Part-3

3.3K 317 39
                                    

(Unicode)

Jungkookဆေးသေတ္တာလေးယူလာကာ ဒူးထောက်ထိုင်ချလိုက်သည်။

မျက်နှာလေးကို တစ်ချက်ကြည့်လိုက်တော့
အကြည့်တွေကို ရှောင်သွားခဲ့သည်။

" မျက်နှာလှလှလေးမှာ အညိုအမဲတွေစွဲလို့မဖြစ်ဘူး..."

" ငါနဲ့ဝေးဝေးနေ..."

Taehyung ဆေးသေတ္တာလေးကိုဆွဲယူကာ သူ့ရဲ့အိပ်ခန်းထဲဝင်သွားခဲ့သည်။

ဘယ်လိုအကြောင်းတွေရှိနေခဲ့တာလဲ။
သိပ်မသိပေမဲ့ မင်းလေးက အချုပ်အနှောင်တွေကြား ခက်ခက်ခဲခဲရှင်သန်နေတဲ့ ပန်းလေးတစ်ပွင့်ပဲ။
ပွင့်ဖတ်လေးတွေတင်လှတာမဟုတ်ဘဲ မွေးရနံ့လေးကပါ အသက်ရှူရပ်စေအောင်အထိ မွေးပျံ့လွန်းနေသည်။
ခက်တာပဲ။ဘာလို့ ပိုင်ရှင်ရှိနေရတာလဲကွာ။

Jungkook ပဋ္ဌေိဆန်စွာပင် ကျန်နေခဲ့တော့သည်။

အနားကပ်လို့ကိုမရခဲ့။
အနားသွားပြီဆိုတာနဲ့ ဝေးဝေးသွားတာပြောလေ့ရှိတော့သည်။

ညနေစောင်းတွင်မူ ခြံထဲပြုလုပ်ထားသည့် အလှဥယျာဥ်လေးအတွင်း ပန်းပင်လေးတွေကို ရေလောင်းနေသည့် Taehyung...
ပန်းပင်လေးတွေနဲ့ စကားတွေပါပြောနေသေးသည်ပင်။

ဥယျာဥ်လေးအတွင်းတွင် အလှမွေးငါးကန်လေးပါရှိနေလေသည်။

" လွမ်းနေပြီမဟုတ်လား..."

ရေကန်နားတွင်ပြုလုပ်ထားသည့်
အုတ်ခုံပေါ်လေးတွင်ထိုင်လိုက်သည်။
ပန်းပင်လေးတွေက ကျနော့်ရဲ့သူငယ်ချင်းလေးတွေပင်။နောက်တော့ အလှမွေးငါးလေးနှစ်ကောင်ရောပေါ့။
ရင်ဖွင့်စရာ စကားတိုင်းကိုလည်း နားထောင်ပေးသည်။

Jungkook Taehyung ကို ဥယျာဥ်လေးအပြင်မှ
ရပ်ကာငေးကြည့်နေတော့သည်။

မင်းလေးက ပြုစားလွန်းတယ်။ကိုယ့်ကို ရှေ့ဆက်တိုးလာအောင်လုပ်နေပြီ။
အဝေးကနေတောင် မင်းရဲ့အလှတွေကပေါ်လွသ်နေခဲ့တာ။အနီးကပ်သာဆိုရင် ကိုယ့်ရင်ခုန်သံတွေကမောင်ကမဖြစ်ရတယ်ဆိုတာ မင်းလေးသိနိုင်မလား။

သူကျနော်နဲ့အဝေးမှာရှိနေတာ နှစ်ရက်ပင်ရှိနေလေပြီ။
စကားလည်း မပြောသလို။ကျနော့်ကိုကြည့်တောင်မကြည့်ချေ။
အိမ်ကြီးထဲက အစေခံတွေကအစ သူ့ကိုစကားလည်း မပြောသလို။
အရေးတယူလည်း လုပ်ခြင်းမရှိခဲ့။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now