက္ေကာက္ဝတ္ကိုဆြဲကိုင္ကာ
သူ႕ဘက္ဆြဲလွည့္သည္။
ဘယ္ဘက္ လက္တစ္ဖက္ျဖင့္ခါးကို ေပြ႕ထားရင္း
မ်က္ႏွာကို ႏူးညံ့စြာျဖင့္ရီေဝေဝျဖစ္ေနသည့္ မ်က္ဝန္းေတြနဲ႕ ၾကည့္လာသည္။
" အခု တကယ္နမ္းေတာ့မယ္...႐ုန္းမွာလား..."
ခြင့္ေတာင္းေနတာေၾကာင့္ က်ေနာ္ ၿပဳံးမိပါရဲ႕။
အၿမဲတမ္းစည္းေစာင့္တတ္တာက Jeon ရဲ႕လူႀကီးလူေကာင္း ဆန္တဲ့ အျပဳအမူတစ္ခုလို႔ ေျပာလို႔ရေလမလား။
တစ္ခါတစ္ရံေတာ့ ကေလးဆန္ဆန္ လစ္ရင္လစ္သလို ေတာ့ ခိုးနမ္းတတ္တာေလးလည္း ရွိေနတတ္ျပန္သည္။
"မ်ိဳးစုံကို ျပဳစားေနပါလား အခ်စ္ရယ္..."
" ျပဳစားထားမွေလ...ကိုယ့္ကို ထားသြားရင္ ဘယ္လိုလုပ္မလဲ...ေတာ္ၾကာ အစ္စတန္ဘူလ္က
ကိုရီးယားေကာင္ေလးရဲ႕ အသည္းကြဲဇာတ္လမ္းေလးက က်န္ေနဦးရင္ ဒုကၡ..."
"Jeon Jungkook ဆိုတဲ့ ျဖစ္တည္မႈတိုင္းကို Kim Taehyung ဆိုတဲ့ ငါက အႀကိမ္ႀကိမ္ေႂကြဆင္းေနမိျပန္တာပဲ..."
" ေႂကြဆင္းေနေအာင္ ကိုယ္က အမ်ိဳးမ်ိဳးျပဳစားေနမိေနတာ..."
" မေဟာ္ဂနီေလး...ငါ့ရဲ႕ Așkim... ငါ့ရဲ႕
ကိုရီးယားေကာင္ေလး...ငါ့ရဲ႕ ရန္သူေလး...အခုေတာ့အခ်စ္ဆုံးေပါ့ေလ..."
" နမ္းခ်င္ပါတယ္ဆို စကားေတြပဲေျပာၿပီး အျပစ္ေပးေနမွာလား Kim..."
" နမ္းခြင့္ေပးေနၿပီးသားေလ အခ်စ္ရယ္..."
Jungkook ႏႈတ္ခမ္းေလးကို ေျခဖ်ားေထာက္ကာ Taehyung ဘက္မွ စတင္ကာနမ္းလိုက္သည္။
လက္ထဲကိုင္ထားသည့္ ရွန္ပိန္ခြက္ေလးကိုပင္ လြတ္ခ်မိလိုက္သည္။
ထိုေတာ့ လန့္သြားသည္ ထင္ပါရဲ႕။ က်ေနာ့္ႏႈတ္ခမ္းစီကေန အနမ္းေတြကို ရပ္တန့္ေလသည္။
ကုန္းပတ္ေပၚက ဖန္ခြက္အကြဲေလးကိုၾကည့္ကာ...
" ဖန္ခြက္ကြဲသြားၿပီ..."
" ထားလိုက္...ၿပီးမွ ရွင္းခိုင္းလိုက္မယ္..."
Jungkook Taehyung မ်က္ႏွာကို လက္တစ္ျဖင့္ ဆြဲယူကာေမာ့ေလသည္။
" ကိုယ္က Kim ကို အေသအလဲနမ္းခ်င္ေနတာ
ေလ...ဘာလို႔ ဖန္ခြက္အကြဲကို ဂ႐ုစိုက္ေနရတာလဲ..."
" Jeon မင္းငါ့ကို ဖန္ခြက္အကြဲနဲ႕ပါ သဝန္တိုေနတာလား..."
" ဟုတ္တယ္ဆိုရင္ေရာ..."
" သက္မဲ့အရာဝတၳဳေလးပါ...သဝန္တိုဖို႔ မလိုပါဘူး..."
" ကိုယ္က Kim ကို အရာအားလုံးနဲ႕သဝန္တိုတယ္..."
" ဒါဆိုရင္ေတာ့ Toxic ဆန္ေနၿပီေနာ္ Jeon..."
က်ေနာ့္ကို အလိုမက်စြာၾကည့္လာရင္း သက္ျပင္းခ်ျပန္ေလသည္။
မလိုလား အပ္တဲ့အရာေတြနဲ႕ကအစ သဝတ္တိုေနတတ္တာေတာ့ သိပ္မဟုတ္ေသး။
မ်က္ႏွာခက္တင္းတင္းျဖစ္ေနရာကေန ခ်က္ခ်င္းပင္ ညိုးႏြမ္းသြားသည္။
Jungkook သူ႕ကို Toxic ဆန္တယ္ပဲေျပာေျပာ
ထိုအရာေတြက သူ႕ေ႐ႊအိုေရာင္ေလးကို ခ်စ္လြန္းလို႔ပင္။
" ကိုယ္က Toxic ဆန္ေနတာမဟုတ္ပါဘူး အခ်စ္ရယ္...ကိုယ္က အခ်စ္ႀကီးမိေနလို႔ပါ..."
" သဝန္တိုတာေလး လက္တစ္ဆစ္ေလာက္ထိပဲေလ်ာ့ေပးပါ...ငါကို မင္းပဲပိုင္တာကို..."
" ဟုတ္ပါၿပီဗ်ာ...ကိုယ္က Kim ကိုႏွလုံးသားထဲကေနကို ႏွင့္ေနေအာင္ ခ်စ္ေနမိလို႔ပါ..."
စကားလုံးလွလွေလးေတြနဲ႕ ခ်ဳပ္ေနျပန္တဲ့ Jungkook ႏႈတ္ခမ္းပါးေလးကို Taehyung မက္ေမာစြာ ထပ္မံနမ္းလိုက္မိသည္။
သဝန္တိုတတ္လြန္းတဲ့ အျပင္ ႏူးႏူးညံ့ညံ့ေလးေတြလည္း ဆိုတတ္တဲ့ မဲ့နက္ေလးပါသည့္ ထိုႏႈတ္ခမ္းပါးေလးကို သူစြဲလမ္းေနမိပါသည္။
က်ေနာ့္ႏႈတ္ခမ္းေတြကို လိုလိုလားလား နမ္းရွိုက္ေနတဲ့ ၾကားကေန ဘယ္လိုေျဖဆည္ရပါလိမ့္။
Kim က အခုလိုလည္း လူကို ႐ူးေအာင္လုပ္ေနျပန္တာပဲကို။
က်ေနာ္ Tae ရဲ႕ခါးကို လက္ဖက္ျဖသ့္ေပြ႕ဖက္ကာ
အနမ္းမုဆိုးသဖြယ္ နမ္းရွိုက္မိပါသည္။
ေနဝင္ခ်ိန္ဆည္းဆာအလွနဲ႕အတူ ခ်ိဳၿမိန္တဲ့အနမ္းေတြကို ပုံေဖာ္ေနေလသည္။
အေပ်ာ္စီး သေဘၤာႀကီးကလည္း တေ႐ြ႕ေ႐ြ႕ႏွင့္ပင္။ အစ္စတန္ဘူလ္ရဲ႕အလွေတြကလည္း ထင္ဟပ္ေနေလသည္။
" ေဟ...ညစာစားေတာ့မယ္...အနမ္းေတြကို ရပ္ပစ္လိုက္ေတာ့...ေနာက္မွ ထပ္နမ္းၾက..."
Jiminမွ လွမ္းေအာ္ေျပာလိုက္ေတာ့ Taehyung ရွက္သြားကာ Jungkook ရင္ဘတ္ကို လက္ျဖင့္ျဖည္းျဖည္းေလးထုကာ အသိေပးရေတာ့သည္။
မဟုတ္ရင္ ဆက္နမ္းေနဦးမည္ေလ။
" က်စ္!...အခ်ိန္ေကာင္းကိုမွကြာ..."
သူကို တြန္းဖယ္လို႔ မ်က္ေမွာင္ကုပ္ကာ မေက်မနပ္ျဖစ္ေနျပန္သည္။
" သဝန္တိုေနတာလား..."
" ေမးေနစရာလိုေသးလို႔လား..."
" Jeon သဝန္တိုတာေလးနည္းနည္းေလ်ာ့ပါအုံး...
Jimin မွာလည္း Van ရွိေနၿပီေလ...သူ Tae ကို
မခ်စ္ေတာ့ပါဘူး...ခ်စ္သူရည္းစားအေနနဲ႕လည္း ျမင္မွာမဟုတ္ေတာ့ဘူးကို..."
" ဘာပဲျဖစ္ျဖစ္ကိုယ္သဝန္တိုတယ္..."
ခ်က္ခ်င္းပင္ ကေလးဆန္သြားသည့္ Jungkook ေၾကာင့္ Taehyung ခိုးရယ္မိပါသည္။
သူ႕ရဲ႕ အခ်စ္က အခုလိုလည္း သဝန္တိုတတ္တာကလည္း လြန္ပါေလေရာ။
" ဟုတ္ပါၿပီ...အခုေတာ့ ညစာသြားစားၾကရေအာင္ေနာ္...Van နဲ႕ Jimin ေစာင့္ေနတာ အားနာစရာႀကီး..."
လက္ေလးဆြဲကာ ေခၚေတာ့ ႏႈတ္ခမ္းစူကာ ေဆာင့္ေအာင့္ရင္း ပါလာျပန္ပါသည္။
က်ေနာ္ အခုက်မွ ကေလးထိန္းေနရပါလားလို႔
တစ္ခါတစ္ခါေတြးမိျပန္သည္။
Jeon က ဆြဲေဆာင္မႈရွိတဲ့ ေယာက္်ား။
အႏၱာရာယ္ကို ရဲရဲဝံ့ဝံ့ ရင္ဆိုင္ရဲသူ။
သို႔ေပမဲ့လည္း ခ်စ္ဖို႔လည္းေကာင္းသည္။
အေပ်ာ္စီး သေဘၤာေပၚမွ Family Dinner ဆိုသည္က Jungkook စစီစဥ္ခဲ့ျခင္း။
Taehyung Van နဲ႕ Jimin တို႔အျပင္ Jake ႏွင့္ Kan တို႔ပါ ထို ညစာစားဝိုင္းေလးထံအတူ ရယ္ေမာရင္း ညစာစားျဖစ္ၾကသည္။
စေနာက္ေနရင္းနဲ႕ပင္။ ဝိုင္ခြင္ေလးကိုယ္စီႏွင့္
ေရွးေဟာင္းႏွောင္းျဖစ္ေလးေတြနဲ႕အတူ စကားလက္ဆုံၾကေနသည့္ သုံးဦး။
Kanနဲ႕ Jake ကေတာ့ စားေသာက္ၿပီးတာႏွင့္
ကုန္းပတ္ေပၚထြက္သြားေလသည္။
ထိုထဲတြင္ေတာ့ Van က Jungkook ကို မ်က္ေစာင္းတခဲခဲျဖစ္ေနေသးသည္။
" မ်က္ေစာင္းေတြသိပ္မထိုးနဲ႕...မ်က္ေၾကာကပ္ကုန္္မယ္..."
" မင္း အပူလား...ငါ့မ်က္ေၾကာကပ္လည္း
ငါ့ JiJi က ျပန္ေကာင္းေအာင္လုပ္ေပးလိမ့္မယ္..."
" စြာလိုက္တာ...ကပ္ကပ္ကိုလန္ေနေရာ..."
" ငါ့ဘာသာစြာတာဘာျဖစ္လဲ...မင္းကမွ မုန္းစရာႀကီး..."
" အေျပာမေစာနဲ႕ေျပာထားတယ္ေလ...မၾကာခင္ မင္းနဲ႕ငါက အမ်ိဳးေတာ္ရမွာ..."
" စိတ္ညစ္လိုက္တာ...Taehyung ရယ္ မင္းနဲ႕လည္း ႀကိဳက္စရာရွားလို႔ သူ႕ကိုမွ..."
Van က ကေလးလို သူ႕ရဲ႕အႁမႊာေလး Taehyung ကိုလွမ္းတိုင္ေလသည္။
ဘယ္ေတာ့မွ တည့္မည္မဟုတ္တဲ့ သူတို႔ႏွစ္ဦး။
Jungkook ကလည္း အၿငိမ္မေန Van ကိုေတြ႕တာနဲ႕စေတာ့တာပင္။
ဒါကို ၾကည့္ကာ ရယ္ေနသူကေတာ့ Jimin ႏွင့္ Taehyung...
" ကဲပါ TeTe ေလးရယ္ စိတ္ေလ်ာ့ပါဦး..."
" JiJi မင္းလည္း ျမင္တယ္မဟုတ္လား...Jungkook ငါ့ကို စေနတာမ်ားေနၿပီကို..."
" ကိုယ့္အသဲရယ္...လာ...ကိုယ္တို႔လည္း တစ္ေနရာသြားၿပီး စကားေျပာၾကတာေပါ့..."
" ၿပီးေရာ..."
Jimin Van လက္ကို ဆုပ္ကိုင္ရင္း ညစာစားဝိုင္းကေနထြက္သြားေလသည္။
သေဘၤာအေပၚထပ္ကို တက္သြားေလသည္။
Kan နဲ႕ Jake က Jungkook တို႔နဲ႕အတူ
ေအာက္ထပ္တြင္ ရွိေနတာေၾကာင့္ လူတစ္ေယာက္မွမရွိသည့္ ေနရာကိုသာလာခဲ့ျခင္း။
သေဘၤာႀကီးက တစ္စီးလုံး အျပတ္ငွားထားတာဆိုေတာ့ က်ေနာ္တို႔သာ။ အျပင္လူေတြမရွိ။
စားဖိုမႈနဲ႕ ကပၸတိန္ကလႊဲလို႔ေပါ့။
Van ကက်ေနာ့္လက္ကို လြတ္ကာ အရင္အေရွ႕ကေနခပ္ျမန္ျမန္ေလွ်ာက္ေလသည္။
" ျဖည္းျဖည္းသြားေလ TeTe...ေခ်ာလဲဦးမယ္..."
ကေလးငယ္တစ္ေယာက္လို အရိပ္တၾကည့္
ၾကည့္ျဖစ္ေနသည့္ Jimin...
ေတာ္ပါေသးရဲ႕။ဒီေပါက္စေလးကို အခုလို လိုက္သတိေပးဖို႔အတြက္ အခ်ိန္မွီ က်ေနာ့္ မ်က္လုံးေတြေကာင္းလာကို ေက်းဇူးတင္မဆုံး။
TeTe ရဲ႕ေျခေထာက္ေလးက လမ္းျပန္ေလွ်ာက္လို႔ရေပမဲ့ ေျပးတာတို႔ လမ္းအရမ္းေလွ်ာက္တာတို႔ ဆရာဝန္က သိပ္မလုပ္ခိုင္းေသး။
Calcium ေဆးေတြေသာက္ ေနရသည္ေလ။
" ေလေတြတိုက္ေနတာပဲ..."
ေလတစ္ျဖဴးျဖဴးတိုက္ခတ္ေနေတာ့ Van က
သေဘာက်စြာပင္ သေဘၤာဦးခြၽန္နားမတ္တပ္သြား ရပ္ကာ လက္ႏွစ္ဖက္ကို ဆန့္တန့္ထားေလသည္။
မ်က္လုံးကို မွိတ္ထားရင္း လတ္ဆတ္တဲ့ေလေတြကို အပူအပင္ကင္းစြာ ရႉရွိုက္မိပါသည္။
အညိုေရာင္ ဆံႏြယ္ရွည္ေလးေတြက စုခ်ည္ထားတာေၾကာင့္ အတိုအရွည္မညီတဲ့ ဆံစေလးေတြကေတာ့ ဟိုဒီက်ေနစဲပင္။
ေလတိုက္လိုက္တိုင္း ဆံႏြယ္စေလးေတြက
လြင့္ေနသည္။
သူ႕ခါးေပၚ ေနရာယူလာသည့္ Jimin လက္ေတြေၾကာင့္ သူ မ်က္လုံးဖြင့္ကာ အေနာက္သို႔ လွည့္ၾကည့္ေလသည္။
" ႏြေးေအာင္လို႔ ဖက္ထားေပးမယ္..."
ရင္ခြင္ထဲ ထည့္ကာ အေနာက္ကေနသိုင္းဖက္ထားသည္။
" အခြင့္အေရးယူေနတာမ်ား..."
" ကိုယ္ကို အခြင့္အေရးအၿမဲေပးေနတာက ဘယ္သူပါလိမ့္?..."
" လူလည္လုပ္ေနျပန္တာပဲ Jiji..."
ၿပဳံးလိုက္ကာ က်ေနာ့္ပါးျပင္ကို နမ္းရႈံ႕လာတယ္။
ႏြေးေထြးတဲ့ ရင္ခြင္ထဲ အလိုက္သင့္ေလးျဖစ္ေနျပန္ရသည္။ JiJi ကက်ေနာ့္ရဲ႕ နားခိုရာေလးပဲေပါ့။
___________
Nora Rosalia
Vote Plz
6.10.2022