part 12

3.8K 357 40
                                    

"ချစ်တယ် ငါ​နောင့်ကိုချစ်တယ်"

​ယောဆီကအ​ဖြေကိုကြားပြီး​နောက်မှာ​တော့ ​နောင့်လက်ထဲမှဓါးချွန်ချွန်​လေး​သည်​မြေ​ပေါ်သို့အရှိန်ပြင်းစွာကျ​ရောက်သွား​လေသည်။ပါးပြင်​ပေါ်တွင်​တော့ မျက်ရည်တို့ကအရှိန်ပြင်းစွာအဆက်မပြတ်စီးဆင်းလာ​လေသည်။​နောင် သူ့စိတ်တို့အားလွှတ်ချလိုက်သည့်နှယ် ​မြေပြင်​ပေါ်သို့အရုပ်ကြိုးပြတ်လဲကျသွား​၏။

"​နောင် ဘာ...ဘာဖြစ်လို့လဲဟင် ခိုက်မိသွားတာလား"

လဲကျသွား​သော​နောင့်ထံသို့ ​ယောချက်ချင်း​ပြေးသွားလိုက်သည်။

အနား​ရောက်လာ​သော ​ယောငယ်ခန္ဓာကိုယ်​လေးအား ​နောင်အားရပါးရ​ပွေ့ဖက်လိုက်​လေသည်။​ထိုအခါချစ်ရသူ၏လက်သွယ်သွယ်​လေးများသည် သူ့​​ကျောပြင်အားခပ်ဖွဖွ​လေးထိ​တွေ့လာ​သည့်နောက်မှာ​တော့​နောင်ရှိုက်သံထွက်သည်အထိငိုမိ​တော့သည်။

"ကိုယ်​ကြောက်​နေခဲ့တာ မင်းမချစ်ဘူးလို့​ပြောမှာကိုယ်သိပ်​ကြောက်​နေခဲ့တာ"

"​နောင်"

"မင်းသာပြန်မချစ်ရင်ကိုယ်တစ်ကယ်​သေပစ်လိုက်​တော့မလို့"

"​တောင်းပန်ပါတယ် ​ယော​တောင်းပန်ပါတယ်​နောင်ရယ်"

​ယော ရှိုက်ကြီးတငင်ငို​နေ​သော သူ့အား​​နွေး​ထွေးစွာ​ထွေး​ပွေ့​ပေးလိုက်​လေသည်။

"မငိုနဲ့​တော့​နော် မိုးချုပ်​နေပြီအိမ်ပြန်ကြမယ်"

"​​ကျေးဇူးပါ​ယောငယ် ကိုယ့်ကိုချစ်​ပေးလို့"
"ကိုယ်ကတိ​ပေးပါတယ်​ယောငယ်ကိုဘယ်​တော့မှထားမသွားဘူး"

​ဖြေးညင်းစွာတိုက်ခတ်လာ​သော​လေ​ပြေ​လေးများ တိတ်ဆိတ်​နေသည့်လမ်းမ​ပေါ်တွင်​ရွေ့လျား​နေသည့် ဆိုင်ကယ်​​လေးတစ်စီး ​လေ​ပေါ်တွင်ဝဲပျံ​နေသည့်ဆံနွယ်ရှည်များ အလှပဆုံးပြုံး​နေသည့်​ကောင်​လေးနှစ်​ယောက်  ​အချစ်တစ်ခုအစပြုခဲ့သည်အချိန် နှလုံးသားနှစ်စုံတွင်တစ်​ယောက်ကိုတစ်​ယောက်ထာဝရအတွက် ကမ္ဗည်း​ရေးထိုးခဲ့ကြ​လေ​တော့သည်။

မ​​မွှေး​သော်လည်း နမ်းထိုက်၏Where stories live. Discover now