ယောတို့ရောက်တော့ ဘယ်အချိန်ကတည်းကရောက်နေကြမှန်းမသိပေမဲ့ အားလုံးလူစုံနေပြီဖြစ်သည်။ နောင်နှင့်အတူယောလည်း ဒေါ်ဒေါ့်ကိုနှုတ်ဆက်ရန်အတွက်အိမ်ထဲသို့ဝင်လာလိုက်လေသည်။
နေစိုးမာမီညွှန်ပြရာနေရာကိုကြည့်လိုက်တော့ ဆံပင်ရှည်တွေကိုဖြန့်ချထားသည့်နသံအားတွေ့လိုက်ရသည်။နသံ သိပ်ကိုလှနေပေ၏။တစ်ခါမှမမြင်တွေ့ဖူးသည့် နသံပုံစံအား ပထမဆုံးမြင်တွေ့ရသူက နောင်ဆိုတာတွေးမိပြန်တော့တင်းကြပ်လာသောနှလုံးသားတစ်စုံသည်နာကျင်ရပြန်သည်။
"သား အဆင်ပြေရဲ့လား"
ရင်ဘတ်အားဖိ၍ခုံပေါ်တွင်ထိုင်ချလိုက်သောသူ့အားမာမီကကြင်နာစွာမေးလာလေသည်။
"အဆင်ပြေပါတယ် မာမီ"
"ပင်ပန်းတယ်မဟုတ်လားသား"
မာမီ့မေးခွန်းအား နေစိုးပြန်မဖြေ မိပေ။
"အရမ်းပင်ပန်းနေရင်လွှတ်ချလိုက်ပါ့လားသားရယ် မာမီ့သားလေးခံစားနေရတာမာမီမကြည့်ရက်ဘူး"
"တောင်းပန်ပါတယ်မာမီရယ်"
နေစိုး ခေါင်းငုံ့ရင်းသာမာမီ့အားတောင်းပန်မိလေသည်။နေစိုး နသံ့အားကြိုက်နေသည်ကိုမာမီသိနေသည်။သိနေရသည့်အကြောင်းအရင်းမှာလဲနေစိုးကိုယ်တိုင်ပြောပြထားခြင်းကြောင့်ပင်။နေစိုး ပြောပြသည့်နေ့က မာမီဟာဝမ်းနည်းကာငိုခဲ့လေသည်။သို့သော် သူ့ဖြစ်တည်မှုအား နားလည်ပေးခဲ့သလို သူချစ်သည့်နသံ့ကိုလည်းချစ်ပေးခဲ့သည်။သူ့သားမပိုင်ဆိုင်နိုင်မှန်းသိနေပေမဲ့လို့ပေါ့။
"ဒေါ်ဒေါ် သားတို့ရောက်ပြီ"
ခုံတွင်ဝင်ထိုင်းရင်းနောင်ကပြောလိုက်လေသည်။
"လာလာနောင်လေးတို့ ကြည့်ပါအုံးယောလေးကလှနေလိုက်တာများအားလုံးအကြည့်တွေကိုဖမ်းယူထားတာပဲ"
ဒေါ်ဒေါ်ပြောလိုက်မှယောပတ်ဝန်းကျင်အားသတိထားမိလေသည်။မိမိထံသို့ သိသိသာသာရောမသိမသာပါကျရောက်နေသည့်မျက်လုံးများကြောင့် ယောနေရခက်လာလေသည်။ဤသည်ကိုရိပ်မိသော နောင်ကယောအားအာရုံလွှဲရန်အတွက် သူ့အပေါ်ဝတ်မိုးပြာရောင်လက်ရှည်လေးအားကြယ်သီးတတ်ရန်ထိုးပေးလာလေသည်။
"ကြယ်သီးတပ်ပေးအုံး ယောငယ်"
"ဟမ် အင်း"
ယော ပြုတ်နေသောလက်ကကြယ်သီးလေးအားငြင်သာစွာတပ်ပေးလိုက်လေသည်။လူစုံနေပြီးဖြစ်တာကြောင့် ပျော်ပွဲရွှင်ပွဲစရန်ဆရာကသတိပေးလိုက်လေသည်။နှုတ်ဆက်ပွဲအနေနှင့်ကတော့ နေစိုးတို့အိမ်က ကြက်သားဒန်ပေါက် ကြွေးတာကြောင့်အားလုံးစားသောက်ပြီးသည်နှင့်စတိတ်စင်ပုံစံဆောက်ထားသောစင်ငယ်လေးရှေ့သို့သွားရောက်နေရာယူကြလေသည်။ယောကဒန်ပေါက်မကြိုက်သည့်အတွက်မစားပေ။နောင်ကလည်းမစားဘူးဟုဆိုလာသည့်အတွက် သုံးယောက်သားဒေါ်ဒေါ့်ကိုနှုတ်ဆက်ကာ သူငယ်ချင်းတွေဆီသို့ထွက်ခဲ့လိုက်၏။
စင်ပေါ်တွင်တော့တစ်ယောက်တစ်လှည့်သီချင်းဆိုကြရင်း အောက်ကသူငယ်ချင်းများနှင့်ဆရာဆရာမများကအော်ဟစ်အားပေးကြလေသည်။ယောတို့သုံးယောက်လည်းနောက်ဆုံးတွင်သာဝင်ရပ်လိုက်ကြသည်။သီချင်းဆိုမည့်လူများကဆရာ့ကိုစာရင်းပေးထားတာကြောင့်ဆရာခေါ်သည့်အတိုင်းကိုယ့်အလှည့်ကြဆိုကြရသည်။
"ကဲ အခုတစ်ခါအလှည့်ကြတာကတော့ကျောင်းရဲ့ဂုဏ်ဆောင်ကြီးဖြစ်တဲ့ အတန်းခေါင်းဆောင်နောင်ထွဋ်ပိုင်ပါ အစောကမှစာရင်းလာပေးသွားတာ"
ဆရာအော်သံဆုံးတော့ ယောအံ့သြစွာဖြင့်နောင့်အားလှည့်ကြည့်လိုက်သည်။တစ်ချိန်လုံးယောနှင့်အတူရှိနေသည်ကိုဘယ်အချိန်စာရင်းပေးလိုက်လဲမသိပေ။
"ဆရာ့ကိုဖုန်းနဲ့ message ပို့လိုက်"
ယောအကြည့်ကိုနားလည်သည့်အလားနောင်ကဘောင်ဘီအိတ်ကပ်ထဲမှဖုန်းအားထုတ်ကာပြောလာလေသည်။ထို့နောက်စင်ပေါ်သို့ပြေးသွားလေသည်။မသွားခင်တစ်ခုပြောခဲ့ပါသေးသည်။
"သေချာဂရုစိုက်နားထောင်ပေးနော်ယောငယ်" တဲ့လေ။
"အဟမ်း အခုသီချင်းကကျွန်တော့်နှလုံးသားကိုကိုင်လှုပ်သွားတဲ့တစ်စုံတစ်ယောက်ကိုရည်ရွယ်တာပါ"
"ဝိုး...အတန်းခေါင်းဆောင်ကွ"
အားလုံးထံမှအံ့သြသံများနှင့်အတူ ယောနှလုံးသားလည်းတုန်ခါသွားရလေသည်။ခုနကပဲနောင်ကသူ့အားသေချာနားထောင်ဖို့ပြောသွားသည်မဟုတ်ပါလား။
🎶🎶🎶🎶🎶🎶🎶
ပျံ့လွင့်လာသောတီးလုံးသံနှင့်အတူအားလုံး၏အာရုံသည်လည်းသူ့ဆီသို့ရောက်ရှိသွားတော့သည်။
🎶🎶
ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်ကိုယ့်ချစ်သူလေး
ဂန္ဓဝင်မြောက်မင်းရဲ့အလှထူးခြားလွန်းလို့လေ.......
ရင်ခုန်သံမမှန်နိုင်အောင်ကိုယ့်ရဲ့အသည်းလေး ကြွေပြီ....
ညင်သာစွာလမ်းလျှောက်တဲ့မင်းလေးရဲ့အကျင့်.......
ဆင်စွယ်ရောင် ဖောရိန်းရှပ် သိပ်လိုက်လွန်းလို့လေ.....
အို ဟို ဒီကမ္ဘာမြေထက်သူလေဆွဲအား ကြီး.....
လူမြင်ရင်ခေါင်းလေးငုံ့ရှက်တတ်သူလေး.......
အိန္ဒြေရှင်မင်းရဲ့အလှ ထူးခြားလွန်းလို့လေ.....
ဟန်ဆောင်ကာမနေနိုင်အောင်ကိုယ့်ရဲ့အသည်းလေးကြွေပြီ....
ဆံပင်တွေကိုအလှပဆုံးပင့်သပ်ပြီးတော့.....
ရီဝေစွာ ဆွေးဆွေးလေးကြည့်လိုက်တိုင်းပေါ့လေ.......
အိုဟို နေခြည်တွေလိုရင်မှာနွေးထွေးသွား.......
ရူးသွပ်လို့သွားနိုင်တယ် အချစ်လေး.....
ထာဝစဥ်ပိုင်ဆိုင်ချင်တယ်.....
မင်းလုပ်သမျှအားလုံးစွဲလန်းရတယ်.....
အမြင်အာရုံမခွာနိုင်အောင်ဘဲ အိုးရေး...
ညှို့တတ်တဲ့မင်းအလှတွေမှာ ကိုယ်ယစ်မူး...
ကြင်နာစွာကိုယ်ချစ်ခဲ့ပြီ........
🎶🎶🎶🎶🎶🎶🎶🎶🎶
သီချင်းဆုံးသွားသော်လည်း အားလုံး၏အကြည့်တို့သည်နောင့်ဆီမှမခွာနိုင်လောက်သည်အထိနောင့်အသံကအားလုံးကိုညှို့ယူသွားလေသည်။ယောဆီသို့ကျရောက်လာသော နောင့်အကြည့်တို့သည်စူးရှလွန်းလှသည်။ယောနောင့်အားကြည့်နေမှန်းသိတော့ သူကယောအားအလှပဆုံးပြုံးပြလာလေသည်။
" နသံ ငါခေါင်းကိုက်လို့သွားအိပ်တော့မယ်နော်"
"အစိုး နေမကောင်းဘူးလား အဆင်ပြေရဲ့လားငါတွဲကူရမလား"
"ရတယ် ငါ့လျှောက်နိုင်ပါတယ် အိမ်ပြန်ရင်ကောင်းကောင်းပြန်နော်"
"အင်းပါ နောင်ပါတာပဲစိတ်မပူနဲ့တော့နော် နားတော့"
ထသွားသောအစိုးအား အတော်ကြာကြာကြည့်နေပြီးပြန်လှည့်တော့ဘေးတွင်နောင်ရောက်နေပြီဖြစ်လေသည်။
"ယောငယ်ပြန်ကြစို့"
"အင်းပြန်မယ်လေ ဆရာတို့ပိုနှုတ်ဆက်ကြရအောင်"
"အွန်း"
နောက်လည်း ယောငယ်နှင့်အတူဆရာတို့အားနှုတ်ဆက်ကာထွက်လာလိုက်တော့သည်။ဒီတစ်ခါတော့ လေတို့အားထိတွေ့နေသောယောငယ်လက်တို့အား ကိုယ်တိုင်ခါးပေါ်တင်ပေးလိုက်လေသည်။သို့သော် အဆိုးလေးကပြန်ရုတ်ဖို့လုပ်နေတာကြောင့် ထိုလက်သေးသေးလေးတွေကို သူ့လက်တစ်ဖက်ဖြင့်အုပ်ကိုင်ကာ ဆိုင်ကယ်ကိုမောက်းထွက်လာလိုက်တော့သည်။
လက်တစ်ဖက်ဖြင့်သာဆိုင်ကယ်မောင်းလာသော နောင်သည် တသ်လမ်းလုံးမည်သည့်စကားမှမပြောတာကြောင့်ယောလည်းငြိမ်ငြိမ်လေးသာလိုက်ခဲ့လိုက်တော့သည်။သို့သော်ယခုသွားနေသည်က အိမ်ကိုမဟုတ်တာကြောင့်ယောစကားစရတော့သည်။
"နောင် အိမ်ကိုလဲမဟုတ်ဘူး ဘယ်သွားနေတာလဲ"
"အင်း ကိုယ့်ကိုယုံကြည်ပြီးလိုက်ခဲ့ပေး"
"အင်းပါ ငါနောင့်ကိုယုံတယ်"
တဖြည်းဖြည်းနှင့်ရွေ့လျားလာသောဆိုင်ကယ်လေးသည် ဗာဒံပင်ကြီးအောက်တွင်ရပ်တန့်သွားလေသည်။နွေဦးကာလဖြစ်သည့်အတွက်ကြောင့် ရော်ရွက်ဝါတွေကြွေကြပြီးရွက်သစ်ဝေနေသောဗာဒံပင်ကြီးသည် လရောင်ကြယ်ရောင်များကြောင့်အလင်းရောင်ကိုကောင်းမွန်စွာရရှိနေလေသည်။အရင်က ဤအပင်ကြီးအောက်တွင်စာလာကျက်နေကြဖြစ်သော်လည်း မရောက်သည်မှာစာမေးပွဲမဖြေခင်သုံးလအလိုလောက်ကပင်။မရောက်ရှိသည့်သုံးလအတွင်း ဗာဒံပင်ကြီးတွင် ရွက်ဟောင်းများတစ်ရွက်မှမကျန်သည်အထိကြွေကြပြီး ရွက်နုလေးများကလရောင်အောက်တွင် အနုပညာဆန်စွာရှိနေကြလေသည်။
"ယောငယ်"
ညင်သာစွာခေါ်လိုက်သည့် နောင့်အသံအောက်တွင်ယောခန္ဓာကိုယ်လေးပါတုန်သွားရလေသည်။
" အင်း အင်းနောင်"
"ယောငယ်ကို ကိုယ်ပြောစရာရှိတယ်"
"အွန်းပြောလေ"
"ချစ်တယ်"
"ဟင်"
"ကိုယ် ယောငယ်ကိုချစ်တယ် "
"ယောငယ်ဟာယောက်ျားတစ်ယောက်မှန်းသိရက်နဲ့ချစ်မိခဲ့တာ"
"ယောငယ်ဟာကိုယ့်အပိုင်ပါလို့လူတိုင်းကိုပြောပြချင်တယ်"
"သူငယ်ချင်းဆိုတဲ့အဖြူရောင်စည်းလေးကိုကိုယ်ဖြတ်ပစ်ချင်တယ်"
"မချစ်မိဖို့ငြင်းဆန်ရင်းပဲကိုယ်ယောငယ်ကိုချစ်မိသွားခဲ့ပြီ"
"နောင်....ငါ...ငါ"
"ချစ်မိခဲ့လို့တောင်းပန်ပါတယ်"
"ပိုင်ဆိုင်ချင်မိခဲ့လို့တောင်းပန်ပါတယ်"
"မရိုးသားပေးနိုင်ခဲ့လို့တောင်းပန်ပါတယ်"
"ထပ်ပြီးတော့လည်းတောင်းပန်ပါတယ်"
" ကိုယ်ယောငယ်ရဲ့သူငယ်ချင်းမဖြစ်ချင်တော့ဘူး"
"ငါဘယ်တုန်းကမှနောင့်ကိုသူငယ်ချင်းလို့မသတ်မှတ်ခဲ့ဘူး"
ယောပြောလိုက်တော့ နောင်ဟာ အံ့သြနေသောမျက်ဝန်းအစုံဖြင့်ယောအားစိုက်ကြည့်လာလေသည်။
"ငါနောင့်ကို သူငယ်ချင်းလို့မသတ်မှတ်ခဲ့သလိုသက်ဆိုင်သူဖြစ်လည်းမသတ်မှတ်ချင်ဘူး"
"ဘာလို့လဲယောငယ် ဘာကြောင့်လဲ"
"ပင်ပန်းလွန်းတဲ့ငါ့ဘဝထဲကို ဆွဲမခေါ်ချင်ဘူးနောင် ဒီဘဝကဘယ်လောက်ပင်ပန်းရလဲငါအသိဆုံးနောင် ငါ့အတ္တအတွက်နဲ့နောင့်ကိုဒုက္ခတွင်းထဲဆွဲမခေါ်ချင်ဘူးနောင်"
"ကိုယ်ဂရုမစိုက်ဘူး"
"နောင်ဂရုမစိုက်ပေမဲ့ငါစိုက်တယ် ပတ်ဝန်းကျင်ကလူတွေရဲ့ကဲ့ရဲ့သံတွေ မိသားစုရဲ့ဖိအားတွေ လူတွေရဲ့ရွံရှာသလိုအကြည့်တွေ ဓါးချက်ထက်ပြင်းထန်လွန်းတဲ့စကားလုံးတွေကို ငါကြောင့်နဲ့နောင့်ကိုမခံစားရစေချင်ဘူး"
"ကိုယ်ခံနိုင်တယ်"
"တော်တော့နောင် ငါမကြားခဲ့ဘူးလို့ပဲသတ်မှတ်လိုက်မယ်"
ယောပြောပြီး ချက်ချင်းဆိုသလို နောင့်အားကျောခိုင်းကာလှည့်ထွက်လိုက်ခဲ့လိုက်သည်။နောင့်ပါးပြင်ကမျက်ရည်တွေကိုသူမမြင်ချင်ပါ။သူ့နှလုံးသားအားအရည်ပျော်သွားစေမဲ့ နောင့်မျက်ရည်တွေနဲ့ဝေးရာဆီသို့ထွက်ပြေးပါရစေ။အရှင်ဘုရား တပည့်တော်အားဤအခြေအနေကြီးမှအမြန်ရုန်းထွက်ခွင့်ပြုပါ။
သို့သော်သူ့ဆုတောင်းတွေမပြည့်ခဲ့ပေ။
"မင်းမချစ်ရင် ကိုယ့်ကိုကိုယ်သတ်သေပစ်မှာယောငယ်"
ယောအလောကြီးစွာလှည့်ကြည့်လိုက်တော့ ဘယ်အချိန်ကတည်းကရှိနေမှန်းမသိတဲ့ဓါးချွန်ချွန်လေးက နောင့်လည်ပင်းပေါ်တွင်နေရာယူလျက်ပင်။
"နောင် မလုပ်နဲ့ရပ်လိုက်စမ်း"
"ပြောလေကိုယ့်ကိုချစ်ပါတယ်လို့ပြော"
"နောင် အရူးထနေတာရပ်ပါတော့"
"ဟုတ်တယ်ရူးနေတဲ့ကောင်မို့ မင်းမချစ်ရင်သေမှာ"
ပြောပြီးပြီးချင် လက်ကိုအားထည့်လိုက်တာကြောင့်ဓါးအဖျားကနောင့်လည်ပင်သို့ထိုးစိုက်သွားလေသည်။တစ်စက်ချင်းစီးကျလာသောသွေးတို့သည် ယောအမြင်အာရုံတို့အားဝေဝါးစေသည်အထိပင်။ယော ပါးပြင်တွင်လည်း မျက်ရည်တို့ကအရှိန်ပြင်းစွာဖြင့် စီးဆင်းနေတော့သည်။မကြည့်ချင်ပေ သူ့ကြောင့်နောင်နာကျင်နေရသည်ကိုကြည့်ရသည်မှာ မိမိကိုယ်တိုင်နာကျင်ရသည်ထက်ပိုနာကျင်ရပေသည်။
"ချစ်တယ် ငါနောင့်ကိုချစ်တယ်"
~~~~~~မမွှေးသော်လည်း နမ်းထိုက်၏~~~~~
__________________
Mon🖤
အကြောင်းအမျိုးမျိုးကြောင့်updateကြာသွားလို့မွန်ကတောင်းပန်ပါတယ်နော် အခုတော့မွန်အခက်အခဲတွေကြားကနေရေးဖြစ်အောင်ရေးပြီးတင်လိုက်ပါပြီ ကြာသွားလို့အများကြီးအားနာရပါတယ်💙
BFFကိုချစ်မိပါကအဖြေတောင်းတတ်ပါစေ😑
Zawgyi
ေယာတို႔ေရာက္ေတာ့ ဘယ္အခ်ိန္ကတည္းကေရာက္ေနၾကမွန္းမသိေပမဲ့ အားလံုးလူစံုေနၿပီျဖစ္သည္။ ေနာင္ႏွင့္အတူေယာလည္း ေဒၚေဒၚ့ကိုႏႈတ္ဆက္ရန္အတြက္အိမ္ထဲသို႔ဝင္လာလိုက္ေလသည္။
ေနစိုးမာမီၫႊန္ျပရာေနရာကိုၾကည့္လိုက္ေတာ့ ဆံပင္ရွည္ေတြကိုျဖန္႔ခ်ထားသည့္နသံအားေတြ့လိုက္ရသည္။နသံ သိပ္ကိုလွေနေပ၏။တစ္ခါမွမျမင္ေတြ့ဖူးသည့္ နသံပံုစံအား ပထမဆံုးျမင္ေတြ့ရသူက ေနာင္ဆိုတာေတြးမိျပန္ေတာ့တင္းၾကပ္လာေသာႏွလံုးသားတစ္စံုသည္နာက်င္ရျပန္သည္။
"သား အဆင္ေျပရဲ့လား"
ရင္ဘတ္အားဖိ၍ခံုေပၚတြင္ထိုင္ခ်လိုက္ေသာသူ႔အားမာမီကၾကင္နာစြာေမးလာေလသည္။
"အဆင္ေျပပါတယ္ မာမီ"
"ပင္ပန္းတယ္မဟုတ္လားသား"
မာမီ့ေမးခြန္းအား ေနစိုးျပန္မေျဖ မိေပ။
"အရမ္းပင္ပန္းေနရင္လႊတ္ခ်လိုက္ပါ့လားသားရယ္ မာမီ့သားေလးခံစားေနရတာမာမီမၾကည့္ရက္ဘူး"
"ေတာင္းပန္ပါတယ္မာမီရယ္"
ေနစိုး ေခါင္းငံု႔ရင္းသာမာမီ့အားေတာင္းပန္မိေလသည္။ေနစိုး နသံ့အားႀကိဳက္ေနသည္ကိုမာမီသိေနသည္။သိေနရသည့္အေၾကာင္းအရင္းမွာလဲေနစိုးကိုယ္တိုင္ေျပာျပထားျခင္းေၾကာင့္ပင္။ေနစိုး ေျပာျပသည့္ေန့က မာမီဟာဝမ္းနည္းကာငိုခဲ့ေလသည္။သို႔ေသာ္ သူ႔ျဖစ္တည္မႈအား နားလည္ေပးခဲ့သလို သူခ်စ္သည့္နသံ့ကိုလည္းခ်စ္ေပးခဲ့သည္။သူ႔သားမပိုင္ဆိုင္ႏိုင္မွန္းသိေနေပမဲ့လို႔ေပါ့။
"ေဒၚေဒၚ သားတို႔ေရာက္ၿပီ"
ခံုတြင္ဝင္ထိုင္းရင္းေနာင္ကေျပာလိုက္ေလသည္။
"လာလာေနာင္ေလးတို႔ ၾကည့္ပါအံုးေယာေလးကလွေနလိုက္တာမ်ားအားလံုးအၾကည့္ေတြကိုဖမ္းယူထားတာပဲ"
ေဒၚေဒၚေျပာလိုက္မွေယာပတ္ဝန္းက်င္အားသတိထားမိေလသည္။မိမိထံသို႔ သိသိသာသာေရာမသိမသာပါက်ေရာက္ေနသည့္မ်က္လံုးမ်ားေၾကာင့္ ေယာေနရခက္လာေလသည္။ဤသည္ကိုရိပ္မိေသာ ေနာင္ကေယာအားအာရံုလႊဲရန္အတြက္ သူ႔အေပၚဝတ္မိုးျပာေရာင္လက္ရွည္ေလးအားၾကယ္သီးတတ္ရန္ထိုးေပးလာေလသည္။
"ၾကယ္သီးတပ္ေပးအံုး ေယာငယ္"
"ဟမ္ အင္း"
ေယာ ျပဳတ္ေနေသာလက္ကၾကယ္သီးေလးအားျငင္သာစြာတပ္ေပးလိုက္ေလသည္။လူစံုေနၿပီးျဖစ္တာေၾကာင့္ ေပ်ာ္ပြဲရႊင္ပြဲစရန္ဆရာကသတိေပးလိုက္ေလသည္။ႏႈတ္ဆက္ပြဲအေနႏွင့္ကေတာ့ ေနစိုးတို႔အိမ္က ၾကက္သားဒန္ေပါက္ ေႂကြးတာေၾကာင့္အားလံုးစားေသာက္ၿပီးသည္ႏွင့္စတိတ္စင္ပံုစံေဆာက္ထားေသာစင္ငယ္ေလးေရ႔ွသို႔သြားေရာက္ေနရာယူၾကေလသည္။ေယာကဒန္ေပါက္မႀကိဳက္သည့္အတြက္မစားေပ။ေနာင္ကလည္းမစားဘူးဟုဆိုလာသည့္အတြက္ သံုးေယာက္သားေဒၚေဒၚ့ကိုႏႈတ္ဆက္ကာ သူငယ္ခ်င္းေတြဆီသို႔ထြက္ခဲ့လိုက္၏။
စင္ေပၚတြင္ေတာ့တစ္ေယာက္တစ္လွည့္သီခ်င္းဆိုၾကရင္း ေအာက္ကသူငယ္ခ်င္းမ်ားႏွင့္ဆရာဆရာမမ်ားကေအာ္ဟစ္အားေပးၾကေလသည္။ေယာတို႔သံုးေယာက္လည္းေနာက္ဆံုးတြင္သာဝင္ရပ္လိုက္ၾကသည္။သီခ်င္းဆိုမည့္လူမ်ားကဆရာ့ကိုစာရင္းေပးထားတာေၾကာင့္ဆရာေခၚသည့္အတိုင္းကိုယ့္အလွည့္ၾကဆိုၾကရသည္။
"ကဲ အခုတစ္ခါအလွည့္ၾကတာကေတာ့ေက်ာင္းရဲ့ဂုဏ္ေဆာင္ႀကီးျဖစ္တဲ့ အတန္းေခါင္းေဆာင္ေနာင္ထြဋ္ပိုင္ပါ အေစာကမွစာရင္းလာေပးသြားတာ"
ဆရာေအာ္သံဆံုးေတာ့ ေယာအံ့ၾသစြာျဖင့္ေနာင့္အားလွည့္ၾကည့္လိုက္သည္။တစ္ခ်ိန္လံုးေယာႏွင့္အတူရိွေနသည္ကိုဘယ္အခ်ိန္စာရင္းေပးလိုက္လဲမသိေပ။
"ဆရာ့ကိုဖုန္းနဲ႔ message ပို႔လိုက္"
ေယာအၾကည့္ကိုနားလည္သည့္အလားေနာင္ကေဘာင္ဘီအိတ္ကပ္ထဲမွဖုန္းအားထုတ္ကာေျပာလာေလသည္။ထို႔ေနာက္စင္ေပၚသို႔ေျပးသြားေလသည္။မသြားခင္တစ္ခုေျပာခဲ့ပါေသးသည္။
"ေသခ်ာဂရုစိုက္နားေထာင္ေပးေနာ္ေယာငယ္" တဲ့ေလ။
"အဟမ္း အခုသီခ်င္းကကြၽန္ေတာ့္ႏွလံုးသားကိုကိုင္လႈပ္သြားတဲ့တစ္စံုတစ္ေယာက္ကိုရည္ရြယ္တာပါ"
"ဝိုး...အတန္းေခါင္းေဆာင္ကြ"
အားလံုးထံမွအံ့ၾသသံမ်ားႏွင့္အတူ ေယာႏွလံုးသားလည္းတုန္ခါသြားရေလသည္။ခုနကပဲေနာင္ကသူ႔အားေသခ်ာနားေထာင္ဖို႔ေျပာသြားသည္မဟုတ္ပါလား။
🎶🎶🎶🎶🎶🎶🎶
ပ်ံ့လြင့္လာေသာတီးလံုးသံႏွင့္အတူအားလံုး၏အာရံုသည္လည္းသူ႔ဆီသို႔ေရာက္ရိွသြားေတာ့သည္။
🎶🎶
ဆံပင္ရွည္ရွည္ အရပ္ျမင့္ျမင့္ကိုယ့္ခ်စ္သူေလး
ဂႏၶဝင္ေျမာက္မင္းရဲ့အလွထူးျခားလြန္းလို႔ေလ.......
ရင္ခုန္သံမမွန္ႏိုင္ေအာင္ကိုယ့္ရဲ့အသည္းေလး ေႂကျြပီ....
ညင္သာစြာလမ္းေလ်ွာက္တဲ့မင္းေလးရဲ့အက်င့္.......
ဆင္စြယ္ေရာင္ ေဖာရိန္းရွပ္ သိပ္လိုက္လြန္းလို႔ေလ.....
အို ဟို ဒီကမ႓ာေျမထက္သူေလဆြဲအား ႀကီး.....
လူျမင္ရင္ေခါင္းေလးငံု႔ရွက္တတ္သူေလး.......
အိႁႏၵေရွင္မင္းရဲ့အလွ ထူးျခားလြန္းလို႔ေလ.....
ဟန္ေဆာင္ကာမေနႏိုင္ေအာင္ကိုယ့္ရဲ့အသည္းေလးေႂကျြပီ....
ဆံပင္ေတြကိုအလွပဆံုးပင့္သပ္ၿပီးေတာ့.....
ရီေဝစြာ ေဆြးေဆြးေလးၾကည့္လိုက္တိုင္းေပါ့ေလ.......
အိုဟို ေနျခည္ေတြလိုရင္မွာေနြးေထြးသြား.......
ရူးသြပ္လို႔သြားႏိုင္တယ္ အခ်စ္ေလး.....
ထာဝစဥ္ပိုင္ဆိုင္ခ်င္တယ္.....
မင္းလုပ္သမ်ွအားလံုးစြဲလန္းရတယ္.....
အျမင္အာရံုမခြာႏိုင္ေအာင္ဘဲ အိုးေရး...
ၫွို႔တတ္တဲ့မင္းအလွေတြမွာ ကိုယ္ယစ္မူး...
ၾကင္နာစြာကိုယ္ခ်စ္ခဲ့ၿပီ........
🎶🎶🎶🎶🎶🎶🎶🎶🎶
သီခ်င္းဆံုးသြားေသာ္လည္း အားလံုး၏အၾကည့္တို႔သည္ေနာင့္ဆီမွမခြာႏိုင္ေလာက္သည္အထိေနာင့္အသံကအားလံုးကိုၫွို႔ယူသြားေလသည္။ေယာဆီသို႔က်ေရာက္လာေသာ ေနာင့္အၾကည့္တို႔သည္စူးရွလြန္းလွသည္။ေယာေနာင့္အားၾကည့္ေနမွန္းသိေတာ့ သူကေယာအားအလွပဆံုးၿပံဳးျပလာေလသည္။
" နသံ ငါေခါင္းကိုက္လို႔သြားအိပ္ေတာ့မယ္ေနာ္"
"အစိုး ေနမေကာင္းဘူးလား အဆင္ေျပရဲ့လားငါတြဲကူရမလား"
"ရတယ္ ငါ့ေလ်ွာက္ႏိုင္ပါတယ္ အိမ္ျပန္ရင္ေကာင္းေကာင္းျပန္ေနာ္"
"အင္းပါ ေနာင္ပါတာပဲစိတ္မပူနဲ႔ေတာ့ေနာ္ နားေတာ့"
ထသြားေသာအစိုးအား အေတာ္ၾကာၾကာၾကည့္ေနၿပီးျပန္လွည့္ေတာ့ေဘးတြင္ေနာင္ေရာက္ေနၿပီျဖစ္ေလသည္။
"ေယာငယ္ျပန္ၾကစို႔"
"အင္းျပန္မယ္ေလ ဆရာတို႔ပိုႏႈတ္ဆက္ၾကရေအာင္"
"အြန္း"
ေနာက္လည္း ေယာငယ္ႏွင့္အတူဆရာတို႔အားႏႈတ္ဆက္ကာထြက္လာလိုက္ေတာ့သည္။ဒီတစ္ခါေတာ့ ေလတို႔အားထိေတြ့ေနေသာေယာငယ္လက္တို႔အား ကိုယ္တိုင္ခါးေပၚတင္ေပးလိုက္ေလသည္။သို႔ေသာ္ အဆိုးေလးကျပန္ရုတ္ဖို႔လုပ္ေနတာေၾကာင့္ ထိုလက္ေသးေသးေလးေတြကို သူ႔လက္တစ္ဖက္ျဖင့္အုပ္ကိုင္ကာ ဆိုင္ကယ္ကိုေမာက္းထြက္လာလိုက္ေတာ့သည္။
လက္တစ္ဖက္ျဖင့္သာဆိုင္ကယ္ေမာင္းလာေသာ ေနာင္သည္ တသ္လမ္းလံုးမည္သည့္စကားမွမေျပာတာေၾကာင့္ေယာလည္းၿငိမ္ၿငိမ္ေလးသာလိုက္ခဲ့လိုက္ေတာ့သည္။သို႔ေသာ္ယခုသြားေနသည္က အိမ္ကိုမဟုတ္တာေၾကာင့္ေယာစကားစရေတာ့သည္။
"ေနာင္ အိမ္ကိုလဲမဟုတ္ဘူး ဘယ္သြားေနတာလဲ"
"အင္း ကိုယ့္ကိုယံုၾကည္ၿပီးလိုက္ခဲ့ေပး"
"အင္းပါ ငါေနာင့္ကိုယံုတယ္"
တျဖည္းျဖည္းႏွင့္ေရြ့လ်ားလာေသာဆိုင္ကယ္ေလးသည္ ဗာဒံပင္ႀကီးေအာက္တြင္ရပ္တန္႔သြားေလသည္။ေနြၪီးကာလျဖစ္သည့္အတြက္ေၾကာင့္ ေရာ္ရြက္ဝါေတြေႂကြၾကၿပီးရြက္သစ္ေဝေနေသာဗာဒံပင္ႀကီးသည္ လေရာင္ၾကယ္ေရာင္မ်ားေၾကာင့္အလင္းေရာင္ကိုေကာင္းမြန္စြာရရိွေနေလသည္။အရင္က ဤအပင္ႀကီးေအာက္တြင္စာလာက်က္ေနၾကျဖစ္ေသာ္လည္း မေရာက္သည္မွာစာေမးပြဲမေျဖခင္သံုးလအလိုေလာက္ကပင္။မေရာက္ရိွသည့္သံုးလအတြင္း ဗာဒံပင္ႀကီးတြင္ ရြက္ေဟာင္းမ်ားတစ္ရြက္မွမက်န္သည္အထိေႂကြၾကၿပီး ရြက္ႏုေလးမ်ားကလေရာင္ေအာက္တြင္ အႏုပညာဆန္စြာရိွေနၾကေလသည္။
"ေယာငယ္"
ညင္သာစြာေခၚလိုက္သည့္ ေနာင့္အသံေအာက္တြင္ေယာခႏၶာကိုယ္ေလးပါတုန္သြားရေလသည္။
" အင္း အင္းေနာင္"
"ေယာငယ္ကို ကိုယ္ေျပာစရာရိွတယ္"
"အြန္းေျပာေလ"
"ခ်စ္တယ္"
"ဟင္"
"ကိုယ္ ေယာငယ္ကိုခ်စ္တယ္ "
"ေယာငယ္ဟာေယာက္်ားတစ္ေယာက္မွန္းသိရက္နဲ႔ခ်စ္မိခဲ့တာ"
"ေယာငယ္ဟာကိုယ့္အပိုင္ပါလို႔လူတိုင္းကိုေျပာျပခ်င္တယ္"
"သူငယ္ခ်င္းဆိုတဲ့အျဖဴေရာင္စည္းေလးကိုကိုယ္ျဖတ္ပစ္ခ်င္တယ္"
"မခ်စ္မိဖို႔ျငင္းဆန္ရင္းပဲကိုယ္ေယာငယ္ကိုခ်စ္မိသြားခဲ့ၿပီ"
"ေနာင္....ငါ...ငါ"
"ခ်စ္မိခဲ့လို႔ေတာင္းပန္ပါတယ္"
"ပိုင္ဆိုင္ခ်င္မိခဲ့လို႔ေတာင္းပန္ပါတယ္"
"မရိုးသားေပးႏိုင္ခဲ့လို႔ေတာင္းပန္ပါတယ္"
"ထပ္ၿပီးေတာ့လည္းေတာင္းပန္ပါတယ္"
" ကိုယ္ေယာငယ္ရဲ့သူငယ္ခ်င္းမျဖစ္ခ်င္ေတာ့ဘူး"
"ငါဘယ္တုန္းကမွေနာင့္ကိုသူငယ္ခ်င္းလို႔မသတ္မွတ္ခဲ့ဘူး"
ေယာေျပာလိုက္ေတာ့ ေနာင္ဟာ အံ့ၾသေနေသာမ်က္ဝန္းအစံုျဖင့္ေယာအားစိုက္ၾကည့္လာေလသည္။
"ငါေနာင့္ကို သူငယ္ခ်င္းလို႔မသတ္မွတ္ခဲ့သလိုသက္ဆိုင္သူျဖစ္လည္းမသတ္မွတ္ခ်င္ဘူး"
"ဘာလို႔လဲေယာငယ္ ဘာေၾကာင့္လဲ"
"ပင္ပန္းလြန္းတဲ့ငါ့ဘဝထဲကို ဆြဲမေခၚခ်င္ဘူးေနာင္ ဒီဘဝကဘယ္ေလာက္ပင္ပန္းရလဲငါအသိဆံုးေနာင္ ငါ့အတၲအတြက္နဲ႔ေနာင့္ကိုဒုကၡတြင္းထဲဆြဲမေခၚခ်င္ဘူးေနာင္"
"ကိုယ္ဂရုမစိုက္ဘူး"
"ေနာင္ဂရုမစိုက္ေပမဲ့ငါစိုက္တယ္ ပတ္ဝန္းက်င္ကလူေတြရဲ့ကဲ့ရဲ့သံေတြ မိသားစုရဲ့ဖိအားေတြ လူေတြရဲ့ရြံရွာသလိုအၾကည့္ေတြ ဓါးခ်က္ထက္ျပင္းထန္လြန္းတဲ့စကားလံုးေတြကို ငါေၾကာင့္နဲ႔ေနာင့္ကိုမခံစားရေစခ်င္ဘူး"
"ကိုယ္ခံႏိုင္တယ္"
"ေတာ္ေတာ့ေနာင္ ငါမၾကားခဲ့ဘူးလို႔ပဲသတ္မွတ္လိုက္မယ္"
ေယာေျပာၿပီး ခ်က္ခ်င္းဆိုသလို ေနာင့္အားေက်ာခိုင္းကာလွည့္ထြက္လိုက္ခဲ့လိုက္သည္။ေနာင့္ပါးျပင္ကမ်က္ရည္ေတြကိုသူမျမင္ခ်င္ပါ။သူ႔ႏွလံုးသားအားအရည္ေပ်ာ္သြားေစမဲ့ ေနာင့္မ်က္ရည္ေတြနဲ႔ေဝးရာဆီသို႔ထြက္ေျပးပါရေစ။အရွင္ဘုရား တပည့္ေတာ္အားဤအေျခအေနႀကီးမွအျမန္ရုန္းထြက္ခြင့္ျပဳပါ။
သို႔ေသာ္သူ႔ဆုေတာင္းေတြမျပည့္ခဲ့ေပ။
"မင္းမခ်စ္ရင္ ကိုယ့္ကိုကိုယ္သတ္ေသပစ္မွာေယာငယ္"
ေယာအေလာႀကီးစြာလွည့္ၾကည့္လိုက္ေတာ့ ဘယ္အခ်ိန္ကတည္းကရိွေနမွန္းမသိတဲ့ဓါးခြၽန္ခြၽန္ေလးက ေနာင့္လည္ပင္းေပၚတြင္ေနရာယူလ်က္ပင္။
"ေနာင္ မလုပ္နဲ႔ရပ္လိုက္စမ္း"
"ေျပာေလကိုယ့္ကိုခ်စ္ပါတယ္လို႔ေျပာ"
"ေနာင္ အရူးထေနတာရပ္ပါေတာ့"
"ဟုတ္တယ္ရူးေနတဲ့ေကာင္မို႔ မင္းမခ်စ္ရင္ေသမွာ"
ေျပာၿပီးၿပီးခ်င္ လက္ကိုအားထည့္လိုက္တာေၾကာင့္ဓါးအဖ်ားကေနာင့္လည္ပင္သို႔ထိုးစိုက္သြားေလသည္။တစ္စက္ခ်င္းစီးက်လာေသာေသြးတို႔သည္ ေယာအျမင္အာရံုတို႔အားေဝဝါးေစသည္အထိပင္။ေယာ ပါးျပင္တြင္လည္း မ်က္ရည္တို႔ကအရိွန္ျပင္းစြာျဖင့္ စီးဆင္းေနေတာ့သည္။မၾကည့္ခ်င္ေပ သူ႔ေၾကာင့္ေနာင္နာက်င္ေနရသည္ကိုၾကည့္ရသည္မွာ မိမိကိုယ္တိုင္နာက်င္ရသည္ထက္ပိုနာက်င္ရေပသည္။
"ခ်စ္တယ္ ငါေနာင့္ကိုခ်စ္တယ္"
~~~~~~မေမႊးေသာ္လည္း နမ္းထိုက္၏~~~~~
__________________
Mon🖤
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္updateၾကာသြားလို႔မြန္ကေတာင္းပန္ပါတယ္ေနာ္ အခုေတာ့မြန္အခက္အခဲေတြၾကားကေနေရးျဖစ္ေအာင္ေရးၿပီးတင္လိုက္ပါၿပီ ၾကာသြားလို႔အမ်ားႀကီးအားနာရပါတယ္💙
BFFကိုခ်စ္မိပါကအေျဖေတာင္းတတ္ပါေစ😑